book

Index 1

Chapter 1

  • Author : YomYom
  • Genres : Romance, Drama

Plan's POVစားသောက်ဆိုင်တစ်ခုလုံးမှာ ဂုဏ်အဆင့်အတန်းမြင့်မြင့် လူများနဲ့ ပြည့်နေပြီး နေရာတိုင်းမှာ အပြုံးတုများကို ချိတ်ဆွဲထားသယောင်.ကိုယ်တိုင်က မိဘတွေ သီးသန့်စီစဉ်ပေးတဲ့ အခန်းထဲမှာ Mae Rak နဲ့ Por Eric နဲ့ အတူထိုင်နေတာတောင် အတော်ပင် မွန်းကျပ်နေသည်!


" Mae, သား အိမ်သာ ခဏသွားလိုက်ဦးမယ်"


"သားရယ် , သူတို့က လာတော့မှာလေ" Mae ကစိုးရိမ်တကြီးပြန်ပြောတယ်"မကြာပါဘူး! မစိုးရိမ်ပါနဲ့နော်" ကျွန်တော် အလျင်ပြောပြီး မြန်မြန်ထွက်လာလိုက်တယ်!


*အိမ်သာထဲမှာအိမ်သာထဲသာဝင်လာလိုက်မိတယ် စိတ်ကတခြားရောက်နေတာဆိုပေမယ့်အိမ်သာကမုတ်ရှေ့ရပ်နေတုန်းမှာပဲ ညာဘက်ကနေ အရပ်မြင့်မြင့် အရိပ်ကျလာလို့ ကြည့်မိလိုက်တယ်.


"ဘာလဲ"


"ဘာလဲ?"


 ဘေးကသူရဲ့ အကြည့်စူးစူးနဲ့ အတူ သူရဲ့ အပြောကြောင့် ကိုယ်ပါ လိုက်ယောင်မိတဲ့အဖြစ်.  ကြည့်လိုက်မိတော့ တော်တော်ချောသလောက် အချိုးကတော့ပြေမယ့်ပုံမပေါ်. ဒါကြောင့် ဆက်မကြည့်နေတော့ပဲ ကိစ္စအမြန်ဖြတ် လက်ဆေးနေတုန်း သူ့ဆီအကြည့် တစ်ချက်ရောက်မိပြန်တော့ အမြင်ကပ်စရာ မထီပြုံးလေး ပြန်ရလိုက်ရဲ့..


"Planသားပြန် ရောက်ပီ"ကျွန်တော် တံခါးဖွင့် ဝင်လာတုန်းမှာပဲ Mae ကစိတ်လှုပ်ရှားစွာအော်လိုက်တာကို ကြားလိုက်မိတယ်.


"ဒီမှာ  Medthantan မိသားစုနဲ့ မိတ်ဆက်ပေးမို့. ဒါ Rak ရဲ့သားလေး Planလေ."


ကျွန်တော်လည်း အမေ့ဘေးနားသွားရပ်နေလိုက်ပီး အမေ တက်တက်ကြွကြွ မိတ်ဆက်ပေးနေတဲ့ စုံတွဲ နှုတ်ဆက်လိုက်တယ်.ကျွန်တော်သိတယ်လေ ဒါ Mae သူငယ်ချင်း Chompoo နဲ့ သူ့အမျိုးသား Bank ဆိုတာကို.


"မင်္ဂလာပါ ကျွန်တော် Plan ပါ . တွေ့ရတာဝမ်းသာပါတယ်" လို့ ကျွန်တော် အယဉ်ကျေးဆုံးပုံစံနဲ့နှုတ်ဆက်လိုက်တယ် .


"အို ... သားလေးကချစ်စရာလေးပဲ! အိမ်ကသားမြင်ရင် သည်းသည်းလှုပ်ချစ်မှာ မြင်ယောင်နေတယ်"


Chompoo ကတော့ ကျွန်တော့ ကို ပြုံးပြရင်း မြှောက်ပြောနေတယ် Bank ကတော့ သဘောတူသလို ပြုံးပြံးကြီး ခေါင်းငြိမ့်နေလေရဲ့.


"သားလေး မကြာခင်ဝင်လာမှာ. ဖုန်းပြောစရာရှိလို့ အပြင်မှာ ခဏနေခဲ့တာလေ"


Chompooကတော့ Mae နဲ့ ပြောမကုန်အောင် စကားတွေဆက်ဖောင်ဖွဲ့နေတုန်း တံခါးဖွင့်သံကြားလိုက်ရတယ်."မင်း .....


"တံခါးဖွင့်သူက  အိမ်သာမှာတွေ့ခဲ့တဲ့ တစ်ယောက်မှန်း သိသိချင်း ကျွန်တော့ အသံကထွက်လာခဲ့တယ်"သားတို့က သိကြတယ်လား"


 Mae က အံ့သြတကြီးမေးတော့


"မသိပါဘူး. ခုလေးတင် အိမ်သာမှာတွေ့ခဲ့လိုပါ"ကျွန်တော် က သူ့ကြည့်ပြောပေမယ့် သူကတော့ တစ်ချက်တောင် ပြန်မကြည့်. ကျွန်တော့ Por  နဲ့ Maeကိုသာ ပြုံးပြနှုတ်ဆက်နေတယ်.ထူးဆန်းတယ်. သူ့အပြုံးတွေက ဟန်ဆောင်ထားသလို ခံစားရတယ်.


"ဒါဆို သားတို့ကို တရားဝင် မိတ်ဆက်ပေးမယ်လေ" Chompooက စလိုက်တယ်.


"Plan, ဒါ သားရဲ့ အမျိုးသားဖြစ်လာမယ့်သူ Mean. Mean လေး, ဒါ သားခင်ပွန်းလောင်းလေ! မေမေပြောပြဖူးတဲ့ မေမေ့ သူငယ်ချင်းသား Plan လေး. Plan က သားထက်ငယ်တယ်ကွယ့်"


အင်း. Mae တစ်ခါ ပြောဖူးတယ်. သူက ကိုယ့်ထက်ကြီးတယ်တဲ့..


."တွေ့ရတာ ဝမ်းသာပါတယ် Nong! ကိုယ်က Mean ပါ "သူကအရင် လက်လှမ်းနှုတ်ဆက်လိုက်တယ် . ကျွန်တော်သူ့လက်ကို ပြန်လည်ဆွဲယူ နှုတ်ဆက်လိုက်တော့ အထိအတွေ့တွေက အလွန်ပဲ အေးစက်နေသလို...ခံစားချက်က မကောင်းပေမယ့် ဘာတတ်နိုင်မလဲ! ဒီထိရောက်လာမှတော့ အဆိုးဆုံးတွေကို ရင်ဆိုင်နိုင်ရမှာပေါ့. ပြင်ဆင်ပြီးသားပဲ....


"တွေ့ရတာ ဝမ်းသာပါတယ် P' ကျွန်တော်က Plan ပါ"


--------------/-/////////////////------------------


>> Chapter 2



rate now: