book

Index 8

အပိုင်း ၈ (နင်လင်းယု )


လင်းရန် ရဲ့လူပ်ရှားမူ တွေကို မြင် ပြီး နင်လင်းယု တယောက်မျက်ရည် များ တစက်စက် ကျလာသည်။

" အကို့ရယ် အကို့ ကို ညီမလေး တို့ယုံတယ်...အကိုကြောင့် ညီ မတို့ တကယ် မနှိမ့်ကျ ခဲ့ရပါ ဖူး အမေ ပြောတာ မှန်တယ် အကို က တကယ် ကို သားကောင်းတစ်ယောက်ပါ ..."

နင်လင်းယု ရင်ထဲမှ လင်းရန်အတွက် ပီတိ မျက်ရည်တွေ ပါ ကျလာပါသည်။သူမ ဘဝ တခုလုံးမှာ တခါမှ ဒီလို မဖြစ်ဘူးသေးချေ။ ဒါ က ပထမ ဦးဆုံး အကြိမ်ဖြစ်သည်

ငယ်စဉ်က အဖြစ်အပျက်များ သည် သူမ အသိဉာဏ် ထဲသို့ တိုးဝင်လာလေတော့သည်။

"လင်းယု ဘာလို့ အဲ့လောက်တောင် ငို နေတာလဲ ကွ မင်း လုပ်တာနဲ့ အကျီ တခုလုံးလည်း ညစ်ပတ်ကုန် ပြီ။ အမေတော့ ကျရင် မင်းအဝတ် တွေ ပြန် လျော် ပေးရဦးမယ်။"

လင်းရန် က လင်းယုကို နှစ်သိမ့် ပေးပြီး မျက်ရည် သုတ်ပေးလိုက်တယ်။

" ရော့ ဒီမှာ သကြားလုံး။ ငါ က သကြားလုံးမကြိုက်ဘူး လင်းယုရဲ့" လင်းရန် တို့ အမေ က သူတို့ကို ကျောင်းမသွားခင် သကြားလုံး လုံးစီ ထည့်ပေးလေ့ ရှိသည်။ လင်းရန် က သကြားလုံးမြင်ရင် အရမ်းကြိုက်သော် လည်း သူ ညီမ အား ဦးစားပေးလေ့ ရှိသည်။

" မင်းတို့ ငါ့ ညီ ကို ထိ ရဲ့ထိကြည့်။ မီးပွင့်သွားမယ်နော်..."

ခေါင်းမာတတ်ပြီး ညီမ အပေါ် အရမ်း အနစ်နာ ခံတတ်တဲ့ လင်းရန် ကို နင်လင်းယု က လည်း အရမ်း ချစ်သည် နင်လင်းယုရဲ့ အရှေ့ကနေ့လည်း အမြဲတမ်း မားမားမတ်မတ် ရပ်တည် ပေးလေ့ရှိသည်။

" ဘာမှ ကြောက်စရာ မလိုဖူး ညီ မလေး မင်းအကို ဆူမို ကြီး တကောင်လုံး ရှိသည်ကွ ..."

လင်းရန် က အမြဲတမ်း သူ့ညီ မလေး အပြည့်အဝ ကာကွယ်ပေးထားသည် လင်းယုကို ရန် လာစတဲ့ကောင်တွေ ကိုတီး ပြီး ရင် လည်း လင်းယု ကို ကုန်းပိုးပြီး နှစ်ယောက် သားအောင် ပွဲ ခံ ပြန် လေ့ ရှိသည်။

လင်းရန် ရန်သူတွေကို အောင်နိုင်တာ ကြည့်ပြီးတိုင်း လင်းယု ခမျာ ပြုံးလို့......ချင်းရှီ ကျောင်းရဲ့ အလှ ဆုံးထဲက လို့ အမွှန်းတင်နေစရာမလိုချေ ငယ်စဉ်ကတည်း သူမရဲ့ ပါးချိူင့်လေး နဲ့ သဘောတကျကျ ချစ်စရာ အမူအရာ လေးတွေ က မြင်သူတကာ ကြွေကြ လောက်သည့် အပြုံး ပိုင်ရှင် ဖြစ်သည်။

သူမရဲ့စိတ် ကောင်း ရှိတဲ့ နှလုံးသား အပြင် သူမရဲ့ ခန္ဓာကိုယ်ကလဲ အချိူးအစားက တကယ်ကို လှပ လွန်းလေ သည်။

() နှစ်ကြာပြီးနောက်မှာတော့ သူတို့ ()ယောက် တူတူ အတန်းကြီး (၁၂) ကို ရောက်ရှိလာ ခဲ့ကြသည်။

တစ်နေ့မှာတော့ဒီ လို အရမ်းချစ် ပြီး စည်းလုံးကြတဲ့ မောင်နှမဆီ ကို အဖြစ်ဆိုး ကြီး တစ်ခု က ရောက်ရှိလို့ လာလေသည်။

"သူရဲ့ နာမည် က လင်းရန်...ကောင်မလေး နာမည် က နင်လင်းယု သူတို့ က နာမည်ပဲတူတာ ဇီဝဗေဒ အရ ဆို ရင် မောင်နှမ အရင်းတောင် မဟုတ် ပါ ဘူးကွာ ...တကယ်တော့ လင်းရန် က လမ်းဘေး ကကောက် ရတဲ့ကောင် ...မွေးစားဝက်လေးပေါ့ ဟား ဟား......"

လင်းရန် ပထမဦးဆုံး အကြိမ် တုန်လူပ်နေခြင်းဖြစ်သည်။

လင်းယု အား ကာကွယ် ရန် မဆို ထား နှင့် သူ့ကိုယ် သူတောင် အနိုင် နိုင် ဖြစ်နေသည်။ ချီတုံ ချတုံ နှင့် လင်းရန် ပုံစံမှာ တကယ် ကို ပြောစရာ မရှိလောက်အောင် ကို ဖြစ်နေသည်။

သန်မာသော တက်ကြွသော စိတ်ထားကောင်းရှိသော လင်းရန်...သူ့ ရဲ့ အသက် နဲ့ ရင်းပြီးတောင် ကာ ကွယ်မယ် ဆိုတဲ့ လင်းရန် က အခုတော့ ဘာမဟုတ် တဲ့ စက်ဆုပ်ဖွယ် တိုက်ခိုက်မူတွေ ကြားမှာ မထနိုင် ဖြစ်ခဲ့သည်။

နင်လင်းယု ရဲ့ အမေ က နင်လင်းယု ဖျား နေလို့ ဆေးပင် ယူ ဖို့ဆိုပြီး တောင် ပေါ်ကို တက် ရှာခဲ့သည်။ အဲ့နေ့မှာပဲ လင်းရန် ကို တောင်ကုန်းပေါ်မှာ စွန့်ပစ် ခဲ့တာကို တွေ့ခဲ့လေသည်။ ကလေး လေး ကို မြင်မြင်ချင်း သနားလည်း သနား ချစ်လည်း ချစ်သွားခဲ့ကာ နောက်ဆုံး မွေးစာဖို့ ဆုံးဖြတ်ပြီးအိမ် ကို ခေါ် လာခဲ့သည်။

လင်းရန် ကို ပစ်ခဲ့တုန်းက အနှီးတထည် ကိုယ်တခု အပြင် ဘယ် အရာမှ မပါခဲ့ချေ။...ထိုကလေးလေး အား လင်းရန် ဆိုတဲ့ နာမည် ကဒ်လေးနဲ့ အတူ ပင် စွန့်ပစ်ခဲ့ကြသည်...ဒါဟာ နောင်တချိန် လင်းရန် ကို အလွယ်တကူ ရှာနိုင်ရန် လုပ်ခဲ့ ပုံလည်း ပေါ် လေသည်။

နင်လင်းယု နဲ့ လင်းရန် တို့ က မောင်နှမ အရင်းမဟုတ် ဘူး ဆိုတာ ဟိုး ငယ်ငယ် ကတည်း က သိကြပါသည်။ ဒါပေမဲ့ တစ်ချက်တောင် မပျက်။ မောင်နှမ အရင်းတွေ ထက်တောင် ချစ်ကြသည်။

ဒီ လို အောက်တန်းကျတဲ့လူတချိူဆီကနေ တိုက်ခိုက်တာတွေ ခံရပြီး နောက်ပိုင်း လင်းရန် ဟာ လုံးဝ ပြောင်းလဲသွားခဲ့သည် ပျော့ညံ့ညံ့ ယောကျာ်း တစ်ယောက် ဖြစ်လာသည်။လင်းယု့အမေ က လင်းရန်ဆိုတဲ့ စာလုံးကိုပဲ မျိူးရိုး နာမည် အဖြစ်တတ်ခဲ့သည်။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး လင်းယု ဟာ လည်း အခဲမကြေ ဖြစ်နေသည်။

"အမေရယ်...ဒီ နာမည်လေး ပြောင်းပေးတာက ဘာတွေများခက် ခဲနေလို့လဲ။ အကို့ကို ဒီ လို လူတွေ ဝိုင်း ကြည့်နေတာမျိူးကို သမီး လက်ပိုက်ကြည့်မနေနိုင် ဘူး အမေ ..."

" သမီး...သူ့ကို သူမိဘတွေက လင်းရန်ဆိုတဲ့နာမည်ကို ရှိစေချင်တယ် ထင်တယ် သမီးရဲ့... အမေလည်း ပြောင်းပေးချင်တာပေါ့ ဒါမဲ့ သူရဲ့မိဘတွေ ရဲ့ဆန္ဒ အတိုင်းပဲ နာမည် မပြောင်းပဲ ထားပေးလိုက်ပါ..."

လင်းယုလည်း ပြောမရ အဆုံးသူမ အမေ ပြောတာပဲ လက်ခံလိုက်သည်။

လင်းရန် ဟာ လုံးဝကို ပြောင်းလဲသွားခဲ့သည်

အရင်က ရဲစွမ်းသတ္တိ အပြည့် က အခုတော့ အားလုံး ရဲ့ အနိုင် ကျင့် ခံရတဲ့ ကောင်လေး ဖြစ်နေပါပြီ။

ဒီ လို ဖြစ်နေတာတောင် မှ လင်းရန် ဟာ လင်းယုကို အမြဲ ကာကွယ်ပေးဖို့ ကြိုးစားသည်။ လင်းယု ကို ရန်ပြု ရင်း လင်းယု အစား သူ ကဝင် ခံတယ်။ ဒီ လို နဲ့ ပဲ လင်းရန် က တဖြည်းဖြည်းနဲ့ ဝက် ပေါ ကြီး ဖြစ်လာလေသည်...

လင်းယု ရင် ထဲမှာ လင်းရန် နဲ့ ပတ် သက်ရင် အရမ်း ခံစားရတယ်။ သူ့အကို အကြောင်း ကြားတိုင်း မျက်ရည် ကျရသည် သူက တကယ် ဆို အရပ် ရှည်ရှည် ဆိုတော့ လူ ရှိန် မယ် ဆို ရှိန် ချင် စရာ ပါ...

ဒါ ပေမဲ့ လင်းရန် ရဲ့စိတ်ဟာ လုံးဝ ခေါင်းပြန် မဖော် တော့ချေ။

သူမ ဟာ ဒီ ကိစ္စ တွေကို ဘယ်သူ့မှ လည်း မပြောပြခဲ့ ဘဲ သူ့တယောက် တည်း ပဲ တိတ်ဆိတ် စွာ ခံစား ခဲ့သည် ။ယုတ်မာတဲ့ လူတချိူ့ရဲ့ ပြောစကားတွေ ကြောင့် လင်းရန် ဟာ အကြီးအကျယ် ကို ထိုးနှက် ခံလိုက် ရသည်။

လင်းယု ဟာ ဘယ်လို့ပဲ ပြောပြ ပြောပြ လင်းရန် ဟာ မူလ ပထမ လင်းရန် လုံးဝပြန် ဖြစ် မလာခဲ့ တော့ချေ။

ဒါ မဲ့ သူမ က လက်တော့မလျော့ခဲ့ပေ။ သူ့ အကိုနဲ့ပတ်သက်ရင် အမြဲတမ်း ဘာလုပ်ရလုပ်ရ လိုလို လားလား ရှိနေခဲ့သည်။ ချော့ပြ လို့ မရင် ခြောက် ပြမယ် ဟဲ့ ဆိုတဲ့စိတ် နဲ့ ပဲ သူ က လင်းရန် ကို တွန်းအားတွေ ပေးဖို့ အတွက် အဆက်အသွယ် ဖြတ်ပြီး နေ ခဲ့သည် လင်းရန် ကို စိတ် နာ ပြီး ကြိုးစားလာအောင် တွန်းအားပေးသည်

ဒီနေ့မနက် က နင်လင်းယု ဟာ သူ့အကို ရဲ့အကြောင်းကို ကြားပြီးတော့ အံသြသွားသည် ပိုဆိုး တာ က ချောင် ရှန်းရှန်း နဲ့ ကောလဟာလတွေ က လင်းယု ကို ပို ပြီး မှင်သက်စေသည်။ချောင် ရှန်းရှန်း က တော်ရုံ ယောကျာ်းဆို လှည့်ကြည့် သည့် လူမျိူးမဟုတ် လင်းရန် ကို ဆို ပိုလိုပင်ဆိုးသည်။ လင်းရန် ကို လည်း အကြိမ်ကြိမ် အခါခါ ငြင်းဆို ခဲ့ဖူးသည်။ အဲ့လို မိန်ကလေး မျိူးနဲ့ သူ့ အကို က ဘလို မှ မဖြစ်နိုင်ချေ ဒါ မဲ့ လင်းရန် ရဲ့ အတန်းအဆောင် ကို ရောက်တဲ့ အခါမှာ လင်း ယု တကယ် ပဲ မှင် သက် အံသြ သွား ခဲ့သည် ကောလဟာလ တွေက တကယ် ဖြစ်နေတာ ကို ပေါ့

သူ့ အကို က နှစ် လုံး အနိုင်ကျင့် ခံ ခဲ့တာ အားလုံးလည်း အမြင်။ အခု သဲအိတ် ထမ်း ပြီး ပြေးနေတာ မြင်တော့ နင်လင်းယု ခမျာ ငို ခြင်းတွေ ထပ် ချ ပြန် ပါတော့သည်

သူ့ ကို ချစ်တဲ့ အကို စောင့်ရှောက်ပေးတဲ့အကို အမြဲတမ်း သူ့ဘက် က ရပ်တည် ပေးခဲ့တဲ့ အကို ပြန် ရောက် လာပြီ ဆိုတဲ့ အတွေးနဲ့ လင်းယု အရမ်း ကို ပျော်နေခဲ့သည်။

လင်းယု ရဲ့ တဖက်တချက် မှာ လင်းယုကို ဒေါသတကြီးနဲ့ ကြည့်နေတဲ့ ကောင်လေး တယောက်............

နာမည်ကတော့ ရှီ ကျွမ်ရန်......

သူ က လည်း ချင်းရှီကျောင်းရဲ့ နာမည်ကြီးထဲ က တယောက် အပါ အဝင် ပင်... မိဘ အင် အားက လည်း တောင့်တင်း ရုပ်ရည် က လည်း ဖြောင့် တော့ ပျိူမေများ ပါးစပ် ဖျားမှာ စွဲလမ်းလောက်တဲ့ လူမျိူးပေါ့...

သူ ရဲ့ ဘေးကပ်ရပ်မှာလည်း ကောင်မလေး တယောက်...... ခေါင်း အစ ခြေ အဆုံး နာမည်ကြီးတံဆိပ် အဝတ်အစားများ နှင့် မင်းသမီး ရူံးအောင် လှပနေလေသည်..

သူမက ကျောင်းမိန်နာ ...

သူမကလည်း ချင်း ရှီ ကျောင်းရဲ့ အလှဆုံး ထဲက တယောက် အပါ အဝင် ဖြစ်သည်။ မိ ဘကလည်း ပြည့်စုံလွန်း ချင်းရှီကျောင်းအတွင်း ကျောင်း မိသားစု လို့ ပြောရင် မသိတဲ့လူ မရှိ ......

သို့သော် သူမ က ချောင် ရှန်းရှန်း လောက် တော့ မတောင့်တင်းချေ။ ချောင်ရှန်း ရှန်း က ပို၍ လှပသည်။ ပို၍ လည်း ပြည့်စုံသည်။ ချောင်ရှန်းရှန်း နဲ့ နင်လင်းယု ပြီးမှ

ကျောင်းမိန်နာ ကို သိကြသည်။

အဲ့ဒီကိစ္စ ကို ပဲ ကျောင်းမိန်းနာ က သေလောက် အောင် ပေါက် ကွဲသည်။ ချောင်ရှန်း ရှန်း ကို မယှဉ်နိုင်လျှင်ထား သူ စကားမဆို ချင်။ နင် လင်းယု လို့ ဆင်းရဲတဲ့ မိသားစုမျိူး က သူ့ထက် သာနေသည် ကို သူအရမ်း ရင် နာသည်။ ပို၍ ရင် နာဖို့ကောင်းသည် က ရှီကျွမ်ရန် သည် အရင် က နင်လင်းယုကို အသည်းအသန် လိုက် ခဲ့ဖူးသည်။

သုံးနှစ် သုံးမိုး နင်လင်းယု နောက် တကောက်ကောက် လိုက် ကာ ပိုးပန်း ခဲ့ဖူးသည်။ နင် လင်းယု က လည်း ကျွမ်ရန် ကိုလုံးဝ ပြန် မကြိုက် အပြတ် ငြင်း သည်။ နောက်ဆုံး ပြောမရတော့မှသာ လက်လျော့ပြီး မိန်နာ နဲ့ တွဲ သည်။ မိန် နာ က လင်းယုကို ရင် နာသည်ထက် ပိုလေသည်။ သူထက် အစစအရာ ရာ သာနေတဲ့ လင်းယု ကို မနာလို လည်း ဖြစ်သည်။

ထို သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်း က လွန်ခဲ့တဲ့သုံးနှစ် အတွင်း ကျောင်းသားတွေ ကြားမှာ ရေပန်း အစားဆုံးဇာတ် လမ်း ဖြစ်ခဲ့ပါသည်။

ကျောင်းမိန် နာ က ကျွမ်ရန် ကိုခေါ်၍ လင်းယု ကြားလောက်သည့်လေသံဖြင့် လှမ်း ပြောလိုက်သည်။

" ကိုကို ဟို မှာ ကြည့်စမ်း။ ဟို ဝက် ရူး ကွင်းထဲ ပတ် ပြေးပြီး လုပ်ချင်တာ လုပ် နေတာ အဲ့ကောင် ရူးသွားတာလား ဟင်......"

လင်းရန် ဟာ နင်းလင်းယု နဲ့ သွေးသား မတော်စပ် ဖူး ဆိုတာကလည်း ချင်းရှီကျောင်းရဲ့ ကောလဟာဟများထဲမှတစ်ခုအပါအဝင် ဖြစ်သည်။ နင်လင်းယုဟာ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လင်းရန် ကြောင့် အပြောခံရသည်။ လင်းရန် ကလည်း ကျောင်းစာ မေးပွဲ ဝင် မဖြေေ တော့ ဖို့ ဆုံးဖြတ် ထားပြီးသားဖစ်သည်။

"ကိုကိုရယ် ဒီ လိုမျိူး အရူး ထပြီး သေချင်တဲ့ မသာ က ရှိသေးတယ် တကယ့် အဲ့ လို ကောင်မျိူးက မွေးကတည်းက အသေလေး မွေးလာရမှာ ကိုကို "

လင်းယု ဒေါ ထွက်သွားတာကို ကျောင်း မိန်နာ က သတိ ထားမိ ပေသည်။ ဒါကြောင့်ပဲ မီးကုန် လွှတ်ပြီး လင်းယု ကို ဆော်နေသည်။

ရှီကျွမ်ရန် က တော့ ဘေးက နေပဲ ကြည့်နေကာ အချစ်ဦး နဲ့ အချစ် ထူးလေး ကြားမှာ ဗျာ များနေခဲ့သည်။

မိန်နာ က သူ့ဘက် က ဝင်၍ ပြောပေးစေချင်သော် လည်း သကောင့်သား က တုန်တုန်မလူပ်။ ငေးသာနေသည်။

အရင် က ဘယ်လောက်ပြောပြော သည်းခံတဲ့ လင်း ယု ဒီ တကြိမ် မှာတော့ ပေါက် ကွဲ ထွက်လေ ပြီ။ သူမ မျက်လုံးတွေ ဟာ နီရဲလို့လာခဲ့ကာ ကျောင်းမိန်နာ အား စူးရဲစွာကြည့်လာလေသည်။

" ငါ့ အကို က နင့် တို့ပြောသလို မဟုတ်ဘူးဆို တာ ငါသက်သေပြမယ်..."

စိတ်ဆိုးပြီး ပြော ပေမဲ့ သူမ ရဲ့ အသံဟာ နိုက်တင်ဂေးလိုချိူမြသည် ။နှင်း လိုပင်အေးချမ်းကာ တကယ် ပင် ယုံကြည်ချက် တို့ ရှိနေ ခဲ့လေသည်......


(ရေးရင်းန့ေဲ တာင်ကြွေလာပီလင်းယုလေးရယ်)


End 8




rate now: