book

Index 7

အပိုင်း ၇ (အံသြဖွယ် ရုန်းအား )


လင်းရန်ဟာ သူရဲ့ မနက်စာကို စားပြီးတာနဲ့ ကျောင်း အားကစား ကွင်းရှိရာ သို့သွားခဲ့သည်...

အတန်း တက်ဖို့ဆိုတော့လည်း အတန်းကြီး (၁၂) က အတန်းများမှာ လွန် ခဲ့သည့် () လလောက်က ပင် ပြီးစီး ခဲ့ပြီ ဖြစ်သည်။

အငယ် တန်း တွေ ဖြစ်တဲ့ (၁၁/ ၁၀) လောက် က ကျောင်းသားများလောက်သာ အတန်း ထဲ ရှိကြတော့သည်။

ချင်းရှီကျောင်းက အားကစား သမားကောင်းများစွာ ထွက် တယ် ဆိုတဲ့ ဆိုရိုး ရှိသည့် အလျောက် လင်းရန်က သူရဲ့ ပထမ ရည် ရွယ်ချက် ဖြစ်တဲ့ ဝိတ် လျော့ဖို့ ကို စတင်ရန် အားကစား ကွင်းထဲသို့ ခြေဦးတည် ခဲ့သည်...

"ဟေး ဖက်တီး ငါ မနေ့က မင်းအကြောင်းတွေ ကြားပါတယ် မင်းကို အခု..တလောကလုံးက အရေခွံ့စုတ်ချင်နေတာ...မင်း အခု ချိန် မှာ ဂျောင်ကောင်းကောင်းမှာ ပုန်း နေရမှာလေ...ဒီမှာ ဘာလုပ်နေတာလဲ ကွ..."

လင်းရန် အား လှမ်း လိုက်သော သူ မှာ တခြားမဟုတ်...အတန်းကြီး (၁၂) မှ မီတာ (၃၀၀) အပြေးပြိုင်ပွဲချန်ပီယံ ချန်းကျိရဲ ဖြစ်သည်...

သူပုံစံက အရပ် ရှည်ရှည် ဒေါင် ကောင်းကောင်းပုံစံ နှင့်ဖြစ်သည်။

သူကျောင်းကို ရောက်လာပြီးကတည်းက သူရဲ့အောင်မြင်မှုကို ယှဉ်နိုင်သော သူ မရှိသေးချေ။ သူက ဒီမြိုရဲ့ အကောင်းဆုံးဆိုတာတွေ ထက် စံချိန် ချိူးထားသော လူမျိူးဖြစ်သည်။မည်သို့ပင် ဆိုစေကာ မူ ချန်းကျိရဲ ဆိုတာနဲ့ အားကစားတွင် စံပြကျောင်းသား တစ်ယောက် လို့ ချင်းရှီတစ်ကျောင်းလုံးက လက်ခံထားကြ ပါသည်။

ချန်းကျိရဲ က လင်းရန် ကို အထင်သေးသော်လည်း တခါမှ အနိုင်မကျင့်ခဲ့ချေ ။ဤသည်မှာ အခြားမဟုတ်...ဒီ ဝက် ကို အနိုင်ကျင့်တော့လည်း ငါ့ အတွက် ဘာကောင်းကျိူးရမှာလဲ ဆိုတဲ့ စိတ်မျိူးရှိတဲ့ လူဖြစ်သည်။ မိမိအတွက် အကျိူးမရှိရင်ဘာမှမလုပ်တတ်။တစ်ခါတလေ အပျင်းပြေ လောက် သာ လင်းရန် ကို စသည့် သဘောမျိူးရှိသည်။

" ငါ့ အခု ဆရာ မက်ကို လာရှာတာ...သူဘယ်မှာလဲ "လင်းရန် က ချန်းကျိရဲ အား ဂရုမစိုက်အား... သူ မေးချင်တာကို သာ မေးလိုက်သည်။

"မင်းက ဆရာ မက် ကို လာရှာတယ် ဟုတ်လား? မင်း က ဘယ်နှစ်ခါ ဆရာ့ အတန်းကို လာခဲ့ဖူးလို့လဲ။ အားကစားချိန်ဆိုလည်း အမြဲ လစ် နေပြီးတော့ အခု ဆရာကို လာ ရှာနေတယ် ဟုတ်လား... က မင်း အဖျားတွေ ဘာတွေ များ မိလာတာလား...ဒါမှ မဟုတ် ရူးပြီး ဦးနှောက် များ ချောင်သွားတာလား ..."

ချန်းကျိရဲ က ရှော့ဖြစ် သွားပြီး လင်းရန် ရဲ့ နဖူး အား အဖျား ရှိမရှိကို စမ်း ကြည့် လိုက် သည်...

လင်းရန် ဟာ သူ့နဖူး ပေါ် က ချန်းကျိရဲ ရဲ့လက် ကိပုတ်ထုတ် လိုက်ရင်း

"ငါ့ ဆရာ ဆီ က သဲအိတ် ငှားချင်လို့"

လင်းရန် တည်ငြိမ်စွာပဲ ပြန် ဖြေလိုက်သည်။

"သဲအိတ် ငှား ဖို့ ဟုတ်လား"

ချန်းကျိရဲ စိတ်ထဲ အခုမှ ပို၍ ရူပ်ထွေးလာသည်။

က ဒီကောင်အဆောင်မှာ သောင်းကျန်း တာအားမရလို့ လက်ဝှေ့ထိုး ပါ ကျင့်ချင် နေတာလားဟ။

ချန်းကျိရဲ စိတ်ထဲမှာ အတွေး များနဲ့...

"နေ ပါဦး မင်း က သဲအိတ် ငှားဖို့ ဆရာ မက်ကို ရှာနေတာလား။မင်းလိုချင်တယ် ဆို အဲ့သဲအိတ် ကို ငါ စီစဉ် ပေးလို ရပါတယ်...ဒီမှာ ခဏစောင့် ငါ သွားယူပြီး ပြန် လာခဲ့မယ်"

"ဝမ် လီ မင်း လင်းရန်ကို အားကစား ပစ္စည်း အခန်းက သဲ အိတ် တအိတ်လောက် ယူပေးလိုက်..."

ချန်းကျိရဲ က လင်းရန် ရဲ့ ပုံစံကို သဘောခွေ့နေသည်...သူ့ဒီသဲ အိတ် ကို ငှားပြီး ဘာ ဆက် လုပ်မှာ လဲ ဆို တာ ကို လည်း အရမ်း သိ ချင် နေသည် ဒါ ကြောင့် လင်း ရန်ကို အဝေးကပဲ စောင့်ကြည့် နေခဲ့သည်။

...........................................................................



အခန်း ကော်ရစ်တာ ရှေ့တွင် ကျောင်းသားများ တရုန်းရုန်း နဲ့ ဖြစ်နေကြသည်။

"ဟျေ ာင့် တွေ ဟိုမှာကြည့်စမ်း...ဝက်ရူး လင်း ရန် က သဲအိတ် တခု လုံးကို ထမ်းထားတယ် ..."

သဲအိတ် အလေးချိန်သည် စုစုပေါင်း ၂၅ ကီ လို လောက် အလေးချိန် ရှိသည်။ သာမန် ကျောင်းသားများ အဖို့ မဖို့ပင် မလွယ်။ လင်းရန် လို ဝိတ်ပိနေသော သူ အတွက် က ပိုလိုပင် ခက်ခဲ ဦးမည်။အတန်းကြီး (၁၂) က ကျောင်းသား တော်တော်များများရဲ့ အကြည့်သည် လင်းရန် အပေါ်ကိုရောက်ရှိ သွားသည်။

"ဘုရားရေ ...ဒီ သဲအိတ် က ငါ့အကို လက်ဝှေ့ထိုးကျင့်ရင် သုံးတဲ့ ဟာ အရမ်း လည်း လေး တယ်ကွ...အခု လင်းရန် က အဲ့ သဲအိတ် ကို ကြီးကို မပြီးပါ ပြေးနေတယ် ငါ့ အမြင်တွေများ မှားနေတာလားဟ..."

"ကြည့်ရတာ ဒီကောင် အသက် မရှင်ချင်တော့ဘူးထင်တယ်...မနေ့ကလည်း ချိူရှန်းရှန်းကို မဖွယ်မရာ လုပ်ဖို့ကြံတယ်။ ညကလည်း အဆောင် က သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တယ်။ အခုလည်း အတန်းလစ် သဲအိတ် ထမ်းပြီးတော့ အားကစား ကွင်းတခုလုံးကို ပတ်ပြေးနေတယ် ဒီကောင် ရူးများသွားတာလားကွာ..."

လင်းရဲ ရဲ့သတင်း များ က ချောင်ရှန်းရှန်း နားထဲ သို့ တစ်ခု ပြီး တစ်ခု ကို တရစပ် ဝင် လာသည်။ လင်းရန် ရဲ့သတင်း ကို ကြားတာနဲ့ ချောင်ရှန်းရှန်းတယောက် မျက်ထောင့်ကြီး နီပီး ဒေါ သတွေ အလိမ့်လိမ့် ထွက်လာပါတော့သည်။

ကျန်းလင် ကတော့ ပြတင်းပေါက် ကနေပဲ လင်းရန် ကို ကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေသည်။

ဘာတွေဖြစ်နေတာလဲ ...သူမလည်းပဲ လင်းရန် ရဲ့ အကြောင်းကို သိချင်နေသည်။

ချန်းကျိရဲ တစ်ယောက် လင်းရန် ကို ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေသည် ကြက်ဥတစ်လုံး ကောင်းကောင်းထည့်လို့ရသည့် အထိ ချန်းကျိရဲ ရဲ့ ပါးစပ် အကွာအဝေးက ဟပြဲနေခဲ့သည်။

" ဘုရားရေ ဒီ ကောင် လူကော ဟုတ်သေးရဲ့လား ဘာတွေ လုပ်နေတာလဲ။ဒီကောင်ကိုတော့ နားမလည်နိုင်တော့ဘူး ..."

ချန်းကျိရဲတစ်ယောက်တည်းမဟုတ်။ကျောင်းသားတော်တော် များများ က ခြေလွှတ် လက်လွှတ်တွေဖြစ်ကုန် ကြသည်။ လင်းရန် သဲအိတ် ထမ်းပြီး ပြေးနေသည်ကို အပြေးအလွှား ထွက်ကြည့်ကြသည်။

အားကစားကွင်းတခုလုံး ရှော့ရနေကျသည်။ ကွင်းထဲတွင် လင်းရန် နဲ့အတူတူ ဘေးချင်းကပ် ဘက်စကက်ဘော ကစား သမားများပါ ရပ်ပြီး လင်းရန် ရဲ့ လူပ်ရှားမူကို စိတ်ဝင်တစား ကြည့်နေကြသည်။ လင်းရန် သဲ အိတ် ထမ်းပြီး ကစားကွင်း ပတ်ပြေးခြင်းသည် နိုင်ငံတော်အလံ ထမ်းပြီးပြေးသည့်အလား အကုန်လုံး ရဲ့အကြည့် က လင်းရန် အပေါ် စိတ်ဝင်စားမူ အပြည့်ရှိကြသည်။

လင်းရန် ထမ်းထားသော သဲအိတ် မည့်မျှလေးမည်ကို သူ၏ အရိပ် အကဲ ကို ကြည့်ရုံနဲ့ပင် ခန့်မှန်းနိုင်သည်။ လင်းရန် သည် သဲအိတ် ကို ညာ ဘက်မှာ ထား၍ အရှိန် မှန် မှန် ဖြေးဖြေးသာ ခရီး ဆက်နေသည်။ လင်းရန်၏ လူပ်ရှားမူသည် စည်းချက် တခုကဲ့သို့ ငြိမ့်ငြိမ့်ညောင်းညောင်းပဲ အဆင်ပြေနေသည်။

လင်းရန် ဟာ သူရဲ့ ခန္ဓာကိုယ် ကနေ အဆီတွေ လောင်ကျွမ်းနေတာကို ခံစား မိသည်။အစပိုင်းကတော့ မျက်စိတွေ ပြာပြီး လဲကျမလိုဖြစ်ပေမယ့် အခု တော့ လင်းရန် အဖို့တော်တော်လေး အဆင်ပြေနေသည်။

"ကျွတ်ဆင်ကြီးကွာ... ဒီကောင် ဘာကြောင့် ဒီလောက်တောင်ပြောင်းလဲသွားရတာလဲ ? "

အိုင်းစတိုင်း တောင် အလင်း သီအိုရီ ဖန်တီးနိုင်ဖို့ ရက်ပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့ရတာ ကွ ဒီကောင်က တညတည်းနဲ့......"

"ငါ စပြေးတုန်း က ဆိုရင် လည်း အဲ့လို ပဲကွ။ ဘယ်အရာကမှငါ့ကို မတားဆီနိုင်ဖူး။"

"ငါ့ရဲ့ ခန္ဓာကိုယ် ကို အရှိန် မြင့်လိုက်တာ နဲ့ ငါ့ ရဲ့ ပြေးနိုင်စွမ်းတွေကလည်း မြင့်တက်လာတာပဲကွ။"

ကွင်းကြီး တခုလုံး ရယ်သံ တွေ အံ့သြတွေနဲ့ အတူတူ ဆူညံနေ ခဲ့သည် ။လင်းရန် ကတော့ ဂရုမစိုက်အား သူရဲ့ ရည်ရွယ်ချက် က လေ့ကျင့်ခန်း လုပ်ဖို့ပင် ဖြစ်သည်။

ဘေးက ပြောနေတော့သာ လွယ် ပေသည်။လင်းရန်မှာ တော့ လျှာထွက် မတတ် ဖြစ်လို့ နေ၏။ ပြေးနေရင်း ဆယ် မီတာ လောက် အရောက်တွင် လင်းရန် တကိုယ်လုံး ချွေးများဖြင့် ပြည့်သွားပြီး လေ ကို ပင် မနည်း ဝအောင် ရူလိုက်ရသည်။ဒီလို အဝလွန်နေတဲ့ ခန္ဓာကိုယ် အတွက် က အားကစားကွင်း ကို ဒီတိုင်းပြေးရင်တောင် မလွယ်ကူ လှချေ ။အခု မှာ အပို သဲအိတ်ကြီး ပါ ပါနေတော့ လင်းရန် အတွက် အရမ်းကြီး လွယ်ကူနေသည်တော့မဟုတ်ပေ။

မည့်သို့ပင် ဆိုစေ လင်းရန်သည် သူရဲ့ ရည်ရွယ်ချက် ကို မရပ်သွားပါ ဆက်ပြေးဖို့ပဲ ကြိုးစားသည်။သူရဲ့ခန္ဓာကိုယ် က ကျက်သရေ () ပါး မြက်ရဲ့ အစွမ်းတွေကြောင့် အားအင် အသစ်တွေ ပြန် ရလာခဲ့သည်။သူရဲ့ အင်မော်တယ် အဆင့်က နိမ့်နေသေးသော်လည်း ကျက်သရေ () ပါးမြက် ရဲ့ အစွမ်းကြောင့်တော့ သူ ကောင်းကောင်းပြေးနေနိုင်သည်။

ခန္ဓာကိုယ်ရဲ့ (၇၀) ရာခိုင်နူန်းလောက် က အကောင်းအတိုင်းနီးပါး ဖြစ်နေသည်။ သာမန် လူတယောက် ဆိုရင်တောင် (၁၀၀) ရာခိုင်နူန်း ကောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား?

လင်းရန် ကျေနပ်သွားခဲ့လေသည်။

ကျက်သရေ () ပါး မြက် သည် တကယ်ကို လင်းရန် အတွက် အထောက်အကူဖြစ်စေသည်။ လင်းရန် သည် သူရဲ့ စွမ်းအင် စုပ်ယူနိုင်တဲ့ အရည်အချင်းကို လည်း ကျေနပ်နေသည်။

"ဒီ ကမ္ဘာ မှာ ရှိတဲ့ ဆေးပင် က အစွမ်းတွေ အကုန်လုံးကို စုပ်ယူနိုင်မယ်ဆိုရင်တော့ ငါ့ဖြစ်ချင်တ့ ဲဟာကို တစ်လအတွင်း ဖြစ်သွားနိုင် လိမ့်မယ်"

ကံဆိုးစွာနဲ့ပဲ ဒီ မှာက လည်း လင်းရန် အတွက် ဆေးပင် က အများကြီးမရှိဖူးဖြစ်နေသည်။

ဒါ ကြောင့် မ့ိုပဲ လင်းရန် က ချီးထုပ် အကျဆုံးဖြစ်တဲ့နည်းလမ်းဖြစ်တဲ့ တစ်ဆင့်ချင်းဆီ လုပ်ဖို့ပဲ လက်ခံလိုက်သည် သူရဲ့ခန္ဓာကိုယ် ကို လည်း ကျင့်စဉ် အကြမ်းကြီးတွေ နဲ့ တစစီ မဖြစ်ချင်ခဲ့ပေ။

အတန်းချိန်ပြီးလို့ နောက်အတန်းချိန် မစခင် မိနစ် (၂၀ )လောက် နားချိန် ရသည်။

အတန်းကြီး (၁၂ )မှ ကျောင်းသားများကလည်း အရင်ကနဲ့မတူ ရိုးတိုးယွတ ဖြစ်နေကြသည်။ဆရာမ ဆီမှအတန်းဆင်းမည့် ကို ပဲ အားလုံးက စောင့်နေကြသည်။ဘဲလ်တီးသံ ကြားသည့်နှင့် တပြိုင်နက် တတန်းလုံး ဆရာမ တောင် မနူတ်ဆက်အား ကွင်းထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုပြီး အပြေးအလွှား ထွက်ကြည့်ကြသည်။ ခလုတ် တိုက်တဲ့ လူက တိုက်နဲ့ ပွဲဈေးကြီး အလား စည်ကားနေကြသည်။

အတန်းကြီး (၁၂) မှ ကျောင်းသားများမှာ ပိုလိုပင် စိတ်ဝင်စားနေကြသည်။ ကွင်းထဲတွင် ဟန်ရေးပြနေသော သူ သည် တခြား မဟုတ် သူတို့ရဲ့ အတန်းဖော် လင်းရန် ဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။

ချိုင်ဟန်လင်း သည် သူရဲ့ တိုတို ပုပု အရပ်အမောင်းကြောင့် ရှေ့ဆုံးတန်းတွင် ထိုင်လေ့ရှိသည်။ ဒါကြောင့်မို့အားလုံးထက် အရင် သူ က ကော်ရစ်တာ ဆီကို အရင် ရောက်နှင့်နေပြီဖြစ်သည်။

"အို ခိုင်မော့စ်...တကယ်ပဲ လင်းရန်ကြီးဟ" ချိူင်ဟန်လင်း တော်တော်ကြီးကို အံသြသွားသည်။

"ဘုရားရေ တကယ် လင်းရန် ကြီးဟ။တကယ် သူ ရူးသွားတာလား..."

လင်းရန်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ချိူင်ဟန်လင်းတောင် ရှော့ရနေပေသည်။

"ဘုရား ဘုရား ဒီနေ့ နေ က အနောက် ကများ ထွက်နေတာလား...ငါ အိပ်မက်များ မက်နေတာလား ကောင်မရယ် ငါ ပါးကို ရိုက် ကြည့် စမ်းဟဲ့ " ကောင်မလေးများ ပင် ပြောစရာ စကားမရှိအောင်ဖြစ်ကုန် ကြသည်။

"ငါ့ ရူးများသွားတာလား ဒါမှ မဟုတ် ဒီ ကမ္ဘာ မှာ ပဲ တခုခု ဖြစ်နေတာလား... ဒီ လို အသုံးမကျတဲ့ ဝက်ရူးက ဒီလိုမျိူး လုပ်ပြနေတယ်ဆိုတော့......"

ချောင်ရှန်းရှန်း က လင်းရန် နဲ့ ပတ် သက် တာ တွေ ကို သင် ပုန်း ချေ ဖို့ ကြိုးစားနေသည် ဒါ မဲ့ ဒီနေ့လင်းရန် သဲအိတ် ထမ်း ပြေးတာ ကြားပြီး သူ လည်း မရိုး မယွ ဖြစ်နေသည် သူမ သူငယ်ချင်းတွေ နဲ့အတူတူ လင်းရန် ကိုသွားကြည့်ချင်ပေမဲ့ သူငယ်ချင်းတွေ ဝိုင်းစမှာ ကိုမခံချင်၍ မသိ သလိုပဲ ထိုင်ခုံမှာပဲပြန် ထိုင် နေလိုက်သည်။

"ရှန်းရှန်း ...ဟိုမှာ လင်းရန် တကယ်ပြေးနေတာ ဟဲ့ " ကျန်လင်း က သူ သူငယ်ချင်းနှစ်ယောက်ကိုခေါ်ရင်း ချောင်ရှန်းရှန်း ကိုလည်း သူမနဲ့အတူတူ လိုက်ကြည့်ရန် အဖော် ညှိနေသည်။

" ဟဲ့ နင်တို့ ဘာသာ သွားချင် သွားမသွားချင်နေ ငါ အဲ့ ဝက်ရူးကို ကြည့်လည်းမကြည့်ချင်ဖူး ငါ့ကို ထပ်လည်း လာမခေါ်နဲ့..."

တကယ်တော့ သူမ ကိုယ်တိုင်လည်း သွားကြည့်ချင်နေတာပါ။ ဒါမဲ့ ခေါင်းမာစွာပဲ ကျန်းလင် တို့ကို ငြင်းလွှတ် လိုက်ပါသည်။

"ရှန်းရှန်း နင်တကယ်ပဲ မလိုက်တာ သေချာ သွားပြီလား။ လင်းရန် ရဲ့ လုံးဝမထင်မှတ် ထားတဲ့ ပြောင်းလဲမူတွေကို နင် လုံးဝ စိတ် မဝင်စားဖူးပေါ့........."

ကျန် လင်း ဘလိုပြောပြော ရှန်းရှန်း ရဲ့ အဖြေက ပြတ်သားနေသောကြောင့် သူမအား အတင်းဆွဲခေါ်ပြီး အတန်း အပြင် ကို ထွက် လာခဲ့သည်။

"ကွင်း တဝက်လောက်တောင် ရောက်နေပြီ ...တွက်ကြည့် ရင် မီတာ ၂၀၀ လောက်တောင် ရှိ နေပြီ ..."

"ဒီကောင် ပြေးနေတာ ကြာပြီ။အခု ထိ အရှိန် က မလျော့သွားဖူး သူရဲ့ခါးကိုကြည့် စမ်း ရပ်တော့မယ် လို့ထင်ရပေမယ့် တရစပ် ပြေးနေတာဆိုတာ လုံးဝ အလန်းပဲ ဟျောင့်ရေ...... "

ရှန်းရှန်း နဲ့ ကျန်လင်း နှစ်ယောက်လည်း လင်းရန် ရဲ့အရိပ် ကို မြင်ရင်း လန့်သွားသည်။ အရှိန် မှန်မှန် သဲအိတ် ထမ်းရင်း ပြေးနေသောသူသည် တကယ်ပင် သူ အကြိမ်ကြိမ် အခါခါ ငြင်းခဲ့သော ဖက်တီးဆိုးလေး ဖြစ်နေသည်။

ဘာမှ သုံးစားမရတဲ့ ဝိတ်ပေါကောင်လေး က ဒီလောက်ပြောင်းလဲသွားသည်ကို ကြည့်ကာ နှစ်ယောက် သား မျက်လုံး အပြူးသားဖြစ်နေသည်။

သာမန် ကျောင်းသား တယောက် က ဒီလိုမျိူးလုပ် ပြနေတာကိုလည်း သူမ စိတ် ထဲမှာ မေးခွန်း များစွာဖြစ်နေသည်။တကျောင်းလုံးကလည်း အော်ကြ ဟစ်ကြ နဲ့ လင်းရန် ဘယ် အချက် ချော်ပြီး လဲကျမလဲ ဆိုပြီးစောင့်နေကြသည်။ တချိူ့ကလည်း လင်းရန် ပြေးတာကို ကြည့်ပြီး ရယ်နေကြသည်။

သိုပေမယ့် တယောက်တော့ သူ ကတော့ ကော်ရစ်တာ မှ ငိုင်ပြီး ကြည်နေသည်...။သူမ က နွားရိုင်း လို ပြေးနေတဲ့ လူကို သာ လိုက်ကြည့်နေရင်း သူ မျက်လုံး က နေ မျက်ရည် တွေ က ထိန်း မရအောင် အလိုလို စီးကျလာသည်...

သူမ က ငိုနေတာတောင် နတ်သမီးလေးလိုလှပလို့နေလေသည်။


End 7




rate now: