book

Index 6

အပိုင်း ၆ ( အလှ ဘုရင်မလေး ၏ ဒေါသ)

 

နောက်တနေ့ မနက်

လင်းရန် တံခါးမဖွင့် ပေး သောင်းကျန်းသော ကိစ္စသည် ချင်းရှီ ကျောင်း တခုလုံးကို ဟိုးလေး တကျော်ကျော် ဖြစ်သွားသည်..

"ဟျေ ာင့်တွေ မင်းတို့ ကြားပြီးပြီလား.. ညက လင်းရန်ဆိုတဲ့ အတန်း ( ၁၂ )က ဖက်တီးလေ ညှဉ့်နက်မှ လည်း ရောက်လာတယ် ပြီးတော့ သွေးရူးသွေးတန်းနဲ့ ဝေကျန်းဂန် နဲ့ရန်ဖြစ် ကြတယ်တဲ့.."

"အေး . .ငါ ဒီ သတင်းကိုကြားပြီးတာ ကြာပေါ့ကွာ. . အဲ့ဒါတင် မဟုတ်သေးဘူးနော် ဟျောင့် . . မင်း ကျားမင်ကို သိတယ်မလား. . . လင်းရန် ရိုက်လိုက်တာ ပြတင်းပေါက်ကို လွင့်သွား ပြီး သွား နှစ်ချောင်း ပါ ကျိူးသွားတာတဲ့ ဟျောင့်ရေ. ."

"ဟုတ်တယ် ကွ။ ငါ့လည်းတွေ့လိုက်တယ်. .ကျားမင်

သူ့ပါးလေးကို တကိုင်ကိုင် နဲ့ ဆေးရုံ ထဲ ဝင် သွားတာ. .

ငါ့အထင်ဒီကောင် ကျိူးသွားတဲ့ သွားတွေ ပြန်စိုက်ဖို့ထင်တယ်. .ဒီကောင် ပါးတွေ ကြည့်ရတာ အထိုးခံထားရသလိုပဲ "

" မယုံနိုင်စရာပဲကွာ. . .ဒီ လို ဝက် ခန္ဓာကိုယ် နဲ့ဘာမှ အသုံးမကျတဲ့ကောင်က ညက ဘာဆေးတွေ များ မှား စားထားတာလဲ. .?အဲ့ကောင်အကြောင်း မင်းတို့လည်း သိတာပဲလေ. . . ဒီ ကောင် သုံးနှစ်လုံးလုံး သူ့ကိုအနိုင် ကျင့် တဲ့ကောင်တွေကို မော့တောင်မကြည့်ရဲတာ. ."

" ဒါတင် မဟုတ်သေးဘူး . . အဲ့ စောက်ရူး ညက ငါ့တို့ကျောင်းရဲ့ အလှ လေး ချောင်ရှန်းရှန်း ကိုလည်း ရည်းစား စကား သွားပြောသေးတယ်တဲ့. . .။မင်း ဘယ်သူ့ကိုမှတော့ ပြန် မပြောနဲ့နော် . .ငါ မင်းကို ပြောပြမယ်။လင်းရန် ညက အဆောင်ကို ပြန်လာတော့ အပေါ်ပိုင်း ဗလာ နဲ့ ဝင်လာတာတဲ့. ."

" ဟမ်. . .မင်းဟာ ကသေချာလို့လား။ ငါ့အထင်တော့ လင်းရန် ချောင်ရှန်းရှန်းကို ဘက်ကြီး မဖွယ်မရာ လုပ်ဖို့ကြံရင်း. .လူမိသွားတော့ အရေခွံ နွှာ ခံရမှာဆိုးလို့ အဆောင်မှာ သောင်းကျန် ပြလိုက်တာ နေမယ် ..."

" ဘာမျှော်လင့်ချက် မှ မရှိတော့ဘူးလို့ တွေးလိုက်မိရင် တော့ လူတွေရဲ့ စိတ် က တကယ် ကြောက်ဖို့ကောင်းတယ် . . လူသတ်ဖို့လည်း ဝန်မလေးဘူးလေ..."

မနေ့ညက ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး လင်းရန်ရဲ့ သတင်းဟာ ကျောင်းအဝင် ဝကနေ စတင် ဝင်ရောက်လာခဲ့တဲ့ လေညှင်းလိုပဲ ကျောင်းဝင်းတခုလုံး လင်းရန်မှ လင်းရန် ဖြစ်နေခဲ့လေသည်။ဒါတင် မကသေးချေ ... လင်းရန်ရဲ့ ပတ်သက်တဲ့ သတင်းတွေ က ဟုတ်တာတွေကော မဟုတ်တာတွေကောနဲ့ ဟာသ သဖွယ်ဖြစ်နေလေသည်...။မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စ က မထင်မှတ်ထားလောက်အောင်ပဲ တကျောင်းလုံး က စိတ်ဝင်စားနေ ကြကုန်သည်။

"ဒီ အမှိုက်ထုပ် လင်းရန် က ငါ့တိုရဲ့ အလှ ပဂေး ချောင်ရှန်းရှန်း ကိုရည်းစားစကားသွားပြောတယ်...။ပြီးတော့သူ အငြင်းခံလိုက်ရတယ်...။လူတွေ အများကြီး ရှေ့မှာ အငြင်းခံလိုက်ရ လို့ထင်တယ်...ပေါက်ကွဲပြီး လူစိတ်မရှိတော့ဘူး...။ချောင်ရှန်းရှန်း နဲ့ဘာတွေဆက်ဖြစ်ကြလဲတော့မသိဘူး...အဆောင်လည်း ရောက် တံခါး ပိတ် ထားတာလည်းသိကော သောင်းကျန် တာ...ဆေးရုံ ရောက်တဲ့ လူ က ရောက်နဲ့...ရှယ်ပဲကွာ..."

ကျောင်းသားတော်တော်များများ ညက

လင်းရန် နဲ့ ချောင်ရှန်းရှန်း ဘာတွေဖြစ်ခဲ့ကျမှန်း သေချာသိချင်နေကျလေသည်။

လင်းရန်ရဲ့ အကြောင်းကတော့ တစ်ကျောင်းလုံးက ကျောင်းသားတွေ ကြားမှာ လည်းတော်တော် ရေပန်းစားနေပါတော့သည် ...



စီနီယာ(၁၂)အတန်း

....................................................................................

ဝေကျန်းဂန် က အင်္ဂလိပ် စာ အုပ်ကို လက်ထဲမှာ ကိုင်ထားကာ သူမျက်လုံး က စာအုပ်ထဲမှာ ရောက်နေပေမယ့် အတွေး တွေ ကတော့ တခြား နေရာ ကိုရောက်နေလေသည်...။သူ့နှုတ်ဆက်တဲ့ အတန်းဖော်များကို ပြန် ပြုံး ပြလိုက်ရသော်လည်း သူရဲ့ အကြင်နာ မဲ့တဲ့ နူတ်ခမ်းကိုကြည့်တာနဲ့ စိတ်ထဲက မပါမှန်း မြင်ရုံနဲ့သိနိုင်လေ သည် ...

လင်းရန်... မင်း ဘာကြောင့် ဒီလောက်တောင် ပြောင်းလဲသွားရတာလဲတော့ငါမသိဘူး...အေး မင်း ဘာမင်း အရမ်းတွေ သန်မာပြီး ငါ့ကို နိုင်ချင် နိုင်မယ်... ဒီ ကျောင်းမှာငါ့ အပြင် ချောင်ရှန်းရှန်းကို ကြိုက်နေတဲ့ ဟို လူဆိုး တဖွဲ့လည်း ရှိသေးတာပဲ... အဲ့တော့မှ မင်းအသက် ဘယ်ကထွက်မလဲဆိုတာ ငါ စောင့်ကြည် ချင်သေးတယ်...

ဝေကျန်းဂန် တွေးရင်း တွေး ရင်း နဲ့ အတွေးတခု ခေါင်းထဲ ရောက်လာသည်...။ဟို လူဆိုးအဖွဲ့သာ လင်းရန်ကိုတွေ့ရင် သောက်ခွက်ကိုရိုက် မျက်လုံးကို နှိုက်မှာ သေချာသည်...

အဲ့ကျမှ လာ ငိုပြလို့ကတော့ သောက်ခွက်ကို ထပ်ရိုက်ပေးလိုက်မယ်...

ဝေကျင်းဂန် အတွေးကမ္ဘာထဲမှာ တော့ အင်္ဂလန် ကို ပါ တက် သိမ်းနေပြီ ဖြစ်သည်...

တကယ်လို့ သူနိုင်သွားတယ်ပဲ ထားပါဦး။ ဒီ ကောင်ရဲ့ပညာအရည်အချင်းနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး...ကောလိပ်ဝင်ခွင့်စာမေးပွဲတော င် ဝင် ဖြေလို့ရမှာမဟုတ်ဖူး...ဒီကောင် ဘဝက အလုပ်သမား ဘဝနဲ့တင် ပြီးသွားမယ့်ကောင်... ဒီကောင့်အဆင့်ကို ဖက်ဖြစ်ရတာရင်နာဖို့တောင်ကောင်းတယ်.. တောက်..

ဝေကျင်းဂန် လင်းရန်ကို မှိုချိူး မြစ်ချိူး ချီးမွမ်းခန်းတင်ပြီး မှပဲ စိတ် က သက်သာရာ ရလာသည်...ဆရာမ ကလည်း ဝင်လာပြီမို့ ဝေကျင်းဂန် စာထဲပဲ အာရုံထည့်ထားလိုက် တော့သည်...

ချောင်ရှန်းရှန်း သည် ကျောင်းရဲ့ အလှဆုံး ()ယောက် ထဲမှာ ပါသည် ဆို တာ မည်သူမှ ငြင်းရက်စရာ မရှိပေ ...သူမရဲ့ မိဘ အသိုင်း အဝိုင်း ကို မဆိုထားနဲ့... သူမ ရဲ့ သွင်ပြင် အရည် အချင်း ကို ကြည့်လိုက်တာနဲ့ တော်ရုံမဟုတ် ဘူး ဆို တာ အကုန် လုံး က လက်ခံထားကြ သည်

သူမ ရဲ့ ရဲရင်တဲ့ အမူအရာတွေ...

ကြီးမားတဲ့ရင်အုပ်ကြီးက နိမ့်လိုက် မြင့်လိုက် မြန်မြန်ဖြစ်နေတာတွေ သူမရဲ့နှာတံ ပြားပြားလေးတွေ က အဝေးက ကြည့်လိုက်ရင် စိတ် ဆိုးနေတဲ့ ခြင်္သေ့လေး အလားပါပဲ

ဖြောင့်စင်းသောပေါင်တံ...

သေးသွယ်သောခါး...လးုံ ဝန်းတင်းတောင့်နေသောတင် တစ်ကျောင်းလုံးရှိ ကျောင်းသာများအတွက်တော့ ချောင်ရှန်းရှန်းသည် အိပ်နေတဲ့ အချိန်ဖြစ်ဖြစ် မအိပ်တဲ့ အချိန်ဘဲ ဖြစ်ဖြစ် စိတ်ကူးယဉ် အိမ်မက်နတ်သမီးလေးဖြစ်သည်..

ပြီးတော့ သူ မမှာ သူငယ်ချင်းတယောက်လည်း ရှိသေးသည်။

သူမ နာမည်က ကျန်းလင် သူကိုတော့ ပြောနိုင်သူ "mouth runner" ဆိုပြီး ချစ်စနိုးနဲ့ခေါ်ကြသည်။ သူမ အကြိုက်ဆုံးအရာက တော့ သူများအတင်းပြောရတာ ပင် ဖြစ်လေသည်...

ကျန်းလင်ကလည်း ချောင်ရှန်းရှန်း တို့လိုပါပဲ။ တော်ရုံ ကောင်မလေးမျိူးမဟုတ်ပေ။

ချင်းရှီးကျောင်းရဲ့ ကျောင်းသားတော်တော်များများ ငေး ရလောက်တဲ့ အထဲ မှာ အပါအဝင်ဖြစ်သည် ။ထူးခြားတာကတော့ သူမ နဲ့ ချောင်ရှန်းရှန်းအကြောင်းပါ သူတို့ နှစ်ယောက် က စားလည်း အတူတူ သွားလည်းအတူတူ နောက်ဆုံး အိမ်သာတောင် တူတူတက်ကြပါသည် ပန်းပွင့်မှာ ရှိတဲ့ ပန်း ရွက်လိုပင် " ဟဲ့ ရှန်းရှန်း နင့်ကို ဟိုကောင် လင်းရန် က တကယ်ပဲ တခုခုလုပ်ခဲ့တာလား...?"

ဟာ...

" ငါ က အဲ့ အရူးကို တွေ့တောင် မတွေ့မိဖူး ...ဒီ မေးခွန်းကိုပဲ အကြိမ် တသောင်းမကတော့ဘူး ဖြေနေရတာ အခုလည်း ထပ်ဖြေရပြန် ပြီ ငါ အရမ်း စိတ်ရူပ်လာပြီ နော် ..."

ချောင် ရှန်း ရှန်း က ကျန်းလင်ကို ရှက်ပြီး စိတ် ဆိုးနေတဲ့ အကြည်နဲ့ ကြည့်လိုက်သည် သူမ ကြည့်ရတာလည်း မကြာခင်မှာ ပေါက်ကွဲတော့မယ့် ဗုံး လိုဖြစ်နေလေသည်..

ကျန်းလင် မယုံပေ..ညက လင်းရန် ကိုချောင်ရှန်းရှန်းနောက်လိုက်သွားတာ သူမသေချာတွေ့လိုက်လေသည်။

" အေး ပါ ... ဒါ ပေမဲ့ ငါ နင့် နောက်ကို လင်းရန် လိုက် သွား တာ သေ ချာ ပေါက် တွေ့လိုက်တယ် သူနဲ့ နင်နဲ့ အကွာ အဝေး ကလည်း မီတာ (၃၀) လောက်ပဲ ကွာတယ်လေ ဟယ်။"

ကျန်းလင် သူငယ်ချင်းအရင်းကြီးကိုတောင်မှ အတင်းတုတ်ဖို့ ကုန်ကြမ်းလေး ချောင်ရှန်းရှန်း ဆီ က သဲလွန်စ ရလိုရငြား စကားနာထိုးပြီး အစ်အောက်ထုတ်နေလေသည်။

" နင် ပြော ရဲတယ်နော်။ သူနဲ့ ငါ က ညက အတူတူ ထွက်သွားတယ် ဆိုတာ မှန်တယ် ဒါမဲ့ နောက်ထပ် မီတာ (၁၀၀) လောက်လည်း ရောက်ရော ငါနဲ့ ဆန်ကျင့်ဘက် ကို ထွက်သွားတယ်... ပြီးတော့ ငါ အိမ် ကို တည့်တည့်ပဲ ပြန် လာ တာ နင့် မယုံရင် ငါ အမေ ကိုလိုက်မေးလို့ ရတယ် " တောက်ဒေါသထွက်နေရတဲ့ အထဲ နင်ကပါတမှောင့် ဝက်ပေါလင်းရန် တွေ့လို့ကတော့ အရေခွံစွဲဆုတ်ပြမယ် ကြည့်နေ..

ဒီ တခါတော့ ချောင်ရှန်းရှန်း တကယ် ပေါက်ကွဲသွားလေပြီ ...

ချောင်ရှန်းရှန်းတယောက် ဒီ နေ့ကျောင်းစရောက် ကတည်းက အတန်းဖော်တွေ ရဲ့ ပြောစကားတွေ ကြောင့် တော်တော် ဒေါ သထွက် နေခဲ့သည်။ သူတို့ရဲ့မဟုတ်တန်းတရား ပြောဆိုတာတွေ က သူမရဲ့ ရေဆူမှတ် ကို ရောက်စေခဲ့သည်။သူမအတန်းထဲ ဝင် လာတော့လဲအကုန် လုံး က မျက်လုံးစိမ်းကြီးတွေ နဲ့ကြည့်ခံရလေသည် ဒီအချိန်မှာ သူမ စိတ် ထဲဘာမှ မသိ လင်းရန်ကို အစိတ်စိတ် အမွှာမွှာ လုပ်ချင်နေတာပဲ သူမ သိတော့သည်။

" ဒီ ဝက်ရူး က ဒီ လို နည်းမျိူးနဲ့ ငါ သူငယ်ချင်းရဲ့ အချစ် ကို ရမယ် လို ထင်နေလား မသိဘူး..."

ဒီ တခါတော့ ကျန်းလင်သူ ဘာ့သာ စိတ် ထဲမှာ တီးတိုး ဆိုနေချင်းဖြစ်သည် ချောင်ရှန်းရှန်း ရဲ့ ဒေါ ကို သိ၍ သူမ ထပ်တွန့်မတက်ရဲတော့ပါ။

"သောက် ဝက်လင်းရန် သူ့ကို ယူမယ့် အစား တကယ့်ဝက်အစစ် ကို ပဲ ယူလိုက်မယ် ဘာမှ အသုံးမကျတဲ့ကောင် ငါ့ အကြောင်း ကောင်းကောင်းသိစေရမယ် ဦးနှောက် က ဝက် ဦးနှောက် လောက် တောင် သုံး စားမ ရတဲ့ကောင်..."

ကျန်လင်းလည်း နူတ်ခမ်းလေးကို မဲ့လိုက်ကာ " နင့်သူကို အတန်းထဲမှာ ရှိစေချင် သေးလား သူ့ကို ဆရာမ တွေ က အစ ဘေးမဲ့ပေးထားတာ ... သူရဲ့ စာမေးပွဲ အခြေအနေ က လည်း တော်တော့ကို အားရစရာကြီ နောက်ဆုံးကရေရင် နံပတ်တစ်လေ ခ်ခ်။

အခုလည်း သူနင့်ကို ရင်မဆိုင်ရဲတော့လို့ တစ်နေရာရာမှာ သွားပုန်းနေတာနေမှာ..."

ပြသာနာ ကို မီးထွန်းရှာတဲ့ လင်းရန် တနည်းအားဖြင့် ချောင်ရှန်းရှန်း ရဲ့မျက်လုံး ထဲမှာ ဝက်လောက်တောင် အသုံးမဝင်ဖူး လို့ သတ်မှတ်ထားတဲ့ ကိုယ်တော်ချော ကတော့ အခုလေးတင်မှ အိပ်ရာကနိုးထလာပါသည်...(တစ်ကျောင်းလုံးဗြောင်းဆန်ေ နပီ ဆရာသမားက ပို့သတဲ့မေတ္တာတွေကို ပန်းမွေ့ယာလုပ်ပီး ခုမှစက်တော်ခေါ်ရာကထတယ်)

လင်းရန် ဟာ နိုးနိုးခြင်းမှာပဲ သူရဲ့ ဗိုက်ထဲက တခွီ ခွီ မြည်နေ တာကို သူ ခံစားမိသည် ။မနေ့ညက ဒီ ကမ္ဘာက ဟာတွေ စားကြည့် တာလည်း သူအတွက် အဆင် မပြေဖူး ဖြစ်နေလေသည်။

ဘလိုပဲဖြစ်နေဖြစ်နေ သူသည် ဒီကမ္ဘာ မြေပြင်ကို ရောက်ရှိကတည်း က သူ့ကိုသူ မော်တယ် တယောက်အဖြစ်သတ်မှတ် ပြီး ကျင့်စဉ် တွေ ကျင့်ဖို့ပဲပဲ တွေးထားလေသည်။

သူရဲ့ပထမ ဦးဆုံး ရည်ရွယ်ချက် က ဒီ အဆီပိတ် နေတဲ့ ခန္ဓာကိုယ် ကို ဝိတ်ချဖို့ရယ် သူ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ဖို့ရယ်က ဦးစားပေး ဖြစ်သည်။

" ငါ စားဖို့အတွက်တော့ စီစဉ်မှဖြစ်မယ် ..."

လင်းရန် အိတ်ထဲနှိုက်လိုက်သောအခါ (100) တန်လေးတစ်ရွက်သာ လက်ထဲပါလာလေသည်။ လင်းရန် လန့်သွားသည်။

သူရဲ့ပိုက်ဆံတွေ ဘဏ် ကတ်တွေ အားလုံး ကို သူရဲ့ ဂျက် ကပ် ထဲမှာ ထားခဲ့တာ အဲ့ဒီ ဂျက် ကပ် ကိုလည်း သူ လင်းမိန်ဟန် ကို ပေးခဲ့တာ ကို သတိရလိုက်မိသည်။

"ဟူး ... ငါ့ဆီမှာ အင်မော်တယ် ကမ္ဘာက လိုသာ မှော် အိတ် အိတ် လောက် ရှိမယ် ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..."

"ဒီမှာ လူ လာဖြစ်နေရတာ တော်တော် ခက် ခဲပါလား...ငါရဲ့ ဆာလောင်မှုကိုတော့ အရင် ဖျောက်မှရမယ် "

လင်းရန် ဟာ က စော်လေးချောတာနဲ့သဘောတွေ ကောင်းပြီး ဂျက်ကပ် ပေးမိခဲ့တာကို နောင် တရမဆုံးဖြစ်နေသည် သူ့ကို သူလည်း နောက်ထပ် လူကောင်းတယောက် မလုပ်တော့ပါဘူးလို့ ကြွေးကြော် နေမိသည်။

" ငါ့ ရဲ့ ညီ ဝမ်းကွဲ ဆီ က ပိုက်ဆံ ချေးကြည့် ရင် ကော..."

သူရဲ့ မှတ်ဉာဏ် တွေ အရ ဆိုရင် လင်းရန် မှာ နင်လင်းယု လို့ခေါ်တဲ့ ညီ တယောက် ရှိသည် သူပုံစံ ကလည်း ကျောင်းရဲ့ အလှဆုံး ယောက် တည်းက တယောက်ပုံစံပဲ

ဟုတ်တယ် သူ ကို အကူညီ တောင်းကြည့်ရမယ် ... လင်းရန် ဝိုး တဝါးနဲ့ လင်းယု ရဲ့ပုံစံကို ပြန်ပုံဖော်နေလေသည်..

အရပ် ရှည်ရှည် မျက်လုံး ဝိုင်း ဝိုင်း ပိန် ပိန် လေး လို့ ထင်ရပေမဲ့ လင်းရန် ရဲ့စိတ်ထဲမှာတော့ ဝေ ဝါးဝါး ဖြစ်နေသည်။

နင်လင်းယု ဟာ လင်းရန် နဲ့ပတ်သက်ရင် အမြဲတမ်း အားမလို အားမရဖြစ်နေတတ်သည် သူမ က သူမရဲ့ အကိုအပေါ်မှာ အရမ်း မျှော်လင့်ချက်ကြီး မားလေသည် သူတို့နှစ်ယောက် က အခန်းချင်းတူသော်လည်း တလမှာတခါလောက် သာ ဆုံကြသည်။ တကယ်လို့ လင်းရန် က တွေ့ဖို့ ကြိုးစား လည်း နင်လင်းယု က မတွေ့ချင် ။အေးတိ အေးစက်သာ ပြန် ဆက်ဆံတတ်သည်...

လင်းရန် က သူမရဲ့စိတ်သဘောထားကိုနားလည်သည်။

သူမ က လင်းရန် ကို စိတ် ခွန်အားပေးချင်လို့သာ ဒီ လို ဆက်ဆံနေရတာဖြစ်ပီးသူစိတ်ထဲမှာ တော့လင်းရန် ကို ချစ်လေသည်..

လင်းရန်ကို နှိမ့်ချပြီး လည်း ဘယ်တော့မှ မဆက်ဆံဖူးချေ။

နင်လင်းယု အဲ့လိုမျိူး စိတ် ပျက် လက်ပျက်ဖြစ်နေတဲ့အချိန် မျိူးဆို လင်းရန် က ပြောတတ်သည်။

" ငါ့ ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာပါ လူတိုင်းဒီ လိုပဲ () ကနေ စကြတာပဲလေ ..."

လင်းရန် က ပိုက်ဆံစုတတ်တဲ့ အကျင့်လည်းရှိသည် သူရတဲ့ မုန့်ဖိုးကနေ စုစုပြီးတော့ လင်းယု ကို သူ စားချင်တာ လိုက်ဝယ်ကျွေးသည်။

"မနေ့ည က ကိစ္စကို သူမ လည်း သိနေလောက်တယ် .. မတတ်နိုင်ဘူး ဗိုက်ကလဲတော်တော်ဆာနေပီ သွားတော့တွေ့ရမှာဘဲ။

အပြင်ထွက်ရင် ဖြစ်နိုင်သမျှ ငါပြသာနာတွေကိုတော့ သည်းခံပီးရှောင်ရမယ်။

လင်းရန် ဒီ မှာ တိတ်တိတ်လေး နေချင်တာအကြောင်းတခုပဲရှိသည် တကယ်လို့သာ သူ မှော်အတတ်တွေကို အရမ်းသုံးပြနေရင် သူ့ကို အင်မော်တယ် ကမ္ဘာ က အပြစ်ပေးမှာဆိုး၍ ဖြစ်သည်။

" ဟူး... အိုခေ အိုခေ ဒီလို ဝက်ပေါ တယောက်အဖြစ်ပဲ နေရဦးမှာပေါ့ကွာ "

ပိုက်ဆံက ရှာတော့သာ ခက်တာ သုံးရတော့ အရမ်းလွယ်တယ် ဆိုတာ သူ လက်ခံလိုက်သည် သူ မနက်စာလေး စားတာတောင်မှ သူမှာရှိတဲ့ ဒေါ်လာ (၁၀၀)ထဲ က (၃၀)ကုန်သွားသည်

သူစားတာတွေကလည်း နည်းမှ မနည်းပဲကို...လူက ဖက်တီးဖြစ်နေတော့ အစာအိမ် ကြီးကလည်းအကြီးကြီးဖြစ်နေသည်။

လင်းရန် ခုချိန်တွေးမိတာကတော့...

"ငါရဲ့အစာအိမ်က အစားတွေ အများကြီးတောင်းနေတယ်

...ငါ့ရဲ့အင်မော်တယ် ကျင့်စဉ်တွေ ကျင့်ဖို့ အတွက် ဒီ ခန္ဓာကိုယ်နဲ့တော့မဖြစ်ဘူး ငါ့ ဝိတ်လျော့မှ ရမယ်..."


END 6


ဝိတ်လျော့ပီး ကျောင်းကို ဘယ်လိုဗြောင်းဆန်အောင် လုပ်ဦးမလဲဆိုတာကတော့ မကြာမှီလာမည်.... မျော်.




rate now: