book

Index 8

အပိုင်း(၈)

.မာရ်နတ်မင်း ၏ စစ်သူကြီး

👹👹👹👹👹👹👹👹


       တောမှာ မြူခြေများရစ်ဆိုင်းလျက်

ဖြင့်ရှိနေသည်။ 

    သစ်ပင်ကြီးများ မြင့်မားစွာ အုပ်ဆိုင်းနေခြင်း၊ နွယ်ပင်ကြီးများက သစ်ပင်ကြီးများကို တွယ်ဆိုင်းထားခြင်းတို့ကြောင့် စိမ်းစို၍

နေပျောက်မထိုးနိူင်အောင်ပင်ရှိနေပြန်သည်။

    တောမှာ လူသူအရောက်အပေါက်နည်းလွန်းသလို

   သဘာဝဘေးအန္တရယ်များလည်းထူပြော

နေပြန်သည်။

   သားရဲ တိရစ္ဆာန်များ ပေါများခြင်း၊ ပဒူကျင်းများ၊ လူသားစားနွယ်ရှင်ပင်များနဲ့အတူ၊ နွံ့အိုင်ကြီးများကလည်း ရှိနေပြန်သည်။


   ထိုတောအုပ်ကြီး အရှေ့ဖက်အခြမ်းမှ ဂါမဏိ ဦးဆောင်သော စစ်တပ်ငယ်က

ဝင်ရောက်ရပြီး ။ တောအုပ်အနောက်ဖက်အခြမ်းမှ 

   ဒတ္တာ ဦးဆောင်သော အဖွဲ့က ဝင်ရောက်ကာ တောအုပ်အလယ်တွင်

စစ်ရေးပြိုင်ရမည်ဖြစ်သည်။

    စက္ကဒေဝက ယခုတောအုပ်ကြီးကို

စစ်ရေးသတ်ကွင်းနေရာအဖြစ် ရွေးချယ်ပေးထားခြင်းဖြစ်၏ ။

          စက္ကဒေဝ မွေးမြူထားသော လူငယ်ဆယ်ယောက်မှာ တစ်ဖက် တစ်စု

အုပ်စုကွဲ၍ ရန်သူအဖြစ်ရင်ဆိုင်ရတော့မည်လည်းဖြစ်သည်။

      ဂါမဏိ လက်အောက်တွင် စန္ဒက၊ ဝသုန်န၊ ဝေဝိယ၊ ပဉ္စလ ဟူသော လက်ရွေးစင် လူငယ်လေးယောက်နဲ့အတူ

တစ်ခြားသော လူနှစ်ဆယ်ပါဝင်လာ၏ ။


   တိုက်ပွဲမှာ မျတသော အခြေအနေဟု

ပြောရမည်ပင်။

    တစ်ကြိမ်တခါမှ မရောက်ဖူးသော

တောနက်အတွင်း တိုက်ပွဲ စစ်တလင်းအဖြစ် 

ရွေးချယ် ထားသောကြောင့်လည်းဖြစ်၏ ။


   ဂါမဏိနဲ့အဖွဲ့မှာ ခြုံနွယ်များကြားမှ တောအုပ်အတွင်း တရွေ့ရွေ့ဖြင့်တိုးဝင်သွား

နေကြရင်း သဘာဝဘေးအန္တရယ်များ

အထူးသတိထား ရှောင်ရှားရန် သူလူများကို

သတိပေးနေမိသည်။

     အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဟူသော

စိတ်ခံစားမူက ဂုဏ်ယူစရာကောင်းလွန်းသလို အလွန်အန္တရယ်ကြီးသော အလုပ်တစ်ခုလည်းဖြစ်နေပြန်သည် ။

    သူ့ဆုံးဖြတ်ချက်တစ်ခုမှားပါက

အစစအရာရာ လွဲချော်တိမ်းစောင်းကာ

ပြိုင်ပွဲတွင် ရူံးနိမ့်သွားနိူင်သောကြောင့်ပင်။


     ဂါမဏိမှာ နေမွန်းတည့်ချိန်ရောက်သော

အခါ သူ့အဖွဲ့အား ရေတံခွန်တစ်ခုအနီးတွင်

အမောအပန်းဖြေ အနားယူစေလျက်၊

   ချက်ပြုတ်ရန် စီမံခိုင်းရသည်။


    ရိက္ခာများမှာ တစ်ယောက်စာ နိူင်သမျ

သယ်ပိုး၍ ယူလာသောကြောင့် တစ်ပတ်စာ

မျသောအချိန်အထိ ပူပန်နေစရာမလိုသေးချေ။ 


       စားသောက်ပြီး ခနတဖြုတ်နားကြပြီး

ရေဘူးတွင်း ရေများဖြည့်၍ ခရီးဆက်လက်ထွက်ခွာ လာခဲ့ကြပြန်သည်။


      ..........................................


     ထိုအချိန်တွင် ဒတ္တာတို့လူစုမှာလည်း

အနောက်မှ အရှေ့အရပ်သို့ ချီတက်လာနေကြသည်။ 

         ဒတ္တာမျက်လုံးများမှာမိမိကိုယ်ကို ယုံကြည်မူအပြည့်ရှိနေသော မျက်လုံးများ

ဖြင့်ရှိနေသည်။

     သူစိတ်အတွင်း အနည်းငယ် ဒေါသ

အမျက်လည်းရှိနေ၏ ။

    သူ့စိတ်အတွင်း ဂါမဏိ ကိုပြိုင်ဖက်ဟူ၍

မသတ်မှတ်နိူင်ပဲရှိနေသည်။ ဂါမဏိမှာသူ့ပြိုင်ဖက်အဆင့်မျိုး မရှိ

တစ်ဆင့်နိမ့်ဟူ၍

သတ်မှတ်ထားသောကြောင့်လည်းဖြစ်သည်။

    ထို့ကြောင့် အကယ်၍သာ ဂါမဏိ နဲ့ မျက်နှာခြင်းဆိုင် ရင်ဆိုင်တွေ့ပါက မညှာပဲ

မှတိလောက်သားလောက် ဆုံးမမည်ဟု

စိတ်ကူးထား၏ ။

      သူအဖွဲ့သားများကိုလည်း သူ့စိတ်ဓတ်ကဲ့သို့ ရိုက်သွင်းထား၏ ။

 အကယ်၍ အခြားသူများနဲ့ ရင်ဆိုင်တွေ့ပါက မညှာတမ်းတိုက်ခိုက်ရန်

မှာကြားထားပြီးဖြစ်သည်။


      ဒတ္တာမှာ ခရီးတစ်ထောက်နားချိန်တိုင်း

သူ့ဆရာထံမှ လက်ထပ်သင်ကြားထားသော

အောက်လမ်း အတတ်များကို အပြန်ပြန်

အလှန်လှန် မှတ်သားလေ့ကျင့်လျက်ရှိသည်။


   ဒတ္တဆရာမှာ အောက်လမ်းမကောင်းမူ

အတတ်များအား အထူးတလည် လေ့ကျင့်ထားသော သူတစ်ယောက်ဖြစ်ကာ

သူနဲ့စိတ်သဘောထားခြင်းတူသော ဒတ္တာအားလည်း သားအရင်းနဲ့မခြား ချစ်ခင်သူတစ်ယောက်ဖြစ်သည် ။

  ထို့ကြောင့်လည်း သူတတ်ကျွမ်းရာ မကောင်းမူ အောက်လမ်းပညာရပ်များကို

ဆရာစားမချန် သင်ကြားပေးထားခြင်းဖြစ်သည်။

   ထိုသို့ဖြင့်

နေ့ဖက်တွင်တောတွင်း သတိထားသွားလာကြရင်း ညဖက်တွင်

ကြုံရာနေရာ အိပ်စက်ကြလျက် ဂါမဏိ အဖွဲ့နဲ့ ဒတ္တာ အဖွဲ့တို့ တောတွင်းသို့ တရွေ့ရွေ့ဝင်လာကြသည်မှာ နှစ်ညလွန်မြောက်၍ သုံးရက်မြောက်နေ့သို့

ရောက်ရှိလာခဲ့ကြတော့သည် ။

      တစ်ဖွဲ့နဲ့တစ်ဖွဲ့မှာလည်း နီးကပ်လာသော

အနေအထားမျိုးတွင်

  သတိဝိရိယကိုလည်း အထူးထားနေကြပြီ

ဖြစ်သည် ။

     အကယ်၍သာတစ်ယောက် စခန်းချသောနေရာကို တစ်ခြားတစ်ယောက်က သိသွားပါက ကြိုတင်ပြင်ဆင်မူ ပြုလုပ်၍ တိုက်ခိုက်နိူင်

သောကြောင့် 

 ညအချိန်မီးမွေးခြင်းမျိုးဖြင့် တစ်ဖက်မှ

အလွယ်တကူ ထောက်လှမ်း၍ရနိူင်သော

ကိစ္စရပ်များကိုနှစ်ဖွဲ့လုံး ရှောင်ကျဉ်ကြသည်။  

       ည

ညပိုးကောင်တို့အော်မြည်သံ ၊ ချေဟောက်သံ၊ညအချိန်အစာရှာထွက်သော

ညငှက်တစ်ချို့၏အော်မြည်သံများဖြင့်

 ရှိနေ၏  ။

    ဒတ္တာမှာသစ်ပင်ကြီးများခပ်စိတ်စိတ်

ပေါက်နေရာ နေရာတစ်ခုတွင် သူ့တပ်ကို

စခန်းချရပ်နားထား၏ ။

    သဘာဝဘေးအန္တရယ်များကိုကျော်လွား

နိူင်ပြီးသူ့လူများဘေးကင်းရှင်းကြသောကြောင့်အားရနေသည်။

    အလှည့်ကျ ကင်းပုန်းများကို စခန်းချရာ

ဘေးပတ်လည်နေရာအနှံ့ ဖြန့်ကျက်ထားပြီး

သူကိုယ်တိုင်လည်း ညနက်သည်အထိ

မအိပ်နိူင်သေးပဲ ကင်းများကို လိုက်စစ်ဆေး

နေလျက်ရှိနေသည် ။

     အခြေအနေအရ သူနဲ့ ဂါမဏိသည် အချိန်အကြာကြီးစောင့်ဆိုင်းစရာမလိုပဲ

မကြာမှီအချိန်အတွင်း ထိပ်တိုက်ရင်ဆိုင်

ရတော့မည်မှန်းစိတ်တွင်းထင်မြင်နေမိသည်။


..ဟိတ် ဘယ်သူလဲ ရပ်စမ်း...


ထိုစဉ် 


ခြုံပုတ်တစ်ခုမှာ လူပ်ရှားသွားပြီး လှစ်ခနဲ

ပြေးသွားသူတစ်ယောက်ကို အမှောင်အတွင်း မျက်လုံးကျင့်သားရနေသော ဒတ္တာမျက်လုံးက မြင်လိုက်ရသည် ။


ထိုသူမှာ ဒတ္တာတားဆီးခြင်းကို ဂရုမစိုက်ပဲ

ပြေးလွားသွားသောကြောင့် ဒတ္တာလည်း

တစ်ခြားသူများကို မခေါ်တော့ပဲ ခါးတွင်ချပ်

ထားသော ဓားအိမ်မှ ဓားကို ဆွဲထုတ်၍

ထိုအရိပ်နောက်သို့ ပြေးလိုက်ခဲ့တော့သည် ။


   အမှောင်အတွင်း ရှေ့မှပြေးနေသူမှာ

ဒတ္တာနဲ့ အဝေးကြီးမဟုတ်သော်လည်း

နီးကပ်သောအခြေအနေမျိုးလည်းမဟုတ်ပြန်မလှမ်းမကမ်းမှ ပြေးနေခြင်းမျိုးခြင်းမျိုးဖြစ်သည် ။

     ပြေးလွားခြင်းကြောင့် ၊ ချုံနွယ်များကို

တွန်းတိုက်သွားသံ။ သစ်ကိုင်းခြောက်၊သစ်ရွက်ခြောက်များကို

နင်း၍ ကျိုးကြေသံများကို ဒတ္တာကြားနေရသည် ။ ထမင်းတစ်အိုးချက်မျ ရှေ့မှပြေးသူကိုလိုက်နေရင်း ဒတ္တာစိတ်အတွင်း အနည်းငယ်စိုးရွံ့လာမိသည် ။ သူ့လုပ်ရပ်မှာ မှားယွင်းသွားပြီလား။ ယခုလိုညအချိန်မတော် ရန်သူ့နောက်တစ်

ယောက်တည်းပြေးလိုက်လာခြင်းမှာ သူ့အတွက် စွန့်စားရာ၊ရူးမိုက်ရာကျလွန်းသည်ဟု ဒတ္တာ

တွေးနေမိ၏ ။

     ထို့ကြောင့်ဆက်မလိုက်ရန်ဆုံးဖြတ်လိုက်

ကာရောက်ရာ

နေရာတွင်ရပ်လိုက်တော့သည် ။ 

      သူရပ်လိုက်ချိန်တွင် ရှေ့မှပြေးနေသော

လူရိပ်မှာလည်း ရပ်လိုက်သည်ကို အမှောင်

အတွင်း မြင်လိုက်ရ၏ ။


    " ဟိတ်..သင်ဘယ်သူလဲ.... "


       "  ဒတ္တာ ဆရာကြီးပါကွယ့်....

မောင့်ကိစ္စကို ကူညီမလို့ ရောက်လာခဲ့တာ.."


" ဟာ...ဆရာကြီး... ဆရာကြီးမှန်းမသိလို့

ပြောဆိုမိတာ ခွင့်လွတ်ပေးပါ....."


  ဒတ္တာမှာ ခိုးကြောင်ခိုးဝှက်ပြေးနေသူအား

အသံခပ်မာဖြင့် မေးလိုက်ရာ ထိုလူစကား

ကိုကြားလိုက်ရမှ အသံမှာ သူ့ဆရာဖြစ်မှန်း

သိလိုက်ရကာ ဒူးထောက်၍ ပျာပျာသလဲ

သူ့ရိုင်းပျမူအတွက် တောင်းပန်နေမိ၏ ။


" ဒတ္တာ ဆရာပြောမယ့်စကားသေချာနားထောင်.."


" အမိန့်ရှိပါ  ဆရာကြီး...."


" အခုကိစ္စဟာ တပည့်နဲ့သက်ဆိုင်နေတယ်..

  ဆရာတပည့်ရဲ့ ရှေ့ရေးနိမိတ်ကို တွက်ချက်ကြည့်တဲ့အခါ အင်မတန်ရင်လေးသွားမိတယ်....... "


   ဒတ္တာမှာ ဒူးထောက်၍ သူ့ဆရာပြောမည့်

စကားကို နားစွင့်လျက်ရှိနေ၏ ။

   သူ့အကြောင်းကြားရမည့်အရေး

ရင်တဖိုဖိုလည်းဖြစ်နေမိသည်။


  "  တပည့်ဟာ တစ်နေ့အောင်မြင်ကျော်ကြားသူ

အဖြစ်ကိုရလိမ့်မယ်...     ဒါပေမယ့်...

 နတ်ဘီလူး တစ်ကောင်လက်ချက်ကြောင့်

အသက်ဇီဝန်ကြွေရကိန်းရှိတယ်ကွယ်... "


" ဗျာ...ဆရာကြီး....ဘယ်လိုနတ်ဘီလူးမျိုးလဲ..."


ဒတ္တာ တစ်ယောက်သူ့ဆရာထံမှကြားလိုက်ရသော

စကားကြောင့် ကြောက်ရွံထိတ်လန့်ခြင်းနဲ့

အံ့အြစိတ်များ သူ့စိတ်အတွင်း တိုးဝင်လာတော့သည် ။


" ဟုတ်တယ် တပည့် ပြောရရင် မာရ်နတ်မင်းလို အစွမ်းကြီးမားတဲ့ နတ်ဆိုးတစ်ယောက်ရဲ့လက်ချက်နဲ့ပဲ

သူ့အစွမ်းကို ဆရာကြီးလည်း မတားနိူင်ဘူး....."


   " ဆရာကြီး...တပည့်.. တပည့်ကို ကယ်..ကယ်ပါအုံး... တပည့်..မသေချင်ဘူး......"


"  ဟူး...မလွယ်ဘူး တပည့်ကြီး 

ကြိုးတော့ကြိုးစားကြည့်ရမှာပဲ 

လာ....လိုက်ခဲ့...."


   ဒတ္တာတစ်ယောက် သူ့အနာဂတ်ရှေ့ရေးကို

တွေး၍ ကြောက်ရွံတုန်လူပ်လျက်ရှိနေသည် ။ မည်သူမဆို မိမိသေရမည်ဆိုလျင် ထိတ်လန့်သွေးပျက်ကြမည်မှာမဆန်းပေ ။

   ဒတ္တာ လည်းလူသားထဲမှ လူသားတစ်ယောက်ပင် ။ ဆရာဖြစ်သူထံ

အားကိုးတကြီး အကူအညီတောင်းသောအခါ ဒတ္တာအပေါ်

သားအရင်းကဲ့သို့ချစ်သော ဆရာမှာ သူတပည့်အတွက်တတ်နိူင်သမျကူညီရန်

တွေး၍ ဒတ္တာကို သူ့နောက်လိုက်ရန်ခေါ်၍

ရှေ့မှလျောက်သွားနေသည်။

     ဒတ္တာမှာ ဆရာဖြစ်သူနောက်မှ ဆောက်တည်ရာမရသော စိတ်ဖြင့် လိုက်ရင်း တစ်ခုသော တောင်ကြီးခြေရင်း

ရောက်သောအခါ ဒတ္တာဆရာမှ တောင်အောက်ခြေမှ ဂူပေါက်သို့ဝင်လိုက်သောကြောင့် ဒတ္တာလည်း စမ်းတဝါးဝါးလိုက်ဝင်လိုက်သည် ။


    " ဒတ္တာ  မီးတဖို မွေးလိုက်.... "


    ဆရာဖြစ်သူစကားကြောင့် ဒတ္တာလည်း

သစ်ကိုင်းခြောက် သစ်ရွက်ခြောက်များ

စုဆောင်း၍မီးခတ်ကျောက်ကိုထုတ်၍ခတ်ကာ မီးတဖို မွေးလိုက်ရာ

ဂူအတွင်း မကြာမှီ မီးတဖို ဖြစ်လာတော့သည် ။

      မီးအလင်းရောင်ဖြင့် ဒတ္တာမှာ ဆရာဖြစ်သူအားလှမ်းကြည့်လိုက်ရာ..

အရိုးခေါင်းတောင်ဝှေးကြီးကို ကိုင်၍

မြေကြီးထိမတတ်ကုန်းညွတ်နေသောခါး

   အရိုးစုမျက်နှာကဲ့သို့ အရိုးပေါ်အရေတင်

မျက်နှာ။ ဖြူဖြူလွလွဆံပင်များကို ဖြန့်ချလျက် ပိန်ပိန်လှီလှီ သူ့ဆရာကိုတွေ့လိုက်ရ၏ ။ သစ်ကိုင်းချောင်းကြီးများမီးအရှိန်ရ၍

စွဲလာသောအခါ မီးတောက်မှာ ပို၍ကြီးလာနေသည် ။


" မီးပုံကို စိုက်ကြည့်နေ ဒတ္တာ.... "


  ဒတ္တာမှာ ဆရာဖြစ်သူစကားကြောင့် အထက်သို့ တလူလူတက်နေသော မီးပုံအတွင်းမှ မီးတောက် မီးလျံများကို

စိုက်ကြည့်နေစဉ် ဆရာဖြစ်သူမှာ မီးပုံဘေးတစ်ဖက်မှ ပါးစပ်တလူပ်လူပ်ဖြင့်

မန္တာန်များရွတ်၍ အထုတ်တစ်ထုတ်အတွင်းမှ အမူန့်များကို

မန္တာန်ရွတ်လိုက် ပစ်ချလိုက်ဖြင့်ရှိနေ၏ ။

     ဒတ္တာမှာ အစပထမ အနီရောင်မီးတောက်များကို ကြည့်နေစဉ်

ဘာထူးခြားမူကိုမျ မကြုံရသော်လည်း

အချိန်အနည်းငယ်ကြာသောအခါ အနီရောင်

မီးတောက်မှာ အစိမ်းရောင် သို့ပြောင်းလဲသွားသည်ကို အံ့အြစရာအဖြစ်

မြင်နေရသည် ။

    ထို့အတူ သူ့ဆရာပစ်ထည့်လိုက်သော

အမူန့်များကို မီးလောင်ရာမှ ထွက်လာသော

စိမ်းရွေရွေ ရနံ့တစ်မျိုးကို ရူရိူက်မိရာတွင်

သူ့ခေါင်းသည် တဖြည်းဖြည်းမူးဝေကာ အမြင်အာရုံထဲမှ မီးတောက်မှာ ယိမ်းထိုးလျက်ရှိနေတော့သည် ။

    ထို့နောက်သူ့အသိ၊ အမြင်အာရုံများသည်

လက်ရှိကိုယ်မှ ဖယ်ခွာ၍ အဝေးတစ်နေရာ

သွားသူလို ခံစားနေရမိသည်။

      ထိုကြောင့် ယိမ်းထိုးနေသောစိတ်အာရုံခနမျ ငြိမ်သက်စေရန် သူ့မျက်လုံးကို ခနမျ ပိတ်ကာ ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်စဉ်

အံ့အြစရာ မြင်ကွင်းမျိုး မြင်တွေ့ရတော့၏ ။

      ဒတ္တာမြင်ကွင်းမှာ စစ်ပွဲတစ်ပွဲမှ မြင်ကွင်း

ဖြစ်ပြီး သွေးအလိမ်းလိမ်းဖြင့်လဲကျသေဆုံးနေသူများ။ ဒဏ်ရာများဖြင့် သွေးအိုင်ကြား ညည်းငြူ အော်ဟစ်နေကြသူများ။ သူ့အသက် ကိုယ့်အသက် အပြုင်လုကာ

ဓားလှံများဖြင့် တိုက်ခိုက်နေကြသော

စစ်ပွဲ တစ်ပွဲမြင်ကွင်းပင်ဖြစ်သည် ။

ထိုအချိန်မှာပင် တိုက်ပွဲကြားတွင် အဖြူရောင်မြင်းကြီးကို စီး၍ စစ်သူကြီးချပ်ဝတ်တန်ဆာအပြည့်ဖြင့် ရန်သူများအကြား ရဲဝံ့စွာတိုက်ပွဲဝင်နေသူတစ်ယောက် မြင်းပေါ်မှ ခုတ်ပိုင်းသွားသော သူ့ဓားချက်များက ရန်သူများမှာ ဖရိုဖရဲ

လဲပြိုကုန်၏ ။

 ထိုစစ်သူကြီးချပ်ဝတ်တန်ဆာဖြင့် စစ်သူရဲကောင်းမှာ ရန်သူများအလယ် ဓားတဝင့်ဝင့်ဖြင့် လူပ်ရှားနေသည်မှာ အသည်းယားဖွယ် ၊ စိတ်လူပ်ရှားဖွယ် ကြည့်ကောင်းလွန်းလှသည်။

ဒတ္တာမှာ သူကြည့်နေသောနေရာမှ ရွေ့၍မရရာ စစ်သူရဲကောင်းမျက်နှာကို မူကား ကောင်းစွာမမြင်တွေ့ရပေ ။တစ်ကြိမ်တွင်မူ ရန်သူတစ်ယောက်ကို

ဓားဖြင့် ခုတ်ပိုင်း၍ မြင်းကိုသ်ူဖက်လှည့်လိုက်ရာ ထိုစစ်သူရဲကောင်းမျက်နှာကို မြင်တွေ့ခွင့်ရချိန် အံ့အြစိတ်၊ မယုံကြည်နိူင်စိတ်များကြောင့် ဒတ္တာခနမျ

ကြောင်သွားရတော့သည် ။

ထိုစစ်သူရဲကောင်းမှာ သူကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်ဖြစ်နေတော့သည်။

      ဒတ္တာမှာ သူပုံရိပ်လွာကို အံ့အြကြောင်ငေးကြည့်နေစဉ် ကောင်းကင်သည် တဖြည်းဖြည်းမဲနက်လာသည်ကို တွေ့လိုက်ရသောကြောင့် စစ်ပွဲကို ပြန်ကြည့်မိရာ ထူးဆန်းသော မြင်ကွင်း

နောက်တစ်ခုကို ပြန်မြင်လိုက်ရတော့သည် ။


   ကောင်းကင်တစ်ခုလုံးမဲနက်သွားရခြင်းမှာ

မြောက်မြားလှစွာသော လင်းနို့ငှက်များသည်

ကောင်းကင်ပေါ်ဝဲပျံလျက်ရှိနေသောကြောင့်ပင်။ 

    ထိုအချိန်မှာပင် လင်းနိူ့ငှက်များ ခြံရံ၍

အနက်ရောင် အရိပ်မဲကြီးတစ်ခုမှာ သူပုံရိပ်လွာ စစ်သူကြီးထံဦးတည်လာနေ၏ ။ 

   တဖြည်းဖြည်းမြင်ကွင်းပီပြင်လာသောအခါ

ထိုအနက်ရောင်အရိပ်မှာ မြင်းနက်ကြီးတစ်စီးနဲ့ မြင်းနက်ကြီးကျောပေါ်မှ အနက်ရောင်ခေါင်းဆောင်း ဝတ်ရုံကိုဝတ်ဆင်ထားသော လူတစ်ယောက်မှန်း သိလိုက်ရတော့သည်။


    မြင်းနက်ကြီးမှာ ဒတ္တာနဲ့ပုံတူစစ်သူကြီးနဲ့

ဓားတကမ်းအကွာရောက်လာသောအခါ

  သူ့ဓားကို ဆွဲထုတ်ကာ အငြိုးတကြီးတိုက်

ခိုက်နေလျက်ရှိနေတော့သည်။


     ပြင်းထန်အားပါသော အနက်ရောင်ဝတ်ရုံရှင် ဓားချက်များအောက်တွင် ဒတ္တာနဲ့တူသော

စစ်သူကြီးမှာ ခုခံကာကွယ်ရင်းဖြင့်သာ

ရှိနေရတော့သည် ။


...ဟာ....


ဒတ္တာတစ်ယောက် မြင်လိုက်ရသောမြင်ကွင်း

ကြောင့် စိတ်တွင်းယောက်ယက်ခတ်မျ ပူလောင်သွားရတော့သည်။

   တစ်ကြိမ်တွင်မူ ဝတ်ရုံနက်၏ မုန်တိုင်းအလားပြင်းထန်အားပါသော ဓားချက်များကို ရှောင်ရှားရင်း ဒတ္တာနဲ့တူသော စစ်သူကြီးမှာ လည်ပင်းကို

ဓားချက်ထိကာ ဦးခေါင်းသည် ကိုယ်ခန္ဓာမှ

ဖယ်ခွာ၍ မြေပြင်ပေါ်လိမ့်ကျသွားတော့သည် ။

    ကိုယ်ခန္ဓာမူကား မြင်းပေါ်တွင်ထိုင်ရက်သား တဆတ်ဆတ်တုန်ယင်နေလျက် လည်ပင်းပြတ်နေရာမှ သွေးများပန်းထွက်

လျက်ရှိနေ၏ ။

   ထိုမြင်ကွင်းကိုမြင်ရသော ဒတ္တာအဖို့

မခံရပ်နိူင်ဖြစ်ခြင်း။ ဝမ်းနည်းခြင်း။ နာကျည်းဒေါသဖြစ်ခြင်းနဲ့ ရှက်ခြင်းတို့

ရောထွေးနေလျက်ရှိနေ၏ ။


     ....ဟားဟား... ဟားဟား.... ဒတ္တာ... ဒတ္တာ... ခုတော့..မင်းဘာတတ်နိူင်သေးလဲ...

ငါနဲ့တွေ့ရတာ မင်းအတွက် နတ်ဆိုးကိုတွေ့ရတာနဲ့ အတူတူပဲဆိုတာ

မင်းသိပြီ မဟုတ်လား ဒတ္တာ.... ဟားဟား..... ဟားဟား..... 


....ဟင်.....


   ဝတ်ရုံနက်မှာ အားရကျယ်နပ်သော

ရင်ခေါင်းသံကြီးဖြင့် ရယ်မောပြောဆိုရင်း

ခေါင်းစွတ်အနက်ကို နောက်သို့ လှန်ချလိုက်ချိန် ထိုသူမျက်နှာကိုကြည့်၍

ဒတ္တာကြက်သေသေ သွားမိတော့၏ ။


......ဂါမဏိ.....


    ... တပည့်.  ဒတ္တာ.....


....အင်...ဟင်...ဆရာ.....


       ဂါမဏိအားမယုံကြည်နိူင်စွာကြည့်နေချိန်

မြင်ကွင်းများဝေဝါးသွားပြီး။ ဆရာဖြစ်သူ

ခေါ်သံကြားမှ ဒတ္တာ တစ်ယောက် စိတ်နဲ့ကိုယ်ပြန်ကပ်တော့သည် ။


...ဘာတွေမြင်ခဲ့ရလဲ ဒတ္တာ ဆရာအားလုံး

သိဖို့လိုတယ် မြင်ရတာတွေ တစ်ခုမကျန်

ပြောပြစမ်း...


...ကျွန်တော်အခုမြင်ရတာတွေက စိတ်ကူးယဉ်ပြီး မြင်ချင်ရာ မြင်ရတာမျိုးလား...


..ဘယ်ဟုတ်မလဲ ဒတ္တာရယ် ဒါတွေက တစ်ချိန်မှာ ငါ့တပည့် မလွဲမသွေ ကြုံရမယ့်

ရှေ့အတိတ် တစိတ် တစ်ပိုင်းပဲ...


...ဟင်..ဆရာကြီး ဒါ...ဒါဆို...ကျုပ်တကယ်သေရတော့မှာပေါ့...


....လူတစ်ယောက်ဆိုတာ မွေးလာချိန်ကစ

သူ့အတွက် ဘယ်အချိန်ဘာဖြစ်မယ် ကံကြမ္မာကပါလာပြီးသား.. ဒါပေမယ့် ဒီကံကြမ္မာကို ငါတို့ပြောင်းလဲဖို့ ကြိုးစားကြမယ် အဓိကအချက်က တပည့်ကို

သတ်မယ့်သူကို ငါတို့သတ်ထားရင်  ကံကြမ္မာကို    ပြောင်းလဲပြီးဖြစ်သွားလိမ့်မယ် တပည့်ကို

သတ်သူကို သိလား.....


...တောက်...သိရုံတင်ဘယ်ကမလဲဆရာကြီးရယ် သူဟာအခုကျုပ်နဲ့ပြိုင်ဘက်အဖြစ်တောင်ရင်ဆိုင်နေရသူပဲ မသိပဲနေမလား...


   ဒတ္တာမှာ တောက်တချက်ခေါက်ရင်းဆရာ

ဖြစ်သူအမေးကိုနာကျည်းသံဖြင့်ပြန်ဖြေလိုက်ခြင်းပင်။


...ဟာ ဒါဆို အချိ်နမဆွဲနဲ့တော့ သူ့ဇာတာခွင်အားနည်းနေချိန် သူ့ကို အမြန်သတ်ရမယ် ဒါနဲ့ သူ့အမည်နာမက....


...ဂါမဏိ....


...အော် နာမည်က ဂါမဏိ တဲ့လား

သူ့ကို သတ်ဖို့ ဆရာပါ တစ်ဖက်တစ်လမ်းက

ပညာစွမ်းနဲ့ကူညီမယ် ....


...စိတ်ချ ဆရာကြီး ဒီကောင်ကို မဖြစ်ဖြစ်အောင် ကျုပ်သတ်မယ်...


   ဒတ္တာတို့ဆရာတပည့်မှာ ဂါမဏိကိုသတ်ရန် လျို့ဝှက်အစီအစဉ်များချမှတ်

လျက်ရှိနေကြသည်။


........................................................


    ယခုမနက်ပိုင်းတွင် နေရောင်ကိုမမြင်ရပဲ

တစ်တောလုံးမြူခိုးများဖြင့် ဝေ့သီလျက်ရှိနေသည် ။

      ဂါမဏိတို့ တပ်ဖွဲ့မှာ တောတွင်း ခြေရာဖျောက်၍ သွားလာနေကြ၏ ။

    မြူခိုးများရစ်သိုင်းနေခြင်းကြောင့်

တစ်နေရာရာတွင်နားပါက ရန်သူများ

မြူခိုးများကို အကာကွယ်ပြု၍ရောက်လာနိူင်သောကြောင့် အထူးတလည်သတိထားနေရခြင်းပင်။


    ...ဟင်...လူရိပ်တွေ...


....ဟိုမှာ လူရိပ်တွေ ဖြတ်ပြေးနေတယ်...


....ရန်သူ..ရန်သူ ရှိနေတယ် ထင်တယ်....


...အားလုံးသတိထား ဒါလူတွေမဟုတ်လောက်ဘူး...


    တစ်ယောက်နဲ့တစ်ယောက် မနီးမဝေးတန်းစီသွားနေကြချိန် မြူခိုးများကြားမှ ရိပ်ခနဲ ရိပ်ခနဲဖြတ်ပြေးသွားသော လူရိပ်များကို

မြင်တွေ့ရသောအဖွဲ့သားများက ဓားများကို

ထုတ်၍ တီးတိုးသတိပေးနေကြစဉ်

   ဂါမဏိမှာလည်း အစပထမတွင်

ရင်ထဲထိတ်ခနဲဖြစ်ကာ ရန်သူဟုထင်မိသွား၏ ။ သို့ရာတွင် ရိပ်ခနဲ ရိပ်ခနဲလူပ်ရှားနေသော အရိပ်များမှာ

အလွန်လျင်မြန်လွန်းနေရာ လူတစ်ယောက်ဆိုပါက ထိုမျလောက်မြန်အောင်လူပ်ရှားနိူင်မည်မဟုတ်ဟုတွေးမိသောကြောင့် သူ့လူများကို

သတိပေးလိုက်ခြင်းဖြစ်သည် ။


...လူ...လူ...မဟုတ်..ရင်...ဒါက.....


....မကောင်းဆိုးဝါး..ပြိတ္တာ တွေများလား...


...ဘုရား...ဘုရား.....


      လူမဟုတ်ဆိုသောစကားကို 

ကြားရမှ အခြေအနေက တစ်ယောက်တစ်ပေါက် ဆူညံ့ကုန်တော့၏ ။

   ဂါမဏိမှာ မကြောက်သော်လည်း သူ့လူများမှာ သွေးပျက်ကာ အခြေအနေကို

ထိန်းချုပ်ရန်လိုလာပြီဖြစ်မှန်း သဘောပေါက်လိုက်သည် ။


...ဘာမှကြောက်မနေကြနဲ့ ရှေ့ကို အမြန်သွားကြ လူစုလည်း မကွဲစေနဲ့....


    ကြောက်လန့်နေသော သူ့လူများကို

နှစ်ယောက်တစ်တွဲလက်တွဲစေလျက် 

ရှေ့သို့ တက်ရန်အမိန့်ပေးရတော့သည် ။

   ဂါမဏိတို့ရောက်နေသောနေရာမှာ

တောင်ခါးပန်းပိုင်းတွင်ဖြစ်ပြီး တဖြည်းဖြည်း

ရှေ့ဆက်သွားသောအခါ ရှေ့တွင် လမ်းမယ်မယ်ရရမရှိတော့ပဲ တောင်ခါးပန်းအလယ်တွင် လူတစ်ယောက်လျောက်ရုံ လမ်းလေးသာ

ရှိနေသည်ကိုတွေ့လိုက်ကြရသည်။

    သူတို့လာရာလမ်းတလျောက်တွင်

မြူခိုးများ ပိုမိုရစ်သိုင်းလာပြီး နောက်သို့

ပြန်လှည့်ရန်ကားမဖြစ်နိူင်တော့ပေ ။


    ...တောင်ခါးပန်းလမ်းက ဖြတ်ကြမယ်

အားလုံးပြုတ်မကျအောင် အထူးသတိဝိရိယထားကြဖို့ ကျုပ်မှာချင်တယ်.....


     ဂါမဏိမှာ တောင်ခါးပန်းလမ်းမှသူအရင်

ရှေ့မှ လျေက်သွားရင်း သူ့လူများကိုသတိထားရန်ညွန်ကြားကာ

တစ်ဖက်သို့ကူးနေကြတော့သည် ။

     တဖြည်းဖြည်းသတိဖြင့်လျောက်လာကြရင်း

တောင်အလယ်သို့ ရောက်သောအခါ....


...ဝုန်း...ဝုန်း.....ဝုန်း....ဝုန်း.....ဝေါ...ဝေါ....ဖျော...ဖျော....ဖရော...ဝေါ....


   ...အား.....

........အား...


.....သေပါပြီ....


.....ကျောက်တုံးတွေပြုတ်ကျလာပြီ...


...ပြေး..ပြေးကြ....


  အခြေအနေသည် ငရဲပွက်သည်အလား

ဆူညံ့ကုန်တော့၏  ။

   အကြောင်းမှာ ဂါမဏိအဖွဲ့ တောင်ခါးပန်းလမ်း အလယ်ရောက်ချိန်

တောင်ထိပ်မှ ကျောက်တုံးကြီးများ

အဆက်မပြတ် ပြုတ်ကျလာသောကြောင့်

ကြောက်လန့်တကြားအော်ဟစ်သံများဆူညံ့ကုန်တော့၏ ။

   တချို့မှာ ကျောက်တုံးကြီးများထိမှန်၍ချောက်

အောက်သို့ ပြုတ်ကျကုန်သည် ။


   ဂါမဏိမှာ အဖွဲ့ကို ငြိမ်အောင်ထိန်းရန်ထက်သူကိုယ်တိုင်ပင်

ပြုတ်ကျနေသော ကျောက်တုံးကြီးများမထိအောင် သတိထားနေရ၏ ။

    ထိုစဉ်....


....ဝုန်း...


...ဝေါ...


..ဝေရာ....


.....ဖျော.....


....ဟင်...


...အား....


 အပေါ်မှကျလာသောကျောက်တုံးကြီးတစ်တုံးမှာ ဂါမဏိရပ်နေရာနေရာအနီးကျလာပြီး

ကျောက်တုံးအရှိန်ကြောင့် မြေသားများ

အက်ကုန်ကာ ဂါမဏိရပ်နေရာနေရာမှ မြေသားများမှာလည်း ချောက်အောက်သို့

မြေသားနဲ့လူရောထွေးပြုတ်ကျကုန်တော့၏ ။

    ဂါမဏိမှာကား အသူရာမျနက်သော

ချောက်အတွင်း ခြေကားယား၊လက်ကားယားပြုတ်ကျသွားချိန် တောင်ထိပ်တွင် အောက်မှ ငရဲပွက်မျဆူ

ညံ့နေသော မြင်ကွင်းကိုကြည့်၍ အားရကျေနပ်စွာပြုံးနေသူတစ်ယောက်ရှိနေပါသည်။

   ဒတ္တာမှာ ဂါမဏိ လာရာလမ်းကို ကျောက်မောင်းများဆင်၍လုပ်ကြံလိုက်ခြင်းဖြစ်ပါတော့၏

,...   ......   ..........   ............   ..........


၉ ဆက်ရန်


rate now: