book

Index 7

အပိုင်း(၇)

👣မာရ်နတ်မင်း၏စစ်သူကြီး👣

=======================


    မြင်းစီးပြိုင်ပွဲတွင်ယှဉ်ပြိုင်အနိူင်ရသူနှစ်ယောက်သာပေါ်ထွန်းလာ၏ ။


    ပြိုင်ပွဲတွင်အမှားအယွင်းမရှိ

ယှဉ်ပြိုင်နိူင်သော ဒတ္တာ နဲ့အတူ အောင်ပန်းဆင်အလံ ရယူပြီး မြင်းစီးစွမ်းရည်ပြ

သသောအခါမှ မြင်းလက်ခေါက်လဲ၍

  အပြည့်အ၀ အောင်ပွဲမဆင်နိူင်သော

ဂါမဏိတို့ပင်ဖြစ်ကြတော့သည်။


    တစ်ခြားသူများမှာ စက္ကဒေ၀၏ 

ထူးခြားဆန်းပြားသော ၀င်္ကပါ တောအုပ်

အတွင်းပိတ်မိလျက်ရှိနေသည်။


    အနိူင်ရသူနှစ်ယောက်ပေါ်ထွန်းလာသော်လည်း အများအမြင်တွင် ဒတ္တာမှာ

ခြောက်ပစ်ကင်းသဲလဲစင်၊ ပြိုင်ပွဲတွင်

ယှဉ်ပြိုင်အနိူင်ရသူဟု အားလုံးကထင်မြင်ယူဆကြလျှက် ၊ ဂါမဏိမှာ မြင်းစီးစွမ်းရည်ပြသနေစဉ် မြင်းရှေ့လက်ခေါက်ကာ မြေပြင်ပေါ်ပြုတ်ကျခြင်းကြောင့် အောင်ပန်းဆင်နိူင်မူတွင်

ဒတ္တာလောက် ပြီးပြည့်စုံ မူမရှိဟု 

စက္ကဒေ၀ အပါအ၀င်အားလုံးကသတ်မှတ်ကြသည်။

   အမှန်စစ်အဖြစ်မှန်မှာမူ ဒတ္တာမှာ

၀င်္ကပါတောအုပ်မှထွက်ရာတွင်

ဆရာဖြစ်သူအကူအညီကို ယူ၍ထွက်လာနိူင်ခြင်းအားမည်သူမျမသိခြင်းကြောင့်ပင်။


   ဂါမဏိမှာမူ သူ့ကိုယ်စွမ်းကိုယ်စဖြင့်

 တစ္ဆေကြီးထံမှ ပေစာထုတ်ပါ ၀င်္ကပါ

 ဖျက်နည်းကိုလေ့လာ၍ လွတ်မြောက်လာခဲ့ခြင်းပင်ဖြစ်သည်။


     ကံအကြောင်းမလှ၍သာ

ကျော့ကွင်းမိ၍ လက်အနည်းငယ်နာနေသောမြင်းကြီးတိမ်ပျံလက်ခေါက်လဲမူနဲ့အတူ အနည်းငယ်ရုပ်ပျက်ရခြင်းဖြစ်သည်။


    ဒတ္တာမှာကား ပြိုင်ပွဲနှစ်ခုအပြီးတွင်

နေ့ခြင်းညချင်းနာမည်ကြီးသွားတော့သည်။ ပြိုင်ပွဲအားကြည့်ရူမိသူတိုင်းမှာ ဒတ္တာ၏ ယောက်ကျားပီသခန့်ညားသော ဥပဓိရုပ်သွင် ၊ မြှားပစ်တော်မူ။


၀င်္ကပါကိုဖောက်ထွက်လာကာ

  မြင်းစီးစွမ်းရည်ကျွမ်းကျင်မူတို့ကို တခမ်းတနား ပြောဆိုကြလျက်ရှိသည်။


ယခုပြိုင်ပွဲနှစ်ခုယှဉ်ပြိုင်မူ အပြီးတွင်

ဒတ္တာမှာနောက်ဆုံးပြိုင်ပွဲတွင် ဗိုလ်စွဲမည့်

သူအဖြစ်ထင်ကြေးပေးခန့်မှန်းကြသည်။

    တချို့ကလည်း ဂါမဏိ မှာဒတ္တာ၏

ပြိုင်ဘက်ကောင်းအဖြစ်သတ်မှတ်ကြသည်။ 

     တတိယမြောက်ပြိုင်ပွဲမှာပြင်းထန်

ကြမ်းတမ်းမည်မှန်းအားလုံးရိပ်စားမိကြသည်။ အကြောင်းမှာကား

ပြိုင်ပွဲ သုံးခုလုံး ရူံးနိမ့်သူမှာ ပြိုင်ပွဲမှထွက်ခွာရမည်ဖြစ်သောကြောင့်ပင်။

   မြှားပစ်ပြိုင်ပွဲတွင် စက္ကဒေ၀

အထူးလေ့ကျင့်ပေးထားသော လူငယ်ဆယ်ယောက်နိူင်၍ မြင်းစီးပြိုင်ပွဲတွင်

နှစ်ယောက်သာ နောက်ဆုံး ပန်းတိုင်

ရောက်ရှိခြင်းကြောင့် 

တစ်ပွဲမှ အနိူင်မရသေးသူများမှာ တတိယမြောက်ပြိုင်ပွဲကိုသာ ထပ်မံ၍

ရူံးနိမ့်မည်ဆိုပါက ပြိုင်ပွဲမှ ထွက်ခွာ

သွားရမည်ဖြစ်၏ ။


 ပြိုင်ပွဲ၀င်လူကြီးများမှ မနက်ဖြန်ယှဉ်ပြိုင်ရမည့်

ပညာရပ်မှာလက်နက်သိုင်းပညာရပ်ပင်ဖြစ်ကြောင်းပြိုင်ပွဲ၀င်များအား အသိပေးထားခြင်းကြောင့် ပြိုင်ပွဲ၀င်များမှာ

  ညပိုင်းမှာပင် အနားမယူနိူင်ကြသေးပဲလက်နက်ဖြင့်ယှဉ်ပြိုင်ရသော

သိုင်းပညာရပ်များဆက်လက်လေ့ကျင့်နေကြသည်။

    နောက်တစ်နေ့မနက်မှာတတိယမြောက်ပြိုင်ပွဲမှာ ဆက်လက်စတင်လာ

ခဲ့တော့သည်။

    စတင်ယှဉ်ပြိုင်ရသော လက်နက်သိုင်းမှာ ဓားသိုင်းဖြစ်ပြီး

    လူအယောက်တစ်ရာမှာ နှစ်ယောက်တစ်တွဲမဲဖောက်၍ ကျရာလူနဲ့ယှဉ်ပြိုင်ရသည်။ကြည့်ရူသူများမျော်လင့်အားပေးကြသော  ဒတ္တာမှာပြိုင်ဖက်ကို အချိန်တိုအတွင်း အနိူင်ယူပြလိုက်သောကြောင့် အားပေးသံများ တခဲနက်ထွက်ပေါ်လာကြသည်။

    ဂါမဏိမှာလည်း ပြိုင်ဖက်ကို

အနိူင်ယူနိူင်သော်လည်း အချိန်အတန်ကြာမျတိုက်ခိုက်ရ၏ ။ သူနဲ့တိုက်ခိုက်ရသော ပြိုင်ဖက်မှာ ဂါမဏိလောက် ဓားသိုင်း မကျွမ်းကျင်သော်လည်း တကယ့်လက်တွေ့ အသက်လုပွဲများဆင်နွဲဖူးကာ အတွေ့အကြုံ ၊ ပရိယယ်ကောင်းသောကြောင့် အမှားမခံရဲပဲ တစ်ယောက်နဲ့တစ်ယောက်အကွက်ချောင်းကာတိုက်ခိုက်ရင်း ပြိုင်ဖက်တစ်ချက်အမှားတွင် အနိူင်ယူတိုက်ခိုက်လိုက်ခြင်း

ဖြစ်သည်။

      အယောက်ငါးဆယ်ဓားသိုင်းအဆင့်တွင်အောင်မြင်ပြီး ၊ပထမတိုက်ခိုက်ရသော ပြိုင်ဖက်နဲ့ပင် လှံတံဖြင့်တိုက်ခိုက်ကြရပြန်သည်။ 

     ဒတ္တာနဲ့တိုက်ခိုက်ရသောပြိုင်ပွဲ၀င်မှာပထမဓားသိုင်းပြိုင်စဉ် အချိန်အနည်းငယ်အတွင်း သူ့လက်မှ သစ်သားဓားပြုတ်ကျအောင်ပြု လုပ်နိူင်သော

ဒတ္တာကြောင့် ယခုအကြိမ်တွင်မူ လှံအစားကိုင်ဆောင်ရသော သစ်သား

တုတ်ကို ကိုင်၍ အရမ်းကာရောမတိုက်ပဲ

အကဲစမ်း၍တိုက်ခိုက်နေသည်။


   ဒတ္တာမှာလည်း ပြိုင်ဖက်အမှားကိုစောင့်ရင်းဖြင့် တုတ်ဖြင့်ထိုးလိုက်၊ရိုက်လိုက် ကာလိုက် ရှောင်လိုက်ဖြင့်ရှိနေသည်။ 

   အခက်ကြုံနေရသူမှာကား ဂါမဏိပင်ဖြစ်ချေ၏ ။ သူ့ပြိုင်ဖက်မှာ ပထမဓားသိုင်းပြိုင်စဉ် ရူံးထားခြင်းကြောင့် ယခုလှံသိုင်းတွင် မရူံးနိမ့်စေရေးအတွက် ပြိုင်ပွဲစတင်သည်ဆိုသည်နဲ့

တရစပ် ဖိ၍ထိုးစစ်ဆင်တိုက်နေသောကြောင့် ဂါမဏိမှာ ပြန်လည်တိုက်ခိုက်ရန်မဆိုထားနဲ့ ပြိုင်ဖက်တိုက်ခိုက်သည်များကိုသာ ချွေးပြန်အောင် ကာကွယ်

သင့်သည်ကို ကာကွယ် ရှောင်တိမ်းသင့်ခြင်းကိုရှောင်တိမ်းဖြင့် ရှိနေတော့သည်။


    ကွင်းပြင်ကြီးတစ်ခုလုံးမှာ မာန်သွင်း

အော်ဟစ်သံ ၊ တုတ်ခြင်းထိ၍ထွက်လာသောအသံများ ၊ ကြည့်ရူနေသော လူအုပ်မှ မိမိအားပေးသော ပြိုင်ပွဲ၀င်အမည်ကို အော်ဟစ်အားပေးသံများပြည့်လျံလျက်ရှိနေသည်။

   တစ်ကြိမ်တွင် ဒတ္တာမှာ ပြိုင်ဖက်အားတုတ်ဖြင့်

  ခပ်ဆတ်ဆတ်ရိုက်လိုက်ချိန်ခြေချော်ကာ ရှေ့သို့ ကိုယ်ခန္ဓာ ယိုင်လျက်ဟန်

ချက်ပျက်သွား၏ ။

     ထိုသို့ ဟန်ချက်ပျက်သွားခြင်းကို

တစ်ဖက်ပြိုင်ဖက်မှာလက်လွတ်မခံပဲ 

တုတ်ရှည်အားလက်နှစ်ဖက်ဖြင့်စုံကိုင်ကာ ဒတ္တာကျောကုန်းအား လွဲရိုက်လိုက်သည်။

    ....ဝှီး.....


.....ဝှီး.....


.....ဖုန်း.....


.....အ......


    နာကျင်စွာအော်ဟစ်သံတိုးတိုးနဲ့အတူ ဒတ္တာနဲ့ပြိုင်ဖက်လူ

လက်မှ တုတ်လွတ်ကျသွားသည်။

    တကယ်တန်းဆိုပါက ခြေလှမ်းပျက်သွားခြင်းမှာ ဒတ္တာ၏ ပရိယယ်တစ်မျိုးပင်ဖြစ်သည်။ တမင်တကာ ခြေလှမ်း

ပျက်ချင်ယောင်ဆောင်၍ တစ်ဖက်လူ

 သူ့အားအပိုင်တွက်သောအချိန်တွင်

ဟသွားသောထိုသူ အောက်ပိုင်းကို ဖြတ်ရိုက်ချလိုက်ခြင်းပင်။


     ဒတ္တာရိုက်ချက်က ထိုသူ့ခြေသလုံးအားမိမိရရ ထိကာ ရိုက်ချက်

ပြင်းသောကြောင့် မြေပြင်ပေါ်သို့ ခွေလဲကျသွားသည်။


   ဒတ္တာမှာ ဂုဏ်ယူ၀င့်ကြွားစွာ အားပေးနေသူများရှိရာသို့ လက်နှစ်ဖက်မြောက်၍ အောင်ပွဲခံလိုက်တော့သည်။


     ...ဝှီး....ဖန်း....ဖန်း.......


....ဖုန်း....ဖုန်း.....


   ဂါမဏိမှာတစ်ဖက်လူတိုက်စစ်ဆင်

မူအားတုတ်ဖြင့် ခုခံကာကွယ်ရင်းဖြင့်ရှိနေသည်။ နေရာအနှံ့ အဆက်မပြတ်

တိုး၀င်လာသောသောတုတ်ချက်များကို

 သူ့တုတ်ဖြင့်ပယ်ခြင်း၊ တုတ်ခြင်းပြန်ခံ၍

ကာခြင်း ရှောင်တိမ်းရင်းဖြင့်ရှိနေသည်။

    ဂါမဏိသာချွေးပြန်နေသည်မဟုတ်တိုက်ခိုက်နေသော တစ်ဖက်လူလည်း

ချွေးပြန်လာ၏ ။ သူမည်မျပင်ကြိုးစားတိုက်ခိုက်စေကာမူ ဂါမဏိကို

ထိအောင် မလုပ်နိူင်ပဲ ၊တစ်ချက် တစ်ချက် ဂါမဏိပြန်တိုက်သောအခါ သူအသည်းအသန်ပြန်ကာကွယ်ရသော

ကြောင့်ပင်ဖြစ်သည်။

    ကြာသော်တစ်ဖက်သတ်ဖိ၍တိုက်နေသော တစ်ဖက်လူမှာ လက်ပမ်းကျလာ၏ ။ ထိုအချိန်ရောက်မှပင်

ဂါမဏိလည်း တရစပ်တိုက်စစ်ဆင်လိုက်တော့သည်။

....ကျား....

     ...ဝှီး...ဝှီး...


......ဖုန်း......


......အင့်.......


   ထိုလူရိုက်ချက်ကို တုတ်ဖြင့်ပယ်ရိုက်၍ ဂါမဏိမှာ ပြန်၍တစ်ချက်ပင့်ရိုက်လိုက်ရာ လက်မောင်းအိုးကိုရိုက်ချက်မိသွားခြင်းကြောင့် ထိုသူမှာ လက်မှတ်တုတ်လွတ်ကျကာ အရူံးပေးလိုက်ရတော့သည်။

    ယှဉ်ပြိုင်နေသောပြိုင်ပွဲ၀င်များမှာတိုက်ရင်းခိုက်ရင်းဖြင့်တဖြည်းဖြည်း အနိူင်အရူံးပေါ်ကုန်ကြတော့သည်။ စက္ကဒေ၀ အထူးလေ့ကျင့်

သင်ကြားပေးထားသော

ဂါမဏိ နဲ့ ဒတ္တာ အပါအ၀င်လူငယ်ဆယ်ယောက်မှာ ယခုပြိုင်ပွဲတွင်မရူံးနိမ့်ကြသေးပေ။

    ယခုတစ်ကြိမ်တွင်မူကား အရူံးအနိူင်

သဲကွဲစေသော နောက်ဆုံးယှဉ်ပြိုင်မူ

တစ်ခုဖြစ်သော လက်နက်မဲ့ သိုင်းပြိုင်ပွဲပင်ဖြစ်သည်။

ဓားသိုင်း၊ လှံသိုင်းနှစ်ပွဲဆက်နိူင်သူများမှာ ယှဉ်ပြိုင်စရာမလိုပဲ အလိုလို

နိူင်သွားပြီ ဖြစ်သောကြောင့် 

 ဂါမဏိ ၊ ဒတ္တာ နဲ့အတူ တစ်ခြားသော

စက္ကဒေ၀ လက်ရွေးစင်လူငယ်ဆယ်ယောက်မှာ ပြိုင်စရာမလိုပဲ နိူင်သွားပြီဖြစ်ကာ ။ သူတို့နဲ့ယှဉ်ပြိုင်ရသော

ပြိုင်ပွဲ၀င်ဆယ်ယောက်မှာလည်း

ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားရပြီဖြစ်သည်။

    ကျန်ရှိသော လူရှစ်ဆယ်မှာ

မဲထပ်နိူက်၍လူခွဲကာ

 လက်နက်မဲ့သိုင်းပညာရပ်များဆက်လက်ယှဉ်ပြိုင်လျက်ရှိနေကြတော့၏ ။


   ပြိုင်ပွဲအပြီး ယခုနေ့တွင်ကား

လူလေးဆယ်ပြိုင်ပွဲမှ ထပ်မံထွက်ခွာသွားရပြန်သည်။

   ထို့ကြောင့်ပြိုင်ပွဲ၀င်မှာ

အယောက်ငါးဆယ်သာကျန်နေရစ်ခဲ့တော့သည်။

    နောက်တစ်နေ့ထပ်မံ ယှဉ်ပြိုင်ရမည့်

ပြိုင်ပွဲမှာမူကား

   ပို၍ခက်ခဲလာတော့၏ ။

  နောက်တစ်နေ့ပြိုင်ပွဲမှာ စစ်ပွဲတစ်ခု

ဆင်နွဲရမည်ဖြစ်ပြီး

    

    ပြိုင်ပွဲစည်းကမ်းမှာစတင်တင်းကြပ်လာပြီဖြစ်သည်။

   ပြိုင်ပွဲတွင်ရူံးနိမ့်သော အဖွဲ့မှာ

နောက်တစ်ကြိမ်ထပ်မံယှဉ်ပြိုင်ရမည်မဟုတ်ပဲ ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။     

    ယခုပြိုင်ပွဲမှာ ပြိုင်ပွဲကာလ၏

အမြင့်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

 ယခုအစီအစဉ်စည်းကမ်းကို စက္ကဒေ၀

ကိုယ်တိုင်ပါ၀င်ကြီးကြပ်

အစီအစဉ် များစည်းကမ်းများကို

သူကိုယ်တိုင် သတ်မှတ်လာခဲ့ခြင်းပင်။


    ပြိုင်ပွဲသုံးရပ်လုံးတွင်ဆက်တိုက်

နိူင်သော ဂါမဏိနဲ့ ဒတ္တာ အားနှစ်ယောက်သီးသန့် အဖွဲ့မှခွဲထုတ်လိုက်သည်။

   ထို့နောက်ကျန်ရှိသောသောလူ

လေးဆယ့်ရှစ်ယောက်အား မဲနိူက်စေ၏ ။

    ဂါမဏိဟူသော မဲလိပ်ရသော

သူမှာ ဂါမဏိ ဖက်သို့သွားရောက်ပူးပေါင်းရပြီး

   ဒတ္တာဟူ၍မဲလိပ်ရသောသူမှာ

ဒတ္တာဖက်ခြမ်းသို့၀င်ရောက်ပူးပေါင်းစေသည်။

   စက္ကဒေ၀ လက်ရွေးစင်လေ့ကျင့်စေထားသော လူငယ်ဆယ်ယောက်မှာ

တစ်ဖက်ငါးယောက်ကွဲထွက်သွားခဲ့ပြီဖြစ်သည်။

    စက္ကဒေ၀ မှာနှစ်စုခွဲရပ်နေသော

လူငယ်များရှေ့တွင်ရပ်ကာအားရကျေနပ်စွာတစ်ချက်ပြုံးလိုက်ရင်း


   " ကျွန်ပ်ဟာ မောင်မင်းတို့ယှဉ်ပြိုင်မူကို ပွဲစဉ်တစ်လျောက်လုံးကြည့်ရူလာ

ခဲ့တာ အားရကျေနပ်မူရှိတော်မူပေတယ်

ဒီထက်လည်းပိုကြိုးစားကြဖို့ ထပ်ပြီးတိုက်တွန်းချင်ပါတယ်......

   ပြိုင်ပွဲစဉ်တစ်လျောက်လုံးအားလုံး

အထူးတလည် ကြိုးစားယှဉ်ပြိုင်ကြတဲ့

အထဲမှာမှ ပွဲတိုင်းအနိူင်ရသူ

နှစ်ယောက်ပေါ်ထွန်းလာပါတယ်.....

....

စက္ကဒေ၀မှာသူ့စကားအားရပ်လိုက်ရင်း

ဂါမဏိ နဲ့ ဒတ္တာ အားကျေနပ်အားရစွာ

တစ်ချက်ကြည့်ရင်းစကားပြန်ဆက်လာသည်။


...ဒီတော့ ကျွန်ပ်ဟာ သူတို့နှစ်ယောက်ကိုအဖွဲ့တစ်ဖွဲ့စီရဲ့ခေါင်းဆောင်တင်မြှောက်ဖို့ဆုံးဖြတ်ထားပါတယ် ....

ယခုယှဉ်ပြိုင်ရမှာက ဒီနှစ်ဖွဲ့ ယှဉ်ပြိုင်ရမှာပါ  ..

    ပြိုင်ပွဲဆိုပေမယ့် တစ်ကယ့်စစ်ပွဲတစ်ခုလို စစ်သေနင်္ဂဗျူ ဟာတွေအသုံးပြုပြီး

   တိုက်ခိုက်ကြရပါလိမ့်မယ်

အကယ်၍သာ ယခုပြိုင်ပွဲမှာ ယှဉ်ပြိုင်

အနိူင်ရတဲ့ ခေါင်းဆောင်ကို ကျွန်ပ်ရဲ့ 

ယခုဖွဲ့စည်းမယ့်တပ်ရဲ့ ခေါင်းဆောင်အဖြစ်တင်မြှောက်ပြီး တစ်ခြားသော

သူတွေကိုတစ်ခြားသော ရာထူးများ

သင့်ရာနေရာချထားပေးတော်မူမယ်

  ဒါကြောင့်မို့ ပညာကုန်သုံးယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမှာ ကိုယ်စွမ်းညဏ်စွမ်း

 သုံးပြီးအစွမ်းကုန်ယှဉ်ပြိုင်ကြစေလိုပါတယ် ......"


စက္ကဒေ၀မှာ သူ့ မျော်လင့်ချက်ဖြင့်တည်ဆောက်ရန် ကာလရှည်စီမံချက်ဖြင့်

ကြံစည်ခဲ့သော ကိစ္စရပ်တစ်ခု မကြာမှီ

အထမြောက်တော့မည်ကိုတွေး၍ကြည်နူံးနေသကဲ့သို့ 

ပြိုင်ပွဲ၀င် အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်သော ဂါမဏိ ၊ ဒတ္တာ စိတ်တွင် မျော်လင့်ချက် အတွေးများစွာဖြင့်ရှိနေသည်။

     စစ်တပ်တစ်ခုလုံးဦးစီးအုပ်ချုပ်ရမည့် စစ်သူကြီး ဆိုသော ဂုဏ်ပုဒ်မှာ

ငယ်ရွယ်၍ တဇွတ်ထိုးဆန်သောလူငယ်များရှေ့လက်တစ်ကမ်းတွင်ရောက်သောအခါ.. .......

....


၈ -ဆက်ရန်


rate now: