book

Index 5

အပိုင်း (၅)

👣မာရ်နတ်မင်း၏စစ်သူကြီး 👣

========================


       ကျယ်၀န်းသောကွင်းပြင်ကြီးတစ်ခုတွင်လူများကြိတ်ကြိတ်တိုးလျက်ဖြင့်ရှိနေပါ၏။


......သို့သော်လည်းထိုလူများမှာ

ခါးလယ်ခန့်အမြင့်မျ ကာရံထားသော

သစ်သားတန်းများ ဟိုဖက်သည်ဖက်

ဘေးတစ်ဖက်တစ်ချက်တွင်စုပြုံတိုးဝှေ့

နေကြခြင်းဖြစ်ပြီးသူတို့ရှေ့တွင်ကွင်းပြင်ကျယ်နေရာကြီးရှိနေကြ၏ ။


     ထိုကွင်းပြင်အလယ်နေရာလွတ်တွင်လေးမြှားလက်နက်အပြည့်အစုံဖြင့် 

လူဆယ်ယောက်တန်းစီလျက်ရှိနေပြီး

  သူတို့ရှေ့အတော်ဝေးဝေးတွင်ကောက်ရိုးဖြင့်

့့ပြုလုပ်ထားသောလူရုပ်ရှိနေပြီး

ထိုလူရုပ်ရင်ဘတ်တွင် စက်ဝိုင်းကြီးတစ်ခု

ဆေးနီဖြင့်ဝိုင်းထားကာ၊စက်ဝိုင်းအလယ်တွင်ဆေးနီစက်တစ်ခုရှိနေ၏ ။


    ..မြှားချိန် အသင့်ပြင်...


    ယာယီစံနန်းဆောက်လုပ်၍ပြိုင်ပွဲကို

စင်မြင့်ထက်မှရူစားနေသော စက္ကဒေ၀နဲ့

သူ့ဘေးမှ ကိုယ်ရံတော်များအကဲဖြတ်

ဒိုင်များထဲမှ မြှားပစ်ပြိုင်ပွဲတွင်ဒိုင်လုပ်ရမည့်သူက မြှားသမားများအား သတိပေးသံထွက်လာသောအခါ ယှဉ်ပြိုင်မည့်

မြှားသမားများမှာ လေးညိူ ့တွင်မြှားတင်၍ကြိုးကိုဆွဲကာ ပစ်မှတ်ကိုပစ်လွတ်ရန်အသင့်ချိန်ထားလိုက်ကြတော့၏ ။


 ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့်သူများမှာတစ်ရာကျော်မျထိလူများသောကြောင့် ဂါမဏိ တို့အဖွဲ့ဆယ်ယောက်မှာ ယှဉ်ပြိုင်ရန်အလှည့်မရောက်သေးပဲ မိမိတို့အလှည့်အားလူအုပ်များကြားမှစောင့်ဆိုင်း၍ ပြိုင်ပွဲအားကြည့်ရူနေကြလျက်ရှိနေသည်။


 ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ပွဲတစ်ခုယှဉ်ပြိုင်အနိူင်ရပါကအမှတ်တစ်မှတ်ရမည်ဖြစ်ပြီး ။


  ပထမပြိုင်ပွဲတွင်ရူံးနိမ့်သူမှာဒုတိယမြောက်ပြိုင်ပွဲတွင်အနိူင်ယူနိူင်ပါကအမှတ်ရယူနိူင်မည်ဖြစ်ကာပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်၏။


 သို့ရာတွင် သုံးကြိမ်ဆက်တိုက်ရူံးနိမ့်ပါက ထိုလူမှာပြိုင်ပွဲမှ နူတ်ထွက်ရမည်ဟုစည်းကမ်းချက်ထုတ်ပြန်ထား၏ ။


ပြိုင်ပွဲတစ်ခုတိုင်းမှာအဆင့်ပေါင်းမြောက်မြားစွာရှိနေပြီးမလွယ်ကူဟုဆိုရမည်ပင်ဖြစ်သည်။


   ...ပစ္​.....


   ...ဝှစ်.ဝှစ်....ဝှစ်...ဝှစ်..ဝှစ်....


.....ဝှစ်....ဝှစ်.....ဝှစ်....ဝှစ်.....ဝှစ်...


...ဒုတ်...ဒုတ်...ဒုတ်...ဒုတ်...ဒုတ်..


..ဒုတ်...ဒုတ်...ဒုတ်...ဒုတ်...ဒုတ်...


    ဒိုင်လုပ်သောသူနူတ်မှ ပစ် ဟူသော

အချက်ပေးသံထွက်ပေါ်လာသောအခါ

လေးညိူ ့အားဆွဲ၍အသင့်ပြင်ထားကြသောမြှားသမားဆယ်ယောက်မှာ မြှားတံများကို ရှေ့ဆက်နောက်ဆင့်ပြိုင်တူ ပစ်လွတ်လိုက်ကြတော့သည်။


    မြှားတံများမှာလေကိုခွင်း၍ 

အရုပ်များရှိရာသို့ တရှိန်ထိုး၀င်ရောက်ကာကောက်ရိုးအရုပ်ပေါ်တွင်မြှားတံများ

သွားစိုက်လျက်ရှိနေတော့၏ ။


   ဂါမဏိနဲ့အတူ တစ်ခြားပြိုင်ပွဲ၀င်များမှာ ပစ်မှတ်အကွာအဝေးကို အနီးကပ်မမြင်ရသောကြောင့်မည်သူထိသည်မည်သူမထိသည်ကို လှမ်းမမြင်ရသောကြောင့် ပစ်မှတ်အရုပ်အားစစ်ဆေးနေသူနှစ်ယောက်ထံမှအဖြေကိုစောင့်မျော်နေကြ၏ ။


   ပစ်မှတ်အားစစ်ဆေးနေသူများမှာ

ပစ်မှတ်ထိမှန်သောအရုပ်ရှေ့တွင် အလံငယ်တစ်ခုစီကိုထောင်ပြကြရာဆယ်ရုပ်လုံး အလံထောင် သောကြောင့်မည်သူမျ ပစ်မှတ်အားမလွဲ

ချော်ကြမှန်းသိလိုက်ရတော့၏ ။


........ရွီ.........ရွီ.........


......ဖြောင်း....ဖြောင်း......


......ဖြောင်း...ဖြောင်း....ဖြောင်း..


  လက်ခေါက်မူတ်သံ လက်ခုတ်တီး၍

အားပေးအော်ဟစ်သံများ လူအုပ်ကြီးထဲမှာထွက်ပေါ်လာတော့၏ ။ 


 ပြိုင်ပွဲဝင်   မြှားသမားများ၏ မျက်နှာများမှာလည်း

ပြုံးရွင်လျက်ဖြင့်ရှိနေကြ၏ ။


    သို့သော်လည်း မြှားပစ်ပြိုင်ပွဲကား

ယခုမျလောက်နဲ့မပြီးဆုံးသေးပေ။


....အားလုံးအသင့် မြှားပြန်ချိန်.....


    လေးသမားဆယ်ယောက်မြှားပြန်ချိန်နေစဉ်အတွင်း မြှားပစ်ချက်များစစ်ဆေးရသော 

သူများမှာ ကောက်ရိုးအရုပ်အား မြေကြီးသို့ထိအောင်တွန်းလှဲပြီး အရှိန်ဖြင့်ပြန်လွတ်လ်ုက်ကြ၏ ။


   ထိုအခါ

အောက်ခြေအရှင်ပြုလုပ်ထားသောအရုပ်များမှာ ရှေ့နောက်အရှိန်ဖြင့်လူပ်ရှားလျက်ရှိနေကြ

တော့၏ ။


  မြှားတံထိမှတ်စစ်ဆေးသူများမှာအရုပ်ကို လူပ်နိူင်သမျ လူပ်နေစေရန်တွန်းလိုက်ကြသောကြောင့် အရုပ်များမှာရှေ့သို့ ယိမ်းထိုးလိုက်နောက်သို့လန်သွားလိုက်ဖြင့်ရှိနေတော့သည်။


   .... ပစ္​......


စင်မြင့်ပေါ်မှ ပစ်လွတ်ရန်အမိန့်ပေးသောအခါ မြှားသမားများမှာ မြှားကို

လေးညိူ ့မှဖြုတ်လွတ်လိုက်သောကြောင့်

မြှားဆယ်စင်းမှာအရှိန်ဖြင့် အရုပ်များသို့

သွားစိုက်ကြတော့၏ ။

    မြှားသမားပစ်လွတ်လိုက်သောပစ်ချက်ပစ်မှတ်အားထိမထိစစ်ဆေးသော

အချိန်လူအုပ်ကြီးမှာ မီးကိုရေနဲ့သတ်သည့်အလားငြိမ်သက်သွားတော့၏ ။


    ငြိမ်သက်နေသောပစ်မှတ်ကိုထိမှန်အောင်ပစ်ခတ်ရန်အလေ့အကျင့်ရှိသော

မြှားသမားများပစ်လွတ်ရန်လွယ်ကူသေယ်လည်း လူပ်ရှားနေသောပစ်မှတ်မှလိုအပ်သောနေရာကို ထိမှန်အောင်ပစ်ခတ်ရမည့်အရေးမှာ အလွန်တရာပင်ခက်ခဲလွန်းလှသောအလုပ်ပင်ဖြစ်၏ ။


    ထိုစဉ်မှာပင် မြှားပစ်မှတ်အားစစ်ဆေးသူများအလံမှာ အောက်သို့ငိုက်၍

ပြသောကြောင့် မြှားသမားများခေါင်းငိုက်စိုက်ကျသွားရတော့၏ ။


     နောက်ထပ်ဆယ်ယောက်တစ်ဖွဲ့

ဆယ်တစ်ဖွဲ့ ၊ ဆယ်ယောက်တစ်ဖွဲ့ဖြင့်

အဖွဲ့များစွာ ထပ်မံယှဉ်ပြိုင်ကြ၏ ။

     သို့ရာတွင်

အားလုံးသောလူများမှာ ငြိမ်သက်နေသောပစ်မှတ်ကို မလွဲတမ်းထိမှန်အောင်ပစ်ခတ်နိူင်သော်လည်း

လူပ်ရှားနေသောပစ်မှတ်ကိုမူ ထိမှန်အောင် မပစ်နိူင်ကြပဲ အားလုံးလွဲချော်ကြကုန်တော့၏ ။


   ထိုသို့ဖြင့်

  ဂါမဏိတို့ဆယ်ယောက်အဖွဲ့ယှဉ်ပြိုင်

ရမည့်အလှည့်သို့ရောက်ရှိလာတော့သည်။  


      ဂါမဏိတို့ဆယ်ယောက်အဖွဲ့မှာငြိမ်သက်နေသော ပစ်မှတ်အား အချက်ပေးသံကြားရသောအခါ ပစ်လွတ်လိုက်ကြ၏ ။


   သူတို့ပစ်ချက်များမှာ ပစ်မှတ်ကို

တိုက်ရိုက်ပင်ထိမှန်ကြ၏ ။


     ... ဟာ...ဘယ်သူပစ်တာလဲ 

တော်လိုက်တာ ...

...အတုမရှိ လေးပညာရှင်ပဲ.....


 ပစ်မှတ်အားစစ်ဆေးသော သူများမှာ

ကောက်ရိုးရုပ်တစ်ခုတွင်စိုက်၀င်နေသော မြှားတံနှစ်ချောင်းကိုကြည့်၍အံ့အြသင့်ကာပရိတ်သတ်မြင်နိူင်သော ပမာဏအထိထိုအရုပ်အားသယ်လာ၍ပြသောအခါ ထိုမြှားနှစ်ချောင်းအားကြည့်၍အံ့အြချီးမွမ်းသံများ တခဲနက်ထွက်ပေါ်လာ၏ ။


အကြောင်းမှာ ပထမမြှားတံသည်ကောက်ရိုးရုပ်မှတ်ပစ်မှတ်တည့်တည့်အားထိမှန်လျက်ရှိနေကာ ဒုတိယမြောက်မြှားတံသည်ကား ၊ ပထမမြှားတံဖင်အားစိုက်လျက်ရှိနေသောကြောင့်ဖြစ်၏။


 အလွန်လျင်မြန်သော

အချိန်အတွင်း ထိုမျခက်ခဲသော ပစ်မှတ်

ကိုပစ်နိူင်သူကို အံ့အြချီးမွမ်းကြသည်မှာမဆန်းပေ။ 

     ပရိတ်သတ်မျက်လုံးများမှာ

ထိုအရုပ်ပစ်ကွင်းတည့်တည့်မှလူဆီသို့ရုတ်ချည်း အာရုံရောက်ကုန်ကြတော့သည်။


 မြင့်မားသောအရပ်အမောင်း။

   ဖြူဖွေးသောအသားအရေ ။ ကျယ်၀န်းသော ပခုံးပြင်။ ပြည့်ဖြိုးသန်မာသောကိုယ်ထည်။ ချောမောခန့်ညားသောမျက်နှာ ။ ရှည်လျားမဲနက်သော

ဆံနွယ်များကို ပိုးပဝါတထည်ဖြင့်ခေါင်းတွင်ပတ်စည်းထားသော မြှားသမားမှာအိနြေ္ဒရရဖြင့်ရှိနေ၏ ။


...........ဒတ္တာ.........


.ဒတ္တာ.....ဒတ္တာ.. ....ဒတ္တာ..


 .....ဒတ္တာ.. .ဒတ္တာ……


…အတုမရှိလေးပစ်ရှင်...ဒတ္တာ...


ထိုလူငယ်နာမည်ကိုသိဟန်တူသော ပွဲကြည့်ပရိတ်

သတ်ထဲမှတစ်ယောက်က နာမည်စအော်လိုက်ရာ

ကွင်းပြင်တစ်ခုလုံးထိုလူရွယ်နာမည်အား

အော်ဟစ်အားပေးသံများဆူညံ့ကုန်တော့၏ ။


စက္ကဒေ၀မှာလည်း သူ့ယာယီပွဲကြည့်စင်မှနေ၍ ထိုသူငယ်ပစ်လွတ်သော မြှားပစ်ချက်ကို သဘောကျစွာ မျက်နှာတော်မှာ ပုရွက်ဆိတ်ပင်တက်တော့မည့်အလားချိုမြစွာဖြင့်ပြုံးပြုံးကြီးရှိနေတော့၏။


    ဂါမဏိမှာလည်းထိုမျလောက်သော

အချိန်အတွင်းပစ်မှတ်ထက်ပစ်ရန်ခက်ခဲသော မြှားတံဖင်ကို ထိမှန်အောင်ပစ်လွတ်နိူင်သောထိုလူ့ မြှားပစ်စွမ်းရည်အားအထင်ကြီးလေးစားသွားမိသည်။


ထိုအချိန်မှာပင် မြှားပစ်အချက်ပေးဒိုင်မှ

အချက်ပေးလာ၏ ။


    ...အားလုံးအသင့် မြှားပြန်ချိန်...


   လူပ်ယမ်းနေသောကောက်ရိုးရုပ်များအားကြည့်ရင်းလူပ်ရှားနေသောပစ်မှတ်ကိုချိန်ဆရန် ဂါမဏိ တစ်ယောက်ရင်ခုန်လူပ်ရှားနေသောသူ့စိတ်ကိုကြိုးစားထိန်းချုပ်လျက် မြှားဖြင့်ပစ်မှတ်ကိုချိန်လျက်ဖြင့်ရှိနေ၏ ။ 


သူ့အနေဖြင့် လူပ်ရှားနေသောပစ်မှတ်မျိုးကို

ထိမှန်အောင်ပစ်ခတ်ရန်အဖန်ဖန်အထပ်ထပ်လေ့ကျင့်ထားသော်လည်းပြိုင်ပွဲအသွင်ယှဉ်ပြိုင်ရချိန်မျိုးတွင် စိတ်အနည်းငယ်လူပ်ရှားလျက်ရှိနေ

တော့၏ ။

 

....ပစ္​....


မြှားတံများသည် လေးကြိုးမှအရှိန်ဖြင့်ရှေ့ဆင့်နောက်ဆင့် အရုပ်များထံပြေးလွားသွားကြသည်။ မြှားကိုးချောင်းပင် ဒတ္တာ မှာယခုထိမြှားကိုမပစ်သေးပဲချိန်ထားဆဲပင်ဖြစ်၏ ။


    ထို့နောက်အားလုံးမထင်မှတ်သော

အလုပ်တစ်ခုအား ဒတ္တာ ပြုလုပ်လိုက်တော့သည်။


  ...ဟာ...


...ဟင်....


...အလိုလေး .....


မတူညီသော အမေဋိတ်သံမျိုးစုံမှာကြည့်

ရူနေသော လူအုပ်ကြီးထံမှထွက်ပေါ်လာတော့သည်။ 


အကြောင်းမှာ ဒတ္တာ တစ်ယောက် သူချိန်ထားသော မြှားကို အရုပ်မှ ဖယ်ခွာ၍ အပေါ်သို့ ပစ်တင်လိုက်ခြင်းကြောင့်ပင်ဖြစ်သည်။ ပွဲကြည့်နေသော ပရိတ်သတ်များအပါအ၀င် စက္ကဒေ၀ပင်လျင် ဒတ္တာ ဆိုသောလူငယ်ရူံးသွပ်သွားပြီလားထင်မြင်မိ၏ ။


   သို့ရာတွင် နောက်ထပ်မထင်မှတ်သော အံ့အြစရာတစ်ခု ဆက်တိုက်ဖြစ်

ပေါ်လာတော့၏ ။


   ယင်းမှာကား ဒတ္တာ ပစ်လွတ်လိုက်သော မြှားတံမှာ အပေါ်မှနေ၍အောက်သို့စိုက်ကျလာကာ ကောက်ရိုးအရုပ်နောက်သို့အယိမ်းနဲ့တိုက်ဆိုင်စွာ အရုပ်အပေါ်တည့်တည့်ကျသွားသည်ကိုတွေ့လိုက်ရတော့သောကြောင့် 

ပစ်မှတ်ထိမထိ စစ်ဆေးရသူများစစ်ဆေးနေချိန်

ပြိုင်ပွဲကြည့်ပရိတ်သတ်များမှာ မီးကိုရေနဲ့ငြိမ်းထားသည်အလား တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ရှိနေကြ၏ ။


   စက္ကဒေ၀မှာလည်း လူပ်ရှားနေသော

ပစ်မှတ်ကို မည်သူမျ မထိမှန်သေးပဲရှိနေရာ ယခုသူအမျော်လင့်ကြီးမျော်လင့်ထားရသော လူငယ်များ ပစ်မှတ်ကိုထိမှန်၊ မထိမှန်ဖြင့် 

သူလည်းသိလိုနေခြင်းကြောင့်ထိုင်ရာမှထမိနေတာ့၏။


    ထိုအချိန်မှာပင် ကောက်ရိုးအရုပ်ပစ်မှတ်ကိုစစ်ဆေးနေသူများမှာ အရုပ်များကို ပရိတ်သတ်အနီးကပ်မြင်နိူင်သော နေရာအထိသယ်ဆောင်လာကြ၏။ 


    ...ဟာ...ဟေး...ရွီး....ဖြောင်း...


...ဖြောင်း....ဖြောင်း....


..ဒတ္တာ.. .ဒတ္တာ ...အတုမရှိမြှားပစ်ဝိဇ္ဇာ ဒတ္တ....


   မြှားပစ်ချက်အားလုံးမှာ ပစ်မှတ်ကို

တိုက်ရိုက်ထိမှန်ကြောင်း တွေ့လိုက်ရသောကြောင့် ပရိတ်သတ်များထံမှ နောက်တကြိမ် ဒတ္တာကို ချီးကျုးထောပနာပြုသံများထွက်ပေါ်လာ၏ ။


    ထိုအထဲတွင်မှ ပရိတ်သတ်များမှာ

ပစ်မှတ်ကို တိုက်ရိုက်မပစ်ပဲ အပေါ်ထောင်၍ပစ်ပြသော ဒတ္တာ ၏လေးပစ်စွမ်းရည်ကို ပို၍ပင်ချီးကျုးနေကြတော့သည်။


   စက္ကဒေ၀မှာကား သူ့လူရွယ်များ

အစွမ်းအစကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကြောင့် ကျေနပ်အားရစွာ လက်ခုပ်တဖြောင်းဖြောင်းတီး၍ ဂုဏ်ယူသော အမူအယာဖြင့်

ရှိနေသည်။


   ဂါမဏိမှာ ဒတ္တာ မြှားပစ်အစွမ်းအား

အတော်ကြီးလေးစားအားကျမိရ၏ ။


    အရုပ်ရှေ့နောက်ယိမ်းနေချိန်၊ ပစ်မှတ်အား တွက်ဆရခြင်း ပစ်လွတ်လိုက်သောမြှား လေထုအားထိုးခွင်းရာတွင်

လေထုအခြေအနေအား တွက်ဆရခြင်းဖြင့် အတည့်ပစ်၍ပင်မလွယ်ကူသော

ပစ်မှတ်မျိုးကို ဒတ္တာ မှာအပေါ်သို့ မြှားထောင်၍ပစ်မှတ်ကို ထည့်အောင်ပစ်ပြနိူင်သည်။


    ဒတ္တာမှာ ပရိတ်သတ်များသူ့အားချီးကျုးဂုဏ်ပြုနေကြသော်လည်း အပြုံးအရယ် မရှိအေးဆေးတည်ငြိမ်သောအမူအယာဖြင့်

    ၀မ်းသာ၊ ၀မ်းနည်း စိတ်ခံစားမူအား

သူ့မျက်နှာပြင်တွင်ထင်ဟပ်နေခြင်းမရှိ။

  သူ့ကြည့်ရသည်မှာ မိမိကိုယ်ကို

ယုံကြည်မူ အပြည့်ရှိသောအသွင်အပြင်မျိုးပင်ဖြစ်ပြီး၊

   သူ့မျက်လုံးများမှာ ရက်စက်ပြတ်သားသော အရိပ်များဖြင့် ဖြတ်ပြေးနေလျက်ရှိနေ၏ ။


   ဒတ္တာအား ကြည့်ရင်း ဂါမဏိတစ်ယောက် ဒတ္တာ အားစိတ်အတွင်းမှဝေဖန်သုံးသပ်နေမိခြင်းပင်။


   ညနေစောင်းတွင် မြှားပြိုင်ပွဲ ပြီးဆုံးသွားကာ ဂါမဏိ တို့ဆယ်ယောက်အဖွဲ့ မှာအမှတ်တစ်ယောက်တစ်မှတ်ရရှိလိုက်ကြ၏ ။


   ထို့အတူ ဒတ္တာ မြှားပစ်ခြင်းအား

လူတိုင်းပါးစပ်ဖျားတွင်ပြောမဆုံးအောင်ပင်ရှိနေတော့၏ ။


  ထို့အတူ ပွဲကြည့်သူများအားလုံးတညီတညွတ်ပေးထားသောနာမည်တစ်ခုလည်း

ဒတ္တာ အတွက်ရှိနေပါသည်။


   ယင်းနာမည်မှာ


"အတုမရှိ မြှားပစ်ဝိဇ္ဇာ ဒတ္တာ "ဟူ၍ပင်....။


 ပြိုင်ပွဲများကို နောက်ရက်များတွင်ဆက်လက်

ကျင်းပသွားမည်ဖြစ်၏ ။

   


    ဂါမဏိမှာ သူနေထိုင်ရာအဆောင်တွင် သူ့ကိစ္စများကူညီလုပ်ကိုင်ပေးရန်ထားသော ပံသုနဲ့အတူနေရသည်။ 


     ယခုနေရာတွင် နန်းတော်ကြီးအပါအ၀င် တစ်ခြားသော အဆောင်ပေါင်းများစွာရှိနေပြီး ။ 

   ပြိုင်ပွဲ၀င်များကို အတူမထားပေ။


စက္ကဒေ၀ စည်းကမ်းချက်ထုတ်ထားဟန်ရှိ၏ ။ ထို့အတူ သူနဲ့အတူ ထားသော

ပံသုမှာ သူဘယ်နေရာသွားသွားမလှမ်းမကမ်းမှ လိုက်ပါနေတတ်၏ ။ 


   သူ့လုပ်ရှားသွားလာမူများကို ပံသု

စောင့်ကြည့်နေမှန်းသေချာနေသည်။

   ဂါမဏိ အနေဖြင့်ထိုကဲ့သို့စောင့်ကြည့်

ခံနေရသောကြောင့် အနည်းငယ်စိတ်စနိူးစနောင့်ဖြစ်သော်လည်း ပံသုအားအပြစ်မမြင်ပေ။


   ယခုကဲ့သို့စောင့်ကြည့်သောအစီအစဉ်များမှ

အစ၊ တစ်ခြားသော အကြောင်းအရာ တော်တော်များများမှာ စက္ကဒေ၀နှစ်ရှည်လများကြိုတင်စီစဉ်ထားမှန်း သိရပြီဖြစ်သောကြောင့်ပင်။


   ပြိုင်ပွဲကျင်းပသောနေရာမှာ ယခု နေရာတွင်သစ်လုံးကြီးများကာရံထားသော ၀င်းကြီးအတွင်း အဆောင်များနဲ့ဝေးရာကွင်းကျယ်ကြီးတွင်

 ကျင်းပခြင်းဖြစ်၏ ။


    ဂါမဏိမှာ မြှားပြိုင်ပွဲမှ လူအုပ်ကြီးနဲ့အတူရောနှောလျက် အဆောင်သို့ပြန်လာခဲ့တော့၏ ။


     နောက်တစ်နေ့ပြိုင်ပွဲမှာ 

မြင်းစီးစွမ်းရည်ပြပြိုင်ပွဲဖြစ်သောကြောင့်

   တိမ်ပျံအား မြင်းဇောင်းမှထုတ်၍

ခြေဆန့်လက်ဆန့် ဖြစ်စေရန် လူရှင်းရာ

နေရာ ကွင်းပြင်အတွင်း ဒုန်းစိုင်းလျက်

စီးနင်းရင်းအမျိုးမျိုးသော မြင်းစီးနည်းများပြန်လှန်လေ့ကျင့်နေမိတော့သည်။


......ဝှီး.......


....ဟင်.....


 ညနေစောင်းမှောင်ရီဖြိုးဖျအချိန်မြင်းအား စိတ်လွတ်လက်လွတ်အရှိန်ဖြင့်မောင်းနှင်စီးနင်းနေသော ဂါမဏိတစ်ယောက် ရုတ်တရက် သူ့ထံသို့အရှိန်ဖြင့်တဟုန်ထိုးတိုး၀င်လာသော တုတ်ချောင်းတစ်ချောင်းအား ရုတ်တရက်တွေ့လိုက်ရသောကြောင့် ရင်ထဲထိတ်ခနဲဖြစ်ကာ 

မျက်နှာတည့်တည့်တိုး၀င်လာသောတုတ်

ချောင်းကို အသာခေါင်းငဲ့ရှောက်လိုက်ရင်းလက်တစ်ဖက်မှ အရှိန်ဖြင့်ဘေးမှဖြတ်သွားသော တုတ်ချောင်းအလယ်အား ဖမ်းဆွဲလိုက်သည်။ 


   ...ဖပ်....


    ...ဖျီး......


    ....ဟာ.....


  ဂါမဏိ တစ်ယောက်အံ့အြထိတ်လန့်စွာဖြင့်

့့သူ့လက်မှတုတ်ချောင်းကို ကြောက်လန့်တကြားလွင့်ပစ်လိုက်မိ၏ ။


   အကြောင်းမှာကား သူ့လက်တွင်ဖမ်းဆုပ်မိသောတုတ်ချောင်းမှာလက်အတွင်းအရောက်တွင်တုတ်ချောင်းမဟုတ်တော့ပဲ ပျော့စိစိဖြင့် ဖြစ်သွားကာ မြွေဟောက်တစ်ကောင် ပါးပြင်းခွက်

မာန်ဖီလျက် သူ့အားပေါက်ရန်ခေါင်းယမ်းလာသောကြောင့်မြွေကြီးကိုကြောက်လန့်တကြားလွင့်ပစ်လိုက်သလို လူလည်း မြင်းပေါ်မှ အရှိန်လွန်ကာ ပြုတ်ကျသွားရတော့၏ ။


   သို့သော်လည်းမြင်းပေါ်မှ အကျတွင်

ဘေးတစ်စောင်း ဖြင့်အောက်သို့အလိုက်သင့်

့့ပြုလိုက်သောကြောင့်အကျမနာခြင်းပင်။


...ဟားဟား.. .ဟားဟား.. ဟားဟား.. ...


...ဂါမဏိ.. .ဂါမဏိ.. ....


...ကြောက်တတ်လှချည်လား


ဘာကိုများ အဲဒီလောက်ကြောက်နေရတာလဲ ....


..ဟင် ဒတ္တာ....


 ထိုအချိန်မှာပင်လှောင်ရယ်သံတစ်ခုကြားရပြီး သူ့နာမည်တပ်လျက်လှောင်ပြောင်နေသူထံ ကြည့်လိုက်မိသောအခါ တောင်ကမူတစ်ခုထိပ်တွင်

သူ့အဖြစ်ကိုကြည့်၍ခွက်ထိုးခွက်လန်ရယ်မောနေသော ဒတ္တာ အားတွေ့လိုက်ရ၏။


  ...ဒတ္တာ မင်းဘာရယ်တာလဲ ...


...မင်းရော ဘာပြုလို့ ကြောက်ရတာတုန်း....


...ကြောက်တာမဟုတ်ဘူး ရုတ်တရက်

သတိပျက်သွားတာကွ မြွေတွေ့လို့ ...


...မြွေ ဟုတ်လား ဘယ်မှာလဲမြွေ

ငါကတော့ဘာမှမတွေ့ပါလား....


..ဟင်…ငါဒီအနားပစ်လိုက်တာပဲ

ဘယ်ရောက်သွားတာလဲ.. ...


...ဒီမှာ မြွေတော့ မတွေ့ဘူး

သစ်ကိုင်းခြောက်တစ်ခုတော့တွေ့တယ် 

ဒါကိုများ မြွေနဲ့မှားရတယ်လို့ဂါမဏိရယ်...


..ဟားဟား.. .ဟားဟား.. .


   ဂါမဏိ မြွေပစ်ချလိုက်သောနေရာတွင် မြွေမရှိတော့ပဲသစ်ကိုင်းတစ်ချောင်းသာရှိနေကာ

  ဒတ္တာမှာထိုသစ်ကိုင်းခြောက်ကိုကိုင်လျက် ဂါမဏိအားလှောင်ပြောင်ရယ်မောလျက် အနီးအပါးတွင်ရပ်ထားသောသူ့မြင်းဆီသို့သွားကာ မြင်းပေါ်တက်လျက် ထိုနေရာမှထွက်ခွာသွားတော့၏ ။


   ဂါမဏိမှာသာကြောင်တောင်တောင်ဖြစ်နေရာတွင်ရပ်ကျန်နေရစ်ခဲ့မိသည်။

   သူဖမ်းဆုပ်မိသောသစ်ကိုင်းချောက်မှာမြွေမဟုတ်ပဲ သစ်ကိုင်းချောက်သာပြန်ဖြစ်နေခြင်းမှာ၊သူအမြင်မှားခြင်းကြောင့်လားမဆိုနိူင်ပေ။


  သူအမြင်မှားသည်ဆိုစေဦးတော့ ။

ထိုသစ်ကိုင်းခြောက်အားသူ့ထံမည်သူပစ်လွတ်သနည်း။ အနီး၀န်းကျင်တွင်

 ဒတ္တာမှလွဲ၍တစ်ခြားသော သူမရှိသော

ကြောင့် သစ်ကိုင်းခြောက်ပစ်လွတ်သူမှာ

ဒတ္တာဟုသာဆိုရမည်ပင်။


  ဒတ္တာမှာသူ့အားအဘယ်ကြောင့်

တိုက်ခိုက်ရသနည်း။ ပညာစမ်းခြင်းလား

သို့တည်းမဟုတ်တစ်ခြားသောအကြောင်း

အရာကြောင့်များလား ဂါမဏိမတွေးတတ်သောကြောင့်ခေါင်းခါယမ်းလိုက်မိသည်။


    အချိန်လည်းညအနည်းငယ်မှောင်လာပြီဖြစ်သောကြောင့် သူ့ထံတပတ်လှည့်၍လာနေ

သောမြင်းကြီးတိမ်ပျံကိုစီး၍သူနေထိုင်ရာအဆောင်သို့ဂါမဏိတစ်ယောက် မြင်းကိုအသော့

မောင်းသွားလိုက်တော့၏ ။


==========================


  ၆ ဆက်ရန်


rate now: