👣မာရ်နတ်မင်း၏စစ်သူကြီး 👣၄
========================
မနက်မိုးသောက်အလင်းရောက်သည်နဲ့ ဂါမဏိတစ်ယောက်ဆတ်ခနဲ
နိူးလာခဲ့သည်။ ညကတစ်ညလုံးအတွေး
များဖြင့်ညနက်ချိန်ထိအိပ်မပျော်သော
ဂါမဏိမှာ မနက်မိုးလင်းသောအခါ တွေဝေထိူင်းမိူင်းမနေပဲ လန်းဆန်းနေ၏ ။
ထိုအချိန်ပံသုမှာသူ့အခန်းရှေ့ရောက်လာ
သည်ကို ဂါမဏိ တွေ့လိုက်သည်။
" တူမောင် နိူးနေပြီကိုး
ရေမိုးချိုးဖို့ပြီးအသင့်ပြင်ထားတော့
ခနနေရင် ညီလာခံ၀င်ရတော့မယ်..."
" ဟုတ်ကဲ့ ....ကျွန်ပ်အသင့်ပြင်
ထားပါ့မယ်..."
ဂါမဏိမှာ အဆောင်နောက်ဖေး
ရေတွင်းမှရေများကို ဝါးပိုးဝါးဆစ်
ရေပုံးဖြင့် ရေငင်ကာ ခြေညှော်များ
ကိုအကျအနတိုက်ချွတ်၍ဦးခေါင်းမှ
ရေများလောင်းချိုးလိုက်တော့သည်။
ဂါမဏိလည်းရေမိုးချိုးပြီး၍ညကပံသုပေးထားသော
အ၀တ်အစားများလဲလှယ်ပြီးအခန်းပြင်
ထွက်လာသောအခါ သူ့အားအခန်းရှေ့တွင်ရပ်စောင့်နေသော ပံသုအား
တွေ့ရ၏ ။
" ဟ...ဒီလိုစစ်၀တ်တန်ဆာနဲ့ကျတော့
တူမောင်က တကယ့် တိုက်ပွဲ၀င်စစ်သည်
တော်ကြီးအတိုင်းပါပဲလား....
လာ...လာ...မင်းသားလေးညီလာခံ
တက်ဖို့သွားကြရအောင်..."
ပံသုမှာဂါမဏိစစ်သည်တော်၀တ်စုံ
၀တ်ထားသည်ကိုကြည့်ကာချီးမွမ်းစကား
ဆိုလိုက်သောကြောင့်မနေတတ်မထိုင်တတ်ဖြစ်သွားရမိသည်။
ပံသုဦးဆောင်ရာနောက်မှ
လိုက်လာသော ဂါမဏိတစ်ယောက်
နန်းတော်ကြီးရှေ့၀င်ပေါက်သို့ရောက်
လာခဲ့၏ ။
" တူမောင် အထဲကို၀င်သွားလှည့်
ကျွန်ပ်တို့က အထဲကို၀င်ခွင့်မရှိသူမို့
အဆောင်ပြန်တော့မယ် တူမောင်...."
ဂါမဏိ တစ်ယောက်နန်းတော်ကြီးရှေ့
၀င်ပေါက်မှတစ်ဆင့် မဝံ့မရဲခြေလှမ်းများဖြင့်အတွင်းသို့၀င်လာခဲ့သည်။ အတွင်းဖက်တွင်စောင့်ကြပ်နေသောစစ်သည်ရဲမက်နှစ်ယောက်က
လှံတံနှစ်ချောင်းကာ၍ရပ်စောင့်နေသည်။
သူ၀င်လာသောအခါ ကြက်ခြေခတ်ကာရံထားသော လှံတံနှစ်ချောင်းကို
ဖွင့်ပေးသောကြောင့် အတွင်းသို့ဆက်လျောက်လာခဲ့တော့သည်။
ခန်းနားကျယ်၀န်းသောအခန်းကြီးတစ်ခုအတွင်းရောက်သောအခါ
အရောင်အသွေးစုံလင်စွာဖြင့်၀တ်ဆင်ထားကြသော သူများအား ဂါမဏိတွေ့လိုက်ရသည်။
" လာကွယ့် လူကလေး
နာမည်ဘယ်လိုခေါ်လဲ .."
" ဟုတ်...ဘဘ..ဂါမဏိပါ..."
" အော် ..လူလေးဂါမဏိ
ဒီဖက်အတန်း၀င်ရပ်လိုက်..."
အခန်းအတွင်းရှိအားလုံးသောလူများအကြည့်မှာ ဂါမဏိထံအကြည့်ရောက်လာကြကာထိုအထဲမှ
အသက်ကြီးကြီးဖြင့် ၀န်ကြီးများ၀တ်ဆင်လေ့ရှိသောအ၀တ်အစားများ၀တ်ဆင်ထားသောအဘိုးကြီးမှဂါမဏိနဲ့ရွယ်တူတန်းတူရှိပြီး သူကဲ့သို့စစ်သည်တော်
အ၀တ်အစားများ၀တ်ဆင်ကာ မတ်တတ်ရပ်လျက်ရှိနေသောလူငယ် ကိုးယောက်ဘေးတွင်နေရာချပေး၏ ။
အခန်းသည်အပ်ကျပ်သံမကြားရလောက်အောင်တိတ်ဆိတ်လျက်ဖြင့်ရှိနေသည်။
ဂါမဏိမှာကား ရင်တဒိတ်ဒိတ်ဖြင့်ခုန်လျကိဖြင့်ရှိနေသည်။ သူ့တစ်သက်တွင်ယခုကဲ့သို့ နေရာမျိုးတစ်ကြိမ်တစ်ခါမျ
မရောက်ဖူးမကြုံဖူးသလို၊သူသိလိုသော
အကြောင်းအရာများမကြာမှီသိခွင့်ရမည်
ဖြစ်သောကြောင့်ပင်။
" မင်းသားလေး ကြွလာပါပြီ
အားလုံးအရိုအသေပြု ..ကြိုဆိုကြ..."
၀န်ကြီးအ၀တ်အစားဖြင့်လူတစ်ယောက်မှအသံရှည်ဆွဲအော်ဟစ်လိုက်သံနဲ့အတူ
အားလုံးလူပ်လူပ်ရှားရှားဖြစ်သွားကြသည်။
ဂါမဏိမှာလည်း သူ့ဘေးမှလူများအခြေအနေအားကြည့်လိုက်သောအခါ
အားလုံးခေါင်းငုံညွတ်၍ အရိုအသေပြု
နေကြသောကြောင့် သူပါခေါင်းငုံ၍အရို
အသေပြုလိုက်မိသည်။
" ဒီနေ့ဟာ ကိုယ်တော်လေးရဲ့
အရေးအကြီးဆုံးနေ့တစ်နေ့
စောင့်ဆိုင်းလာခဲ့ရတဲ့နေ့တစ်နေ့ရောက်လာခဲ့့ပြီ။ ကိုယ်တော်လေးနဲ့ခုရောက်နေတဲ့လူငယ်လေးဆယ်ယောက်နဲ့စကား
ပြောလိုတာမို့တစ်ခြားလူတွေ အပြင်ခန
ရှောင်ပေးကြစေလိုပါတယ်..."
...မှန်လှပါ မင်းသားလေး....
သံပြိုင်တင်လျောက်မူနဲ့အတူ တစ်ခြားသောလူများမှ အခန်းအတွင်းမှ
အလျိုလျို ထွက်ခွာသွားကြတော့၏ ။
ယခုအခန်းအတွင်း ဂါမဏိတို့ဆယ်ယောက်နဲ့အတူ ဂါမဏိအနေဖြင့်အသံသာကြားရသေးပြီးရုပ်မမြင်ရသေး
သောမင်းသားလေးသာရှိနေသည်။
ခေါင်းငုံထားသောသူတို့ဆယ်ယောက်ရှေ့မှ ခြူးနွယ်ခက်များထိုးထားသော
ကတ္တီပါပိတ်အုပ်ဖိနပ်စီးထားသူတစ်ယောက်မှာ ဟိုဖက်ထိမှစတင်၍လျောက်လာရာ ဂါမဏိရှေ့အရောက်တွင်ရပ်တန့်
သွား၏ ။
" ကောင်ငယ်လေးတို့ ပုံမှန်အတိုင်း
သက်သက်သာသာနေကြပါ..."
မင်းသားလေးဆိုသူက ပုံမှန်အတိုင်း
နေရန်ပြောလာသောကြောင့် ဂါမဏိ
အပါအ၀င်အားလုံးမှာငုံထားသောခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ကြသည်။
....ဟင် .....
ဂါမဏိ အနေဖြင့် မင်းညီမင်းသားများသာ၀တ်ဆင်နိူင်သောနန်းတွင်း
အ၀တ်အစားများဖြင့် မင်းသားလေးဆိုသူအားတွေ့လိုက်ရသောအခါ
သူရင်တွင်း ငလျှင်လိူင်းတစ်ခုဖြတ်ပြေးသလို အံ့အြသင့်မိရသည်။ ဂါမဏိမအံ့အြပဲနေနိူင်ရိုးလား။
စက္ကဒေ၀ဟုသူစတင်သိခဲ့သောလူအား
ယခုကဲ့သို့ မင်းညီမင်းသားအ၀တ်အစား
များဖြင့်တွဲလျက်သူတစ်ခါမှ မမြင်ဖူးပေ။
ယခုကဲ့သို့ မင်းညီမင်းသားတစ်ပါးကဲ့သို့ မြင်ရသောအခါ သူအံ့အြမိသည်။ ဂါမဏိတစ်ယောက်
အံ့အြသင့်စွာကြောင်ငေးနေသကဲ့သို့
သူကဲ့သို့ တစ်ခြားသော လူရွယ်ကိုးဦးလည်းကြောင်ငေးနေကြ၏ ။ သူတို့သည်လည်းယခုမှ စက္ကဒေ၀အား
မင်းညီမင်းသားတစ်ပါးအဖြစ် ၀တ်စုံပြည့်
မြင်ဖူးခြင်းဖြစ်ဟန်တူသည်။
စက္ကဒေ၀မှာသူ့အားအံ့အြစွာ
ကြည့်နေကြသော လူငယ်များကိုကြည့်၍
ပြုးလိုက်ရင်း.....
" ခုလောက်ဆို ကျွန်ပ်ဟာ
ဘယ်သူလဲဆိုတာ မောင်မင်းတို့သိကြပြီ
ထင်ပါရဲ့. ..အကြောင်းအမျိုးမျိုးကြောင့် အစောကြီးကတည်းက ဖွင့်မပြောဖြစ်ခဲ့တာက မလိုအပ်ပဲ သတင်း
ပေါက်ကြားသွားမှာစိုးလို့ပါပဲ
ခုနေ့မှာ မောင်မင်းတို့ကိုယ်တော်အကြောင်း
ကိုရော မောင်မင်းတို့ဖခင်တွေအကြောင်းကိုပါ ကျွန်ပ်ပြောပြမယ်..."
ထီးသုံးနန်းဟန်စကားသံဖြင့်
စက္ကဒေ၀စကားဆိုလာသောအခါ လူရွယ်ဆယ်ယောက်မှာငြိမ်သက်စွာဖြင့်ရှေ့ဆက်ပြောလာမည့်စကားကိုနားစွင့်လျက်ဖြင့်ရှိနေကြသည်။
" ကိုယ်တော်ဟာ အရင်ဘုရင်
မင်းကြီး မင်းမဟာနရ
ရဲ့တောင်နန်းစံမိဘုရားကမွေးဖွားလာတဲ့
သားတော်တစ်ပါးပဲဖြစ်ပါတယ်.....
ကျွန်ပ်ဖခင်ကြီးဟာ မြောက်နန်းစံ
မိဖုရားကြီးကမွေးဖွားတဲ့ သားတော်ကြီး
ကိုမွေးဖွားချိန်ကစပြီး မင်းညီလာခံမှာ
ထီးနန်းလောင်းလျာအဖြစ် လျာထားပြီး
ဖြစ်ပါတယ် .....
ကျွန်ပ်မွေးဖွားချိန့် အိမ်ရှေ့မင်းသား
အဖြစ်ရာထူးအဆောင်အယောင်ပေးခဲ့ပါတယ်....
ကျွန်ပ်ဟာ မင်းအဖြစ်ကို မရရှိပေမယ့်ရသမျအခြေအနေကို ကျေနပ်
ရောင့်ရဲခဲ့ပါတယ် ...ကျွန်ပ်အနေနဲ့
ထီးနန်းကိုငါမရလေခြင်းလို့သိတတ်ချိန်
ကစပြီးယောင်လို့တောင်မတွေးခဲ့ဖူးဘူး
အိမ်ရှေ့မင်းသားအဖြစ် ကျေနပ်စွာလက်
ခံပြီး အိမ်ရှေ့မင်းအဖြစ်ကျေနပ်ခဲ့တယ်..ခက်တာက ဘုရင့်အလောင်းအလျာဖြစ်သတ်မှတ်ထားတဲ့ ကျွန်ပ်အစ်ကိုတော်ဟာ ငယ်ရွယ်စဉ်ကစပြီးဆိုးသွမ်းတယ် ရွယ်တူခြင်းတွေဟာ သူ့ရဲ့အနှိပ်အစက်ကိုမခံရဖူးသူမရှိသလို။
မောင်းမမိသံတွေဟာလည်းသူနှိပ်စက်မူတွေကို
အလူးအလဲခံကြရတယ်။ အရွယ်ရောက်လာပြန်တော့လည်း အချိန်ပြည့်
သောက်စားမူးယစ်ပြီး စိတ်ထင်ရာကိုလျောက်လုပ်တတ်ပြန်ရော။
အစ်ကိုတော်ဟာ မောဟကြီးတယ်။အမျက်အာဃတကြီးတယ် သူမှန်တယ်ထင်ရင် တဖက်သူနစ်နာမှာတွေထည့်မတွေးတတ်ဘူး။ အစ်ကိုတော်အဲဒီလောက်ကြီးဆိုးသွမ်းနေကြောင်းကို
ဖခမည်းတော်ဘုရင်ကြီးမသိရှာဘူး
အကြောင်းက နာတာရှည်ရောဂါကြောင့်
အိပ်ယာထဲလှဲနေရလို့ပဲ မြောက်နန်းစံ
မိဖုရားခေါင်ကြီးဟာ သူ့သားတော်ကို
အရမ်းချစ်တယ် သူဟာ ဘုရင့်ရဲ့အချစ်တော်မိဖုရားဖြစ်တာကြောင့် နန်းတော်တစ်ခုလုံးဘုရင်ကြီးပြီးရင် မိဖုရားခေါင်ကြီးကို ကြောက်ကြရတယ်။ ဒီအတွက်
အစ်ကိုတော်ဆိုးသွမ်းကြောင်းကို
ဘယ်သူမှ ဖခမည်းတော်ဘုရင်ကြီးနားကို
ရောက်အောင်မတင်လျောက်ဝံ့ကြဘူး။
ဒီလိုနဲ့ ဖခမည်းတော်ဘုရင်ကြီးနတ်ရွာလားတော့ အစ်ကိုတော်ဟာ ဘုရင်ဖြစ်လာတယ် ။ အစ်ကိုတော်ဟာ ဘုရင်ဖြစ်လာတော့ ကောင်းမွန်လာရမယ့်အစား၊ ကျားကိုအတောင်တပ်ပေးသလို
ကိုယ်ထင်ရာစိုင်းနေချင်သလိုနေ၊လုပ်ချင်သလိုလုပ် ။ စိတ်ထင်တိုင်းသောက်စားမူးယစ်၊ ပျော်ပွဲရွင်ပွဲကြီးတွေကျင်းပပြီးတိုင်းရေးပြည်ရေးကို အလေးမထား ပြည်သူတွေကိုသနားရမှန်းမသိ
အခွန်အတုတ်အဆမတန်တိုးမြှင့်ကောက်ခံတတ်တယ်။
ကျွန်ပ်ဟာအဲဒီအဖြစ်အပျက်တွေမြင်ရတော့စိတ်လက်မချမ်းသာဘူး။
ဒါပေမယ့် အစ်ကိုတော်ကိုလည်း
မလျောက်တင်ဝံ့ဘူး။ဘာလို့လဲဆိုတော့
အစ်ကိုတော့်အနား အလိုလိုက်အကြိုက်
ဆောင်မြှောက်ပင့်ကပ်စားနေသူတွေရှိနေတာကိုး ။ အစ်ကိုတော်ဟာ အဲဒီလူတွေမြှောက်လုံး၊ဖိမ့်လုံးတွေကြား သာယာယစ်မူးနေတယ်။ သူကိုအကောင်းအကြံပေးသူတွေကို ထောင်သွင်း၊အကျည်းချတာရော၊ ကွပ်မြစ်ပစ်တာရော ရက်စက်နည်းပေါင်းစုံသုံးကွတ်မျက်ပစ်တာမရေတွက်နိူင်
အောင်ပါပဲ ဒါကြောင့်
ဘယ်သူမှ ကောင်းရာမွန်ရာစကားမပြောရဲကြတော့ဘူး။
တိုင်းသူပြည်သားတွေဟာလည်း
အခွန်အတုတ်အဆမတန်။တိုးမြှင့်ကောက်ခံမူတွေကြောင့် ဆင်းရဲမွဲတေနေရသလို၊ သူခိုးဓားမြတွေဟာလည်း
ပေါများလာခဲ့တယ် ။ အစ်ကိုတော်ဟာ
အဲဒါတွေကို သူနဲ့မဆိုင်သလိုလျစ်လျူ ပြု
ထားခဲ့တယ် ။ပျော်ပွဲရွင်ပွဲတွေ နန်းတော်မှာ
မပြတ်တမ်းကျင်းပတတ်တယ်...
ကျွန်ပ်လည်းအဲဒီလိုအဖြစ်တွေမြင်ရကြားရတာကြောင့်
ိုစိတ်လက်မချမ်းသာစွာရှိနေရချိန် ကျွန်ပ်လူယုံအထောက်တော်တွေဆီကလျို့ဝှက်သတင်းတစ်ခုရလာတယ်။
ရင်သိမ့်ထိတ်လန့်ဖွယ်သတင်းပါပဲ
အစ်ကိုတော်ဘုရင်မင်းမြတ်ဟာ မြှောက်ပင့်သွေးခွဲသူတွေပြောစကားကြောင့်
သူ့ညီနောင်တွေဟာ သူ့ထီးနန်းကိုလုယူ
မယ်လို့ယုံကြည်ပြီး ညီနောင်တွေအားလုံးကို ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြားရတော့တာပါပဲ ။
ကျွန်ပ်လည်းအစ်ကိုယ်တော်ဟာအကြိုးအကြောင်းနား၀င်အောင်ပြောလို့ရမယ့်လူမဟုတ်တာကြောင့် မိဖုရားမောင်းမမိသံ၊လူယုံတချို့နဲ့အတူ
ပိုင်ဆိုင်သမျတွေယူပြီးထွက်ပြေးတိမ်းရှောင်ခဲ့တယ်။
ကျွန်ပ်ဟာအစ်ကိုတော်အမြင်မှန်ရလာတဲ့တစ်နေ့နန်းတော်ကိုပြန်မယ်စိတ်ကူးထားခဲ့ပေမယ့် အစ်ကိုတော်ကတော့
အမြင်မှန်ရမလာခဲ့ပါဘူး သူဖမ်းဆီးထားတဲ့ ညီနောင်တွေနဲ့ဆွေတော်မျိုးတော်တွေအားလုံးကို ကွပ်မြစ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကျွန်ပ်ကြားလိုက်ရမိချိန်တုန်လူပ်သွားမိတယ်။
ကျွန်ပ်ဟာဘေးလွတ်ရာရှောင်တိမ်းနေချိန်မှာနန်းတော်ထဲက အမှန်တရားကိုလိုလားတဲ့ နန်းတွင်းပညာရှိတွေ
တစ်ခြားသော သူများဟာကျွန်ပ်ထံရောက်လာပြီး တိုင်းပြည်ကို အစ်ကိုတော်လက်ကယူပြီး အုပ်ချုပ်မင်းလုပ်ဖို့
တိုက်တွန်းတင်လျောက်ကြတယ်။
ကျွန်ပ်စဉ်းစားရတာပေါ့ ဒီအတိုင်း
ရှေ့ဆက်သွားမယ်ဆိုရင် ဖခမည်းတော်
ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရတဲ့နိူင်ငံတော်ကြီးဟာ မကြာခင်ပျက်စီးရတော့မယ့်အရေးရှိနေတာကြောင့် ကျွန်ပ်ခေါင်းညိတ်ခဲ့တယ် လူသူလက်နက်အင်အား စုဆောင်းပြီး မြို့ရွာတွေကအရင်စပြီးတိုက်ခိုက်ခဲ့တယ်။ ကျွန်ပ်တို့တပ်ဖွဲ့တွေဟာ အစပထမအောင်ပန်းဆင်နိူင်
ခဲ့တယ် ။ ဒါပေမယ့် နေပြည်တော်က
ဘုရင့်တပ်မတော်ကြီးနဲ့ရင်ဆိုင်အတွေ့မှာ
တပ်တွေကွဲပျက်ပြီးဆုတ်ခွာခဲ့ရတော့တယ်။
ဒီအတွက် ကျွန်ပ်ဟာနောက်တစ်ကြိမ်
တိုက်ပွဲအတွက်သေချာပြင်ဆင်ခဲ့တယ်။
လူသူလက်နက်အင်အားထပ်မံစုဆောင်းတယ် စစ်ရေးလေ့ကျင့်စေတယ်။
ကျွန်ပ်တို့ဖက်ကလူနည်းပေမယ့် တကယ်တိုက်ရည်ခိုက်ရည်ကောင်းပြီးထူးချွန်သူတွေဖြစ်အောင်လေ့ကျင့်ပေးထားတယ်။
နောက်တစ်ခုက.......
စက္ကဒေ၀ဟုအမည်တွင်သောအိမ်ရှေ့စံမင်းသားလေးက သူ့စကားအားခနရပ်လျက် စိတ်၀င်တစားဖြင့် သူပြောသမျနားထောင်နေသူ
လူငယ် ဆယ်ယောက်အား ကြည့်လိုက်သည်။
..မောင်မင်းတို့ဟာ ဘယ်သူတွေရဲ့မျိုးဆက်တွေလို့ထင်လဲ မသိဘူးမဟုတ်လား ကျွန်ပ်ပြောပြမယ်
ကျွန်ပ်ပထမအကြိမ်မင်းနေပြည်တော်ကို
တိုက်ခိုက်သိမ့်ပိုက်ဖို့ကြံစည်ကြိုးပမ်းစဉ်ကသင့်တို့ရဲ့ဖခင်တွေဟာ စစ်သူရဲကောင်းတွေအဖြစ် ကျွန်ပ်ဖက်က ပါ၀င်တိုက်ခိုက်ကြတယ်။ ကျွန်ပ်တို့အရေးနိမ့်ချိန်တစ်ချို့သေပြီး တချို့အဖမ်းခံရတယ်
ကျွန်ပ်ကိုသစ္စာခံတဲ့သူတွေမို့ သင်တို့ရဲ့ဖခင်တွေ အဖမ်းခံရသူတွေကို တောပုန်းသူခိုးဓားမြအဖြစ် သတင်းလွင့်ပြီးလူစည်ကားရာနေရာတွေမှာ ကွပ်မြစ်ပစ်ကြတယ်။
မောင်မင်းတို့ဖခင်တွေဟာ အများထင်ထားသလို တောပုန်းသူခိုး
ဓားမြမဟုတ်ပါဘူး။ အမှန်တရားအတွက်တိုက်ပွဲ၀င်ရင်းကျဆုံးခဲ့ရတဲ့ စစ်သူရဲ ကောင်းတွေပါ။
မောင်မင်းတို့ဖခင်တွေအတွက်
မောင်မင်းတို့ဂုဏ်ယူလိုက်ကြစမ်းပါ....
ဂါမဏိကားဖခင်ဘ၀အကြောင်းအရင်းမှန်အားကြားရသောအခါ မျက်ရည်များရစ်စို့လျက် သူ့ရင်တွင်း
အမျိုးအမည်ဖော်ပြရန်ခက်ခဲသောခံစားမူဖြင့်ရှိနေသည်။ သူဖခင်မှာ
သူတို့မြို့မှ လူများထင်မြင်၊သမုတ်ယိုးစွတ်ကြသကဲ့သို့ တောပုန်းဓားပြတစ်ယောက်မဟုတ်ပဲ အများပြည်သူအတွက်
အသက်စွန့်ခဲ့ရသော သူရဲကောင်းကြီးမှန်းသိရသောအခါ ဂုဏ်ယူကြည်နူံးစိတ်နဲ့အတူ မျက်ရည်များပင်ရစ်ဝဲလာခြင်းပင်။
စက္ကဒေ၀က ခံစားမူများကြားရှိနေသော
လူငယ်များကိုကြည့်၍ အတန်ကြာမျငြိမ်နေပြီးမှစကားပြန်ဆက်လာသည်။
..အခု မောင်မင်းတို့ဟာ တိုင်းပြည်ကောင်းစား
ရေးအတွက်
အသက်စွန့်သွားကြတဲ့သူရဲကောင်းတွေရဲ့
သားမှန်းသိကြပြီပေါ့...
သူတို့ရဲ့အသက်ဇီ၀န်ကြွေပြီး မပြီးဆုံးသေးတဲ့တာ၀န်တွေကိုမောင်မင်းတို့
လက်ဆင့်ကမ်း မသယ်ယူလိုဘူးလား..
မောင်မင်းတို့ တိုင်းပြည်ကို မကယ်တင်
ချင်ကြဘူးလား
ကျွန်ပ်မေးချင်တယ်....
...ကျွန်တော်မျိုးတို့တိုက်ဖို့အဆင်သင့်ပါပဲ
မင်းသားလေး....
...ဟား..ငါကိုယ်တော် မောင်မင်းတို့ကိုရွေးချယ်ခဲ့မိတာ မှန်ကန်ခဲ့ပြီ
ငါကိုယ်တော်အားရတော်မူတယ်..
စက္ကဒေ၀မင်းသားလေးအမေးကို
လူငယ်ဆယ်ယောက်သံပြိုင်ဖြေကြားခြင်းအတွက် စက္ကဒေ၀ တစ်ယောက်အားရကျေနပ်စွာပြုံးရင်း၀မ်းသာအားရစကားဆိုလာသည်။
...မောင်မင်းတို့တိုက်ရမယ်
ကျွန်ပ်ဟာ ယခုဖွဲ့စည်းမယ့်စစ်တပ်မတော်ကို လူငယ်သွေးသစ်တွေနဲ့
ဖွဲ့စည်းမယ်
အဖွဲ့ခေါင်းဆောင်တွေအပြင်အဲဒီအဖွဲ့တွေကို ထိန်းချုပ်ကွပ်ကဲဖို့
စစ်သူကြီးတစ်ယောက်ကို ရွေးချယ်မှာမို့
ယခု ပညာရပ်ပေါင်းစုံပြိုင်ပွဲကျင်းပမယ်။
မောင်မင်းတို့ဆယ်ယောက်ပါ ယခုပြိုင်ပွဲမှာပါ၀င်ယှဉ်ပြိုင်ကြရမယ်....
ငါကိုယ်တော်ပြိုင်ပွဲကျင်းပမယ့်နေ့ကို
အကြောင်းပြန်ပေးမယ်
ယခုကာလမှာတော့ မောင်မင်းတို့အေးဆေးအနားယူနေလှည့်ကြပါ.....
စက္ကဒေ၀မင်းသားလေးစကားမှာ
နားနေဆောင်သို့ပြန်လာကြသောလူငယ်များနားတွင်ပဲ့တင်ထပ်၍ကပ်ပါလာသည်။
သူတို့မှာနေ့ခြင်းညခြင်းစစ်သူရဲကောင်း
များဖြစ်ကြရမည့်အရေးကို လက်တစ်ကမ်းရောက်နေကြချေပြီ။
သူတို့အားလုံးမှာ အဖွဲ့ခေါင်းဆောင်ဟူသောရာထူးထက်စစ်သူကြီးဟူသောရာ
ထူးကိုသာမက်မောကြခြင်းကြောင့်ထိုရာ
ထူးအတွက်ပင်ဦးတည်ယှဉ်ပြိုင်ကြမည်မှာမလွဲပေ။
သို့သော်လည်း
ကိုယ်စီတူညီသောရည်မှန်းချက်များအပြင် ထူးချွန်ထက်မြက်သော
ဆရာများထံအနီးကပ်ပညာသင်ကြား
လာကြသူများမို့ ယှဉ်ပြိုင်မူပြင်းထန်နိူင်မှန်းအားလုံးနားလည်ကြသလို ၊ တစ်ခြားသောဝါရင့်သမ္ဘာရင့် ပညာရှင်ကြီးများပါ
ပါ၀င်ယှဉ်ပြိုင်နိူင်သော ပြိုင်ပွဲတွင် စစ်သူကြီးဖြစ် ဗိုလ်စွဲခံရန်ခက်ခဲပေမည်။
ထိုမျခက်ခဲသောအခြေအနေကို
ကြုံရမည်ဖြစ်သော်လည်း လူငယ်ဆယ်
ယောက်မှာကိုယ်စီ မျော်လင့်ချက်များဖြင့်
တက်ကြွနေကြ၏ ။
ကိုယ်စီတတ်ကျွမ်းရာသိုင်းပညာရပ်များ တစ်ခြားသောအတတ်များကို အဖန်ဖန်အထပ်ထပ်လေ့ကျင့်ရင်းပြိုင်ပွဲကျင်းပမည့်သတင်းအားနားစွင့်လျက်ရှိ နေကြ၏ ။
ထိုအတောအတွင်း လူငယ်ဆယ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရပေ။
ထိုသို့ဖြင့်ဂါမဏိအပါ၀င်လူငယ်ဆယ်ယောက်ရောက်ရှိနေသော
စက္ကဒေ၀အခြေစိုက်ထားရာနန်းတော်နေရာသို့ တစ်ရက်နှစ်ရက်အတွင်း အသွေးအရောင်စုံသောလူများတဖွဲဖွဲရောက်ရှိလာသကဲ့သို့ ယခုနေ့လွန်မြောက်၍နောက်နေ့မနက်နေထွက်ချိန်
ပြိုင်ပွဲစတင်ကြောင့် စက္ကဒေ၀ထံမှလူ
လွတ်၍ပြောလာသောသတင်းစကားကြောင့် မနက်ဖြန်ပြိုင်ပွဲစတော့မည်ဆိုသောအသိဖြင့် ဂါမဏိ တစ်ယောက်
ရင်ခုန်စိတ်လူပ်ရှားစွာ ဖြင့်ရှိနေပါတော့သည်။
==========================
၅ ဆက်ရန်
မြူခိုးအလင်္ကာ