👣မာရ်နတ်မင်း၏စစ်သူကြီး👣-၃
=========================
နေအနည်းငယ်မြင့်သော
အခါမှ ဂါမဏိတစ်ယောက် အိပ်ယာမှနိူးလာတော့၏ ။
ညကထူးဆန်းသောလူတစ်ယောက်
နဲ့သတ်ပုတ်လိုက်ရ၍မောပန်းကာညနက်
မှအိပ်ယာ၀င်ရသောကြောင့်ပင်ဖြစ်၏ ။
ဂါမဏိမှာ ချောင်းအတွင်း
မျက်နှာသစ်၊ ကိုယ်လက်သုတ်သင်ကာ
သူ့မြင်းအားလိုက်ရှာကြည့်သောအခါ
မြက်ခင်းပြင်ပေါ်တွင်အစာစားနေသော
သူ့မြင်းကြီးအားတွေ့ရသောကြောင့်မြင်းကုန်းနှီးတင်၍ ခရီးဆက်ခဲ့တော့သည်။
ထမင်းတစ်အိုးချက်မျအကြာခရီးနှင်ပြီးသောအခါ ဂါမဏိ မှာရွာငယ်လေးတစ်ရွာအနီးသို့ရောက်လာခဲ့၏ ။
ရွာအ၀င်လမ်းမှ မြင်အားအရှိန်လျော့
၍စီးနင်းလာစဉ် ခြံဝိုင်းတစ်ခုအတွင်းမှ
လူတစ်ယောက်အပြင်သို့ထွက်လာ၏ ။
" မိတ်ဆွေခရီးဝေးကလာတယ်နဲ့တူပါရဲ့
ထမင်းစားချိန်တောင်ကျော်နေပါပြီ
ထမင်းမစားရသေးနဲ့တူတယ်
လာပါ ကျုပ်တို့အိမ်မှာ နားပြီးမှခရီးဆက်ပါ
မိတ်ဆွေ...."
" ကျေးဇူးပါပဲ ရောင်းရင်းရေ ..."
သဘောကောင်းလှသောရွာသားဧည့်သည်မှာ ဂါမဏိကို ခရီးဦးကြိုပြု ဧည့်ခံသောကြောင့် မြင်းပေါ်မှဆင်း၍ အိမ်ဝိုင်းထဲ၀င်ရောက်ခဲ့တော့၏ ။
အိမ်ခြံဝိုင်းသရက်ပင်ကြီးအောက်တွင်မြင်း
ကြီးတိမ်ပျံအားချည်နှောင်ထား
ခဲ့ပြီး ရွာသားကအိမ်ပေါ်ခေါ်သောကြောင့် အိမ်ပေါ်တက်ခဲ့တော့သည်။
မြေရေအိုးတစ်လုံးအားလှေကားအတက်ဘေးဖက်တွင်တွေ့ရသောကြောင့် လက်ကိုင်ရိုးတပ်ထားသော အုန်းမူတ်ခွက်ဖြင့် ခပ်၍ အေးမြသောရေအား တကျိုက်ကျိုက် မော့သောက်လိုက်တော့သည်။
" ရှင်မရေ ဧည့်သည်ထမင်းကျွေး
ရအောင်ထမင်းပွဲပြင်ပါဟေ့ ......"
" အားနာစရာရောင်းရင်းရေ
တကူးတက ကျွန်ပ်အတွက် အလုပ်ပို
ကြပြီ..."
...အားနားစရာလို့မသတ်မှတ်ပါနဲ့
ကျုပ်တို့လိုတောသူတောင်သားတွေက
တကယ်အကူညီလိုနေသူမျိုးကို
အကူအညီပေးရဖို့ဆိုရင် ၀န်မလေးတတ်ပါဘူး .....
ရွားသားမှာမီးဖိုချောင်အတွင်းမီးခိုးတအူအူထွက်အောင်ထင်းများ
ထည့်လျက်ချက်ပြုတ်နေသောဇနီးဖြစ်သူအား ဂါမဏိ အတွက်ထမင်းဝိုင်းပြင်ပေးရန်ပြောလိုက်ခြင်းဖြစ်သည်။
" ဒါနဲ့ ဒီကညီနောင်အနေနဲ့
ညကလာခဲ့တဲ့လမ်းခရီးမှာ ဘယ်နေရာမှာများ
တည်းခိုအိပ်စက်ခဲ့သလဲ
မေးရတာက ကျုပ်တို့ရွာနဲ့တစ်ခြားရွာ
တွေကြား ရွာဆက်ပြတ်နေတယ်လေ
ကျုပ်တို့ရွာက ဒီနေရာမှာ သီးသန့်လို
ဖြစ်နေလို့ မေးကြည့်ရတာ… "
"အော် ....ညကဇရပ်တစ်ခုမှာ
၀င်နားပြီး ခုမနက်ခရီးဆက်လာခဲ့တာပဲ
ရောင်းရင်းရေ ...."
" ဟာ....ဒါဆိုထူးခြားမူတစ်ခုမှ
မကြုံခဲ့့ရဘူးလား ..."
" ထူးခြားမှု လို့တော့ပြောရမှာပဲ
ရောင်းရင်းရေ ညကတော့တစ်ညလုံး
မအိပ်ရပါဘူး ...."
" မိတ်ဆွေညက ကိုယ်ခံပညာ
အသတ်အပုတ်နွဲလာခဲ့ရပြီထင်တယ်
ဟုတ်တယ်မလား ..."
" ဟာ...ရောင်းရင်းဘယ်လိုလုပ်
ကျွန်ပ်ညကကိုယ်ခံပညာပြိုင်တာ
သိနေတာလဲ ...."
" အဲတာနောက်ထား
မိတ်ဆွေဘယ်လိုကြုံခဲ့ရလဲဆိုတာ
တစ်ချက်ပြောပြစမ်းပါ စိတ်၀င်စားလွန်းလို့ပါ ...."
ဂါမဏိ တစ်ယောက်ညက ထူခြားသော
လူတစ်ယောက်နဲ့ကိုယ်ခံပညာယှဉ်ပြိုင်သတ်ပုတ်ခြင်းကိုရွာသားသိနေခြင်းအားအံ့အြသင့်မိရ၏ ။
မည်ကဲ့သို့သိသည်ကိုနောက်မှမေးမြန်းရန်တွေးရင်း ညကသူကြုံလာရသမျ မချွင်းမချန်ပင်ရွာသားအားပြောပြလိုက်မိတော့၏ ။
" ဟာ ..မိတ်ဆွေ
အဲဒီဦးထုတ်သူ့ကိုဘာလို့ပြန်ပေးလိုက်
ရတာလဲဗျာ တကယ်ဆိုရင်အဲဒီဦးထုတ်
ရသူဟာ လုပ်ချင်ရာလုပ်ခွင့်ရတာနဲ့အတူတူပါပဲ မိတ်ဆွေရယ် အခုတော့ဗျာ....."
" ဗျာ...အဲဒီဦးထုတ်က
ဘယ်လောက်များတန်ဖိုးရှိလို့လည်းဗျ
ကျွန်ပ်အမြင်မှာတော့ ဟောင်းနေတဲ့ အဖျားချွန်
ဦးထုတ်တစ်လုံးပါပဲ.........."
" မိတ်ဆွေကဦးထုတ်အကြောင်း မသိလို့သာ
တန်ဖိုးမရှိဘူးထင်နေတာကိုး ....
မိတ်ဆွေတစ်ညအိပ်
လာတဲ့ဇရပ်မှာ အိပ်မိတဲ့ခရီးသွားတိုင်း
မိတ်ဆွေဆီလာတဲ့ သူကလာပြီး
ကိုယ်ခံပညာယှဉ်ပြိုင်ဖို့ စိန်ခေါ်လေ့ရှိတယ်
သူစိန်ခေါ်တဲ့လူတိုင်းကို…
ရွေကြိုက်ရင်ရွေ၊ငွေကြိုက်ရင်ငွေ ပေးပြီး
သူနဲ့ယှဉ်ပြိုင်းခိုင်းလေ့ရှိတယ်။ ဘယ်သူမှနိူင်တယ်မရှိပါဘူး သူထိုးလိုက်လို့ဒဏ်ရာတွေရပြီး
ဆေးလအတန်အကြာကုလိုက်ရသူတွေ
ပဲရှိတယ် သူကိုတော့ဘယ်သူမှမနိူင်ကြဘူး တချို့ပြောပြချက်အရတော့
သူ့ကိုထိုးရတာဖွဲအိတ်ကြီးထိုးရသလိုပဲ
တဲ့ အဲဒီကိုယ်ခံပညာယှဉ်ပြိုင်တဲ့
သူဟာဘယ်သူလို့များမိတ်ဆွေထင်လဲ…"
" ကျွန်ပ်လည်းမပြောတတ်ပါဘူးဗျာ
ဒီအရပ်ဒေသခုမှရောက်ဖူးတာဆိုတော့
ဘာမှန်းမသိပါဘူး..."
"မသိရင်သေချာနားထောင်မိတ်ဆွေရေ အဲဒီလူဟာ ကျွန်ပ်တို့ဒေသဖက်မှာ
နာမည်ကြီးနေတဲ့ တစ္ဆေကြီးပဲ ....."
... ဗျာ..........
ရွာသားပြောစကားကြားရသောဂါမဏိ
တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်
အံ့အြသင့်မိရတော့၏ ။
သူညကကိုယ်ခံပညာယှဉ်ပြိုင်ထိုးသတ်
ခဲ့ရသူမှာလူမဟုတ်ပဲ တစ္ဆေ တစ်ကောင်
ဖြစ်နေမှန်းယခုမှသိလိုက်ရသောကြောင့်ပင်။
ထို့ကြောင့်ထိုသူနဲ့ထိုးသတ်ရသည်မှာဖွဲအိတ်ကို ထိုးသတ်ရသည်နဲ့တူနေခြင်းကိုလည်းဆက်စပ်နားလည်လိုက်မိသည်။
...ဒါနဲ့စကားမစပ် အဲဒီဦးထုတ်ကဘာများ
အစွမ်းရှိလို့လဲ ရောင်းရင်းရဲ့....
..ရှိပါသကိုးဗျာ တန်ဖိုးရှိသမှ
ရှိန်းဆာယာဖိုမောက်ကိုယ်ပျောက်စေနိူင်တဲ့ တစ္ဆေ ဦးထုတ်ဆိုတာ ညကခင်များပြန်ပေးလိုက်တဲ့ ဦးထုတ်ပဲ ...နောက်ပြီးတစ်ခြားသော အစွမ်းတွေ
လည်းရှိသေးတယ် ပြောရရင် အဲဒီတစ္ဆေဦးထုပ်
ကိုပိုင်ဆိုင်ရရင် တန်ခိုးစွမ်းအားရှိပြီပေါ့...
...ဟာ...
...အဲတာကြောင့်သာ တစ္ဆေကြီးက
မိတ်ဆွေဆီက မရရအောင်ဘာပေးရပေးရ
တောင်းတာပေါ့ ...
...ဟူး.ရောင်းရင်းရေ ကျွန်ပ်လည်း
ဘယ်သိပါ့မလဲဗျာ နိူ့မို့လွယ်လွယ်နဲ့
ဘယ်အဆုံးရူံးခံပါ့မလဲ ....
...ကဲ..မိတ်ဆွေ ဖြစ်ပြီးမှတော့ခံစား
မနေနဲ့တော့ ဆာနေရောပေါ့
လာဗျာ ထမင်းစားကြရအောင်.. ...
ဂါမဏိတစ်ယောက်တန်ဖိုးရှိလွန်းလှသောကိုယ်ပျောက်ဦးထုတ်တစ်လုံးကို
အလွယ်တကူ တစ္ဆေကြီးအားပြန်ပေး
လိုက်ရခြင်းအတွက်နှမြောတသဖြစ်နေမိ
သည်။ သို့သော်လည်း ထိုဦးထုတ်အကြောင်းသူမသိခြင်းအတွက် ဘာမှကားမတတ်နိူင်ချေ။
ရွာသားလင်မယားနဲ့အတူ ထမင်းစားသောက်လိုက်၍ ခနတဖြုတ်စကားစမည်
ပြောကြရင်း ရွာသားလင်မယားကိုနူတ်
ဆက်၍ခရီးဆက်ခဲ့တော့၏ ။ ရွာသားလင်မယားမှာ ဂါမဏိအား
နောက်လမ်းကြုံပါက အိမ်သို့၀င်ရန်
မှာကြား၍ ကျန်နေရစ်ခဲ့ကြသည်။ ရိုးသားပြီး ကူညီလိုစိတ်ရှိကြသောတောသူတောင်သားများပင်။
ဂါမဏိမှာ လမ်းခရီးတွင်နားလိုက်သွားလိုက် ညရောက်သောအခါ အဆင်ပြေသောနေရာတွင်ညအိပ်တည်းခိုရင်းဖြင့်ခရီးဆက်လာခဲ့သည်မှာ ခုနှစ်ရက်ပြည့်မြောက်သောနေ့ မနက်ပိုင်းတွင်
ဂါမဏိ မှာသစ်ပင်ကြီးများ ထူပိတ်စွာပေါက်ရောက်နေသောတောအုပ်ကြီးတစ်ခုအတွင်းရောက်လာခဲ့တော့သည်။
ခရီးစဉ်ပြသောမြေပုံသည်ထိုနေရာတွင် အဆုံးသတ်ဖြစ်၏ ။သို့ရာတွင်ယခုတောအုပ်အတွင်းလူရိပ်လူယောင်ပင်မတွေ့ရပေ။
တစ်တောလုံးမှာတိတ်ဆိတ်ခြောက်ကပ်လျက်ဖြင့်ရှိနေသည်။
..ဝှီး...ဝှီး...ဝှီး...ဝှီး....
...ဟင်.......
......ထန်း..ထန်း.....ထန်း...
ဂါမဏိ တစ်ယောက်တောအုပ်အတွင်း
မြင်းကိုတဖြည်းဖြည်းမောင်းနှင်၍၀င်ရောက်လာချိန် သူ့အပေါ်ဖက်သစ်ပင်
များဆီမှလူပ်ရှားသံများကြရပြီးတစ်ဆက်
တည်းမှာပင်
အရှေ့ ၊ အနောက်၊တောင်၊မြောက်
အရပ်လေးမျက်နှာဆီမှ နွယ်ကြိုးများ
အရှိန်ဖြင့် ဂါမဏိ ထံလွဲလာကာ ဓားရှည်များဖြင့်၀င်ခုတ်ပိုင်းကြသည်။
ဂါမဏိမှာ ရုတ်တရက်မမျော်လင့်ပဲ
ကြုံရသောအခြေအနေကြောင့်
မြင်းဘေးသို့ရုတ်ချည်းကိုယ်အားရို့၍
ရပ်လိုက်သောကြောင့် ဓားချက်များမှ
ကပ်သီလေးလွတ်မြောက်သွားရသည်။
ထိုလူများနွယ်ကြိုးအရှိန်ဖြင့် တစ်ဖက်သို့ ရောက်သွားခိုက်တွင် မြင်းပေါ်
ပြန်၍ခုန်တက်ကာ မတ်တတ်ရပ်ရင်း
ထိုလူများနောက်တစ်ကြိမ်ပြန်၍အရှိန်
ဖြင့်ပြန်လာသောအခါ ထိုလူများအား
သူဓားကိုထုတ်ကာပြန်လည်တိုက်ခိုက်လိုက်၏ ။
ထိုလူများက ဂါမဏိ တိုက်ခိုက်မူများကိုသူတို့ဓားဖြင့်ပြန်လည်ကာဆီးလိုက်ရာ သံချင်းထိသံများကျယ်
လောင်စွာထွက်ပေါ်လာသည်။
ဂါမဏိ မှာမမျော်လင့်ပဲရောက်လာသောရန်သူများကြောင့် မြင်းပေါ်မှ ပြန်လည်တိုက်ခိုက်ရင်း မြင်းပေါ်မှအောက်
သို့ခုန်ချလိုက်သည်။သူခုန်ချလိုက်သလို
နွယ်ကြိုးခိုစီး၍တိုက်ခိုက်ကြသောလူလေးယောက်မှာလည်း အသီးသီးအပေါ်မှခုန်ဆင်းလာကာ ဂါမဏိကို စက်ဝိုင်းပုံ၀န်းရံထားကြသည်။
" ဟိတ်လူတွေ...သင်တို့နဲ့ အကျွန်ပ်တစ်ခါမှမဆုံဖူးကြသလို
ရန်ငြိုးရန်စမရှိဘူးထင်ပါတယ်....
အကျွန်ပ်ဟာ ခရီးသွားတစ်ယောက်ပါ
အကျွန်ပ်လမ်းကို အကျွန်ပ်သွားပါရစေ...."
ထိုလူများမှာ ဂါမဏိ ပြောစကားအား
အရေးမထားရန်ပြုတိုက်ခိုက်ရန်ရှေ့တိုး
လာသောကြောင့် ဂါမဏိလည်း တိုက်ပွဲ
အားရှောင်လွဲမရတော့မှန်းသဘောပေါက်က ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်၍တိုက်ခိုက်ရန်သတိအနေအထားဖြင့်အသင့်ရှိနေတော့သည်။
...ယား...ယား...ယား....ယား...
...ဟိတ်.....ချွင်.ချွင်....ထန်.....ထန်....ထန်...
...ဝှစ်....ဝှီး....ကျား .....ဖုန်း....
.....ချွင်.. ထန်.....
လေးယောက်တစ်ယောက်ပြင်းထန်သောအသက်လုတိုက်ပွဲတစ်ခုမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ပေါ်လာတော့၏။ ဂါမဏိမှာ လေးယောက်တစ်ယောက်ဖြစ်သော်လည်းဓားရေးစွမ်းရည်မှာထိုသူများထက်သာသောကြောင့် ထိုသူများထိုး၊ခုတ်လာသောဓားချက်များကို သူ့ဓားဖြင့်ကာလိုက်၊ ပြန်လည်၍ တိုက်လိုက်ဖြင့်
လေ့ကျင့်နေသည်အလားအေးဆေးစွာဖြင့်ရှိနေ၏ ။
အကယ်၍သာထိုလူများကို
ဂါမဏိ အနေဖြင့် အလွယ်တကူ
သတ်ဖြတ်၍ရသော်လည်း လူတစ်ယောက်ကိုသတ်ဖြတ်ရန်
ဂါမဏိ ၀န်လေးနေမိသောကြောင့်
ထို့ကြောင့် တိုက်ပွဲမှာအချိန်ကြာမြင့်နေခြင်းပင်။
" ဟိတ်.. ..တော်လောက်ပြီ
ဟိုကသတ်ချင်ရင်မင်းတို့လေးယောက်
ခုလောက်ဆို သချို င်္င်းကုန်းရောက်နေပြီ
သွားကြတော့..."
သစ်တောအတွင်းမှ သြဇာငြောင်းသောစကားသံတစ်ခုထွက်ပေါ်လာ
ခြင်းနဲ့အတူ ဂါမဏိ အားဝိုင်းတိုက်နေကြသောလူလေးယောက်မှာတိုက်ခိုက်
မူကိုရပ်တန့်ကာ ထိုနေရာမှတောတွင်းသို့
၀င်ပြေးသွားကြတော့သည်။
ထို့နောက်တဆက်တည်းသစ်ပင်အကွယ်တွင်ရပ်၍တိုက်ပွဲအားအစ အဆုံးကြည့်
နေဟန်တူသောလူတစ်ယောက်သစ်ပင်အကွယ်မှတဆင့် ဂါမဏိထံဦးတည်၍
လျောက်လာသည်။
" ဟာ...ဦးရီး.. ."
" ကောင်ငယ်လေး အတော်ကြီးသွားတာပဲ
မနည်းရုပ်ဖမ်းကြည့်ရတယ်…"
ထိုလူမှာစက္ကဒေဝြဖစ်နေသောကြောင့်
ဂါမဏိမှာ၀မ်းသာအားရခေါ်လိုက်ခြင်းပင်။ စက္ကဒေ၀ မှာဂါမဏိကို ပညာသီလထံအပ်နှံထားပြီးချိန်မှစ၍ယခုပထမဆုံးပြန်တွေ့ရခြင်းဖြစ်သည်။
" ဦးရီး..ဘယ်တွေရောက်နေတာလဲ
ဒါနဲ့ အစောကလူတွေကရော
ဘယ်သူတွေလဲ ......"
" ဦးရီး အရေးကြီးကိစ္စ တွေလုပ်နေရလို့ကောင်ငယ်လေးဆီတစ်ခေါက်မှ
မရောက်ဖြစ်ပေမယ့် ကောင်းငယ်လေး
သတင်းတွေကို အဆင်မပြတ်နားစွင့်ထားပါတယ်...ကောင်ငယ်လေးကိုယ်
ခံပညာတွေအတော်ကြီးကျွမ်းကျင်တတ်မြောက်နေပြီဆိုတာသတင်းကြားခဲ့ရပါတယ် အခုတော့ ကောင်ငယ်လေးအစွမ်းတွေ လက်တွေ့မြင်ခဲ့ရပြီ...
ဟိုလူတွေက ကောင်ငယ်လေး
လာရင်ပညာစမ်းဖို့လွတ်ထားတဲ့ ဦးရီးလူလေးယောက်ပဲ........"
" အကျွန်ပ်ကဘယ်ကရန်သူတွေများလဲလို့ရင်ထိတ်သွားမိတာ..."
"ကောင်ငယ်လေး
ကိုယ်ခံပညာက သူတို့နဲ့စာရင် အဆမတန်ထူးချွန်ပါတယ် ကောင်ငယ်လေးသာ သတ်မယ်ဆိုရင် သူတို့ခုလောက်ဆို တမလွန်ရောက်နေလောက်ပြီ ဦးရီး နှစ်ယောက်ခြင်းရှိတုန်းအရေးကြီးစကားတစ်ခွန်းပြောချင်တယ်..."
" ပြောပါ ဦးရီး အကျွန်ပ်နားထောင်
နေပါတယ် ..."
" တိုက်ပွဲဆိုတာ
တိုက်ပြီဆိုကတည်းကတည်းမှားလို့တိုက်တာ
လည်းဖြစ်ချင်ဖြစ်လိမ့်မယ်...
မှန်လို့တိုက်တာဖြစ်ချင်ဖြစ်လိမ့်မယ်
တကယ့်တိုက်ပွဲဆင်နွဲရချိန်မှာ သနားစိတ်၊ ဂရုဏာစိတ် ၊ ကိုယ်ချင်းစာတဲ့စိတ်တွေကိုဖျောက်ထားရမယ် ။
အကယ်၍များသာ ကောင်ငယ်လေးဟာ
သူများထက်ထိပ်ဆုံးကိုရောက်ချင်သူတစ်
ယောက်သာဆိုရင်ဦးရီးပြောတဲ့အချက်
တွေကို သတိရစေချင်တယ် ...."
" ဟုတ်ကဲ့ ဦးရီး
အကျွန်ပ်မှတ်သားထားပါ့မယ် ကဲလာ
ဦးရီးနောက်လိုက်ခဲ့ ....."
စက္ကဒေ၀ကားသူပြောလိုသောစကားပြောပြီးသည်နဲ့ သစ်ပင်များကြားမှ
ရှေ့သို့သွားနေသောကြောင့် ဂါမဏိမှာ
သူ့မြင်းကြီးတိမ်ပျံအားဆွဲလျက်နောက်မှ
လိုက်ပါလာခဲ့တော့သည်။
ဂါမဏိမှာစက္ကဒေဝပြောစကားများကိုအလုံးစုံ
နားမလည်မိ။ စက္ကဒေဝပြောစကားများက
ရက်စက်သော၊ညှာတာစိတ်ကင်းသောစကား
မျိုးမှန်းလောက်သာသိ၏ ။
စက္ကဒေ၀ ကျေနပ်စေရန်စကားအလိုက်သင့်
ဆို၍ စက္ကဒေဝ ခေါ်ဆောင်ရာနောက်လိုက်ပါ
ခဲ့တော့၏ ။
သစ်ပင်တောအုပ်တောင်ကုန်းများကြားမှ လမ်းမရှိသော်လည်း စက္ကဒေ၀ မှာလမ်းသိနေဟန်ဖြင့် သွားလာလျက်ရှိသောကြောင့် ဂါမဏိမှာလည်း ဘာစကားမှမဆိုမိပဲ
စက္ကဒေ၀ နောက်မှလိုက်ရင်း အတန်ကြာသောခရီးတစ်ခုအားသွားလာမိကြသောအခါ သစ်ပင်ကြီးများတစ်စ၊တစ်စ
ကျဲပါးလာပြီး မြက်ရိုင်းတောများဖုံးလွမ်း
သော ပြန့်ပြူးသော လွင်ပြင်ကျယ်တစ်ခုသို့ ရောက်လာကြတော့၏ ။
မြက်ရိုင်းများမှာ ခါးအထိခန့်ရှည်လျားလျက်ရှိကာအဝါရောင်အပွင့်များ
ဖြင့်တောပန်းများက မြက်ရိုင်းတောကြီးနဲ့ရောလျက်ဖူးပွင့်နေသောကြောင့်ကြည့်ရူရသည်မှာ မျက်စိပဒေသာကြည်နူံးဖွယ်ရာအတိပင်။
ကျယ်ပြန့်သောမြက်ခင်းပြင်ကြီးအလယ်တွင်ကား ကြီးမားသော နန်းတော်ကြီးတစ်ခုနဲ့အတူ အဆောင်ငယ်လေးများအားတွေ့ရခြင်းကြောင့်
ဂါမဏိ အံ့အြသင့်ရမိ၏ ။
ယခုကဲ့သို့ လူသူမနီးတောနက်ကြီးအတွင်း နန်းတော်ကြီးအားတွေ့ရခြင်းကြောင့်ပင်။ ယခုနေရာတွင်မည်သူများ
နေထိုင်ကြသည်မဆိုနိူင်ပေ။
စက္ကဒေ၀မှာကား ထိုနန်းတော်ကြီးရှိရာနေရာသို့ ဦးတည်၍ လျောက်လှမ်းသွားလာနေသည်။ နန်းတော်ကြီးနဲ့တဖြည်းဖြည်းနီးကပ်လာသောအခါ
တွင်မူကားထိုနန်းတော်ကြီးအနီးတွင် လူပေါင်းမြောက်များစွာ လူပ်ရှားသွားလာနေသည်ကို ဂါမဏိ တွေ့ရပြန်၏ ။
ကာရန်ထားသော အုပ်တံတိုင်းကြီးအနီး၀င်ပေါက်ရောက်သောအခါ
အုပ်နံရံထက်ကင်းတဲမှ ကင်းသမားက
အတွင်းတံခါးစောင့်အား တံခါးဖွင့်ပေး
ရန်အချက်ပြလိုက်သောကြောင့် တံခါးပွင့်လာချိန် စက္ကဒေ၀ နောက်မှ
ဂါမဏိ လည်းအတွင်းသို့လိုက်၀င်ခဲ့တော့သည်။
လမ်းတစ်လျောက်တွင်တွေ့သူတိုင်းမှာစက္ကဒေ၀အားတွေ့သောအခါ
ဦးညွတ်၍ အရိုအသေပြုကြသည်ကို
ဂါမဏိမြင်တွေ့ရ၏ ။
သူ့စိတ်အတွင်း ဦးရီးစက္ကဒေဝမှာ ခေါင်းဆောင်
တစ်ယောက်ဖြစ်မည်ဟုတွေးနေမိသော်လည်း
ရာထူးအဆင့်အတန်းကိုမူ မတွေးဆတတ်ပဲ
ရှိနေ၏ ။
စက္ကဒေ၀မှာ အဆောင်တစ်ခုအနီးသို့ရောက်သောအခါ ထိုအဆောင်တွင်စောင့်ကြပ်နေသူတစ်ယောက်အားတီးတိုးမှာကြားလျက်ရှိနေသည်။
ထို့နောက်…
"ကောင်ငယ်လေး
ဒီအဆောင်မှာ ကျန်နေရစ်ခဲ့ကွယ့်
မနက်ဖြန်ကောင်ငယ်လေးသိချင်တာတွေသိရပါလိမ့်မယ်...."
"ဟုတ်ကဲ့ ...ဦးရီး..."
စက္ကဒေ၀မှာအဆောင်ရှေ့မှလူထံ
ဂါမဏိကိုအပ်၍ ထွက်ခွာသွားပြီဖြစ်သည်။
" တူမောင် အထဲကို ကြွပါ …
ကျုပ်.. တူ့မောင့်မြင်းကို မြင်းစာ
ကျွေးပြီး အထဲလိုက်လာခဲ့ပါ့မယ်..."
ဂါမဏိ လက်ထဲမှ မြင်းဇက်ကြိုးကို
လက်ပြောင်းယူ၍ မြင်းကြီးတိမ်ပျံ
ကို နောက်ဖေးသို့ထိုသူဆွဲခေါ်သွားသော
အခါ ဂါမဏိ တစ်ယောက်အဆောင်အတွင်းသို့၀င်လာခဲ့တော့သည်။
အတွင်းရောက်သောအခါသပ်ရပ်သန့်ရှင်းသောအခန်းအပြင်အဆင်၊
တဖိတ်ဖိတ်ပြောင်လက်နေသော
အသုံးအဆောင်များကြောင့် ဂါမဏိ တစ်ယောက် သိမ်ငယ်သလိုပင်ဖြစ်သွားရမိ၏ ။ ထိုအချိန်မှာပင်မြင်းအား
ယူ၍ထွက်သွားသူပြန်ရောက်လာသည်။
" တူမောင်ဒါတူမောင်နေရမယ့်
အဆောင်ပဲ မောလာရောပေါ့ ထိုင်လေ
တူမောင် စိတ်လွတ်လက်လွတ် သာနေ
လိုအပ်တာရှိ ကျုပ်ကိုသာပြောပါ
ရပါစေမယ်..."
ဂါမဏိ လည်းထိုင်ခုံတစ်ခုတွင်ယခုမှမဝံ့မရဲဖြင့် ထိုင်လိုက်မိ၏ ။
" ဒါနဲ့ ဦးရီး စက္ကဒေ၀ကရော
ဘယ်ထွက်သွားတာလဲ ..."
စက္ကဒေ၀ဆိုသောနာမည်ကိုဂါမဏိပြောလိုက်သောအခါထိုလူမှာ ထိတ်လန့်သွားသည်ကို ဂါမဏိတွေ့ရသောကြောင့်
ဂါမဏိအံ့အြသင့်သွားရသည်။ ထိုလူကား ကြောက်လန့်တုန်လူပ်နေသောလေသံတိုးတိုးဖြင့် စကားဆိုလာ၏ ။
" တူမောင်နောက်နောင် မင်းသားလေးနာမည်ကို မခေါ်မိပါစေနဲ့
ဒီမှာဘယ်သူမှ မင်းသားလေးနာမည်ကို
မခေါ်ရဲကြဘူး ကြားသွားမှဖြင့်ကွယ် .."
" ဗျာ....မင်းသားလေး
ဟုတ်လား....ကျွန်ပ်သိတဲ့ ဦးရီးစက္ကဒေ၀က
မင်းသားလေး...ဟုတ်လား......."
" တိုးတိုးပြောပါတူမောင်ရေတူမောင်ဘာမှမသိဘူးလား ဘုရင်ကြီးရဲ့ တောင်နန်း
စံမိဘုရားကြီးရဲ့သားတော်ကို တူမောင်မသိတာ
အံ့အြမိပါရဲ့ ..."
" ဟိုက္......"
ဂါမဏိမှာ အံ့အြခြင်းမယုံကြည်နိူင်ခြင်းတို့နဲ့အတူ ဟိုက်ခနဲ ဖြစ်သွားရတော့သည်။ သူသိသော ဦးရီးစက္ကဒေ၀မှာ ဘုရင့်သားတော်ဖြစ်နေမှန်း
ယခုမှသူသိရသောကြောင့် ဂါမဏိတစ်ယောက် အံ့အြလွန်းမက အံ့အြသင့်နေရခြင်းပင်။
" တူမောင်ကို မနက်ဖြန်မင်းသားလေးကညီလာခံကို တက်ရောက်ဖို့အမိန့်မှာထားတယ် စကားအပြောအဆို
ဆင်ခြင်ပါ… တူမောင်… "
" ဟုတ်ကဲ့ အကျွန်ပ်မသိလို့ပါ ..."
" တူမောင်ကံကောင်းတယ်
တူမောင်အပေါ် မင်းသားလေး
အတော်မျော်လင့်ထားပုံရတယ် တစ်ခြားသော
ဆရာကြီးတွေရဲ့တစ်ပည့်တွေကို သူ့တပည့်တွေကို အကြိုလွတ်ပေမယ့်
တူမောင့်ကိုကျ မင်းသားလေးကိုယ်တိုင်
အကြိုထွက်တာ တူမောင့်မရောက်ခင်ကတည်းက ညီလာခံမှာ တူမောင်မြင်းစီးဘယ်လောက်တော်ကြောင်း၊ မြှားပစ်ဘယ်လောက်တော်ကြောင်း၊ လှံရေး၊ဓားရေး ကိုယ်ခံပညာတော်ကြောင်း မကြာခနအားရ၀မ်းသာပြောတတ်တယ်
တူမောင်အပေါ် မင်းသားလေးအတော်
မျော်လင့်ထားပုံရတယ် ..….."
" ကျွန်ပ်ကို …ဦးရီး...အဲ...မင်းသားလေးက ဘာလုပ်ခိုင်းမလို့လဲ မသိဘူးနော် ...."
" ဒါတော့ မနက်ဖြန်ညီလာခံရောက်ရင်မင်းသားလေး မိန့်ကြားပါလိမ့်မယ်
ကျုပ်တို့အဲလောက်ထိ ညဏ်မမှီပါဘူး သိခွင့်လည်း မရှိပါဘူး တူမောင်ရေ…… "
" တစ်ခြားသောကျွန်ပ်လို ဆရာတွေဆီမှာပညာသင်နေတဲ့ လူတွေရောက်ကြပြီလားမသိဘူးနော်.…."
" ရောက်လောက်ပါပြီ
သူတို့လည်းတစ်ခြားအဆောင်တွေမှာနားနေကြပြီပေါ့ ...ဒါနဲ့ ကျုပ်နာမည်
ပံသု …တူမောင်လိုတာရှိရင်ခိုင်းဖို့
မင်းသားလေးက ကျုပ်ကိုအမိန့်ပေး ထားတယ် .....လိုအပ်တာကိုပြောပါ......"
"ကျွန်ပ်...ဂါမဏိ ..."
" ...ရော့ ..ဂါမဏိ ...ဒီ၀တ်စုံကမနက်ဖြန်
ညီလာခံ၀င်ဖို့ ၀တ်စုံ ..."
ဂါမဏိ တစ်ယောက်စစ်သည်ရဲမက်များ၀တ်ဆင်သော ၀တ်စုံအားကြည့်လျက်စိတ်လူပ်ရှားနေမိသည်မှာ ပံသုပြင်ပေးသော ညစာကိုစားသောက်၍သူအိပ်ရန်ပြင်ဆင်ထားသောအိပ်ယာပေါ်ရောက်ပြီး ညအတော်နက်သည်အထိအတွေးများစွာဖြင့်ရှိနေတော့၏ ။
စက္ကဒေ၀ဟု ခေါ်သောမင်းသားလေးမှာ အဘယ်ကြောင့် တောနက်ကြီးထဲရောက်နေရသနည်း။ထို့အပြင်
သူ့ဖခင်ကဲ့သို့တောပုန်းကြီးအားသိရှိနေခြင်းကရော။ တပည့်ဆယ်ယောက်ရှာ၍နန်းတွင်းသိုင်းအကျော်အမော်များကိုခေါ်၍သိုင်းပညာရပ်များနဲ့အခြားသောပညာရပ်များသင်ကြားစေခြင်းကရော စက္ကဒေ၀ ခေါ် မင်းသားလေးမှာ
မည်ကဲ့ သို့အကြံအစည်များရှိနေသနည်း။
နက်ဖြန်.....
နံနက်မိုးသောက်ချိန်
ညီလာခံရောက်ပါက အကုန်အစင်
သိခွင့်ရပေတော့မည်။
ထိုမနက်ဖြန်အား သိချင်စိတ်ပြင်း
ပျစွာရှိနေသော ဂါမဏိတစ်ယောက်
မစောင့်နိူင်အောင်ရှိနေပါတော့၏....။
========================
၄ -ဆက်ရန်
မြူခိုးအလင်္ကာ