book

Index 20

အပိုင်း (၂၀ ဇတ်သိမ်း)

မာရ်နတ်မင်း၏စစ်သူကြီး

====================


    မင်းတရားကြီးမျက်နှာမှာ ဝမ်းနည်းမူနဲ့အတူ

မျက်လုံးများက ဒေါသတရား ရောစွက်နေ၏။


  သို့ရာတွင် ...။


လူပ်ရှားသွားမူများက အထူးတလည်တည်ငြိမ်စွာ

ရှိနေ၏ ။


ရာဇသွေး၊ရာဇမာန်ရှိသူမို့လက်အောက်ငယ်သား

များရှေ့ စိတ်ခံစားချက်ကိုမပေါ်လွင်စေရန်အထူး

တလည်ထိန်းချုပ်ထားဟန်ရှိနေပုံပင်။


အချစ်ဆုံးသမီးတော်တစ်ယောက်ဆုံးပါးသွားခြင်း

ကိုဖခင်တစ်ယောက်အနေဖြင့် ဝမ်းနည်းပူဆွေး

မူကနိူင်းဆပြ၍မရနိူင်အောင်ရှိနေမည်မှာကား

မြေကြီးလက်ခတ်မလွဲပင်။


 တော်ဝင်မျိုးနွယ်များဆုံးပါးပါကအခမ်းအနားနဲ့

သင်္ဂြုလ်ရသော်လည်း ယခုအခြေအနေမျိုးတွင်

အခြေအနေအရဖြစ်သလို သင်္ဂြုလ်ရတော့မည်မို့

ထင်းခြောက်များပေါ်တွင်တောပန်းများဖြင့်တန်ဆာ

ဆင်စေ၍ မင်းသမီးကိုမီးသင်္ဂြ ိုလ်ရန်ပြုလုပ်ထား

၏။ 

နန္ဒာမာလာမှာ မင်းသမီးတစ်ယောက်၏ဝတ်စား

ဆင်ယင်မူနဲ့ တောပန်းများကြားအိပ်ပျော်နေသကဲ့

သို့ရှိနေပါ၏ ။


ဂါမဏိမှာ နန္ဒာမာလာ ရုပ်အလောင်းကိုကြည့်ရင်း

ခံစားမူကိုမထိန်းချုပ်နိူင်စွာ လူအုပ်ကြားမှရှောင်ထွက်၍ လူရှင်းရာနေရာတစ်

ခုတွင်ဝမ်းပမ်းတနည်းရိူက်ငိုနေမိတော့၏ ။


ဂါမဏိမှာ နန္ဒာမာလာ သေဆုံးခြင်းကိုပြောပြရာတွင်သူ့အကြောင်းအတိ

အကျပြောဆို၍မရသောကြောင့် ဒတ္တာနဲ့အလောင်း

အစားပြုတိုက်ခိုက်ပုံ၊ ဒတ္တာထောင်ချောက်ဆင်

လုပ်ကြံမူကြောင့် မင်းသမီးသေဆုံးရပုံကို အမှန်

တဝက်၊မုသားတဝက်ရော၍ပြောပြဖြစ်၏။


မင်းသမီးမှသူ့အားသွေးတိုက်၍မင်းသမီးသေဆုံး

ရခြင်းမှာသူ့ကြောင့်ဆိုကာမင်းပြစ်မင်းဒဏ်သင့်မည်မကြောက်သော်လည်း၊ လူသားမဟုတ်ပဲ

မိစ္ဆာသွေးနှောသောသူ့အခြေအနေကိုတစ်ခြားသူ

များသိသွား၍မရသော သူ့အခြေအနေလျို့ဝှက်

ချက်ကြောင့်ဖြစ်၏ ။


ဂါမဏိမှာငိုကြွေးနေရာမှ မင်းသမီးအလောင်းရှိရာ

ကြည့်လိုက် မီးရိူ့သဂြိုင်္လ်နေပြီမို့ မီးတောက်မီးညွန့်များကိုလှမ်းမြင်နေရ၏ ။


ဂါမဏိ မှာ ဝမ်းနည်းစိတ်နဲ့အတူ အံကိုတင်းတင်း

ကြိတ်ထားရာ မေးကြောကြီးများထောင်ထ၍

မျက်လုံးများငိုထား၍ရဲရဲနီလျက် သူ့အသွင်မှာ

ရက်စက်ရန်လိုဟန်ရှိနေ၏ ။


  မကြာမှီ စစ်ချီ ဗုံသံ၊ ကျွဲချိုမူတ်သံများထွက်ပေါ်

လာတော့၏ ။


ဘုရင်မင်းကြီးဦးဆောင်သော ဆင်တပ်မြင်းတပ်

ခြေလျင်တပ်များ စန္ဒကူးမြို့သို့စစ်ချီတက်လာကြ

ပြီဖြစ်တော့၏ ။


စက္ကဒေဝမှာစိတ်မတည်ငြိမ်စွာ စန္ဒကူးမြို့ သူယာယီစံနန်းဆောင်တွင်ရှိနေပါတော့၏ ။


သူအားထားရသောစစ်သူကြီး ဒတ္တာကျဆုံးခြင်းက

သူ့အတွက်အခက်အခဲ ကြုံရစေ၏ ။


ယခုစစ်ပွဲကိုရှောင်လွဲပါကလည်းသူ့အတွက်နောက်

တကြိမ်အခွင့်အရေးရရန်မလွယ်ကူတော့ပေ။


ယခုဆိုလျင်နယ်စွန်နယ်ဖျားမြို့ငယ်လေးများမှာ

သူ့လက်အောက်တွင်ရှိနေပြီမို့ ယခုစစ်ပွဲကိုသာ

သူနိူင်ပါက သူတသက်လုံးမျော်လင့်ခဲ့ရသော

ဘုရင်အဖြစ်ကိုရနိူင်ပြီမို့ နောက်မဆုတ်ရန်ဆုံး

ဖြတ်၍ လက်ရွေးစင်တပ်သားများကို

တရုတ်ပြည်မှစစ်သည်များနဲ့ ပူးပေါင်းစေ၍

တပ်ကိုသူကိုယ်တိုင်ဦးစီးတိုက်ရန်ဆုံးဖြတ်လိုက်၏။


    မကြာမှီ... ။


ဆင်တပ်၊မြင်းတပ် ခြေလျင်တပ်များ စန္ဒကူးမြို့တခါးမှတဆင့်မြို့ပြင်သိုအလျိုလျို

ထွက်လာကြတော့၏ ။


 စွယ်စုံဆင်ဖြူတော်ကြီးပေါ်မှ ထီးဖြူဆောင်း၍

မင်းဝတ်တန်ဆာများဝတ်ဆင်၍ စစ်တပ်ကြီးကို

ဦးဆောင်လာသူမှာ စက္ကဒေဝ ပင်ဖြစ်ပါတော့၏။


ကျယ်ပြန့်သောကွင်းပြင်ကြီးတွင်စစ်တပ်နှစ်တပ်မှာ

တစ်တပ်ကိုတစ်တပ်လှမ်းမြင်နိူင်သောအကွာအဝေးသို့ရောက်လာကာ သွေးချောင်းစီးစစ်ပွဲကြီးတပွဲ

ဆင်နွဲရန်ချီတက်လာကြတော့၏ ။


ကောင်းကင်ပြင်မှာလည်းတိမ်မဲကြီးမှာဖုံးလွမ်း၍

လျပ်စီးများလက်၍ မိုးခြိမ်းသံများဆက်တိုက်ထွက်

ပေါ်နေကာ လေပြင်းများနဲ့အတူ၊မိုးစက်မိုးပေါက်

မှာမြှားတံများအလား ကျဆင်းလာကြတော့၏။


မကြာမီအချိန်တွင်းပြင်းထန်သောစစ်ပွဲကြီးတစ်ခု

စတင်ဖြစ်တည်လာတော့၏ ။


အော်ဟစ်မာန်သွင်းသံ၊ဆင်သံ၊မြင်းသံ၊နာကျင်စွာ

အော်ဟစ်သံတို့က မိုးသံလေသံများကိုထွင်းဖောက်

၍ထွက်နေတော့၏ ။


အလောင်းများနဲ့အတူ ဒဏ်ရာရ၍မြေကြီးပေါ်လူး

လှိမ့်နေသူများဆီမှထွက်သော သွေးများမှာ မိုးရေ

များနဲ့ရောထွေး၍နီစွေးစွာရှိနေပါ၏ ။


   ဂါမဏိ ငနက်ကျော်ကိုစီးနင်း၍ရန်သူများကြား

တိုက်ပွဲဝင်လျက်ရှိနေပါ၏ ။


သူ့စိတ်များမှာအထူးတလည်ခက်ထန်နေလျက်

ဘယ်ညာတစ်ဖက်တစ်ဖက်တစ်ချက်မှရန်သူများ

ကိုဓားဖြင့်လွဲပိုင်းလျက်ရှိနေ၏။


    ရန်သူများမှာ ဝတ်ရုံဝတ် မြင်းနက်ကြီးစီးထား

သောဂါမဏိကိုကြည့်၍ နတ်ဆိုးစစ်သည်တော်

တစ်ယောက်အလားကြောက်လန့်စိတ်ပေါ်နေမိ

ကြတော့၏ ။


  ဂါမဏိမြင်းဖြတ်သွားရာလမ်းတလျောက်တွင်

ရှိနေသူများမှာအတုန်းအရုန်းဖြင့် ဂါမဏိ ဓားချက်

မိကုန်ကြတော့၏ ။


  တိုက်ပွဲမှာတဖြည်းဖြည်းဖြင့် စက္ကဒေဝဖက်မှ

အကျအဆုံးများ၍အရေးနိမ့်လာနေတော့၏ ။


ဂါမဏိမှာ လျပ်စီးတချက်အလက်တွင်ဆင်ဖြူတော်ထက်တွင်

တိုက်ပွဲကိုညွန်ကြားနေသော စက္ကဒေဝကိုလှမ်း

တွေ့လိုက်ရရာထိုနေရာသို့မြင်းကိုဒုန်းစိုင်း၍ဝင်

သွားတော့၏ ။


စက္ကဒေဝဆင်အနီးတွင် အကာအကွယ်ပြုနေကြ

သော လက်ရွေးစင်စစ်သည်တော်များမှာ

ဂါမဏိကိုတားစီးရန်မစွမ်းဆောင်နိူင်ကြပေ။


ဂါမဏိမှာ သူ့အား လှံဖြင့်ပင့်ထိုးလာသူတစ်ယောက်ထံမှ လှံကိုလုယူ

၍ထိုသူကိုဓားဖြင့်လက်ပြန်ပိုင်းလိုက်ပြီးတဆက်တည်းစက္ကဒေဝထံသို့ လှံဖြင့်လှမ်းပစ်လိုက်ရာ

စက္ကဒေဝမှာ လှံတံထိမှန်၍ ဆင်ပေါ်မှအောက်

သို့ပြုတ်ကျသွားခြင်းကိုတွေ့လိုက်ရ၏ ။


ယခုကားတိုက်ပွဲမှာ စက္ကဒေဝ ကျဆုံးခြင်းနဲ့အတူ

သူ့လူများမှာလည်းခေါင်းဆောင်ကျဆုံးခြင်းကြောင့်

အစည်းပြေသွားသော ဝါးစည်းကဲ့သို့ ဖရိုဖရဲဆုတ်ခွာကုန်ကြရာ ဘုရင့်တပ်သားများ

ထွက်ပြေးသူများနောက်သို့လိုက်၍ လိုက်လံတိုက်

ခိုက်နေကြတော့၏ ။


ဂါမဏိမှာ စက္ကဒေဝ အနီးမြင်းကိုမောင်းသွား၍

မြင်းပေါ်မှခုန်ဆင်း၍ စက္ကဒေဝ အနီးသို့လျောက်သွားလိုက်၏ ။


စက္ကဒေဝမှာ ဂါမဏိ ပစ်လိုက်သောလှံချက်က

နံကြားသို့ထိုးဖောက်သွားခြင်းနဲ့အတူ၊ ဆင်ပေါ်မှ

ပြုတ်ကျသောအရှိန်ရောပေါင်း၍ နတ်ရွာစံသေဆုံး

သွားပြီဖြစ်၏ ။


ဂါမဏိမှာသေဆုံးနေသော စက္ကဒေဝကိုကြည့်ရင်း

တစ်ချိန်က စိတ်ဓတ်ကျနေသော လူငယ်လေး

တစ်ယောက်အနားရောက်လာခဲ့သောလူကြီးတစ်

ယောက်၊ဘဝတဆစ်ချိုးအလှည့်အပြောင်းတကွေ့

ပြောင်းလဲစေခဲ့သော လူကြီးတစ်ယောက်ဖြစ်သော

စက္ကဒေဝနဲ့ဂါမဏိဆိုသော သူ့အကြောင်းကို

ပြန်ပြောင်းတွေးနေမိတော့၏ ။


”....တကယ်တော့ ဦးရီးနဲ့ကျုပ်နဲ့ဟာ မခြားနား

ပါဘူး ဦးရီးဟာ မကောင်းဆိုးဝါးမာရ်နတ်ဆိုရင်

 မာရ်နတ်ရဲ့ စစ်သူကြီးအဖြစ် ရှိနေပါပြီ 

တကယ်တော့ကျုပ်ဟာ မာရ်နတ်ကမွေးထုတ်ပေးတဲ့ မာရ်နတ်မင်းရဲ့ စစ်သူကြီးတစ်ယောက်ပါ..... ”


ထိုစကားများမှာ ဂါမဏိ ရင်တွင်းမှ ထွက်ပေါ်လာ

သောစကားများသာဖြစ်ပါတော့၏ ။


မနက်ခင်းအလင်းရောက်ယှက်သန်းလာခြင်းနဲ့အတူနေ့သစ်တစ်ခုအစပျိုးလာခဲ့ပြီဖြစ်၏ ။


ယခုဆိုလျင်စက္ကဒေဝ သိမ်းပိုက်ထားသော စန္ဒကူး

မြို့မှာဘုရင့်လက်အတွင်းပြန်ရောက်လာခဲ့ပြီဖြစ်၏။

စက္ကဒေဝနောက်လိုက်နောက်ပါများကိုလည်းတော်

သင့်သောအပစ်များဖြင့်စီရင်လျက်ရှိနေ၏ ။


ဂါမဏိမှာ ဘုရင်မင်းမြတ်ဆင့်ခေါ်မူဖြင့် ရှေ့တော်မှောက် အခစားဝင်နေရ၏ ။


”...ဂါမဏိ ညကတိုက်ပွဲ အောင်ပွဲရမူမှာ

မောင်မင်း စွမ်းဆောင်မူအများကြီးပါတယ်...

မောင်မင်းရဲ့ရဲစွမ်းသတ္တိရှိမူတွေကို နှစ်ခြိုက်တော်

မူတယ် မောင်မင်းကိုရာထူးအာဏာတစ်ခုခုနှင်းအပ်လိုတယ်...”


”...အရှင်မင်းကြီး ကျွန်တော်မျိုး တစ်ခုတင်လျောက်စရာရှိပါတယ်....အရှင်မင်းကြီး

တောင်းခိုင်းတဲ့ဆုတစ်ခုကိုအခုတောင်းဆိုလို

ရမရသိလိုပါတယ်...”


”…ငါကိုယ်တော် မမေ့ဘူး ဂါမဏိ

အသင်လိုရာဆုကို ချီးမြောက်ဖို့အဆင်သင့်ပါ..”


”...တစ်ခြားမဟုတ်ပါဘူး အရှင်မင်းကြီး

ဒီမြို့ဟာအရှင်မင်းကြီးကိုပုန်ကန်ခြားနားသူ စက္ကဒေဝ အခြေစိုက်ရာမြို့ဖြစ်ခဲ့တော့ ရန်သူသစ္စာ

ဖောက်တွေကျန်နေနိူင်ပါသေးတယ်....

ဒီလူတွေကိုရှာဖွေဖော်ထုတ်ပြီး အပြစ်စီရင်ခွင့်

ကျွန်တော်မျိုးလုပ်လိုပါတယ်.....”


”…ငါကိုယ်တော် ခွင့်ပြုတော်မူတယ် ဂါမဏိ

အပြစ်သားတွေကို မောင်မင်းစိတ်တိုင်းကျ 

အပြစ်စီရင်နိူင်ပါတယ် မောင်မင်းအတွက်

တပ်ဖွဲ့တစ်ဖွဲ့ပေးမယ် ရန်သူအစွယ်ရှာဖွေဖော်

ထုတ်ပါ....”


”...ကျေးဇူးတော်ကြီးလှပါတယ် အရှင်မင်းကြီး

ကျွန်တော်မျိုး အရှင့်အမူတော်ကို ဝမ်းမြောက်စွာ

ထမ်းရွက်ပါ့မယ်....”


ဘုရင်မင်းမြတ်ထံမှ သူတောင်းဆိုချက်ရ၍ထွက်

လာသော ဂါမဏိတစ်ယောက်ရက်စက်စွာပြုံးလိုက်

တော့၏ ။


ပထဆုံးအနေဖြင့် ဂါမဏိ မှာနှစ်ရှည်လများတွေ့လို

သောမိခင်ကို သူနေထိုင်ရာအရပ်တွင်သွားရောက်

ရှာဖွေရာ မတွေ့ရခြင်းကြောင့်စိတ်ပူပန်သွားရမိ၏။


သူနေထိုင်ရာမြို့စွန်အရပ်အိမ်ငယ်မှာ လူမနေသည်မှာကြာဟန်ခြုံနွယ်များဖုံးလွမ်းကာ

အိမ်မှာပြိုကျပျက်စီးနေခြင်းနဲ့အတူ ဘေးပတ်ဝန်းကျင်တွင်မိခင်အကြောင်းစုံစမ်းမေးမြန်းကြည့်ရာ သားဖြစ်သူပျောက်သွားပြီးများမကြာ

မှီမြို့မှထွက်သွားကြောင်း၊ မည်သည့်အရပ်သို့

သွားသည်ကိုမသိရှိကြောင်း ပြောဆိုလာကြ၏။


မြို့နေလူများမှာ ဂါမဏိ ကိုမှတ်မိဟန်မတူကြချေ။


ရာဇဝတ်သားတစ်ယောက်၏ ဇနီးနဲ့သားကိုမေးမြန်း

မူကြောင့် မယုံသင်္ကာ အကြည့်ဖြင့် ကြည့်ကာ

ဝေးဝေးရှောင်သွားကြခြင်းကြောင့် ဂါမဏိ နာကျင်စွာပြုံးလိုက်မိ၏ ။


သူ့အတွက်ပေးထားသော တပ်သားရဲမက်များကို

အရပ်လေးမျက်နှာသို့ လွတ်၍ရှာခိုင်းသော်လည်း

မိခင်သတင်းတစ်စုံတရာကိုမကြားရချေ။


လင်သေ၊သားပျောက်ဖြင့်မိခင်ကြီးတစ်ယောက်

သေဆုံးသွားပြီလားဟူ၍ ဂါမဏိ ထိတ်လန့်စွာ

တွေးနေမိ၏ ။


နောက်တစ်နေ့နံနက်တွင် ဘုရင်မင်းကြီးမှာ ဂါမဏိ

အားမြို့ကိုလွဲအပ်၍ မင်းနေပြည်တော်သို့ ပြန်ကြွ

သွားပြီဖြစ်၏ ။


ဂါမဏိမှာ ဘုရင်မင်းကြီးမရှိသည်နဲ့ ရန်သူအစွယ်အပွားရှာဖွေရေးကို စတင်လိုက်တော့၏ ။


သူနေထိုင်ခဲ့ရာ ပတ်ဝန်းကျင်မှ အိမ်များမှ ယောက်ကျားသားများ ၊သူငှေးသူကြွယ်များမှာ

မကြာမှီ အချိန်အတွင်း  အချုပ်ဆောင်အတွင်း

ရောက်ကုန်ကြတော့၏ ။


အားလုံးသောအချုပ်သားများမှာ တူညီသော

အပြစ်ခေါင်းစဉ်တစ်ခုဖြင့်ချုပ်နှောင်ခြင်းခံရ၏။


ထိုအပြစ်ခေါင်းစဉ်မှာ...။


ဘုရင်မင်းမြတ်ကိုတော်လှန်ပုန်ကန်သောစက္ကဒေဝ

ကိုသစ္စာခံ၍အားပေးကူညီမူ ဖြစ်၏ ။


လူစည်ကားရာ လမ်းဆုံ လမ်းခွတိုင်းတွင်နေ့စဉ်

ကြိုးမိန့်ကျ အကျည်းသားဆယ်ယောက်မကရှိကာ

တမြို့လုံး သစ္စာဖောက်အကျည်းသားများကိုလာ

ကြည့်ရမည်ဟူသော အမိန့်တစ်ခုလည်းရှိနေ၏။


စန္ဒကူးမြို့လူစည်ကားရာနေရာများတွင်

ကြိုးပေးအသတ်ခံရသူမိသားစုဝင်များ ငိုကြွေး

သံများဖြင့် နေ့စဉ်နေ့တိုင်းရှိနေကာ မြို့မှာသွေး

ညှီနံ့များဖြင့်ဖုံးလွမ်းနေလျက်ရှိနေပါတော့၏။


ဂါမဏိမှသွေးရောထားသော အရက်ခွက်ကိုသောက်ရင်းကြိုးပေးသတ်ခြင်းမြင်

ကွင်း၊ငိုကြွေးနေကြသောမိသားစုဝင်များကိုအား

ရကျေနပ်စွာကြည့်ရင်းရှိနေပါတော့၏ ။


ဂါမဏိမှာ သူ့ငယ်ဘဝခံစားရမူများကိုအခွင့်ကြုံချိန်

တွင်လက်တုန့်ပြန်နေခြင်းပင်။


ရာထူးအာဏာမှာ သူ့လက်အတွင်းရှိနေကာ အမှား

အမှန်ကလည်း သူစကားပင်ဖြစ်၏ ။


ထိုသို့ကြိုးပေးစီရင်နေသည်မှာယခုဆိုလျင်တပတ်

ခန့်ရှိပြီဖြစ်၏ ။


ဂါမဏိ ယိုင်ထိုးစွာဖြင့် သူနေထိုင်ရာအဆောင်သို့

ပြန်လာပြီး ဝက်သွေးများဖြင့်ရောထားသောအရက်

ကိုဇိမ်ခံသောက်နေစဉ် အပြင်ဖက်မှစကားသံများ

ကြားလိုက်ရသောအခါ အမူးပြေသလိုပင်ဖြစ်သွား

မိ၏ ။

”...ကျုပ်တို့ခေါင်းဆောင်ကိုတွေ့ချင်တိုင်း

တွေ့လို့ရတယ် ထင်လို့လား သွား..အမယ်အိုကြီး

ဒီက အမြန်ပြန်တော့....”


”...ခနလေးပါကွယ် အမယ်ကြီး မောင်တို့

ခေါင်းဆောင်ကို စကားတစ်ခွန်းနှစ်ခွန်းပြောချင်ရုံပါ...”


”...ဟာ...ဒီအမယ်ကြီး....သွား...သွားဆိုသွား..”


… ရဲမက်...ရာရာစစ.. ကျွန်ပ်မိခင်ကိုတွန်းထိုး

ရဲတယ်ပေါ့... ကဲ...တွန်းထိုးတဲ့လက်....

....ဒုတ်....


....အား....


...အလိုလေး....


အသက်အတန်ငယ်ကြီးရင့်နေသော ပိန်ပိန်သေးသေးအမယ်အိုကြီးတစ်ယောက်နဲ့ တခါးစောင့်ရဲမက်စကားပြောဆိုကြရင်း ရဲမက်ကတွန်းလိုက်ရာ အမေအိုကြီးမှာမြေပြင်ပေါ်

ပုံပုံလေးလဲကျသွားရှာကာမထနိူင်ပဲရှိနေ၏။


ဂါမဏိမှာ ထိုမြင်ကွင်းကိုကြည့်၍ဒေါသသွေးများ

ငယ်ထိပ်ဆောင့်တက်ကုန်၏။


အကြောင်းမှာ..။


အသံကြားစဉ်ကပင် မိခင်အသံနဲ့တူ၍ အပြင်ထွက်

ကြည့်ရာမှ ရုပ်ကိုမြင်လိုက်ရချိန်မိခင်မှန်းသေချာ

သွား၍ အစောင့်ကိုဒေါသဖြစ်ကာ ခါးကြားတွင်

ချပ်ထားသော ဓားကိုဆွဲထုတ်၍ ထိုအစောင့်လက်အားပိုင်းဖြတ်လိုက်ရာ ဂါမဏိ

မိခင်ကြီးမှာ မျက်လူးအပြူးသားဖြင့်ယောင်ယမ်း

အော်ဟစ်ရင်းရှိနေတော့၏ ။


...လာ..အမိ...အမိကို သားလိုက်ရှာတာခုမှတွေ့ရတော့တယ်...ဝမ်းမြောက်ဝမ်းသာရှိလိုက်တာအမိရေ..

ကျုပ်အရမ်းပျော်တယ်....


ဂါမဏိ မှာမိခင်ကိုကြင်နာစွာဖေးထူ၍ အတွင်းသို့

ခေါ်သွားချိန်အစောင့်မှာသွေးအိုင်အတွင်းလူးလှိမ့်

ကျန်နေရစ်တော့၏ ။


...ထိုင်...အမိ......

အမိဘယ်တွေပျောက်နေတာလဲ အမိကိုကျုပ်

နေရာအနှံရှာနေတာ..


...သား...သား...ငါ့သားလေး..ဂါမဏိ ဘယ်လိုတွေဖြစ်နေတာလဲကွယ်....


...အမိ  ကျုပ်တို့သားအမိကိုဘယ်သူမှမစော်ကား

ဝံ့တော့ဘူး အမိသာဆန္ဒရှိရင်ကျုပ်ခုမြို့ကိုမီးရိူ့

ပေးမယ်..


..သားရေ..ဒါဆို...အခုကြိုးပေးသတ်တဲ့လုပ်ရပ်တွေငါ့သားလုပ်နေတာပေါ့...ဘုရား...ဘုရား...


...ဟုတ်တယ်အမိ ကျုပ်တို့သားအမိကို 

ရာဇဝတ်သားရဲ့မယားနဲ့ သားအဖြစ်နှိမ့်ချပြောဆို

ခဲ့သူတွေအခုတော့ သူတို့အလှည့်ရောက်ပြီလေ

ဟားဟားဟား..


...သားလေးရယ် ဖြစ်မှဖြစ်ရလေကွယ်....


...အမိဘာလို့ငိုရတာလဲဗျာ အမိငိုရင်ကျုပ်ရင်ထဲ

မချိဘူးဗျ..တမြို့လုံးကိုထပ်သတ်အုံးမယ်....


...မလုပ်ပါနဲ့ သားလေးရယ် ပြီးခဲ့တာပြီးပါစေတော့

အမိခုလာတာက တခြားနယ်ကနေပြီးမြို့မှာမြို့သားတွေ

မတရားအသတ်ဖြတ်ခံနေကြားလို့ သူတို့

ခေါင်းဆောင်ကိုတောင်းပန်ရအောင်ရောက်လာ

တာပါ ခုတော့ အဲဒီလူက အမိသားဖြစ်နေရတယ်လို့.....


..ဘာလို့လဲအမိ ကျုပ်တို့အလှည့်တုန်းကခံရပြီးပြီလေ..


...သား ဖခင်ဟာလည်းမတရားစွတ်စွဲပြီးသတ်

ခံခဲ့ရတာလေ....


..အဲတာတွေ ကျုပ်အကုန်သိပြီးပြီ ကျုပ်အရင်ကတည်းကတွေးထားတာက တစ်နေ့

ကျုပ်တို့သားအမိကိုစော်ကားနှိမ့်ချသူတွေလက်တုန့်ပြန်ဖို့ အခုအဲဒီဆန္ဒတွေပြည့်ပြီအမိ 

ကျုပ်ကိုအမိမတားပါနဲ့....


...အော်..ငါရဲ့ရိုးသားဖြူစင်တဲ့သားလေး

ဂါမဏိကို အမိဆုံးရူံးလိုက်ရတာသေချာသွားပြီကိုး....


ဂါမဏိမိခင်မှာ သူရူးတစ်ယောက်လိုဖြစ်နေသော

သားငယ်ကိုကြည့်ကာ ရင်ထဲမချိနိူင်ဟန်ဖြင့်မျက်

ရည်များကျဆင်းလျက်ရှိနေ၏ ။


မြို့သို့လာရာလမ်းတလျောက်တွင်လည်းရက်စက်

လွန်းသောလူသတ်ကောင်အကြောင်းနားမဆန့်အောင်ကြားလာရရာထိုသူမှာသူ့သားဖြစ်မှန်းသိလိုက်ရချိန်ရင်ကွဲမတတ်ကြေကွဲသွားမိ၏ ။


”..အမိတစ်ခုမေးချင်တယ် နောက်ဆုံးမေးတာ

သားလေး..

.သား မြို့သားတွေကိုခွင့်လွတ်ပေးလို့မရဘူးလား..”


”...ဆက်လုပ်မှာအမိ ကျုပ်ရင်ထဲက 

အမုန်းတွေက ခုလောက်နဲ့မရပ်သေးဘူး

တမြို့လုံးကိုပါ မီးတင်ရိူ့ချင်နေတာ...”


”ကောင်းပါပြီကွယ်...အမိ သားဆန္ဒကို

မတားတော့ပါဘူး...အမိနဲ့သားခုမှပြန်တွေ့ရ

တော့ငယ်ငယ်ကလို သားလေးကို အမိပေါင်

ပေါ်အိပ်ခိုင်းပြီး သားနဖူးလေးတွေကိုသပ်ပြီး

ပုံပြင်လေးပြောချင်နေမိတယ်....”


”...ဟာ..အမိ.. ကျုပ်အမိပုံပြင်နားမထောင်

ရတာကြာပြီ...ပြောပြနော်...အမိပေါင်ပေါ်မအိပ်

ရတာလည်းအတော်ကြာနေပြီ...”


ဂါမဏိမှာ သူ့အိပ်ယာပေါ်ရှိမိခင်ပေါင်ပေါ်ခလေး

တစ်ယောက်လိုလှဲအိပ်၍မျက်လုံးများမှေးမှိတ်

ထားတော့၏ ။


မိခင်ဖြစ်သူမှာ ဂါမဏိ နဖူးပေါ်ကျနေသောဆံပင်များကိုနောက်လှန်ပွတ်သပ်ပေး၍ ပုံပြောရန်အစချီလိုက်တော့၏ ။


”....ဟိုးတခါဆီက အင်မတန်ရိုးသားတဲ့ ကောင်

ငယ်လေးတစ်ယောက်ရှိခဲ့ဖူးတယ် သူ့နာမည်ကို

သူမိခင်က ဂါမဏိလို့မှည့်ခေါ်ခဲ့တယ်...


.အဟင့်..

ဟင့်...အမေကိုခွင့်လွတ်ပါသားရယ်..


..စွပ်...


..အား...အမိ...


ဂါမဏိမိခင်မှာဂါမဏိမျက်လုံးမှေးမှိတ်ထားစဉ်

အိပ်ယာဘေးမှဓားမြောင်လေးကိုဂါမဏိမသိစေရန်

ယူလိုက်ရင်း ဂါမဏိ နှလုံးသားကိုလက်နှစ်စုံမြောက်၍ထိုးချလိုက်၏။


ဂါမဏိမှာအသည်းတွင်စူးခနဲတချက်နာကျင်မူနဲ့အတူအလန့်တကြားမော့ကြည့်မိရာ ငိုကြွေးနေသော

မိခင်ဖြစ်သူအားတွေ့လိုက်ရတော့၏ ။


...လုပ်ရက်လိုက်တာ အမိရယ်....


..အမိကိုခွင့်လွတ်ပါ သားရယ်.. သားနှလုံးသားကို

ထိုးစိုက်တဲ့ဓားက အမိနှလုံးသားကိုပြန်ထိုးစိုက်

နေရသလိုခံစားရပါတယ်....


ဂါမဏိမှာမျက်လုံးများပြာဝေပြီးရင်ဘတ်မှအောင့်

တက်လာ၏ ။

မိခင်ဖြစ်သူထိုးသောဓားချက်မို့ပြန်လက်တုန့်ပြန်

ရန်ကားစိတ်ကူးမရှိပေ။


သူနားအတွင်းတစ္ဆေကြီးပြောစကားများပြန်ကြား

ယောင်နေမိ၏ ။


သူ့သေခြင်းတရားမှာ လူတယောက်၏စိတ်ဆုံးဖြတ်

ချက်အပေါ်မူတည်သည်ဆိုရာတွင် ထိုလူကိုသူ့မိခင်ဟုတခါမျ အတွေးမဝင်ခဲ့ဖူးပေ။

ယခုကားမိခင်စိတ်ကသူ့အတွက်သေခြင်းတရားကို

ရွေးချယ်ခဲ့ချေပြီ...။


မျက်လုံးများပြာဝေနေသည့်ကြားမှ မိခင်ကိုမော့ကြည့်ရင်း အားတင်းစကားဆိုနေမိ၏။


..သား...သား...ကို...ပုံ..ပြင်..ဆက်...ပြော...


....အဟင့်...ဟင့်...ဂါမဏိလေးဟာနောင်တချိန်

ကြီးပြင်းလာတော့...ဟင့်....ပြည်သူတွေကိုကာကွယ်တဲ့စစ်သူကြီးတစ်ယောက်...အဟင့်.....


 ဂါမဏိမှာမိခင်ပေါင်ပေါ်ခေါင်းတင်၍ငြိမ်သက်သွား

ပြီဖြစ်၏။

အခန်းအတွင်းရိူက်သံစွက်၍ ပုံပြောနေသော ဂါမဏိ မိခင်အသံသာ ပျောက်သွားလိုက်ပေါ်လာ

လိုက်ဖြင့်ရှိနေပါတော့သတည်း။


==========================

ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: