👣မာရ်နတ်မင်း၏စစ်သူကြီး👣
=======================
မနက်စောစောနေမထွက်မီအချိန်
လောက်ကတည်းကပင်
ဂါမဏိနဲ့ ပညာသီလတို့နှစ်ယောက်မှာ
ရွာအပြင်ရောက်လာခဲ့ကြပြီဖြစ်သည်။
ဂါမဏိ ကျောပြင်တွင်အ၀တ်ဖြင့်
ထုတ်ပိုးထားသောအထုတ်တစ်ထုတ်ကို
လွယ်ထားပြီးသူ့လက်တစ်ဖက်မှ မြင်း
တစ်ကောင်အားဇက်ကြိုးမှဆွဲလာခဲ့၏ ။
" လူလေး လမ်းခရီးကကြမ်းတယ်
တစ်ပတ်လောက်တော့သွားရလိမ့်မယ်
အစစအရာရာသတိထားပါလူလေး.."
" အဘိုး မြေးကတော့ အဘိုးနဲ့
ခွဲရတာစိတ်မကောင်းဘူး
တကယ်လို့ပြန်လာရင်လည်း အောင်ပန်း
ဆင်ပြီးပြန်လာပါ့မယ်
မြေးမသွားခင် အဘိုးကို ကန်တော့ခဲ့ပါတယ် ...."
" အေး...လူလေးလမ်းခရီးတစ်လျောက်ဘေးမသီရန်မခပဲသွားလာနိူင်ပါစေ။
အန္တရယ်အခက်အခဲတွေကြုံလာရင်လည်းတွန်းလှန်ကျော်ဖြတ်နိူင်ပါစေကွယ်
ရော့...လူလေးအတွက်အဘိုးလက်ဆောင်.."
" ဟင်...ကောင်းလိုက်တဲ့ ဓား..."
" မိုးကြိုးသွားနဲ့ အကောင်းစားသံရောစပ်ပြီး လုပ်ထားတဲ့ ဓားကောင်း
တစ်လက်ပဲ လူလေးရေ
လူလေးကို အဘိုးကိုယ်စားဒီဓားက
စောင့်ရှောက်ပေးပါလိမ့်မယ် "
" အဘိုး ကျန်းမာရေး ဂရုစိုက်နော်
မြေးသွားတော့မယ် အဘိုး "
ဂါမဏိမှာ ပညာသီလ လက်ဆောင်ပေးသောဓားကို ကျောတွင်လွယ်လိုက်ရင်းမြင်းပေါ်တက်ကာ ဒုန်းစိုင်းထွက်ခွာသွားတော့၏ ။ ခပ်ဝေးဝေး ရောက်မှ
ဂါမဏိ နောက်သို့တစ်ချက်ပြန်လှည့်ကြည့်ရာ သူစထွက်လာစဉ်ကအတိုင်း
နေရာတွင်ရပ်၍ သူ့အားငေးကြည့်နေသောပညာသီလအားသူတွေ့လိုက်ရတော့သည်။
ဂါမဏိမှာ နေမမြင့်မှီ ခရီးရောက်နိူင်စေသမျ ရောက်ရန်မြင်းကို ဒုန်းစိုင်း
၍မှောင်းနှင်လာခဲ့တော့သည်။
ဂါမဏိမှာသုံးနှစ်တာကာလပညာသင်နေချိန်အတွင်းသူအမိကို သတိရမိ၏ ။
သို့သော်လည်းသူ့အနေဖြင့် မိခင်အားသတိရစိတ်ကိုချိုးနှိမ်ထားမိသည်။
အနိူင်ကျင့် ၊ ဖိနှိပ်ခံရသောပတ်၀န်း
ကျင်သို့သူဒီအတိုင်းမပြန်လိုပေ။
တစ်ချိန်တွင်သူ့အနေဖြင့်အားလုံးကို
အနိူင်ယူနိူင်သောလူတစ်ယောက်အဖြစ်
ပြန်သွားလိုသောကြောင့် မိခင်အားသတိရကာတွေ့လိုသောဆန္ဒားချိုးနှိမ်ထားရသည်။
နေမွန်းတည့်ချိန်အထိမြင်းအားတောလမ်းအတိုင်းစီးချက်ကျကျစီးနင်း
လာသော ဂါမဏိမှာ နေ့လည်စာလည်း
စားရန်မြင်းကိုလည်း အနားပေးရန်လို
အပ်လာသောကြောင့် အကိုင်းအခက်များဝေဆာစွာဖြင့်အုပ်မိုးလျက်ရှိသော
သစ်ပင်ကြီးတစ်ပင်အောက်တွင်မြင်းပေါ်မှဆင်းလျက် သူ့မြင်းကို အနီးတွင်ရှိသောမြက်ခင်းပေါ်တွင် လွတ်ထားလိုက်သည်။ ထို့နောက်အပင်အောက်တွင်
ခြေဆန့်လက်ဆန့်အမောအပန်းဖြေလိုက်ရင်း....
သစ်ရွက်ဖြင့် ပညာသီလ ထုတ်ပေးလိုက်သောထမင်းထုတ်အားဖြေ၍စားသောက်လိုက်၏ ။ ထို့နောက်ခတဖြုတ်ထမင်းလုံးစီကာ အပင်ကြီးအားကျောမှီကာနေလိုက်သည်။
ပြီးမှ မြင်းပေါ်တက်၍ ခရီးဆက်လက်ထွက်ခွာလာခဲ့တော့သည်။
တစ်နေကုန်ခရီးပြင်းနှင်လာသော
ဂါမဏိတစ်ယောက် ညနေစောင်းအချိန်
ရောက်သောအခါ ကွင်းပြင်ကြီးတစ်ခုဘေးမှ ယိုင်နဲ့ပျက်စီးစပြုနေပြီဖြစ်သော ဇရပ်တစ်ခုအနီးသို့ရောက်လာခဲ့တော့၏ ။ ပညာသီလ ပေးလိုက်သောမြေပုံအညွန်းအရဆိုပါက ခရီးလမ်းဆုံးမှာနောက်သုံးလေးရက်ဆိုပါကရောက်မည်ဖြစ်သောကြောင့်အပူတပြင်း
သွားစရာမလိုပေ။ နောက်သုံးလေးရက်ဆက်တိုက်သွားပါကရောက်မည်ပင်။
ထို့ကြောင့် မြင်းလည်းသက်သက်သာသာ
ခြေမကျစေရန်။လူလည်း ခရီးမပန်းစေရန် ညပိုင်းခရီးမဆက်ပဲ အနားယူမည်ဆုံးဖြတ်လိုက်၏ ။ ဇရပ်အနီးမလှမ်းမကမ်းတွင် ရစ်ခွေစီးဆင်း
နေသောချောင်းငယ်တစ်ချောင်းလည်းရှိနေရာ မြင်းပေါ်မှဆင်း၍ မြင်းဇက်အားဆွဲရင်းချောင်းတွင်ရေတိုက်လျက်
ကုန်းနှီးအားဖြုတ်၍ မြက်ခင်းပြင်ပေါ်
မောင်းလွတ်လိုက်၏ ။ သူ့မြင်းကြီးမှာ
လိမ်မ္မာလှသောမြင်းကြီးပင် အကယ်၍အစာ၀ပါကလည်း အဝေးအလံသို့မသွားပဲအနီးအပါးတစ်နေရာတွင်သွားရှာရုံဖြင့်တွေ့နိူင်၏ ။
ဂါမဏိလည်းတစ်ကိုယ်လုံးချွေးများဖြင့်စီးကပ်နေပြီဖြစ်သောကြောင့်ချောင်းအတွင်းရေမိုးချိုးရင်း
ကျောက်တုံးကြီးများကြားတွင်ခိုအောင်းလျက်ရှိနေသောကျောက်ငါးကြီးများ
တွေ့ရသောကြောင့် ဝါးချွန်ပြုလုပ်၍
ကျောက်ငါးလိုက်ထိုးရာ ကျောက်ငါးကြီး
နှစ်ကောင်ရရှိလာ၏ ။
ရေချိုးပြီး၍ဇရပ်သို့သူပြန်ရောက်
သောအခါအနည်းငယ်မှောင်စပြုနေပြီဖြစ်၏ ။ ဂါမဏိ ကားသူ့မြင်းကြီး
တိမ်ပျံအားလှမ်းကြည့်လိုက်ရာ ဇရပ်နဲ့
အတန်မျဝေးသောအရပ်တွင် ယခုထိအစာမဝသေးဟန်ဖြင့် မြက်နုများ
စားနေ၏ ။
ဂါမဏိမှာ ဇရပ်အနီးအပါးမှ
သစ်ကိုင်းခြောက်များရှာဖွေလျက် မီးတစ်ပုံဖိုကာ ကျောက်ငါးနှစ်ကောင်အားတံစို့ထိုး၍ ငါးကိုဟိုဖက်သည်ဖက်
အကျက်ညီစေရန်လှည့်ပေးလျက်ငါးကျက်သောအခါ ။
တစ်နေ့လုံးခရီးပြင်း
နှင်လာရသောကြောင့်၀မ်းဗိုက်မှာတကြုတ်ကြုတ်မြည်အောင်ဆာလောင်နေပြီဖြစ်သောကြောင့် စားလိုက်သည်မှာငါးနှစ်ကောင်လုံးအရိုးသာကျန်တော့သည်။
ညသည်လည်းကောင်းကင်ယံတွင်
လတစ်ခြမ်းကတွဲလွဲခိုလျက်ရှိကာ
အလင်းရောင်ဖျော့ဖျော့မှာလည်းကမ္ဘာ
မြေအားလွမ်းခြုံထားလျက်ရှိနေသည်။
ဂါမဏိမှာလည်းအိပ်မပျော်သောကြောင့်လရောင်ကျရောက်နေသော ဇရပ်ဘေးမြေကွက်လပ်တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်လျက်
အတွေးများစွာဖြင့်ရှိနေလေ၏ ။
ပထမဆုံး
သူ့အားခေါ်ဆောင်လာ၍သိုင်းပညာ၊စာပေပညာနဲ့တစ်ခြားသောနက္ခတ်ဗေဒပညာ။စစ်ချီ၊စစ်တက်သေင်္နဂဗျူ ဟာ
များကိုသင်ယူခိုင်းသော
စက္ကဒေ၀မှာမည်သူဖြစ်သနည်းသူ့အား
ပညာသင်ပေးသော ဘိုးပညာသီလ ပင်လျင်စက္ကဒေ၀အား အရိုအသေပြုကာ
ဆက်ဆံရခြင်းအားဂါမဏိမြင်တွေ့ရသည်။
ထို့အပြင် သူ့ဖခင် သူရဗလ အားစက္ကဒေ၀နဲ့ဘိုးပညာရင်းရင်းနှီးနှီးသိနေကြောင်းသူတို့ပြောစကားများအရခန့်မှန်းရမိသည်။သို့သော်လည်းပညာသင်ယူသော သုံးနှစ်တာကာလအတွင်း
စက္ကဒေ၀ အကြောင်းကိုရော သူ့အဖေ
သူရဗလအကြောင်းကိုပါ ဂါမဏိ တစ်ယောက်ဘိုးပညာသီလထံ အကြိမ်ကြိမ်
မေးမြန်းဖူး၏ ။
သို့သော်လည်းဘိုးပညာသီလမှာထိုအကြောင်း
အရာများအားတစ်စွန်းတစ်စမျ
ပင်မဟပေ။ ထို့ကြောင့် ဂါမဏိ တစ်ယောက်သိချင်စိတ်ကိုမြိုသိပ်၍ လက်လျော့ခဲ့ရသည်။
ယခုကားသူသိလိုသောစက္ကဒေ၀အကြောင်းကိုရော သူ့ဖခင်အကြောင်းကိုပါ
မကြာမှီအချိန်အတွင်းသိခွင့်ရပေတော့မည်။ ဘိုးပညာပြောစကားအရ
ဆိုပါက သူအပါအ၀င်လူဆယ်ယောက်မှာစက္ကဒေ၀စီစဉ်ကျင်းပမည့်သိုင်းပညာ
ပြိုင်ပွဲအားသွားရောက်၍ သိုင်းပညာစွမ်းရည်များပြသရပေတော့မည်။ သိုင်းပြိုင်
ပွဲတွင်မည်သူအနိူင်ရကာမည်သူရူံးနိမ့်မည်ကိုကားတွက်ဆမရနိူင်ပေ။
ဘိုးပညာသီလ ပြောစကားအရဆိုပါက
ထူးချွန်ထက်မြက်ကာ ဘက်ပေါင်းစုံတော်သောဆရာကြီးဆယ်ယောက်ထံ
တပည့်ဆယ်ယောက်ပညာသင်ကြားစေကာ ပြိုင်ပွဲကျင်းပမည့်စက္ကဒေ၀မှာ
သူ့အကြံအစည်တစ်ခုအတွက်နှစ်ပေါင်း
များစွာကြံစည်လာပုံရ၏ ။
ထိုအကြံအစည်များမှာ မည်သို့ရှိသည်ကိုစက္ကဒေ၀သာလျင်သိပေလိမ့်မည်။
" ဟင်..ဘယ်သူများပါလိမ့်.. ..."
အတွေးများဖြင့်ခေါက်တုန့်ခေါက်ပြန်လျောက်နေသော ဂါမဏိတစ်ယောက်
မူန်ဝါးဝါးလရောင်အောက်တွင်သူရှိရာ
သို့ဦးတည်လာနေသော လူရိပ်တစ်ခုအားတွေ့လိုက်ရသောကြောင့်ရပ်တန့်လျက်သူထံလာသူကိုကြည့်နေမိသည်။
ယခုလိုညအချိန်မျိုးတွင်မိတ်ဆွေလား။
ရန်သူလားခွဲခြား ရန်ခက်ခဲသောကြောင့်
သတိထားနေခြင်းပင်။
ထိုလူကား ဂါမဏိရှေ့ဆယ်တောင်
ခန့်မျအကွာတွင်မျက်နှာခြင်းဆိုင်အနေ
အထားရပ်လိုက်၏ ။
ဂါမဏိမှာလရောင်မူန်ဝါးဝါးအောက်
မြင်လိုက်ရသောထိုလူ့ရုပ်သွင်ကြောင့်
အနည်းငယ်ရင်ထိတ်သွားမိရမိ၏ ။
ထိုလူအရပ်မှာခြောက်ပေနီးပါးခန့်မျရှိ
ဂါမဏိ အရပ်ထက်ခေါင်းတစ်လုံပိုမြင့်သည်။ တွဲလောင်းချထားသော
လက်များမှာ သာမာန်လူများထက်ထူး
ခြားစွာ ဒူးဆစ်နီးပါးမျအရှည်ရှိနေသည်။
မျက်နှာမှာကား သွေးဆုတ်ဖြူ ရော်သောမျက်နှာ၊မျက်လုံးသေကြီးများဖြင့်
ရှိနေ၏ ။
ဦးခေါင်းထက်တွင်မူကား
အဖျားချွန်သော ဦးထုတ်ရှည်ကြီးတစ်လုံးအားဆောင်းထားသော ထူးဆန်းသောပုံပန်းအသွင်ရှိသူတစ်ယောက်ဖြစ်သည်။ ဂါမဏိ ထိုသူအားသေချာစွာကြည့်ရူနေစဉ်မှာပင်ထိုလူထံမှ အေးစက်စက်စကားသံထွက်ပေါ်လာ၏ ။
" နောင်ကြီးက ခရီးသွားဧည့်သည်
ထင်ပါရဲ့ ..."
"ဟုတ်ပါတယ် ရောင်းရင်း
ခရီးသွားတစ်ယောက်ပါ့အချိန်လင့်သွား
လို့ခုဇရပ်မှာတစ်ညတည်းခိုခြင်းဖြစ်ပါတယ်
ရောင်းရင်းကရော ဒီအရပ်ကပဲလား....."
" ဆိုပါတော့ ....
ဒါနဲ့နောင်ကြီးကြည့်ရတာကိုယ်ခံပညာ
တတ်ကျွမ်းကျင်သူနဲ့တူပါရဲ့ကျုပ်လည်းသိုင်း
ပညာကိုစိတ်၀င်စားသူမို့ တစ်ပွဲတစ်လမ်းလောက်
အကဲစမ်းကြည့်ကြရအောင်...."
" ဟာ ...ရောင်းရင်းထင်သလိုမဟုတ်ပါဘူး ....
ဘေးဆီးရန်ကာသဘောလောက်သာ
သင်ကြားထားတာပါ ရောင်းရင်းထင်သလို ပညာရှင်အဆင့်မျိုးမဟုတ်ပါဘူး.."
ထိုလူထူးဆန်းမှာ ဇရပ်ပေါ်တင်ထားသော ဂါမဏိဓားအားလှမ်းကြည့်၍
သူနဲ့ ပညာခြင်းယှဉ်ပြိုင်ရန်ပြောဆိုလာ၏ ။ ဂါမဏိမှာလည်းသူတတ်မြောက်ထားသောကိုယ်ခံပညာများကို လက်တွေ့တစ်ခါမှ မစမ်း
သပ်ဖူးသောကြောင့်စမ်းသပ်လိုနေသည်။
သို့သော်လည်း ဘိုးပညာသီလက အရေးအကြောင်းမရှိပဲမလိုအပ်သောနေ
ရာများတွင် ပညာထုတ်မသုံးရန်မှာကြား
ထားသောကြောင့် ငြင်းဆန်နေရခြင်းပင်။
" ကျွန်ပ်ဟာ ကိုယ်ခံပညာကို အရူးအမူး
ခုံမင်စွာလေ့လာခဲ့သူတစ်ယောက်ပါ
အခုတော့ကိုယ်ခံပညာကို လက်ရည်တူ
ရှာမတွေ့တာနှစ်ပရိစ္ဆာအတော်ကြာပါပြီ
ကြုံတုန်းတစ်ပွဲလောက်တော့ နွဲကြည့်ဖို့
တောင်းဆိုပါရစေ နောင်ကြီး....."
" မဖြစ်ပါဘူးရောင်းရင်းရေ
ကျွန်ပ်ဟာ ရောင်းရင်းထင်သလို
ကိုယ်ခံပညာကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်သူမဟုတ်ပါဘူး...."
" နောင်ကြီးကိုင်တဲ့ဓားဟာ
တကယ့်ဓားကောင်းတစ်လက်ဖြစ်တယ်
ဒီလိုဓားမျိုးက တကယ့်ကိုယ်ခံပညာ
ကျွမ်းကျင်ဓားသိုင်းကျွမ်းကျင်သူတွေသာ
ကိုင်တဲ့ဓားမျိုး။
နောင်ကြီးကိုယ်နေဟန်အချိုးအဆစ်ဟာ
ကိုယ်ခံပညာကို စနစ်တကျလေ့လာသင်ကြားထားမှန်း ပညာရှင်ခြင်းမြင်တာနဲ့
ခန့်မှန်းလို့ရပါတယ် .
နောင်ကြီး တစ်ပွဲလောက်တော့ကျွန်ပ်
နဲ့ စမ်းကြည့်ကြရအောင် မငြင်းဆိုပါနဲ့.."
" ရော်...အတော်ကြီးပြောရခက်ပါ
လားရောင်းရင်းရေ..."
ဂါမဏိကငြင်းလိုက် လူစိမ်းဧည့်သည်က
အတင်းဇွတ် ပညာစမ်းရန်ပြောလိုက်ရှိနေကြ၏။
နောက်ဆုံးဂါမဏိလည်းစိတ်မရှည်ပဲ ထိုလူစိမ်းကို
မှတ်သားလောက်အောင်ဆုံးမလိုက်မည်ဟု
တွေးလိုက်၏ ။
”... ကဲ ဒီလောက်တောဖြစ်လှတာ
တပွဲတလမ်း အကဲစမ်းကြတာပေါ့
တိုက်ခိုက်ရင်းမတော်တဆထိခိုက်မိရင်
ဗွေမယူပါနဲ့ရောင်းရင်း..”
" ကောင်းပြီ ပြိုင်ပွဲကို စိတ်ဝင်စားစရာ
ပိုကောင်းအောင် လောင်းကြေးလေးပါလိုက်
ရအောင်....”
” ကျွန်ပ်က သူဆင်းရဲပါ အသပြာကြေးငွေ
မရှိပါဘူး ရောင်းရယ်...”
” ကျုပ်လည်း အသပြာကြေးငွေမလောင်း
ခိုင်းပါဘူး...
နောင်ကြီးကို ရူံးနိမ့်ခဲ့မယ်ဆိုရင်
နောင်ကြီးရှေ့ကြုံလာရမယ့်
အဖြစ်အပျက်သုံးခုကိုပြောပြမယ် .......
တကယ်လို့နောင်ကြီးရူံးရင်နောင်ကြီးမြင်း
ကျွန်ပ်ကိုပေးပါ ဖြစ်တယ်မလား....
ကျွန်ပ်မလိမ်ပါဘူး နောင်ကြီးဘ၀မှာ
ကြုံရမယ့် အဖြစ်အပျက်သုံးခု ကျွန်မှန်အောင်ဟောပေးနိူင်တယ် ...."
" ဟင်...ရောင်းရင်း ကျွန်ပ်ကြုံရမယ့်
ရှေ့ဖြစ်သုံးခု ရောင်းရင်မှန်အောင်ပြောနိူင်တယ်ဟုတ်လား........."
" မှန်အောင်ပြောနိူင်တာတော့သေချာ့ပါတယ် မယုံမရှိပါနဲ့..."
ဂါမဏိကားလူစိမ်းစကားကြောင့်
အနည်းငယ်စိတ်၀င်စားသွားရမိ၏ ။
ရှေ့ဖြစ်သုံးခုသိရလျင်မဆိုးပေ။ ထိုလူ
ပုံစံကြည့်ရသည်မှာလည်း သူနဲ့ပညာခြင်း
အတော်စမ်းချင်နေပုံရသည်။ လိမ်လည်ဟန်တော့မရှိချေ ။ အကယ်၍ထိုသူလိမ်သည်ထား
ထိုသူကို မိမိမရူံးနိူင်သောကြောင့် ဘာမှနစ်နာ
စရာမရှိဟု ဂါမဏိ တွေးလိုက်သည်။
" ကောင်းပြီ ရောင်းရင်းလောင်းကြေးလက်ခံတယ်
တကယ်လို့ ကွုန်ပ်နိူင်ရင် ကျုပ်ရှေ့ဖြစ်သုံးခု မှန်အောင်ပြောပြပါ
ကျွန်ပ်ရူံးခဲ့ရင် ကျွန်ပ်မြင်းကိုယူနိူင်ပါတယ် .."
" ဟား...ကောင်းပြီ နောင်ကြီး
ကတိဟာ ကတိပါပဲ ...
ကဲစကြမယ်အဲတာဆို နောင်ကြီးကဧည့်သည်မို့ ကျွန်ပ်ကို အရင်စပြီး
တိုက်ခိုက်နိူင်ပါတယ် ....."
...ယား.....ဝှီး.....ဘုတ်.....
...ကျား....ဝှီး...ဘုံး....ဘုံး...... ..
..ယိစ်....ဝှီး...ဘုံး.......
....အင့်......
ဂါမဏိမှာလျပ်စီးလက်သကဲ့သို့လျင်မြန်သောအရှိန်ဖြင့် လူထူးဆန်းအားစတင်တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်၏ ။ မာန်သွင်းအော်ဟစ်လိုက်ရင်း သူ့ညာလက်တစ်ဖက်က မျက်နှာသို့ထိုးသလို ဘယ်လက်သီးက ၀မ်းဗိုက်သို့ ဦးတည်တိုက်ခိုက်လိုက်၏ ။ သူလက်သီးများမှာ လေ့ကျင့်ရည်ပြည့်ဝသောလက်သီးများဖြစ်ကာ သူ့လက်သီးထိုးချက်က
အုန်းသီးစိမ်းကိုပင်ထိုးခွဲ၍ကွဲနိူင်စွမ်းရှိသည်။
ဂါမဏိ အနေဖြင့်သူ့လက်သီး
အစွမ်းကိုသူယုံ၏ ။ အကယ်၍သာသူ့လက်သီးထိုးချက်ကို ခံရသောသူမှာ နေရာတွင် တုံးခနဲ လဲပြို
သွားမည်မှာမလွဲပေ ။ သို့ရာတွင်ယခု
လူအားထိုးသော အခါတွင်ကား ဂါမဏိ
အံ့အြသင့်သွားရမိတော့သည်။
ထိုလူမှာ ဂါမဏိ ထိုးလာသော
လက်သီးများကို မရှောင်ပေ ။ နေရာတွင်ရပ်မြဲရပ်လျက်ရှိနေသောကြောင့် ဂါမဏိ လက်သီးချက်များမှာ ရည်ရွယ်သောနေရာများသို့ တိုက်ရိုက်ထိ
တော့၏ ။ ။
သို့ရာတွင် ဂါမဏိ ထင်သလိုကားဖြစ်မလာချေ။ သူလက်သီးနှစ်ချက်မှာ ထိုလူ
မျက်နှာနဲ့ ၀မ်းဗိုက်အား သေချာစွာထိသော်လည်း ထိုလူကား လဲကျမသွားပေ
ဘာမှမဖြစ်သကဲ့သို့နေရာတွင်ရပ်မြဲရပ်လျက်ရှိနေသည်။ ဂါမဏိကားတစ်ခနမျ
အံ့အြသင့်မိသွားရသည်။ သူထိုးရသော
ထိုလူအသားများမှာလည်း ဖွဲအိတ်အားထိုးရသကဲ့သို့ ရှိကာ ထိုလူက သူ့လက်သီးချက်အား မဖြုံသောကြောင့်
စိတ်တို ဒေါသဖြစ်လျက် မာန်သွင်းအော်၍ အဆက်မပြတ် တိုက်ခိုက်လိုက်တော့၏။ ဒူး၊တံတောင် ၊ ခြေထောက်၊
လက်သီးများ အစုံအလင် တစ်မျိုးစီ အားမာန်အပြည့်တိုက်ခိုက်တော့သည်။
ထိုလူမှာယခုမှ စတင်လူပ်ရှားလာကာ
ဂါမဏိထိုးချက်များကို ရှောင်တိမ်း၍ တစ်ချက် တစ်ချက် သူ့လက်ရှည်ကြီးများ
များမှလက်သီးများဖြင့်ထိုးနှက်တိုက်ခိုက်လာသည်။ ထိုလူကား ကိုယ်ခံပညာအတတ်များကို အထူးလေ့ကျင့်တတ်မြောက်ထားမှန်းသိသာ၏ ။လျပ်စီးသလို လျင်မြန်သော ဂါမဏိတိုက်ခိုက်မူများကို ရှောင်တိမ်း၍ အချက်ကျကျ ပြန်လည်တိုက်ခိုက်လာသည်။ ဂါမဏိမှာ ထိုလူအားတစ်ချက် တစ်ချက်
ထိမိအောင် ထိုးနှက်နိူင်သောလည်း
ထိုလူမှာသူ့ထိုးချက်ကိုဖြုံပုံမရပေ ။
တစ်ခါတစ်ရံထိုလူထိုးချက်မိသော
ဂါမဏိမှာသာ မချိမဆန့် နာကျင်စွာ
ခံနေရသည်။ သူတို့နှစ်ယောက်တိုက်ပွဲမှာ အချိန်တဖြည်းဖြည်း ကြာမြင့်လာသည်။ ဂါမဏိမှာ
ယခုမှကိုယ်ခံပညာအသုံးပြုဖူးသေကြောင့်
တိုက်ပွဲသဘောတရားနားမလည်၊အားကိုမချွေ
အစောကြီးကပင်
အားမာန်အပြည့်တိုက်ခိုက်ထားသောကြောင့် ၊
အားအင်ကုန်ခမ်းလာကာ လက်ခြေလူပ်ရှားမူများနှေးကွေးလာသည်။
ရှောင်တိမ်းမူများလည်း မကြာခန
နှေးကွေးလာသောကြောင့် တစ်ဖက်လူ
ထိုးချက်များလည်း မကြာခန မျက်နှာနဲ့တစ်ကိုယ်လုံးအနှံ့ ထိမိလာသည်။
ထိုလူမှာကားညနက်လာလေလေ
အားအင်ပြည့်လာလေလေဟုဆိုရမည်ပင်။ တဖြည်းဖြည်းညနက်လာသလို
ထိုလူမှာ ဂါမဏိကို ပြန်လှန်မထိုးနိူင်အောင် တဖက်သတ်ဖိထိုးလျက်ရှိရာ
ဂါမဏိ မှာရှောင်တိမ်းရင်းခုခံရင်းဖြင့်သာရှိနေရတော့၏ ။ ရေရှည်သာဆက်
၍တိုက်ခိုက်နေမည်ဆိုပါက ဂါမဏိ ရူံးပင်သွားနိူင်သည်။ သို့သော်လည်း ဂါမဏိအတွက်
သူ့ပထမဆုံးတိုက်ပွဲအား အရူံးမခံလိုပေ။
အရူံးပေးမည့်စိတ်ကူးမရှိသောကြောင့် ဆက်၍တိုက်နေမိ၏ ။
တစ်ကြိမ်တွင်မူ ထိုလူထိုးချက်များအား
ဂါမဏိမှာဘေးသို့ခုန်ထွက်ရှောင်ရင်းရှေ့သို့မဲတိုက်နေသော ထိုလူအား
ဘေးဖက်မှလက်ပြန်တစ်ချက်ရိုက်လိုက်ရာထိုလူခေါင်းအားလက်ဖြင့်ရိုက်မိပြီး
ထိုလူခေါင်းတွင်ဆောင်းထားသောဦးထုတ်မှာ ဂါမဏိလက်တွင်
ပါလာခဲ့သည်။ ထိုလူမှာ ဂါမဏိ လက်အတွင်းသူဆောင်းထားသောဦးထုတ်ပါ
သွားသောအခါ ဆတ်ခနဲတကိုယ်လုံးတုန်ခါသွား၏ ။
ထိုလူမှာ ဂါမဏိ အားတိုက်ခိုက်ရန်
မကြိုးစားတော့ပဲရပ်နေကာ လဲပြိုတော့မည့်အလား ယိုင်ထိုးလျက်ရှိနေသည်။ ဂါမဏိကထိုလူရုတ်တစ်ရက်ပြောင်းလဲသွားသောအခြေအနေကို
ဂရုမပြုမိပဲ ဆက်လက်တိုက်ခိုက်နေ၏ ။
...အွတ်.ဖျောင်း... အင့်... အူး...
ယခုတကြိမ်ဂါမဏိထိုးချက်ကန်ချက်များကြောင့်
ထိုသူမှာ နာကျင်စွာငြီးငြူသံထွက်လာသည်။
တိုက်ကွက်ဆင်ရန်ထက် သူ့ကိုမထိရန်သာ
ကြိုးစားနေသောကြောင့် ဂါမဏိ လည်းထိုသူအခြေအနေကိုကြည့်ကာအားတက်
သွားလျက် ဆက်တိုက်ဆိုသလိုတိုက်ကွက်များ
ထုတ်ကာတိုက်နေတော့သည်။
" နောင်ကြီး....ဆက်မတိုက်ပါနဲ့တော့
ကျွန်ပ်အရူံးပေးပါပြီဗျာ..”
” အရူံးအနိူင်မှ မသဲကွဲသေးတာ
အရူံးပေးတော့မလို့လား ရောင်းရင်းရ...”
” တော်ပါပြီ ကျွန်ပ်ရူံးပါတယ် ကတိအတိုင်း
မေးခွန်းသုံးခုမေးပါ
ကျွန်ပ်ဦးထုတ်ကိုပြန်ပေးပါ ...."
"...အရူံးပေးပြီဟုတ်လား...."
ဂါမဏိမှ ဆက်မတိုက်ပဲ ချက်ခြင်းအရူံးပေးသော ထိုလူစကားကြောင့် အံ့အြသင့်မိသွားရသည်။
ထိုသူပုံကကြောက်လန့်စိုးရိမ်ဟန်ဂါမဏိ
လက်မှသူ့ဦးထုတ်ပြန်ပေးရန်သာလတွင်တွင်
တောင်းနေ၏ ။
" ကျွန်ပ်..ဦးထုတ်ပြန်ပေးပါ နောင်ကြီး...ကျွန်ပ်တောင်းပန်ပါတယ်...
ဒီဦးထုတ်သာမရှိရင် ကျွန်ပ်ဒုက္ခရောက်ရပါလိမ့်မယ်...."
"အော်...ဒီဦးထုတ်က ရောင်းရင်းအတွက် အတော်အရေးပါတာကိုး
ဒီအတိုင်းတော့ ဘယ်ပေးလို့ရမလဲ....
...."
" ဟင်...မလုပ်ပါနဲ့ဗျာ
နောင်ကြီးတို့အတွက် ဒီဦးထုတ်မရှိလို့ရပါတယ် ကျွန်ပ်သာဒီဦးထုတ်မရှိရင် ဘယ်မှသွားလာလို့မရတော့လို့ပါ
ပေးပါနောင်ကြီးရာ နောင်ကြီးသာအလို
ရှိမယ်ဆိုရင် ရွေငွေ စည်းစိမ်ရတနာတွေ
ဘယ်လောက်ယူမလဲသာပြော ကျုပ်ပေးမယ် ...ဒါမှမလိုချင်သေးရင်
ရှေးဘုရင်တွေရဲ့နန်းတွင်းသိုင်းဆရာတွေရဲ့ သိုင်းပညာညာမှတ်တမ်းတွေလား
ဒါမှမဟုတ် စစ်သေနာပတိတွေရဲ့ စစ်ရေး သင်္နဂဗျူ ဟာ တွေလား နောင်ကြီး
အလိုရှိရာပြောပါ ကျွန်ပ်ပေးနိူင်ပါတယ် ......"
" ဟင် ......"
ဂါမဏိမှာ သူကိုင်ထားသော ဦးထုတ်အား မယုံကြည်နိူင်စွာပြန်ကြည့်မိ၏ ။ အစပထမ
တန်ဖိုးမရှိသော ထိုဦးထုတ်စုတ်ကို ထိုသူ
အသည်းအသန်ပြန်တောင်းနေ၍ စနောက်ကာ
ပြန်မပေးခြင်းပင်။သို့ရာတွင် ဂါမဏိ စကားကြောင့်
ထိုသူမှာထိတ်လန့်တကြားဖြင့် တန်ဖိုးကြီးမား
သော ပစ္စည်းများဖြင့် လဲလှယ်တောင်းဆို
နေခြင်းကြောင့်
အဖျားချွန်ချွန် ဦးထုတ်အနက်ရောင်တစ်လုံးကို ထိုမျတန်ကြေးပေး၍ တောင်းနေသောထိုလူစကားများက ဂါမဏိကို အံ့အြသင့်စေသည်။ ထိုဦးထုတ်မှာ မည်သို့မည်ပုံအဖိုးတန်သည်မဆိုနိူင် ။ ဂါမဏိ အတွက်ကြည့်ရဆိုးသော ဦးထုတ်စုတ်တလုံး
ထက်မပိုပေ။
ထိုလူမှာကားသနားစဖွယ်ရာသူ့ဦးထုတ်ကို တွင်တွင်ကြီးတောင်းဆိုနေသည်။ ဂါမဏိမှာ သူများပစ္စည်းကို လိုချင်တပ်မက်စိတ်မရှိပေ ပြန်ပေးရန်စိတ်ကူးပြီးသားဖြစ်သည်။ သို့ရာတွင်သူ့အားပေးထားသောကတိအားမတည်မည်ကိုစိုးသောကြောင့် ဦးထုတ်ကိုဆက်ကိုင်ထားမိသည်။
" ကျွန်ပ်ဘာမှမလိုချင်ပါဘူး
ရောင်းရင်းအခု ကိုယ်ခံပညာပြိုင်ပွဲမှာ
ရူံးသွားပြီဆိုတော့ ကျွန်ပ်ဘ၀မှာဖြစ်ပျက်မယ့် အဖြစ်အပျက်သုံးခုကိုတကယ်မှန်အောင်ပြောပြနိူင်မလား အဲတာဆို
ဦးထုတ်ပြန်ပေးမယ်....."
" ပြောပြနိူင်ပါတယ်ဗျာ
ဦးထုတ်သာပေးပါ တကယ်ပြောပြနိူင်ပါတယ်..."
" ရော့ ...ရောင်းရင်း..ဦးထုတ်...
တကယ်မသိပဲ လိမ်တော့လိမ်မပြောပါနဲ့
မသိရင်မပြောလည်းရပါတယ်..."
" ကျေးဇူးပါပဲ နောင်ကြီးရယ်
တကယ်ကျေးဇူးတင်ပါတယ် ကျွန်ပ်
ဦးထုတ်လေးပြန်မရတော့ဘူးထင်ထားတာ ..."
ထိုလူမှာကား ဂါမဏိမြှောက်ပေးသောဦးထုတ်အားအလောတကြီးဖမ်းယူ၍ သူ့ဦးခေါင်းတွင်နေရာတကျပြန်
ဆောင်းလိုက်ကာ ကျေးဇူးတင်စကားပြော
လာခြင်းပင်။
" ကျုပ်မေးခွန်းသုံးခုမေးလို့ရပြီလား"
" ရပါပြီ နောင်ကြီး သိလိုရာသာ
မေးပါတော့ ကျုပ်အဖြေမှန်ကြောင်း
နောင်ကြီး မကြာခင်ကာလတစ်ခု
တွေ့ရပါလိမ့်မယ် "
" ပထမနံပတ်တစ်မေးခွန်းကစမေးမယ်
ကျွန်ပ်ဟာ ယခုပြိုင်ပွဲတစ်ခုကိုသွားရောက်ယှဉ်ပြိုင်ဖို့ရှိတယ်
အဲဒီပြိုင်ပွဲမှ ကျွန်ပ်နိူင်မှာလား ရူံးမှာလား သိလိုတယ် ...."
ထိုလူမှာ ဂါမဏိ မေးခွန်းကြောင့်ခနမျငြိမ်သက်သွားပြီးမှ ....
" ရောင်းရင်းဟာ အခုပြိုင်ရမယ့်
ပြိုင်ပွဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါလိမ့်မယ်
အနှောင့်အယှက် တွေလည်းအများကြီးပါပဲ နောက်ဆုံး ပြိုင်ပွဲအထိတက်လှမ်းနိူင်ပါလိမ့်မယ်
ဒီလောက်ပဲပြောလို့ရပါတယ်..နောင်ကြီး....”
" ဒုတိယမေးခွန်း ကျွန်ပ်ဟာ
မကြာခင်နှစ်ကာလတွေအတွင်း ဘာဖြစ်လာမှာလဲ သိလိုတယ် ...."
ထပ်မံ၍ ထိုလူငြိမ်သက်သွားပြန်၏
ယခုတစိကြိမ်မှာ ပထမတစ်ကြိမ်ထက်
ပိုကြာသည်ဟု ဂါမဏိစိတ်မရှည်စွာဖြင့်
စောင့်ဆိုင်းနေရမိသည်။
" နောင်ကြီးဟာ အခက်အခဲတွေတောက်လျောက်ကြုံရလိမ့်မယ်
အဲအခက်အခဲတွေကြောင့်ပဲ နောင်ကြီးဟာ ပိုပြီးစွမ်းအားကြီးသန်မာလာလိမ့်မယ်
ပြောရရင်နောင်ကြီးဟာ စစ်သူရဲ
ကောင်းကြီးတစ်ယောက်အဖြစ်
ကျုပ်တွေ့နေရတယ် ...."
" ရောင်းရင်း အပြောတွေအရဆို
ကျွန်ပ်ဘ၀က တကယ်ကို အားရစရာကြီးဖြစ်နေပြီ ......"
" နောင်ကြီး နောက်ဆုံးမေးခွန်းမမေးတော့ဘူးလား ..."
" အိမ်း....နောက်ဆုံးမေးခွန်း
ဘာမေးရင်ကောင်းမလဲ .....
ကောင်းမလဲ....အော်...သိပြီ...
ကျွန်ပ်ဟာ ဘယ်လိုပုံစံမျိုး သေဆုံးရမလဲ ကျွန်ပ်သိလိုတယ်...."
ယခုတစ်ကြိမ်ထိုလူငြိမ်သက်သွားသည်မှာ အကြာဆုံးဟု ဂါမဏိ ထင်နေမိ၏ ။
အတော်ပင်အချိန်အကြာကြီးငြိမ်နြေ့ပီးမှ….
" နောင်ကြီး ကျုပ်ကို ခွင့်လွတ်ပါလို့
ပြောပါရစေနောင်ကြီး…ဘယ်လိုသေမယ်ဆိုတာ ဆုံးဖြတ်ပေးနိူင်တာ သေမင်းမဟုတ်ဘူး၊
ကံကြမ္မာမဟုတ်ဘူး၊ လူတစ်ယောက်ရဲ့
စိတ်အပေါ်မှာပဲ မူတည်ပါတယ်...
သတ်မယ့်လူကိုရော သေမယ့်အချိန်ကိုရော အတိအကျ ပြောမပေးနိူင်တဲ့အတွက်တောင်းပန်ပါတယ်...ဒီမေးခွန်းကိုသေချာမဖြေနိူင်တဲ့အတွက်
ဒီပေစာထုတ်ကလေးကို နောင်ကြီးကိုတတိယမေးခွန်းအစား ပေးခဲ့ပါရစေ
အချိန်လည်း မနည်းတော့ပြီမို့ ကျွန်ပ်
ပြန်ပါတော့မယ်နောင်ကြီး....."
ထိုလူမှာ ဂါမဏိအားပေစာထုတ်တစ်ထုတ်ကမ်းပေးရင်း မူန်ဝါးဝါးလရောင်အောက် ဂါမဏိအားကျောခိုင်း၍တရွေ့ရွေ့ထွက်ခွာသွားလျက်မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။ ဂါမဏိမှာသာလျင်ထူးထူးဆန်းဆန်းကြုံရသောအိပ်မက်လိုလို အဖြစ်အပျက်များကြောင့်နေရာမှာပင်ကျောက်ရုပ်ကြီးအလား ငုတ်တုတ်ကြီး မလူပ်မယှက်
ရှိနေသည်။ ထိုလူပျောက်ကွယ်သွားပြီးမှ
သူ့လက်မှ ပေစာထုတ်အားမူန်ဝါးဝါးလရောင်အောက်သေချာကြည့်လိုက်ရာ.........
ရှေးဘုရင့်စစ်သူရဲကောင်းကြီးများအသုံပြုသောစစ်သေင်္နဂဗျူဟာကျမ်းကြီးတစ်စောင်ဖြစ်မှန်းသိလိုက်ရတော့၏ ။
...အောက်...အီး...အီ....အွပ်.....
ထိုအချိန်မှာပင်တောအုပ်တစ်ဖက်မှ တောကြက်တွန်သံကြားလိုက်ရမိ၏ ။
မနက်လင်းအာရုံတွန်သောကြက်တွန်သံဟုဂါမဏိမှန်းဆလိုက်မိသည်။
မနက်ဖြန်လည်းခရီးဆက်ရမည်ဖြစ်သောကြောင့် ဇရပ်အတွင်း ၀င်လာရင်းခနအိပ်စက်ရန်လဲလျောင်းလိုက်သည်။
ကိုယ်ခံပညာယှဉ်ပြိုင်ရခြင်းကြောင့်
လူကလည်းမောပန်းနေပြန်ရာ အိပ်ယာပေါ် လဲလိုက်သည်နဲ့ ချက်ခြင်း အိပ်ပျော်သွားရတော့သည်။
=========================
ဆက်ရန်-၃
မြူခိုးအလင်္ကာ