မာရ်နတ်မင်း၏စစ်သူကြီး
=================
လဆုတ်ရက်ရောက်လာပြီဖြစ်သောကြောင့်
ညအတန်ငယ်ရောက်ချိန်မှကောင်းကင်တွင်ပေါ်
ထွန်းလာ၏ ။
ဘုရင်မင်းမြတ်မှာ စန္ဒကူးမြို့ကိုမြင်နေရသော
အကွာအဝေးတွင်တပ်စခန်းတည်၍
စက္ကဒေဝထံသို့အထောက်တော်များလွတ်ကာ အရူံး
ပေးအညံ့ခံပါက မြို့မှအသက်ရှင်၍ထွက်ခွာခွင့်ပြုမည်။
အကယ်၍အညံ့မခံပါက နံနက်မိုးသောက်ချိန်။
မြို့ကိုတိုက်မည့်အကြောင်း ရာဇသံပေးထား၏ ။
ဂါမဏိမှာ ဒတ္တာနဲ့သူ့အရေးကိုတခြားလူများထံ
မပြောပြလိုသောကြောင့် ဒတ္တာနဲ့ချိန်းထားရာ
အရပ်သို့တကိုယ်တည်းထွက်လာခဲ့၏ ။
လရောင်မှာမြင်ရိုင်းကွင်းပြင်ပေါ် ရွန်းပစွာသာနေလျက် ထိုကွင်းပြင်ကျယ်တွင်မြင်း
ကြီးငနက်ကျော်ကို ပုံမှန်စီးနင်းလာသော ဂါမဏိ
ရှိနေပါ၏ ။
ဂါမဏိမှာမြက်ရိုင်းလွင်ပြင်တွင် ငနက်ကျော်ကို
စီးနင်း၍ ဒတ္တာအားစောင့်မျော်နေမိ၏ ။
ဂါမဏိရောက်ပြီးမကြာမှီအချိန် မြက်ရိုင်းလွင်ပြင်
တောစပ်ဆီမှ မြင်းခြောက်ကောင်ဆွဲသော ရထား
တစ်စီးမှာ တောစပ်မှထွက်ပေါ်လာတော့၏ ။
ထိုရထားမှာ ဂါမဏိ ရှေ့မလှမ်းမကမ်းတွင်ရပ်သွားပြီး မြင်းရထားမောင်း
နေသူက ဂါမဏိကို စကားလှမ်းပြောလာ၏ ။
”…ဂါမဏိ ဆိုတာ ထင်ပ.....ကျုပ်ကို
သခင်လေးဒတ္တာလွတ်လိုက်တာပါ..”
”… ဟုတ်တယ် ကျုပ်ဂါမဏိ ဒတ္တာရောမလာဘူးလား... သခင်မလေးရော
ဘယ်မှာလဲ....”
”…သခင်မလေးက မြင်းရထားထဲပါလာပါတယ်
သခင်လေးဒတ္တကတော့ ကိစ္စတရပ်ပေါ်လာလို့
လိုက်မလာနိူင်ခဲ့ပါဘူး...”
ဂါမဏိမှာ သခင်မလေးပါလာသည်ဆိုခြင်းကြောင့်
မြင်းရထားအနီးအလျင်အမြန်တိုးကပ်၍ တံခါး
ဖွင့်ကြည့်လိုက်ရာ ရထားလုံးအတွင်းလရောင်တစွန်းတစတိုးဝင်
သွားခြင်းနဲ့အတူ။
ခြေလက်များကို ကြိုးတုတ်၍ ပါးစပ်အဝတ်စီးထားသော နန္ဒာမာလာ ကိုတွေ့လိုက်
ရခြင်းကြောင့် ခြေထောက်အတွင်းချည်နှောင်ထား
သောကြိုးကိုဖြတ်၍ လက်မှကြိုးကိုဖြတ်တောက်
နေစဉ်...။
...အု..အု...သတိထား.....
.......စွတ်.......
....ဒုတ်.....
......အား.......
.....အား.......
နန္ဒာမာလာမှစိုးရိမ်တကြီးသတိပေးလာသံဗလုံး
ဗထွေးထွက်ပေါ်လာသံနဲ့အတူ ဂါမဏိမှာရင်ဘတ်
မှစူးခနဲတချက်ခံစားလိုက်ရ၏ ။
ဂါမဏိမှာ နန္ဒာမာလာကိုအယောင်ပြ၍ထောင်ချောက်ဆင်
ခံလိုက်ရမှန်းသိသည်နဲ့တပြိုင်နက် လက်အတွင်း
မှဓားကို ရထားလုံအတွင်းပုန်းအောင်းနေသူထံ
ခုတ်ပိုင်းလိုက်တော့၏ ။
နီးကပ်လွန်းသောအခြေအနေမို့တဖက်ပုန်းအောင်း
လုပ်ကြံသူထံမှ နာကျင်စွာအော်ဟစ်သံကြားလိုက်
ရတော့၏ ။
ဂါမဏိ ရင်ဘတ်တစ်ခုလုံး မီးစဖြင့်အထိုးခံရသူလို
ပူလောင်နေမူနဲ့အတူ မျက်လုံးများပြာဝေလျက်ရှိကာ ယိုင်ထိုးနေစဉ်
မြင်းရထားအတွင်းမှ ဒယိမ်းဒယိုင်ဖြင့် လူတယောက်ထွက်လာပြီး ဂါမဏိ အနီးလဲပြိုသွား
တော့၏ ။
ဂါမဏိ လက်ချက်ဖြင့် လည်ပင်းမှသွေးများပန်းထွက်နေသော ဒတ္တာ ပင်
ဖြစ်ပါတော့၏ ။
ဒတ္တာမှာ နန္ဒာမာလာ ရှိနေရာ မြင်းလှည်းအတွင်း
ပုန်းအောင်းနေခြင်းဖြစ်ပြီး ကိူးသချိုင်းဓားဖြင့်
ဂါမဏိကိုအနီးကပ်လုပ်ကြံခြင်းဖြစ်၏ ။
သို့ရာတွင်။
ဂါမဏိ ဓားချက်ကလည်းသူ့လည်ပင်းအားထိကာ
နေရာတွင်ပွဲခြင်း သေဆုံးရခြင်းဖြစ်၏ ။
မြင်းရထားမောင်းသူမှာ အခြေအနေမဟန်မှန်းသိ၍
ရထားလုံးကိုစွန့်ခွာ၍ထွက်ပြေးသွားတော့၏ ။
နန္ဒာမာလာမှာ လက်မှကြိုးကိုဆွဲဖြတ်ရင်း ဂါမဏိ
ထံစိုးရိမ်ကြီးပြေးလာပွေ့ထူရင်းစိုးရိမ်တကြီးဖြင့်..။
”...အစ်ကိုတော်...အစ်ကိုတော်.....သတိထားပါအုံး....”
ဂါမဏိ ရင်ဘတ်အတွင်းမှအနက်ရောင်သွေးပုတ်များ
များကျနေခြင်းနဲ့အတူ ဓားထိထားသောနေရာမှ
ဒဏ်ရာမှာ မီးလောင်ဒဏ်ရာကဲ့သို့ တဖြည်းဖြည်း
ကြီးမားလာနေတော့၏ ။ဂါမဏိမှာနာကျင်မူကြောင့်
နန္ဒမာလာရင်ခွင်အတွင်းငြီးငြူလျက်ဖြင့်ရှိနေပါ၏။
”...တပည့်...တပည့်....ဖြစ်မှဖြစ်ရလေ...”
ဒတ္တာဆရာဖြစ်သူမှာ သူတပည့်အခြေအနေကိုစိတ်
မချဟန်လိုက်လာရာ သေဆုံးနေသော တပည့်ဖြစ်
သူအလောင်းကိုတွေ့ရရာ ဖြေမဆည်နိူင်၊ကြေကွဲ
တပည့်ဖြစ်သူအလောင်းအနီးဒူးထောက်ထိုင်၍
ဒတ္တာအား ကြည့်၍ယူကြုံးမရဟန်ငိုကြွေးနေ
တော့၏ ။
ငယ်စဉ်ကတည်းကပင် မိဘမရှိသော ဒတ္တာ အပေါ် သားတစ်ယောက် တပည့်တယောက်ပမာ
ပညာကုန်သင်၍ အရိပ်တကြည့်ကြည့်စောင့်ရှောက်ခဲ့၏ ။
သူ၏ မကောင်းသောစိတ်နေစိတ်ထား၊ပညာရပ်များ
ကိုဒတ္တာကို လက်ဆင့်ကမ်းပေး၍ သူ့ကိုယ်ပွားအဖြစ် သဘောကျနေခဲ့ဖူး၏ ။
ယခုဒတ္တသေဆုံးချိန်တွင် သူသွန်သင်မူများမှာ
ဒတ္တာအား အရွယ်မတိုင်မှီ သေလမ်းပို့မိခြင်းဟု
သူ့ကိုသူအပစ်တင်စိတ်များဝင်ရောက်လာ၏ ။
တသက်လုံးစိတ်ထားမကောင်းဆိုးယုတ်ခဲ့သမျ၊
ယခုဒတ္တသေဆုံးချိန်တွင် နောင်တ တရားနဲ့အတူ။
ဒတ္တာသေဆုံးခြင်းမှာသူ့ကြောင့်ဟူ၍ဖြေမဆည်နိူင်
ရှိနေ၏ ။
ဒတ္တာဆရာမှာတပည့်ဖြစ်သူအလောင်းကိုပွေ့ချီ၍
ထိုနေရာမှ ထွက်ခွာရန်ပြုရင်း အသက်မျော့မျော့
ဂါမဏိ ကိုဖက်၍စိုးရိမ်တကြီးငိုနေသော နန္ဒာမလာ
ကိုကြည့်၍ ပူဆွေးသောက ဒဏ်ကို ကိုယ်တိုင်
လက်တွေ့ကြုံရချိန်မို့ စိတ်ကောင်းတချက်ဝင်လာ
ဟန်တူ၏ ။
ထို့ကြောင့်.....။
”…မိန်းခလေး ဂါမဏိဟာ မိစ္ဆာသွေးနှောတစ်
ယောက်ပဲ ခုသူရထားတဲ့ ဒဏ်ရာကို ဘယ်သမား
တော်မှ ကုနိူင်မှာ မဟုတ်တော့ဘူး......”
”....ဟင်.....အစ်ကိုတော် ဂါမဏိက မိစ္ဆာသွေး
နှောတစ်ယောက် ဟုတ်လား....
အော်.၊ ဘာဖြစ်ဖြစ်သူဟာ သခင်မရဲ့အသက်
သခင်ကျေးဇူးရှင်တစ်ယောက်ပါ၊ သူဟာဘယ်
လိုလူမျိုးဖြစ်နေပါစေ သူ့ကိုကယ်ဖို့ဘာမဆိုလုပ်မယ်....”
”…တနည်းတော့ရှိတယ် ..ဒါပေမယ့်
အချိန်မရှိတော့ဘူး...”
”....ဘယ်လိုနည်းနဲ့ခုဒဏ်ရာကုနိူင်လဲ....
ပြောပြပေးပါ.. သခင်မ အသက်သခင်ကျေးဇူး
ရှင်အတွက် လုပ်နိူင်တာမှန်သမျ အကုန်လုပ်ဖို့
တွေးထားပါတယ်....”
”...အသက်ချင်းအလဲ အထပ်...လုပ်ရမယ်
ဒါတောင် အဲလိုအလဲအထပ်လုပ်ပေးမယ့်လူက
အပျိုစင်ဖြစ်နေရမယ်......”
”...အပျိုစင်တယောက်ရဲ့ အသက်နဲ့အလဲအထပ်
ဟုတ်လား သခင်မနားမလည်ဘူး...”
”...သူ့သွေးဟာ အခုခမ်းခြောက်နေပြီ
သွေးအသစ်ကိုမသောက်ရရင် မကြာခင်သေမှာပဲ
အပျိုစင်သွေးကသာ ဂါမဏိကို ရှင်သန်နိူးထလာ
ပါလိမ့်မယ် တခြားနည်းနဲ့ ဂါမဏိ ပြန်မရှင်လာနိုင်
တော့ပါဘူး သူလိုတဲ့သွေးပမာဏများတာမို့..
သွေးပေးသူဟာလည်းသေဖို့ များပါတယ်....”
သူပြောလိုရာပြောပြီးချိန်ဒတ္တာဆရာဖြစ်သူမှာ
ဒတ္တာအလောင်းကိုပွေ့ချီ၍ ခေါင်းငိုက်စိုက်ချ၍
ထိုနေရာမှထွက်ခွာသွားတော့၏ ။
နန္ဒာမာလာမှာ ဝေခွဲရခက်ခြင်း၊စိုးရိမ်ခြင်းများဖြင့်
ရှိနေပါတော့၏ ။
အနက်ရောင်ဝတ်ရုံရှည်ကြီးဝတ်ဆင်ထားသူမှာ
ဂါမဏိမှာ လူသားစစ်စစ်မဟုတ်ဟုသိရခြင်းက
နန္ဒာမာလာကိုအံ့အြသင့်ရစေ၏ ။
သို့ရာတွင်.. ။
ကျားကြီးလက်မှသူမအသက်ကိုကယ်ပေးခြင်း။
ရန်သူများနဲ့တိုက်ခိုက်နေစဉ် ဒုတိယအကြိမ်ဝင်
ကယ်ခြင်း။
ဖခင်အသက်ကို ကယ်ပေးခြင်းများက နန္ဒာမာလာ
အတွေးအာရုံအတွင်းထင်ဟပ်လာ၏ ။
ဂါမဏိ အားကြည့်လိုက်မိရာ ဟထားသောအင်္ကျီ
ရင်ဘတ်မှဒဏ်ရာမှာ ဝမ်းဗိုက် ၊ရင်ဘတ်လည်ပင်း
မှတဆင့် မျက်နှာအထိတိုင် အသားကိုလိူက်စား
၍ရှိနေ၏ ။
ယခုအတိုင်းဆိုလျင် ဂါမဏိသေရပေတော့မည်။
နန္ဒာမာလာ မှာဂါမဏိ ယခုလိုဖြစ်အင်ကိုမြင်နေရ
ခြင်းက နှလုံးသားကို ဓားပါးပါးဖြင့် လှီးဖြတ်သလို
ခံစားနေရမိ၏ ။
ထို့ကြောင့် ဘာကိုမှဆက်မတွေးတော့ပဲ ဂါမဏိ
ကိုင်သောဓားကိုယူကာ လက်ညိူးထိပ်ကိုလှီးဖြတ်
လိုက်ပြီး ဝမ်းဗိုက်ဒဏ်ရာကိုချကြည့်လိုက်ရာ..........။
သွေးစက်ကျရာနေရာမှ အသားများမှာ အကောင်း
ပကတိသို့တဖြည်းဖြည်းပြောင်းလဲသွားသည်ကို
တွေ့လိုက်ရတော့၏ ။
...နောက်ဘဝကျ ခုလို အဖြစ်ဆိုးမျိုးမကြုံရပါစေ
နဲ့လို့ နှမ ဆန္ဒပြုပါတယ် အစ်ကိုတော်ရယ်...
ခုဘဝမဆုံစည်းမပေါင်းဖက်ရပေမယ့် နောက်ဘဝ
များမှာ အစ်ကိုတော်နဲ့ပြန်ဆုံစည်းခွင့်ရချင်ပါတယ်....။
....ရွတ်.....
...အ....
နန္ဒာမာလာမှာ ယခုတကြိမ်သူ့လက်ကောက်ဝတ်
သွေးပြန်ကြောကို လှီးဖြတ်လိုက်ရာ နီရဲစေးထန်း
သောသွေးများပန်းထွက်လာ၏ ။
သူ့လက်မှပန်းထွက်လာသောသွေးများကို ဂါမဏိ
ပါးစပ်တွင်လက်ကောက်ဝတ်ကိုတေ့ကပ်ပေးရာ
ဂါမဏိမှာအစပထမ မလူပ်ရှားသေးသော်လည်း
သွေးအနည်းငယ်ဝင်သွားသောအခါ လက်ကောက်
ဝတ်ကိုဆုတ်ကိုင်၍ နန္ဒာမာလာ သွေးကိုအငမ်းမရ
စုတ်ယူသောက်နေတော့၏ ။
ဂါမဏိမှာ လူစိတ်ပျောက်၍ မိစ္ဆာစိတ်ဝင်နေချိန်မို့
နန္ဒာမာလာအခြေအနေကိုမသိ သွေးကိုသာ အငမ်းမရစုတ်ယူလျက်ရှိနေတော့၏ ။
နန္ဒာမာလာမှာ ဂါမဏိ အခြေအနေကိုရီဝေသော
မျက်လုံးများဖြင့်ကြည့်နေရင်းမှ ဂါမဏိ နဖူးပြင်ကို
ကြင်နာမြတ်နိူးစွာဖွဖွနမ်းရိူက်၍ ဂါမဏိကိုရင်ခွင်တွင်းထား၍လဲပြိုကျသွားရှာ၏ ။
အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီးတွင်
လှပသော မိန်းမပျိုလေးတစ်ယောက်ပြေးလွားရင်း
ပန်းပွင့်လေးများကိုလက်ဖဝါးလေးဖြင့်ပွတ်ထိလျက်
ထိုအခြေအနေကိုသဘောကျဟန် ရယ်မောနေရာ
အပြစ်ကင်းစင်သော ကလေးတစ်ယောက်ပမာ
ရှိနေပါ၏ ။
မြင်းနက်ကြီးတစ်စီးမှ ထိုပန်းခင်းအနားသို့တင်ဆောင်၍ရောက်လာပြီးလျင် မြင်းပေါ်မှပါလာသူမှာမိန်းမပျိုလေးလူပ်ရှား
မူများကိုမလွတ်တမ်းကြည့်လျက် သဘောကျ
ဟန်ပြုံးလျက်ရှိနေပါ၏ ။
ထိုအချိန်မှာပင်။
သာယာနေသောရာသီဥတုမှာ ကောင်းကင်တပြင်
လုံးမဲနက်လာခြင်းနဲ့အတူ ထိုအမဲရောင်ကြားမှ
မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင်ပုံရိပ်ပေါ်
လာပြီးလေပွေမူန်တိုင်းတစ်ခုဖြစ်လာကာ ပန်းခင်း
ကြားမှကောင်မငယ်လေးကိုလေပွေကြီးကဆွဲ
ယူသွားတော့၏ ။
”.....အစ်ကိုတော် ဂါမဏိ ကယ်ပါဦး.....”
.....နှမ....နှမ...နန္ဒမာလာ.....နှမ.......
ဂါမဏိ တစ်ယောက်ရုတ်တရက်ဆတ်ခနဲ သတိဝင်နိူးလာရာ ရင်ခွင်တခုအတွင်းရောက်
နေခြင်းနဲ့အတူ ထိုရင်ခွင်ပိုင်ရှင်မှာ နန္ဒာမာလာ
မှန်းသိလိုက်ရ၏ ။
”...နှမ...ဘေးကင်းလို့တော်ပါသေးရဲ့..
ဟိုလူတွေရော ဘယ်ရောက်သွားပြီလဲ.....…
..ဟင်...နှမ....ဟာ...နှမ....”
ဂါမဏိမှာ နန္ဒအခြေအနေကိုရုတ်တရက်သတိမပြု
မိပဲ ရုန်းထလိုက်ရာ ဘေးတဖက်သို့ နန္ဒာမာလား
လဲပြိုသွားမှစိုးရိမ်တကြီး ပွေ့ထူလိုက်ရာ အေးစက်
တောင့်တင်းနေသော ကိုယ်လုံးကိုပွေ့မိခြင်းနဲ့အတူ
နန္ဒာမာလာအသက်မရှိခြင်းကိုသိလိုက်ရခြင်းကြောင့်အံ့အြတူန်လူပ်သွားမိရတော့၏ ။
သူ့ပါးစပ်မှစေးထန်းထန်းသွေးများ နန္ဒာမာလလက်မှ ခြောက်ကပ်နေပြီဖြစ်သောဒဏ်
ရာမှသွေးများကိုကြည့်ရင်း သူကြောင့် နန္ဒာမာလာ
သေရခြင်းဖြစ်ကြောင်းနားလည်သွား၍ ဝမ်းနည်းခြင်း၊မယုံကြည်နိူင်ဖြစ်ရခြင်း၊ကြေကွဲခြင်း
ခံစားမူများတလှည့်စီဖြတ်ပြေးလျက်ရှိနေကြ၏။
ထိုခံစားမူများမှာ လိူင်းတပိုးကဲ့သို့ ဂါမဏိရင်တွင်း
ရုန်းကြွတက်လာနေလျက် ဝမ်းနည်းမူကိုငို၍မရ၊
ခံစားမူကိုစကားလုံးဖော်ထုတ်မရဖြင့်ရှိနေရာမှာ
နောက်ဆုံးနာကျည်းကြေကွဲဝမ်းနည်းခြင်းအတွက်
စကားတလုံးကို အာခေါင်ခြစ်၍အော်သံထွက်
လာပါတော့၏ ။
......အား.....
=========================
ဇတ်သိမ်း-ဆက်ရန်
မြူခိုးအလင်္ကာ .