book

Index 10

အပိုင်း(၁၀)

မာရ်နတ်မင်း၏ စစ်သူကြီး...

=================


" မကောင်းဆိုးဝါး...ရေကန်ထဲမှာ မကောင်းဆိုးဝါး

နောက်တစ်ကောင်တွေ့တယ်ဟုတ်လား...၊

နောင်ကြီးကို သွေးစုတ်တဲ့ မကောင်းဆိုးဝါးလား

..."


" မဟုတ်ဘူး ဂါမဏိ မဟုတ်ဘူး...၊

ကျုပ်ကိုသွေးစုတ်သွားတာကတစ်ကောင်

ခုဟာက နောက်တစ်ကောင်..."


"  ...အလို...နောက်တစ်ကောင် ဟုတ်လား..."


" ဟုတ်တယ်… ဂါမဏိ နောက်ထပ်မကောင်းဆိုးဝါးတစ်ကောင်

ရှင်းရှင်းပြောရရင် မကောင်းဆိုးဝါးဟာ ကျုပ်ကိုယ်တိုင်ပါပဲ....."


" ...အလိုလေး.........."


အဂ္ဂစကားကြောင့်ဂါမဏိတစ်ယောက်အံ့အြစွာရေရွတ်လိုက်မိ၏အဂ္ဂနောက်ပြောင်ကျီစယ်ခြင်းစကားဆိုတတ်သူမဟုတ်မှန်းဂါမဏိ သိသော်လည်း အခြေအနေကယုံကြည်လက်ခံနိူင်စရာခဲယဉ်းလွန်းနေ၏ ။


 ဂါမဏိအံ့အြမင်သေနေစဉ်အဂ္ဂမှသူ့စကားကိုပြန်ဆက်လာပြန်၏ ။


 ”..လက်ခံယုံကြည်နိူင်ဖို့ခဲယဉ်းမှန်း ကျုပ်သိပါတယ်…

ကျုပ်ကိုယ်တိုင်တောင် အစပထမ အဲဒီလိုဖြစ်သွားတာကိုလက်ခံဖို့ခက်ခဲနေခဲ့တယ် ဂါမဏိမကြောက်ဘူးဆိုရင်ကျုပ်ရုပ်ကိုပြပါမယ်...”


ဂါမဏိအနေဖြင့်အဂ္ဂအကြောင်းအားအထူးတလည်စိတ်ဝင်စားနေသောကြောင့်အဂ္ဂစကားကြားရသောအခါမဆိုင်းမတွပင်။


”..ပြပါနောင်ကြီး နောက်ကြီးဟာ ဘယ်လိုပဲဖြစ်နေပါစေ

ကျုပ်အတွင်မိတ်ဆွေကောင်းတစ်ယောက်၊

ကျေးဇူးရှင်တစ်ယောက်ပါ...”


”..ကောင်းပြီ …လန့်ဖျတ်တော့မသွားပါနဲ့....”


အဂ္ဂလည်းဂါမဏိထံမှစကားကြားရသောအခါ ကျောခိုင်းအနေထားမှဖုံးအုပ်ထားသောခေါင်းဆောင်းအဝတ်ကိုဖြေချ၍

တဖြည်းဖြည်းဂါမဏိနဲ့မျက်နှာချင်းဆိုင်လှည့်လာပါတော့၏ ။


.....အလိုလေး.ဘုရား..ဘုရား.....


ကျိုးတိုးကျဲပါးသောဆံပင်၊ မို့မောက်သောနဖူးပြင်၊မျက်တွင်းနက်နက်ကျီးနူတ်သီးကဲ့သို့နှာယောင်ကောက်ကောက်၊ ပါးစပ်အတွင်း

မဖုံးဖိနိုင်ပဲ အပြင်ထွက်နေသော သွားစွယ်များဖြင့် ကြောက်မက်ဖွယ်ရာမျက်နှာကြီးတစ်ခုကြောင့် တကိုယ်လုံးအမွေးအမျှင်များ၊ထောင်ထကာ အူအသည်းများဗျောင်းဆန်ကုန်သည်အလား

ထိတ်လန့်တုန်လူပ်သွားမိ၏ ။


     အကယ်၍များသူသာလျင် လူပ်ရှားပြေးလွားနိူင်စွမ်းရှိသူဖြစ်ပါက အဂ္ဂ နဲ့မည်မျပင်ရင်းနှီးကျွမ်းဝင်သူဖြစ်ပါစေနေရာမှထပြေးမိမည်ဖြစ်ပေ၏ ။


    ကြောက်လန့်စိတ်များနဲ့အတူ

အဂ္ဂအပေါ်သနားသောစိတ်များလည်းဝင်လာမိပြန်သောအခါသူ့အနေဖြင့်တဖြည်းဖြည်းစိတ်များပြန်လည်တည်ငြိမ်လာ၏ ။


”...ဘယ်လိုလဲ သိပ်ကြောက်သွားလား ဂါမဏိ...”


ဂါမဏိ လည်းအိနြေ္ဒပြန်ဆယ်လိုက်ရင်းမှ...၊


”..အမှန်ပြောရရင်အစပထမ ကြောက်လန့်မိတယ်

နောက်တော့တဖြည်းဖြည်း အံ့အြရတယ်

ဘာကြောင့် လူတစ်ယောက်ကခုလိုပုံမျိုး

ပြောင်းသွားရတာလဲဆိုတာ နားမလည်နိူင်အောင်

ဖြစ်ရတယ် နောင်ကြီး...”


အဂ္ဂမှာသူ့ခေါင်းပေါ်ဖုံးအုပ်ထားသောအဝတ်ကိုပြန်မဖုံးအုပ်တော့ပေ။ သူ့ဘဝအမှန်အားလှစ်ဟပြီးဖြစ်ဟန်ကြောင့်တူ၏ ။


.”..ကျုပ်လည်းအရင်ကနားမလည်ဘူး ဘာကြောင့်

အခုလိုမကောင်းဆိုးဝါးအသွင်ပြောင်းသွားရလဲဆိုတာဒါပေမယ့်… တဖြည်းဖြည်းပြန်တွေးလာမိတာက

ဒီလိုဖြစ်သွားတာဟာကျုပ်ကိုသွေးစုတ်တဲ့မကောင်းဆိုးဝါးနဲ့ဆက်စပ်မူရှိနိူင်တယ်ဆိုတာတွေးလာမိတယ်...”


.”...ဟုတ်ပ… ဖြစ်သမျခြုံကြည့်ရင်ဒါအဖြစ်နိူင်ဆုံးပဲ

နောင်ကြီး ဒါနဲ့ ဒီလိုဖြစ်သွားပြီးနောက်

ဘာတွေထူးခြားမူဖြစ်သေးလဲ ...။

နောင်ကြီးမိသားစုကရော နောင်ကြီးခုလိုဖြစ်သွားတာသိကြသေးလား...”


အဂ္ဂသက်ပြင်းချသံကိုဂါမဏိကြားလိုက်ရ၏သူပုံမှာ

ခေါင်းငိုက်စိုက်ချကာဝမ်းနည်းကြေကွဲမူအ

သွင်ကိုဆောင်နေသည်မှာ သနားစဖွယ်ပင်။


.”..ဒီလိုပုံစံမျိုးနဲ့ ရွာပြန်ရင်အားလုံးက ကျုပ်ကိုမကောင်းဆိုးဝါးထင်ကြမှာပေါ့။ 


မိသားစုကရော ကျုပ်ပါလို့ဘယ်လက်ခံယုံကြည်နိူင်ကြမှာလဲ ၊ ကျုပ်အတွက်လူနေပတ်ဝန်းကျင်တွေနား

ပိုပြီးမသွားချင်တဲ့အကြောင်းနောက်တစ်ခုရှိသေးတယ်


ကျုပ်ဟာခုလိုဖြစ်ပြီးနောက်ပိုင်း သား၊ငါးတွေကို အစိမ်းစားရတာပိုကြိုက်လာတယ်သားကောင်တွေကိုဖမ်းယူရာမှာ

သားကောင်နဲ့ယှဉ်ပြေးပြီးဖမ်းယူပြီးသွေးဖောက်

သောက်လိုက်ရမှနေရထိုင်ရသက်သာတယ်။


နောက်တစ်ခုက်သွေးမသောက်ရရင်အားအင်ချိ

နဲ့သလိုခံစားရတယ်။


ကျုပ်ဒေါသဖြစ်လာရင်အဆိုးဆုံးပဲ၊ဘာလုပ်လို့လုပ်မိမှနိးမသိဘူး

ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိူင်စွမ်းမရှိတော့ဘူး။


အားနည်းချက်ကတော့နေအလင်းရောင်အောက်ရောက်ရင်ကျုပ်အားလျော့့သလိုခံစားရတယ် ။


နေကအသားကိုထိလို့မရဘူး

ဒါကြောင့်အမှောင်ကိုကျုပ်ကြိုက်လာတယ်။

အမှောင်ထဲမှာဆိုကျုပ်မျက်လုံးကနေ့ဖက်နဲ့မခြားမြင်နိူင်စွမ်းရှိတယ် ...၊


အလင်းကအားနည်းချက်ဆိုရင်၊အမှောင်က

ကျုပ်အတွက် အားသာချက်တစ်ခုပဲ


ကျုပ်ခုလိုဖြစ်နေတာတွေကြောင့်လူသားတွေအနီးအနားနေရင်ကျုပ်ကြောင့်ဘေးတစ်စုံတရာဖြစ်မှာ


စိုးလို့လူသူဝေးရာအရပ်ရှေင်တိမ်းနေရင်း ရောင်းရင်းနဲ့တွေ့တာပဲ ဂါမဏိ..

ကျုပ်အဖြစ်က ဒါပါဘဲ...” ။


အဂ္ဂစကားအဆုံးသတ်သောအခါလောကကြီး၏အံ့ဖွယ်ထူးခြားမူပဉ္စလက်ဆန်ဆန်အဖြစ်အပျက်များကိုအံ့အြဘနန်းဖြစ်နေမိတော့သည်။


 အကယ်၍ အဂ္ဂ အဖြစ်အပျက်များကိုတစ်ခြားသူတစ်ယောက်သာ ပြောပြမည်ဆိုပါကသူ့အတွက်ပုံဝတ္ထုတစ်ပုဒ်သဖွယ်သာ သဘောထားမိမည်မှာ မလွဲမသွေပင်။


ယခုကားသူကိုယ်တိုင်မျက်မြင်ဒိဋ္ဌကြုံရ၊ကြားနေရသောကြောင့်သာတကယ်အပြင်လောကတွင်စိတ်ကူးယဉ်ထက်ဆန်းပြားသောအကြောင်းတရားများရှိနေမှန်းသိရတော့၏ ။


”...နောင်ကြီး အဂ္ဂ အတွက် ကျုပ် စိတ်မကောင်းပါဘူး

နောင်ကြီးရေ...”


”... ခုလိုဖြစ်နေချိန်ကာလမှာပထမဆုံး တွေ့တဲ့လူဆိုလို့ဂါမဏိပဲရှိတယ်။ ဘယ်ရှေးရေစက်ကြောင့်မဆိုနိူင်ဘူး

ဂါမဏိ ကိုခုလိုဘဝနဲ့ မမြင်ချင်ဘူး တစ်ခုခုကူညီချင်လာတယ်။


ဒါပေမယ့် ကျုပ်ကူညီမူဟာဂါမဏိအတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုများဦးတည်သွားမလားလဲ စိုးထိတ်မိပြန်တယ် ဂါမဏိ အနေနဲ့ ကျုပ်ပြောတဲ့အစီအစဉ်ကိုကြိုက်မှလုပ်နိူင်ပါတယ် ။

တကယ်လို့မကြိုက်ခဲ့ရင်တောင်ကျုပ်သေ

သည်အထိနောင်ကြီးကိုကျွေးမွေးထားနိူင်ပါတယ်ဆိုတာကြိုပြောပါရစေ....”


.”..ဟင် ကျုပ်...ကျုပ် ...လူကောင်းပကတိပြန်ဖြစ်နိူင်တယ်ဟုတ်လား အမြန်ကူညီပါ အဂ္ဂကျေးဇူး

တသက်မမေ့ပါဘူး....”


အဂ္ဂစကားများမှာမည်သည့်သမားတော်မဆိုကုသ၍မဖြစ်နိူင်သောသူ့အခြေအနေကိုပြောင်းလဲနိူင်

သည်ဆိုခြင်းကြောင့် မျော်လင့်ချက်မဲ့နေသော ဂါမဏိရင်ထဲလိူင်းတန်ပိုးထန်မျရင်ခုန်စိတ်လူပ်ရှားသွားရတော့၏ ။


.”..စကားမဆုံးသေးဘူး… ဂါမဏိ

ခုအခြေအနေကိုကုသနိူင်မယ်လို့ယူဆရတဲ့ဆေးကိုဂါမဏိ ကြားရင်လန့်ဖျတ်သွားလိမ့်မယ်ဆိုတာ 

ကျုပ်ပြောရဲတယ်..”။


..ဘာဆေးများမို့လဲ နောင်ကြီး အဂ္ဂ...


...သွေး.....ကျုပ်သွေးက ဂါမဏိ ရောဂါအတွက်ဆေးပဲ...


...ဟာ နောင်ကြီး အဂ္ဂ သွေးက ကျုပ်အတွက်ဆေး ဘယ်လိုလဲကျွန်ပ်

နားမလည်နိူင်အောင်ပါပဲ...


ဂါမဏိ တစ်ယောက်အမှန်ပင်နားမလည်။အဂ္ဂရူးသွပ်စွာလျောက်ပြောနေခြင်းလားဟုပင်တွေးမိ၏ ။


.”..ဂါမဏိ နားမလည်တာတစ်ခု ကျုပ်ပြောပြမယ်

ကျုပ်ဟာ တစ်ခါက ကျားတစ်ကောင်နဲ့ရင်ဆိုင်တိုက်ရင်းတကိုယ်လုံး 

ကျားကိုက်ရာ၊ခြစ်ရာ ဗရဗွဖြစ်ဖူးတယ် ဒါပေမယ့်

နောက်တနေ့ရောက်တော့လူကောင်းပကတိပြန်ဖြစ်နေပြန်ရော

မယုံနိူင်စရာပါပဲ ဒီလိုမျိုးပဲ ဝက်ဝံတစ်ကောင်နဲ့ လုံးထွေးသတ်ပုတ်ရင်းချောက်ထြဲပုတ်ကျပြီး ခြေတစ်ချောင်းကျိုးတယ်

မနက်ကျတော့ အကောင်းပကတိ ဖြစ်နေတယ် မယုံမရှိနဲ့.....”


....ဟာ ဒီလိုဆိုနေရာကျပြီပေါ့

 နောင်ကြီး အဂ္ဂ ရေ......


အဂ္ဂ စကားများက ဂါမဏိ အတွက်စိတ်အားရကျေနပ်စရာအတိပင်။သို့ရာတွင်အဂ္ဂမှာတစ်စုံတရာအရေးဝန်လေးနေဟန်တူ၏။ 


အဂ္ဂ မှာစိတ်အားတက်ကြွနေသော ဂါမဏိ အဖြစ်ကိုကြည့်ကာသူ့ဘဝနဲ့ယှဉ်၍သနားနေဟန်ဖြင့်ရှိနေ၏။


သူကသရဲတစ်ပိုင်းလူ၊ ဂါမဏိကတစ်ကိုယ်လုံးလူပ်ရှားမရသောဒုက္ခိတမဟုတ်လား။


.....တစ်ခုတော့ပြောစရာရှိတယ် ဂါမဏိ

တစ်ကယ်လို့ ကျုပ်သွေးနဲ့ကုလိုက်ရင် ဂါမဏိဟာ

မူလရုပ်သွင်ပျောက်ပြီး ကျုပ်လိုဖြစ်သွားနိူင်တယ်။


...ဟင် ဘယ်လို နောင်ကြီး အဂ္ဂ...


...ဟုတ်တယ် ကျုပ်သွေးဟာ မိစ္ဆာသွေးနှောနေတော့ဖြစ်မဖြစ်ပြောမရဘူး။


နောက်ထပ်အားတက်စရာတစ်ခုက ကျုပ်ဟာ

မကောင်းဆိုးဝါးအကိုက်ခံရပေမယ့် သူ့အတိုင်း

မပြောင်းလဲသွားဘူး၊ ခုကျုပ်ကတဆင့်ဆိုရင်တော့

ဘာမှတော့လည်းပြောင်းလဲမသွားနိူင်ဘူးလို့

ကျုပ်တွေးမိပြန်တယ်.။

 သေချာစဉ်းပါ ဒီနှစ်ခုထဲကတစ်ခုဘာမဆိုဖြစ်သွားနိူင်တယ်နော်

အခုကျုပ်ပြောစရာစကားကုန်ပြီ ဂါမဏိ သဘောအတိုင်းကျုပ်လိုက်လျောပေးဖို့အဆင့်သင့်ပဲ .....”


.........ဟူး...........


ပင့်သက်ပူကြီးတစ်ခုအား ဂါမဏိ မူတ်ထုတ်လိုက်မိ၏ ။


ဘာမဆိုဖြစ်သွားနိူင်သောအခြေအနေမျိုးတွင်သူ့အခြေအနေကရှေ့တိုးရခက်နောက်ဆုတ်ရခက်။

 

ယခုအတိုင်းဒုက္ခိတဘဝရွေးချယ်လိုက်ပါကလည်းသူ့ဘဝသည်သေလူနဲ့မခြားနား၊


အကယ်၍ အဂ္ဂ သွေးကိုသောက်မိပါက အဆင်မသင့်လျင်အဂ္ဂနည်းတူဖြစ်သွားနိူင်သည်မို့

ဂါမဏိ တွေးရကြပ်နေသလို၊


သူ့အတွေးအာရုံများသည်ယခုအချိန်တွင် မိခင်အားအထူးပင်သတိရလာမိလျက်ရှိနေတော့၏။

အနှိမ်ခံအပယ်ခံဘဝဖြင့် ဆင်းရဲနွမ်းပါးစွာသားမိနှစ်ယောက်ဖြတ်သန်းရပုံများ၊ 


စက္ကဒေဝနဲ့တွေ့ဆုံပြီးဘဝတဆင့်မြင့်မှမိခင်အားတွေ့မည်စိတ်ပိုင်းဖြတ်ကာ ကြိုးစားခဲ့သမျ 


ကံတရားမျက်နှာသာမပေးမူကြောင့်

ယခုလိုဘဝရောက်ရချိန်တွင်မိခင်သည်အဘယ်အရပ်သို့ရောက်နေမှန်းမသိ။


သေသည်ရှင်သည်မသိသောသားအတွက်အဘယ်မျပူဆွေးနေရပြီမဆိုနိူင်၊


 အရင်ကမတွေးမိသောအကြောင်းအရာ


များသူ့ခေါင်းတွင်းတခုပြီးတစ်ခုတွေးဝင်လာ၏ ။


ဂါမဏိ စိတ်နှစ်ခုကြားတစ်ခုပိုင်းဖြတ်လိုက်ရင်း...


. ..ကျုပ်ကို နောင်ကြီးအဂ္ဂ သွေးနဲ့ကုပေးပါ

ဖြစ်လာသမျအကျိုးဆက်ကို ကျုပ်လက်ခံဖို့ အဆင်သင့်ပါပဲ...


...ကောင်းပြီ ဂါမဏိ အချိန်ကောင်းပဲ 

လမွန်းတည့်ချိန်ရောက်တော့မယ် စမ်းကြည့်

ကြတာပေါ့.... 


ဂါမဏိ တစ်ယောက် လက်ဖျံအားဓားဖြင့်ထိုးခွဲ၍သွေးကိုခွက်တစ်ခုထဲခံနေသောအဂ္ဂလုပ်ကိုင်ပုံအားရင်တဖိုဖိုစောင့်ကြည့်နေမိ၏ ။


မကြာမှီသူ့ဘဝအလှည့်အပြောင်းစပေတော့မည်။


...ရော့ သောက်လိုက်ဂါမဏိ...


ဂါမဏိမှာအဂ္ဂကမ်းလာပေးသောခွက်အတွင်းမှနီထန်းထန်းညှီစို့စို့သွေးများကို သောက်နေချိန်ပျို့အန်မိမတတ်ဖြစ်လာသော

ကြောင့်အသက်အောင့်၍အားလုံးမော့ချလိုက်တော့၏ ။


သွေးများကုန်သွားချိန် အဂ္ဂမှာထူးခြားမူတစ်စုံတရာ

ဖြစ်မဖြစ်စိတ်ဝင်တစားဂါမဏိကိုစောင့်ကြည့်နေ၏ ။


ဂါမဏိမှာလည်းထူးခြားမူတစ်စုံတရာအတွက်ရင်တဖိုဖိုရှိနေမိတော့၏ ။


သိုရာတွင်……


အချိန်အားဖြင့်ကွမ်းတယာညက်ခန့်ကြာသည်အထိမည်သည့်ထူးခြားမူမှဂါမဏိထံတွင်မပြချေ ။


..နောင်ကြီး အဂ္ဂ ဘာထူးခြားမူမှကျုပ်မခံစားရပါလား...


...ဟုတ်တယ် တကယ်ဆိုတခုခု ဖြစ်ရမှာ ခုတော့....


အဂ္ဂ စကားမဆုံးခင်မှာပင်ကောင်းကင်ပြင်တစ်ခုလုံး,လ ကိုဖုံးသည်အထိလင်းနိူ့ငှက်များကောင်းကင်ယံတွင်ဝဲပျံနေလျက်ရှိနေကြကာ ထိုအရိပ်များကြောင့်

ပတ်ဝန်းကျင်လည်းမှောင်သွားတော့၏ ။


ထို့အတူ……၊


 ဂါမဏိတစ်ယောက်ထူးခြားသောအခြေအနေဖြင့်


စတင်ရင်ဆိုင်ရတော့၏ ။


တကိုယ်လုံးရှိသွေးကြောများတွင်ပိုးကောင်ငယ်များ

လှည့်လည်သွားလာနေသလိုခံစားနေရသည်မှာမခံ

ရပ်နိူင်စွာ သွေးကြောများပေါက်ထွက်ကုန်ပြီဟုပင်

ထင်မှတ်နေမိတော့၏ ။


ပိုးကောင်များမှာတစတစဖြင့်သွေးကြောများအတွင်းအဆမတန်များပြားလာသလိုခံစားနေရ

ပြီးခေါင်းများမူးဝေနောက်ကျိကာ၊အမြင်အာရုံများဝေဝါးလာလျက်ရှိနေ၏ ။


...နောင်..ကြီး..အ..ဂ္ဂ...ကျုပ်...မရ.....


စကားပင်မဆုံးခင်မြေကြီးပေါ်သို့အရုပ်ကြိုးပြတ်ဖြင့်ဂါမဏိလဲကျသွားတော့၏ ။


...နောက်ဆုံးတော့ ကျုပ်သွေးက အစွမ်းပြပြီပေါ့....


ဂါမဏိ နောက်ဆုံးကြားလိုက်ရသောအဂ္ဂ စကားပင်။


သူကားလောကကြီးနဲ့ခနတာမျအဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်၏ ။


တခြားဘာဆိုဘာမှမသိတော့ပေ။


==========================


၁၁ -ဆက်ရန်


rate now: