book

Index 3

အခန်း.[၃]

မြိုင်ဟေဝန် ဒိုင်ယာရီ - ၃
=================
"ဟင်"

ညီထွန်းကြားလိုက်ရသော အသံကြောင့် ဆတ်ခနဲလှည့်အကြည့်တွင် အိမ်နံရံအမှောင်ဘေး လူရိပ်တခုအား
ဝိုးတဝါး မြင်လိုက်ရ မိသည်။

အ့ံအြစိတ်ဖြင့် သေချာစ်ိုက်ကြည့်တော့ ထို မပီဝိုးတဝါး လူရိပ်သည် ဧည့်ခန်းမကြီးနဲ့ ဘေးဖက်ရှိ အခန်းတစ်ခန်းသို့ ရိပ်ခနဲ ဝင်သွားသည်က်ိုတွေ့ လိုက်ရမိသည်။

ညီထွန်းတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလျှက် ခေါင်းနဘန်းများကြီးလာသည်။

ထို့ကြောင့် အိမ်ထဲမှ သုတ်ခြေတင်လျှက်မပြေး ရုံတမယ် ခြေလှမ်းများဖြင့် အိမ်အပြင်ဖက် အမြန်ထွက်ရင်း လမ်းမဆီ လျောက်လာခ့ဲမိတော့သည်။

"ကြာလိုက်တာ အစ်ကိုရာ
ကျွန်တော်ကတစ်ခုခု ဖြစ်နေပြီလားလို့ "

"အေးကွာ စောင့်နေရတာ
ကြာသွားရင်ဆောရီးပဲ အောင်ကိုရာ
ပြန်ကြရအောင်...."

အပြန်လမ်းတစ်လျောက် ညီထွန်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အတွေးနယ်ချဲ့ လျက် ရှိနေသည်။


ညသည် ၁၂ နာရီ

ညီထွန်း သူတည်းခိုးရာ အခန်းအတွင်း တနေ့လုံး
လျောက်လည်ထား၍ ပင်ပန်း၍ နှစ်ခြိုက်စွာ အိပ်မောကျနေလျှက်ရှိနေသည်။

ထိုစဉ်မှာပင်
ပိတ်ထားသော
အခန်းတခါးအား ဖြတ်ကာ
မြူ ခိုးငွေ့များသည် ဝင်ရောက်လာလျက် ညီထွန်းအိပ်နေရာ ကုတင်အောက်ဖက်တွင် မြူ ခိုးသဏ္႑န် ထိုအငွေ့များသည်စုပေါင်းလျက်
လူတစ်ယောက်ပုံဖြစ်လာတော့သည်။

"ကျေး..ဇူး..ပြု..ပြီး..အ..ခေါင်း..ထဲ..က.အ..လောင်း
ကို..ဖျက်..စီး..ပေး...ပါ...
ဒါ..မှ ..ကျုပ်..တို့..လွတ်..မြောက်...ခွင့်...ရ..လိမ့်..မယ်..."

"ထောက်....ဘယ်သူလဲ...."

ညီထွန်းကား အအိပ်ဆတ်သူ ပီပီ
သူ့အနား တီးတိုးကပ် ပြောနေသော စကားသံကြောင့်
ဖျတ်ခနဲ နိူးလာရင်း သူ့ဘေးနားစင်ပေါ်မှ စာပွဲပေါ် မှစာကြည့် မီးအုပ်ဆောင်းဖွင့်သံထောက်ခနဲ အတူညီထွန်းမေးလိုက်ခြင်းပင်ဖြစ်သည်။

"ဟိတ်..မင်းဘယ်သူလဲ..ဘာလာလုပ်တာလဲ"

အခန်းအတွင်း မီးရောင်နဲ့အတူ လူတစ်ယောက်သည် ပိတ်ထားသော အခန်းတခါးအား မဖွင့်ပဲ တခါးရွက်အတွင်း တိုးဝင်သွားသည်ကို တွေ့လိုက်ရတော့သည်။

ညီထွန်းလည်း အချိန်မဆိုင်းပဲ အိပ်ယာပေါ်မှ လူးလှဲထလိုက်ရင်း အခန်းတခါးဆီ ပြေးသွားကာ တခါး
ဖွင့်ရင်းအပြင်ဖက်သို့လှမ်းကြည့်လိုက်မိသည်။

အပြင်ဖက်စကြာလမ်းတလျှောက် မီးရောင် မှိန်ဖျော့ဖျော့ လေးထွန်းညှိထားပြီး ဘယ်သူမှရှိမနေခြင်းအားတွေ့လိုက်ရတော့သည်။
တခါးပိတ်ထားသော သူ့အခန်းအတွင်း တခါးမဖွင့်ပဲထွက်သွား
ညီထွန်း ခုမှ အနည်းငယ်ကျောချမ်းသလို ဖြစ်သွားရင်း အခန်းအတွင်းပြန်ဝင်ကာ အခန်းမီးခလုပ်အား ဖွင့်လိုက်မှ တခန်းလုံး လင်းထိန်သွားတော့သည်။

ခုညအတွက်တော့ သူအိပ်ပျော်တော့မည်မဟုတ်တော့ပေ။
ထို့ကြောင့်အနီးရှိ ရေဗူးမှရေအား တကျိုက်ကျိုက်မော့သောက်လိုက်ရင်း ခုတင်စောင်းတွင် ငူငူငိုင်ငိုင်ကြီးထိုင်နေမိသည်။

သူနေ့လည်က ကြားလိုက်ရသော မြိုင်ဟေဝန် အိမ်ကြီးတွင်ကြားလိုက်ရသော စကားသံနဲ့ အစောနကကြားလိုက်ရစကားသံသည်တူညီလွန်းလှသည်။

"ဟာ ...ဘယ်လိုဖြစ်တာလဲ "

သူ့အိတ်အတွင်း သေချာ သိမ်းဆည်းထားသော ရဲနောင်
ဆိုသူ၏ ဒိုင်ယာရီ စာအုပ်သည် သူ့အိပ်စင် ဘေးခုံပေါ် ရောက်နေသောကြောင့် ညီထွန်းအ့ံအြသင့်သွားရသည်။

သူအထားမှားခြင်းလား ဟုပြန်တွေးကြည့်တော့ သူဒီကို စရောက်ကတည်းက ဒီစာအုပ်အား မထုတ်ဖြစ်သည်မှာသေချာလှသည်။
ဒါဆို....

စာအုပ်ကား စာမျက်နှာတချို့ ပွင့်ရက်သားရှိနေတာကြောင့် သူသိမ်းဆည်းရန်အလုပ်...

"ဒါ...ဒါ ကဘယ်သူလုပ်တာလဲ မဖြစ်နိုင်ဘူး "

ညီထွန်းခေါင်းများ ချာချာလည်သွားပြီလားဟုပင်ခံစားမိသည်။
သူတွေ့ရလိုက်ရသည်က မယုံကြည်နိုင်စွာ လွတ်နေသော စာမျက်နှာများအတွင်း စာများရောက်ရှိနေသည်ကိုတွေ့လိုက်ရခြင်းကြောင့်ပင်ဖြစ်သည်။

.....မြေအောက်ခန်းထဲမှာရှိတ့ဲ အခေါင်းထဲက အလောင်းကို ဖျက်ဆီးပေးပါ....
...ကျုပ်တို့ နှစ်တွေ အများကြီး မြိုင်ဟေဝန် မှာပိတ်မိနေတယ်......
....စိုင်းနော်ခမ်း ရဲ့ ထိန်းချုပ်မူ ကြောင့် ကျုပ်တို့ လွတ်မြောက်ခွင့်မရခ့ဲဘူး.....

......ကျေးဇူး ပြု ၍ ....

.....ကူညီပါ.....ကူညီပါ......ကူညီပါ....

.....ကူညီပါ...ကူညီပါ.....ကူညီပါ......

"ဟာ...
ဘုန်း..."

တခြားလွတ်နေသော စာမျက်နှာ တိုင်းသည် ကူညီပါဟုသာ စာတရွက် စာတကြောင့်ဖြင့်ရှိနေသောကြောင့် ညီထွန်း ကြောက်လန့်တကြား စာအုပ်အားလက်မှ
လွတ်ချလိုက်မိ၍ ကြမ်းပြင်နဲ့ ထိကာ ဘုန်း ခနဲအသံမြည်သွားခြင်းပင်ဖြစ်သည်။

"ငါကို အကူအညီတောင်းနေတာ ရဲနောင်လား..

အစောနက တွေ့လိုက်ရတာရဲနောင်ဆိုရင် မြိုင်ဟေဝန် မှာအကူအညီတောင်းတာရော..ခုနကအကူညီတောင်းတာရော..ရဲနောင်ပေါ့...ဒါဆို...
ခုဒီစာအုပ်က စာတွေဟာ....အမှန်တွေတကယ်ဖြစ်ခ့ဲတာတွေလား........

ငါဘာဆက်လုပ်ရမလဲ....ငါဘာလုပ်သင့်လဲ..."

ညီထွန်းတစ်ယောက် အတွေးများဖြင့် ချာချာလည်ရင်မိုးလင်းခ့ဲရတော့သည်။

နောက်တစ်နေ့ လည်ပိုင်းတွင်လိုအပ်သော ပစ္စည်း များကျောပိုးအိတ်တစ်လုံးအတွင်းထည့်ကာ လွယ်ပိုးရင်း
သူမြိုင်ဟေဝန် အိမ်ကြီးဆီရောက်လာခ့ဲတော့သည်။

သူအိမ်ခြံဝင်းအရောက်တွင် ရာသီဥတုသည် ရုတ်တရက်ပြောင်းလဲသွားတော့သည်။
တိမ်ညို တိမ်မဲများ သည်ကောင်းကင်အတွင်းတလိပ်လိပ်တက်လာလျှက် လျပ်စီးများတချက်တချက်လက်ကာ မိုးချိုမ်းသံများပါကြားလိုက်ရတော့သည်။

ညီထွန်းအိမ်ခြံဝင်းထဲမှ အိမ်ကြီးအားတချက်လှမ်း့ကြည့်တွင် မှောင်မဲနေသော တိမ်ညိုတိမ်လိပ်များနောက်ခံဖြင့် လျပ်စီးတစ်ချက်အလက်တွင် မြင်တွေ့နေရသည်မှာ ကျောခြမ်းဖွယ်ရာကောင်းလွန်းလှသည်။

ညီထွန်း အိမ်အတွင်းပိုင်းသို့ အလျင်အြမ်လှမ်းဝင်လိုက်သည်။
အိမ်အတွင်း ပိုင်းမှာကား ယခင်ကပင်အနည်းငယ်မဲမှောင်နေရာ ယခုလို ပတ်ဝန်းကျင် အခြေအနေမဲမဲမှောင်နေသောအခြေအနေတွင် ပိန်းပိတ်အောင်မှောင်မဲသွားတော့သည်။

ညီထွန်းလည်းပါလာသော လွယ်အိတ်အတွင်းမှ ဖယောင်းတိုင်ကြီးတချောင်းအား မီးထွန်းညှိလိုက်တာကြောင့် သူရပ်နေရာ ပတ်ဝန်းကျင်တဝိုက် အနည်းငယ်လင်းသွားတော့သည်။

အပြင်ဖက်တွင်ကားလေပြင်းများကပါ တိုက်ခပ်နေပြီဖြစ်ကာ လေပြင်းများကြောင့် အပေါ်ထပ်မှ သွပ်မိုးများလေတို့၍ ဆူညံနေသံနဲ့ အတူ တခြားအော်ဟစ်ညီးညူ သော အသံများပါ ကြားနေရသည်ဟု ညီထွန်းစိတ်အတွင်းထင်နေမိသည်။

ဧည့်ခန်း အလယ်တွင် ညီထွန်းတစ်ယောက် ကြောင်တောင်တောင်ရပ်နေမိသည်။

သူလာရင်းသည် စိုင်းနော်ခမ်း အလောင်းအား ဖျက်ဆီးပစ်ရန်ပင်ဖြစ်သည်။

သို့သော် စိုင်းနော်ခမ်း အလောင်းထားရှိရာ မြေအောက်ခန်းသို့ သွားသော လမ်းအားသူမသိပေ။

ရောက်လာပြီးမှ ဘာဆက်လုပ်ရမှန်းမသိပဲရှိနေစဉ်မှာပင်မနေ့ကအကြောင်းအရာတခုအား ညီထွန်းဖျတ်ခနဲသတိရလိုက်မိသည်။

မနေ့က သူရောက်လာစဉ်က လူရိပ်တခုဝင်သွားသော အခန်းတစ်ခုအားသတိရလိုက်မိသည်။

အကယ်၍ သူ့အားအကူအညီ တောင်းသော ဝိညည် များဆိုပါက စိုင်းနော်ခမ်း အလောင်းထားရှိရာ မြေအောက်ခန်းသို့သွားရာလမ်းအားညွန်ပြခြင်းဖြစ်မည်ဟု
သူတွေးလိုက်မိခြင်းပင်ဖြစ်သည်။

ထို့ကြောင့်ပင် ဧည့်ခန်း ညာဖက်ထောင့်ရှိအခန်းသို့ ဝင်လိုက်မတော့သည်။
တခန်းလုံးကား ဖုန်မူန်းပင့်ကူမျင်များနဲ့အတူ အိမ်ထောင်ပရိဘောဂ အကျိုးအပဲ့ များဖြင့်ရှိနေသည်။

ဒိုင်ယာရီ စာအုပ်ပါ အကြောင်းအရာ အရမြေအောက်ခန်းသွားရာ လျို့ဝှက်ခလုပ်သည် နံရံတွင်ရှိနေသောကြောင့်
နံရံတလျောက်အား အသေအချာလိုက်ကြည့်နေမိတော့သည်။

"အင်း...ဒါပဲ ဖြစ်ရမယ်"

အခန်းတခါးနဲ့ မျက်နှာချင်းဆ်ိုင်တွင်ရှိသော နံရံတွင် မျက်နှာပြင်နဲ့ တသားတည်းကျမနေပဲ အနည်းငယ် နိမ့်နေသော နေရာတခုအားတွေ့လိုက်ရတာကြောင့်
ညီထွန်းလည်း ထိုနေရာအားဖိနှိပ်ချလိုက်သည်။

"ကျွီ......ကျွီ........."

ညီထွန်းထင်သည့်အတိုင်းပင် ထိုနေရာသည် လျို့ဝှက်ခလုပ်တခုဖြစ်နေပြီး သူနှိပ်ချလိုက်ချိန်မှာပင် သံရှည်ဆွဲအော်မြည်သံနဲ့အတူ နံရံဘေးတွင် လူတကိုယ်ဝင်စာ အပေါက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

"ရှပ်...ရှပ်....ရှပ်....."

တိတ်ဆိတ်နေသော အခန်းမို့ ညီထွန်းမြေအောက်ထပ်သို့ တလှမ်းချင်းဆင်းလာသော သူ့ခြေသံ တရှပ်ရှပ်သည်ပင် ထိတ်လန့်စရာ ကောင်းနေပြန်သည်။

သူမြေအောက်ခန်းအတွင်းရောက်တော့ တစ်ခန်းလုံး
သည် ပုတ်အ့ဲအ့ဲ အနံများနဲ့အတူ စွတ်စိုထိုင်းမိူင်းနေကာ
ညီထွန်းစိတ်များလေးလံထိုင်းမိူင်းနေလျက် ရှိကာ သူ့ခေါင်းများသည်မူးနောက်ရီဝေနေလျက်ရှိနေသည်။

သူရှေ့မြင်ကွင်းများသည် မြူ နှင်းများကျလာသလို ရှိနေကာ သူရှေ့ရုပ်ရှင်ကြည့်နေရသက့ဲသို့ မြင်ကွင်းများဆက်တိုက်ပေါ်လာသည်ကို မြင်နေရတော့သည်။

.......အသက် ၃၀ အရွယ် ယောက်ကျားတစ်ယောက်သည် အခန်းတခုအတွင်း တုတ်တုတ်မျ မလူပ် ပဲအိပ်မော ကျနေသည်။

သူပုံစံကား မအိပ်ခင်သောက်စားမူး ယစ်နေခ့ဲဟန်ရှိနေသည်။

အမျိုးသမီးတစ်ယောက်သည်လည်း ထိုအခန်းအတွင်းရှိနေကာ အိပ်ခန်းအတွင်း ရှိနေကာ ထိုသူ အခြေအနေအား စိတ်ချ သေချာအောင် ကြည့်ရင်း ပိတ်ထားသော အခန်းတခါးအား သွားရောက်ဖွင့်လိုက်တော့သည်။

ပိတ်ထားသော အခန်းတခါးဖွင့်ပြီး မရှေးမနှောင်းမှာပင်
ထိုမိန်းမနဲ့ သက်တူရွယ်တူခန့် လူတယောက်သည် အခန်းအတွင်းဝင်ရောက်လာရင်း အိပ်နေသူအနီးလျှောက်သွားကာ နာကြည်း၊ မုန်းတီးစွာ စိုက်ကြည့်ရင်း
ခါးကြားမှ ဓားမြောင်အားဆွဲထုတ်လိုက်သည်။

မှိန်ပျပျ မီးရောင်အောက်တွင်ဓားရောင်လက်ခနဲဖြစ်သွားခြင်းနဲ့အတူ ဓားအားမူးယစ်အိပ်ပျော်နေသူ ဝမ်းဗိုက်အား တချက်ပြီးတချက်ထိုးသွင်းလိုက်တော့သည်။

သွေးများသည် ငေါက်ခနဲ ငေါက်ခနဲပန်းထွက်လာခြင်းနဲ့အတူ အိပ်ယာပေါ်မှ လူကား အော်ဟစ်ချိန်ပင် မရလိုက်ပဲ မျက်လုံးကြီးများပြူ းထွက်လျက် တချက်နှစ်ချက် ရုန်းကန်တွန့်လိမ်ရင်း အသက်ပျောက်သွားတော့သည်။

ထိုနောက် ထိုသူနဲ့ ဘေးမှ ထိုမြင်ကွင်းအား အားရကျေနပ်စွာကြည့်နေသော မိန်းမပျိုသည် စောင်များဖြင့်အလောင်းအားအထပ်ထပ် ထုတ်ပိုးလိုက်ရင်း
ရှေ့တယောက်နောက်တယောက် သယ်ဆောင်ရင်း
မြေအောက်ထပ်တစ်ခုဆီအလောင်းအားသယ်ဆောင်လာခဲ့ကြတော့သည်။

မြေအောက်ထပ်အရောက်တွင် သယ်လာသော အလောင်းအားခေါင်းတလုံးအတွင်းထည့်လျက် အပေါ် ပြန်တက်ရန်အလုပ်တွင် မြေအောက်ခန်းတခါးသည် သူ့အလိုလို ပိတ်သွားသည်ကိုတွေ့လိုက်ရတော့သည်။

ထိုသူနှစ်ယောက် ကြောက်ရွံစွာအော်ဟစ်နေကြချိန်မှာပင် ပိတ်ထားသော အခေါင်းအဖုံးသည် ရုတ်တရက် ပွင့်ကာ အောက်သို့ ပြုတ်ကျသံကြားလိုက်ရတာကြောင့်
ထိုနှစ်ယောက်လှမ်းကြည့်သောအခါ မျက်လုံးများ ပြူ းထွက်ပြီး လည်စောင်းလျက် သွေးသံတရဲရဲဖြင့် သူတို့သတ်လိုက်သောသူသည် သူတို့နှစ်ယောက်ထံလာနေတော့သည်။

ထိုနှစ်ယောက်ကားကြောက်ရွံ ထိတ်လန့်စွာ ရှိနေစဉ်
ထိုကြောက်စရာကောင်းလွန်းလှသော အလောင်းကောင်ကြီးသည်အနားသို့ရောက်လာပြီး မိန်းမပျို ထံ လက်နှစ်ဖက် ဆန့်တန့်လျက် လည်ပင်းအားညှစ်ကာ အပေါ်သို့ ဆွဲမြှောက်လိုက်ပါသည်။

အမျိုးသမီးကား လည်ပေါ် တွင် ခြေနှစ်ခြောင်း ယက်ကန် ယက်ကန်ပြုရင်း ခနအကြာ မျက်လုံးကြီးပြူ းလျှာကြီးထွက်လျှက် ငြိမ်သက်သွားတော့သည်။

ထိုအလောင်းကောင်သည် ငြိမ်သက်သွားသော အမျိုးသမီးအား ဘုန်းခနဲမြည်အောင်အောက်သို့ ပစ်ချလိုက်ရင်း နံရံတွင်မှီကပ်ရင်းအကြောက်လွန်လျက် ရှိသော အမျိုးသားဆီတဖန်သွားကာ သူ့လက်တဖက်ဖြင့် ထိုအမျိုးသားဝမ်းဗိုက်အား ထိုးသွင်းလိုက်တော့သည်။

ထိုအမျိုးသားကား မချိမဆန့်ဝေဒနာကြီးခံစားရ၍ အော်ဟစ်လိုက်သံနဲ့အတူ ထိုအလောင်ကောင်ကြီး လက်အားဝမ်းဗိုက်မှဆွဲအပြင်ဆွဲထုတ်သောအခါ အူများတန်းလန်းကြီးပါလာသည်ကိုတွေ့လိုက်ရတော့သည်။

ဝမ်းဗိုက်ကားဟောင်းလောင်းကြီးပေါက်နေပြီး သွေးများကလီစာများအစုအပြုံလိုက်ပြုတ်ကျသွားသလို ထိုအမျိုးသားလည်း ဒူး ညွတ်ခွေလျက် လဲကျသွားတော့သည်။
ထိုစဉ်မှာပင် ထိုကြောက်မက်ဖွယ် အလောင်းကောင်ကြီးသည် ညီထွန်းဖက်လှည့်လာတော့သည်။

ညီထွန်းကား ကြောက်လန့်ဖွယ်မြင်ကွင်းများကြောင့် သူ့နှလုံးခုံသံကိုသူကိုယ်တ်ိုင်ပြန်ကြားနေရကာ အူအသည်းများပြောင်းပြန်လန်သွားမတတ်ခံစားနေမိသည်။
ထို့အတူ သူ့ခြေထောက်များကားခဲဆွဲထားသလိုလေးလံနေပြီး ထွက်ပြေးရန်အင်အားများလည်းပျောက်ဆုံးနေသလို ရင်ခေါင်းဆီမှ ကြောက်လန့်တကြား အော်ဟစ်လိုက်သောအသံသည် လည်ချောင်းဝအရောက်တွင် တစ်ဆို့ပျောက်ကွယ်ကာ အော်သံအဖြစ်အပြင်သို့ရောက်မလာခ့ဲတော့ချေ။

ကြောက်မက်ဖွယ်ရာအလောင်းကောင်ကြီးသည် သူ့အနီးလက်တကမ်းအကွာတိုးကပ်ရောက်ရှိလာသလို ညှီစို့စို့ သွေးနံများပါ ညီထွန်းရူရိူက်လိုက်မိသည်။
သူကြည့်နေစဉ်မှာ ထိအလောင်းကောင်ကြီးလက်တဖက်ညီထွန်း ထံတိုးဝင်လာတော့သည်။

"အား..........."

ညီထွန်း ကြောက်လန့်တကြားအော်ဟစ်လိုက်သောအသံထွက်ပေါ်လာသည်။

ထို့အတူ ဖယောင်းတိုင်ကိုင်ထားသော သူ့ညာဖက်လက်သည် ပူခနဲ ခံစားလိုက်ရတော့သည်။

ညီထွန်းမျက်လုံးမဝ့ံ မရဲဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တွင်ဘာမှရှိမနေ။
ထို့အတူ သူ့လက်ပူလောင်သွားရခြင်းမှာကား ကိုင်ထားသောလက်အတွင်းမှဖယောင်းတိုင်တိုကာ အပူလာဟပ်သောကြောင့်ပင်ဖြစ်သည်။
ကမန်းကတန်းပင် ဖယောင်းတိုင်အသစ်တတိုင်ထုတ်ရင်းမီးစွဲလိုက်တော့သည်။

ခုတတော့သူလူပ်ရှားမူအားလုံးကားပုံမှန်အတိုင်းပင်။

[ညီထွန်းရုပ်ရှင်ကြည့်သလို မြင်လိုက်ရသော မြင်ကွင်းများမှာ သေခါနီး စွဲလမ်းစိတ်ဖြင့် မကျွတ်မလွတ်သော ဝိညည် များသည် နောက်ဆုံးသေဆုံးချိန်အား တဖန်ပြန်လည်၍ ဖြစ်ပေါ်နေသောမြင်ကွင်းမျိုးဖြစ်သည်
အကြောင်းတိုက်ဆိုင်၍သာ ညီထွန်းမြင်ခွင်ကြုံခြင်းပင်ဖြစ်သည်။]

ညီထွန်းသည် အချိန်မဆိုင်းတော့ပဲ အခန်းအတွင်း အခေါငး်ရှိမရှိလိုက်ရှာြက့်လိုက်မိသည်။

တွေ့ပါပြီ အခန်းထောင့်တစ်နေရာတွင် နှစ်ကာလကြာမြင့်သော်လည်းရေဒဏ် နေဒဏ် လေဒဏ် ကငး်လွတ်ရာ မြေတိုက်ခန်းအတွင်း အတွင်းရောက်နေသောကြောင့် ဆွေ့မြေ့စပြုနေရုံသာ ရှိသေးသောအခေါင်းတလုံးအား အခန်းထောင့်ကြမ်းပြင်တွင်တွေ့လိုက်ရတော့သည်။

ညီထွန်းလညး် ထိုအခေါင်းနားလျောက်သွားရင်း ကျောပိုးအိ်တ်အတွင်းမှ ရေနံဆီပုံးထုတ်ယူရင်းခေါင်းအနှံနေရာလပ်မကျနေ်လာင်းပက်လိုက်တော့သည်။

ဖယောင်းတိုင် မီးဖြင့် မီးရိူ့ကာနီး ညီထွန်းစိတ်အတွင်း ပိတ်ထားသော အခေါင်းအတွင်းလူရှိမရှိသိလိုလာသည်။

ထို့ကြောင့် ခါးညွတ်လိုက်ရင်း ဖယောင်းတိုင် အားလက်တဖက်ဖြင့်ကိုင်ကာ လက်တဖက်ဖြင့် အခေါင်းအဖုံးအား အသာ လှစ်ဟဖွင့်လိုက်မိသည်။

."ဟင်...ဒါ....ဒါ....."

ညီထွန်းလက်အတွင်းကိုင်ထားသော ဖယောင်းတိုင်သည်အ့ံအြထိတ်လန့်မူကြောင့်အောက်သို့ပင်ပြုတ်ကျသွားတော့သည်။

မအ့ံအြပဲ နေနိုင်ရိုးလား ယခုလို ဆွေးမြေ့ဟောင်းနွမ်းနေသောအခေါင်းအတွင်း မျက်လုံးကြီးများပြူးးကျယ်ကာသွေးသံတရဲရဲဖြင့်အလောင်းတလောင်းရှိနေသောအတွက်ကြောင့်ပင်ဖြစ်သည်။

"ဝုန်း ...."

အစ်......အစ်......အစ်...

ဝုန်းခနဲအသံနဲ့အတူ ထိုအလောင်ကောင်ကြီးလက်နှစ်ဖက်သည် အ့ံအြစွာခါးကိုင်းငေးကြည့်နေသော ညီထွန်းလည်ပင်းစုံကိုင်ညစ်လိုက်ခြင်းကြောင့် ညီထွန်းတစ်ယောက် တအစ်အစ်ဖြင့် အသက်ရူမဖြစ်ကာ မျက်လုံးများပြူး းကျယ်လာတော့သည်။

ထိုလက်နှစ်ဖက်အားဆွဖြုတ်ရန်သူကြိုးစားကြည့်သော်လည်းအထမြောက်အောြင်မင်ခြငး်မရှိချေ ။

လက်နှစ်ဖက်ကား ပြုတ်တူအလားသန်မာလွန်းလှသည်။
ညီထွန်းတစ်ယောက်မျက်လုံးများပြာကာ အသိတချက်လွတ်သွားချိန် .....

သူပြုတ်ကျခဲသော ဖယောင်းတိုင်မီးသည် ခေါင်းအားစွဲလောင်နေရာမှ ဆွေးမြေ့သော သစ်သားအားရေနံဆီလောင်းထားခြင်းကြောင့်တခနအတွငး်မီးတောက်ကြီးဖြစ်ကာ အခေါင်းတခုလုံးအားစွဲလောင်တော့သည်။

"အား....အီး.....အီး.....အူး......"

အခေါင်းအတွင်းမှ အလောင်ကောင်ကြီးသည် ညီထွန်လည်ပင်းညစ်ထားသောလက်အားလွတ်လိုက်ကာကြောက်မက်ဖွယ်အသံကြီးဖြင့်အော်ဟစ်ရင်းကုန်းရုန်းထရန်ကြိုးစားတော့သည်။
သို့သော်တကိုယ်လုံးမီးစွဲလောင်နေသောကြောင့် ခနအကကြား လဲကျငြိမ်သက်သွားတော့သည်။

ညီထွန်းလည်းခုမှ သတိဝင်လာရင်း
ကြောက်လန့်တကြားထိုနေရာမှထွက်ပြေးရန်ထရပ်လိုက်သည်။

ပြေးရန်ဟန်ပြင်လိုက်ပြီးမှ အ့ံအြစရာတစ်ခုအားတွေ့လိုက်ရမိသည်။

"ဟင် လူတစ်ယောက်ပါလား..ဘယ်သူများပါလိမ့် "

ဒီနေရာတွင်သက်ရှိလူသားဆို၍ သူတယောက်သာရှိမည်ထင်သော်လည်း အခေါင်းမီးတောက်ဘေးတွင်လူတစ်ယောက်လဲကျနေသည်ကိုတွေ့လိုက်ရတာကြောင့် အနားသို့မဝ့ံမရဲတိုးကပ်ရင်း ထိုသူမျက်နှာအားသေချာကြည့်လိုက်မိသည်။

"အား.....မဖြစ်နိုင်ဘူး....ဒါလုံးဝမဖြစ်နိုင်ဘူး"

ညီထွန်းတစ်ယောက် တုန်လူပ်ခြောက်ခြားမယုံကြည်နိုင်စွာဖြင့် ထိုနေရာတွင် ဒူးညွတ်ခွေကျကားရိူက်ကြီးတငင်ငင်င်ိုချလိုက်သည်။

သို့သော်

ညီထွန်းငိုသံအားမည်သူမျကြားနိုင်တော့မည်မဟုတ်ပေ။
တခါတရံအကြောင်းတိုက်ဆို်လျှင်တော့ ကြားနိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်...မီးပုံဘေးလဲကျသေဆုံးနေသူမှာ ညီထွန်းကိုယ်တ်ိုင်ပင်ဖြစ်ပါတော့၏ ။
ညီထွန်းမှာ နေရာလဲလိုသော ဝိညဉ်များလှည့်စား
ချက်ကြောင့်ယခုဆိုလျင် သူသည်လည်းမြိုင်ဟေ
သေဆုံးသွားခ့ဲရပြီဖြစ်တော့၏ ။

အပြင်ဖက်တွင်မိုးကားသည်းထန်စွာရွာသွန်းလျက်ရှိနေ၏ ။

မြေအောက်ခန်းကျည်းလေးတွင်ကား ဝိညည် တစ်ကောင်ငိုညည်းလျက်ရှိနေတော့သတည်း။

ညမှောင်ရီပျိုးစပြုပြီဖြစ်သောကြောင့်ဦးအောင်ထွန်းတစ်ယောက်သူ့လမ်းဘေးစာအုပ်ဆိုင်လေး
ကိုပိတ်သိမ်းရန်ဖြန့်ခင်းထားသော စာအုပ်များကို
ပီနံအိတ်တစ်လုံတွင်ကောက်ထည့်နေ၏ ။

တစ်ခြားသောသူ့လိုစာအုပ်ဟောင်းရောင်းသူများ
သိမ်းဆည်း၍ ပြန်ကုန်ကြပြီဖြစ်၍ သူသာနောက်အကျဆုံးဖြစ်နေ၏၊

”…ဦးလေ........”

”...ဟာ...လန့်လိုက်တာကွာ...ဘယ်သူများလဲလို့
ကောင်လေးပါလေးပါလား မလာတာတောင်ကြာနေပြီ စာအုပ်လာဝယ်တာလား.. မနက်မှလာခ့ဲတော့ကောင်လေးရေ အကုန်အိတ်ထဲထည့်လိုက်လို့ စာအုပ်တွေရောကုန်ပြီ....”

ကို့အတွေးဖြင့်ကိုစာအုပ်များသိမ်းဆည်းနေရာမှ
နောက်ကျောမှခေါ်လိုက်သံကြောင့်လန့်ဖျတ်သွား
သောဦးအောင်ထွန်းတစ်ယောက် မှောင်စပြုပြီဖြစ်
၍လမ်းဘေးဓတ်တိုင်မှမာကျူရီမီးရောင်အလင်းဖြင့်သူ့နာမည်ခေါ်သူအားသေချာကြည့်လိုက်
စာအုပ်အမြဲဝယ်နေကျ ညီထွန်းကိုမှတ်မိသွား
တော့၏ ။

”…ကျွန်တော် အခုလာတာ ဝယ်ဖို့လာတာမဟုတ်ဘူး ဦးလေး ရောင်းဖို့လာတာပါ..... …ရော့ဦးလေး..
ဒီစာအုပ်ကိုခနရောင်းထားပေးပါ စာအုပ်ဖိုးကို
စာအုပ်ရောင်းရမှ လာယူပါမယ်.... ”

ဦးအောင်ထွန်းမှာသူ့လက်သို့စာအုပ်တစ်အုပ်ထိုး
ထည့်ပေးရင်း သူဘာမှပြန်မပြောရသေးခင်
ထွက်ခွာသွားပြီဖြစ်သော ညီထွန်းနောက်ကျော
ကိုလိုက်ကြည့်နေမိတော့၏။

ထို့နောက် သူ့လက်အတွင်းမှစာအုပ်ကို မီးအလင်း
ရောင်အောက်တွင်သေချာကြည့်လိုက်မိ၏ ။

........ဟာ........

ဦးသာထွန်းတစ်ယောက်အ့ံအြသင့်ကာပါးစပ်အ
ဟောင်းသားဖြစ်သွားရတော့၏ ။
ကုန်လွန်ခ့ဲသောနှစ်များက ယခုလိုအချိန်မျိုးတွင်
ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုထူးထူးဆန်းဆန်းလာ
ရောင်းသူရှိဖူး၏ ။
မကြာသေးမှီတစ်လခန့်လောက်မှစာအုပ်ကိုကောင်
လေးတစ်ဝယ်သွားမိရ​သေး၏ ။
ယခုထိုကောင်လေးက ဒိုင်ယာရီစာအုပ်ကိုပြန်လာ
ရောင်းနေခြင်းကြောင့်အ့ံအြရသလို ထိုကောင်လေး
ပြောသွားသောစကားများက ပထမဆုံးဒိုင်ယာရီလာရောင်းသူပြောသောစကား
နဲ့တစ်ထပ်တည်းတူညီနေခြင်းကြောင့်ဖြစ်၏။

ဦးအောင်ထွန်းတယောက်လမ်းမီးတိုင်အောက်တွင် ဒိုင်စာရီစာအုပ်တစ်အုပ်ကိုင်လျက်အတွေးများစွာ
ဖြင့်ရှိနေပါတော့သတည်း။

~~~~~~~~~~~~~~~~~~~~~

ပြီးပါပြီ
............

မြူခိုးအလင်္ကာ
94


rate now: