book

Index 2

အခန်း[၂]

မြိုင်ဟေဝန်အပိုင်း ဒိုင်ယာရီ -၂ 

==================

ကျွန်တော် အိမ်ငှါးမည့်အကြောင်းအား 

ကျွန်တော်တည်းခို နေရာမှ ကျွန်တော် မိတ်ဆွေ ကိုအောင်ဒင်အား ပြောပြမိသော အခါ ကိုအောင်ဒင်သည်ကျွန်တော်အား

အထိတ်တလန့်တားမြစ်ပါတော့သည်။

"ကိုရဲနောင် ကျုပ်တို့တမြို့ တခြားကြိုက်တ့ဲ အိမ်ငှါးနေစမ်းပါ ဒါမှမဟုတ်ရင်

ကျုပ်အိမ်မှာပဲ နေလို့ရပါတယ် အားနာစရာလူတွေမှ မဟုတ်တာ ခုက ဘယ်နှယ့်ဗျာ တမြို့လုံးက

လူတွေ ကြောက်လန့်ခ့ဲရတ့ဲ "မြိုင်ဟေဝန် "ကိုမှသွားငှါးရတယ်လို့ "

"ဒီလိုလည်းမဟုတ်ပါဘူး ကိုအောင်ဒင်

ကျွန်တော့် အလုပ်အတွက် ဒီအိမ်က အထူးသင့်လျှော်သလို..နောက်တစ်ခုက ခင်များတို့ပြောနေတ့ဲ သရဲတစေၦတို့ဆိုတာလည်း ..ကျုပ်တသက်တခါမှ

မကြုံတွေ့ဖူးပါဘူး...."

"အတော်လက်ပေါက်ကပ်တ့ဲလူပဲ ကိုရဲနောင်ရယ်

ကျွန်တော်က ဒီမြို့သား ဒီအိမ်

သမိုင်းကြောင်းစဆုံးသိလို့

တားနေရတာပေါ့ "

"ဆိုစမ်းပါဦးကိုအောင်ဒင်ရဲ့ ဘယ်လိုသမိုင်းကြောင်းတွေရှိလို့လဲ"

"ဒီအကြောင်းတွေ ကကြာခ့ဲပါပြီ ကျုပ်တို့ခလေးသာသာ အရွယ်လောက်က

ဒီအိမ်ကြီးပိုင်ရှင်ဟာ

စိုင်းနော်ခမ်း ဆိုတ့ဲ စော်ဘွားမျိုးနွယ်

တစ်ယောက်ပဲ...

စိုင်းနော်ခမ်းဟာ မာနကြီးတယ်ခက်ထန်မောက်မာတယ် ပြောရရင်

တဇွတ်ထိုး ဆန်တယ်ပေါ့ကွာ .......

သူလိုချင်တာရှိရင် မှားသည်ဖြစ်

မှန်သည်ဖြစ် တဖက်လူအတွက်

ထည့်မတွက်တတ်ဘူး......

အတိုချုံးပြောရရင် စိုင်းနော်ခမ်း ယူလိုက်တ့ဲ

သူ့မိန်းမ

"စောကလျာ"ဟာဆိုရင် သူ့ကို နည်းနည်းလေးမှ

ကြည့်လို့ရတာမဟုတ်ဘူး....

စောကလျာကို အတင်းအဓ္ဓမ

ကြံစည်ပြီးယူထားခ့ဲတာ......

တကယ်ကစောကလျာချစ်သူက

စိုင်းနော်ခမ်းအိမ်က

ခြံစောင့်သား ခွန်သာ ဆိုသူပဲ.....

စိုင်းနော်ခမ်း ဟာ စောကလျာကို

အရက်မူးလာတိုင်း

ခွန်သာ နဲ့ ဖောက်ပြန်နေတယ်ဆိုပြီး...ဆဲဆိုရိုက်နှက်နေတာ တစ်ကြိမ်မက နှစ်ကြိမ်မက..

.မြင်နေတွေ့နေရတ့ဲ ခွန်သာ အဖို့လည်း ....

သူ့ချစ်သူကို သူ့လက်ကလုယူပြီး

နှိပ်စက်နေတာ မြင်တော့ ...........

သူ့ရင်ထဲမှာမတတ်သာလို့

ဒေါသတွေ ကြိတ်မှိတ်မြို

သိပ်ထားရပေမယ့်......။

တစ်နေ့....

.အိမ်သားတွေမရှိခိုက်..စောကလျာနဲ့ပေါင်းပြီး

မူးရူးအိပ်ပျော်နေတ့ဲ စိုင်းနော်ခမ်းကို သတ်လိုက်ကြတယ်.......။

[စောကလျာနဲ့ ခွန်သာပေါင်း၍ စိုင်းနော်ခမ်းအားသတ်လိုက်သော ဇတ်ကြောင်းအား စိတ်ဝင်စားစရာ အဖြစ်အပျက်မို့ အစပိုင်းတွင် ဦးဆုံးဖော်ပြခ့ဲပြီးဖြစ်ပါသည်။]

....မနက်မိုးလင်းတော့ အိမ်ရဲ့မြေအောက်ထပ်မှာ သေဆုံးနေတ့ဲ သူတို့သုံးယောက်ကို တွေ့လိုက်ရ

တော့တာပါပဲ ..

ဒီနောက် အိမ်ပိုင်ရှင်တွေ

အဆက်ဆက်ပြောင်းလဲ နေထိုင်ကြပေမယ့်

ဘယ်သူမှ ကြာရှည်နေလို့ မရဘူး

ပြောင်းပြေးရတာချည်းပဲ တချို့ဆ်ိုအသက်ပါ

ဆုံးရူံးရလို့ မင်းကို ငါတားနေရတာပါ ရဲနောင်"

အောင်ဒင်ကား သူ့စကားအားထိုနေရာတွင်အဆုံးသတ်လိုက်တော့သည်။

"ကျွန်တော် ကတော့အဲတာတွေ

အယုံအကြည်မရှိဘူး..ကိုအောင်ဒင်

ဘယ်လိုအကြောင်းအရာတွေပဲ

ရှိရှိကျွန်တော်ဖို့ဆုံးဖြတ်ပြီး သွားပါပြီ..."

"အတော်ခက်တ့ဲ လူပဲဗျ ာ ...."

ကိုအောင်ဒင်ကား ခေါင်းမာကာ တဇွတ်ထိုးဆန်လှသော

ကျွန်တော်ကြောင့် စိတ်ပျက်လက်ပျက် ခေါင်းယမ်းရင်းညည်းတွားလိုက်ခြင်းပင်ဖြစ်သည်။

ကျွန်တော်လည်း "မြိုင်ဟေဝန် "တွင်နေထိုင်ရန်အချိန်ဆိုင်းမနေတော့ပဲ နောက်တနေ့မှာပဲ အနည်းငယ်ခြုံနွယ်ပိတ်ပေါင်းများထနေသော ခြံအတွင်းရှင်းလင်းရန် ၊ အိမ်သန့်ရှင်းရေး ပြု လုပ်ရန်အတွက် လူငှါးများရှာဖွေကာ

တစ်နေ့တာသန့်ရှင်းရေးပြုလိုက်သည်။

စားသောက်ရေးအတွက်မူကား ထမင်းဆိုင်တစ်ဆိုင်မှချိုင့်ဆွဲစားရန်စီစဉ်ပြီးဖြစ်သည်။

မြို့သူမြို့သားများကား ကျွန်တော် မြိုင်ဟေဝန် တွင်နေထိုင်မည်ဆိုခြင်းအတွက် ထူးဆန်းအ့ံအြစွာဖြင့်ရှိနေကြသည်။

ခြံတွင်း၊ အိမ်တွင်းရှင်းလင်းပြီးနောက်တစ်နေ့မနက်ပိုင်းတွင် တည်းခိုနေရာ ကိုအောင်ဒင်အိမ်မှ အထုတ်အပိုးများအား ငှါးရမ်းထားသော မြင်းလှည်းပေါ်တင်လျှက် အိမ်သစ်သို့ ရွေ့ရန်အလုပ်....

"ကို ရဲနောင် ကျွန်တော် တားမရလို့သာ ခင်များက်ို လက်လျော့လိုက်ရတာ တကယ်လို့ အဆင်မပြေရင်

ပြန်လာခ့ဲနော် ...ကိုရဲနောင်..."

"ဟုတ်က့ဲ ကျွန်တော်အပေါ် စေတနာထားပြီး

အစစ အရာရာ ကူညီပေးခ့ဲတ့ဲ ကိုအောင်ဒင်ကို

ကျေးဇူးအထူးတင်ပါတယ် ကျွန်တော်သွားလိုက်ပါအုံးမယ်..."

ကျွန်တော်လည်း ကိုအောင်ဒင်အားမြင်းလှည်းပေါ်မှလက်ပြနုတ်ဆက်ရင်းမြိုင်ဟေဝန်သို့ပြောင်းရွေ့ လာခ့ဲပါတော့သည်။

တစ်ရက်နှစ်ရက်နေထိုင်ပြီးသည်အထိ မြို ့မှလူများပြောသလို သရဲ ခြောက်သည်ဆိုသော အိမ်ကြီးသည်

ကျွန်တော်အတွက် သာမာန် အိမ်တစ်လုံးပင်ဖြစ်သည်။

ကျွန်တော်ကား အောက်ထပ် အခန်းတစ်ခုတွင်နေရာယူထားပြီး တစ်နေ့တာအတွက် ပန်းချီဆွဲလိုက် အိမ်ခြံအတွင်း အညောင်းပြေ လမ်းလျေှက်လိုက်

စာဖတ်လိုက်ဖြင့် ရှိနေပါတော့သည်။

သုံးရက်မြောက်နေ့ညတွင် ထူးခြားမူ အခြေအနေတစ်ခုအားကျွန်တော်အတွက် စတင်ကြုံတွေ့လိုက်ရတော့သည်။

ခါတိုင်းညများလိုပင် အိပ်ခါနီးစာအုပ်တစ်အုပ်အား မီးအုပ်ဆောင်းကလေးဖြင့် ထိုင်ဖတ်နေရင်း တအိမ်လုံးသည် ငလျှင်လူပ်သည့်အလား သိမ့်ခါမျတုန်လူပ်သွားကာ ခနအကြာ ငြိမ်သက်သွားတော့သည်။

ကျွန်တော်စိတ်အတွင်း ငလျင်လူပ်ခြင်းတခုဟုသာထင်မှတ်လျှက် စာအုပ်အသာ ပိတ်လျှက် အိပ်စက်ရန်နာရီအားကြည့်လိုက်သောခါ နာရီလက်တံနှစ် ခုက ဆယ့်နှစ်နာရီတိတိအား ညွန်ပြနေသည်ကို တွေ့လိုက်ရသည်။

မီးမှိတ်ကာ

အိပ်ယာပေါ် လှဲ၍ မှေးခနဲ ဖြစ်သွားခိုက်....

"တောက်"

တိတ်ဆိတ် ငြိမ်သက်နေသော ညတွင်ကျယ်လောင်သော တောက်ခေါက်သံကြီးအား အတိုင်းသားကြားလိုက်ရတာကြောင့် ..

ကျွန်တော် အိပ်ယာပေါ် ဆတ်ခနဲ ထထိုင်လိုက်ရင်း

အနီးမှ လက်နှိပ်ဓတ်မီးအား ယူလျှက် အခန်းအပြင်ထွက်လာခ့ဲမိတော့သည်။

ဧည့်ခန်းမီးဖိုချောင်အပါအဝင် နေရာအနံ့ှ လက်နှိပ်ဓတ်မီးဖြင့် နှံစပ်အောင် လိုက်ထိုးကြည့်မိသည်။

လူသားဆို၍ မည်သူတစ်ဦးယောက်မှ ရှိမနေ...

တောက်ခေါက်သံကြီးအား ကျွန်တော်နားနဲ့ ပီပီပြင်ပြင်ကြားလိုက်ရသည် ။

သို့သော်

လူတစ်ဦးတစ်ယောက်မှရှိမနေပေ။

"ဟင်."

ကျေနပ်အောင်ရှာပြီး အိပ်ခန်းရှိရာပြန်အလာတွင် လက်နှိပ်ဓတ်မီးရောင်ဖြင့်ဧည့်ခန်း နံရံတွင် နီရဲသော သွေးများဖြင့် ရေးထားသော စာတကြောင်းအားတွေ့လိုက်ရတော့သည်။

"မကြာခင် ...မင်းသေရတော့မယ်"

ရေးထားသည်မှာ မကြာသေးဟန်ဖြင့်သွေးများကားလတ်လတ်ဆတ် ကျဆင်းနေဆဲပင်ဖြစ်သည်။

ဘယ်သူသည်ယခုစာအား ဘာအကြောင်းကြောင့်လာရေးရသနည်း ကျွန်တော် ရင်ထဲတွင် ကြောက်လန့်စိတ်အစား ဒေါသပင်ဖြစ်နေသေးသည်။

ခုလို အိမ်ထဲအထိ ကျုးကျော်ဝင်လာပြီး ကျွန်တော့်အားစော်ကားသူအား ကျွန်တော်သည်အတော်ပင်ဒေါသဖြစ်မိသည်။

အ့ံအြစ်ိတ်၊ ဒေါသစိတ်ဖြင့် တခနတွေဝေနေမိစဉ်မှာပင်

ဧည့်ခန်းညာဖက်ထောင့်ရှိ အခန်းတစ်ခုအတွင်း လူတစ်ယောက် ရိပ်ခနဲ လှမ်းဝင်သွားသည်ကို တွေ့လိုက်ရသည်။

"ဟိတ်မင်းဘယ်သူလဲ ကွ "

အော်ဟစ်သံနဲ့အတူ ကျွန်တော် ထိုအခန်းအတွင်း လျင်မြန်စွာပြေးလိုက်ဝင်သွားမိသည်။

"ဟာ"

ဒီတခါလည်း ကျွန်တော် အ့ံအြသင့်သွားမိရပြန်သည်။

အခန်းတစ်ခုလုံးသည် ရှင်းလင်းနေလျက် အထဲတွင် ဘာပစ္စည်းမှမရှိသလို ဘယ်သူမှလည်း ရှိမနေသောကြောင့်ပင် ဒီတကြိမ်တော့ ကျွန်တော် ဇောချွေးများပင်ပြန်လာမိသည်။

"ကြျီ.... အီ....အီ....အီ"

ကျွန်တော်လန့်ဖျတ်ကာနောက်သို့ပင် အနည်းငယ်ခုန်ဆုတ်လိုက်မိသည်။

ကျွန်တော်ဘေးဖက်မှ အခန်းနံရံအောက်နားဆီမှသံရှည်ဆွဲကာရွေ့လျားရင်း ထိုနေရာတွင် အပေါက်တစ်ပေါက်ဖြစ်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။

ကျွန်တော် မဝ့ံ မရဲလထိုအပေါက်နားသို့ သွားရောက်လျက် လက်နှိပ်ဓတ်မီးဖြင့်ထိုးကြည့်လိုက်သောအခါ ထိုအပေါက်သည် မြေအောက်ခန်းတစ်ခုဆီသို့ ဆင်းသော

တခါးပေါက်ဖြစ်မှန်းသိလိုက်ရသည်။

အောက်သို့ ဆင်းသော လှေကားထစ်များအားတွေ့မြင်နေရသောကြောင့်ပင်ဖြစ်သည်။

ကျွန်တော် ရောက်ချိန်နဲ့ မြေတိုက်ခန်းတခါးပွင့်လာမူသည် အနည်းငယ်တော့ထူးဆန်းနေသည်ဟုတော့ထင်မိသည်။

သို့သော် ကျွန်တော် ရှေ့မှ အခန်းအတွင်းဝင်သွားသောသူသည် ထိုမြေတိုက်ခန်းအတွင်းသို့ဝင်သွားခြင်းဖြစ်ရမည်ဟု တဖန်တွေးလိုက်မိပြန်သည်။

တစုံတရာသော မသိစိတ်၏ စေ့ဆော်အားကြောင့် ထိုမြေတိုက်ခန်းအတွင်းဝင်ရန် ဆုံးဖြတ်လိုက်မိသည်။

မြေအောက်ခန်းအတွင်း

အောက်သိုးသိုး အနံးများ၊ ဖုန်အထပ်ထပ် ပင့်ကူအိမ်အသွယ်သွယ်တို့ဖြင့် အခန်းတစ်ခုလုံးပြည့်နှက်နေသည်။

အသက်ရူရတာပင် မဝချင်

ထို့အတူစွာ အမင်္ဂလာ မရှိစွာ အခေါင်းကြီးတစ်လုံးက အခန်းထောင့်တွင်ရှိနေသည်မှ အပတစ်ခြားဘာမှမတွေ့ရချေ။

ကျွန်တော်စိတ်အတွင်း ကျွန်တော်အားတစ်ယောက်ယောက်စောင့်ကြည့်နေသည်ဟု ခံစားနေမိသည်။

လူကလည်း အလိုလို ကြက်သီးမွေးညှင်းမျ ားထနေသေးသည်။

ကျွန်တော်ပြန်ရန်ဆုံးဖြတ်လိုက်မိသည်

ပြန်ရန်လှေကားထစ်များပေါ် စအတက်.....

"ကျွီ...........ဝုန်း"

အဝင်တခါးသည် ချက်ခြင်းပိတ်သွားတော့သည်။

ကျွန်တော့်စိတ်အတွင်း စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း၊

များသည် တပြိုင်နက်တည်း ဖြစ်ပေါ်လာတော့သည်။

"အပြင်က ဘယ်သူလဲ တခါးဖွင့်ပေးပါ....ဟေ့မင်းဘယ်သူလဲ ...ဘာလို့အဲလိုလုပ်ရတာလဲ.....

ဘုန်း....ဘုန်း......

ကျွန်တော်

တခါးကို လက်ဝါးဖြင့် ပုတ်ရင်းအရူးတယောက်လိုအော်ဟစ်နေမိတော့သည်။

"ချွတ်...ဖျောက်...ဒုန်း..."

"ဟာ.........

အခန်းထောင့်မှ အခေါင်းဆီမှ အသံများကြားလိုက်ရတာကြောင့် လက်နှိပ်ဓတ်မီးဖြင့် လှမ်းထိုးလိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အကြောက်လွန်ကာကြောင်ငေးရပ်ကြည့်နေမိတော့သည်။

အခေါင်းအတွင်းမှ သွေးသံရဲရဲဖြင့် လူတယောက်ထွက်လာခြင်းနဲ့အတူ အပုတ်နံများလည်း တထောင်းထောင်း ဖြင့် အခန်းအတွင်း အသက်ရူမဝ မွန်းကျပ်လာမိတော့သည်။

ထိုသူသည် တရွေ့ရွေ့ လျောက်လာရင်းကျွန်တော့အနီး အလွန်ပင်နီးကပ်လာပြီဖြစ်သည်။

ကျွန်တော်အတွက် ပြေးစရာလမ်းမရှိတော့သလို

ကျွန်တော်တွင်ထွက်ပြေးရန် အင်အားလည်းပျောက်ဆုံးနေသည်။

ထိုကြောက်စရာကောင်းလွန်းလှသောလူသည်ကျွန်တော့်အနားရောက်လာချိန်...........................................................................................................................

ပန်းချီဆရာ ရဲနောင်ဆိုသူ၏ ဒိုင်ယာရီမှတ်တမ်းတွင်ရေးမှတ်ထားသောစာကထိုနေရာတွင်ရပ်သွားသည်။

ညီထွန်း နောက်ဆက်တွဲ ဘာဖြစ်သွားမလဲ

သိချင်စိတ်ဖြင့် နောက်စာမျက်နှာများအားဆက်လက် လှန်လောကြည့်ပေမယ့် ........

တခြားစာမျက်နှာများတွင် ဘာမှရေးမထားပဲ

ဒီအတ်ိုင်းအလွတ်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

စာအုပ်ပိတ် မီးမှိတ်ကာ အိပ်ယာတွင်လှဲချလိုက်ပေမယ့်

ညီထွန်းတွင် အိပ်ချင်စိတ်မရှိပေ။

သူ့ခေါင်းအတွင်း မေးခွန်းများသာအစီအရီရှိနေသည်

အဖြေရှာမရသော မေးခွန်းများပင်ဖြစ်သည်။

၁။ ပန်းချီဆရာ ရဲနောင်ဆိုသူပြောသော မြိုင်ဟေဝန်သည် အပြင်တွင် တကယ်ရှိနေသလား-?

၂။ ပန်းချီဆရာ ရဲနောင်သည် ထိုအိမ်တွင်ဘာဖြစ်သွားသလဲ?

၃။ ပန်းချီဆရာ ရဲနောင် တစ်ခုခုဖြစ်သွားသည်ဆိုပါကလည်း ပန်းချီဆရာ ရဲနောင်အကြောင်းခရေတွင်းစေ့ကျ ဒီဒိုင်ယာရီတွင်ဘယ်သူကမှတ်တမ်းတင်ပေးခ့ဲတာလဲ ?

၄။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးခန့် ကအဖြစ်အပျက်အကြောင်း စာအုပ်သည် လွန်ခ့ဲသော သုံးနှစ်ခန့်ကမှ အဘယ်ကြောင့်ပေါ်ထွက်လာခ့ဲရတာလဲ?

စာအုပ်ဖတ်ပြီး

ညီထွန်းအတွက် မေးခွန်းများဖြင့် ချာချာလည်နေသည်။

သို့သော်

နောက်ဆုံးတွင်အဖြေတစ်ခုတော့ရလိုက်သည်

ထိုအဖြကား

သူသိလိုသမျ သိခွင့်ရဖို့

ထိုမြို့သို့ သွားရောက် စုံစမ်းရန်သူဆုံးဖြတ်လိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ကြောင့်ပင် ညီထွန်းတစ်ယောက်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ရာသီ ဥတုသာယာသောနေ့တစ်နေ့တွင်

ညီထွန်းခရီးစဉ် စတင်ခ့ဲတော့သည်။

ပန်းချီဆရာ၏ ဒိုင်ယာရီ စာအုပ်မှတ်တမ်းပါ မြို့သို့ ခရီး

ထွက်ခွာလာခြင်းပင်ဖြစ်ပါသည်။

တစ်နေ့တစ်ညကားစီးပြီး ထိုမြို့ ငယ်လေးသို့ ညီထွန်းရောက်လာခ့ဲတော့သည်။

မြို့ငယ်လေးကား ဒိုင်ယာရီ စာအုပ်မှတ်တမ်းပါ လွန်ခ့ဲသော နှစ်နှစ်ဆယ်ကျော် အချိန်ကာလ နဲ့ အနည်းငယ်ကွဲပြားခြားနားသွားပြီ ဖြစ်သည်။

တိုက်တာအဆောက်အအုံများ ပို၍ တိုးပွားလာသလို

မြင်းလှည်း များနေရာတွင် ဆိုင်ကယ်များ အစား ထိုးလျုက် နေရာယူထားဖြစ်သည်။

သို့သော်လည်း တခြားမြို့ကြီးပြကြီးများနဲ့ နိူင်းယှည်မည်ဆိုပါက မြို့ငယ်လေးသည် ရှေးဆန်ကာ အေးချမ်းသည်ဟုဆိုရပေမည်။

ညီထွန်းလည်း စိတ်ထဲတွင် မြိုင်ဟေဝန် စံအိမ်ကြီးသည်ရှိမှာရှိပါတော့မလားဟုတွေးနေမိသည်။

နှစ်ကာလသည် အလွန်ပင်ကြာခ့ဲပြီမဟုတ်လား။

"ဘယ်သွားမလို့လဲ အစ်ကိုလေး ကျွန်တော်

ဘယ်ကို လို်က်ပို့ ပေးရမလဲ "

ကားပေါ်မှဆင်းကာ ယောင်ချာချာ ဖြစ်နေစဉ်မှာပင်

ဖြစ်နေသော ညီထွန်းအနီး ဆိုင်ကယ် ကယ်ရီတစီးလာထိုးရပ်ကာဆိုင်ကယ်မောင်းသူက

မေးလိုက်ခြင်းပင်ဖြစ်သည်။

"ဟုတ်က့ဲ ကျွန်တော်လည်း ဒီမြို့ကို ခုမှရောက်လာ

တာ အေးဆေးပြီး နေလို့ကောင်းတ့ဲ တည်ခိုခန်း

တစ်ခုလောက်ပို့ပေးလို့ရမလား ..."

"အော် ဒါဆိုရင်တော့ အစ်ကိုရေ

အေးချမ်းတိတ်ဆိတ်ပြီး သန့်လည်းသန့်

ဈေးလည်း ချို တ့ဲ တည်းခိုခန်းတစ်ခုရှိတယ်....

တက်အစ်ကို ကျွန်တော်လို်က်ပို့ပေးမယ်......

ဆိုင်ကယ်သည် မြို့ထိပ်ဖက်သို့

ဦးတည်မောင်းနှင်နေပြီး မြို့ထိပ်ရှိ တည်းခိုခန်းတစ်ခုတွင်ရပ်လိုက်သည်။

ညီထွန်း ဆိုင်ကယ်ပေါ်ကဆင်းပြီး

ကျသင့်ငွေပေးချေကာ

တည်ခိုခန်း ဝင်ရန်ပြင်လိုက်စဉ်.....

"အစ်ကိုလေးခန..အစ်ကိုလေးဒီမှာကြာအုံးမှာလား"

"ပြောမရဘူးဗျ တပတ်ဆယ်ရက်လောက်တော့ ကြာအုံးမယ်ထင်တယ်...."

"အော်..ဒါဆိုကျွန်တော့်ဖုန်းနံပတ်ယူထားလိုက်အစ်ကို အစ်ကိုတခုခုသွားလာစရာရှိရင်ကျွန်တော် ဆီဖုန်းဆက်လိုက် ကျွန်တော်ရောက်လာခ့ဲပါ့မယ်...

သွားပြီ...အစ်ကိုရေ...."

ဆိုင်ကယ်သမားက သူ့အားလက်ပြရင်းဆိုင်ကယ်စက်နူးိကာထွက်ခွာသွားပြီဖြစ်သည်။

ညီထွန်းအတွက်လည်း ဒီမြို့တွင် အသိမိတ်ဆွေ မရှိတာကြောင့် သူသိလိုသမျ ထိုသူမှတဆင့် မေးမြန်းစုံစမ်းရမည်ပင်ဖြစ်သည်။

ထို့ကြောင့်ထိုသူပေးသော လိပ်စာကတ်အား ပိုက်ဆံအိတ်တွင်းသေချာသိမ်းဆည်းထားလိုက်သည်။

ရောက်ပြီးနောက်တနေ့မှာပင် သူ့အတွက်စုံစမ်းစရာများရှိသောကြောင့် ဆိုင်ကယ်သမားပေးထားသော ဖုန်းနံပါတ် ဖြင့် ဖုန်းဆက်ခေါ်လိုက်သည်။

."ဘယ်ကို ပို့ပေးရမလဲ အစ်ကို"

"ခင်များတို့က အထင်ကရနေရာတွေလိုက်ပို့ပေးပါ

ကျွန်တော်ကတော့ ဘယ်နေရာမှမသိဘူး"

ညီထွန်းကဆိုင်ကယ်အားတစ်နေ့စာကယ်ရီခပေးရင်း

ခေါ်ထားခြင်းပင်ဖြစ်သည်။

ထိုကြောင့်ပင် ပန်းခြံများ ထိုမြို့၏ ထင်ရှားသော ရေပူစမ်းများဖက်လိုက်ပို့ပေးခြင်းများဖြင့် တနေကုန်လျှက်ရှိနေသည်။

သခါးရင်းလာရင်းတစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ဖြစ်မှ ထိုဆိုင်ကယ် ကယ်ရီသမားအမည်မှ အောင်ကို ဟု သိရသည်။

"ဒါနဲ့ ကိုညီထွန်းက

ဒီကိုအလည်ပဲလား အလုပ်ကိစ္စလား"

"ဒီလိုပါပဲဗျာ အလည်အပတ်ဆိုပါတော့ "

သူတို့နှစ်ယောက်စကားတပြောပြောဖြင့်ဆိုင်ကယ်မောင်းလာကြရာ မြို့ပြင်တောင်ကုန်းထိပ်တွင် အိမ်အိုကြီးတစ်လုံးထီးထီးကြီးရှိနေသည်ကို တွေ့လို်က်ရသည်။

"ကိုအောင်ကို ရှေးမှာမြင်နေရတ့ဲ အိမ်ကြီးက ဘယ်သူတွေနေတာလဲဗျ ......

ညီထွန်းစကားကြောင့် အိမ်ကြီးအားလှမ်းကြည့်ရင်း အောင်ကို မျက်နှာတစ်ချက် ကွက်ခနဲ ပျက်သွားသည်။

"အာ အဲဒီအိမ်အကြောင်းဒီမှာမပြောပါနဲ့ "

"ဘာဖြစ်လို့လဲ ကိုအောင်ကို ရဲ့ "

အောင်ကိုကားနေ့ခင်းကြောင်တောင်ပင်ကြောက်လန့်နေဟန်ဖြင့် ရှိနေသည်။

."အဲ ဒီအိမ်နာမည်က မြိုင်ဟေဝန် တ့ဲ

သရဲ တအားခြောက်လို့ နေခင်းဖက်တွေတောင်

အဲဒီအိမ်နားဘယ်သူမှ ဖြတ်မလျောက်ရဲကြဘူး"

"မြိုင်ဟေဝန်.. ဟုတ်လား ...ကိုအောင်ကို..."

"မြိုင်ဟေဝန် လေဘာဖြစ်လို့လဲ အစ်ကိုရာ"

"ရှေ့နားမှာ ဆိုင်ကယ်ခန

ရပ်ပေးပါလား ကိုအောင်ကို ...."

"ဟာ...အဲအိမ်ရှေ့နားမှာ

ဘာလုပ်မလို့လဲ ကိုညီထွန်း...."

"ရပ်မှာသာရပ်ပေးပါ ဗျာ သရဲခြောက်တ့ဲ အိမ်ကြီးကိုနေ့ခင်းဖက် ခနကြည့်ချင်လို့......

အောင်ကိုကား

ဆိုင်ကယ်အား အိမ်ကြီးရှေ့လမ်အးတ်ိုင်းမောင်းနှင်လာရင်း အိမ်ရှေ့လမ်းမဘေးတစ်နေရာတွင်ရပ်ပေးလိုက် သူပုံစံကားဧည့်သည်သဘောကျလိုက်လုပ်နေရသော်လည်း နေ့ခင်းကြောင်တောင်ပင် ကြောက်လန့်နေဟန်မျက်စိပျက် မျက်နှာပျက်ဖြင့်ရှိနေသည်။

ညီထွန်းလည်း ဆိုင်ကယ်ပေါ်မှဆင်းလိုက်ရင်း

အိမ်ကြီးဖက်ဆီလျှောက်သွားရန်အလုပ်....

"ဘယ်သွားမလို့လဲ အစ်ကို ..."

"အိမ်ကြီးကို အနီးကပ်သွားကြည့်မလို့လေ

ဘာလဲ ခင်များလိုက်မှာလား....."

"အာ....ဘာသွားလုပ်မှာလဲဗျာ ...ဘာမှလည်းရှိတာမဟုတ်ဘူး....ကျုပ်လား ဒီမှာနေရတာတောင်

ရင်တထိတ်ထိ်တ် ...လိုက်ရင်တခါတည်းအသက်ပါ

ထွက်သွား လိမ့်မယ်......"

"ဒါဆိုလည်း ငါ့ကို ခနစောင့်နော်

ငါသွားကြည့်လိုက်မယ်......"

"သိပ်မကြာစေနဲ့နော် အစ်ကို....."

"အေးပါကွာ မကြာပါဘူး..."

ခြုံနွယ် ပိတ်ပေါင်းများက နေထိုင်ပြု ပြင်သူမရှိ၍တောထနေသောခြံဝင်းအလယ်မှ မြိုင်ဟေဝန်

စံအိမ်ကြီးသည်ပျက်စီးယ်ိုယွင်းစပင်ပြုနေပြီဖြစ်သည်။

ညီထွန်းသည် တခါးမရှိသော ခြံဝင်းအား ဖြတ်လာရင်း အိမ်ရှေ့ဆင်ဝင်အောက်ရောက်သောအခါ အိမ်ရှေ့တခါးမကြီးသည် ပွင့်လျက်အနေထားဖြင့်ရှိနေသည်ကို တွေ့လိုက်ရသည်။

ညီထွန်းတခါးပေါက်ရှေ့တွင်ရပ်လျှက်ဝင်သင့် မဝင်သင့်စဉ်းစားနေစဉ်မှာပင်

သူ့စိတ်အား တစုံတရာ မမြင်နိုင်သော

ညိူ့ငင်မူတစ်ခုနဲ့အတူ သူခြေလှမ်းများသည်

အိမ်တွင်းဆီသို့ ဦးတည်လိုက်မိတော့သည်။

အိမ်အတွင်းပိုင်းသည်အနည်းငယ်မှောင်မဲနေသည်။

ထို့အတူ အနည်းငယ်စိတ်မသက်မသာ အီလည်လည်ဖြင့် ခံစားနေရတော့သည်။

သူရှေ့ပတ်ဝန်းကျင်မြင်ကွင်းများအား

အမှောင်တွင်းမျက်လုံးကျင့်သားရမှ လှမ်းမြင်လိုက်ရသည်။

အိမ်အတွင်း စားပွဲကုလားထိုင်များသည်နေသားတကျမဟုတ်ပဲ ဟိုဒီပြန့်ကျဲ ဇောက်ထိုးမှောက်ခုန်ဖြစ်နေကာ အကောငး်ပကတိအတိုင်း ရှိမနေတော့ပဲကျိုးပ့ဲ ပျက်စီးနေသည်က များနေသည်။

ထို့အတူ ပင့်ကူ အိမ်များကလည်း နေရာအနှံ ့အိမ်ဖွဲ့လျက်ရှိနေသည်ကိုတွေ့လိုက်ရသည်။

ရူရိူက်ရသော လေသည် အောက်သိုးသိုးဖြင့် အသက်ရူမဝသလို ခံစားရတာကြောင့် သူအိမ်ပြင်ပြန်ထွက်ရန်ဟန်ပြင်လိုက်မိသည်။

ကူ..ညီ...ပါ.....အ..ခေါင်း...ထဲ..က...အ..လောင်း...ကို..ဖျက်...စီး...ပေး....ပါ......"

ညီထွန်းအိမ်တွင်းမှ

ထွက်ခွာရန်ကျောခိုင်းလိုက်စဉ်မှာပင်

သူ့နားစည်အတွင်းအလွန်တရာ

တိုးဖျော့သောလည်း ပီသစွာဖြင့် ကြားလိုက်ရတာကြောင့် ညီထွန်းဆတ်ခနဲနောက်သို့ပြန် လှည့်ကြည့်လိုက်မိသည်။

"ဟင်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း[၃]ဆက်ရန်➳ ➳ ➳ ➳ ➳ ➳ ➳



rate now: