book

Index 1

အခန်း ၁

မြိုင်ဟေဝန် ဒိုယာရီ 


ခြေဆင်း .......။


ညသန်းခေါင်ချိန်ဖြစ်၏ ။

ယခုပတ်ဝန်းကျင်မှာလူနေအိမ်ခြေများနဲ့ အနည်းငယ်အလှမ်းဝေးနေကာခြုံ ံနွယ်ပိတ်ပေါင်းများလမ်းဘေးဝဲ၊ယာတစ်လျောက် ပတ်ဝန်းကျင်တွင် တောထအောင်ရှိနေကြ၏။


ယခုညမှာ လမိုက်ညဖြစ်ခြင်းနဲ့အတူ ပတ်ဝန်းကျင်တခုလုံးမဲမှောင်နေလျှက် တချက်၊ တစ်ချက် လေပြင်းအလာတွင် ခြုံပုတ်ကြီးများ ယ်ိမ်းထိုးလူပ်ရှားသွားသည်ကပင် ညအမှောင်အောက်တွင် မကောင်းဆိုးဝါးကောင်ကြီးများ ယိမ်းထိုးလူပ်ရှားနေသလားထင်မှတ်ရ၏ ။


တောင်ကုန်းထိပ်တစ်ခုတွင်ထီးထီး

နှစ်ဆောင်ပြိုင်အိမ်ကြီးတစ်လုံးဆီမှ အောက်လင်းမီးအလင်းရောင်က မှောင်နေသော ပတ်ဝန်းကျင်တွင် အလင်းရောင်ရှိရာ တစ်ခုတည်းသောနေရာ၊ နောက်တစ်ခုက သက်ရှိလူသားများရှိသည်ဟုသတ်မှတ်၍ရသော တစ်ခုတည်းသောနေရာပင်ဖြစ်၏ ။

ယခုလိုလူသူကင်းဝေးရာနေရာတွင်ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း ထိုအိမ်ကြီးမှာခန်းနားထည်ဝါလွန်းလှသည်။


အိမ်ကြီး အတွင်းပိုင်း တွင်မြင်ကွင်းမှာကား...


မပီဝိုးတဝါး အောက်လင်းမီးမှိန်မှိန်ဖြင့် အိမ်အောက်ထပ်တစ်ခုလုံးအားတွေ့မြင်နေရသည်။


လူကုံထန်အသိုင်းအဝိုင်းများသာ အသုံးပြု နိုင်သော

ကြမ်းပြင်အခင်းကောဇောများ ၊ ကျွန်းစားပွဲ ကုလားထိုင်များ နဲ့အတူ တခြား အသုံးအဆောင် မှန်သမျ သည်လည်း တန်ဘိုးကြီး

ပစ္စည်းမျ ားသာဖြစ်ကြ၏ ။


သို့သော် လူရိပ်လူယောင်အား အိမ်ကြီးတွင်းယခုအချိန်အထိမတွေ့ရသေးချေ ။


ခနအကြာ။


လူပ်ရှားသံများနဲ့အတူ အပေါ်ထပ်လှေကားထစ်များအားနင်း၍ ဆင်းလာသော ခြေသံများထွက်ပေါ်လာသည်။


အောက်ထပ် လှေကား အရင်းပိုင်း မီးရောင်ကျရောက်သော နေရာသို့ရောက်မှ အပေါ်ထပ်မှ ဆင်းလာသူမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး

သူ့လက်တွင်လည်း အဝတ်ဖြင့် ပတ်ထားသော

အတော်လေးဟန်တူသော အရာတစ်ခုကိုကိုလက်နှစ်ဖက်ဖြင့်ပွေ့ကိုင်သယ်လာကာဆင်းလာနေ၏ ။


ထိုအမျိုးသားအောက်ထပ်ဆီရောက်လာမှ သူနောက်မနီးမဝေးဆီမှ ကပ်လျက် လိုက်ပါဆင်းလာသော ထိုသူနဲ့ သက်တူ ရွယ်တူခန့်ရှိမည် ဖြစ်သော အမျိးသမီးတစ်ယောက်ကိုပါတွေ့လိုက်ရပြန်၏။


ထိုအမျိုး သမီးသည်လည်းထိုအမျိုးသား သယ်ယူလာသော ရှည်မြောမြော အထုတ်ကြီးတစ်ပိုင်းအား နောက်မှကိုင်လျက်လိုက်ပါလာခြင်းပင်ဖြစ်သည်။


ထိုအဝတ်ဖြင့်ပတ်ထားသော ရှည်မြောမြော အထုတ်အတွင်းဘာရှိနေသည်ဟု မသိရသော်လည်း..

သူတို့ တကိုယ်လုံးကားချွေးများဖြင့် စိုရွဲနေလျက်ရှိကာ

မနိုင်မနင်းမယူ သယ်ယူနေကြခြင်းပင်ဖြစ်သည်။


နှစ်ယောက်စလုံး မျက်နှာသည် စိုးရိမ် ကြောက်လန့်စိတ်များများ ဖြင့်မျက်လုံးများကား ကျီးကြည့်ကြောင်ကြည့်ဖြင့် ပတ်ဝန်းကျင်အား မလုံမလဲ လိုက်ကြည့်နေကြသေးသည်။

ဧည့်ခန်းဘေးကပ်လျှက်အခန်းအတွင်းသို့ သူတို့နှစ်အထုတ်အားသယ်လာကြရင်းမှ

အထုတ်အားအခန်းထောင့်တနေရာတွင်ချလိုက်ကာ တဆက်တည်းမှာပင် အမျိုးသမီးသည်

နံရံတွင်ချိတ်ဆွဲထားသော ပန်းချီကားတချပ်အား ဖြုတ်ရင်း ပန်းချီကား နောက်ကျောဖက် နံရံတွင် နံရံနဲ့ တပြေးညီပြုလုပ်ထားသော ခလုပ်တစ်ခုအား နှိပ်ချလိုက်တော့သည်။


"ကျွီ.....အီ......အီ...."


အမျိုးသမီးခလုပ်နှိပ်လိုပြီးတပြိုင်နက်တည်းမှာပင် ထိုနံရံအနီးမှာပင် တကျွီ ကျွီ တအီ...သံရှည်ဆွဲလျှက်

လူတကိုယ်စာ ဝင်ပေါာက်တစ်ခုဖြစ်ပေါ်လာတော့သည်။


ထိုတခါးပွင့်လာသောအခါတွင် အမျိုးသား ကလည်းတုံဆိုင်းမနေပဲ ပွင့်လာသော အပေါက်သို့လျောက်သွားလိုက်သည်။


ထိုဝင်ပေါက်သည် ထူးဆန်းစွာ မြေအောက်ခန်းတစ်ခုဆီသို့ ဝင်ရန်အတွက် ဝင်ပေါက်ဖြစ်နေပြီး အပေါ် မှ မြေအောက်ထပ်ဆီသို့ ဆင်းရန် လှေကားထစ် ဆယ်ထစ်ခန့်မျ ရှိနေသည်။


အမျိုးသားသည် ထိုနေရာ အခြေအနေအား ကျွမ်းကျင်ရင်းနှီးနေဟန်ဖြင့် အောက်ထပ်သို့ ဆင်းလိုက်ကာ

မှောင်မည်းနေသော မြေအောက်ထပ် နံရံဘေးတွင် ရှိနေသော ဆီမီးတုတ်အား စမ်းယူလိုက်ရင်းမီးထွန်းညှိလိုက်သည်။

ခုမှ မြေအောက်ခန်းအတွင်း မီးတုပ်အရောင်ကြောင့်လင်းထိန်သွားတော့သည်။

မြေအောက်ခန်းကားအတန်အသင့်ကျယ်ဝန်းပြီး အိမ်ဆောက်လုပ်သောပိုင်ရှင်က အကြောင်းတစုံတရာရှိပါ အသုံးပြုရန် ဆောက်လုပ်ထားခြင်းဖြစ်ဟန်တူသည်။


ထို့နောက်အပေါ် သို့ပြန်လည် တဖန်တက်လာရင်း

သူတို့နှစ်ယောက်သယ်လာသော အထုတ်အားပြန်သယ်လာကြရင်း မြေအောက်ထပ် အခန်းထောင့်တွင်ရှိသော အခေါင်း တလုံးဘေးတွင်ချလိုက်ကြသည်။


သူတို့်နှစ်ယောက်လုံးသည် တစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုနေကြခြင်းမရှိပဲ တိတ်ဆိတ်စွာဖြင့်ပင် လုပ်စရာရှိသည်များအား အသံတိတ်လုပ်ဆောင်နေကြခြင်းပင်ဖြစ်သည်။


သူတို့နှစ်ယောက်သည် ဖွင့်ထားသော ခေါင်းအတွင်း သူတို့မလာသော အထုတ်အား ခက်ခက်ခဲခဲ မသွင်းလိုက်ရင်း ခေါင်းအဖုံးအားသေချာပြန်ပိတ်လိုက်သည်။


ထို့နောက် အပေါ် သို့ ပြန်တက်ရန် လှေကားဆီသို့ လျောက်အလာ.......


"ကျွီ...အီ...အီ...ဝုန်း"


မြေအောက်ခန်းတခါးသည် အပြင်မှ တယောက်ယောက်ပိတ်လိုက်သည့်အလား ပိတ်သွားတော့သည်။


"ဟာ....အပြင်က တခါးကို ဘယ်သူပ်ိတ်လိုက်တာလဲ"


" အထဲ မှာတခါးဖွင့်တ့ဲ ခလုပ်မရှိဘူးလား စောကလျာ"


အမျိုးသား ကားစိုးရိမ်ထိတ်လန့်စွာ ဖြင့်အမျိုးသမီးအားမေးလိုက်ခြင်းဖြစ်သည်။


"ဟာ ဘယ်သူမှ အိမ်မှာမရှိတာ တခါးကို ဘယ်သူလာပိတ်တာလဲ ....ငါလည်းအထဲမှာ ခလုပ်ဘယ်နားရှိမှန်းသေချာမသိဘူး...ခွန်သာ.."


"ဟေ့...ခုဘယ်လိုလုပ်ကြမလဲ ..ငါတို့ ဒီအထဲမှာပိတ်မိနေပြီ .."


"ဝုန်း ...ဖျောင်း"


"ဟင်"


"ဟာ"


သူတို့နှစ်ယောက် တခါးပိတ်သွား၍ ဆောက်တည်ရာ မရဖြစ်နေစဉ်မှာပင် မြေတိုက်ခန်းအတွင်း အခေါင်း


နေရာမှ

အသံကြား၍ လှမ်းကြည့်လိုက်သော အခါ

အခေါင်းအဖုံးသည် ဘေးသို့ လွင်စင်ပြုတ်ကျနေလျှက်


အခေါင်းအတွင်း

သူတို့သယ်ယူလာသော ရှည်မြောမြော အဝတ်ထုတ်မှ အဝတ်များအားခွာချရင်း ဆင်းလာသောလူတစ်ယောက်အားတွေ့လိုက်ရတာကြောင့် ကြောက်လန့်တကြား အာမေဋိတ်သံမျ ားပြုလိုက်မိကြခြင်းပင်ဖြစ်သည်။


ထိုသူ မျက်လုံးများသည် ပြူ းကျယ်နေကာ မျက်လုံးသေကြီးများဖြင့်ရှိနေသလို ပါးစပ်အတွင်း အာရည်တမျှားမျှား ထွက်ကျနေလျှက် ထိုသူဝတ်ထားသော

အဝတ်အစားမျ ားမှာ သွေးများ ရွဲရွဲ စိုနေသည်။

အထူးသဖြင့် ဝမ်းဗိုက်နေရာမှား သွေးများသည် ယခုထိ သွေးတပွက်ပွက် ကျနေလျက်ပင်ရှိနေသေးသည်။



"ဒါ....ဘယ်.....လို....ဖြစ်...တာ..လဲ...ခွန်....သာ.....သူ.....မ..သေ....ဘူး...."


အမျိုးသမီးကားကြောက်လန့်ကားစကားသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ခြင်းပင်ဖြစ်သည်။


ခွန်သာ ဆိုသော အမျိုးသားကား ပိတ်နေသော တခါးအား လက်ဝါးနှစ်ဖက် ပေါက်ပြဲလုမတတ် တဘုန်းဘုန်း ရိုက်နေလျှက်......


"ကယ်ကြပါအုံး ဗျို့. ကယ်ကြပါအုံး "


"သစ္စာ မရှိတ့ဲ....မိန်း..မ....သ.စ္စာ..မရှိတ့ဲ.သူငယ်ချင်...

မင်းတို့ နှစ်ယောက်လုံး ငါ...သတ်မယ်...."


အခေါင်းအတွင်းမှထွက်လာသူသည် ခြောက်ကပ်အက်ကွဲသောရင်ခေါင်းသံကြီးဖြင့် အော်ပြောလိုက်ရင်း

သူတို့နှစ်ယောက်အနီးသို့ တဖြည်းဖြည်း ရောက်ရှိလာခ့ဲခြင်းနဲ့အတူ နံရံတွင် ထွန်းညှိထားသော ဆီမီးတုပ်သည် ဟုပ်ခန ညိမ်းသွားကာ မြေအောက်ခန်းတစ်ခုလုံး ပိန်းပိန်းပိတ်ပိတ် မှောင်သွားသည်။


တဆက်တည်း.....


"အား....အီး.....အောင်မလေး."


နာနာကျင်ကျင် အော်ဟစ်သံမျ ားအားတဆက်တည်းကြားလိုက်ရတော့သည်။


အပြင်ဖက်တွင်ကား တိတ်ဆိတ်ငြိမ်သက်လျက်

မြေအောက်ခန်းဆီမှ ငရဲပွက်မတတ် ဆူညံအော်ဟစ်သံများကား အပြင်အထိရောက်မလာချေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အခန်း [၁]


မနက်ခင်း။


ညီထွန်းတစ်ယောက် နေအတော်မြင့်မှ အိပ်ယာကနိုးလာသည်။


ညက သူငယ်ချင်းများနဲ့ ကလပ်သွားတက်၍ မိုးလင်းခါနီးမှ တိုက်ခန်းသို့ပြန်ရောက်သောကြောင့်ပင်ဖြစ်သည်။


အိပ်ယာမှ လူးလဲထလိုက်ရင်း မျက်နှာသစ်သွားတိုက်ရင်းရေပါ တစ်ခါတည်း ချို းလိုက်သည်။


ရေမိုးချိုး အဝတ်အစားလဲရင်း ဝမ်းဗိုက်ကတကြု တ်ကြု တ်မြည်အောင် ဆာလောင်လာသည်။


သူ့တိုက်ခန်းမှာက ဘာမှမရှိ ၊ သူကတစ်ကိုယ်တည်းသမား ဒီတ်ိုက်ခန်းထဲတွင်သူတစ်ယောက်တည်းသာနေခြင်းပင်ဖြစ်သည်။


ညီထွန်းတွင် အဖေမရှိတော့ပေ၊ အမေတော့ရှိသေးသည်။

သို့သော် နောက်အိမ်ထောင်ပြု လိုက်သောကြောင့် အိမ်မှာမနေပဲ သူ့အဖေရှိစဉ်ကတည်းက လူငှါးတင်ထားသော ဒီတိုက်ခန်းကို ဆက်မငှါးပဲ သူလာနေခြင်းပင်ဖြစ်သည်။


သူ့အမေကား ရတနာရွေဆိုင်အပြင် ဖခင်ဖြစ်သူ မသေခင်ရှာဖွေ စုဆောင်းထားမူမျ ားဖြင့် မကြောင့်မကြ နေနိုင်ခြင်းပင်ဖြစ်သည်။


တစ်ဦးတည်းသော သားညီထွန်းကား သူ့အမေ နောက်ယောက်ကျား ယူခြင်းအတွက် ပတ်ဝန်းကျင်အလည်တွင်အရှက်ကြီးရှက်ရသည်။


သူ့အသက်ပင် [၂၀]တင်းတင်းပြည့်ပေပြီ။

တကယ်ဆိုသူ့အမေသည် နောက်ယောက်ကျ ားထပ်မယူသင့်ဟု ညီထွန်း ထင်သည်။


ညီထွန်းအိမ်ပေါ်မှ ဆင်းလာခ့ဲသည်မှာ ငါးလခန့်ပင်ရှိပြီဖြစ်သည်။


ထိုအတောအတွင်းသူအမေသည် လစဉ်သူအသုံးစရိတ်အား လူကြု ံဖြင့်လည်းကောင်း ၊

တခါလေ ကိုယ်တိုင်လာပေးတတ်သည်။


ထို့ကြောင့် ညီထွန်းအတွက် ဘာအပူအပင်မှမရှိ

တိုက်ခန်းအတွင်း tv ကြည့်တခါတလေ အပေါင်းအသင်းနဲ့လျောက်လည် တခါတရံစာဖတ်ဖြင့် အချိန်ဖြုန်းနေတော့သည်။


လဖက်ရည်ဆိုင်ရောက်တော့မနက်စာအတွက် ထမင်းကြော် တစ်ပွဲနဲ့ လဖက်ရည်တစ်ခွက်မှာကာ စားသောက်လိုက်သည်။


စားသောက်ပြီး တိုက်ခန်းသို့ကား သူမပြန်ချင်သေးပေ။

ဘယ်သွားရကောင်းမလဲဟု တစ်ယောက်တည်းတွေးနေရင်းမှ သူ့မှာ ဖတ်စရာစာအုပ်ကုန်နေသည်ကို သတိရလိုက်မိသည်။

ညီထွန်းကား စာဖတ်ဝါသနာပါသူတစ်ယောက်ပင်ဖြစ်သည်။

အပြင်သို့ သူငယ်ချင်းမျ ားနဲ့လည်ပတ်ရခြင်းထက် သူ့ကစာအုပ်တစ်အုပ်နဲ့ ငြိမ့်နေရသည်ကိုပိုနှစ်ခြိုက်ကာ

တခါတရံမှသာ အပေါင်းအသင်း များနဲ့ ပျော်ပါးလည်ပတ်တတ်သူဖြစ်သည်။


ထို့ကြောင့်ပင် မြို့ထဲဖက်သို့ ထွက်လာခ့ဲမိတော့သည်။

သူဦးတည်ရာနေရာသည် စာအုပ်အသစ်များ ရောင်းချသော ဆိုင်မျိုး မဟုတ်ပဲ စာအုပ် အဟောင်းများတည်ခင်းရောင်းချသော ဆိုင်များဖက်သို့ပင်ဖြစ်သည်။


စာအုပ်အဟောင်းဆိုင် ဆိုသော်လည်း ဆိုင်ကြီးကဏားကြီးဖွင့်ကာ ရောင်းချ ခြင်း မဟုတ်ပဲ

လမ်းဘေးပလက်ဖောင်းတွင် တာလာပတ်စ၊ မိုးကာစများခင်းကာ စာအုပ်အဟောင်းမျ ားပုံရောင်းတတ်သော စာအုပ်ရောင်းသော နေရာမျိုးပင်ဖြစ်သည်။


သူစာအုပ်အဟောင်းတန်းဖက်ရောက်တော့ ခြောက်ကပ်တိတ်ဆိတ်နေသည်။


စာအုပ်အဟောင်းရောင်းနေသော သူများ ဟိုတစ်ယောက်ဒီတစ်ယောက် တွေ့သော်လည်း သူအမြဲတမ်းဝယ်နေကျ ဦးလေးကြီးဆိုင်ဖက်သို့လျောက်လာခ့ဲမိသည်။


စာအုပ်အဟောင်းရောင်းသော ဦးလေးကြီးကား ဝယ်ယူသူပါးလွန်း၍ထင်သည် ခုတလုံးတွင်ထိုင်ရင်းငိုက်နေသည်ကို တွေ့လိုက်ရသည်။


ညီထွန်းလည်း စာအုပ်ပုံဘေးဆောင့်ကြောင့်ထိုင်လိုက်ရင်း ဖတ်ကောင်းနိုးနိုးစာအုပ်များလိုက်ရှာနေမိသည်။


အနည်းငယ် ဖတ်ကြည့်လိုက် မကြိုက် ပြန်ချလိုက်၊

ထပ်မွေကာ နောက်တစ်အုပ်ရှာလိုက်ဖြင့် ရှိနေသည်။

ဆိုင်ရှင် ဦးလေးကြီးကား ယခုအထိ ငိုက်ကောင်းနေတုန်းပင် ညီထွန်းရောက်နေသည်ကို ပင်မသိပေ။


"ဟင် ဘယ်လိုစာအုပ်မျိုးပါလိမ့် "


သားရေဖုန်းအနက်ရောင်ဖြင့် စာအုပ်ကလေးတစ်အုပ်အား စာအုပ်အဟောင်းများကြားမွေနှောက်ရင်း တွေ့လိုက်ရတာကြောင့် တအ့ံတအြ တီးတိုးရေရွတ်မိရင်း အနည်းငယ်ဟောင်းနွမ်းနေသော စာအုပ်အားကောက်ကိုင်လိုက်မိသည်။


စာအုပ်ကား ဗလာစာအုပ်တစ်အုပ်

အရွယ်အစားခန့်ရှိပြီး အနည်းငယ်ထူသည်။

သူထင်သည့်အတိုင်းပင် ဒိုင်ယာရီ စာအုပ်တစ်အုပ်လည်းဖြစ်နေပြန်သည်။


ဘာရယ်မဟုတ်စာအုပ် အားအမှတ်မထင်ကောက်လှန်ကြည့်လိုက်မိတော့သည်။

ပထမစာမျက်နှာသည် ဘာမှ မရေးခြစ်ထားပဲ ဒီအတိုင်းရှိနေကာ ဒုတ်ိယစာမျက်နှာရောက်မှ နှစ်ထပ်အိမ်ကြီးတစ်လုံးပုံအားရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။


ရဲနောင် ၁၃ .၂. ၁၉၈၈


အိမ်ပုံအောက်ခြေတွင် ထိုးထားသော ပန်းချီဆရာလက်မှတ်နဲ့ ရေးဆွဲ သောခုနှစ်အားဖော်ပြထားသည်မှာ နှစ်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးခန့်ရှိနေပြီဖြစ်သည်။


နောက်စာရွက်တစ်ရွက်လှန်လိုက်သောအခါ ပန်းချီဆရာ ရဲနောင်ဆိုသူ၏ အကြောင်းများအားရေးသားထားသည်ကိုတွေ့လိုက်ရတော့သည်။


"ဟေ့..ကောင်လေး မလာတာတောင်အတော်ကြာနေပြီ နေကောင်းတယ်မဟုတ်လား"


"ဟုတ်က့ဲ ဦးလေး မအားလို့မရောက်ဖြစ်တာပါ

ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ ဦးလေးရေ"


ဆိုင်ရှင်ဦးလေးကြီးက ခုမှအိပ်ငိုက်နေရာမှနိုးလာရင်းညီထွန်းအား နူတ်ဆက်လိုက်တာကြောင့် ညီထွန်းလည်း စာအုပ်အားအသာပိတ်ရင်းပြန် နူတ်ဆက်လိုက်ခြင်းဖြစ်ပင်ဖြစ်သည်။


"ဒါနဲ့ ဦးလေး ဒီဒိုင်ယာရီစာအုပ်က ဘယ်သူ့စာအုပ်လဲ ရောင်းဖို့လား ဒီစာအုပ်က "


"ဟေ...မှန်းဘယ်စာအုပ်လဲ ကြည့်ကြည့်ရအောင်"


ဆိုင်ရှင်ဦးလေးကြီးက ညီထွန်း ကမ်းပေးလိုက်သော စာအုပ်အား ယူကြည့်ရင်း မျက်မှောက်ကျုံဟန်ပြု လျှက် စဉ်းစားနေသည်။


"အား ...သိပြီ....ခုမှသတိရတယ်.."


"ဟုတ်က့ဲ ဦးလေးသိရင်တစ်ချက်ပြောပြပါလား ဘယ်သူလာရောင်းသွားတာလဲ "


ဆိုင်ရှင်ဦးလေးကြီး ဝမ်းသာအားရ စဉ်းစား၍ ရဟန်ဖြင့်ထအော်လိုက်ခြင်းကြောင့် ညီထွန်း ကသူသိချင်သော အကြောင်းအရာ အတွက်စကားလိုက်ထောက်ပေးလိုက်သည်။

"ဒီလိုကောင်လေးရ......

လွန်ခ့ဲတ့ဲ သုံးနှစ်လောက်က ဦးလေးလည်း ညဆယ်နာရီ လောက်ဝယ်သူ မရှိလို့ စာအုပ်တွေသိမ်းမလို့ လုပ်နေတုန်း လူတစ်ယောက်...ရောက်လာတယ်......


စာအုပ်ဆိုင်ပိုင်ရှင် ဦးလေးကြီး၏ စိတ်များသည် လွန်ခ့ဲသော သုံးနှစ်ခန့်က ညတစ်ညသို့ ပြန်လည်ရောက်ရှိသွားတော့သည်။


"ဦးလေး....ဆိုင်သိမ်းတော့မှာလား"


စာအုပ်များကို ခေါင်းငုံလျှက်သိမ်းဆည်းနေရာမှ သူ့စာအုပ်ဆိုင်ဘေး ပလက်ဖောင်း မှောင်ရိပ်ခပ်ကျကျ နေရာ တွင် ခေါင်းဆောင်းပါ အကျီ မှ ခေါင်းဆောင်းကို ဆောင်းလျှက် မျက်နှာကို သဲသဲကွဲကွဲ မတွေ့ရပဲ ရပ်နေသော လူလတ်ပိုင်းအရွယ်ခန့်ဟုခန့်မှန်းရသော လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။


"အော်...စာအုပ်ဝယ်မလို့လားကွဲ့ ရပါတယ်

ဦးလေးစောင့်ပေးပါ့မယ်"


"စာအုပ်အဟောင်းတွေကောရောင်းလို့ ရသလား

ဦးလေး ကျွန်တော် စာအုပ်တစ်အုပ်လောက် ရောင်းချင်လို့ပါ "


"အော် စာအုပ်အဟောင်းရောင်းမလို့လား..ရပါတယ် ဘာစာအုပ်များလဲ ကြည့်ကြည့်ရအောင် "


"ဒီမှာ ဦးလေး..."


"ဟင်"


ဦးအောင်ထွန်းအ့ံသြသင့်သွားမိရ၏ ။ ထိုလူငယ်ကသ့ူလက်အတွင်းအဆင်သင့်ကိုင်လာသော စာအုပ်အား လှမ်းပေး၍ မီးရောင်ရသော နေရာတွင် စာအုပ်အားသေချ ာကြည့်ရင်းအ့ံအြသင့်သွားရခြင်းဖြစ်သည်။

သူ့စာအုပ်အဟောင်းအရောင်းအဝယ် လုပ်လာသည်မှာနှစ်မနည်းတော့ပေ။

သို့သော် ယခုလို ဒိုင်ယာရီ စာအုပ် အားရောင်းချသူမျိုး တခါမှမတွေ့ဖူးသောကြောင့်ပင်ဖြစ်သည်။


ထိုအတူ သူ့စိတ်အတွင်း ထိုသူငယ် သူ့အားနောက်နေတာလားဟုထင်မှတ်လိုက်မိသည်။


"မောင်ရင်နောက်နေတာလား ဒီဒိုင်ယာရီစာအုပ်ကို ဘယ်သူကဝယ်မှာလဲကွ .."


"ကျွန်တော်မနောက်ပါဘူး ဦးလေး...

ဦးလေးဒီစာအုပ်က်ို ရောင်း ထားပေးပါ

နောက်တချိန် ဝယ်သူရောက်လာမှ ကျွန်တော် စာအုပ်ဖိုးလာ ယူပါ့မယ်...."


"ဟေ......ဟေ့.......နေအုံးလေကွာ...."


ထိုူလူကားပြောချင်ရာ ပြောပြီးသည်နဲ့ ဦးအောင်ထွန်းအားကျောခိုင်းပြီး့အနားမှ ထွက်ခွာသွားရင်း အမှောင်ရိ်ပ်ကျရောက်နေသော နေရာဖက် ဝင်ရောက်ရင်း ပျောက်ကွယ်သွားတော့သည်။


ဦးအောင်ထွန်းတစ်ယောက်မှာသာ ဒိုင်ယာရီ စာအုပ်ကြီး လက်ထဲကိုင်လျက် တဟေ့..ဟေ့ အော်ဟစ်လျှက်ကျန်နေရစ်ခ့ဲတော့သည်။

ထိုသူကားနောက်သို့ တချက်မျပင်လှည့်မကြည့်ခ့ဲချေ ။


"အဖြစ်အပျက်ကတော့ ဒါပါပဲကွာ သူ့စာအုပ်က်ို ပထမတော့ လွင့်ပစ်မလို့ပဲ နောက်မှ သူလာရင်ပြန်ပေးလို့ရအောင် စာအုပ်ပုံထဲ ရောထည့်ထားလိုက်တာ

ဒီနေ့အထိပါပဲ....စိတ်ဝေဒနာရှင် တစ်ယောက်ထင်ပါရဲ့ကွာ..သူ့စာအုပ်က်ိုရော ဘယ်သူကဝယ်မှာတ့ဲလဲ"


"ကျွန်တော် ဝယ်မယ်ဦးလေး ဒီစာအုပ်က်ို "


"ဟေ.."


ဦးအောင်ထွန်းကား မျက်လုံးကြီးအပြူးသားဖြင့် ညီထွန်းအား အ့ံအြစွာကြည့်လျက် မယုံကြည် နိုင်စွာရှိနေသည်။

တခြားသူများ ကိုင်ပင်မကြည့်ခ့ဲသော အရူးတစ်ယောက်၏ ဒိုင်ယာရီ ဟုသူထင်မြင့်ခဲ့သော စာအုပ်ကား ဝယ်သူရှိလာခ့ဲပြီဖြစ်သည်။


"ကောင်လေး...မင်း..တကယ် ဒီစာအုပ်ဝယ်မလို့လား...."


"နောက်စရာလား ဦးလေးရာ ကျွန်တော် တကယ်ဝယ်ပါ့မယ် "


ဆိုင်ရှင်ဦးလေးကြီး ကားဝမ်းသာ၊ အ့ံအြမူနဲ့အတူ သူအ့ားမယုံကြည်နိုင်စွာဖြင့်ကျန်နေရစ်ခ့ဲတော့သည်။

ညီထွန်းက ထိုစာအုပ်အား တခြားစာအုပ်တစ်အုပ်ရောင်းဈေ းနဲ့ ဈေးဖြတ်ဝယ်ယူလာခ့ဲခြင်းဖြစ်သည်။


စာအုပ်တွင်ရေးသားထားသောအကြောင်းအရာများသည် သူ့စိတ်အာရုံအား အလွန်အမင်း ဆွဲဆောင်နေခ့ဲပြီဖြစ်သည်။


အရူးတစ်ယောက်၏ ဒိုင်ယာရီ ဟုစာအုပ်ဆိုင်ပိုင်ရှင်ဦးလေးကြီး ထင်သလို သူ့အနေနဲ့ ဒီစာအုပ်အား မထင်မိသောအတွက်ကြောင့်လည်း ဝယ်လာခ့ဲခြင်းပင်ဖြစ်သည်။

သူတိုက်ခန်း ပြန််ရောက်တော့ ခနတဖြုတ်အိပ်စက်လိုက်ရင်း သူနိူးလာတတော့ ညနေပင်စောင်းနေချေပြီ။


ရေမိုးချိုးပြီး အဝတ်အစား လဲလိုက်လမ်းထိပ်ဖက်ထွက်လာရင်း စားနေကျ ထမင်းဆိုင်တွင် ထမင်းဟင်းများမှာစားလိုက်ပြီး အိမ်မပြန်လိုသေးတာကြောင့် လဖက်ရည်ဆိုင်တွင် ထိုင်ရင်း အချိန်ဖြုန်းနေလိုက်မိသည်။

သူတိုက်ခန်းပြန်ရောက်တော့ ညဆယ်နာရီထိုးခန့်ရှိနေပြီဖြစ်သည်။

အခန်းတွင်း မီးမလာသောကြောင့် မှောင်မဲကာ ပူလောင်အိုက်စပ်နေသောကြောင့် ညီထွန်းစိတ်ပျက်သွားမိသည်။

အိပ်ကလည်းမအိပ်ချင်သေးတာကြောင့် တိုက်ခန်းဝရံတာတွင်ခနထွက်ရပ်နေရင်းနေ့လည်က ဝယ်လာ့ခဲသော စာအုပ်အားသတိရလိုက်မိသည်။


အိပ်ခန်းအတွင်း စာကြည့်စားပွဲပေါ်တွင် မီးအုပ်ဆောင်းလေးအားထွန်းလိုက်ရင်း နေ့လည်က သူဝယ်လာခ့ဲသော စာအုပ်အား ဖတ်ရူရန်စတင် လှန်လို်က်တော့သည်။


ဒုတိယစာမျ က်နှာမှ နှစ်ထပ်အိမ်ကြီး တစ်လုံးပုံအပြီးနောက်စာမျက်နှာများတွင်စာများရေးသားထားသည်ကိုတွေ့လိုက်ရတော့သည်။


"ရဲနောင်"ဆိုသော ပန်းချီဆရာတစ်ယောက်၏မှတ်တမ်းပင်ဖြစ်ပါသည်။


စာအုပ်ပါအကြောင်းအရာများသည်

စိတ်ဝင်စားစရာကောင်းလွန်းလှတာကြောင်

့ စာရွက်များကို တရွက်ပြီးတစ်ရွက်လှန်ရင်း

ညီထွန်းတစ်ယောက်ဖတ်နေမိတော့သည်။

.....ကျွန်တော်သည် အလုပ်အတွင်းမွန်းကျပ်မူများ...စိတ်ဖိစည်းမူ များပြေပြောက်ရန် အတွက် ကျွန်တော့် ဆရာဝန်၏ အကြံပေးမူကြောင့် ကျွန်တော်သည် ရှမ်းပြည်နယ် မှ နယ်မြို့တမြို့သို့ ခရီးထွက်ဖြစ်ခ့ဲပါသည်။


ကျွန်တော် ထိုမြို့လေးအားအလွန်သဘောကျမိသွားသည်။

အကြောင်းကားထိုမြို့ ကလေးသည် တောင်ပေါ်မြို့ငယ်လေးပီပီ ထင်းရူးတောတန်း တောင်ကုန်းများစိမ်းစိမ်းစိုစို မြင်ကွင်းများဖြင့် မျက်စ်ိပဒေသာဖြစ်လှသလို ၊ ကားဆိုင်ကယ်မျ ားအနည်းအကျည်းသာ ရှိပြီး သွားလာရေးအတွက် မြင်းလှည်းကိုသာ အဓိကအသုံးပြု ကြခြင်းကြောင့်လည်း နားအေးပါးအေးရှိလွန်းလှသည်။


ကျွန်တော်သည် အသိမိတ်ဆွေ တစ်ယေက်အိမ်တွင် တည်းခိုနေရင်းမှ မြို့အနှံ မြင်းလှည်း တစီးငှါးရမ်းလည်

ပတ်လျက် တစ်နေ့ တစ်နေ့ အချိန် ဖြုန်းနေမိသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။


ယနေ့အတွက် မြို့အတွင်းလည်စရာ နေရာများနှံစပ်သွားသောကြောင့် မြို့ပြင်ဖက်မြင်ကွင်းများအားကြည့်ရူရန်မြင်းလှည်း ဆရာအား မြို့ပြင်ဖက်သို့ မောင်းနှင်စေခ့ဲသည်။


ကျွန်တော်သည် ထိုအချိန်ကျမှ "မြိုင်ဟေဝန် "အားသိခွင့်ရခ့ဲတော့သည်။


စင်စစ် "မြိုင်ဟေဝန် "ကားမြို့ နဲ့အနီးငယ်လှမ်းသော တောင်ကုန်းထိပ်တွင် တည်ဆောက်ထားသော နှစ်ထပ်အိ်မ်ကြီး တစ်လုံးပင်ဖြစ်သည်။


ထိုအိမ်တောင်ကုန်းထိပ်လေးမှ စီးမိုးကြည့်မည်ဆိုပါက တမြို့လုံးအားခြုံ ၍ မြင်တွေ့ိနိုင်သလို အေးချမ်းတိတ်ဆိတ်စွာ ရှိနေမူကလည်း ကျွန်တော့်အလုပ်အတွက် အထောက်အကူဖြစ်နိုင်ပေသည်။


ကျွန်တော် ဒီအိမ်ကြီးတွင် တစ်လ ကိုးသီတင်းနေထိုင်ရင်း ပန်းချီကားကောင်းများစွာဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ကစိတ်အတွင်းပေါ်ပေါက်လာမိတော့သည်။

ထို့ကြောင့် ကျွန်တော်လည်း အချိန်မဆိုင်းပဲ စိတ်ကူးအားလက်တွေ့ အကောင်အထည်ဖော်ရန် ထိုအိမ်ကြီးအတွင်း နေထိုင်သူရှိမရှိ မြင်းလှည်းဆရာအားမေးမြန်းစုံစမ်းလိုက်မိတော့သည်။


ကျွန်တော်ဆန္ဒစိတ်ကူးပြည့်သည်ဟုပင်ပြောရပေလိမ့်မည်။

ထိုအိမ်ကြီးအတွင်း နေထိုင်မည်သူ့မရှိသည်မှာကာလအတော်ပင်ကြာခ့ဲပြီ ဖြစ်ကြောင်းသိရသော အတွက်ကြောင့်ပင်ဖြစ်သည်။

နောက်တချက်ကား ထိုသို့ မနေထိုင်ကြခြင်းမှာလည်း အိမ်ကြီးအတွင်း သရဲအလွနေ်ခြာက်၍ဖြစ်ကြောင်းကိုပါတဆက်တည်းသိလိုက်ရတော့သည်။


သို့သော်......


ထိုသရဲခြောက်သည်ဆိုသော ကိစ္စက ကျွန်တော့်ဆန္ဒအားတားဆီးရန်မစွမ်းဆောင်နိုင်ပေ။


ကျွန်တော် ယခုလက်ရှိအိမ်ပိုင်ရှင်ထံ ချက်ခြင်းသွားရောက်တွေ့ဆုံရင်း ကျွန်တော် အိမ်ငှါးမည့်အကြောင်းအား သွားရောက်တွေ့ဆုံဆွေးနွေးဖြစ်တော့သည်။


အိမ်ပိုင်ရှင်ကား ယခုလိုပစ်ထားရသောအိမ်အား ငှါးရမ်းမည့်သူပေါ်လာသောကြောင့် ဝမး်သာရပင် ကျွန်တော့် ဆွေးနွေးမူအား လက်ခံကာ တစ်လစာချုပ်အားနူတ်အားဖြင့်သာ ချုပ်ဆိုကြရင်း အိမ်ဖိုးတစ်လစာရှင်းထားခ့ဲကာ စိတ်ကျေနပ်အားရစွာ တည်းခိုနေရာအိမ်သို့ ပြန်လာခ့ဲတော့သည်။


အပိုင်း...[၂]ဆက်ရန်➳ ➳ ➳ ➳


rate now: