book

Index 8

အခန်း (၅)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

မာနကြီးတယ် ဒါပေမယ့် ယဉ်ကျေးတယ်

ရှဲ့ယွီ၏ အိပ်ပျော်နိုင်စွမ်း အရည်အသွေးက တစ်လျှောက်လုံးပဲ သိပ်ပြီးကောင်းလှသည်မဟုတ်။ အိပ်ပျော်သွားခဲ့ပြီးနောက် မကြာသေးခင်မှာပင် အောက်ထပ်ရှိ ပစ္စည်းတွေကိုရိုက်ခွဲသည့် ဆူညံသံတွေကြောင့်ပဲ နိုးသွားခဲ့ရ၏။

ကြွေထည်ပစ္စည်းတွေ အောက်သို့ အစိတ်စိတ်အမြွှာမြွှာကျကွဲသည့် အသံဟာဆိုလျှင်လည်း စူးစူးရှရှနဲ့ နားကွဲလုမတတ်ပင်ဖြစ်သည်။

ပစ္စည်းတွေကို ရိုက်ခွဲသံနှင့်အတူ အကျွမ်းဝင်လျက်ရှိသည့် ဒေါသတကြီးဆဲဆိုသံကိုပါ ပူးတွဲကြားလို့နေရသည်။ ထိုလူ၏ လေသံထဲတွင်မူကား အသွေးအသားထဲကကို အထက်စီးဆန်လျက် နှစ်အတော်ကြာ အမြင့်မှာနေတာအသားကျလို့နေသည့် အသံတို့ကိန်းဝပ်လျက်ရှိသည်။

"ဒါက ငါ့အိမ် ၊ မင်းတို့အကုန် ထွက်သွားကြ-- သိမ်းဆည်းထုပ်ပိုးပြီး ထွက်သွားကြ! မင်း လက်အညစ်အပတ်ကိုဖယ်စမ်း ၊ ငါ့ကိုထိဖို့ မင်းကိုဘယ်သူကခွင့်ပြုလို့လဲ ၊ မင်းနဲ့ ရောတန်လို့လား. . .  . . . "

ရှဲ့ယွီသည် မျက်လုံးအုပ်သည့် mask ကိုဖယ်ချွတ်လိုက်ပြီးပေမယ့် မျက်ဝန်းတို့ကိုတော့ မှိတ်ကာထားမိဆဲပင်။ နားထင်ကလည်း တစစ်စစ်ထိုးကာကိုက်လို့နေသည်။

"သခင်လေး ၊ ကျွန်မ အမူးပြေစေမယ့်စွတ်ပြုတ်လေးပြုတ်ထားတယ် ၊ နည်းနည်းလောက် သောက်လိုက်ပါဦး။"

အားဖန်း၏ အသံဖြစ်ပြီး ရိုရိုကျိုးကျိုးရှိလှ၏။

"သခင်လေး အရက်တွေအများကြီးသောက်ထားတာ. . .  . . . "

နောက်ထပ် ဘာပစ္စည်းအခွဲခံလိုက်ရသည်မသိ ၊ ကျကွဲသံခပ်အုပ်အုပ်ထွက်ပေါ်လာခဲ့ပြီး ထိုလူ၏ ဆဲဆိုသံသည်လည်း စူးစူးဝါးဝါးနဲ့ ပိုလို့ပင်ကျယ်လောင်လို့လာသည်။

"ငါ မင်းတို့ကို ထွက်သွားခိုင်းနေတယ်နော် ၊ အားလုံးပဲထွက်သွားကြစမ်း! မင်းတို့ အောက်ခြေလူတန်းစားတွေက လူစကားကိုတောင် နားမလည်တော့ဘူးပေါ့လေ ဟုတ်လား!"

"အိုး. . ကြည့်ပါဦး ငါ့မှတ်ဉာဏ်တွေ ၊ မေ့တော့မလို့ ၊ ဒီအိမ်မှာက ငါစကားပြောလို့ရတဲ့ နေရာဘယ်ရှိလို့တုန်း? အဲ့အစား ကျုံးမျိုးရိုးမဟုတ်တဲ့ တချို့လူတွေကသာ သူတို့ကိုယ်သူတို့ တကယ်ကြီး တစ်ခုခုလို့ထင်နေကြတာဆိုတော့လေ။"

". . . . . ."

ရှဲ့ယွီသည် ကုတင်ထက်ဟိုဒီလူးလွန့်နေရင်းမှ အဆုံးတွင်တော့ ခံပြင်းချက်နှင့်အတူ ထကာထိုင်လိုက်ရင်း တစ်ချက်မျှဆဲရေးပစ်လိုက်၏။

"Fxxk"


သုံးနှစ်ရှိခဲ့ပြီ။
သုံနှစ်ရှိသွားခဲ့ပြီပေမယ့် ဒီရုပ်ပျက်ဆင်းပျက်အဖြစ်ကတော့ ပထမတုန်းကအတိုင်းကဲ့သို့ပင် ရှိလို့နေလေသည်။

လွန်ခဲ့တဲ့ (၃)နှစ်ခန့်က ကုရွှယ်လန်သည် Aမြို့ရှိဂုဏ်သတင်းကျော်စောလှသည့် စီးပွားရေးလုပ်ငန်းရှင် ကျုံးကော်ဖေးနှင့်လက်ထက်ခဲ့သည်။ ထိုသတင်းဟာဆိုလျှင် တစ်မြို့လုံးပဲ ပျံ့နှံ့လို့သွားခဲ့ပြီးနောက် ကုရွှယ်လန်သည်သာမက ရှဲ့ယွီပါတွဲလျက် အမျိုးမျိုးသော ဆိုးရွားလှတဲ့ ထင်ကြေးပေးချက်တွေနဲ့ ပြောဆိုကြခြင်းကိုခံရသည်။

ကောလာဟလတွေပျံ့တာကတော့ အလားတူပင်ဖြစ်၏။

ပွဲကြည့်ရင်း မီးလောင်ရာလေပင့်ချင်သည့် ပြဿနာကိုပိုကြီးလာစေမည့် လူထုတစ်စုကလည်း ခွင့်ပြုချက်မယူဘဲနှင့် ထိုသူ၏အတ္ထုပ္ပတ္တိအား ပုံစံအမျိုးမျိုးဖြင့် ရေးသားလို့လာကြသည်။ ထိုအထဲကမှ လူတွေ၏မျက်စိကိုအဖမ်းစားနိုင်ဆုံးကတော့ နောက်မိန်းမနှင့် တရားမဝင်ကလေး အကြောင်းပင်ဖြစ်သည်။

အဲ့လိုမှမဟုတ်လျှင်လည်း ရှဲ့ယွီက နေရာတိုင်းပဲ အကြွေးရှင်တွေကို ရှောင်ပြေးနေရတဲ့ အတွေ့အကြုံရှိတာ နှစ်အတော်ကြာနေပြီတို့ ၊ ထမင်းစားဖို့တောင် တစ်နပ်အတွက်ပဲရှိပြီး နောက်တစ်နပ်စားဖို့မရှိတာတွေ ၊ ကျောင်းလခကိုတောင်မှ နှစ်ဝက်လောက်ထိဆွဲထားပြီး မသွင်းနိုင်သေးတဲ့ နေ့ရက်တွေ စသည့်မဆုံးနိုင်တဲ့ ဆိုးရွားလှတဲ့ သတင်းတွေဆိုတာ သူပင်ယုံရမလိုလိုဖြစ်ရ၏။

ကျုံးကော်ဖေး၏ သားအရင်းဖြစ်တဲ့ ကျုံးကျယ်အနေနဲ့ပြောရလျှင်တော့ ထိုသားအမိရဲ့သတင်းတွေက ဘယ်လိုပုံစံပဲဖြစ်နေပါစေ သူကတော့ ဘယ်နည်းနဲ့မှလက်မခံ ၊ ဘယ်ဟာက အမှန်တရားဆိုတာကိုလည်း သူက ဂရုမစိုက်ချေ။

သူသိသည်မှာ သူ့မျက်စိရှေ့မှောက်က အမှန်တရားဟာ မိခင်သေဆုံးသွားခဲ့ပြီးသည့်နောက်တွင် သူ့ရဲ့အရာအားလုံးအား တစ်စုံတစ်ယောက်ကလုယူသွားခဲ့သည် ဆိုတာကိုပင် ၊ ထိုအထဲမှာမှ အရေးအကြီးဆုံးအရာတစ်ခုလည်း ပါဝင်လို့နေခဲ့သည်။

အမွေဆက်ခံပိုင်ခွင့်ပဲဖြစ်သည်။

အချိန်အတော်ကြာသွားခဲ့ပြီးမှပင် အောက်ထပ်သည် အဆုံးမှာတော့ တိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့၏။ ဖြစ်နိုင်သည်မှာ ကျုံးသခင်လေးအား အမျိုးမျိုးဖျောင်းဖျလျက် အခန်းထဲပြန်ပို့လိုက်ကြသည်ဟု ယူဆ၍ရသည်။ ရှဲ့ယွီသည် ကုတင်ကိုမှီလိုက်ရင်း သူတို့တွေ ကျုံးကျယ်၏အခန်းတံခါးအား ဖြည်းညင်းစွာပြန်ပိတ်လိုက်တဲ့အသံ ၊ သူ့အခန်းရှေ့ကဖြတ်လျှောက်သွားချိန်၌ သက်ပြင်းဖွဖွချသံ ၊ အောက်ထပ်သို့ ခပ်သုတ်သုတ်ဆင်းသွားကြတဲ့ ခြေသံတို့အား အထင်းသားပဲကြားနေရသည်။

ရှဲ့ယွီသည် ဘာကိုတွေးလို့တွေးနေမိသည် မသိတော့ဘဲ မျက်ဝန်းတို့ကိုမှေးမှိတ်ထားရာမှဖွင့်လိုက်၏။

အကြောင်းအရင်းမရှိဘဲ သူသည် ရုတ်တရက်ကြီး ရေဆာလို့လာရသည်။

မီးလုံးတစ်လုံးက အတွင်းကလီစာတွေကနေပြီး အပေါ်သို့လှိမ့်တက်လာကာ လည်ချောင်းတစ်လျှောက် လောင်မြိုက်နေသကဲ့သို့ပင်ရှိသည်။

ကုရွှယ်လန်သည် ဧည့်ခန်းက ဆိုဖာထက်ထိုင်လျက်ရှိ၏။ မျက်ဝန်းတို့က အထီးကျန်ဆန်လျက် အဖြူရောင် ညဝတ်ဇာဂါဝန်စက အောင်သို့ ပုံလျက်သားကျ၍နေသည်။ ရှဲ့ယွီအောက်ထပ်သို့ ဆင်းလာသည်ကိုမြင်တော့ အနည်းငယ်သာ စောင့်ငဲ့၍ကြည့်လာပြီး သူမသည် အလွန်မှပင်ပန်းနွမ်းနယ်သည့်ပုံစံပေါက်၍နေသည်။

"မင်းဘယ်လိုဖြစ်လို့ဆင်းလာတာလဲ ၊ ဆူညံသံတွေကြောင့်လား?"

သူမဒီနေရာမှာရှိနေမည်မှန်း ရှဲ့ယွီက မှန်းဆထားပြီးဖြစ်သည်။ 'ခင်ဗျားကို ပြောတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး ၊ သူစိတ်ရူးပေါက်ချင်ရင် သူ့ဘာသာသူပေါက်ပါလေ့စေ ၊ ခင်ဗျားနဲ့မဆိုင်ဘူး။' ဟူ၍ပြောလိုက်ချင်ပေမယ့် သူမရဲ့ယခုပုံစံကိုမြင်တော့ သူသည်စကားလုံးတွေအား အတင်းပဲပြန်လည်မြိုချပစ်လိုက်ရတော့သည်။ စကားလုံးသုံးလုံးတည်းသာ ဟက်ဟက်ပက်ပက်မရှိလှစွာဖြင့် ပစ်သွင်းလိုက်ပါ၏။

"ပျော်ရဲ့လား?"

ကုရွှယ်လန် : ". . .  . . . နောက်နှစ်ရက်ဆို သူ့အမေဆုံးတာ နှစ်ပတ်လည်လေ။"

ရှဲ့ယွီ : "အဲ့တော့ ခင်ဗျားက ဒီအတိုင်းပဲရပ်ပြီး တစ်နာရီနီးပါးလောက် သူဆဲဆိုတာကို ခံနေတယ်ပေါ့။"

ကုရွှယ်လန်သည် မည်သည့်စကားမှမဆိုချေ။

ရှဲ့ယွီ၏လေသံထဲ၌မူ ဘာခံစားချက်မှရှိ၍မနေ ၊ ထွက်လာသည့် စကားတို့က တစ်ကြောင်းထက်တစ်ကြောင်း လူကိုထိုးစွလျက်ရှိ၏။

"သူအမေကို ခင်ဗျားသတ်လိုက်တာပေါ့? သူ့အဖေကိုကြ ခင်ဗျားလုယူတာပေါ့? -- သူကအဲ့လောက်ဆဲတာကြိုက်နေရင်လည်း ဆဲခိုင်းပြီးလွှတ်သာထားလိုက် ၊ ဒါကိုမှ ခင်ဗျားက ပြောင်းပြန် ၊ ဝင်ပါပြီးတော့ အားပေးအားမြှောက်လုပ်နေသလိုပဲ။"

ယခု ကုရွှယ်လန်သည် အစောပိုင်းက ကားထဲမှာတုန်းကလို စိတ်ဓာတ်ခပ်မာမာပုံစံမျိုးရှိမနေတော့ပေ။ သူမသည် သက်ပြင်းအသာချ၍လာရင်း. .

"မင်းအဲ့လိုမပြောစမ်းနဲ့။"

ရှဲ့ယွီသည် ဆိုလိုက်၏။

"ဘယ်သူကမှ သူ့အပေါ်အကြွေးတင်နေတာမဟုတ်ဘူးလေ ၊ သူ့စိတ်ထဲ ဒါလေးတောင်မတွက်ချက်တတ်ဘူးလားပဲ?"

". . . . . ."

ရှဲ့ယွီသည် မီးဖိုဆောင်ကနေ နွားနို့နှစ်ခွက်ထည့်ယူလာခဲ့ပြီးနောက် ကုရွှယ်လန်ထံတစ်ခွက်လှမ်းကာပေးရင်း ညင်ညင်သာသာပဲစကားဆိုလိုက်သည်။

"မား ကုန်အောင်သောက်လိုက် ၊ ပြီးရင်စောစောအပေါ်တက်အနားယူတော့ ၊ ညဉ့်နက်နေပြီ။"

"ဒီညကဟာတွေကို ကျွန်တော်မကြားလိုက်သလိုပဲ နေလိုက်မယ် ၊ နောက်တစ်ကြိမ်ကြ ဒီလိုပဲရပ်ပြီး သူဆဲတာခံနေမယ်ဆိုရင်တော့  ကျွန်တော် သူ့ကိုစကားမပြောနိုင်တဲ့အထိ ထိုးပစ်မယ်။"

"ကျွန်တော်က ပြောရင်ပြောတဲ့အတိုင်းလုပ်မှာ။"

ကုရွှယ်လန်သည် ခွက်ကိုလှမ်း၍ယူလိုက်သည်။

သူမရှေ့၌ရပ်လျက်ရှိသည့် ဒီကောင်ကလေးဟာ ဘယ်အချိန်ကတည်းက ဒီလောက်တောင် အရပ်ကြီးရှည်လာခဲ့သည်မသိရ ၊ ကုရွှယ်လန်သည် အနည်းငယ်ပင်စိတ်လှုပ်ရှားသွားခဲ့ရ၏။

လူငယ်လေး၏ မျက်လုံးမျက်ခုံးတို့က သူမစီကအမွေရလို့ထားတာဖြစ်သည်။ ဤကဲ့သို့ရုပ်ရည်မျိုးက တကယ်ဆို မိန်းမချောချောရမည့်တိုင် တစ်စုံတစ်ရာသော အေးစက်ခက်ထန်မှု နှင့် ထက်မြတ်ပြတ်သားမှုတို့က ဘယ်အချိန်ကတည်းက အပေါ်ယံအလွှာကိုထိုးဖောက်လျက် ဝင်ရောက်လာခဲ့သည်မသိရ။ ကြည့်လိုက်တာနှင့် ရင်းနှီးဖို့မလွယ်ကူမှန်းသိသာ၏ ၊ ဒီအမေဖြစ်တဲ့ သူမတောင်မှ သူစိမ်းတစ်ယောက်အလား ခံစားနေမိရသည်။

သူမ၏အကြည့်တွေက ရှဲ့ယွီ၏အိပ်ထားသည်ကြောင့် ရှုပ်ပွလို့နေသည့် ဆံစတွေထက်ရောက်လို့သွားခဲ့၏။ ဆံပင်လေးတွေကတော့ ငယ်ငယ်လေးတုန်းကအတိုင်းပဲ နူးညံ့ပျော့ပျောင်းလျက်ရှိနေဆဲဖြစ်ကြောင်း သတိထားလိုက်မိလေသည်။

ထိုတစ်ခဏအတွင်း ဘာပြောလို့ပြောရမှန်းမသိဖြစ်ကာ သူမအသိပြန်ဝင်လာချိန်မှာတော့ ရှဲ့ယွီက အပေါ်ထပ်တက်ရန် လှည့်ထွက်လို့သွားပြီဖြစ်သည်။

ရှဲ့ယွီ၏ အိပ်ပျော်နိုင်စွမ်း အရည်အသွေးက ဆိုးလှပေသည် ၊ ဆိုးသည်မှာ နွားနို့ပင်ဝင်မကယ်တင်နိုင်တော့။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပြီး ဆူညံသံတွေကြောင့် နိုးလာပြီးနောက်မှာတော့ ဘယ်လိုပင်ကြိုးစားအိပ်အိပ် အိပ်၍မပျော်တော့ချေ။

သူသည် ပြတင်းအပြင်ဘက်က ပိန်းပိတ်အောင်မှောင်လျက်ရှိသည့် ညအရောင်ကို လှမ်းကာကြည့်ရင်း ချက်ချင်းဆိုသလို ဘယ်နှစ်နာရီရှိပြီလဲ သိချင်သွားခဲ့ရသည်။

အစကတော့ အချိန်ကြည့်ချင်လို့ပေမယ့် ဖုန်းကိုစမ်းမိသွားပြီးနောက်မှတော့ အိပ်ချင်စိတ်ကလုံးလုံးပင်မရှိတော့ချေ။

[Barbecueမင်းသားလေး • Lei] : Fxxk လခွမ်းပဲ ၊ နောက်ထပ်ထပ်မဆော့တော့ဘူး! (/ပုံ)

[Barbecueမင်းသားလေး • Lei] : ဒီတစ်ခေါက်တော့ တကယ်ကိုမဆော့တော့ဘူး! (/ပုံ)

[Barbecueမင်းသားလေး • Lei] : နောက်ဆုံးအကြိမ် ၊ ငါထပ်သာဆော့ရင်တော့ ငါကဝက်မို့လို့ပဲ! (/ပုံ)

လွန်ခဲ့တဲ့(၂)နာရီကပဲ screenshots သုံးပုံနှင့်အတူ ကျိုးသာ့လေကပို့လို့ထားတာဖြစ်သည်။ ပုံအားလုံး၏အပေါ်ထိပ်နား၌ ရေးထားသည်မှာ - အမှတ်အရမ်းနိမ့်နေပါတယ် ၊ Game hall ထဲဝင်ရောက်ဖို့ရာ အရည်အချင်းမပြည့်မီပါဘူး ၊ သေသေချာချာလေး ကျေးဇူးပြုပြီးဖြေဆိုပါ။

ရှဲ့ယွီသည် စာတစ်ကြောင်းရေး၍ replyပြန်လိုက်ပါ၏ - ဇွဲကောင်းကောင်းနဲ့ ဥမကွဲတဲ့ကျွမ်းကျင်ပိုင်နိုင်သူကို အထက်က ရင်ထဲထိမယ်များ မင်းကထင်နေတာလား?

ကျိုးသာ့လေကတော့ အစောကတည်းက ကုတင်ထက်မှာသေနေလောက်ပြီ။ ရှဲ့ယွီသည် နဂိုကတည်းက သူ့ရဲ့ပြန်စာကို စောင့်ဖို့စိတ်ကူးမရှိတာမို့ ထွက်လိုက်ပြီးနောက် ဆက်လက်ပြီးပဲ အသေကောင်လုပ်(အိပ်) ရမလား ၊ ဟိုထူးထူးဆန်းဆန်းဂိမ်းကိုပဲဆော့ရလေမလားဟု ရွေးချယ်မှုနှစ်ခုကြား တစ်ခဏမျှတွေဝေလို့သွားသေး၏။ သို့တိုင် အဆုံးမှာတော့ ထိုအသိပညာဆိုသည့်ပုံနဲ့ App ကိုသာဖွင့်လိုက်မိလေတော့သည်။

လေးစားရပါသော user [jsdhwdmaX] အား Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲမှ ပြန်လည်ကြိုဆိုပါတယ် ~ သင့်ရဲ့ဖြေဆိုမှု ရလဒ်ကတော့ အမှတ်ပြည့်ပါ ၊ continue ကိုနှိပ်ပြီး Game hallထဲကိုဝင်ရောက်ပါ!

မနက်(၃)နာရီအချိန် ၊ သို့တိုင်ထိုဂိမ်းကတော့ စည်စည်ကားကားရှိလို့နေဆဲပင်ဖြစ်သည်။

'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - သချင်္ာပုံသေနည်းတွေ အခန်းသေးမှာ PKလာဆွဲချင်တဲ့သူ ဘယ်သူတွေရှိလဲ? ရေစက်ရှိတဲ့သူကို စောင့်နေပါတယ်။

'အသားမပေးခြင်းက ရည်မှန်းချက်ပန်းတိုင်' - အိုလံပစ်သင်္ချာ မေးခွန်းလွှာC က ရွေးချယ်ရတဲ့ နံပါတ်(၃)အပုဒ်က တစ်ပုဒ်မှားနေတာလား?  သူပဲမှားတာလား ဒါမှမဟုတ် ငါပဲမှားတာလား?

'ထိပ်ဆုံးရောက်အောင် ကြိုးပမ်းမယ်' - . . .  . . .  ဒီလောက်ညဉ့်နက်နေပြီဟာကို မင်းတို့ကမအိပ်ကြသေးဘူးလား?

'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - အိပ်? ဘာကိုအိပ်လဲ? တစ်မိနစ်စောအိပ်လိုက်တာနဲ့ လူအယောက်ပေါင်းဘယ်လောက်က မင်းကိုကျော်တက်သွားမလဲ မင်းသိရဲ့လား?

'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - စာလေ့လာတဲ့Bro ပြောတာမှန်တယ် ၊ ဘဝဆိုတာ တိုတောင်းတယ် ၊ စာသင်ကြားတဲ့အချိန်ဆိုတာကလည်း အလွန်ပဲတန်ဖိုးရှိလှတယ် ၊ အိပ်ပစ်ပြီး ဒီကောင်းမွန်တဲ့အချိန်တွေကို မဖြုန်းတီးပစ်သင့်ဘူး။

'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - အသိပညာကို လိုချင်တဲ့ဆန္ဒက ငါ့ကိုအိပ်ပျော်ဖို့ရာအတွက် မတက်နိုင်ဘူး ၊ တစ်ချက်ကလေးအိပ်လိုက်မိတာနဲ့ သေသွားသလိုပဲ ၊ ငါ့ဦးနှောက်က တွေးခေါ်မှုတွေရပ်တန့်သွားရော ၊ တွေးခေါ်မှုတွေရပ်တန့်သွားတာလောက် ဘယ်ဟာက ပိုကြောက်စရာကောင်းသေးလို့တုန်း။

". . . . . ."

နောက်တစ်ကြိမ်ဒီဂိမ်းအား ထပ်မံဖွင့်မိသွားသည့် မိမိကိုယ်ကိုယ်မိမိ စိတ်မနှံ့သူဟု ရှဲ့ယွီ ရုတ်တရက်ကြီး ခံစားမိသွားရသည်။

သူတို့ပြောနေကြတဲ့ခေါင်းစဉ်မှာ အိပ်တာကနေပြီး ခပ်မြန်မြန်ပဲ အခြားတစ်နေရာသို့ ပြောင်း၍သွားကြသည်။

'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - ပြောရရင် အဆင့်ဇယားထက်က Top 1 ဆိုတဲ့အဲ့တစ်ယောက်ကို ဖြုတ်ချပစ်မယ့်သူ တစ်ယောက်တစ်လေတောင်မရှိဘူးလား? ငါသူ့ကိုကြည့်ပြီး မျက်စိစပါးမွှေးစူးနေပြီ အတော်ကြာနေပြီဟာ ၊ ဘယ်လိုဖြစ်ပြီး အဲ့လောက်အရှက်မရှိတဲ့သူရှိနေရတာလဲ?

ထိုစာတစ်ကြောင်းပေါ်ထွက်လာချင်းချင်းမှာပင် ပြန်လည်သုံးဖို့ရာချောင်းနေကြသည့် လူတွေဆိုတာ မမျှော်လင့်ဘဲထွက်ပေါ်လို့လာလေသည်။

'Top10 ဝင်သူ' - အရှက်မရှိချက် +1 !

'အင်္ဂလိပ်စာအတန်း ကိုယ်စားလှယ်' - အရှက်မရှိချက် +2 !!

'အိပ်မက်က ကျောင်းအုပ်တစ်ယောက်ဖြစ်ဖို့' - အရှက်မရှိချက် +3 !!!

. . . . . .

လေထုက နွေးထွေးလျက်ရှိ၏ ၊ အမြောက်အများ၏ အတွေးတွေက မကြုံစဖူး တစ်ထပ်တည်းကျကာနေလေသည်။

Rankမှာ Top1 ရတာက အရှက်မရှိဘူး?

ရှဲ့ယွီသည် မကြုံစဖူးပင် အနည်းငယ်စူးစမ်းချင်စိတ်ဖြစ်လို့လာရသည်။

အဆင့်ဇယားက page၏ အပေါ်ညာဘက်ထောင့်စွန်းနားမှာဖြစ်ပြီး နှိပ်ကာဝင်လိုက်တော့ ရိုးရှင်းလွန်းတဲ့ စာရင်းတစ်ခုပင်ဖြစ်သည်။ Rank ပထမရသည့် တစ်ယောက်မှာ. . .  . . .

"Fxxk"

ရှဲ့ယွီသည် ရွှေရောင်ဆုတံဆိပ်ဘေးနားက စာလုံးနှစ်လုံးအား ဖျတ်ခနဲတွေ့ပြီးနောက်မှာတော့ 'Fxxk' ဆိုသည်ကလွဲ တခဏအတွင်း ကျန်တာဘာပြောရကောင်းမှန်းမသိတော့။


အဆင့်(၁) - Question King

ကိုယ်ပိုင်အမှတ်လက္ခဏာ - ယှဉ်ပြိုင်ဖို့မလိုအပ်ဘူး ၊ အောင်မြင်မှုက ငါ့အတွက်ပဲ။

တိုတိုတုတ်တုတ်ဆိုရလျှင်တော့ ၊ မာနကြီးတယ် ဒါပေမယ့် ယဉ်ကျေးတယ်။

Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲ နာမည်နဲ့ဂိမ်းမှာ သူ့ကိုယ်သူပေးထားတဲ့နာမည်က Question King?

အတော်များများပဲ customer service စီသွားပြီး ဒီQuestion Kingလို့ခေါ်တဲ့တစ်ယောက်က ကစားသမားလား ၊ bot လား မေးကြလွန်းတာကြောင့်ဖြစ်မည် ၊ customer service ကနေပြီး အထူးပင် ထိုအဆင့်(၁)ရရှိသူဘက်မှ သက်သေထူလို့ပေးလာ၏ - မမေးတော့နဲ့ ၊ ဒါက ကစားသမားပဲ ၊ တကယ့်ကစားသမား ၊ မယုံရင် မင်းတို့ ယှဉ်ပြိုင်ဖို့စိန်ခေါ်ပြီး orzလုပ်ကြည့်ကြည့်။

(T/N : orz - ○| ̄|_ ဒီလိုပုံစံပါ ၊ မချင့်မရဲဖြစ် ရှုံးနိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ)

အိပ်မပျော်သည်ကြောင့် စိတ်ကသိကအောက်ဖြစ်နေတာကြောင့်လည်းပါမည် ၊ တစ်ခုခုရှာပြီးအချိန်ကုန်သွားစေချင်တာကြောင့်လည်းဖြစ်မည် ၊ ရှဲ့ယွီသည် ထိုQuestion Kingဆိုသူအား စိတ်ထဲကနေပြီး အတော်လေးသဘောမကျဖြစ်မိ၏။

ရှဲ့ယွီသည် သေမလိုပျင်းနေတာနဲ့ပဲ မေးခွန်းပုံစံတွေကို ဖွင့်ကာရှာကြည့်လိုက်သည်။

ဂိမ်းထဲမှာပဲဖြစ်တာကြောင့် ဘယ်သူမှလည်းသိမှာမဟုတ်တဲ့အတွက်. . .   . . . ကိစ္စမရှိပါဘူးလေဟု ရှဲ့ယွီစဉ်စားမိ၏။

အားလုံးပဲ ရှဲ့ယွီအဆင့်မကောင်းတာ သိကြသည်။

အဆင့်မကောင်းတာလည်းမပြောနဲ့ ၊ အမြဲလိုလိုပင် ခိုက်ရန်ဖြစ် ၊ သောင်းကျန်းချိန်ရောက်ရင်လည်း တက်ကြွမာန်ပါနေတတ်သေးသည်။ လွန်ခဲ့တဲ့(၃)နှစ်တုန်းကတော့ သူ့ရဲ့ပုံစံက လုံးဝပဲ ဒီလိုမဟုတ်တာကို ကုရွှယ်လန်ပင် မေ့၍နေလေပြီ။

အလယ်တန်း ပထမနှစ်တက်တုန်းကဆို ရှဲ့ယွီသည် အမြဲလိုလိုပင် ဆုတံဆိပ်တွေပိုက်လျက်မှ အိပ်ပြန်လာတတ်သည်။

ထိုဆုတံဆိပ်တွေက အတိုင်းအတာဘယ်လောက်ရှိသလဲ ကုရွှယ်လန်သည် သေသေချာချာပင်မသိခဲ့ ၊ ရှဲ့ယွီသည်လည်း ချီးကျူးတာကိုမနှစ်သက်သူမို့ အမြဲပင်ခပ်ပေါ့ပေါ့ပြောတတ်၏ - ပြိုင်ပွဲအသေးလေးရယ် ၊ လူဘယ်လောက်မှဝင်ပြိုင်တာမဟုတ်ဘူး ဟူ၍။

ကုရွှယ်လန်တစ်ယောက် ကျုံးကော်ဖေးနှင့်လက်ထပ်ဖို့ရန် ဆုံးဖြတ်ပြီး ရှေ့တစ်လလောက်မှာပင် ရှဲ့ယွီအားခေါ်ပြီး မြေအောက်ခန်းကနေပြောင်းရွှေ့လာခဲ့ကြသည်။ ထို့နေ့က ကျုံးကော်ဖေးသည် ရွှေ့ပြောင်းရေးကုမ္ပဏီကိုခေါ်ကာ ကူညီပေးခဲ့၏။ သူ့အသက်မှာ (၄၀)ကျော်ရှိပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အသွင်အပြည့်ဖြင့် စေ့စေ့စပ်စပ်ရှိ၏ ၊ အလုပ်လုပ်ရာမှာလည်း အပြစ်ဆိုဖွယ်ရာမရှိ ၊ ဖော်ရွေပြီး လိုက်လျောညီထွေးရှိသူတစ်ယောက်လည်းဖြစ်သည်။ ထိုသူသည် မှောင်မိုက်ကာ စိုစိုစွတ်စွတ်ရှိသည့် မြေအောက်ခန်းတွင်ရပ်လျက်ရှိပြီး အဆုံးမှာတော့နံရံတစ်ခုရှေ့၌ ရပ်တန့်သွားခဲ့၏။ သူသည် ခါးကိုငုံ့ကိုင်း၍ ပြုံးရယ်လိုက်သည့်အခါမှာတော့ မျက်ဝန်းထောင့်စွန်းတို့မှာ သိသိသာသာပင် အရေးအကြောင်းတို့ထွက်ပေါ်လို့လာသည်။ သူသည် အမေးရှိလာ၏။

"ရှောင်ယွီ ၊ ဒီဆုတွေအကုန်းလုံးက မင်းရထားတာတွေလား?"

ဘယ်သူသိမလဲ ခေါင်းစဉ်တွေကိုတစ်ချက်ရွေးမိသည်နှင့် ထပ်ထပ်ပြီးရွေးချင်လာရတယ်ဆိုတာကို။ ခက်ခက်ခဲခဲဖြင့် နိုင်လိုစိတ်ပြင်းပြလျက် နိုးနိုးကြားကြားရှိနေခြင်းက ရှဲ့ယွီ၏အိပ်ချင်စိတ်အား လုံးဝကိုချေမှုန်းပစ်၏။ သူသည် မအိပ်လည်းမအိပ် ၊ အနားလည်းမယူဘဲ အဆင့်ဇယား၌ Top3 ဝင်နိုင်ဖို့အရေး မေးခွန်းတွေကို သုံးလေးညဆက်တိုက်လောက် တစ်ခုပြီးတစ်ခုလုပ်လေတော့သည်။

ထမင်းစားချိန်ရောက်လို့ ကုရွှယ်လန်ကသူ့ကိုတက်ခေါ်တိုင်း ပြန်ဖြေသည့်ရလဒ်ကတော့ အမြဲလိုလို - မစားသေးဘူး ၊ အဲ့မှာထားထားလိုက် ဆိုတာချည်းပင်။

"မင်း ဒီနှစ်ရက်လုံးလုံးအခန်းတံခါးပိတ်ပြီး ဘာလုပ်နေတာလဲ?"

ကုရွှယ်လန်သည် တံခါးပေါက်ဝ၌ရပ်ပြီး ဒေါသမထွက်မိအောင် မနည်းချုပ်ထိန်းလို့ထားရသည်။

ရှဲ့ယွီသည် ရိုးရိုးသားသားပဲ ပြန်၍ဖြေလိုက်၏။

"ကျွန်တော်လား? ဂိမ်းဆော့နေတာ။"

"မင်းက ပြောရဲသေးတယ်ပေါ့. . .  . . .  ငါမင်းအတွက်ခေါ်ပေးထားတဲ့ ဂိုက်ဆရာကမနက်ဖြန်ဆိုလာပြီနော် ၊ မင်းရဲ့လုပ်ရပ်တွေကို မြန်မြန်ပဲ ပြင်ချေစမ်း ၊ ကြားလား?"

"မကြားဘူး။"

". . . . . ."

ကုရွှယ်လန်သည် ဒေါသတွေထွက်လျက်မှ ထမင်းစားခန်းရှိရာပြန်လာခဲ့ရသည်။ ကျုံးကော်ဖေးသည် ရယ်လျက် sashimi တစ်တုံးအားတူဖြင့်ညှပ်၍ သူမထဲထည့်၍ပေးလာ၏။

"စိတ်ဆိုးမနေနဲ့တော့ ၊ ကလေးကငယ်သေးတယ်လေ ၊ ကစားမက်တာက ပုံမှန်ပဲဟာ။ မင်းဒါလေးမြည်းကြည့်ကြည့် ၊ ဟော့ကိုင်းဒိုးကျွန်းက လတ်လတ်ဆတ်ဆတ်ကိုမှ လေကြောင်းကနေပြီး ကိုယ်ပို့ခိုင်းထားတာ ၊ အရင်တစ်ခေါက်စားသောက်ဆိုင်မှာတုန်းက မင်းကြိုက်တာတွေ့တာနဲ့ ပဲ ကိုယ် လောင်ရွှီကို သေချာမှတ်ခိုင်းထားတာ။"

ကျုံးကော်ဖေးသည် ပြောပြီးနောက် တူကိုချလျက် သူမစားနေသည်ကိုကြည့်ရင်းမှ သူမဆံပင်တို့အား သေသေသပ်သပ်ဖြစ်အောင်ပြင်ပေးလိုက်၏။

"မင်းဒေါသထွက်ရင် ကျန်းမာရေးထိခိုက်လိမ့်မယ်နော် ၊ အဲ့အချိန်ကြ ကိုယ်ပဲရင်နာရမှာ။"

ကုရွှယ်လန်သည် ရယ်လျက်မှ မျက်စောင်းတစ်ချက်လှမ်း၍ထိုးလိုက်ပြီးနောက် သက်ပြင်းအသာချလိုက်၏။

"မျှော်လင့်ရတာပါပဲ။"

ယခုတလော ရှဲ့ယွီသည် တစ်စုံတစ်ရာမှားယွင်းလျက်ရှိ၏။

ညဉ့်နက်နေသည့်အချိန်ကြီးမှာလည်း friend group ထဲသို့ အဲ့အစ်ကိုကြီးက စာတွေပို့လျက်ရှိသည်ကို ကျိုးသာ့လေမြင်တာ သုံးလေးကြိမ်လောက်ရှိနေပြီ။ အကြောင်းအရာတို့ကလည်း အတော်လေး ကြောင်တောင်တောင်နိုင်၏ ၊ ကြည့်ရသည်မှာ အသိစိတ်မကပ်သည့် ပုံစံပေါက်၍နေလေသည်။

ဥပမာအနေနဲ့ ဒီညက messageဆို မနက် ၄နာရီ ၂၃မိနစ်အချိန်တုန်းက။

XY : လူတစ်ယောက်လောက် ငါ့ကိုလာရိုက်ပြီးနှိုးပေးစမ်းပါဦး။ (/Smile emoji)

ကျိုးသာ့လေကလည်း အံကိုက်ဆိုသလို ဆော့နေတဲ့ဂိမ်းတစ်ဂိမ်းက ဗိုလ်လုပွဲ season အသစ်စ၍ အမှတ်တွေလိုနေသည်ကြောင့်သာ ၊ ထိုသို့မှမဟုတ်လျှင် သူလည်း ကိစ္စမရှိပါပဲနဲ့ အားယားပြီး friend groupထဲ ဝင်မွှေနေမိမှာမဟုတ်။

အင်တာနက်ဆိုင်၏ ရာသီဥတုက မနက်ခင်းပိုင်းတွေထက်တောင်ပိုပြီး အသက်ဝင်လျက်ရှိသည်။ ကွန်ပျူတာကီးဘုတ်ဘေးပတ်လည်၌လည်း ခေါက်ဆွဲဘူးတွေ သုံးလေးဘူးခန့်ရှိ၏။ ကျိုးသာ့လေသည် ဆေးလိပ်ငွေ့ကို အကွင်းလိုက်မှုတ်ထုတ်လိုက်ပြီးနောက် ဆေးလိပ်ပြာခွက်ထဲသို့ စီကရက်ဖင်အားဖိချေချပစ်လိုက်သည်။ ထို့နောက်တွင်တော့ commentရေးရာနေရာ၌ commentတစ်ကြောင်းရေးလိုက်ပါ၏ - မင်းမူးနေတာလား?

ရှဲ့ယွီ စာပြန်လိုက်သည် - ငါ အရက်မသောက်ဘူး ၊ အရက်အတုတွေက လူကိုအန္တရာယ်ဖြစ်စေတယ်။

ကျိုးသာ့လေသည် ထပ်မံမေးလိုက်၏ - မင်းပြောပုံကို ကြည့်ရတာကလေ ၊ ငါရဲရဲကြီးမှန်းကြည့်ကြည့်မယ်နော် Bro ၊ မင်း မဟုတ်မှ အချစ်ဆိုတဲ့အသူတစ်ရာချောက်ထဲ ကျရောက်သွားတာလား?

ရှဲ့ယွီသည် စာပြန်လိုက်ပါ၏ - ချီးကို အချစ်။

-----------------------------


rate now: