အထက်တန်းဝင်ခွင့်စာမေးပွဲမှာ သူစာခိုးချတယ် ကြားတယ်
"နောက်တစ်မှတ်တိုင်က ဟေးရွှေလမ်းပါ ၊
ဆင်းမည့်သူများ ကျေးဇူးပြုပြီး အနောက် ပေါက်ကနေဆင်းဖို့ ပြင်ဆင်ထားပေးကြပါ။"
ဘတ်စ်ကားက ရပ်ကွက်တစ်ခုကနေ စတင်
ထွက်ခွာပြီး အနည်းငယ် ဟိုပတ်ဒီပတ်ပြီး
နောက်တွင် ကုန်သွယ်လမ်းထဲသို့ ဝင်
ရောက်လို့လာသည်။ လမ်းတွေတိုင်းမှာ လူ
တွေ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာလျက်
ရှိ၏။
ကြေငြာသူပြောလာသည့် ထိုစာတစ်ကြောင်း
ဟာဆိုလျှင် ဌာန်၊ ကရိုဏ်းကျကျ ရှင်းလင်း
ပြတ်သားစွာ ရွတ်ဆိုလာတာဖြစ်ပြီး ပုံမှန်
ပြောနေကြဖြစ်တဲ့ တရုတ် စာစကားနဲ့ဆို
မတူညီကွဲထွက်လျက်ရှိပေ၏။ နားထောင်
ရတာ စက်သံပေါက်လို့နေပြီး နောက်ဆုံး
ပိတ်ပြောသည့် အသံနှုန်းထားဟာဆိုရင်
လည်း တမင်လုပ်ပြောတာနှင့်ပင် ဆင်တူ
လို့နေသေး၏။
ရှဲ့ယွီ ထိုင်နေတာက နောက်ဆုံးတန်းရဲ့
ထောင့်စွန်းကျကျနေရာတွင်ဖြစ်ကာ
ခေါင်းကိုစောင်းလျက် ပြတင်းပေါက်ကနေ
ချစ်ချစ်တောက် ပူပြင်းလျက်ရှိသည့် နေမင်း
ကြီးစီ လှမ်းကာငေးကြည့်လို့နေဖြစ်သည်။
ကားထဲရှိ လေးအေးပေးစက်မှာ အပူချိန်
ကို လျှော့ထားပုံရပေမယ့်လည်း ပူတယ်ဟုသာခံစားမိ
လေသည်။
ဘတ်စ်ကားက အစကတည်းကမှနှေးနေသည်
ကို အခုတော့ဖြင့် ကားအိုအဟောင်းကြီးဖြစ်
သည့်အားလျော်စွာ အရှိန်ကပိုလို့ တုံ့နှေးလို့
လာလျက် လူတွေလည်း ဒယိမ်းဒယိုင်ဖြစ်
ကုန်ရ၏။ အံကိုက်ဆိုသလိုပင် မီးပွိုင့်မိတာ
နဲ့ ပဲ ကားဘော်ဒီအရှည်ကြီးမှာ တစ်ချက်
လှုပ်ခါသွားပြီးမှ ဖြည်းဖြည်းချင်း ရပ်၍သွား
လေသည်။
ရှဲ့ယွီသည်ဖုန်းကိုထုတ်ယူလိုက်ကာ ပြတင်းပေါက်အပြင်ဘက်စီငေးရင်း တစ်ဖက်ကဖုန်းကိုင်မည်ကို စောင့်လို့နေမိသည်။
တတူတူမြည်သံ သုံးလေးကြိမ်လောက်
ထွက်ပေါ်ပြီးနောက်မှပဲ ချိတ်ဆက်မိသွား
လျက် ရင်းနှီးပြီး ဆူညံလှသည့်အသံတစ်သံ
က နားအတွင်း တိုးဝင်လို့လာ၏။ အမျိုးသမီး
တစ်ယောက်၏အသံ ၊ သူမ၏အသံမှာ
ပို၍ပင် ကျယ်လာသေးပြီး ပြင်းထန်လှ
သည့် ဆူဆူညံညံအသံတို့ လွှမ်း၍သွား၏။
သတ္တိကောင်းဟန်ရှိပြီး အတန်ငယ်တော့
မိုက်မဲရာကျသည်။ မည်သူနဲ့ ရန်ဖြစ်နေ
သည် မသိရ။
"ပစ္စည်းပို့လာမယ့်(၆)စီး ဘယ်အချိန်ရောက်
မလဲဆိုတာ ဘယ်သူသိမလဲ။ တိတိကျကျ
လုပ်မယ့်သူဆိုတာလည်း တစ်ယောက်မှမရှိဘူး။
ဒင်းတို့က တစ်ချိန်လုံး ဆင်ခြေဆင်လက်နဲ့
အကြောင်းပြနေကြတာ။"
"ခဏနေ မနက်ဖြန်ပြောလိုက် ၊ ခဏနေ
သဘက်ခါပြောလိုက်နဲ့ အချိန်ပြောင်းလို့
ကိုမပြီးဘူး။ အဆုံးကြ ငါ့လာပြီး သူတို့
မသိဘူးဖြစ်သွားပြန်ရော ၊ Fxxk ပဲ။"
ထိုအမျိုးသမီး ဆဲဆိုနေသံကို ရှဲ့ယွီ ငြိမ်၍
သာနားထောင်လို့နေမိ၏။
"ချီးပဲ ၊ ခုကြ ဖုန်းဆက်တာတောင် မကိုင်
တော့ပဲ ပေါ်မလာဇတ်ခင်းသွားပြီ။ အပြင်
လေးဘာလေးထွက်ပြီးများ စူးစမ်းမကြည့်
ကြဘူးလား ၊ ဟေးရွှေလမ်းတစ်ခုလုံး
ဘယ်ကောင်ကများ ငါဆိုတဲ့ ရွှီယန့်မေကို
ရန်စ ရဲလို့လဲ။"
ထိုသို့ ညစ်ညစ်ညမ်းညမ်း ဆဲဆိုနေသည်မှာ
ကြာလေနားဝင်ဆိုးလာလေလေ ၊ စာလုံးရေ
(၈၀၀) essayအား မရပ်မနားရွတ်သွားသည်နဲ့
လည်း တူနေရော့သည့်အခါ ရှဲ့ယွီတစ်ဖက်
လူကို အသံထွက်သတိပေးရလေတော့သည်။
"အန်တီမေ။"
ဆဲဆိုနေသံတွေ တစ်ခဏအတွင်း ပျောက်ပျက်၍သွားတော့၏။
ရွှီယန့်မေ အခြားသူတွေကိုလက်ပြတား
လိုက်ကာ ပါးစပ်ကိုလည်းပိတ်လိုက်ရသည်။
လက်ချောင်းကြားထဲညှပ်လို့ထားသည့်
စီးကရက်ကိုလည်း တုံ့ဆိုင်းခြင်းမရှိ စားပွဲစွန်းနဲ့
ဖိချေမီးသတ်ပစ်လိုက်တော့၏။ ပြီးနောက်
မတော်တဆကိုင်မိထားသည့် ဖုန်းကိုညွှန်ပြရင်း
'ပစ္စည်းပို့လာမည့် (၆)စီး အချိန်မီ
ရောက်မလာတာကို ဆွေးနွေးနေသည့်
အစည်းအဝေး'အားပြီးပြီဖြစ်ကြောင်း
အချက်ပြလိုက်တော့သည်။
ဆေးလိပ်မီးသတ်လည်းပြီးရော သူမ အလုပ်
စားပွဲထက်ခြေဆန့်လို့တင်ထားသည့်
ခြေထောက်ကိုအောက်သို့ပြန်ချလိုက်၏။
လေ သံသည်လည်း တခြားသူတွေ
တစ်ခါမှမကြားဖူးသည့် နူးညံ့သိမ်မွေ့တဲ့လေသံဖြစ်
လို့သွားသည်မှာ ခုနလေးတင် အားရပါးရ
ဆဲဆိုလို့နေသည့် အမျိုးသမီးဆိုတာ
လားလားမျှ မဟုတ်တော့သလိုပါပင်။
"ငါတို့က နေ့လည်နေ့ခင်းနားချိန်လေးမှာ
စုပြီးစကားလေးဘာလေးပြောကြတာပါ ၊
ဘာမှမဟုတ်ဘူး ၊ အပျော်သဘောရယ်။
ဘဝက ဒီလောက်သမရိုးကျဆန်နေတော့
တစ်ခါတစ်လေ ညစ်ညစ်ညမ်းညမ်းပြော
ရတာကလည်း စိတ်ကိုအာဟာရဖြစ်. . . . . "
ရှဲ့ယွီကလည်း ဗြောင်တော့ဖွင့်မပြောပဲ
မေးရုံသာမေးလိုက်ပါ၏။
"ဆေးလိပ်သောက်တာကရော ၊ ဆေးလိပ်
သောက်တာကကြ ခန္ဓာကိုယ်အတွက်ကောင်း
စေတယ်လား?"
ရွှီယန့်မေရဲ့ အနီးတစ်ဝိုက်တွင် နီကိုတင်းအနံ့
အသက်တွေဝေ့ဝဲလို့နေသေး၏။ သို့တိုင် ဒီ
ကောင်လေး ဖုန်းထဲကနေပြီးထွက်မလာနိုင်ပါဘူးလေ
ဟုစိတ်ထဲကနေတွေးမိသွားရင်း ဇွတ်
မှိတ်ညာပစ်လိုက်တော့သည်။
"ငါမသောက်ပါဘူး။ နင် ငါ့ကိုမသောက်ခိုင်း
ကတည်းက ဖျက်လိုက်ပြီ။ ဟေ့ ငါ့ကို အဲ့အကြောင်း
လာမပြောနဲ့တော့နော် ၊ ပြန်စွဲနေမှာစိုး ရတယ် ၊
လာပြီးဆွမပေးနဲ့။"
ဟန်ဆောင်တာကလည်း အတော်တူတာဆိုတော့ ၊
ဘယ်သူကများ ဘယ်သူ့ကိုဆွပေး တာပါလိမ့်။
ရှဲ့ယွီ သူမရဲ့ ဆေးလိပ်သောက်တဲ့အတွက်
တစ်နေ့တစ်ခြားပိုဆိုးလာတဲ့ ကွဲအက်အက်
လေသံကို ကြားနေရ၏။ ဆဲဆိုနေချိန်တုန်း
ကဆို ထိုအသံက ပိုလို့တောင်ရှင်းလင်း
ပြတ်သားစွာ ထွက်ပေါ်လို့နေသေးသည်။
ဘယ် လိုပဲ စဉ်းစားကြည့်ကြည့် သူမပြောသည့်
စကားက အမှန်ပြောသလား ၊ လိမ်ပြောသလား
ဆိုတာအသိသာကြီးဖြစ်သည်။
"ကျောင်းပိတ်နေပြီမလား ၊ (၂၀)ရက်နေ့
ကနောက်ဆုံးဘာသာဖြေရတာလို့ နင့်အမေ
စီကကြားတယ် ၊ နင့်စီစာပို့ထားတာကို စာ
လည်းမပြန်ဘူး။"
ရွှီယန့်မေ စကားလမ်းကြောင်းလွှဲကာ ဆက်
၍ပြောလာသည်။
"ဘယ်လိုလဲ ဖြေတာ? ငါ အင်တာနက်ပေါ်ကနေ
အတော်ကြာရှာပြီးမှ ရလာတဲ့ အကိုးအကား
စာကြောင်းရယ် ၊ အားလုံးက စာကြီး
ပေကြီးတွေဆိုတာလေ ရှာနေရင်း ငါဖြင့်
အန်တောင်အန်ချင်လာတယ်။"
-စာမေးပွဲ မေးခွန်းလွှာနဲ့ ရင်ဆိုင်ဖို့ကို
သင် မတွန့်ဆုတ်ပါနဲ့ ၊ အကောင်းဆုံး ကြိုးစား
မယ်ဆို အမှတ်ကောင်းရပါလိမ့်မယ် ၊
စာမေးပွဲခန်းမှာ သင့်ရဲ့အိပ်မက်တွေကို ရွက်လွှင့်ပါ ၊
သင့်ရဲ့ဘဝကို အသိပညာဆိုတဲ့ ပင်လယ်ထဲမှာ
စီးမြောစေလိုက်ပါ ၊ ကောင်စုတ်ကလေး
စာမေးပွဲအတွက် အားတင်း ထားနော်။
ရှဲ့ယွီလည်း ဘာကြောင့်မှန်းမသိ ဒီစာကြောင်းက
နည်းနည်းလေးမှ သစ်ဆန်းမနေဟုထင်ခဲ့သည် ၊
တစ်ချက်ကြည့်လိုက်တာနဲ့ကို ဖန် တစ်ရာတေ လက်သုံးစကားဆိုတာ သိသာ နေသည် ၊
ပြီးတော့ ယခုခေတ်လူငယ်တွေ ရဲ့ အလှရသ
ပြည့်ဝတဲ့ စာတိုတွေနဲ့ဆို လုံး ဝကိုမအပ်စပ်လှ ၊
တစ်လုံးမလွဲတောင် သူ အလွတ်ရွတ်၍ပြနိုင်၏။
ဘတ်စ်ကားက ဥမင်လိုဏ်ခေါင်းအတွင်း
ဝင်ရောက်လို့လာသည့်အခါ အပြင်ဘက်စီက
ပူပြင်းလှတဲ့အလင်းရောင်က ကွယ်ပျောက်လို့
သွား၏။ ဘေးဘီဝဲယာ အမှောင်ကျ၍
သွားတော့သည်။
ရှဲ့ယွီသည် နဂိုကမှတစ်ကိုယ်လုံးအနက်ဝတ်
ထားသည့်အတွက် ယခုဆိုအမှောင်ထဲတွင် ပိုလို့ပင်ကွယ်ပျောက်လို့နေတော့သည်။
သူသည် ထိုင်ခုံနောက်မှီထက် မှီချလိုက်ပြီး
နေရာကျဉ်းတာကြောင့် ကျုံ့လို့ထားတဲ့
ခြေတံရှည်တစ်စုံကို ဆန့်လိုက်ပြီးနောက်
စိတ်မပါ့တပါဖြင့် တစ်ချက်ရယ်ကာ ဆို လိုက်၏။
"အဲ့တာများ ရှာနေသေးတယ် ၊ ကျွန်တော်
အဆင့်ဘယ်လောက်ရတတ်လဲ မသိတာလည်း
မဟုတ်ဘဲနဲ့ကို ၊ အားပေးလို့ကျေးဇူးတင်ပါတယ် ၊ နောက်ဆုံးကရေမှ(၁)မရ အောင်ကြိုးစားပါ့မယ်
ဘာညာဆိုပြီး ကျွန် တော့်ကို ပြန်ဖြေစေချင်တာလား?"
(၂)မိနစ်လောက်ပင် မပြည့်သေး ဟေးရွှေ လမ်း၏
ရွှီယန့်မေတို့အမျိုးသမီးသမဂ္ဂအဖွဲ့ဘက်မှ တစ်စုံတစ်ယောက်ရဲ့ အော်သံက ထွက်ပေါ်လို့လာပြန်သည်။
"မင်းတို့ဒီက မှောင်ခိုစျေးပဲ ၊ လက်ကားစျေး
ဆိုပြီး စျေးတွေ အဲ့လောက်တောင်ကြီးတာ ၊
လူတွေကိုအကွက်ဆင်ထားမှန်း အသိသာ ကြီး။"
". . . . . . ဘာပြောလိုက်တာလဲ?"
နှောက်ယှက်တာနဲ့ကြုံနေသောကြောင့်
ရှဲ့ယွီပြောလိုက်သည့်စကားကို ရွှီယန်မေ ရှင်းရှင်းလင်းလင်းမကြားလိုက်ရ။
"သောက်ရမ်းပဲ နားတွေကိုငြီးလို့ ၊ စောက်ရူး
ကောင်တွေက အဖွဲ့လိုက် ဆိုင်ကိုလာဖျက်စီး
ချင်နေကြတာ ၊ မနက်ဖြန်ကြ လော်စပီကာ
အကြီးကြီးသွားကိုဝယ်ရမယ် ၊ ဒင်းတို့ကို
မထိန်းချုပ်နိုင်ဘူးဆိုတာကို ငါကတော့
လက်မခံနိုင်ဘူးပဲ။"
ရှဲ့ယွီ၏လက်ချောင်းတွေက ဖုန်းကိုခပ်တင်းတင်း
ဆုပ်ကိုင်လိုက်မိသည်။ ပြောချင်သည့်
စကားတွေကပါးစပ်ဖျား၌ ရောက်နေသော်ငြား
အဆုံးတွင် မပြောဖြစ်တော့ပြန်ပါ။
"ဘာမှမဟုတ်ဘူး။"
"Messageကို ကျွန်တော်တွေ့ပါတယ် ၊
စာတွေပြန်နွှေး အလုပ်တွေရှုပ်နေတာနဲ့ပဲ
စာပြန်ဖို့မေ့သွားတာ။"
"အင်းပါ အင်းပါ ၊ အောင်စာရင်းမှာအမှတ်
နည်းနည်း မကောင်းတာနဲ့ပဲ စိတ်ဓာတ်တော့
မကျနဲ့ပေါ့။ အဆုံးတောင်မရောက်သေးတာ
လက်လျှော့လိုက်လို့ ဘယ်ဖြစ်မလဲ ၊
ဘယ်သူက ဘယ်သူ့ကိုကြောက်နေရမှာလဲ
ဟုတ် တယ်ဟုတ်။"
ရွှီယန့်မေသည် ပြောရင်းပြောရင်းမှ လေသံက ကျယ်၍လာပြန်၏။ သည်းမခံနိုင်ဖွယ်
ပြဿနာရှာနေသည့် ထိုစျေးဝယ်သူ
သုံးလေးယောက်ထံ အော်ပြောလိုက်ပြန်ပါသည်။
". . . . . . ဘာလုပ်နေတာလဲ ဘာလုပ်နေတာလဲ ၊
နင်တို့လို အယုတ်တမာ မျိုးမစစ် ကောင်တွေက
တကယ်ပြဿနာပဲ ၊ ဝယ် မှာလား မဝယ်ဘူးလား ၊
မဝယ်ဘူးဆိုရင် လည်း လစ်လိုက်တော့။"
ဘတ်စကားက လိုဏ်ခေါင်းအတွင်းမှ
ထွက်လို့လာလေပြီ။ နေရောင်ခြည်စူးစူး
သည်လည်း ပြန်လည်လင်းချင်းဖြန့်ကြက်
လို့လာလျက် ကားခေါင်းခန်းမှတည်
နောက်ပိုင်းအထိ နေရောင်ကထိုးဝင်လို့ လာ၏။
ရှဲ့ယွီသည် မျက်ဝန်းတို့ကိုအနည်းငယ်မှေးကျဉ်းလို့ပစ်လိုက်၏။ ပြတင်းပေါက်အပြင်ဘက်စီက
ရင်းနှီးလျက်ရှိသည့် ရှုခင်းမြင်ကွင်းတို့ကြောင့်
ဂိတ်သို့ရောက်တော့မည်မှန်း အတပ် သိလိုက်ရသည်။
ဒီနေ့က တနင်္လာနေ့။ နွေရာသီကျောင်းပိတ်ရက်
စတင်တာ(၃)ရက်မြောက်နေ့ဖြစ်သလို
အလုပ်ဖွင့်သည့်နေ့လည်းဖြစ်သည်။
ထို့ကြောင့် လည်း ကားထဲတွင် လူသိပ်မများပဲရှိ၏။
ကျောင်းသား/သူ သုံးလေးယောက်ခန့်က
ရှေ့ဆုံးတန်း၌ ထိုင်နေကြသည်။ ကျောင်းသူ
လေးတွေကတော့ ဆံပင်ကိုမြင်းမြီးပုံစုချည်
စည်းကာထားကြသည်။ သွားရောက်လည်ပတ်
ကြမှာပေမယ့် လိမ္မာလွန်းစွာနဲ့ ကျောင်း
လွယ်အိတ်လေးတွေကို လွယ်ထားကြသေး
ကာ ဖြူစင်ရှင်းသန့်လို့နေတဲ့ အဝတ်အစား
တို့နဲ့ဖြစ်သည်။
ဟေးရွှေလမ်းတစ်လျှောက်လုံးက ကုန်သွယ်
ရေးလမ်းဖြစ်သော်ငြားလည်း ကုန်ပစ္စည်းစျေးနှုန်းတို့က မမြင့်မားသည့်အလျောက် ကြွယ်ဝ
ချမ်းသာမှုဆိုသည့် ဝေါဟာရနဲ့ မအပ်စပ်လှသေး။ ရပ်ကွက်အတွင်းက လမ်းတွေဟာ ဆိုရင်လည်း
မကောင်းပဲရှိလှကာ အဆောက်အအုံများသည်လည်း ယိုယွင်းပျက်စီးနေ သည်ကများသည်။ သို့သော်လည်းပဲ ယခုလို စျေးနှုန်းချိုသာလှသည့်အတွက် ဝင်ငွေ
ကောင်းစွာမရရှိကြသည့်လူတန်းစားတွေကိုတော့
မနည်းပဲဆွဲဆောင်နိုင်စွမ်းရှိသည်။ အထူး သဖြင့် အထက်တန်းပထမနှစ် ကျောင်းသား/ သူတွေ။
ရှဲ့ယွီအကြည့်တွေက ကျောင်းသူလေး၏
ခေါင်းစီးကြိုးထက်က ဖောက်ထွင်းမြင်လို့ ရသည့်
ဖန်တုံးငယ်အတွင်းရှိ ဆွဲသီးသဏ္ဌာန် ပန်းရောင်
ဖန်တုံးလေး နေရောင်ကြောင့် တဖိတ်ဖိတ်လဲ့နေသည့်ထံ၌သာ စူးစိုက် ရောက်ရှိလို့နေသည်။
"ရောက်ပြီ ရောက်ပြီ ၊ ဆင်းဖို့ပြင်ကြ။"
ထိုကျောင်းသူလေးက အဆိုပြုလာရင်း
တန်းကိုကိုင်၍ထရပ်စဉ်မှာတော့ စုစည်း
ထားသည့်ဆံပင်ရှည်ရှည်တို့က တစ်ချက် လှုပ်ယမ်း၍သွား၏။
"ငါ အရင်တစ်ခေါက်က စားတဲ့ တီကွေ့ ကြော်
(Nian gao) ကဒီကပဲလေ။ နင်တို့ကို
ခေါ်သွားပေးမယ်။"
တစ်ချိန်တည်းမှာပင်. .
"ဟေးရွှေလမ်း တောင်ဘက်ဂိတ်သို့ရောက်
ရှိပါပြီ ၊ ဆင်းမည့်သူများ ကျေးဇူးပြုပြီး
အနောက်ပေါက်ကနေဆင်းဖိုရာ့ ပြင်ဆင်ထား
ပေးကြပါ ၊ ပူးပေါင်းပေးမှုအတွက်
ကျေးဇူးတင်ရှိပါတယ်။"
ကားကဖြည်းညင်းစွာ ရပ်တန့်သွားပြီးနောက်
ချက်ချင်းဆိုသလိုပင် တံခါးပွင့်လာသည်နှင့်
ပူပြင်းခြောက်သွေ့သည့် လေပြင်းတစ် ချက်က
ထိုတံခါးပေါက်မှတစ်ဆင့် တိုးဝင် တိုက်ခတ်လို့
လာလေသည်။
ရွှီယန့်မေတစ်ယောက် မိမိနားကြားမှားသည်ဟု
ထင်လိုက်သေး၏။
"ကောင်စုတ်ကလေး ၊ နင်အခုဘယ်ရောက်
နေတာလဲ? ဟေးရွှေလမ်းဆိုတဲ့ ကြေငြာသံ
ကိုငါဘာလို့ကြားလိုက်မိပါလိမ့်။"
ရှဲ့ယွီသည်ထရပ်၍ ကားပေါ်ကနေဆင်းလိုက်
သည်။
"သမဂ္ဂအဖွဲ့ဝင် ရွှီယန့်မေခင်ဗျာ့ ၊ ကျွန်တော်
နောက် (၁၀)မိနစ်ဆိုရင် ကုန်သွယ်စျေးဂိတ်
ဝကိုရောက်မယ် ၊ ကိုယ်ပေါ်ကဆေးလိပ်
နံ့တွေကို ဘယ်လိုပျောက်အောင်လုပ်မလဲ
ဆိုတာရယ် ၊ ကျွန်တော့်ကို ဘယ်လိုရှင်းပြ
မယ်ဆိုတာရယ်ကို ကောင်းကောင်းစဉ်းစားထားပါဦး
နော် ၊ ပြီးတော့ အစောကတည်းက ကျွန်တော့ကို ဘာကတိပေးထားလည်းဆိုတာကိုပါ စဉ်းစားထားဦး။
ခေါင်းမော့ရင်ကော့ လျက်နဲ့သာ ကျွန်တော့်ကို
ထွက်တွေ့ ဟုတ် ပြီလား။"
ရွှီယန့်မေသည် စားပွဲထက်ရှိ ဆေးလိပ်တို
တွေနဲ့ပြည့်ကာနေသည့် ဆေးလိပ်ပြာခွက်
ထံ လှည့်ကာကြည့်မိရသည်။
". . . . . . ."
"မမမေ ဘာဖြစ်လို့လဲ ၊ ဘယ်လိုဖြစ်လို့
ပူပန်နေတဲ့ရုပ်ပေါက်နေရတာလဲ။"
ရွှီယန့်မေသည် တံခါးကိုတွန်းဖွင့်လို့ ထွက်
လာခဲ့လိုက်ပြီး အကျႌလက်ကိုပင့်ခေါက်
လျက် သိုလှောင်ရုံထဲရှိ ဆိုင်ရှင်တွေနဲ့အတူ
ဝိုင်းဝန်းကူ၍လုပ်သည်။
"ပြောမနေနဲ့တော့ ၊ ဒီမှာစိတ်ရှုပ်လို့သေတော့
မယ်။"
ရွှီယန်မေသည် ဟေးရွှေလမ်း၌ အဝတ်အထည်
လက်ကားဆိုင်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိ
သည်။ ထိုအထည်လုပ်ငန်းကိုဖြင့် သူမသည်
လွန်ခဲ့သည့်(၁၀)နှစ်ကတည်းက စတင်
လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အစပထမတုန်းမှာ
တော့ သူငယ်ချင်းသုံးလေးယောက်နဲ့အတူ
လမ်းထိပ်တွင် ခင်းကျင်းရောင်းချခဲ့ပြီး
နောက်တွင်တော့ အိမ်ဆိုင်ကလေးတစ်ခု
ပိုင်ဆိုင်လာခဲ့သည်။ နောက်ဆုံးတွင်မူ
ဟေးရွှေလမ်းအလယ်ဗဟိုရှိ ကုန်သွယ်စျေး
ကြီးအတွင်း၌ နှစ်ထပ်အဆောက်အအုံ
တစ်ခုအားပိုင်ဆိုင်လို့လာခဲ့သည်။ ထိုနှစ်ထပ် အဆောက်အအုံအတွင်း၌ ဆိုင်ခန်းပေါင်း
(၁၀၀)ကျော်ခန့်ရှိလာပြီး ယခုလို'လက်ကား စျေး' ဟူ၍ဖြစ်လာခဲ့လေတော့သည်။
လက်ကားစျေး၏ ပိုင်ရှင်လည်းဖြစ်သည့်
အားလျော်စွာ မမမေဆိုသည်မှာ ဟေးရွှေ
လမ်းတစ်ဝိုက်၌ ဟိုးလေးတကျော် နာမည်
ကြီးသူ။ ထို့အပြင် တရားမျှတမှုကိုလက်
ကိုင်ထားသည့် အစွမ်းအစရှိတဲ့အမျိုးသမီး
တစ်ယောက်။
"တကယ်ကြီး စိတ်ရှုပ်နေတာပေါ့လေ? ပြုံးနေ
ကျ အပြုံးလေးတောင် မတွေ့ရပါလားဆိုပြီး
ငါကတွေးနေတာ။"
ဆိုင်ရှင်တစ်ဦးက ဤသို့ဆိုလာ၏။
ရွှီယန့်မေသည် ပြန်၍ဖြေလိုက်သည်။
"ဘာတွေလာပြောနေတာလဲ ၊ အာ. .
ဟုတ်ပြီ နင့်စီမှာ ရေမွှေးတို့ဘာတို့များ ရှိ
လား ၊ ငါ့ကိုနည်းနည်း ပေးဆွတ်စမ်းပါ။
ရှောင်ယွီက ခဏနေရောက်လာတော့မှာ ၊
ငါ့တစ်ကိုယ်လုံးက ဆေးလိပ်နံ့တွေနဲ့ဆို တော့
မိလို့ကတော့ သေချာပေါက် အပြော
အဆိုခံရမှာဟ။"
ထိုဆိုင်ရှင်သည် ထရပ်လိုက်ပြီးနောက် ဘောင်းဘီရှည်ထက်က ဖုန်အနည်းငယ်ကိုခါချလိုက်
ရင်းမှ. .
"လက်စသတ်တော့ နင့်ရဲ့ အဖိုးတန်သားလေး
ကိုး ၊ ကြည့်စမ်းပါဦး ဘယ်လိုတွေတောင်
ကြောက်နေလိုက်တာ. . နင်ကတော့လေ. . .
ရေးမွှေးငါ့မှာရှိတယ် သွားရှာပေးမယ်။"
"မကြောက်လို့ဘယ်ရမလဲ ၊ ငါတို့ရဲ့ ရှောင်ယွီ
က လိမ္မာတဲ့ကလေးဥစ္စာ။"
ရွှီယန့်မေ ထိုစကားကိုပြောသည့်အချိန်၌
အသံကတိုးညှင်းလို့နေ၏။ ဓားတိုတစ်ချောင်း
ဖြင့် ကြိုးတစ်စည်းကို အားစိုက်ဖြတ်တောက်
နေရာမှ မိမိဘာသာမိမိ တီးတိုးရေရွတ်မိလိုက်၏။
"ငါ သူ့ကို ဆိုးသွမ်းသွားအောင် လုပ်လို့မဖြစ်ဘူးလေ။"
". . . . ဝမ်းနဲ့လွယ်ပြီး မွေးထားတာလည်း မဟုတ်ပဲနဲ့ကို ၊ သူမွေးထားတယ်လို့များ ထင်နေလားမသိဘူး။"
"ဘယ်ကလား လိမ္မာတဲ့ကလေး? ငါ့သားနဲ့ ရှဲ့ယွီနဲ့က တစ်ခန်းတည်းအတူတူပဲ ၊ ပေါင်းသင်းဆက်ဆံရခက်တဲ့ဟာလေးရယ် ၊ စာလည်းညံ့လိုက်တာမပြောနဲ့ အတန်းထဲလည်း ဘယ်သူကမှ သူနဲ့အတူတူမထိုင်ချင်ကြဘူး။ ပြီးတော့ ကျောင်းရဲ့ ဘာတဲ့ ဂိုဏ်းခေါင်းဆောင်လိုလို ဘာလိုလိုနဲ့တူပါတယ်။ မမမေကတော့ သူ့ကိုအဖိုးတန်လေးလို မြှောက်ပင့်ထားတာ ၊ သူ့ရှေ့ဆို ညစ်ညမ်းစကားတွေ
တစ်ခွန်းလေးတောင်ဆိုတာမဟုတ်ဘူး။"
"ကြားတာတော့ အထက်တန်းဝင်ခွင့်စာမေးပွဲဖြေတုန်းက ခိုးချသေးတယ်တဲ့၊ အဲ့လိုမှမဟုတ်ရင်လည်း သူ့အဆင့်နဲ့က စာမေးပွဲဘယ်အောင်နိုင်မလဲ။ ပြောတော့သာ ဒုတိယအဆင့်ရှိတဲ့ကျောင်း ဒါပေမယ့် သာမန်အထက်တန်းကျောင်းက အထက်တန်းကျောင်းပါပဲ။"
"တော်ပြီ တော်ပြီ ၊ မပြောတော့ဘူး။ အားလုံးပဲ လူခွဲပြီး အလုပ်လုပ်ကြတော့။"
ရွှီယန့်မေတစ်ယောက် ကြိုးတွေဖြတ်တောက်ပြီးစီး၍ ထွက်လာချိန်၌ အတင်းပြောနေကြသည့် ဆိုင်ရှင်တစ်စုမှာ လူစုကွဲသွားပြီဖြစ်သည်။ အသီးသီးမှာ သုံး၊လေးပေမျှပင်မကျယ်ဝန်းသည့် ဆိုင်ခန်းလေးတွေရှေ့တွင်ရပ်ပြီး အော်ဟစ်စျေးခေါ်နေကြပြီဖြစ်သည်။
"နှစ်ထည်မှ ၉၉ ၊ နှစ်ထည်မှ ၉၉! ဒီနေ့မရလိုက်ရင် နောက်နှစ်ထိစောင့်ရမယ်နော့်! ကုတ်အနွေးထည်အရှည်တွေအကုန်လုံးက အမြတ်မယူထားတဲ့ ဆိုင်ခါလျှော့စျေးနဲ့ရမှာနော်!"
"ဝင်ကြည့်ကြည့်ပါ ၊ နှစ်ထည်မှ ၉၉တည်းနော်!"
ရွှီယန့်မေမှာ ရေမွှေးနံ့တထောင်းထောင်းနဲ့အတူ ထွက်လာပြီးနောက်ဆိုလာ၏။
"ငါအပြင်ခဏသွားလိုက်ဦးမယ် ၊ ကိစ္စတစ်ခုခုရှိရင်
ဖုန်းလှမ်းဆက်လိုက်။ ခုနကလို နလပိန်းတုံး စောက်ရူး
မျိုးတွေ ထပ်လာလို့ရှိရင်လည်း သိသိမသိသိ
အကျိုးအကြောင်းရှင်းပြမနေနဲ့ ဆဲသာလွှတ်လိုက် ၊
သူတို့ကအဲ့လိုမျိုးနဲ့မှတန်တာ။ အကျိုးအကြောင်း
ရှင်းပြရတယ်ဆိုတာ လူတွေအတွက်ပဲ ၊
အဲ့လိုကောင်မျိုးတွေအတွက်မဟုတ်ဘူး။"
ရှဲ့ယွီသည် လမ်းတစ်ချို့အားကွေ့ပတ်၍ ကုန်စုံဆိုင် သုံးလေးဆိုင်လောက်ကို ပတ်ရှာပြီးနောက်တွင်တော့ အသံချဲ့စက်အားရှာလို့တွေ့သွားခဲ့သည်။ ဆိုင်ရှင်ဖြစ်သူမှာ ပစ္စည်းကဖုန်အထပ်ထပ်တက်နေပေမယ့် အကောင်းကြီးပဲရှိသေးကြောင်း ဖော်ပြချင်သဖြင့် ခပ်မြန်မြန်ပင် အားသွင်းလိုက်ပြီး 'သေသင့်တဲ့ ကြင်နာနွေးထွေးမှု' ဆိုသည့် သီချင်းတစ်ပုဒ်အား ချက်ချင်းပင်ဖွင့်လို့ပြလာသည်။
('该死的温柔'/ 'gai si de wen rou' song by Ma Tianyu)
အတွင်းစက်ပစ္စည်းတွေမှာ တကယ်ပင်အကောင်းကြီးပဲရှိသေးပြီး နားတွေပင်အူထူ၍သွား၏။
ရှဲ့ယွီသည် ထိုအသံကြောင့် နားပင်ကိုက်၍
လာရတာနဲ့ပဲပိုက်ဆံကိုထုတ်ရင်း ပြောလိုက်သည်။
"ရပြီ ၊ ဘယ်လောက်လဲ?"
ဆိုင်ရှင်မှာ အသံချဲ့စက်နှင့်အနီးဆုံးနေရာတွင်ရှိနေသည့်အတွက် ရှဲ့ယွီပြောလိုက်သည့် ထိုစာလုံး(၅)လုံး
အား လုံးဝကိုမကြားလိုက်။ သူ့ရဲ့ အကျႌလက်နဲ့
ခေါင်းထက်က ဖုန်တွေကိုသာ ခါချနေရင်း အာခေါင်ကွဲ
မတက် အသက်ကုန် အော်ဟစ် ရောင်းချလို့လာ၏။
အဘိုးအိုမှာ အသက်ကလည်းကြီးဆိုတော့
အော်သာအော် တာ အကျယ်ကြီးလည်း
သူ့မှာမအော်နိုင်။
"_____ _____ကြာကြာအသုံးခံမှာပါ! သုံမရရင်တော့ ငွေပြန်အမ်းပေးဖို့ အာမခံပါတယ် ၊ ငွေပြန်အမ်းပေးမှာပါ!"
"ဘယ်လောက်ကျလဲ?"
"အရည်အသွေးအတွက်လည်း အာမခံတယ်! အခက်အခဲတစ်ခုခုရှိရင်လည်း အချိန်မရွေး ငါ့ကိုလာရှာနိုင်တယ်! ဒီဆိုင်လေးကို နေရာလည်းမပြောင်းဘူး နာမည်လည်းပြောင်းမှာမဟုတ်ပါဘူး! ကျန့်ဟန်ကုန်စုံဆိုင်ပါပဲ။"
". . . . . . . . . ."
အဘိုးအို၏ မျက်နှာရှေ့နားသို့ လက်တစ်ဖက်က
ဆန့်တန်း ရောက်ရှိလို့လာ၏။ ရှည်ရှည်သွယ်သွယ်ရှိ
လျက် အရိုးအဆစ်တို့ ထင်ရှားပေါ်လွင်၏ ၊ လက်သည်းတွေကို ကိုက်ညိထားသည်မှာလည်း စင်စင်ကြယ်ကြယ်ရှိလှသည်။
ရှဲ့ယွီသည် အသက်မပါသည့် မျက်နှာနှင့် ခလုတ်ကိုလှမ်း၍ ဖိပိတ်ပစ်လိုက်တော့သည်။
"ဘယ်လောက်ကျလဲ?"
"နှစ်. . . နှစ်ဆယ့်ငါး။"
အဘိုးအိုသည် လက်ဟန်ဖြင့် နှစ်ဟုပြ၍ နောက်တစ်ဖန် ငါးဟုလုပ်ပြပြီးနောက် ဆိုလာ၏။
"ယူမှာလား ၊ ယူမယ်ဆို ငါ မင်းအတွက်ထုပ်ပေးမယ်။"
ရှဲ့ယွီသည် ခေါင်းပင်ညိတ်လို့မပြရသေး အဘိုးအိုမှာ ပလတ်စတစ်အိတ်တစ်လုံးကိုယူ၍ အသံချဲ့စက်အား ထည့်ပြီးနှင့်နေပြီဖြစ်သည်။ ပြီးနောက် သွက်သွက်လက်လက်ပင် စားပွဲထက်ရှိ စာရွက်အပုံလိုက်ကြီးထဲမှ ဘယ်ကရမှန်းမသိရသည့် စက္ကူသုံးလေးရွက်ခန့်အား ပလတ်စတစ်အိတ်အတွင်း ဖိသိပ်၍ထည့်သည်။
_____ သားဖွားမီးယပ်ဆေးရုံ ၊ နာကျင်မှုကင်းဝေစွာ ကိုယ်ဝန်ဖျက်ချနိုင်။
_____ အမျိုးသားတိုင်းအတွက်သုခ ၊ နှစ်မြစ်ကို စျေးတစ်ဝက်နဲ့ရနိုင်။
ကုန်စုံဆိုင်ကလေးဖွင့်ထားရုံနဲ့ မလောက်ငစွာ လက်ကမ်းစာစောင်ဝေသည့်အလုပ်ကိုပါ ပူးတွဲလုပ်ကိုင်ကြသည်။
ရှဲ့ယွီသည် ဟေးရွှေလမ်းရှိ လူတွေ၏ အသစ်အသစ်သော လှုပ်ရှားမှုနှင့် စီးပွားရေး အဆင့်အတန်းအား သိမြင်လာ
ခဲ့ရသည်။
အဘိုးအိုမှာ ဖိသိပ်ထည့်ဖို့ရာ လိုနေသေးသည့်အတွက် စက္ကူသုံးလေးရွက်ခန့်အား ထပ်မံထည့်လိုက်ပြန်သည်။ အရောင်ကိုကြည့်ခြင်းအားဖြင့် ထိုလက်ကမ်းစာစောင်တွေမှာ မိတ္တူပွားထားခြင်းမရှိ။
"ဘေးပေါက် ၊ ဘေးပေါက်ရယ်။ ဆက်သွယ်လာတာတွေကိုပြန်ဖြေပေးရတာပေါ့ ၊ ချမ်းသာမှုနောက် အပြေးလိုက်ရတာပါပဲ ၊ ကြီးပွားချမ်းသာအောင် ကြိုးပမ်းရတာပေါ့၊ . . . . . . ပြန်အမ်းငွေပါ ၊ ယူလို့ရပြီနော် ၊ နောက်တစ်ကြိမ်ထပ်လာခဲ့ဖို့ ကြိုဆိုပါတယ်။"