book

Index 18

အခန်း (၁၅)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

RMB Player


အတန်းပြီးသည့်အချိန်တိုင်အောင် ရပ်လိုက်ကြရ၏။ အတန်းပြီးပြီဖြစ်၍ ရွှီရှာမှာ သင်ကြားရေးကိရိယာတို့ကိုပိုက်လျက် ထွက်လာချိန်မှာတော့ ဟယ့်ကျောင်းသည် စိတ်ကောင်းသဘောကောင်းဖြင့် သူမအား "ဂွတ်ဘိုင်း တီချယ်" ဆိုပြီးစကားတစ်ခွန်းဆိုလိုက်သေးချေသည်။


ရွှီရှာသည် အသက်ရှူမဖြောင့်ဖြစ်လျက်မှ အရေးကိုမစိုက်ဘဲ ရှေ့သာဆက်လျှောက်လို့သွားသည်။


"သူဘာလို့စိတ်ဆိုးနေလဲဆိုတာသိလား. ."


ဟယ့်ကျောင်းမှာ စိတ်အခြေအနေအတော်လေးကောင်းနေပါ၏ ၊ သူသည် ရှဲ့ယွီ၏ပုခုံးထက်သို့လက်ကိုတင်လိုက်ပြီး နှစ်ဦးသားမှာပူးတွဲလျက်သားဖြင့် စာသင်ခန်းတွင်းဝင်ရောက်လိုက်ကြသည်။


"သူက နဂိုကတည်းကိုက စမ်းသပ်လေ့လာတဲ့အထက်တန်းကျောင်းတစ်ကျောင်းကို ပြောင်းဖို့အတွက် ပြင်ဆင်နေတာလေ ၊ စည်ပင်သာယာပိုင် ကျောင်းတစ်ကျောင်းပဲ ၊ အဆက်အသွယ်တွေလည်း အကုန်ရပြီးနေပြီ ၊ အခုကြသူ့လက်အောက်က ထူးချွန်ပြောင်မြောက်တဲ့ကျောင်းသားတစ်ယောက်က ---  --- ပြောရရင်တော့ငါကပေါ့ အဟန့်အတား ပိတ်ပင်သလိုဖြစ်သွားတာ. . .   . . ."


ရှဲ့ယွီကတော့ အတင်းအဖျင်းပြောရတာမျိုးကို စိတ်ဝင်စားခြင်းမရှိလှ။


"မင်းလက်ကိုဖယ်စမ်း။"


သူ့ရဲ့ဒီထုံကျောက တကယ်ပဲအတော်လေးကိုမှ ဖော်ရွေမှုကင်းမဲ့တာပဲဟု ဟယ့်ကျောင်းတွေးမိရသည်။


အစကတော့ သူသည်လက်အားရှဲ့ယွီ၏ပုခုံးထက်သို့တင်ရုံလေးတင်ထားတာပေမယ့် အခုလိုပြောလာသည်ကိုကြားသိအခါမှာတော့ ချက်ချင်းပင်လက်မောင်းကြားထဲဆွဲလို့သွင်းပစ်လိုက်သည်။ တစ်ဖက်ကနေကြည့်မယ်ဆို နှစ်ယောက်သားကပွေ့ဖက်နေသလိုဖြစ်နေပါ၏။


"မလွှတ်ဘူး။"


ရှဲ့ယွီသည် သူ့အားကန်ပစ်ဖို့တွေးနေခိုက်မှာပင် ရုတ်တရက်ဆိုသလို ဟယ့်ကျောင်းက သူ့ရဲ့ခေါင်းအား ရှဲ့ယွီ၏လည်တိုင်ထက်မြှုပ်နေအောင်တိုးဝှေ့လို့လာလျက်မှ ရယ်လာ၏။


"စိတ်လျှော့ သူငယ်ချင်း။"


"မင်းဘိုးအေကို စိတ်လျှော့။"



[အမည်မဖော်လိုသူ A] : အတန်ဖော်တို့ ၊ နာရီလက်တံ(၃)နာရီတည့်တည့်ဘက် လမ်းကြောင်းမှာ ပွဲဖြစ်နေတယ်။


[အမည်မဖော်လိုသူ B] : WTF ၊ တွေ့ပြီ ၊ သူတို့နှစ်ယောက်က ဘာလုပ်နေကြတာလဲ?


[အမည်မဖော်လိုသူ C] : ငါတော့လေ သူတို့နှစ်ယောက်ရန်ဖြစ်တယ်ဆိုတာကမှ ပိုပြီးယုံနိုင်ဖွယ်ရှိဦးမယ့်ဟာကို. . .   . . .



Private group chatကြီးရှိလို့ရှိနေမှန်းပင် မသိသေးသည့်ရှဲ့ယွီမှာတော့ ဒီအတန်းသစ်ကအနည်းငယ်ထူးဆန်းတယ်ဟု ထင်မြင်မိရသည်။


အမြဲလိုလို တိတ်ဆိတ်နေရင်လည်း ပြိုင်တူတိတ်ဆိတ်လို့နေပြီး တစ်ခန်းလုံးမည်သည့်အသံမှမကြားရ။ တိတ်ဆိတ်ငြိမ်သက်လို့အပြီးကြ ခေါင်းတွေထောင်လာကြလျက် အချင်းချင်းမပြောလည်းသိနေကြသည့် အကြည့်တို့ထင်ဟပ်လို့လာသည်။ အလွန်ပင် ထူးဆန်းလှပါ၏။


Power bankကို ဟယ့်ကျောင်းက ဘေးrowကကျောင်းသားတစ်ယောက်စီက ငှားလို့ထားခြင်းဖြစ်လေသည်။ သူသွားပြန်ပေးချိန်၌ ထိုကျောင်းသားမှာ မယူရဲဘဲရှိ၏ ၊ ကြည့်ရသည်မှာ ထိုpower bankအား အပြီးပေးလိုက်ချင်ပုံလည်းရသည်။


ဟယ့်ကျောင်းသည် စားပွဲထက်သို့သာတင်လို့ပေးလိုက်ပါ၏။


"ကျေးဇူးနော်။"


". . .   . . .ရ ၊ ရပါတယ်။"


ထိုကျောင်းသားပြောသည့်အသံအားနားထောင်ရသည်မှာ မသဲမကွဲရှိလှ၏ ၊ လက်ကခုံစောင်းအတွင်းထည့်လို့ထားပြီး တစ်စုံတစ်ရာအားဝှက်လို့ထားကာ လူတစ်ကိုယ်လုံးက အလွန်မှစိတ်လှုပ်ရှားလျက်ရှိချေသည်။ ဟယ့်ကျောင်းမှာ သူဘာပြောလိုက်သည်ကို မရှင်း၍ မေးရန်ပြင်ကာ ပါးစပ်ဟမလို့ရှိစဉ်မှာပင် ထိုကျောင်းသားမှာ တစ်ကိုယ်လုံးတုန်ယင်လို့လာတော့သည်။


ဟယ့်ကျောင်း : ". . . . . ."

ငါကအဲ့လောက်တောင် ကြောက်ဖို့ကောင်းတယ်လား။


ဟယ့်ကျောင်းတစ်ယောက် ခပ်လှမ်းလှမ်းသို့ရောက်သွားတော့မှပဲ ထိုကျောင်းသားမှာ သတိကလေးဖြင့် ဖုန်းကိုထုတ်ယူလိုက်ပါ၏။



မျက်စိတစ်မှိတ်အတွင်း၌ပင် ကျောင်းကြီးစဖွင့်တာတောင် နှစ်ပတ်နီးနီးရှိလာခဲ့လေပြီ။


ရှဲ့ယွီမှာလည်း ဟယ့်ကျောင်းတစ်ယောက် အဝတ်လဲပေးသည့်ဂိမ်းအားဆော့သည်မှာ ပိုပိုပြီးဟုတ်လာသည်ကို မျက်ဝါးထင်ထင်မြင်တွေ့လို့နေရသည်။ တွဲဖက်ပေးလိုက်သည်တိုင်း အမြဲလိုလိုအမှတ်တွေမြင့်လျက်ရှိ၏။


လုံးဝကိုပဲ လူမထင်ထားစရာပင်။


အရင်တစ်ခေါက်တုန်းက ပြီးပြီးရောပြောလိုက်တဲ့ဟာက တကယ်ပဲသူ့ကို ဉာဏ်အလင်းပွင့်လို့နည်းလမ်းရှာတွေ့သွားစေတာများလား?



"ဘယ်ကလားဖြစ်နိုင်မှာလဲ ၊ မင်းရဲ့နည်းကို ငါသုံးကြည့်သေးပေမယ့် ကယ်တင်လို့မရပါဘူး။"


ဟယ့်ကျောင်းသည် ဂိမ်းထဲကထွက်ခါနီး၌ screenshotရိုက်လိုက်သေးသည်။ ဒီနေ့အတွက်မှတ်တမ်းထဲကအမြင့်ဆုံးရထားသည့်အမှတ်ကိုရိုက်လိုက်ခြင်းပေ။ ထို့နောက် ပုံမှန်မျက်နှာအမူအရာနဲ့ပဲ ထုံကျောအားလှမ်းလို့ပြောလိုက်ပါ၏။


"ငါပိုက်ဆံဖြည့်လိုက်တာ။"


ဟယ့်ကျောင်းသည် ထပ်မံဆိုလာခဲ့သည်။


"မင်းရဲ့ ထုံကျောဖြစ်တဲ့ငါက အထင်ကရ RMB player လေ။"


ရှဲ့ယွီ : ". . . . . ."


(T/N : RMB player = ဂိမ်းတွေထဲမှာ လက်နက်တို့ ၊ itemတို့ကို ပိုက်ဆံနဲ့ဝယ်ပြီးဆော့တဲ့သူပါ။)


ဟယ့်ကျောင်း : "ငါအခုဆို မိုက်နေတာများ ကိုယ့်ဘာကိုယ်တောင်လန့်တယ်။"


ရှဲ့ယွီသည် မပြောင်းမလဲပင်ထေ့ငေါ့သရော၍ပြောလိုက်ပါသည်။


"သိမ်မွေ့တဲ့အလိမ္မာလေး ၊ မင်းတကယ် ငါ့ကိုအံ့အားသင့်စေတာပဲ။"


"ငါပိုက်ဆံဖြည့်တယ်ဆိုတာ ရိုးရိုးတန်းတန်းပါပဲ ၊ ပိုက်ဆံပေးတာကရှက်စရာကောင်းနေလို့လား?"


ရှေ့တန်းကကျောင်းသားနှစ်ယောက်မှာ ဟယ့်ကျောင်းပြောလျှင်ပြောပြီးချင်း မထိန်းနိုင်တော့ဘဲ ပုခုံးတွေလှုပ်သည်အထိရယ်လာကြသည်။



သူတို့ထိုင်နေရာတွေကနီးနီးကပ်ကပ်ရှိလှသည်ကြောင့်လည်း ရှဲ့ယွီနှင့်ဟယ့်ကျောင်းတို့ဘာပြောပြော ရှင်းရှင်းလင်းလင်းကိုကြားကြရသည်။


နှစ်ပတ်လုံးလုံးပင်ကြားနေကြရတော့ တစ်ခါတစ်လေများဆို ရယ်ရသည်မှာရပ်လို့ပင်မရ ၊ ရယ်တာလွန်သွားလို့ အစ်ကိုကြီးတွေသတိထားမိမှာကိုလည်းကြောက်ရသေးဆိုတော့ ထိန်းထားကြရသည်။


အချိန်တွေကြာလာချိန်မှာတော့ သူတို့နှစ်ယောက်တွေးမိလာသည်မှာ ကျောင်းရဲ့ခပ်ဆိုးဆိုးကောင်တွေက အပြင်ကပျံ့လွှင့်နေတဲ့သတင်းတွေနဲ့နည်းနည်းလေးမှမတူညီဆိုတာပင် ၊ ထို့အပြင်ကို အတော်လေးလည်း. . .   . . . ချစ်ဖို့ကောင်းကြပါ၏။


(T/N : ရှောက်ပါ့ / 校霸 = ကျောင်းစည်းကမ်းတွေဖောက် ၊ ရန်တွေဖြစ်နဲ့ တစ်ကျောင်းလုံးကကြောက်ကြရတဲ့သူကိုခေါ်တာပါ။)


စာသင်နေချိန်အတွင်း ရှောက်ပါ့ကအိပ်နေပြီဆို ထုံကျောကိုကူလို့ဆရာအားစောင့်ကြည့်ခိုင်းထားတတ်ကြသည်။ များသောအားဖြင့်တော့ ရှဲ့ရှောက်ပါ့က ဟယ့်ရှောက်ပါ့ကိုဆိုအရေးမထားသည့်တိုင် အကြိမ်တိုင်းဟယ့်ကျောင်းတစ်ယောက် ဆရာမကနာမည်ခေါ်ကာ မတ်တပ်ရပ်ခိုင်းစဉ်တို့ ၊ အပြင်ထွက်ရပ်ဆိုပြီးအပြစ်ပေးခံရချိန်တို့တွင် ဟယ့်ကျောင်းသည် အမြဲပင်အကြောင်းပြချက်တစ်ရာလောက်ပေးကာ ရှဲ့ယွီအားသူနဲ့တစ်ပါတည်းဆွဲခေါ်တတ်သည်။


ကြားကနေဒဏ်ခံရပေါင်းများလာတော့လည်း ရှဲ့ယွီမှာ ဟယ့်ကျောင်း၏ထိုယုတ္တိမတန်သည့်တောင်ဆိုချက်ထဲ ခေါင်းဝင်ပါနေရတော့သည်။ ဆရာဝင်လာပြီဆိုတာနဲ့ပင် အဆင်သင့် စာအုပ်ကိုစက်ဝိုင်းပုံစံလှည့်လို့ ဟယ့်ကျောင်း၏ခေါင်းနဲ့ခပ်ကြမ်းကြမ်းမိတ်ဆက်လို့ပေးလိုက်ပြီးနောက် "ထ" ဟုသာဆိုလိုက်တော့သည်။



ဟယ့်ကျောင်းသည်ပြောရင်းမှ QQကိုဖွင့်ကာ မိမိရထားသည့်စံချိန်ကိုကြွားဖို့ရန်အတွက် [/ဓာတ်ပုံ] [/Coolအီမိုဂျီ] နှင့်တကွstatusကောက်တင်လိုက်ပါသည်။


တင်လို့အပြီးမှာတော့ သူသည်ဘာကိုသတိရသွားသည်မသိ ၊ လက်ကိုဆန့်၍ရှဲ့ယွီ၏စားပွဲထက်ခေါက်လိုက်ပြီးနောက်ပြောလာသည်။


"addမလား friendဖြစ်အောင်?"


ရှဲ့ယွီသည် လိမ္မာပါးနပ်စွာပင် ငြင်းဆိုလိုက်ပါ၏။


"သိမ်မွေ့တဲ့အလိမ္မာလေး ဆိုတဲ့စာလုံးခုနှစ်လုံးငါ့ရဲ့friend listထဲမှာ လာပေါ်မနေစေချင်ဘူး။"


". . . . . ."


ဟယ့်ကျောင်းမှာ နင်လို့သွားရသည်။


". . .   . . . သိမ်မွေ့တဲ့အလိမ္မာလေးဆိုတာက ငါ့accလို့ မင်းကိုဘယ်သူပြောလဲ။"


"အဲ့ဒါငါ့ညီမလေးဟာ. ."


ဟယ့်ကျောင်းကဆက်၍ပြောသည်။


"မင်း ငါ့အပေါ်အတော်လေးအထင်လွဲနေတာပဲ ၊ ငါ့ရဲ့မြင့်မြတ်ပြီး ခန့်ညားထည်ဝါတဲ့သွင်ပြင်ကြောင့် ဒီလိုကိစ္စမျိုးက အထူးတလည်ရှင်းပြနေစရာမလိုဘူးလို့ဘဲ ငါကတွက်လာခဲ့တာ။"



ဟယ့်ကျောင်းတွင် အလယ်တန်းစတက်နေသည့် ညီမလေးတစ်ယောက်ရှိလေသည်။


ထိုကလေးမလေးမှာ အဝတ်လဲပေးရသည့်ဂိမ်းအားတန်းတန်းစွဲဖြစ်လို့နေ၏ ၊ အိမ်မှာက သူမအားတစ်နာရီသာဖုန်းကိုင်ခွင့် စည်းကမ်းချက်ထုတ်ပြန်လို့ထားကာ တနင်္လာကနေ သောကြာကျောင်းဖွင့်ရက်များ၌လည်း ဖုန်းကကိုင်တဲ့စီမရောက်။ သူမ၏သူငယ်ချင်းဖြစ်တဲ့ နို့ပူတင်းချိုချိုလေးဆိုသူရဲ့ အဆင့်နှင့်အမှတ်တို့ကို အရမ်းပဲအားကျရပါတယ်ဟု သူမကဆိုဖူးသည်။ ထို့အပြင်ကို သူမတို့အတန်းထဲ၌ အဝတ်လဲပေးရတဲ့ဂိမ်းမှာ အမှတ်အမြင့်ဆုံးရတဲ့သူကဘယ်သူဆိုရင် အဲ့ဒီသူကိုလေးစားကာ ချစ်မြတ်နိုးကြသည်ဆို၏။


ရှဲ့ယွီမှာနားထောင်ရင်း နားထင်တွေပင်ကိုက်၍လာရသည်။


ဟယ့်ကျောင်းကပြောသည်။


"ငါ့အထင်တော့ အဲ့ကောင်မလေးငါ့ကိုလိမ်တာပဲနေမှာ။"



ဟယ့်ကျောင်း၏ QQ acc နာမည်မှာ သူ၏နာမည်အရင်းသာလျှင်ဖြစ်သည် ၊ အတည်ဖြစ်နေခြင်းကြောင့် အံ့သြဖို့ပင်ကောင်းနေသေး၏။


ရှဲ့ယွီသည် friend requestပို့လာသည်ကိုလက်ခံရရှိသည့်တိုင် သူ့အားacceptမလုပ်ဘဲနေပြီး ဖြစ်သလိုပင်columnတစ်ခုအတွင်း အတန်းအစားခွဲလို့ထည့်ကာထားလိုက်သည်။


ဘေးမှာငုတ်တုတ်ကြီးထိုင်နေတာတောင် ထိုအရူးကောင်ဟယ့်ကျောင်းမှာ သူ့ထံစာပို့လို့လာပါသေး၏ - [မင်းက GG လား MMလား?]


(GG , MM = Ge Ge or MeiMei ၊ boy လား girl လားမေးခြင်းသဘောပါ။)



"မင်းကသောက်ပေါလား?"


ရှဲ့ယွီမှာ blockမလုပ်မိအောင်ထိန်းရင်းမှ စိတ်ပေါက်ပေါက်နဲ့ပြောပစ်လိုက်၏။


ဟယ့်ကျောင်းသည် ရယ်လျက်ဖြင့် ဖုန်းကိုသိမ်းလိုက်ရင်း. .


"အွန်လိုင်းပေါ်မှာ ဝင်ဆံ့အောင်လို့ဒီလိုပဲယဉ်ယဉ်ကျေးကျေးဆိုကြရတယ်လေကွာ ၊ အားလုံးကဒီလိုပဲ စပြီးမိတ်ဆက်ကြတဲ့ဟာ။"



"တစ်ဆိတ်လောက် တိတ်တိတ်နေကြမယ်---  ---"


ကြားထဲခဏနားချိန်၌ ရွှီရှာမှာအတန်းထဲဝင်ရောက်လို့လာသည်။ အပြင်ဘက်ကော်ရစ်တာတစ်လျှောက်လုံးမှာ ဆူညံလျက်ရှိသည်ကြောင့် သူမသည် အသံကိုမဖြစ်မနေပင်မြင့်၍ပြောလာရ၏။


"နောက်တစ်ချိန်အတွက်က ဆရာမမှာကိစ္စလေးရှိလို့ ဆရာဝမ်ကိုအစားထိုးပေးထားတယ် ၊ ညနေပိုင်းကြလည်း ကျောင်းမှာရှိမှာမဟုတ်ဘူးဆိုတော့ ကိစ္စရှိရင်အတန်းကိုယ်စားလှယ်ကိုရှာလို့ရတယ် ၊ မနက်ဖြန်ကြမှ အတန်းကိုယ်စားလှယ်က ငါ့ကိုပြန်တင်ပြလိမ့်မယ်။ အတန်းခေါင်းဆောင်ကကြ အတန်ကိုကောင်းကောင်းထိန်းထား ၊ ကြားကြတယ်နော်?"



[အမည်မဖော်လိုသူ A] : ကိစ္စရှိပြန်ပြီ?


[အမည်မဖော်လိုသူ B] : . . .   . . . အမှန်ပြောရရင် သူမ လူရှာပြီးအစားထိုးမယ်ဆိုရင်လည်း အဲ့လူကို ငါတို့ရဲ့သင်ရိုးညွှန်းတမ်းတွေကို သေသေချာချာတော့ပြောပြထားသင့်ပါတယ် ၊ ခုတော့အမြဲပဲ စာသင်ရင်ဆို ကိုးရိုးကားယားတွေကိုဖြစ်လို့။


[အမည်မဖော်လိုသူ C] : အခုတလော ဆရာမရွှီအိမ်မှာ ပြဿနာတွေများရှိနေလို့လား?



ရွှီရှာ၏အိမ်မိသားစုအခြေအနေက ကောင်းတာထက်တောင်ပိုနေပါသေး၏။ ကျောင်းစဖွင့်တဲ့ရက်ကတည်းက တစ်လျှောက်လုံးပဲသူမကကျောင်းပြောင်းဖို့အတွက်ပြင်ဆင်လို့နေတာဖြစ်သည်။


သူတို့အတန်းမှာ ဝိဇ္ဇာတန်းထဲတွင် အညံ့ဆုံးအတန်းဖြစ်ပြီး အခြေအနေကလည်း ထူခြားနေသေး၏ ၊ ကျောင်းအာဏာပိုင်အဖွဲ့မှာ ထိုအတန်းကိုမှရွှီရှာအားပေးလို့လာသည် ၊ အကြောင်းအရင်းကတော့ သူမရဲ့လုပ်ကိုင်နိုင်စွမ်းကိုယုံကြည်သောကြောင့်ပင်. . .   . . . သို့တိုင် ရွှီရှာကတော့ ဒါကျောင်းကသူမကိုအခက်တွေ့အောင် အတားအဆီးလုပ်တယ်ဟုပဲ ဇွတ်ထင်နေတော့သည်။


'ထူးချွန်တဲ့ဆရာ'ဆိုသည့် ဂုဏ်ပုဒ်ဖြင့် အရေးပါတဲ့ကျောင်းတစ်ကျောင်းမှာ စာသွားသင်မည့်သူဆိုတော့လည်း ဒီလိုအတန်းမျိုးကိုကြည့်မရဖြစ်ကာ ထိုအတန်းအပေါ်၌လုံးလုံးပင် စိတ်ထဲနည်းနည်းလေးတောင်မထည့်ခြင်းက သဘာဝကျပါသည်။ အတန်းထဲကကျောင်းသားများကလည်း အကန်းတွေမဟုတ်သည့်အတွက် ရွှီရှာအပေါ်သဘောမတွေ့ခြင်းက တစ်နေ့ထက်တစ်နေ့ပိုများလို့လာလေ၏။



ခုံစောင်းအတွင်းရှိဖုန်းက နှစ်ချက်ခန့်တုန်ခါ၍အလာမှာတော့ ဟယ့်ကျောင်းသည် ငုံ့ကာဖုန်းကိုကြည့်လိုက်သည်။


စာတိုနှစ်စောင်ပင်။


-အစ်ကိုကျောင်း ၊ ဒီရက်ပိုင်း ယန်ဝိန်ယွမ်နဲ့ ရွှီရှာနဲ့ကအတော်လေးအဆက်အသွယ်ရှိနေကြတယ်ရယ် ၊ မင်းနည်းနည်းပါးပါးသတိထားဦး။


-မင်းရဲ့ဒီကိစ္စကိုသာ ရွှီရှာကပြီးအောင်မဖြေရှင်းဘူးဆိုရင် စမ်းသပ်လေ့လာတဲ့အထက်တန်းကျောင်းကို ချောချောမွေ့မွေ့နဲ့တော့ပြောင်းခွင့်ရမှာမဟုတ်ဘူး ၊ သူမရဲ့သင်ကြားရေးအရည်အချင်းကလည်း မကောင်းဘူးလို့ပြောနေကြတော့ သူမရဲ့ဆွေမျိုးတွေလည်းသူမကိုကာပေးနိုင်မှာမဟုတ်ဘူး။ မှန်းကြည့်ရင်တော့ ဒီဟာက မင်း ယန်စန်းဟောင်ကိုရိုက်လိုက်တဲ့ကိစ္စနဲ့ဆက်နေမှာပဲ။



နေ့လည်ပိုင်းအတန်း၏နောက်ဆုံးအချိန်ဆင်းခါနီးလေး၌ ရှိန်ကျယ်သည်အနောက်ပေါက်ကနေ အသာလေးလစ်ထွက်လို့လာခဲ့၏။ ဟယ့်ကျောင်းကိုခေါ်ပြီး ကန်တင်းတွင်ထမင်းအတူသွားစားမလို့ပင် ၊ သို့တိုင်ဝင်လိုက်ချိန်မှာတော့ ဟယ့်ကျောင်း၏နေရာကဟင်းလင်းဖြစ်လို့ လူလည်းမရှိတာနဲ့ ဘေးတွင်ထိုင်သည့် ရှဲ့ယွီကိုသာလှည့်၍မေးလိုက်သည်။


"ဒီကအစ်ကိုကြီး ၊ ကျွန်တော့်ရဲ့အစ်ကိုကျောင်းရော?"


"သူလား?"


ရှဲ့ယွီသည်ပြောလိုက်၏။


"အတန်းလစ်တယ်။"


ရှိန်ကျယ်မှာ ရှဲ့ယွီထံမျှော်လင့်ချက်အပြည့်ဖြင့် လှမ်းလို့ကြည့်နေရင်းမှ ဆက်ပြောလာဖို့ထောက်ပေးလိုက်၏။


"အင်း. . .   . . .?"


ရှဲ့ယွီသည် နေရာမှာတင်ထိုင်လို့နေပြီး လူနည်းနည်း နည်းသွားအောင် ခဏလောက်စောင့်ပြီးကာမှ ကန်တင်းသို့သွားရန်ဆုံးဖြတ်လို့ထားသည်။ ဂီတစည်းချက်ဂိမ်းကိုဆော့နေသည်မှာ လမ်းတစ်ဝက်ခန့်ရောက်လို့နေပြီ။ အသံတိုးထားခြင်းကြောင့် သီချင်းတီးလုံးများကသူ့အားအနှောက်အယှက်ပေး၍မရ ၊ ဖုန်းဖန်သားပြင်ထက်ပြေးလွှားလို့နေသည့် လက်ချောင်းတို့မှာတော့ အလွန့်အလွန်ကိုမြန်ဆန်လျက်ရှိချေသည်။


ရှိန်ကျယ်သည် စိတ်ထဲတင်ပြောမိ၏ ၊ သူအတန်းလစ်မှန်းတော့ ငါသေချာပေါက်သိတာပေါ့ ၊ ဒါပေမယ့် အတန်းလစ်ပြီးဘယ်ကိုသွားတာလဲ?


ရှဲ့ယွီသည် တစ်ပွဲဆော့လို့အပြီး၌ ရှိန်ကျယ်ကအနားတွင်ရပ်လို့နေစဲရှိသည်ကိုတွေ့မိတော့. .


"ဟယ့်ကျောင်းဘယ်သွားလဲမေးချင်တာလား?"


ရှဲ့ယွီသည် အသိပြန်ဝင်လာပြီးနောက် ဆိုလိုက်၏။


"ငါကဘယ်လိုလုပ်ပြီးသိမလဲ။ ငါ့စောက်လုပ်မှမဟုတ်တာ။"



"အကြင်နာတရားမဲ့လွန်းတာ။"


"လူမဆန်ချက်။"


"ဘာစိတ်ခံစားချက်မှမရှိတဲ့ လူသတ်သမားကြနေတာပဲ။"


". . . . . ."


ရှိန်ကျယ်သည် အိမ်သာတွေကနေစပြီး ခေါင်းမိုးထက်တွေထိလိုက်လို့ရှာသည်။ အဆုံးမှာတော့ ယောက်ျားလေးအဆောင်ထဲမှာပင် ဟယ့်ကျောင်းအားရှာလို့တွေ့သွားသည့်နောက် တစ်ပြုံတစ်မကြီးဖွင့်ဟလာလျက်မှ "မင်းရဲ့ထုံကျောကလေ တကယ့်ကိုလူမဆန်တာပဲ။" ဆိုသည်နှင့်အဆုံးသတ်သွား၏။



ရှိန်ကျယ်ပြောလို့အပြီး၌ ဟယ့်ကျောင်းထံမှတုံ့ပြန်ချက်မရှိသည်ကိုသတိထားမိသည်။


အခန်းတံခါးကိုသေချာပိတ်လိုက်ပြီး လှည့်ကြည့်လိုက်မှ အစ်ကိုကျောင်းတစ်ယောက်ထိုင်ခုံထက်၌ထိုင်နေသည်ကိုမြင်သည်။ ထိုင်ခုံအစွန်းပေါ် ခြေထောက်ရှည်သွယ်သွယ်တစ်ဖက်ကိုကွေးလို့တင်ထားပြီး ကျောင်းဝတ်စုံ၏ ကြယ်သီးတို့ကိုလည်း သုံး/လေးလုံးခန့် ဖြုတ်လို့ထားသေး၏။ မြင်ရသည်မှာ ခပ်ကြမ်းကြမ်းခပ်ရိုင်းရိုင်းပုံစံအတော်ပေါက်လို့နေသည်။


ရှိန်ကျယ်က ပြောလာပါသည်။


"လူကြမ်းလူရိုင်းကောင်ပေါ့?"


"ယီးကိုလူကြမ်းလူရိုင်း ၊ ဒါနဲ့ ငါ့ရဲ့ထုံကျောလူဆန်ဆန်မဆန်ဆန် မင်းပြောစရာမလိုဘူး။"


ဟယ့်ကျောင်းတစ်ယောက် အတန်းချိန်နှစ်ချိန်လုံးအိပ်လို့ပစ်လိုက်သည်မှာ အခုလေးမှအိပ်ယာကနေထလာခဲ့ခြင်းဖြစ်သည်။ သူသည်ဆံပင်တွေကိုဆွဲကာဖွရင်းမှ မေးလိုက်၏။


"မင်းကဘာလာလုပ်တာလဲ။"


"မင်းကိုခေါ်ပြီး ထမင်းသွားစားမလို့လေ ၊ မင်းနဲ့အတူစားရင်တန်းစီစရာမလိုဘူး. ."


ရှိန်ကျယ်ကဆိုလာပါသည်။


"ကျောင်းသားတွေမင်းကိုဦးစားပေးနေရာဖယ်ပေးလာတဲ့ခံစားချက်က တော်တော်ကောင်းတယ်နော် ဟုတ်တယ်ဟုတ်။"


ဟယ့်ကျောင်းရဲ့စိတ်အခြေအနေမှာ သိပ်ပြီးမဟန်ကြောင်းသိသာလို့နေသည်။ သူသည်ဆံပင်တွေကိုဆွဲဖွပြီးနောက် လက်ကိုပြန်ချကာ ခဏမျှအကြာတွင်တော့ချိုချဉ်တွေအပြည့်ရှိသည့်ဗူးကိုလက်လှမ်းလိုက်၏။



"ဒါသောက်စမ်းပါ။"


ရှိန်ကျယ်သည် lollipopတွေအပြည့်ရှိသည့်ဘူးအားအဝေးသို့တွန်းပို့ပစ်လိုက်ပြီး အိတ်ကပ်အတွင်းမှစီးကရက်ဘူးကိုထုတ်ယူလိုက်ကာ မီးခြစ်ကိုပါတစ်ပါတည်း ဟယ့်ကျောင်းလက်ထဲထည့်ပေးလိုက်သည်။


"တစ်ခါတစ်လေမှ တစ်လိပ်လောက်သောက်တာက ကိစ္စမရှိပါဘူး ၊ ဆေးလိပ်ဖြတ်တယ်ဆိုလည်း ဖြည်းဖြည်းချင်းနဲ့ဖြတ်ပေါ့။"


ဟယ့်ကျောင်းသည် စက္ကူဗူးကိုကိုင်လို့ထားမိပြီး တစ်ခဏမျှအကြာတွင်မှ ထိုစီးကရက်ဘူးအားပြန်လည်ပစ်လို့ပေးလိုက်၏။ ရှိန်ကျယ်မှာ အမြန်လှမ်းဖမ်းလိုက်ရလေသည်။


". . .   . . . အာ ၊ မင်းပစ်တာလက်တည့်သားပဲ ၊ တကယ်မသောက်ဘူးပေါ့?"


ဟယ့်ကျောင်းက ပြောလို့လာသည်။


"မသောက်ဘူး။"


"မထင်ထားဘူး ၊ အစ်ကိုကျောင်းက တကယ်ကို ကိုယ်ကျင့်တရားကောင်းတဲ့သူတစ်ယောက်ပဲဗျာ။"


"ငါက တစ်လျှောက်လုံး ကိုယ်ကျင့်တရားကောင်းလာခဲ့ပြီးသား အိုခေလား။"


ဟယ့်ကျောင်းသည် တုတ်ချိုချဉ်တစ်ချောင်းအားရွေးလိုက်ပြီး ဖွင့်ဖောက်ကာပါးစပ်ထဲထည့်လိုက်၏။


"ငါ့ကိုလာဆွယ်မနေနဲ့ ၊ အသုံးမဝင်ဘူး။"



ရှိန်ကျယ်သည် စီးကရက်ဘူးကိုလှမ်းလို့ဖမ်းလိုက်ပြီးနောက် တစ်လိပ်ဆွဲထုတ်လိုက်၏။


သူသည်ခေါင်းကိုငုံ့၍ စီးကရက်ကိုခဲထားလျက်မှ မီးညှိလို့ တစ်ချက်မျှဖွာရှိုက်လိုက်သည်။ အတန်ငယ်ကြာငြိမ်ချက်သားကောင်းပြီးနောက်မှ ဆိုလိုက်သည်။


"ငါလည်းအဲ့သတင်းကြားတယ်---  --- ယန်ဝိန်ယွမ် အဲ့ကောင် ၊ ငါတကယ် ဒင်းကိုသတ်ပစ်ချင်နေတာ မရတော့ဘူး။ လျှိုယွမ့်ကျောင်းပြောင်းသွားပြီဆိုတာကြားလိုက်တာနဲ့ပဲ ဒင်းကအတင်းတစ်ဖက်ကိုလှည့်ပစ်ပေါက်တော့တာပဲ ပြီးမင်းကိုပါဆွဲထည့်တာ ၊ ဒင်းကအသက်ရှင်ရတာ ငြီးငွေ့နေပုံပဲ။"


ဟယ့်ကျောင်းကတော့ ချိုချဉ်ကိုသာကိုက်လို့နေပြီး စကားမဆိုချေ။


"မင်းတို့အတန်းရဲ့ အတန်းပိုင်ဆိုတာကလည်း တကယ့်ကြောင်တောင်တောင် ၊ ပထမနှစ်တုန်းက ယန်ဝိန်ယွမ်ကိုသူကသင်ပေးဖူးတော့ ယန်ဝိန်ယွမ်အဆင့်ကောင်းတာကိုလည်းသိဆိုတော့ သူ့သားလိုလိုကိုသဘောထားတော့တာ ၊ အဲ့ကျောင်းသားကောင်းဆိုတာကဖြင့် တကယ်တမ်းဘယ်လိုမျိုးဆိုတာကိုကြ မြင်တာမဟုတ်ဘူး။ အခုကြ သူမရဲ့သင်ကြားပုံက ထူးချွန်မနေတော့ အရေးပါတဲ့ကျောင်းကိုလည်းဝင်ခွင့်မရနဲ့ဆိုတော့ကား မင်းကိုဓားစာခံလုပ်ချင်နေတာပေါ့လေ?"


ရှိန်ကျယ်သည် ဆေးလိပ်ပြာတို့ကိုတောက်ချပြီးနောက် ဆက်လက်ဆိုလိုက်၏။


"အစ်ကိုကျောင်း ၊ ငါပြောချင်တာက အဲ့ယန်ဝိန်ယွမ်ဆိုတဲ့အမှိုက်သရိုက်ကောင်ကို တဲ့ပဲတုန်ဆင်းလာအောင်လုပ်လိုက်မယ်ဆိုရင်ရော---  --- သတ္တိကတော့အပြည့်ပဲ ၊ သေနတ်ပြောင်းဝကိုမှ ထိပ်တိုက်လာတိုက်မှတော့ သေမှာကဘယ်သူတုန်း။"


"ဘယ်လိုပဲတုန်ဆင်းဆင်း. ."


ဟယ့်ကျောင်းက ပြောလို့လာသည်။


"လျှိုယွမ့်ရဲ့ကိစ္စက ပြောလို့မှမဖြစ်တာ။"


ရှိန်ကျယ်သည် နောက်ဆုံးလက်ကျန်ဆေးလိပ်အားဖွာလိုက်ပြီးနောက် သက်ပြင်းကိုချလို့ ဆဲရေးမိပါတော့၏။


". . .   . . . Fuck"



rate now: