book

Index 16

အခန်း (၁၃)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

သတ္တိတယ်ရှိတယ်ပေါ့လေ?


သူတို့နှစ်ဦး၏ ရှေ့တန်း၌ထိုင်နေကြသည့် ကျောင်းသားနှစ်ဦးမှာတော့ ထိုင်ခုံတွေကို တိုးတိုးတိတ်တိတ်ဖြင့်နည်းနည်းလေးချင်းဆွဲကာ ရှေ့သို့ရွှေ့မိကြရ၏။ သို့တိုင် ကြမ်းခင်းနဲ့ပွတ်တိုက်သည့်အသံခပ်အုပ်အုပ်ကလေးတော့ ထွက်ပေါ်၍လာသည်။ ရင်ဘက်နှင့်စားပွဲခုံတို့တစ်သားတည်းလိုဖိကပ်မိပြီး ရင်ဘက်ကတင်းကြပ်ကာ အသံရှူမဝသလိုခံစားလာရမှသာ လက်လျှော့လိုက်ကြချေသည်။ အနောက်တန်းကအစ်ကိုကြီးနှစ်ယောက်နှင့်ဝေးသထက်ဝေးအောင် ခွာနိုင်သလောက်ခွာလိုက်ကြ၏။


ဟယ့်ကျောင်း : "မင်းကလည်း ဘာမဟုတ်တာကို ၊ ကိုင်ရုံလေးပဲဟာ။"


"ငလူး သွားစမ်း မင်း. ."


ရှဲ့ယွီကဆိုလိုက်၏။


"ငါ့ကိုလာမထိစမ်းနဲ့။"



ဟယ့်ကျောင်းသည် ဘာစကားမှမဆိုဘဲ လက်ကိုသာ ရှဲ့ယွီ၏ရှေ့သို့ဆန့်ထုတ်ပေးလို့လာသည်။


ရှဲ့ယွီသည် သူ့အားတစ်ချက်မျှလှမ်းကြည့်လိုက်ရင်း ထိုသူခုနလေးကမှပြောသွားသည့် 'ငါ သူ့ကိုအတော်လေး စိတ်ဝင်စားမိနေလို'့ ၊ 'အမြင်တွေဖလှယ်ချင်တာ?' ဆိုသည့်စာကြောင်းတို့အားသွားလို့သတိရမိလေသည်။


"ရော့ ကိုင်လေ ၊ မင်းကိုပြန်အကိုင်ခိုင်းမယ်။"


ရှဲ့ယွီ : ". . . . . ."



နောက်ဆုံးတစ်ယောက် ကိုယ့်အကြောင်းကိုယ်မိတ်ဆက်လို့အပြီးမှာတော့ စင်ထက်မှဆင်းလို့သွား၏။ ရွှီရှာသည်ချောင်းတစ်ချက်ဟန့်လိုက်ရင်းမှ ကျောင်းသားနှစ်ဦးအပေါ် သွယ်ဝိုက်သောနည်းဖြင့် စာသင်ခန်းရှိစည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာပါရန် ဆောင်းပါးရိပ်ခြည်ဆို၍လာသည်။


"ဒီကနေ့အတွက်အတန်းကတော့ ဒီလောက်ပါပဲ ၊ အဆောင်နေမယ့်ကျောင်းသားတွေ ကျောင်းစည်းကမ်းကို အသေအချာလိုက်နာထိန်းသိမ်းကြပါ ၊ သင်ရိုးပြင်ပအချိန်တွေမှာ စာသင်ကြားရေးနဲ့မသက်ဆိုင်တဲ့ မင်းတို့ရဲ့တခြားကိစ္စရပ်တွေအပေါ် လိုက်လံဖြေရှင်းရတာမျိုး ငါမလုပ်ချင်ဘူး ၊ ကိုယ့်ကိုယ်ကိုယ် အသိရှိကြပါ။"


ရွှီရှာသည် အတန်းအချိန်ဇယားနှင့် အကြောင်းကြားစာကိုအတူထုတ်ယူလိုက်ရင်းမှ စကားဆက်သည်။


"လျှိုချွိင်ဟောက် ၊ ဒီရက်ပိုင်းထဲ အတန်းခေါင်းဆောင်နေရာ မင်းပဲခဏလောက်တာဝန်ယူထားလိုက်ဦး ၊ မင်းက အတွေ့အကြုံရှိပြီးသားဆိုတော့လေ။"


လျှိုချွိင်ဟောက်မှာ စိတ်ပျက်လက်ပျက်ဖြင့် လက်မှိုင်ချမိရရင်း. .


". . .  . . . အာ ၊ ဟုတ်ကဲ့။"



"ဟင်း ၊ မင်းရဲ့ဟို လက်သည်းဆိုးဆေးကဘယ်လိုဖြစ်သွားရတာလဲ?"


(၂)မိနစ်ပြည့်အောင်တောင်အငြိမ်မနေ ဟယ့်ကျောင်းကထပ်မံမေးလို့လာပြန်သည်။


ရှဲ့ယွီကတော့ ဒီလူတအားရှုပ်တာပဲဟုသာတွေးမိရ၏။



အနက်ရောင်လက်သည်းဆိုးဆေး အဲ့ကိစ္စ။


ရှဲ့ယွီမှာ သူ့ရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိထဲ အဲ့အရာကစုတ်ချက်ထူထူထဲထဲနဲ့ကို ပါဝင်လို့နေမှန်းမတွေးမိအောင်ပင်ရှိသည်။



ပြီးခဲ့တဲ့နှစ်ဝက်ခန့်လောက်တုန်းက ဟေးရွှေလမ်း၌ အကပြိုင်ပွဲတစ်ပွဲကျင်းပခဲ့၏။


နေထိုင်သူဒေသခံအဖွဲ့ဟာဆိုလျှင် လမ်းပေါ်တွင်bannerကြီးချိတ်လျက် အားလုံးပဲစာရင်းပေးပါဝင်ကြဖို့ရန်ဆော်သြကာ ကြေညာမှုပုံစံမှာလည်း မကြုံစဖူးပင်ကြီးကျယ်လျက်ရှိချေသည်။ သို့တိုင် ကြော်ငြာဆောင်ပုဒ်ကိုကြည့်ခြင်းအားဖြင့် ပြိုင်ပွဲဝင်ဖို့ရန် ပစ်မှတ်ထားသည့်ပရိသတ်မှာ လုံးဝဥဿုံကိုမှလူငယ်တွေမဟုတ်ဆိုတာပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆို ခေါင်းစီး၌တွင်ကား - ငယ်ရွယ်ချိန်ကို ပြန်သွားကြမယ် ၊ ငယ်ရွယ်စဉ်က ယုံကြည်မှုတို့ကို တဖန်ပြန်လည်ရှာဖွေကြစို့! ဟူ၍ရေးထားခြင်းကြောင့်ပင်ဖြစ်၏။


ထိုအချိန်၌ သာ့မေမှာ အမေရိကကနေ visaကျလာကစအချိန်လည်းဖြစ်ကာ သိပ်မကြာခင်မှာပဲ သွားရောက်ရတော့မှာဖြစ်သည်။ ဤသို့ဖြင့် မသွားခင်လေး၌ သူတို့အားဆွဲခေါ်လျက် စာရင်းပေးပါဝင်ကြဖို့ မရမကတောင်းဆိုလို့လာတော့၏။



ကျိုးသာ့လေက ဘယ်နားသွားကတတ်မည်လဲလေ ၊ နေရာမှာတင်ကိုချက်ချင်းငြင်း၏။


"ငါမကဘူး ၊ ရှက်ဖို့ကောင်းတဲ့ဟာ ၊ မင်းဘယ်လိုတောင် စဉ်းစားလိုက်တာလဲ---  --- ဒေသခံအဖွဲ့အန်တီကြီးတွေနဲ့အတူ အကဝင်ပြိုင်မယ်? မင်းရူးနေတာလား?"


ရှဲ့ယွီကလည်း ပြောသည်။


"သာ့မေ ၊ ဒီကိစ္စကို မပြောဘဲနေကြရအောင်။"


ဒေသခံအန်တီကြီးတွေမဆိုထားနဲ့ဦး ရွှီယန့်မေနှင့် လေကျစ်အမေတို့နှစ်ဦးသားကပါ ထိုအကပြိုင်ပွဲအတွက် အစောကတည်းကိုကပြင်ဆင်လို့ပြီးနေကြပြီ။


ရှဲ့ယွီပင် အန်တီမေက စျေးကွင်းပြင်စီဆွဲခေါ်လို့ သူတို့၏ ပုံစံမူကွဲအမျိုးမျိုးဖြင့် စိတ်ဝင်စားဖို့ကောင်းသည့် ယပ်တောင်အကအားကြည့်လိုက်ရသေး၏။ အစိမ်းရောင် ယပ်တောင်တို့က တဖျတ်ဖျတ်လက်လျက်ရှိချေသည်။


လေကျစ်အမေငယ်ရွယ်စဉ်ကဆို ပြောကြသည့်အတိုင်း ဆယ်မိုင်ဝန်းကျင်ရှိရွာ(၈)ရွာ၌ အလှဆုံးသော မိန်းမပျိုလေးဖြစ်ခဲ့လောက်သည့်တိုင် ယခုအခါမှာတော့ ပေါင်(၂၀၀)ကျော်ပင်ဖြစ်နေလေပြီ။ သူတို့တွေ ကလို့အပြီးမှာတော့ ရှဲ့ယွီသည် ကွင်းပြင်အလယ်၌ရပ်လျက် ခံစားချက်ပေါင်းစုံဖြင့် စကားလုံးသုံးလုံးအားဖျစ်ညှစ်ထုတ်လျက်အော်လိုက်၏။


". . .  . . . သိပ်ကောင်းတယ်။"



သာ့မေသည် ဒီတစ်ကြိမ်တော့အလွန်ကိုမှအတည်ဖြစ်လျက်ရှိ၏။ သူတို့ထင်ထားသည်မှာတော့ သာ့မေစိတ်အားထက်သန်နေတာ ခဏတဖြုတ်သုံးမိနစ်လောက်ပါပေါ့ ၊ သို့တိုင် သာ့မေမှာသူတို့အား သုံးရက်လုံးလုံးပင်အပူကပ်လျက်ရှိချေသည်။


အရင်ကဆို ဒီလိုမျိုးမရှိခဲ့။


ကျိုးသာ့လေမှာ အလေးအနက်ထားကာ စေတနာကောင်းစွာဖြင့်. .


"ငါ့ကိုအကြောင်းပြချက် တစ်ခုပေး ၊ သာ့မေ မင်း ငါ့ရှက်စိတ်ထက်ကို ကျော်လွန်စေမယ့်အကြောင်းပြချက်လေးတစ်ခုကိုပေး။"


သာ့မေသည် သက်ပြင်းတစ်ချက်ချလိုက်ရင်းမှ. .


"အစ်ကို ၊ ကျွန်တော်ကဖြင့် မကြာခင်သွားရတော့မှာကို အဲ့လောက်တောင်ပဲရက်စက်တယ်လား ၊ ကျွန်တော်ရဲ့ ဒီဆန္ဒသေးသေးလေးကိုတောင်မဖြည့်ဆည်းပေးနိုင်ဘူးပေါ့?"


ကျိုးသာ့လေ : "ကောင်းကင်ပေါ်ကကြယ်ကို မင်းအတွက် သွားဆွတ်ပေးဆိုရင်တောင်မှ ဟုတ်ဦးမယ် ၊ အရှုပ်ထုပ်လေး။"


သာ့မေ : ". . . . . ."


သာ့မေသည် ရှဲ့ယွီအားကြည့်လို့လာပြန်၏ ၊ ရှဲ့ယွီသည်ဘာစကားမှမဆိုချင်တော့တာနဲ့  ချက်ချင်းပင်သွားဖို့လုပ်တော့သည်။


"ငါအိမ်ပြန်ထမင်းစားလိုက်ဦးမယ်။"



အဆုံးသတ်မှာတော့ ထိုအရှုပ်ထုပ်လေးဒဏ်ကိုကြာကြာမခံနိုင်ဘဲရှိကြလေသည်။


ပိန်းပိတ်အောင်မှောင်မိုက်နေသည့် ညတစ်ည၌ သာ့မေသည်နှစ်ယောက်လုံးအားထွက်လာခဲ့ဖို့ခေါ်၏။ သုံးယောက်သား လမ်းထောင့်ကလေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ကြလျက် လေအေးဒဏ်ကိုတောင့်ခံနေကြရသည်။ ကျို့သာ့လေမှာ အကျႌကိုခပ်တင်းတင်းဆွဲကိုင်လို့ထားပြီး ခေါင်းကိုငုံ့ကာဆံပင်ကေမပျက်အောင်ကာလို့နေသည်မှာ အရူးလိုလိုအပေါလိုလိုပုံစံပင်ပေါက်လျက်ရှိချေသည်။


"သာ့မေ ၊ မင်းဘာလုပ်ချင်နေတာလဲ? ညသန်းခေါင်ကြီးမှာမှ?"


တစ်ခါတစ်ရံ ညီအစ်ကိုချင်းလည်း သင်ခန်းစာပေးသင့်ပေးရမယ် ဟူ၍ကျိုးသာ့လေတွေးနေမိ၏။


"အရိုက်ခံချင်တာလား?"


သာ့မေသည် လေကိုဆန့်ကျင်၍ကျောပေးထားလျက်မှ သူတို့ရှေ့တွင်ဆောင့်ကြောင့်ထိုင်လိုက်ရင်း ခံစားချက်တို့စီးဝင်နေသည်ကို ထိန်းချုပ်လို့ထားရင်း. .


"တကယ်တော့ ကျွန်တော်မိန်းကလေးတစ်ယောက်ကို ကျိတ်crushနေတာ ၊ ဒါပေမယ့် ကျွန်တော်သူ့ကို ဖွင့်မပြောရဲဘူး။ အစ်ကိုတို့လည်းသိပါတယ် ကျွန်တော်ကသွားရတော့မှာ. . .  . . . LDRSဆိုတာကကြ ခက်ခဲကြမ်းတမ်းတယ်လေ ၊ အဝေးကနေပြီးလည်းမချစ်ချင်ဘူး ၊ အဝေးကချစ်ဖို့ဆိုတာလည်း ဒီဘဝတော့မဖြစ်နိုင်တော့ဘူး။ အဲ့ဒါကြောင့်မို့ ကျွန်တော်မသွားခင်မှာ သူ့ကို ဒီလိုမျိုးcoolဖြစ်ပြီး smartကျတဲ့ကျွန်တော့်ရဲ့အနေအထားကို အမှတ်တရနဲ့မှတ်မိနေစေချင်ရုံလေးပါပဲ။"


ရှဲ့ယွီ : ". . . . . ."


ကျိုးသာ့လေမှာ အချစ်နှင့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတို့ကို စိတ်ဝင်စားသည့်အရွယ်လည်းဖြစ်တာကြောင့်ပေလား ၊ သို့တည်းမဟုတ် မိုးသောက်(၃)နာရီအချိန် လေအေးတိုက်ခံလိုက်ရ၍ပဲ ရူးသွားလေသလားပဲ နှာချေပြီးနောက် တစ်ခဏမျှကြာတွေဝေလို့အပြီးတွင်တော့ အနည်းငယ်လှုပ်၍လာသည်။


"မင်းရဲ့ coolဖြစ်ပြီး smartကျတဲ့အနေအထားကိုပြဖို့ အခြားနည်းလေးများမရှိဘူးလား ၊ ဒီတစ်နည်းပဲရှိတာလား။"



အဆုံး၌တော့ သူတို့ထိုပြိုင်ပွဲအားဝင်ပြိုင်လိုက်ရ၏။


သုံးယောက်သား တန်းစီကာနာမည်စာရင်းသွားပေးရချိန်တုန်းကဆို ကသိကအောက်ဖြင့် အသက်ရှူရကျပ်သလိုလိုပင်ရှိသည်။



". . .  . . . ရောင်းရင်းတို့ ၊ ဒီလူငယ်သုံးယောက်ကိုကြည့်စမ်းပါဦး။"


"ဒီလူငယ်လေးသုံးယောက်?"


"လူငယ်တွေ?"


ရှဲ့ယွီတို့သုံးယောက် : ". . . . . ."



သာ့မေဟာဆိုလျှင် ဖက်ရှင်အမြင်အပေါ် အလွန်မှ စိတ်အားထက်သန်သူဖြစ်၏။ အကယ်၍အချိန်မလောက်တာတွေသာ မရှိခဲ့ဘူးဆို သူသည် ကပွဲဝတ်စုံအတွက် ကိုယ်တိုင်ပင်ဒီဇိုင်းဆွဲဖြစ်လောက်သည်။ ယခုတော့ထိုအစား သူက အနက်ရောင်လက်သည်းဆိုးဆေးအားထုတ်လိုက်ချိန်မှာတော့ ရှဲ့ယွီကငြင်းဆန်လို့လာလေတော့၏။


"မင်းဆိုလိုတဲ့ အပြတ်သားနားတယ်ဆိုတာဒါကိုခေါ်တာလား?"


သာ့မေသည် ဆိုးလို့ပေးရင်းမှ ပြောလို့လာခဲ့၏။


"တကယ်သောက်ရမ်းသားနားတာပါဆို ၊ အစ်ကိုရှဲ့ ကျွန်တော့်ကိုသာယုံလိုက်စမ်းပါ။ မနေ့ညက ဗီဒီရိုတွေအများကြီးပဲကြည့်ထားတာ ၊ cool guyတွေက ဒီလိုပုံစံမျိုးနဲ့ကကြတာဗျ။"


သာ့မေကျေးဇူးကြောင့် သူတို့၏စတိတ်စင်ပုံစံဟာဆို သမားရိုးကျမဟုတ်တာထက်ကိုရှေ့အများကြီးကျော်လွန်ကာနေပြီး ထူးထူးဆန်းဆန်းအရာတွေလည်း အများကြီးထည့်လို့ထားသေးသည်။



ပြိုင်ပွဲနေ့တုန်းကဆို ရှဲ့ယွီသည်အတန်းလစ်ဖြစ်၏။


တကယ်တော့ သူတို့တွေကြိုတင်လေ့ကျင့်မှုတွေလည်း ကောင်းကောင်းမလုပ်ဖြစ်ခဲ့ ၊ ရှဲ့ယွီတစ်ယောက် ကသည်မှာ အချိုးမကျဘဲရှိ၏ ၊ သာ့မေ၏အကကတော့ စွဲမက်ဖို့ကောင်းပြီး ကြော့မော့လှပပေသည့်တိုင် ကြည့်ရသည်မှာရှက်ဖို့တော့အလွန်ကောင်းသည်။ ကျိုးသာ့လေဆိုတာကတော့ ပြောကိုမနေပါနဲ့တော့ ၊ တကယ်တော့ ကနေသည်မှာပရမ်းပတာနဲ့ပေမယ့် သူ့ကိုယ်သူတော့ မဆိုးလှဟုထင်နေရှာလေသည်။


အဆုံးသတ်ကတော့ဖြင့် စင်ထက်၌ သုံးယောက်သားဟာဆိုလျှင် အတူတကွနဲ့ ရမ်းသမ်းကကြတော့သည်။ ကကွက်တွေကိုလည်း မမှတ်မိတော့ဘဲရှိလျက် သုံးယောက်သားမှာ အမျိုးမျိုးသောပုံစံတွေဖြင့် တစ်ယောက်ကိုတစ်ယောက်ဝင်တိုက်မိကုန်ကြလေသည်။ မင်းအထင်မှာကြ ငါကလာနှောက်ယှက်တာ  ၊ ငါ့အထင်မှာတော့ မင်းကလာပြီး ငါ့လှုပ်ရှားမှုတွေကိုကန့်သတ်နေတာပဲ ဆိုပြီးလည်း အချင်းချင်းမသင်္ကာကြချေ။



ရှဲ့ယွီသည် နောက်တစ်နေ့ကျောင်းတက်တော့မှ လက်သည်းဆိုးဆေးမဖျက်ရသေးသည်ကိုသတိရသည်။


ကျိုးသာ့လေကတော့ သာလို့ပင်ဆိုးသေး၏ ၊ အင်တာနက်ဆိုင်၌ ပြိုင်ပွဲအသေးစားလေးရှိပြီး ပုံမှန်အတိုင်းပင် သူ့အတိုင်းအတာနဲ့သူ livestream လုပ်ရသည်။ ထိုနေ့ည၌ ခန့်မှန်းချေ လူသုံး/လေးသောင်းခန့်ဟာဆိုလျှင်သူ့၏အနက်ရောင်လက်သည်းဆိုးဆေးဆိုးထားသည့် လက်တစ်ဖက်က mouseကိုကိုင်ကာ ကျန်ဆိုးထားသည့်လက်ငါးချောင်းကလည်း ကီးဘုတ်ကိုအဆက်မပြတ်ခေါက်လျက်ရှိသည်ကို မြင်တွေ့ကြရလေတော့သည်။



ဒါတွေက သိပ်တော့အရေးမကြီးလှသေး ၊ ရှဲ့ယွီဒါ့ထက်ပိုပြီး အလေးထားမိသည့်အရာမှာ သာ့မေတစ်ယောက်ထွက်သွားပြီဖြစ်သည့်တိုင် ထိုမိန်းကလေးက ဘယ်တစ်ယောက်လဲဆိုတာကို သူတို့မသိလိုက်ကြရတာကိုပင်ဖြစ်သည်။


ကျိုးသာ့လေမှာ စီးကရက်ဖွာရင်းမှ သုံးသပ်ပြလို့လာ၏။


"တကယ် ဖြစ်နိုင်မယ့်ဟာကို ငါရဲရဲကြီးခန့်မှန်းကြည့်မယ်ကွာ ၊ မင်းပြောကြည့် သာ့မေတစ်ယောက် သက်လတ်ပိုင်းအန်တီကြီးတစ်ယောက်ယောက်ကိုများ ချစ်မိသွားခဲ့တာများလား? ပြီးငါတို့ရဲ့ ဒေသခံအဖွဲ့ထဲကပဲလေ ၊ ဒါပေမယ့် သူကရှက်နေတော့ ငါတို့သူ့ကို မနှစ်မြို့တဲ့အကြည့်တွေနဲ့ ကြည့်မှာကိုလည်း ကြောက်တာနဲ့. . .  . . . FUCK ၊ ဒီအတိုင်းသာ တကယ်ဆိုလိုရှိရင်တော့ တော်တော်ကိုဘောင်ကျော်သွားပြီပဲ. . .  . . . ဒါပေမယ့် မဟုတ်ဘူးဆိုပြန်ရင်ကြလည်း အဲ့တာကယုတ္တိမတန်ဘူးဖြစ်ပြန်ရောပဲ ၊ စင်အောက်မှာက မိန်းကလေးငယ်ဆိုလို့တစ်ယောက်မှမှမရှိတဲ့ဟာ။"



ရှဲ့ယွီမှာ အဲ့လောက်အသေးစိတ်ကြီးမပြောပြပေမယ့် ဟယ့်ကျောင်းမှာ လိုရင်းကိုတော့နားလည်ပုံရကာ ခေါင်းတညိတ်ညိတ်နဲ့ရှိသည်။


"ဪ. . .  . . . စတိတ်စင်ရဲ့အကျိုးဆက်ကိုး။"


သူ့ရဲ့ လေသံမှာ သိသာလွန်းနေတာကြောင့် ရှဲ့ယွီကဆိုလိုက်၏။


"မင်းကြည့်ရတာ စိတ်ပျက်သွားတယ်နဲ့တူတယ်။"


ဟယ့်ကျောင်းကပြောသည်။


"အင်း. . . နည်းနည်းပေါ့။"



ရွှီရှာက အတန်းပြီးပြီဟုကြေညာချိန်မှာတော့ အားလုံးပဲပစ္စည်းတွေအမြန်သိမ်းကာ ထွက်ကြလေသည်။


အခြားအတန်းက ယောက်ျားလေးသုံး/လေးယောက်ခန့်ကတော့ အခန်း(3)၏အပေါက်ဝနားရပ်၍ ဟီးဟီးဟားဟားလုပ်နေကြရင်းမှ ကျောင်းဆင်းပြီလည်းဆိုရော ပြတင်းပေါက်ကိုဆွဲဖွင့်လိုက်လျက် ပြတင်းဘောင်ပေါ်ကိုမှီရင်း လှမ်းအော်လို့လာသည်။


"---  --- အစ်ကိုကျောင်း ၊ ဘတ်စကက်ဘောသွားကစားကြရအောင်။"



ယေဘုယျအားဖြင့်ဆိုရလျှင်တော့ ဟယ့်ကျောင်း၏ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရေးမှာ သိပ်မဆိုးလှချေ။


ဆိုးဆိုးသွမ်းသွမ်းအကျင့်စရိုက်ရှိသူများနှင့်ဆို သူကပိုလို့တောင်လွယ်လွယ်ကူကူပေါင်းသင်းတတ်၏။ ခေါင်းဆောင်ကြီး/ဆရာကြီးဆိုပြီး နာမည်ဂုဏ်သတင်းမွှေးသော်ငြားလည်း အထက်တန်းပထမနှစ်က ယောက်ျားလေးအုပ်စုနဲ့ကြ ဆက်ဆံရေးခိုင်မာကောင်းမွန်လှပေသည်။ အမြဲလိုလိုပင် ချ်ိန်း၍ ဘတ်စကက်ဘောကစားတာတို့ ၊ အင်တာနက်ဆိုင်သွားဂိမ်းကစားတာတို့လုပ်ဖြစ်ကြသည်။



ရှိန်ကျယ်တစ်ယောက်လည်းပါဝင်ပြီး ရွှီရှာအပြင်ထွက်လို့သွားသည်နှင့် သူ့အားအေးစက်စက်လှမ်းကြည့်လို့လာခဲ့သည်။ ရှိန်ကျယ်သည် အစကတော့ 'သွားမယ် ဘတ်စကက်ဘောကစားရအောင်' ဟူ၍ပြောမလို့ပေမယ့် ပါးစပ်ဝမှာတင် ပါးနပ်စွာဖြင့် ခပ်မာမာပြောင်း၍ထွက်ဆိုလိုက်သည်။


"---  --- ငါမကစားတော့ဘူး ၊ ငါမင်းတို့ကစားတာပဲ ကြည့်တော့မယ် ၊ ဗိုက်ကအခုထိကို နည်းနည်းနာနေတုန်းပဲမို့။"


(ရှိန်ကျယ် = မျက်မှန်းဝိုင်း မမှတ်မိကြမှာစိုးလို့ပါ updateကမှန်တာဆိုတော့😂)


ဟယ့်ကျောင်းကို ကြည့်ရသည်မှာ စိတ်အခြေအနေကောင်းနေပုံရကာ နေရာတွင်ထိုင်နေလျက်မှ နောက်ကိုမှီချလိုက်ရင်း သူတို့ထံလက်လှမ်းပြလာ၏။


"သွားတာပေါ့ ၊ ကွင်းမှာဆုံမယ်။"


သူသည် ပြောပြီးနောက်တွင်တော့ ခေါင်းငုံ့လို့ ဘောင်းဘီအိတ်ကပ်တွင်းမှ maskကိုထုတ်ပြီး မျက်နှာထက်တပ်မည်ပြုပြီးကာမှ ဘာကိုသတိရသွားသည်မသိ ၊ လှုပ်ရှားမှုတို့

ခဏကြာရပ်တန့်သွားပြီး လှမ်းကာမေးလို့လာသည်။


"ဘတ်စကက်ဘောအတူဆော့မလား?"



ရှဲ့ယွီသည် ထရပ်လိုက်လျက် ထွက်မည်ပြုရင်းမှ. .


"မဆော့ဘူး။"



ဟယ့်ကျောင်းသည် ပုခုံးကိုတွန့်လျက် ဘာစကားမှထက်မဆိုတော့ချေ။



ရှဲ့ယွီအပေါက်ဝနားသို့ရောက်သည့်အခါမှ ဟယ့်ကျောင်းက ရုတ်တရက်ဆိုသလို အနောက်ကနေပြီး သူ့နာမည်အားလှမ်း၍ခေါ်လာ၏။


"ရှဲ့ယွီ?"


ရှဲ့ယွီကလှည့်လာကာ တံခါးပေါက်ကိုမှီထားရင်းမှ သူ့အားလှမ်းကြည့်လို့လာသည်။ မျက်နှာထက်၌ 'ပြောမှာဖြင့်မြန်မြန်ပြော' ၊ 'မင်းမတအားရှုပ်တာပဲ' စသည်တို့ထင်ဟပ်လို့နေသည်။


ဟယ့်ကျောင်းမှာ maskတပ်လို့ပြီးလျက်မှ. .


"ဘာမှမဟုတ်ဘူး ၊ ထုံကျောအသစ်ရဲ့နာမည်ကို ရင်းနှီးနေအောင်လို့။"



". . . . . ."


ဟယ့်ကျောင်းသည် ထပ်မံဆိုလာခဲ့ပြန်သည်။


"ထုံကျော ၊ နောက်ကိုအများကြီးဂရုစိုက်ပေးပါဦး။"


(T/N : ထုံကျော/同桌 = deskmate အတန်းထဲမှာတစ်စားပွဲတည်း ဘေးနားအတူထိုင်တဲ့သူ။)



ည(၆)နာရီခန့်၌ ကုရွှယ်လန်သည် ရှဲ့ယွီထံဖုန်းဆက်လို့လာသည်။


"ညစာစားပြီးပြီလား? ဒီနေ့ဆရာတွေ အတန်းဖော်တွေနဲ့ရော တွေ့ခဲ့ပြီးပြီလား?"


ကုရွှယ်လန်မှာ မေး၍လာသည်။


"ထုံကျောကရော ဘယ်လိုနေလဲ?"


ရှဲ့ယွီသည် ပထမနှစ်အစမှာတုန်းကတော့ အတူထိုင်တဲ့သူရှိခဲ့ဖူးသည် ၊ သို့တိုင်းနောက်ပိုင်း နာမည်ကတစ်ဖြည်းဖြည်းဆိုး၍လာချိန်မှာတော့ ဆရာကသူ့အား အထူးနေရာတစ်ခုသတ်မှတ်လို့ပေးပြီး တစ်ယောက်တည်းသာအထိုင်ခိုင်းတော့သည်။ ကုရွှယ်လန်မှာ ဘယ်သူ့စီကနေကြားလာခဲ့သည်မသိရ ၊ သူ ယခုဒုတိယနှစ်၌ ထုံကျောတစ်ယောက်ရှိသည်လည်းဆိုရော ချက်ချင်းကိုဖုန်းဆက်မေး၍လာတော့သည်။


ရှဲ့ယွီသည် စိတ်ထဲကနေတော့ - . . .  . . . ဘယ်လိုမှမနေပါဘူးဟု ပြောမိရပေမယ့် အလုပ်ရှုပ်သက်သာအောင် ပါးစပ်ထဲရှိရာသာဖြေလိုက်တော့သည်။


"အဆင်ပြေပါတယ် ၊ ဖော်ရွေပြီး အားကစားဝါသနာပါတယ် ၊ အဆင့်မကောင်းတာလေးတစ်ခုပဲ။"



ကုရွှယ်လန်မှာ စာမေးပွဲဖြေလေတိုင်း နောက်ဆုံးပိတ်ရတတ်သည့် သူမ၏သားက ထုံကျောအသစ်အဆင့်မကောင်းသည့်အပေါ် မှာကြ ဘယ်လိုဖြစ်လို့ အထင်သေးကာနေမှန်း နာမလည်နိုင်အောင်ရှိရ၏။


သူမသည် ပြောပြီးတာတွေကိုပဲ ထပ်ခါထပ်ခါပြောလာပြန်သည် ၊ အဓိကကတော့ ပြဿနာမရှာဖို့ ၊ စာကောင်းကောင်းလုပ်ဆိုတာတွေပင်ဖြစ်သည်။ ရှဲ့ယွီသည်လည်း 'အင်း' တစ်လုံးသာလိုက်ပြီး ကျန်တာဘာစကားမှမဆိုမိ။


"ဒါဆို မား မင်းကိုမပြောတော့ဘူးနော်. ."


ကုရွှယ်လန်က ဆိုလာသည်။


"မင်း ကိုယ့်ကိုယ်ကိုယ်စဉ်းစား ၊ မားလည်း မင်းကိုထိန်းကွပ်ပေးနိုင်တော့တာမဟုတ်ဘူး ၊ မင်းလည်းအရွယ်ရောက်လာပြီဆိုတော့. . .  . . . ဘာလုပ်လုပ် တဇွတ်ထိုးတွေထပ်မလုပ်တော့နဲ့။"


"အင်း ၊ မားလည်းစောစောအနားယူ။"



ရှဲ့ယွီကတော့ ဘာပြဿနာမှမရှိ ၊ သို့တိုင် သူ့ရဲ့ဖော်ရွေပြီး အားကစားဝါသနာပါတဲ့ ထုံကျောအသစ်ကတော့ဖြင့် ကျောင်းစဖွင့်သည့့် ပထမဆုံးရက်မှာပင် ဗြောင်းဆန်အောင်ဗရုတ်ကျလျက်ရှိသည်။


. . .  . . . အရေကတော့ထူချက်ပင်။


အားကစားကွင်း၌ ဘတ်စကက်ဘောသွားကစားရာကနေပြီး နှစ်တိုင်းလိုလို အဆင့်ဆိုလည်းရှေ့ဆုံးကဖြင့် Top3ဝင်တတ်သည့်ကျောင်းသားအား သွားလို့ရိုက်နှက်လေသည်။



ရွှီရှာသည် ဌာနမှူးရုံးခန်းတွင်းမှ ထွက်လို့လာပြီးနောက်မှာတော့ ဒေါသကငယ်ထိပ်သို့ရောက်လျက်ရှိ၏။ သူမယခုလိုမျိုး ပြစ်တင်ပြောဆိုခြင်း မခံရသည်မှာ အတော်ပင်ကြာခဲ့လေပြီ။ ကျောင်းစဖွင့်တဲ့ ပထမဦးဆုံးရက်မှာတင်ကို ဒီလိုကိစ္စမျိုးဖြစ်တာကြောင့်လည်း သူမအားအတန်းကိုဘယ်လိုထိန်းတာလဲ ၊ ကျောင်းသားတွေကို ဘယ်လိုထိန်းလဲဟူ၍အမေးခံရသည်။ သူမမှာထိုနေရာ၌ ခေါင်းငုံလျက်ဖြင့်သာ အတော်ကြာအောင်ရပ်နေမိရလေသည်။ ရှက်တာလား ၊ ဒေါသထွက်တာပေလားတော့မသိ မျက်နှာမှာမည်းတစ်လှည့် ရဲတစ်လှည့်ဖြင့်ရှိသည်။ ရုံးခန်းတွင်းပြန်ရောက်တာနဲ့ သင်ကြားရေးစာအုပ်တွေကို စားပွဲထက်ခပ်ကြမ်းကြမ်းပစ်ချပစ်လိုက်တော့၏။


အခြားဆရာများမှာ ထိုလုပ်ရပ်ကြောင့် လန့်ဖျန့်သွားခဲ့ကြပြီး လှည့်လို့ကြည့်လာကြသည်။ ဆရာမရွှီမျက်နှာကပျက်လျက်ရှိသည်ကို တွေ့ကြတော့ ဘာဖြစ်လို့ဆိုတာကိုပင် ချက်ချင်းမမေးဝံ့ကြဘဲရှိ၏။


အံကိုက်ဆိုသလို လျှိုချွိင်ဟောက်က မိဘလက်မှတ်ထိုးပြီးသားအကြောင်းကြားစာတို့ကို လာလို့အပ်သည်။ ရွှီရှာမှာ ဒေါသကြောင့် မျက်နှာထိမျက်နှာထားဖြင့် အေးစက်စက်ဆိုလိုက်ပါ၏။


"ဟယ့်ကျောင်း အတန်းထဲမှာရှိလား ၊ မင်း သူ့ကိုဒီလွှတ်လိုက်။"



လျှိုချွိင်ဟောက်မှာ စိတ်ထဲမှာတော့ အတော်လေးကြောက်နေမိရသည်။ အားလုံး၏ပြောကြားချက်အရတော့ အနောက်ဆောင်ရှဲ့ယွီက ပိုလို့ကြောက်ဖို့ကောင်းပြီး တစ်ယောက်တည်းနေကာ မာနလည်းအလွန်းကြီးသည်ဆို၏ ၊ အရှေ့ဆောင်ကတစ်ယောက်ကကြပိုပြီး ကျိုးကြောင်းဆင်ခြင်တတ်လျက် စိတ်ဝင်စားဖို့လည်းအတော်ကောင်းသည် ဆိုကြသော်ငြားလည်း. . .


သူကတော့ ဟယ့်ကျောင်းကို ပိုလို့ပင်ကြောက်သေး၏။



ဟယ့်ကျောင်းရန်ဖြစ်သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ဖူးတာကြောင့်ပင်။



ထိုတုန်းက သူပထမနှစ်ပဲရှိသေးသည် ၊ အတန်းတက်နေစဉ်အတွင်း ဗိုက်ကဒုက္ခပေးလို့လာတာနဲ့ပဲ လက်ထောင်၍ဆရာကိုခွင့်တောင်ပြီး တစ်ရှူးဆွဲကာ အိမ်သာသို့ပြေးခဲ့ရလေသည်။ အပြေးရောက်သွားကာမှ အိမ်သာပေါက်ဝ၌ 'ပြင်ဆင်နေစဲ' ဆိုသည့်ဆိုင်းဘုတ်ချထားသည်ကိုတွေ့သည်။


ဒီလိုနဲ့ အောက်ထပ်ကအိမ်သာမှာပဲ သူ့ကိစ္စကိုဖြေရှင်းမယ်ဆိုပြီး သွားတော့မယ်ကြမှ အိမ်သာခန်းအတွင်းကနေ တစ်စုံတစ်ယောက်၏ ငိုယိုပြီး တောင်းပန်နေသံအားကြားလိုက်ရလေသည်။


"ကျွန်တော်မှားသွားပါတယ်. . .  . . . ကျွန်တော့်ကိုမရိုက်ပါနဲ့ ၊ ကျွန်တော်မှားပါတယ်. . .  . . ."


လျှိုချွိင်ဟောက်မှာ တုံ့ခနဲဖြစ်သွားပြီးနောက် ခြေတစ်လှမ်းလှမ်းလို့ဝင်လိုက်ပြီး သတိကလေးနဲ့အထဲသို့တစ်ချက်လှမ်းကာကြည့်လိုက်သည်။




ဟယ့်ကျောင်းသည် စီးကရက်အား လက်ကြား၌ညှပ်လို့ထားပြီး အောက်တွင်ဒူးထောက်ကာနေသည့်ကောင်လေး၏ရှေ့၌မတ်မတ်ရပ်လျက်ရှိသည်။


ဟယ့်ကျောင်းသည် ကိုယ်ပေါ်တွင်တော့ ကျောင်းဝတ်စုံကို စည်းကမ်းတကျဝတ်ဆင်လို့ထားသော်ငြား ထိုစည်းကမ်းတကျဆိုသည့်စကားလုံးလေးလုံးဟာဆိုလျှင် သူလိုလူနှင့်လားလားသော်မျှမအပ်စပ်ချေ။ ဟယ့်ကျောင်းသည် မျက်ဝန်းတို့ကိုမှေးကျဉ်းလျက်မှ ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်၏။ ပြုံးရယ်လို့မနေသည့်အချိန်၌ဆို အရိုးထဲထိတိုင်အောင် အေးခဲမတက်သွင်ပြင်ရှိချေသည်။ နောက်ပြီး အလွန်တရာမှ ကြီးစိုးဖိနှိပ်နိုင်စွမ်းရှိကာ နိုင်လိုမင်းထက်ပြုမူသည့်ပုံစံမျိုးရှိ၏။


---  --- ပုံမှန်မြင်တွေ့နေကြ သူ့ရဲ့ရွှတ်နောက်နောက်ဖြင့် အပြုံးလေးနှင့်စကားဆိုတတ်သည့် ပုံစံမျိုးနဲ့များဆို လုံးဝဥဿုံကိုမှကွဲထွက်လျက်ရှိချေသည်။


သူသည် ဆေးလိပ်ပြာတို့ကိုဆတ်ခနဲတောက်ချလိုက်၏ ၊ မျက်ဝန်းတစ်စုံမှာမှုန်မှိုင်းရီဝေလျက်ရှိသည်။ ထို့နောက်တွင်တော့ သူသည်ဆောင့်ကြောင့်ထိုင်ချလာလျက် ချက်ချင်းပင်ထိုတစ်ယောက်၏ဆံပင်တွေကိုစုကိုင်ကာ ခေါင်းကိုဆွဲမော့ပစ်လိုက်ပါ၏။


"သတ္တိတယ်ရှိတယ်ပေါ့လေ?"


_______________



rate now: