book

Index 10

အခန်း (၇)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

မျိုးရိုးက ဟယ့် နာမည်က ကျောင်း ၊  Zhuo နဲ့ Yue ပေါင်းထားတဲ့ Zhāo


တအား ပွဲရှာကြတာပါလား။


ကိုယ့်သဘောထားကိုယ် အသံနေအသံထားနဲ့ပြောနေကြပုံအား နားထောင်မိ၏။


နှစ်ဖွဲ့လုံးမှာ တစ်ပြိုင်တည်းပင် အားနှင့်အင်နှင့်ထိုးကြိတ်လို့လာလျက် အညှာအတာကင်းစွာချကြလေသည်။ ကျိုးသာ့လေသည် ဆန္ဒပြင်းပြစွာဖြင့် အပေါ်ထပ်အကျႌအားချွတ်လျက် လက်မောင်းကြွက်သားတို့ကိုလှစ်ဟပြ၍ ကိုယ်ခန္ဓာအတွင်းရှိ အားအင်တွေအကုန်လောင်ကျွမ်းသွားစေကာ ထိုလူတို့အား သူ၏ဂိတ်ဆုံးနေပြီဖြစ်သည့် ဒေါသကို သိရှိစေလိုက်သည်။


"ငါ့လက်နက်ကိုလာလုတယ်ပေါ့ ၊ လာလုစမ်းပါ ၊ မင်းကို ငါ့လက်နက်လာလုခိုင်းနေတယ်လေ!"


"မလုဘူး ၊ ဒါကိုလုတယ်ခေါ်နိုင်လို့လား? ငါတို့လောက်အရည်အချင်းမရှိလို့လို့သာ ဝန်ခံလိုက်စမ်းပါ ၊ Fxxk. .  မျက်နှာကိုမရိုက်နဲ့!"


ထိုသို့ပရမ်းပတာအခြေအနေကြား၌. . .


ရှဲ့ယွီ၏ အကြည့်တို့မှာတော့ မကြာမီကပင်အငြင်းပွားထားပြီး ကြည့်ရသည်မှာ ခေါင်းဆောင်အရှိန်အဝါတို့အပြည့်လွှမ်းလျက်ရှိပါသည့် maskနဲ့လူရွယ်ထံ၌တွင်သာရှိ၏။ ထိုသူမှာ အသံပင်မထွက်ပဲ ချောင်ခိုလျက်ရှိနေပြီး ကိုယ့်ကိစ္စနှင့်မဆိုင်သလိုပင် ပွဲဖြစ်ရာနေရာမှ ထွက်ခွာလို့လာချေသည်။ ချောင်ခိုတဲ့အရည်အချင်းတို့ ပြောင်မြောက်လျက်ရှိသည်မှာ သူတိတ်တိတ်ကလေးလစ်ထွက်လာသည်ကိုဖြင့် မည်သူမှမသိရှိလိုက်ကြပေ။


ထိုရုတ်ရုတ်သဲသဲကြားမှ ထွက်ခွာလာရင်းကို သူသည်လက်ကိုမြှောက်၍ ဆံပင်ကိုသေသပ်အောင်ပြင်လိုက်သေး၏။


ရုပ်ရည်အား အလွန်အလေးထားလွန်းပေသည်။


". . . . . ."



နွေရာသီကြီးမှာကို ဤလူကတော့ အကျႌရှည်၊ ဘောင်းဘီရှည်တို့ကိုဝတ်ကာထားပြီး မျက်နှာထက်၌လည်း နှာခေါင်းစည်းတပ်ထားသေးသည့်အတွက် ပုံပန်းသွင်ပြင်ကိုမူ ရှင်းလင်းပြတ်သားစွာမမြင်ရချေ။


သူသည်လည်း သစ်ပင်ရိပ်အောက်သာသွားနေချင်သည်မို့ ဘေးဘီဝဲယာအားရှာကြည့်လိုက်ပါ၏။ ဤသို့ဖြင့် ရှဲ့ယွီရပ်လျက်ရှိပါသည့် ထိုနေရာလေးတစ်နေရာသည်သာ နေရောင်မရဘဲရှိသည့်အခါ ရှဲ့ယွီ၏ဘေး၌ ခပ်မြန်မြန်ပင်လူတစ်ယောက်ပိုလာခဲ့လေသည်။


နှာခေါင်းစည်းမှာ အတော်လေးအရပ်ရှည်လှပြီး ရှဲ့ယွီထက် ခေါင်းတစ်ဝက်စာမျှရှည်၏။


သူနှင့် ရှဲ့ယွီသည် ဘေးချင်းယှဉ်ရပ်ရင်း ရန်ပွဲအားကြည့်နေမိသည်။ ထိုနောက်မှာတော့ ထိုသူသည် အေးအေးလူလူဖြင့် အိတ်ကပ်အတွင်းမှ lollipop တစ်ချောင်းအားထုတ်ယူလိုက်၏ ၊ ပန်းရောင်ကလေးဖြစ်ပြီး စတော်ဘယ်ရီအရသာ ကျိန်းကျစ်ပန့်တံဆိပ်ဖြစ်သည်။ သူသည် နှစ်ကြိမ်/သုံးကြိမ်မျှဖြင့် ချိုချဉ်အခွံကိုဖွင့်ဖောက်လိုက်ပါ၏ ၊ အပူချိန်မှာမြင့်မားလွန်းသဖြင့် ချိုချဉ်မှာအနည်းငယ်ပင်အရည်ပျော်ချင်ချင်ရှိသည်။ ရှဲ့ယွီမှာ လေထုအတွင်းပျံ့နှံ့လာလျက်ရှိသည့် ချိုအီအီရနံ့အား ရှုရှိုက်မိရလေသည်။


ထို့နောက်မှာတော့ ထိုလူသည် maskကိုဆွဲချလိုက်ပါ၏ ၊ အနက်ရောင်အစလေးမှာ မေးစေ့နားတစ်ဝိုက် လျှော့ရဲရဲချိတ်လျက်ရှိသည်။ သူသည် ထိုLollipop အားခဏမျှသာစားလေ၏ ၊ ချိုချဉ်စားရာ၌ စိတ်မရှည်လှစွာဖြင့် ခဏမျှအကြာတွင်တော့ ဝါးကာစားပစ်လိုက်တော့သည်။ အမှိုက်ပစ်ရန်အတွက် နေရာရှာဖို့လုပ်သည့်အချိန်ကြမှသာ သူသည် ဘေးနားတွင်ရပ်လျက်ရှိသည့်လူသည်လည်း မျက်နှာချင်းဆိုင်ရှိ လက်နက်လုနေကြသည့်အဖွဲ့ထဲက ကစားသမားဖြစ်နိုင်သည်ကို သတိထားမိလိုက်သည်။


ရှဲ့ယွီသည် မအောင့်အည်းနိုင်တော့သည့်အဆုံးမှာတော့ အမေးရှိလိုက်ပါ၏။


"ဘာကြည့်တာလဲ။"


တခြားသူအားခိုးကာစိုက်ကြည့်နေမိခိုက် တိုက်ရိုက်ဆိုသလိုအပြောခံလာရသည့်တိုင် ထိုလူကတော့ နည်းနည်းကလေးမှကသိကအောက်မဖြစ်ပေ ၊ သူသည် မျက်နှာအမူအရာလည်းပြောင်းသွားခြင်းမရှိဘဲ maskအားတဖန်ပြန်၍ပင့်တင်လိုက်သည်။ လက်ချောင်းတို့က maskအစအနားသတ်နှင့် ချိတ်ဆက်လျက်ရှိရာ ထိုအနက်ရောင်အစနှင့် လက်ချောင်းတို့မှာ သိသိသာသာပင် ဆန့်ကျင်ကွဲထွက်လျက်ရှိလေ၏။ အသားအရောင်ကိုကြည့်ရသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ပဲဖြူဥလျက်ရှိချေသည်။


"မင်းလည်း သူတို့ဘက်ကပဲလား?"


ရှဲ့ယွီသည် ပြောလိုက်၏။

"အဲ့တော့ဘာဖြစ်လဲ။"


နှာခေါင်းစည်းမှာ တစ်ခဏမျှစဉ်းစားပြီးနောက် ဆိုလာခဲ့သည်။


"သူငယ်ချင်း ၊ ချကြမလား?"


မျက်နှာချင်းဆိုင်ရှိ တိုက်ပွဲအခြေအနေမှာ အမှန်အတိုင်းဆိုရလျှင်ဖြင့် ရှဲ့ယွီအမြင်၌ မျက်နှာငယ်စရာ အတော်လေးကောင်းလှပြီး အရမ်းကြီးလည်း ဝင်မပါချင်ပဲရှိသည်။


"သူငယ်ချင်း ၊ အသက်ကိုတန်ဖိုးထားလို့ပဲ မင်းကိုအကြံပြုချင်တယ်။"


နှာခေါင်းစည်းသည် လက်ရှည်အင်္ကျီလက်အနားအား နှစ်ထပ်မျှထပ်ခေါက်လိုက်သည့်အခါ ရှည်သွယ်သွယ်လက်ကောက်ဝတ်မှာ လှစ်ဟ၍လာ၏။


"တိုက်ဆိုင်ချက်ပဲ ၊ ငါကစွန့်စားရတာကိုသိပ်ကြိုက်တာ။"


နှစ်ချီခန့်ချကြပြီးသည့်နောက်တွင်တော့ ထိုလူ၏အရည်အချင်းက အံ့သြစရာကောင်းလောက်အောက် မဆိုးလှပဲရှိကြောင်း ရှဲ့ယွီဝန်ခံရပေမည်။


ကိုယ်နေဟန်ထားကလည်း အလွန်မှပေါ့ပါးဖျတ်လတ်ကာ တစ်ချက်တည်းနဲ့ကို လျင်မြန်သည် ၊ ပြင်းထန်သည် ၊ တိကျသေချာလွန်းလှပေသည်။ သတိမမူစွာဖြင့် တစ်ခဏမျှနှောင့်နှေးသွားမိရင်တော့ အရိုးထိတိုင်နာကျင်ခံစားသွားရနိုင်လေသည်။


ရှဲ့ယွီသည် ငယ်စဉ်ကတည်းက လူအများနဲ့ ချကြသတ်ကြရာမှာ အတွေ့အကြုံရနေပြီဖြစ်သည်။ ငယ်ရွယ်စဉ်တုန်းကတော့ များစွာအချခံရပြီး အသက်(၁၀)နှစ်နောက်ပိုင်းတွင်မူကား များသောအားဖြင့် သူသည်သာ အခြားသူများကိုတိုက်ခိုက်သူဖြစ်လာခဲ့သည်။ တစ်ပါးသူထံမှဖိနှိပ်ခြင်းခံရသည့် အတွေ့အကြုံမျိုးကတော့ ရှားတောင့်ရှားခဲပင်ဖြစ်လေသည်။


သို့ပေမယ့်လည်း တဒင်္ဂအတွင်း ကျွမ်းကျင်လှစွာဖြင့် ရှဲ့ယွီသည် နှာခေါင်းစည်းအား ခြေထိုးခံလိုက်ပြီးနောက်တွင်တော့ နှစ်ဦးသား၏တိုက်ပွဲမှာ မြေပြင်ထက်သို့ပြောင်းလဲရောက်ရှိလို့သွား၏။ နှာခေါင်းစည်းမှာ အချိန်အတော်ကြာကာမှပဲ ရှဲ့ယွီ၏လက်မောင်းအား ချုပ်ထားနိုင်တော့သည်။ သူသည်ရှဲ့ယွီ၏အောက်မှ ထဖို့ရန်ကြိုးစားသည့်တိုင် ချက်ချင်းဆိုသလို ရှဲ့ယွီ၏ဒူးခေါင်းက သူ့ဝမ်းဗိုက်အားဖိကာထားလေသည်။


"ခဏလေး--- ---"


နှာခေါင်းစည်းက ဆိုလာသည်။


"ဒီနေ့ရဲ့ မြေပြင်အပူချိန်ကဘယ်လောက်ရှိလဲ မင်းသိရောသိရဲ့လား?"


ဒီရက်ပိုင်းအတွင်း အပူချိန်အမြင့်ဆုံးနဲ့ အနီရောင်အဆင့်ဟု သတိပေးကြေငြာထားသော်ငြား နေ့တိုင်းဆိုသလို မြေပြင်ထက် ကြက်ဥကိုမကျက်တကျက်ပြုတ် စမ်းသပ်ကြည့်ချင်ကြတဲ့ လူတွေလည်းရှိလို့နေပါသည်။ မင်းလိုအရွယ်ရောက်ယောက်ျားတစ်ယောက်က အဲ့လောက်တော့မနုနယ်လောက်ပါဘူး? ဟူ၍သာရှဲ့ယွီကပြောလိုက်ချင်တော့သည်။


ရှဲ့ယွီ အာရုံလွှင့်သွားမိချိန်မှာတော့ နှာခေါင်းစည်းသည် ချက်ချင်းဆိုသလို သူ့ကိုတွန်းဖိလျက် ကိုယ်ကိုတစ်ဖက်သို့လှည့်လိုက်ပါ၏။ နှစ်ဦးသား၏ အနေအထားမှာ တစ်ခဏအတွင်း ပြောင်း၍သွားလေတော့သည်။ နှာခေါင်းစည်းသည် မျက်ခုံးကိုပင့်လိုက်၏---  --- သူ၏မျက်ဝန်းတို့ကစူးရှကာ မျက်ခုံးနှင့်မျက်လုံးကြား နေရာလပ်ကလေးက ကျဉ်းမြောင်းလှပြီး မျက်ဝန်းအကြည့်မှာလည်း နက်နဲစူးရှလှပေသည်။


သူနှင့်က အလွန်မှနီးနီးကပ်ကပ်ရှိလှ၏ ၊ သူ၏လက်တစ်ဖက်က ရှဲ့ယွီ၏လည်ပင်းနားတစ်ဝိုက်၌ရှိလို့နေပြီး ဆိုလာခဲ့ချေသည်။


"အတော်လေးနွေးတယ် ၊ မင်းခံစားကြည့်ကြည့်။"


"မင်းဘိုးအေကို ခံစား။"


နှစ်ဦးသားမှာ မြေပြင်ထက်အကြိမ်ပေါင်းများစွာတော့ ခုခံမနေနိုင်ကြပဲရှိသည်။


ရှဲ့ယွီသည် ရုတ်တရက်ကြီး ကိုယ်ပေါ်ကပေါ့သွားသလိုခံစားလိုက်ရ၏။ တစ်ချက်ကြည့်လိုက်သည့်အခါမှာတော့ နှာခေါင်းစည်းသည် ခပ်မြန်မြန်ပင် သူ့ကိုယ်ထက်ကနေထလို့လာပြီး အင်္ကျီဘောင်းဘီထက်က ဖုန်မှုန့်တွေအား ခါချကာနေလေသည်။ ထို့နောက်မှာတော့ သူ့ထံလက်ကမ်းပေးလို့လာပြီး သူ့အားဆွဲ၍ထူလျက်မှ ပေါက်ကရတွေပြောလာခဲ့သည်။


". . . . . . သူငယ်ချင်း ၊ မင်းဘာလို့ သတိလေးဘာလေးမထားရတာလဲ ၊ မြေပြန့်ပေါ်ကိုတောင် ခလုတ်ကတိုက်သေးတယ် ၊ လမ်းလျှောက်ရင် ဂရုလေးစိုက်လျှောက်မှပေါ့ ၊ ဒီလိုပုံစံနဲ့သာဆို မင်းကို ပန်းခြံထဲတစ်ယောက်တည်း လမ်းလျှောက်လွှတ်ဖို့ ကိုယ်ဘယ်လိုစိတ်ချတော့မလဲ။"


ရှဲ့ယွီသည် ထိုကဲ့သို့လုပ်ရပ်မျိုးအား တကယ်ကိုနားမလည်ပဲရှိ၏။


"မင်းကအရူးလား?"


နှာခေါင်းစည်းက ဆိုလာ၏။


"မင်းသာအရူး။"


ပြောပြီးနောက်တွင်တော့ နှာခေါင်းစည်းသည် မျက်နှာချင်းဆိုင်ဘက်သို့ လှမ်းကာအော်ပြောလေတော့သည်။


"ရပ်ကြ---  --- မသတ်ကြနဲ့တော့ ၊ ရဲလာနေပြီ။"


ထိုအချိန်ကြမှပဲ ရှဲ့ယွီသည် ရဲကားသံသဲ့သဲ့အားကြားမိရလေသည်။ တစ်ပြိုင်နက်တည်းမှာပင် မျက်နှာချင်းဆိုင်လမ်းမကြီးကနေ ငါးယောက်/ခြောက်ယောက်ခန့်ရှိ ရဲတွေမှာဝတ်စုံပြည့်ဖြင့် ကားထက်မှတစ်ယောက်ပြီးတစ်ယောက်ဆင်း၍လာကြသည်။ လမ်းတစ်ဖက်ကနေပြီး လက်ညှိုးထိုးလျက် အော်ပြောလို့လာပါ၏။


"ဒူးထောက်! လက်နှစ်ဘက်ကိုခေါင်းပေါ်တင်ထား! မလှုပ်ကြနဲ့! အုပ်စုဖွဲ့ချကြတယ်ပေါ့! တယ်သတ္တိကောင်းကြပါလား ဟမ်!"


သူတို့နှစ်ဦးမှာ အုပ်စုဖွဲ့ရန်ပွဲဖြစ်ရာနေရာနှင့် အနည်းငယ်မျှလှမ်း၏။ ထို့အပြင်ကို နှာခေါင်းစည်း၏ တုံ့ပြန်ချက်မှာလည်း မြန်ဆန်လှပေ၏ ၊ ရဲတွေကားပေါ်မှဆင်းမလာသေးခင်မှာပင် ရှဲ့ယွီအားဆွဲထူ၍ထစေလိုက်သည်။ ရဲတွေမှာတော့ သစ်ပင်ရိပ်အောက် အေးအေးလူလူနေရင်း တစ်ယောက်ချင်းယှဉ်ချနေကြသော ပိုက်ကွန်မှလွတ်နေသည့် ငါးနှစ်ကောင်ရှိသည်ကိုဖြင့် သတိမမူမိကြပေ။


နှာခေါင်းစည်းသည် ရှဲ့ယွီ၏ပုခုံးထက်လက်တင်လိုက်သည်။ နှစ်ဦးသားမှာ အဝေးကနေကြည့်မည်ဆို မနက်(၁၀)နာရီခွဲ၌ ပန်းခြံပတ်လမ်းလျှောက်နေကြသည့် ညီအစ်ကိုတွေလိုလိုရှိနေကြသည်။


"ကျေးဇူးတင်ဖို့မလိုဘူး ၊ ငါ့နားက အတော်လေးပါးတယ် ၊ ဒီလိုလုပ် ၊ ငါတို့ထွက်ဆိုချက်လေးလုပ်ကြရအောင် ၊ မင်းက ဘယ်လိုအထောက်အထားမျိုးလိုချင်လဲ? ငါကကြတော့ မနက်စာစားတာများသွားလို့ ပန်းခြံကို အစာကြေအောင်လမ်းလာလျှောက်တဲ့ အပြစ်မရှိတဲ့လူပေါ့ကွာ။"


ရှဲ့ယွီသည် အေးစက်စက်ဆိုလိုက်၏။


"ငါ မင်းအတွက်ပူပေးဖို့အာရုံမလာဘူး။"


နှာခေါင်းစည်း - ". . . . . ."


ရှဲ့ယွီသည် ထပ်မံပြောလိုက်ပါသည်။


"ရန်ထွက်ဖြစ်ပြီးမှ ရဲကိုကြောက်နေတယ်ပေါ့?"


"ကြောက်တာမဟုတ်ဘူး။"


နှာခေါင်းစည်းသည် ပုခုံးကိုတွန့်ပြလျက်မှ ဂရုမစိုက်ဟန်ဖြင့်ပြောလာခဲ့သည်။


"အလုပ်ရှုပ်လွန်းလို့။"


အစတုန်းမှာတော့ သူတို့နှစ်ဦးလုံးမှာ ကံကောင်းနေလျက်မှ ရဲတွေ လူဆယ်ယောက်ကျော်ခန့်အား ဆွဲခေါ်သွားသည်ကိုလိုက်ကြည့်နေမိလေသည်။ သို့တိုင် လူကလက်ခံပေမယ့် ဘုရားကတော့လက်မခံပါချေ။


ထိုအတွင်းကမှ စိတ်ဓာတ်ပိုင်းဆိုင်ရာချို့တဲ့လှသည့် အပေါင်းအပါတွေထဲမှတစ်ဦးမှာ စိတ်ဓာတ်ကျလျက်ရှိနေရင်းမှ သူသည်ဘယ်ကြည့် ညာကြည့်ဖြင့် သူတို့အစ်ကိုကြီးအားရှာလို့မတွေ့ပဲရှိနေလေသည်။ ခေါင်းကိုလှည့်၍ကြည့်မိချိန်ကြမှသာ အစ်ကိုကြီးဖြစ်သူမှာသစ်ပင်အောက်တွင်ရပ်လျက်ရှိလို့နေပါ၏။ ဤသို့ဖြင့် ခြေမကိုင်မိလက်မကိုင်မိ ပျာယာခတ်သွားမိပြီး ကြက်ပေါက်ကလေးက အမေကြက်မကြီးအားရှာနေသလိုမျိုး တစ်ချက်မျှလှမ်း၍အော်ခေါ်လိုက်မိလေတော့သည်။


"---  --- အစ်ကိုကျောင်း။"


". . . . . ."


ဟယ့်ကျောင်းသည် စိတ်ထဲကနေပြီး အခါတစ်သောင်းလောက်ဆဲဆိုပစ်လိုက်မိသွား၏။


ရှဲ့ယွီ : "အစ်ကိုကျောင်း? မင်းလား?"


ဟယ့်ကျောင်းက ပြောလိုက်သည်။


"ငါကမဟုတ်ပါဘူးပြောရင်ရော မင်းကယုံမှာမို့လို့လား။"


ရှဲ့ယွီသည် သူ့ပုခုံးထက်တင်ထားသည့် ဟယ့်ကျောင်း၏လက်အား ဆွဲဖယ်လိုက်သည်။ ညီအစ်ကိုလိုသရုပ်ဆောင်မည့် ပြဇာတ်ကတော့ ကန့်လန့်ကာချပြီးဆုံးလို့သွားချေပြီ။ ချက်ချင်းဆိုသလို သိကျွမ်းမှုမရှိပါကြောင်း ငြင်းပယ်ပစ်လိုက်၏။


"ယုံလားမယုံလား မင်း ရဲတွေကိုသာမေးသင့်တာ။"


ရဲတွေကတော့ သေချာပေါက်ကို မယုံကြည်ပဲရှိလေသည်။


မှားယွင်းစွပ်စွဲမိလျှင်တောင်မှ လွှတ်မပေးပဲရှိပြီး အတိုချုပ်ပြောရလျှင် အရင်ဖမ်းခေါ်သွားပြီးမှပဲ ထပ်မံစကားဆိုမည်ဖြစ်သည်။


ရဲသည် သူတို့နှစ်ဦးရှေ့မှောက်တွင်ရပ်လို့လာရင်း ဒီတစ်ယောက်ကိုကြည့် ဟိုတစ်ယောက်ကိုကြည့်နှင့် တစ်ခဏအတွင်း မည်သူက 'အစ်ကိုကျောင်း' ဖြစ်သည်ကိုမသေချာပဲရှိလေသည်။


"အစ်ကိုကျောင်းဆိုတာ ဘယ်သူလဲ?"


ဟယ့်ကျောင်းသည် ဦးစွာလှုပ်ရှားလာလျက် မိမိ၏ခေါ်တွင်ပါသော အမည်နာမအား အတည်ပြုပြောကြားလိုက်ပါသည်။


"ကျွန်တော် ၊ ကျွန်တော်ပါ။ မျိုးရိုးက ဟယ့် နာမည်က ကျောင်း ၊  Zhuo နဲ့ Yue ပေါင်းထားတဲ့ Zhāo(ကျောင်း)။"


(T/N : 卓+月 = 朝/Zhāo)


ရှဲ့ယွီမှာ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ဖို့ရာ မမှီလိုက်ပဲဖြစ်သွားခဲ့ရ၏။ သူတို့ကဘာမှမပတ်သက်ပါဘူးဟူ၍ မပြောလိုက်ရသေးခင်မှာပင် ဘေးတွင်ရှိသည့် မကြာခင်ကပဲသူ့အားမြေပြင်ထက်မှဆွဲထူလို့ပေးသည့် သူနှင့်နှုတ်တိုက်ထားချင်ပါသည်ဆိုသည့်လူမှာ သူ့အား ရဲအရာရှိနှင့်မိတ်ဆက်ပေး၍လာသည်။


"ရဲဦးဦး ၊ သူကတော့ ကျွန်တော့်ရဲ့ ရန်ဖြစ်ဖက်ပါ။"


ရှဲ့ယွီ - ". . . . . ."


ငါ မင်းကိုတကယ်ကြီးကျေးဇူးတင်ပါတယ်။


"တစ်ခါတည်းခေါ်သွားမယ် ၊ အကုန်လုံးကိုသာဖမ်းခေါ်ခဲ့ကြ!"


ရဲစခန်း၌. . .


သူတို့လူအရေအတွက်ကများလှ၏။ ၁၇/၁၈ယောက်ခန့်ရှိကာ တန်းစီ၍ဝင်ကြရသည်မှာ red carpet လျှောက်ရသကဲ့သို့ပင် အရှည်အတန်းလိုက်ကြီးဖြစ်သည်။ သတ်မှတ်ထားသည့်နေရာသို့ရောက်ချိန်မှာတော့ လူတွေကိုနှစ်တန်းခွဲလိုက်ကာ မျက်နှာချင်းဆိုင်ဒူးထောက်စေ၍ လက်အားခေါင်းထက်အတင်ခိုင်းစေသည်။ တီဗွီတွေထဲမှာတွေ့ရတတ်သည့် ပြစ်မှုကျူးလွန်သူတွေနှင့်ပင်တူနေရော့လေသည်။


ကျိုးသာ့လေမှာ အသစ်အဆန်းလိုလိုခံစားလို့နေမိရကာ ရှဲ့ယွီအားတံတောင်ဖြင့်လှမ်းကာတွက်လိုက်၏။


"လောင်ရှဲ့ ၊ အခုငါ့တို့က မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူတွေနဲ့ တူနေသလိုမျိုး မင်းခံစားမိမနေဘူလား ၊ ဒီလိုဆက်ဆံပုံမျိုးက---  --- ငါဖြင့်တီဗွီထဲမှာပဲ မြင်ဖူးတယ်။ စဉ်းစားကြည့်တော့ ဟေးရွှေလမ်းကရဲတွေက တကယ်ကိုဖော်ရွှေတာပဲ ၊ အနည်းဆုံးတော့ ထိုင်စရာပေးသေးတယ်။"


ရှဲ့ယွီ : "ထိုင်ခုံထက်ထိုင်ချင်သေးတယ်? စဉ်းစဉ်းစားစားလည်းလုပ်ဦး။"


ဟယ့်ကျောင်းသည် ရှဲ့ယွီမျက်နှာချင်းဆိုင်၌ ဒူးထောက်ကာနေရင်းမှ မအောင့်နိုင်တော့ဘဲ ရယ်ချပစ်လိုက်မိလေသည်။


အစည်းအဝေးစားပွဲ၏ အလည်တည့်တည့်၌ထိုင်လျက်ရှိသည့် ရဲအရာရှိသည် စားပွဲအားခေါက်လိုက်၏။


"ဘာလုပ်တာလဲ ၊ မင်းကိုယ်မင်း tea party ထဲဝင်လာတယ်လို့များ ထင်နေတာလား? ပြီးတော့မင်း ၊ ဘာကိုရယ်တာလဲ ၊ မျက်နှာပေါ်မှာလည်း ဘာမဟုတ်တာကတပ်ထားသေး ၊ ကိုယ်တိုင်လည်း ရှက်စရာကောင်းမှန်းသိရဲ့နဲ့ ၊ ချွတ်ထားစမ်း။"


ဟယ့်ကျောင်းသည် maskအားချွတ်ပေးလိုက်ပါ၏။


"မဟုတ်ဘူး ၊ ကျွန်တော်က ခရမ်းလွန်ရောင်ခြည်နဲ့ ဓာတ်မတည့်လို့။"


"ဒါနဲ့များတောင် မင်းကသူတို့နဲ့ပါပြီး ထွက်လာရန်ဖြစ်သေးတယ်ပေါ့။"


ဟယ့်ကျောင်းသည် ပြောလိုက်၏။


"မတက်နိုင်ဘူးလေ ၊ အဖွဲ့အတွက်ဆိုတော့။ တကယ်တော့ ကျွန်တော်က ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့သူက ၊ သတ်ဖြတ်ရတာတွေကိုမကြိုက်ဘူး။"


ကျိုးသာ့လေသည် ရှဲ့ယွီအားတံတောင်ဖြင့်ထပ်မံတွက်လိုက်ရင်း အောင့်အည်းထားသေးပေမယ့်လည်း တကယ်တမ်းကျမအောင့်နိုင်တော့ပဲ. . .


"Fxxk. .  ချောချက်ကြီးက။"


ရှဲ့ယွီ : "ကျိုးသာ့လေ ၊ မင်းအခု ရဲစခန်းမှာဒူးထောက်နေရင်းနဲ့ ယောက်ျားတစ်ယောက်ကို ကျိတ်ခိုက်နေတာ သင့်တော်တယ်များထင်နေလား?"


ဟယ့်ကျောင်းသည် ကြား၍သွားကာ သဘောထားကောင်းစွာနဲ့ပဲ ပြန်၍ပြောလိုက်ပါ၏။


"Bro မင်းလည်းချောပါတယ်။"


ကျိုးသာ့လေသည် ဟေးဟူ၍အသံပြုရင်း ရယ်လိုက်မိကာ ဒီကောင်တွေက စိတ်ဝင်စားဖို့တော့ကောင်းသားပဲဟု တွေးမိလေသည်။


"ဟေ့ ၊ မင်းက ကပြားလား? အနောက်တိုင်းဘက်နဲ့နည်းနည်းဆင်တယ်။"


ရှေ့မှောက်က ထိုလူမှာ ဒူးထောက်လျက်ရှိသည့်တိုင် ဆွဲဆောင်မှုကတော့ ကျဆင်းမသွားဘဲရှိသည်။ ဆံပင်ပုံစံမှာ သေသေသပ်သပ်ရှိလှပြီး နဖူးတစ်ဝက်ခန့်လောက်ကပေါ်လွင်နေသည်။ နှာတံမြင့်မြင့် ၊ မျက်ဝန်းတို့က သွယ်သွယ်ရှည်ရှည်ဖြင့် မျက်ရစ်နှစ်သွယ်မှာလည်း ထင်းလျက်ရှိ၏။ အခြားသူတွေကိုကြည့်လိုက်သည့်အချိန်တို့၌ ထိုမျက်ဝန်းတစ်စုံမှာစကားပြောနေသယောင်ယောင်ရှိပြီး မတွေးတတ်အောင် ခက်ခဲနက်နဲလျက် အန္တရာယ်ရှိ၍ အရေးမထားဟန်လည်းရှိလေသည်။


"နိုင်ငံ(၈)နိုင်ငံက သွေးတွေနှောထားတာ ၊ ဘိုးဘေးတွေရဲ့ မျိုးရိုးသုံးဆက်လောက်က ဥရောပဘက်မှာနေကြတယ် ၊ နောက်ပိုင်းမှ အရှေ့တောင်အာရှဘက်ရောက်လာကြတာ။ ကျွန်တော့်အဖေက အာရပ်လူမျိုး ၊ အမေကကြ ပြင်သစ်က။"


ဟယ့်ကျောင်းသည် ကျိုးသာ့လေမျက်နှာထက်ကအမူအရာကိုတွေ့တော့ တဖြည်းဖြည်းလေးစားမိသွားလျက် စကားကိုရပ်၍ မယုံကြည်နိုင်စွာဖြင့်ပြောလိုက်ပါသည်။


". . . . . . ဒါကို မင်းယုံတယ်? ငါကတရုတ်လူမျိုးစစ်စစ်ပါ သွေးနှောမဟုတ်ဘူး။"


မျက်စိထဲ ထိုနှစ်ဦး၏ ရန်လိုမုန်းတီးနေရာမှတည် ခင်မင်ရင်းနှီးသွားသည်ကိုမြင်တော့ ရဲအရာရှိမှာ အရေးတကြီးပြောစရာရသွားခဲ့လေသည်။ ပုခက်တွင်း၌လိုမျိုး မွန်းကြပ်လျက်ရှိပါသည့် တဒင်္ဂခင်မင်ရင်းနှီးမှုမျိုးပါပေ။


"မင်းတို့ထဲက ဘယ်သူဖြစ်ဖြစ်ပြောစမ်း ၊ ဒါဘယ်လိုဖြစ်ရတာလဲ? ဘယ်လိုကြောင့် ခိုက်ရန်ဖြစ်ကြတာလဲ?"


ကျိုးသာ့လေသည် ချက်ချင်းပင်ခုန်ကာထလိုက်ပြီးပြော၏။


"သူတို့တွေ ကျွန်တော့်ပစ္စည်းကိုလုသွားလို့! ကျွန်တော့်ရဲ့လက်နက် ၊ ထိုအရာက ကျွန်တော့်ရဲ့ ရဲစွမ်းသတ္တိနဲ့ ယုံကြည်မှုပဲ!"


ရဲအရာရှိက သူ့အားဆက်မပြောဖို့ရန်အချက်ပြလာသည်။


"ငါးယောက်မြောက်သား? ပြီးတော့ပစ္စည်းလုတယ်?"


(T/N : လက်နက်ဆိုတာနဲ့ ငါးယောက်မြောက်သားဆိုတာနဲ့က အသံထွက်တူနေလို့ပါ။)


ရှဲ့ယွီသည် နားထောင်နေရင်းမှ ခေါင်းပင်ကိုက်၍လာရ၏။ ရှေ့ဆက်ဖြစ်လာမည့် အကြောင်းအရာတို့မှာ တကယ်ကိုပဲ အရှက်ရစရာကောင်းနေတော့မည်ဟု ခံစားမိရလေသည်။


မျှော်မှန်းထားသည့်အတိုင်းပင် ကျိုးသာ့လေ၏ အသေအချာရှင်းပြနေမှုကိုသာ နားထောင်၍နေရသည်။


"အဲ့ဒါက ကောင်းကင်နဲ့ ကမ႓ာမြေကြီးကိုဖန်ဆင်းစဉ်က ဖန်ကူအသုံးပြုခဲ့တဲ့ အဖို့တန်ဓားတစ်လက်ပဲ ၊ ခုခံနိုင်မှု နဲ့ တိုက်ခိုက်မှုက 999+ ရှိတယ် ၊ အဲ့ဒါသာရှိမယ်ဆို ကမ္ဘာကြီးကို ကျွန်တော်စိုးမိုးလို့ရပြီ ၊ ပြီးတော့ ပိုက်ဆံအများကြီးနဲ့ ရောင်းလို့ရမယ် ၊ အရေးကြီးဆုံးကတော့ ပိုက်ဆံရအောင်ရောင်းရဖို့ပဲ။"


"ငါတို့မခိုးဘူးနော်. . ."


ကျန်အဖွဲ့ကလူတွေမှာ မကျေနပ်ကြတော့ဘဲ အသီးသီးပြောလာကြတော့သည်။


"ဒါကို ခိုးတယ်လို့ဘယ်လိုပြောလို့ရမှာလဲ ၊ အဲ့ဒီ ဖန်ကူရဲ့နတ်ဓားက အောက်မှာကျနေတာလေ ၊ နာမည်လည်းပါတာမဟုတ်ဘူး။"


ရဲအရာရှိမှာ မိမိသည် အရူးတစ်သိုက်ကိုများဖမ်းခေါ်လာခဲ့မိလေသလောဟု သံသယပင်ဝင်၍လာမိလေ၏။


ရန်ဖြစ်ရခြင်း အကြောင်းအရင်းမှန်အား ပုံမှန်ပြန်ဖြစ်ဖို့အရေးနှင့် ဒီကိစ္စဖြစ်ပေါ်လာခြင်း အကြောင်းအရင်းအား အသေအချာကိုနားလည်သဘောပေါက်သွားချိန်မှာတော့ ရဲအရာရိ သုံး/လေးဦးသည် 'Genesis' ဆိုသည့်online gameအား download ဆွဲလိုက်ကြသည်။


ထိုကိစ္စဖြစ်ပေါ်လာရသည့် အကြောင်းအရင်းကား ရယ်စရာပင်ဖြစ်နေလေတော့သည်။


"ဖန်ကူရဲ့ နတ်ဓားကဘယ်သူ့လက်ထဲမှာလဲ?"


တစ်ယောက်က လက်ထောင်ပြ၍လာ၏။


"ကျွန်တော် ၊ ကျွန်တော့်ထဲမှာ။"


ရဲအရာရှိမှာ ပြစ်ဒဏ်အတွက် စိတ်ထဲကနေချမှတ်ထားပြီးဖြစ်လေသည်။


"မင်း acc ကို log in လာလုပ်။"


"Log in လုပ်လိုက်ပြီ ၊ ကျွန်တော့်ရဲ့ အဲ့ဒီအိတ်ထဲမှာပဲ ၊ အဲ့ခရမ်းရောင်လေး ၊ အင်း ဟုတ်တယ်. . .  . . ."


ထို့နောက်မှာတော့ ရဲအရာရှိသည် mouseကိုကိုင်လိုက်ပြီး right click နှိပ်ကာ [စွန့်ပစ်သည်] ဆိုသည့်ခလုတ်အားနှိပ်လိုက်လေတော့သည်။


"ငါ မင်းတို့ကိုပြောချင်တယ် ၊ သဟဇာတဖြစ်တဲ့ လူ့ဘောင်အဖွဲ့အစည်းရှေ့မှောက်မှာဆို ဖန်ကူရဲ့နတ်ဓားဆိုတာက ဘာမှအရေးမပါတော့ဘူးပဲ။"


ရဲအရာရှိမှာ မျက်နှာထားတင်းတင်းဖြင့် လှည့်၍လာလျက် မျက်ရည်မကျပေမယ့် ငိုချင်လျက်ရှိကြသည့် 'ဆိုးသွမ်းလူငယ်တစ်စု' နဲ့မျက်နှာချင်းဆိုင်လိုက်ပြီး ပြောင်မြောက်စွာပင် ဆိုလိုက်ပါ၏။


"အဲ့ဒါက တန်ဖိုးရှိတယ်ဆိုရင်တောင်မှ အမိမြေငြိမ်းချမ်းဖို့ထက်တော့ ပိုပြီးတန်ဖိုးရှိနိုင်လို့လား?"


ကျိုးသာ့လေ : ". . . . . . ! ?"


ရှဲ့ယွီ : ". . . . . ."


ဟယ့်ကျောင်း : ". . . . . ."



rate now: