book

Index 8

💋အပိုင်း(8)💋

💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋


       စက်မင်း သူချက်တဲ့ကြက်သားကရင်ဟင်းကိုမြိန်ရေရှက်

ရေစားနေသည့်သူမလေးကိုကြည့်ပြီးသူသဘောကျနေ

သည်။


"အသဲလေး..စားလို့ကောင်းလား"


"အင်း..အရမ်းစားလို့ကောင်းတယ်ကိုကို။ဗိုက်ကလေး

တင်းသွားပြီ..ဟီးဟီး"


"အသဲလေးစားလို့ကောင်းတယ်ဆိုရင် ရော့ဒီမှာအသဲလေး

အတွက်ကိုကိုသံပုရာရည်လေးဖျော်ပေးထားတယ်။

သောက်ကြည့်နော်"


"ခစ်ခစ် ကိုကိုကအရမ်းချစ်ဖို့ကောင်းနေရော။အသဲလေး

ကြိုက်တာကိုသိနေတာပဲ"


"သိရမှာပေါ့ အသဲလေးရယ်။ကိုကိုမှာဟောဒီကအရမ်း

ချစ်ဖို့ကောင်းတဲ့အသဲလေးတစ်ယောက်ပဲရှိတာလေ။အသဲ

လေးကြိုက်တဲ့အရာမှန်သမျှကိုကိုသိထားတာမဆန်းပါဘူး။

အဲ့ဒါကလည်းအသဲလေးကိုချစ်လို့လေ"


"ဟဲဟဲ အဲလိုမျိုးဆိုတော့လည်းပိုပြီးချစ်ဖို့ကောင်းနေပြန်ရော

မျက်လုံးမှိတ်ထားပေး"


"ဟမ် ဘာလုပ်မလို့လဲ အသဲလေး"


"ဟွန့် မျက်လုံးမှိတ်ဆိုမှိတ်ကွာ"


"အင်းပါ အသဲလေးရယ်။ကိုကိုမျက်လုံးမှိတ်ထားပီ"


"အူးမွ"


"အူးမွ"


"အူးမွ"


ပိုး ကိုကို၏နှုတ်ခမ်းလေးကိုအနမ်းသုံးပွင့်ပေးလိုက်သည်။

စက်မင်းပျော်ပြီး


"ဟာ အသဲလေး ကိုကိုနှုတ်ခမ်းလေးကိုအနမ်းခြွေလိုက်

တာလားဟင်"


"အင်းပါဆို"


"တကယ်ပေါ့"


"တကယ်ပါ။တော်ပြီကွာ..အိမ်ပြန်တော့မယ်"


"ဟဲဟဲ မပြန်နဲ့ဦး။ကိုကိုကအံ့သြလို့လေ အသဲလေး

ကိုကို့နှုတ်ခမ်းကိုနမ်းမယ်လို့မထင်ထားမိဘူးလေ"


"အခုမအံ့သြနဲ့တော့။အိမ်ပြန်မလို့..လိုက်ပို့ပေး"


"အင်း။ဒါဆို သွားကြစို့"


စက်မင်း သူ၏ကားနဲ့ချစ်ရသူလေးကိုအိမ်ပြန်လိုက်ပို့ပေး

လေသည်။


ပိုးအိမ်ရောက်တော့ မာမီက


"သမီးလေး..ရောက်လာပြီလား"


"ဟုတ်ကဲ့မာမီ"


"အင်း။သမီးသူငယ်ချင်းတွေပြောပြလို့မာမီအကြောင်းစုံ

သိပြီးပါပြီ။သမီးအခုအပြင်ကပြန်လာပြီဆိုတော့သွားနား

တော့နော်"


"ဟုတ်ကဲ့မာမီ"


လေပြေတစ်ယောက်စက်မင်းအိမ်ကိုလာပြီးစက်မင်း၏

မိဘတွေကို


"အန်ကယ်နဲ့အန်တီ ကိုမင်းရှိလား"


"သားရှိတယ်။သမီးခဏနေcompanyသွားတော့မှာလေ"


"ဟုတ်လားအန်တီ။ဒါဆိုသမီးခဏစောင့်နေပြီးကိုမင်းဆင်း

လာတော့မှကိုမင်းနဲ့အတူcompanyကိုတစ်ခါတည်းလိုက်သွားတော့မယ်"


"အင်းပါ သမီးသဘော။ဒါဆို ဧည့်ခန်းမှာထိုင်စောင့်နေနော်"


"ဟုတ်ကဲ့အန်တီ"


လေပြေ၏စိတ်ထဲ၌ပိုး ငါနဲ့ကိုမင်းcompanyကိုအတူလာ

တာနင်မြင်လို့ရှိရင်နင့်မျက်နှာဘယ်လိုပုံစံဖြစ်သွားမလဲဆို

တာငါမြင်ယောင်နေတယ်.အဟင်း။


ကောင်းသူငယ်ချင်းတွေနဲ့အိမ်မှာအုန်းထမင်းနဲ့ကြက်သား

ဟင်းချက်စားကြလေသည်။သူတို့စားပြီးသောက်ပြီးအနား

ယူဖို့လုပ်နေစဉ်ကောင်းရဲ့သူငယ်ချင်းဖြစ်သူ ဝနက


"ကောင်း..မင်းဟိုတစ်ခါcoffeeဆိုင်မှာတိုက်မိတဲ့

ကောင်မလေးကိုမင်းသိလား"


"ဟင့်အင်း.. ငါမသိဘူး။သူနဲ့အဲ့တုန်းကတိုက်မိတာတောင်

ငါသေချာမတောင်းပန်ရသေးဘူး။ဘာဖြစ်လို့လဲ ဝန"


"ဘာမှမဖြစ်ဘူး။အဲ့ကောင်မလေးကအရမ်းလှတယ်ကွ။

ကြွေမယ်ဆိုလည်းကြွေချင်စရာပဲ။မင်းရော"


"ဘာလဲ ဝန။မင်းဘာကိုပြောချင်နေတာလဲ"


"ငါပြောချင်တာက..မင်းသူကိုရင်မခုန်ဘူးလား"


"ငါလား။ရင်ခုန်တာထက်ချစ်မိသွားတာ"


"ဟမ် မင်းလည်းငါပြောတာထက်ဆိုးနေပြီ"


"ဘာကိုလည်း"


"မင်းသူ့ကိုရင်မခုန်ဘူးလားမေးတာလေ။အဲ့ဒါ မင်းက

ချစ်မိသွားတာဆိုတော့မြန်နေသလားလို့"


"ဟဲဟဲ  အဲလိုဖြစ်သွားတာလား"


"ဟုတ်တာပေါ့။အဲလိုဖြစ်သွားတာ"


"ဒါဆိုမင်းတို့ငါ့ကိုသူမအကြောင်းစုံစမ်းပေး"


"အင်းပါ။ငါတို့စုံစမ်းပေးမယ်..ok"


"Ok"


စက်မင်းcompanyသွားဖို့အောက်ထပ်ကိုဆင်းလာ

ခဲ့သည်။သို့ပေမယ့် 


"လေပြေ  မင်းးး"


ရုတ်တရက်လေပြေကိုတွေ့လိုက်ရသည်ကြောင့်


"မင်းဘာလာလုပ်တာလဲ။ဒီအချိန်မင်းcompanyမှာရှိနေ

ရမယ်မဟုတ်လား။ဘာလို့ငါအိမ်မှာရှိနေရတာလဲ"


"ဪ..ဒါလား။ကိုမင်းနဲ့အတူcompanyကိုသွားချင်

လို့ထိုင်စောင့်နေတာ။အန်တီကိုလည်းပြောပြီးသွားပြီ"


"မင်းကိုမာမီကဘာပြောလဲ"


"ကိုမင်းနဲ့အတူတူcompanyကိုသွားတဲ့"


သေရော..အဲဒါမှတကယ့်ဒုက္ခ။လေပြေ..မင်းဘာတွေညဏ်

နီညဏ်နက်များဦးမလို့လဲ။ဘာလဲ ပိုးcompany မှာငါ့ကို

စောင့်နေတယ်ဆိုတာသိလို့မင်းတမင်သက်သက်လုပ်တာမလား။ငါမင်းကိုဟိုနေ့ညကကိစ္စနဲ့ပတ်သက်ပြီးသံသယရှိနေတာဟုတ်ပြီ။ငါအသဲလေးအတွက်သက်သေရှာရမယ်။မင်းဘယ်

လောက်ထိဖုံးကွယ်နိုင်မလည်းကြည့်ရသေးတာပေါ့။


"Ok။အဲဒါဆို သွားမယ်"


"ဟုတ်ကဲ့ ကိုမင်း"


စက်မင်းနှင့်လေပြေcompanyကိုအတူရောက်လာတော့

ဝန်ထမ်းများကသူတို့ကိုကြည့်ပြီးကဲ့ရဲ့ရှုတ်ချနေ၏။


"ဟာ..ဘာတွေလဲ။MDကအဲ့မိန်းကလေးကိူကြိုက်နေတာ

လား။အဲ့မိန်းမပုံစံကလည်းမိန်းမပျက်နဲ့တူလိုက်တာMD

လက်မောင်းကိုကိုင်ပြီးချွဲနေလိုက်တာများသောက်ရှက်မရှိ

တဲ့အတိုင်းပဲ ရုပ်ကိုကပေါလွင်နေတယ်"


ဝန်ထမ်းများတစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောနေ

တုန်းပိုးရောက်လာသည်။ဒါကိုမြင်တဲ့လေပြေက


"ကိုမင်း လေပြေခေါင်းနည်းနည်းမူးလို့"


ပြောရင်းစက်မင်း၏ပခုံးပေါ၌မှီလိုက်၏။ထိုစဉ်ပိုးရောက်

လာပြီး


"ကိုကို..ရောက်လာပြီလား။အသဲလေးစောင့်နေတာကြာ

ပြီလေကွာ..ဟွန့်"


စိတ်ကောက်နေသည့်အမူအယာဖြင့်ပြောလိုက်လေသည်။

စက်မင်းသူမ၏စကားကိုကြားပြီးအံ့သြနေ၏။ဘာဖြစ်လို့လဲ

ဆိုတော့သူမလေးCompany မှာနေ့တိုင်သူ့့ကိုMDလို

့ခေါ်နေကြပါ။အခုကိုကိုလို့ခေါ်လိုက်တော့ဘယ်လိုဝမ်းသာ

ရမလဲဆိုတာမပြောပြတတ်လောက်အောင်ပင်။သူမလေး၏

စကားအတိုင်း


"အသဲလေး..sorry ကွာ။ကိုကိုအိပ်ယာထနောက်ကျသွား

လို့။ပြီးတော့.."


စက်မင်းစကားတောင်မဆုံးသေးပေ။သူ့ပါးစပ်ကိုသူမ၏

လက်ဖြင့်လှမ်းပိတ်ထားသည်ကြောင့်အလိုက်သင့်လေး

နေပေးလိုက်သည်။


"အသဲလေးသိပါပြီကိုကို။ဪ..ဒါနဲ့ မလေပြေသွယ်

မှာကားမပါလာဘူးထင်တယ်နော်။ဘာဖြစ်လို့လဲ။ကားမရှိလို့လား။ဒါကြောင့်ကိုကိုကစေတနာထားပြီးလိုက်ပို့ပေးတာ

ဖြစ်မယ်။အဲလိုပဲကိုကိုကသူများကိုဆိုအမြဲကူညီတတ်တယ်။

အခုလည်းကိုကိုကူညီလိုက်လို့မလေပြေသွယ်company

ကိုအချိန်မီရောက်လာနိုင်ခဲ့တာပဲလေ မဟုတ်ဘူးလားကိုကို"


လေပြေသိသည်။ပိုးတမင်သက်သက်သူမကိုပြောနေတယ်

ဆိုတာ။သူမပြန်ပြောရင်ဒီထက်ပိုဆိုးပြီးအထင်သေးစရာဖြစ်

လာမှာ။ဘာလို့ဆိုသူမတို့ပြောနေတုန်းနံဘေးမှာလူတွေ

အများကြီးသူတို့ကိုဝိုင်းပြီးကြည့်နေတာကိုသူမသိသည်။

ဒါကြောင့်


"ဟုတ်ပါတယ် ပိုး။MDကူညီလို့လေပြေအချိန်မှီ

companyကိုရောက်လာတာပါ။ကျေးဇူးတင်ပါတယ်

MD..လေပြေကိုခွင့်ပြုပါဦး"


"ကောင်းပါပြီ..လေပြေသွယ်"


လေပြေထွက်သွားတော့စက်မင်းနှင့်ပိုးသာကျန်ခဲ့သည်။


"အသဲလေး..ကိုကို ပြောစရာရှိ.."


စကားတောင်မဆုံးသေးပင်သူမကထွက်သွားလေသည်။

စက်မင်းအနောက်မှလိုက်လာပြီးသူမလက်ကိုဖမ်းဆွဲလိုက်

သည်။သူမက


"လွှတ်  အသဲလေးကိုလွှတ်။လွှတ်လို့ပြောနေတယ်လေ"


"မလွှတ်ဘူးကွာ။အသဲလေးကိုပြောစရာရှိတယ်။အသဲလေး

နားထောင်ပေးမယ်မလား"


"မပြောနဲ့။မနားထောင်ဘူး။အသဲလေးလက်ကိုအခုလွှတ်"


"မလွှတ်ဘူးကွာ။ကိုကိုပြောတာကိုနားထောင်ပြီးမှလွှတ်

ပေးမယ်"


"မရဘူး။အခုလွှတ် ။အခုလွှတ်ပေးဆို။ပြောနေတာ

မကြားဘူးလား။လွှတ်ဆို..အခုလွှတ်ပေးဆို ပြော..."


``အွင့်..အွင့်...အွင့်..."


လွှတ်ပေးဆိုပြီးပြောနေတဲ့သူမ၏နှုတ်ခမ်းလေးကိုအားရ

ပါးရစိတ်ကြိုက်အနမ်းတွေတရစပ်ပေးပစ်လိုက်သည်။

ထိုအခါသူမက သူ့ခန္ဓာကိုယ်ကြီးကိုတွန်းပစ်လိုက်ပြီး

နဂါးမျက်စောင်းလေးနဲ့ကြည့်ပြီး


"ဖြန်း.."


"အာ့ …"


သူမရိုက်ချက်ကြောင့်စက်မင်းပါးတစ်ဖက်ညို့မှဲပြီးနာကျင်

သည့်အသံထွက်ပေါ်လာသည်။ပိုးကိုကို၏ပါးတစ်ဖက်ညို

မှဲနေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။သို့ပေမဲ့..

ပိုးထိုအကြောင်းအရင်းကိုသိရမှဖြစ်မည်။


"ရိုက်ပါအသဲလေး။ဆက်ရိုက်ပါ။အသဲလေးရိုက်လို့ပြီးရင်

ကိုကိုပြောတာကိုနားထောင်ပေးပါ"


"ကိုကို..ဘာလို့သူနဲ့အတူတူလာရတာလဲ"


"ကိုကိုအိပ်ယာထပြီးအောက်ထပ်ကိုဆင်းလာတော့

လေပြေရောက်နေတယ်။ကိုကိုကဒီကိုဘာလာလုပ်လဲ

မေးတော့သူကကိုကိုမာမီကို..ကိုကိုနဲ့အတူတူအလုပ်

သွားချင်တယ်လို့ပြောတယ်။ကိုကိုမာမီလည်းသူ့ကို

ကိုကိုနဲ့အတူတူလိုက်သွားတဲ့။ဒါကြောင့့့်သူနောက်ဆုံး

တော့ကိုကိုအနောက်ကိုဇွတ်အတင်းလိုက်လာခဲ့တော့

တာပဲ။ကိုကိုတောင်းပန်ပါတယ်နော် အသဲလေး"


"ဟင့် ဒါဆို ဘာလို့အသဲလေးကိုကြိုတင်အသိမပေးရတာလဲ။အခုတော့ဝန်ထမ်းတွေပြောမှအသဲလေးသိရတာ..ဟင့်"


"ကိုကိုတကယ်တောင်းပန်ပါတယ်ကွာ။အသဲလေး..မငိုပါ

နဲ့နော်ဝတကယ်တောင်းပန်ပါတယ်နော်။ကိုကို့ကိုခွင့်လွှတ်

ပါနော် အသဲလေး။နောက်တစ်ခါဆိုရင်ကိုကိုအသဲလေးကို

ဘယ်ကိစ္စမဆိုအရင်ဆုံးအသိပေးပါ့မယ့်နော်။အသဲလေးကကိုကို့ဘဝအတွက်အရမ်းကိုအရေးပါတဲ့သူတစ်ယောက်ပါ။

အသဲလေးကိုပဲချစ်တာပါ။အသဲလေးယုံပေးပါနော်"


"အင်း.. ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်။နောက်တစ်ခါ

ဆိုရင်တော့မလွယ်ဘူးမှတ်"


"ဟုတ်ကဲ့ပါ အသဲလေး"


"ဒါနဲ့ ကိုကိုပါးလေးအရမ်းနာသွားမှာပဲနော်။အသဲလေးရဲ့

လက်ဆကအရမ်းပြင်းတာ..အသဲလေးရေခဲကပ်ပေးမယ်

နော်။အသဲလေးတောင်းပန်ပါတယ်..ကိုကို"


"အစကအသဲလေးပါးရိုက်လိုက်တာနာတယ်။ဒါပေမဲ့ အခု

မနာတော့ဘူး"


"ဘာဖြစ်လို့အခုမနာတော့တာလဲ"


"ကိုကိုရဲ့အနားမှာအသဲလေးရှိနေလို့လေ။အသဲလေးရဲ့ကြင်

နာယုယမှုတွေကြောင့်မနာတော့တာပါဗျာ"


"သွားပါ အပိုတွေ။ဟွန့် မပြောလိုက်ချင်ဘူး"


မသွားပါဘူး။အနားမှာပဲနေမှာ..လာခဲ့ကွာ"


အသဲလေးကိုသူ့ရင်ခွင်ထဲထည့်ပြီးဆွဲဆောင်မှုရှိလှသည့်

အသဲလေး၏နှုတ်ခမ်းလှလှဆီအကြည့်ရောက်သွားပြီး

အနမ်းများကိုခြွေချလိုက်တော့သည်။


"ကိုကို အသဲလေးသူ့ကိုမယုံဘူး"


"ဘယ်သူလဲ အသဲလေး"


"လေပြေဆိုတဲ့မိန်းမကိုမယုံတာပါ။သူဘယ်လိုအကြောင်း

ရှာပြီးအသဲလေးနဲ့ကိုကို့..ကိုရန်တိုက်ပေးဦးမလဲမသိဘူး။

အသဲလေးတို့သတိထားတာပိုကောင်းမယ်ထင်တယ်ကိုကို"


"အင်း..ဟုတ်တယ်အသဲလေး။အရင်တစ်ခါအသဲလေး

ကိုခြိမ်းခြောက်တဲ့ကိစ္စကသူ့လက်ချက်လားဆိုတာသေ

ချာမသိရသေးဘူး။အခုလည်းအသဲလေးနဲ့ကိုကို့ကိုစိတ်

ဝမ်းကွဲပြီးဝေးသွားအောင်လုပ်တယ်။သူ့ကိုပိုပြီးသတိထား

မှဖြစ်မယ်"


စက်မင်းတို့ပြောနေတာတွေကိုချောင်းပြီးနားထောင်နေ

သူက လေပြေသွယ်ပင်။


"အဟက် ပိုးကျူးသီ။ငါနင့်ကိုတုံးအတယ်လို့ထင်ထား

တာ...အခုတော့ငါထင်ထားတာနဲ့တခြားစီပဲ။Okလေ

နင့်ဘက်ကအခုလိုကြိုတင်ခန့်မှန်းမိတော့လည်း.ငါ့ဘက်

ကလှုပ်ရှားရတာပိုလွယ်ကူသွားတာပေါ့။နင်စောင့်ကြည့်

နေလိုက်။ကိုမင်း ကိုငါမရရအောင်ယူပြမယ်..ဟားဟားးး"


လေပြေထိုနေရာမှထွက်သွား၏။လေပြေထွက်သွားပြီး

နောက်စက်မင်းနှင့်ပိုးလည်းအပြင်ထွက်သွားကြလေသည်။


လေပြေအိမ်ရောက်တော့ဆိုဖာ၌ထိုင်ပြီးစဉ်းစားနေ၏။

မကြာပါ အကြံတစ်ခုကိုရလိုက်သည်။အဲဒီအကြံကတော့

စက်မင်းကိုသူ့ဆီလာအောင်ပရိယာယ်ဆင်လိုက်လေ

ခြင်းပင်ဖြစ်သည်။


"ဟယ်လို..ငါနင့်တို့ကိုခိုင်းစရာတစ်ခုရှိတယ်"


"ဘာများလည်း မလေပြေ"


"ဒီည(၇)နာရီအဝေးပြေးလမ်းမ၊.မိုင်တိုင်(၁၂)နားမှာ

ငါ့ကိုနှောက်ယှက်သလိုပုံစံမျိုးဖြစ်အောင်နင်တို့ဖန်တီးရ

မယ်။ပြီးရင်ငါ့ချစ်တဲ့သတိုးလောင်းဆီကိုဖုန်းဆက်ပြီးငါ့

ကိုလာကယ်ဖို့ပြောလိုက်။ငါ့ကိုသူလာကယ်တဲ့အချိန်ကျ

ရင်ဓာတ်ပုံရိုက်ထားလိုက် နားလည်လား။ဒီကိစ္စမအောင်

မြင်ရင်နင်တို့ဝေစုမရဘူး ရှင်းလား"


"Ok..ငါတို့သဘောပေါက်ပြီ"


"ဒါဆို..ငါဖုန်းချလိုက်ပြီ"


လေပြေဖုန်းချလိုက်ပြီးနောက်


"အဟက် ကိုမင်းမကြာခင်လေပြေဆီကိုရောက်လာတော့

မှာပါ။လေပြေစီစဉ်တဲ့အကွက်ထဲကိုရောက်လာတဲ့အချိန်

ကျရင်ဟိုမိန်းမဆီလေပြေတို့နှစ်ယောက်ရှိနေတဲ့ဓာတ်ပုံ

တွေပို့ပေးလိုက်မယ်။အဲ့လိုဆိုရင်..ကိုမင်းနဲ့ဟိုမိန်းမပြတ်

သွားတာပေါ့ ဟားဟားးး"


ကောင်းတစ်ယောက်ဒီနေ့coffeeဆိုင်ကိုလာစဉ်


"ဟင် အဲဒါ..ဟိုတစ်ခါကငါ့နဲ့တိုက်မိတဲ့မိန်းကလေးပဲ။

ဒါနဲ့သူမကဒီကိုဘယ်လို…"


သူစကားမဆုံးသေးပင်သူမြင်တွေ့လိုက်ရတာကသူမ

ဘေးနားမှာယောင်္ကျားလေးတစ်ဦးရှိနေသည်။ထို

ယောင်္ကျားလေးကသူ့ထက်ခန္ဓာကိုယ်အချိုးအစားမိုက်

ပြီးကြည့်ကောင်းသည်။အဲ့ဒီလူနဲ့သူမကဘယ်လိုပတ်

သက်နေလဲဆိုတာငါစုံစမ်းရမယ်။သူမတို့စားပွဲဝိုင်းနှင့်

မကမ်းမလှမ်းမှာရှိသည့်နေရာ၌ထိုင်ပြီးသူမတို့ပြောမည့်

စကားကိုနားစွင့်နေမိ၏။


"ကိုကို"


"ဗျာ"


"အသဲလေးလေ"


"အသဲလေးဘာပြောမှာလည်း ပြောလေ"


"အသဲလေးပြောမှာက.."


"ဟွန့် ပြောပါဆို အသဲလေးကလည်း.."


"အသဲလေးပြောမှာက အသဲလေးလေကိုကို့ကိုအရမ်းချစ်

တယ်။အာဘွား မွမွ😘"


စက်မင်း၏နှုတ်ခမ်းလေးကိုအနမ်းတစ်ပွင့်ပေးလိုက်သည်။

စက်မင်းလည်းအပျော်လွန်ပြီး


"အယ် အသဲလေး..ကိုကို့နှုတ်ခမ်းကို.."


"ဟီးဟီး  ဟုတ်တယ်လေ"


"အသဲလေးနော် ကိုကို့ကိုအသဲယားအောင်လုပ်နေတာပဲ။

ကိုကိုစိတ်တွေမနည်းထိန်းထားရတယ်နော်"


"ဘာစိတ်တွေထိန်းထားနေရတာလဲဟင်"


"အသဲလေးကိုအနမ်းတွေတရစပ်ပေးပစ်မလို့။အဲ့ဒါ တော်

တော်စိတ်ထိန်းနေရတာ။ပြီးတော့ဆိုင်မှာဖြစ်နေလို့..ဟီး"


"ဟာ ကိုကို နော်။ဘာရယ်တာလဲ။တော်ပြီ.. ကိုကိုနဲ့မပြော

တော့ဘူး။စိတ်ကောက်တယ်"


"ဟော..ကြည့်စမ်း။ကိုကိုရဲ့အသဲလေးကစိတ်ကောက်

နေတာပဲ။အင်းပါ.. ကိုကိုချော့မယ်နော်"


"သွားပါ..လာချော့နဲ့"


"မသွားဘူးကွာ။အသဲလေးစိတ်ကောက်ပြေအောင်ချော့မှာပဲ။

ကိုကိုရေခဲမုန့်ဝယ်ကျွေးမယ်လေနော်"


ရေခဲမုန့် ဆိုတဲ့အသံကြားတော့ ပိုးမနေနိုင်ပြန်


"တကယ်လား။တကယ်ဝယ်ကျွေးမှာလားပြော"


"တကယ်ပေါ့ အသဲလေးရဲ့။ဘယ်နှစ်ခွက်စားချင်လဲ"


"အင်း။ဒါဆို ရေခဲမုန့် (၃)ခွက် စတော်ဘယ်ရီနဲ့နော်"


"ကောင်းပါပြီဗျာ။ကိုကိုအခုပဲမှာလိုက်တော့မယ်နော်"


"အင်း..မှာလိုက်"


"Ok"


"ဟဲဟဲ  အဲဒါကြောင့်မို့ ကိုကို့ကိုချစ်တာသိလား"


"သိပါတယ်ဗျာ။ဟောဒီကကိုကိုကလည်းအသဲလေးကို

အရမ်းချစ်ပါသတဲ့ဗျာ။


သူမ၏ချစ်သူနဲ့အတူတူဝမ်းသာပျော်ရွင်ပြီးကြည်နူးနေ

တာကိုကောင်းမြင်ရတော့


"ကိုယ့်ဘဝရဲ့နတ်သမီးလေးရယ်။ကိုယ်မင်းကိုပိုင်ဆိုင်

ခွင့်မရပေမယ့်မင်းအမြဲပျော်ရွင်ကြည်နူးနေတာကိုမြင်ရ

ရင်ကိုယ်ကျေနပ်ပါတယ်။မင်းအခုလိုမျိုးပဲနေ့ရက်တိုင်း

အမြဲပျော်ရွင်ပါစေလို့ကိုယ်ဆုတောင်းပေးပါတယ်။ကိုယ့်

ရဲ့နတ်သမီးလေး ကိုယ်မင်းကိုအဝေးကနေပဲချစ်နေတော့

မယ်။ကိုယ်မင်းကိုချစ်တယ်ဆိုတာဘယ်သောအခါမှဖွင့်

မပြောတော့ပါဘူး။ကိုယ့်ရင်ထဲမှာထာဝရအမြဲတမ်းသိမ်းထား

တော့မယ်။ဒါပေမဲ့..မင်းမှာအန္တာရယ်တွေကြုံလာလို့ရှိရင်

လည်းအဝေးတစ်နေရာကနေကိုယ်ကာကွယ်ပေးနေမယ်"


ကောင်းထိုနေရာမှထွက်လာခဲ့တော့သည်။ဘာလို့လဲဆို

တော့သူဒီနေရာမှာကြာကြာရှိနေရင်မျက်ရည်တွေထိန်း

ထားနိုင်မှာမဟုတ်တော့လို့ပဲ။


ဆက်ရန်


💋အပိုင်း(9)=Coming Soon💋


rate now: