💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋
စက်မင်းကားမောင်းရင်းဖုန်းဖွင့်ထား၏။
"အသဲလေး သူတို့တွေကဘယ်သူလဲ။ဘာလို့အသဲလေး
ကားနောက်ကိုလိုက်နေတာလဲ''
"အသဲလေးမသိဘူး ကိုကို။ဟင့် သူတို့တောက်
လျှောက်ကိုလိုက်နေတာ"
သူသိလိုက်ပါပြီ။အသဲလေးငိုနေတယ်ဆိုတာ
"အသဲလေး စိတ်အေးအေးထားနော်။ဘာမှမဖြစ်ဘူး
အသဲလေး။အသဲလေးဖုန်းမှာgpsဖွင့်ထားလား ကိုကို့
ကိုပြော"
"အင်း။gpsဖွင့်ထားတယ် ကိုကို"
"ကောင်းပြီ။ဒါဆို ကိုကိုအသဲလေးဖုန်းကိုခြေရာခံပြီး
အသဲလေးဆီအမြန်ဆုံးလာခဲ့မယ်။ပြီးတော့အသဲလေး
မောင်းနေတဲ့ကားကိုဆက်မောင်းနေနော်"
"ဟင့် ကိုကို မြန်မြန်လာနော်"
သူမဆီကထပ်ပြီးငိုသံသဲ့သဲ့လေးထွက်လာတော့
စက်မင်းစိတ်မကောင်းဖြစ်ရမိသည်။
"အင်းပါ အသဲလေးရယ်။မငိုနဲ့နော် ကိုကိုအမြန်ဆုံး
လာခဲ့မယ်နော်"
သူမဆီကိုပဲစိတ်ရောက်နေပြီး ဘယ်သူတွေကသူမကား
နောက်ကိုနောက်ယောင်ခံလိုက်နေတာလဲ ဟူးးးအတွေး
နယ်ချဲ့နေရင်းချစ်ရသူရှိသည့်နေရာကိုမောင်းနှင်လာ
ခဲ့သည်။
တစ်ဖက်မှာလည်း ပိုး သူမနောက်ကိုလိုက်နေတဲ့ကား
အနက်ရောင်တစ်စီးကနီးသထက်နီးလာသောကြောင့်
ပိုးကြောက်ကြောက်လန့်လန့်နဲ့ကားကိုမောင်းနေမြဲတိုင်း
မောင်းနေ၏။
"ဝူး..ကျြီ..."
ရုတ်တရက်ကားအနက်တစ်စီးကသူမကားရှေ့၌ထိုး
ရပ်လိုက်၏။ထိုကားထဲမှထွက်လာသူကဂျာကင်အင်္ကျီ
လက်ရှည်အနက်ရောင်နှင့်ဘောင်းဘီရှည်အနက်ရောင်
ကိုဝတ်ဆင်ပြီးမျက်နှာဖုံးတပ်ထားကြသည်။မျက်နှာကို
မမြင်ရပေမယ့်လက်ထဲတွင်သေနတ်တစ်လက်ကိုင်
ဆောင်ရင်း
"ဟိတ်ကောင်တွေ ဆင်းလာခဲ့"
ထိုလူကသူ့တပည့်တွေကိုခေါ်လိုက်ပြီးသူမကားဆီသို့
လျှောက်လာခဲ့သည်။ပိုးဖုန်းကိုဘောင်းဘီအိတ်ထဲ
ထည့်ပြီးမသိမသာပြန်ထိုင်နေ၏။ထိုလူကပိုး၏ကားတံခါး
ကိုဖွင့်ပြီးရုတ်တရက်ပိုးကိုကားထဲကနေဆွဲထုတ်လိုက်
လေသည်။
"ဟိတ်ကောင့်တွေ သူကိုခေါ်သွားစမ်း"
"ရှင်တို့ကဘယ်သူတွေလဲ။လွှတ်စမ်းကျွန်မကို...လွတ်.."
"ဒီမှာ မိန်းကလေးလက်ထဲကိုင်ထားတဲ့အရာတွေ့လား။
ဆက်အော်နေမယ်ဆိုရင်အဲဒီအရာကမင်းဦးနှောက်ထဲ
ရောက်သွားမယ်"
"လွှတ်..ကျွန်မကိုလွတ်...။ကျွန်မကိုလွှတ်စမ်း…"
"ငါထပ်မပြောဘူးနော်။အဲအရာထဲမှာရှိတဲ့ကျည်ဆံရဲ့
အရသာကိုမမြည်းကြည့်ချင်ရင်အေးဆေးလိုက်ခဲ့။
ဟိတ်ကောင့်တွေသူကိုခေါ်သွားတော့"
"ဟုတ်ကဲ့ဆရာ"
ပိုးကိုထိုလူရဲ့တပည့်တွေကခေါ်ဆောင်သွားပြီးတစ်နေရာ
ကိုမောင်းနှင်းလာခဲ့၏။ပိုးကြည့်လိုက်တော့ဂိုဒေါင်လိုမျိုး
ခေါ်တဲ့နေရာမျိုးဖြစ်နေသည်။ပိုးကိုအဲ့ဂိုဒေါင်ထဲခေါ်သွားပြီး
ထိုင်ခုံတစ်ခုမှာထိုင်ခိုင်း၍လက်နှစ်ဖက်ကိုနောက်ပြန်ကြိုး
တုပ်ထား၏။ပိုးရုန်းတော့ကြိုးကတင်းနေပြီးရုန်းမရဖြစ်နေ၏။
"ရှင်တို့ဘာဖြစ်လုိ့ကျွန်မကိုဖမ်းခေါ်လာတာလဲ"
"ဟားဟား ဟား "
ရယ်သံထွက်လာတော့
"ရှင်တို့ဘာရယ်တာလဲ။ရှင်တို့ဘာဖြစ်ချင်တာလဲ"
"ငါတို့ မင်းကိုသတိပေးစရာရှိလို့"
"ရှင်တို့အခုလိုခေါ်လာတာကသတိပေးဖို့အတွက်လား။
ကျွန်မဆီကဘာလိုချင်လို့လဲ ငွေလား။ငွေလိုချင်ရင်
ကျွန်မကို အခုချက်ခြင်း လွှတ်ပေး။ပြီးရင်ရှင်တို့လိုချင်တဲ့ငွေamountကိုကျွန်မပေးမယ်"
"ဟားဟား ဟား. မင်းဟာသတွေသိပ်မပြောနဲ့။ငါတို့
ကိုငွေပေးပြီးခိုင်းတဲ့လူရှိပြီးသား"
ပိုး၏မျက်နှာကိုထိုလူကလက်ဖြင့်ပွတ်သတ်နေ၏။ပိုး
အတင်းရုန်းပြီး
"အချောလေး မင်းအေးဆေးနေ"
"ထြီး..."
ပိုးထိုလူ၏မျက်နှာကိုတံတွေးဖြင့်ထွေးပစ်လိုက်သည်။
"ကောင်မ..ဖြန်း.."
ပိုး၏ပါးကိုထိုလူ၏လက်ဝါးဖြင့်ရိုက်လိုက်သည်အတွက်
ပိုး၏ပါးတစ်ဖက်ကိုလှည်ထွက်သွားရသည်။
"ရှင်တိုနဲ့ကျွန်မကဘာရန်ငြိုးရန်စရှိလို့လဲ"
"ကောင်မ...ပါးစပ်ပိတ်ထားစမ်း"
"မပိတ်နိုင်ဘူး။ရှင်တို့ကိုဘယ်သူခိုင်းတာလဲ"
"သောက်ကောင်မ.. .နင်အဲ့လောက်ထိသိချင်နေတာလား"
"ကျွန်မမေးတာပဲဖြေ။ရှင်တို့ကိုဘယ်သူကအမိန့်ပေးပြီး
စေခိုင်းတာလဲ"
"နင်မေးတာမဖြေနိင်ဘူး သောက်ကောင်မ"
ပိုးအနားကိုထိုလူကတဖြေးဖြေးလျှောက်လှမ်းလာပြီး ပိုး
၏ခန္ဓာကိုယ်ကိုစေ့စေ့ကြည့်ကာပိုးအနားကိုကပ်လာပြီး
"ရှင်...ရှင်ဘာလုပ်မလို့လဲ"
ထိုလူကပိုးရဲ့အသားအရေကိုထိပြီး
"ရှင်...လူယုတ်မာ။လူ့တိရစ္ဆာန်ကောင်.. .ကျွန်မအသား
ကိုမထိနဲ့။လွှတ်စမ်း.. လွတ်...။ကျွန်မပြောနေတာမကြား
ဘူးလား အရိုင်းအစိုင်းကောင်ရဲ့"
ပိုးပြောနေတုန်း
"ဖြန်း...သောက်ကောင်မ။သောက်ပါးစပ်ပိတ်ထားစမ်း
နားညီးတယ်"
ပိုးနောက်တစ်ချက်ပါးရိုက်ခံရတော့မျက်လုံးအိမ်ထဲမှ
မျက်ရည်များအလိုအလျောက်စီးဆင်းလာသည်။
"ရှင်..ဘာလိုချင်လို့လဲ"
"ငါလိုချင်တာက နင်သူများလက်ထပ်မယ့်သတို့သား
လောင်းအနားကထွက်သွားလိုက်"
"ဘာတွေလဲ။ဘာသတို့သားလောင်းလဲ"
"နင်သိပါတယ်။ငါရှည်ရှည်ဝေးဝေးမပြောချင်ဘူး။
ငါပြောတဲ့အတိုင်းမလုပ်ရင်တော့...."
"ဝူး..ကျြီ..."
ထိုအချိန်မှာကားတစ်စီးရောက်လာ၏။
"ဟိတ်ကောင်တွေ အပြင်မှာဘယ်သူလဲဆိုတာသွားကြည့်"
"ဟုတ်ကဲ့ဆရာ"
ထိုလူတပည့်တွေထွက်သွားပြီးအပြင်ရောက်တော့
"ဟေ့..မင်းဘယ်သူလဲ။ဒီနေရာကိုဘာလာလုပ်တာလဲ"
"မင်းတို့အပူမပါဘူး။မင်းတို့ဖမ်းထားတဲ့ကောင်မလေး
ဘယ်မှာလဲ"
"မသိဘူး။ယျောင့်တွေ ဒီကောင့်ကိုချကြ"
"ခွပ်..."
"ဖြောင်း...."
"ခွပ်..."
"ဖြောင်း.."
စက်မင်း ထိုလူတွေနဲ့တစ်ယောက်ပြီးတစ်ယောက်
တိုက်ခိုင်းရင်းနဲ့ဂိုဒေါင်အထဲဝင်လာခဲ့သည်။အထဲ
ရောက်တော့ချစ်ရသူလေးကခုံတစ်ခုံမှာလက်ပြန်
ကြိုးတုပ်ထားခံရပြီးပါးပြင်မှာလည်းလက်ဝါးအရာတွေ
ထင်းနေသည်။ခြေထောက်မှာကကျောက်ခဲနဲ့တိုက်မိ
ထား၍ရထားတဲ့ပွန်းပဲ့ဒဏ်ရာများဖြစ်သည်။မျက်လုံးအိမ်
မှာလည်းမျက်ရည်တွေအဆက်မပြတ်စီးဆင်းနေလေသည်။
အသဲလေးကိုကြည့်ပြီးစက်မင်းစိတ်မကောင်းဖြစ်ကာ
အသဲလေးကိုအဲလိုဖြစ်အောင်လုပ်တဲ့ထိုလူများကိုကြည့်
ကာဒေါသတွေပေါက်ကွဲထွက်ပြီး
"ခွေးမသား မင်းသေပေတော့"
"ခွပ်.."
"ဖြောင်း..."
ပိုးအသံကြားရာကြည့်လိုက်တော့အရမ်းချစ်ရတဲ့ကိုကို
ဖြစ်နေသည်။ပိုးဝမ်းသာပြီး
"ကိုကို"
စက်မင်းချစ်ရသူအော်ခေါ်လိုက်တဲ့အသံကြားပြီးမျက်စိ
ရှေ့မှာရှိသည့်ထိုလူကို
"ကဲကြာ.. ခြပ်.."
"ဖြောင်း..."
"ခွပ်..."
"ဖြောင်း.…"
စိတ်ရှိလက်ရှိအကြိမ်ရေများစွာထိုလူကိုထိုးကြိမ်နေသည်။
ထိုလူသတိမေ့သွားမှသူမဆီကိုပြေးလာတော့သူမက
သူ့ရင်ခွင်ထဲကိုတိုးဝင်ပြီး
"ကိုကို. .အသဲလေး..။အသဲလေးအရမ်းကြောက်တာပဲ
ကိုကို ရယ်"
သူမငိုသံလေးနဲ့ပြောနေတော့သူ့ရင်ထဲကမ္ဘာပျက်မတတ်
ခံစားနေရသလိုပင်။
"အင်းပါ ကလေးရယ်။ကိုကိုတို့ဒီနေရာကနေအမြန်ဆုံး
သွားရအောင်နော်"
သူမကခေါင်းညိမ့်ပြသည်။စက်မင်းလည်းသူမကိုပွေ့ပြီး
ကားဆီကိုခေါ်ဆောင်လာခဲ့သည်။သူအမြန်ဆုံးရောက်
လာနိင်တာကသူမရဲ့gpsဖွင့်ထားတဲ့ဖုန်းကြောင့်ပင်။
ဖြစ်ချင်တော့သူမphက ဘောင်းဘီအရှည်ဝတ်ထားတဲ့
အိတ်လေးထဲမှာရှိနေပြီးခြိမ်းခြောက်တဲ့သူတွေကသူမရဲ့
phကိုမမြင်မိ ကံကောင်းတယ်ဆိုပြောရမလားပဲမဟုတ်
ရင်တော့သူမကိုပြန်တွေ့နိုင်မှာမဟုတ်ဘူးဆိုတာအသေ
အချာပင်။စက်မင်း သူမကိုသူ့ရဲ့အပန်းဖြေစံအိမ်ကိုခေါ်
ဆောင်လာခဲ့သည်။အပန်းဖြေစံအိမ်ကိုရောက်သော်
စက်မင်းသူမကိုပွေ့ချီပြီးသူ့အိပ်ခန်းရှိရာကိုလာခဲ့၏။
"ကြီးစန်းရေ ..ကြီးစန်း"
"သားစက်ဘာဖြစ်လို့လဲ။သားစက် သူမလေးက"
"ပိုးက ကျွန်တော်ရဲ့ချစ်သူပါ။ပိုးအခုသတိမေ့နေလို့
ကြီးစန်း family doctorကိုအခုဖုန်းဆက်ခေါ်ပေး
ပါ။နောက်ပြီး(၅)မိနစ်အတွင်းအရောက်လာခဲ့လို့ပြော
လိုက္ပါ"
"အေး..အေး။သားစက် ကြီးစန်းအခုပဲဖုန်းဆက်ပြီးခေါ်လိုက်
မယ်။သားစိတ်မပူနဲ့ စိတ်အေးအေးထားနော်"
"ဟုတ်ကဲ့ကြီးစန်း။အခုပဲသွားခေါ်ပေးပါ"
"အင်းပါ သားနေ"
ကြီးစန်း လည်းသားစက်ပြောသည့်အတိုင်းfamily doctorဆီဖုန်းဆက်လိုက်လေသည်။ခဏအကြာတော့ family doctor ရောက်လာပြီး
"Doctor သူမကဘာဖြစ်တာလဲ"
"မောင်ရင် စိတ်မပူပါနဲ့။Doctor ကြည့်ပေးမယ်"
ဒေါက်တာ သူမကိုစမ်းသပ်နေစဉ် စက်မင်းတစ်ယောက်
ဂနာမငြိမ်ဖြစ်ကာသူမကိုပဲကြည့်နေမိသည်။
"အင်း. .စိုးရိမ်စရာမရှိပါဘူး။လူနာကအနာအရှိန်ကြောင့်
အားနည်းပြီးသတိလစ်သွားတာပါ။Doctorဆေးထိုးပေး
ခဲ့မယ်။လူနာနိုးလာရင်သောက်ရမယ့်ဆေးတွေDoctor
ပေးခဲ့မယ်။ပြီးတော့အားရှိစေတဲ့အစားအစာကိုကျွေးပါ။
ဆေးကိုသူ့့အချိန်နဲ့သူသောက်ဖုိ့မမေ့ပါနဲ့"
"ဟုတ်ကဲ့ Doctor"
"ဒါဆို Doctor ကိုခွင့်ပြုပါဦး"
"ကျေးဇူးတင်ပါတယ် Doctor"
"ရပါတယ် မောင်ရင်။ဒါဆို Doctorသွားတော့မယ်"
Doctorပြန်သွားပြီးနောက်စက်မင်းလည်းသူမအနား
မှာနေရင်းအိပ်ပျော်သွားလေသည်။မနက်မိုးလင်းသော်
ပိုးသတိရလာပြီးညတုန်းကအဖြစ်အပျက်ကိုပြန်တွေးနေ
သည်။ပိုးတွေးနေတုန်းမှာပင်နံဘေးတစ်ဖက်တစ်ချက်ကို
ကြည့်လိုက်သောအခါပိုး၏ချစ်သူ ကိုကိုဖြစ်နေ၏။ကိုကို
အိပ်ပျော်နေတာကိုကြည့်ပြီးပိုးရဲ့လက်ချောင်းသွယ်သွယ်
လေးကကိုကို၏ပါးနှစ်ဖက်ကိုကလေးလေးတစ်ယောက်
လို့ဆုပ်ကိုင်ပြီးညစ်နေမိသည်။ဒါကိုသူမသဘောကျပြီးတ
ခစ်ခစ်နဲ့ရယ်နေ၏။စက်မင်းအိပ်ယာမှနိုးနေတာကြာပါပြီ။သူမ
လေးဘာလုပ်မည်ဆိုတာကိုပဲစောင့်ကြည့်နေတာလက်စသတ်
တော့သူရဲ့ပါးနှစ်ဖက်ကိုကလေးလေးတစ်ယောက်လိုဆုပ်
ကိုင်ပြီးညစ်ကစားနေတာကိုသူမလေးတော်တော်သဘော
ကျနေသည်။သူရုတ်တရက်မျက်လုံးဖွင့်လိုက်တော့
"အမလေး..."
ပိုးလန့်သွားသည်။
"မိပြီ...။ကိုကိုရဲ့ပါးလေးကိုညစ်နေတဲ့ကောင်မလေးကို"
"အယ် မညစ်ပါဘူး။ဘယ်တုန်းကလဲ အသဲလေး
ကအိပ်နေတာကို"
"ဟုတ်လို့လား။တကယ်အိပ်နေတာသေချာလား"
"တကယ်ပါဆိုနေ"
"ကိုကိုတော့အဲ့လိုမထင်ဘူး။အသဲလေးကကိုကိုရဲ့ပါးလေး
ကိုညစ်ပြီးသဘောကျစွာရယ်နေသလိုပဲနော်"
"ဟာ...မဟုတ်ပါဘူးဆို"
"ဟုတ်ပါတယ်။ဝန်ခံလိုက်တော့ကွာ..မဟုတ်ရင်တော့"
"မဟုတ်ရင်တော့ ဘာဖြစ်လဲ"
ပိုးပြောတော့ ကိုကိုကပိုး၏နှုတ်ခမ်းလေးကိုကြည့်ပြီး
မျက်စပစ်ပြသည်။
"ဟီးဟီး ခစ်ခစ်။ကိုကိုရဲ့ပါးလေးကနူးညံ့လို့အသဲလေး
ကိုင်ကြည့်တာလေ။ကိုင်ကြည့်ရင်းအသဲတွေယားလာ
တော့ညစ်မိသလိုဖြစ်သွားတာပါ"
"အဟက်...ဟုတ်မှာပါ။အသဲလေးပါးလေးကိုကိုင်ကြည့်
နေတာကို ကိုကို သိတယ်"
"ဒါဆို ကိုကိုသိနေတာပေါ့နော်"
"အင်း"
"ဟာ...သိနေရင်ဘာလို့အစောကြီးကအိပ်ချင်ယောင်
ဆောင်နေရတာလဲ။ကိုကို လူလိမ်..အရူးကိုကို...ကိုကို
အစုတ်ပလုတ်"
"ဟာ..ကောင်မလေး.ဒါတော့များသွားပြီ"
လေပြေတစ်ယောက်သူစီစဉ်ခိုင်းတဲ့ကိစ္စမအောင်မြင်လို့
ဒေါသထွက်နေသည်။နင်တို့ကိုဒါလေးလုပ်ခိုင်းတာတောင်
သောက်အဖြစ်မရှိဘူး။သောက်သုံးမကျတဲ့ကောင်တွေ
အလိုမကျဖြစ်ကာဒေါသထွက်ပြီးပါးစပ်ကလည်းရိုင်းတဲ့
စကားလုံးများတတွတ်တွတ်ပြောနေ၏။လေပြေထိုလူတွေ
ကိုဖုန်းဆက်ပြီး
"ဟယ်လို...နင်တို့ခဏရှောင်နေလိုက်။သူမဘက်ကအဲ့
ကိစ္စကိုသက်ဆိုင်ရာနဲ့လိုက်ပြီးစုံစမ်းနေလိမ့်မယ်။တကယ်လို့အခုလက်ရှိနေရာကနေငါပြောတဲ့အတိုင်းမရှောင်နေပဲ
ရဲတွေနင်တို့ကိုတွေ့သွားလို့ရှိရင်ငါတာဝန်မဟုတ်ဘူး။အခု
ကတည်းကနေစပြီးရှောင်နေလိုက်..ဒါပဲ"
လေပြေဖုန်းဆက်ပြီးနောက်
"ပိုးကျူးသီ နင်ဒီတစ်ခါလွှတ်သွားတာကိုမင်းကြောင့်မို့။
နောက်တစ်ခါဆိုရင်တော့နင်အတွက်လွှတ်လမ်းမရှိစေရဘူး။
အပန်းဖြေစံအိမ်လေးအထဲမှာတော့
"ကိုကို..အသဲလေးပြောစရာရှိလို့"
"ပြောလေ အသဲလေး"
"မနေ့ညက ဟိုလူတွေကိုအသဲလေးမေးတော့သူတို့ကို
ခိုင်းတဲ့သူကိုမပြောကြဘူး"
"အဲ့ကိစ္စကိုစုံစမ်းဖို့ကိုကိုရဲကိုအကြောင်းကြားထားပြီးပြီ။
မကြာခင်မာတရားခံကိုရှာတွေ့မှာပါ..အသဲလေး"
"ဟုတ်ကဲ့ကိုကို။ဒါနဲ့ သူတို့ပြောလိုက်တဲ့စကားတစ်ခွန်း
ရှိတယ်"
"ဘာစကားလဲ အသဲလေး။ကိုကို ကိုပြောပြ"
"သူတို့ပြောတာက...သူများလက်ထပ်မယ့်သတို့သား
လောင်းအနားကနေထွက်သွားတဲ့"
"ဘာ..တောက်စ်"
ကိုကိုဒေါသထွက်နေပြီဆိုတာပိုးတန်းသိလိုက်သည်။
"ဪ..ကိုကို သိပြီ။အဲ့လိုစကားကိုပြောတဲ့သူကတစ်
ယောက်ပဲရှိတယ်"
"အသဲလေးလည်းအဲ့တစ်ယောက်ကိုသိတယ်"
"အင်း...သူ့ကိုသက်သေမရှိပဲစွတ်စွဲလို့မရဘူး။သူ့ဘက်
ကအပြတ်အသတ်ငြင်းနေရင်ကိုကိုတို့ဘာမှလုပ်လို့မရဘူး
အသဲလေး။သူ့ဘက်ကငြင်းလို့မရအောင်ကိုကိုတို့သက်
သေရှာရမယ်"
"ဟုတ်ကဲ့ကိုကို။ဒါနဲ့ မနေ့က ဒီမှာအသဲလေးနေမကောင်း
လို့အိပ်နေမိတာကိုသူငယ်ချင်းတွေဆီအကြောင်းကြားထား
ပြီးပြီလား။သူတို့ကိုအကြောင်းကြားပြီးဒယ်ဒီနှင့်မာမီကို
တို့ပြောပြပေးထားရင်ကောင်းမှာပဲ"
"စိတ်မပူပါနဲ့ အသဲလေး။ကိုကို အကြောင်းကြားထားပြီးပြီ။
သူတို့ကမစိုးရိမ်ပါနဲ့တဲ့အသဲလေးကိုနေကောင်းအောင်
အနားယူခိုင်းပါတဲ့"
"အဲဒါကြောင့် ကိုကို ကိုချစ်တာ"
"ကိုကိုလည်းအတူတူပါပဲ။အသဲလေးကိုချစ်တယ်"
"အသဲလေးဘာစားချင်လည်းကိုကို့ကိုပြော။အသဲလေးစား
ချင်တာအကုန်ပြော ကိုကိုချက်ကျွေးမယ်"
"တကယ်လား ကိုကို"
"တကယ်ပေါ့ အသဲလေးရဲ့"
"အဲဒါဆို..ကြက်သားကရင်ဟင်းချက်ပေးငရုတ်သီးစိမ်းများ
များ၊ကြက်သွန်ဖြူ၊စံပါးလင်၊ဂျင်း၊ငရုတ်ကောင်းထည့်နော်။
ဒါမှစားလို့ကောင်းမှာ ကိုကို"
"ဟုတ်ပါပြီဗျာ။ဒါဆို ကိုကိုအခုစပြီးချက်ပြုတ်ပြီနော်"
"အင်း..မြန်မြန်လေးနော်။ခစ်ခစ် ကိုကိုချက်ကျွေးတဲ့ဟင်း
ကိုစားရတော့မယ်"
၁၅မိနစ်ကြာတော့
"အသဲလေး..ဟင်းကျက်သွားပါပြီ။စားလို့ရပါပြီခင်ဗျာ"
"ဟူးးး အနံ့လေးကမွှေးလိုက်တာ စားချင်စိတ်တွေဖြစ်ပေါ
နေပြီ...ကိုကိုရေ။အသဲလေးစားပြီနော်"
အားရပါးရနဲ့မြိန်ရေရှက်ရေစားနေတဲ့သူမလေးကိုကြည့်
ပြီးသူပျော်မိသည်။
ဆက်ရန်
💋အပိုင်း(8)=Coming Soon💋