book

Index 4

💋အပိုင်း(4)💋

💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋


အိမ်ရောက်တော့ကောင်းက


"မင်္ဂလာပါ ဒယ်ဒီ"


"မင်္ဂလာပါ သားရောက်လာကြပြီလား"


"ဟုတ်တယ် ဒယ်ဒီ။လေဆိပ်မှာမာမီနဲ့စကားပြောနေလို့

နောက်ကျသွားတာ"


"ရပါတယ် သားရယ်"


 "ဒယ်ဒီ မာမီပြောတော့သားအတွက်ပြင်ဆင်စရာရှိလို့

အိမ်မှာကျန်ခဲ့တယ်ဆို"


"အင်း.....ဟုတ်တယ် သား"


"ဘာတွေ ပြင်ဆင်ထားတာလည်းဒယ်ဒီ"


 "ဒီမှာ သားအတွက်"


ဟုဆိုပီးဂိုဒေါင်ထဲမှပြိုင်ကား အနီရောင်လေးကိုပြလိုက်

လေသည်။


"wow....ဒယ်ဒီ ပြိုင်ကားအနီရောင်လေးပါလား။

သားကြိုက်တဲ့ပုံစံမျိုးပဲ"


"ဟုတ်တယ်။သားကဘွဲ့ရပြီးပြီဆိုတော့သားအတွက်

သွားလာရတာအဆင်ပြေအောင်လေ။ကဲ သား

ဒယ်ဒီရဲ့ supriseကဘယ်လိုလဲ"


"အရမ်း...အရမ်းကိုသဘောကျတယ်ဒယ်ဒီ"


"ဒယ်ဒီကသားအကြိုက်ကိုသိလို့လွန်ခဲ့တဲ့(2)ရက်ကစီစဉ်

ထားတာသားပြန်လာတာနဲ့အမှီဖြစ်အောင်လို့လေ"


"ကျေးဇူးပါ ဒယ်ဒီ"


"ရပါတယ်။သားအတွက်ပဲလေ"


ထိုစဉ် ကောင်း၏မိခင်ဖြစ်သူအနားရောက်လာပြီး


"စကားတွေပြောမနေကြနဲ့ဦး။ထမင်းစားဖို့မေ့နေဦးမယ်။

သားကလေဆိပ်ကပြန်လာတာဆိုတော့ခဏသွားနားလေ။

ပြီးရင်ထမင်းစားဖို့ဆင်းလာခဲ့"


"Yes မာမီ"


ပြောပြီးသူ့အိပ်ခန်းရှိရာကိုတက်လာခဲ့တော့၏။


"လေပြေ သမီးအလုပ်မလုပ်ချင်ဘူးလား"


"သမီးအလုပ်မလုပ်ချင်ဘူးဒယ်ဒီ။ဒါပေမဲ့သင်တန်းတစ်ခု

တက်ချင်တယ်"


"ဘာသင်တန်းလဲသမီး"


"Piano သင်တန်းတက်ချင်တယ်ဒယ်ဒီ"


"ကောင်းပြီ။သမီးသင်တန်းတက်မယ်ဆိုရင်ဒယ်ဒီ

ခွင့်ပြုတယ်"


"အဲဒါကြောင့် ဒယ်ဒီကိုချစ်တာ"


 "သမီးလေးအဝတ်အစားအသစ်တွေဝတ်စားထားလို့

ပါလား။ဘယ်သွားမလို့လဲ"


"ကိုမင်းဆီသွားမလို့ပါ ဒယ်ဒီ"


"မောင်စက်မင်းအခုမျိုးအချိန်ဆိုcompanyမှာပဲရှိတယ်

 သမီးရဲ့"


"သမီးသိပါတယ် ဒယ်ဒီ"


"ဒါဆိုသမီးအခုမောင်စက်မင်းcompanyဆီသွား

 မလို့လား"


"ဟုတ်တယ် ဒယ်ဒီ အခုသွားမလို့"


"အေး....သွားမယ်ဆိုလည်းသွားပေါ့။အလုပ်လုပ်နေတာ

ဆိုရင်တော့သွားပြီးမနှောင့်ယှက်နဲ့နော် သမီး"


"စိတ်ချပါ ဒယ်ဒီ။အဲဒါဆို သမီးသွားပြီ"


လေပြေ ဒယ်ဒီကိုပြောပြီးcompanyရှိရာကိုလာခဲ့

လေသည်။Companyကိုရောက်တော့


"wow ကိုစက်မင်းရဲ့companyကအမိုက်စားပဲ"


လေပြေကိုယ့်ဘာသာကိုcompanyကိုကြည့်ပြီး

ပြောနေစဉ်ဝန်ထမ်းကောင်မလေးတစ်ယောက်က


"ဒီကအမ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့်"


"တို့ဒီcompanyရဲ့MDစက်မင်းထွဋ်နဲ့တွေ့ချင်လို့"


"ဟို...ဒါနဲ့ အမMDနဲ့ကြိုပြီးချိန်းထားတာလား။စိတ်မရှိပါနဲ့ တာဝန်အရမေးကြည့်တာပါ"


"ကြိုတင်မချိန်းထားပါဘူး။ဘာလဲ မတွေ့ရဘူးလား"


"အဲ့လိုမဟုတ်ပါဘူး။ဒါဆိုခဏနော် ညီမphဆက်ပြီး

မေးကြည့်ပေးပါ့မယ်"


"ဒါဆို မြန်မြန်မေး"


"ဟုတ်ကဲ့ အမ"


ဝန်ထမ်းကောင်မလေးလည်းMDဆီဖုန်းခေါလိုက်သည်။


"ဟယ်လို MD။အပြင်မှာဧည့်သည်တစ်ယောက်က

MDနဲ့တွေ့ချင့်လိုဆိုပြီးရောက်နေပါတယ်ရှင့်"


"ငါချိန်းထားတာမရှိဘူး။ဘယ်သူလဲလို့မေးလိုက်"


"ဟုတ်ကဲ့ MD"


"အမနာမည်ကဘယ်လိုခေါ်ပါလဲ"


"တို့နာမည်က လေပြေသွယ်"


"MDဧည့်သည်အမည်က လေပြေသွယ် တဲ့"


"အေး..ဝင်လာခိုင်းလိုက်"


စက်မင်း၏စိတ်ထဲ၌လေပြေကcompanyအထိ

ဘာလာလုပ်တာလဲ။


"ကိုမင်း လေပြေပါ"


 "ဝင်ခဲ့"


"ဟုတ်ကဲ့"


လေပြေအခန်းတံခါးဖွင့်ပြီးဝင်လာခဲ့သည်။


"လေပြေcompanyကိုဘာကိစ္စနဲ့လာတာလဲ"


"ကိုမင်းကလည်း ဘာကိစ္စမှမရှိပါဘူး"


"ဒါဆိုဘာလို့လာတာလဲ"


"ဒီလိုပါပဲ။ကိုမင်းcompanyကိုစိတ်ဝင်စားလို့လာကြည့်

တာပါ။ပြီးတော့ ကိုမင်း ကိုလည်းပြောစရာရှိလို့"


"ဘာပြောစရာရှိလည်း"


"ကိုမင်းနဲ့လေပြေကလူကြီးချင်းစေ့စပ်ကြောင်းလမ်းဖို့

သဘောတူထားတဲ့သူတွေလေ"


"မဖြစ်နိုင်တာ"


"ဘာလို့မဖြစ်နိုင်ရမှာလဲ။လေပြေကအမှန်တွေပြောပြ

နေတာ"


"မဖြစ်နိုင်ဘူး လေပြေ။မင်းလိမ်နေတာ"


"လေပြေ မလိမ်ဘူး။မယုံရင်ကိုမင်းရဲ့မိဘတွေကို

မေးကြည့်လိုက်လို့ရတယ်။နောက်ပြီးလေပြေ ကိုမင်း

ကိုချစ်တယ်"


"တော်တော့ လေပြေ။ငါတော့မင်းကိုမချစ်ဘူး။ငါမင်းကို

သူငယ်ချင်းတစ်ယောက်လိုညီမလေးတစ်ယောက်လိုပဲ

သဘောထားတယ်။ဒီထက်မပိုဘူး"


"ကိုမင်းဘက်ကလေပြေကိုဘယ်လိုပဲသဘောထားထား

လေပြေကတော့ကိုမင်းကိုချစ်တယ်။ကိုမင်းကလေပြေ

အတွက်ပဲဖြစ်ရမယ်"


"ဆုတောင်းလေ နောက်ဘဝတောင်ပြည့်မှာမဟုတ်ဘူး"


"ဆုတောင်းစရာမလိုပါဘူးကိုနေရယ်။လေပြေ ကိုနေ

အတွက်ဘာပဲလုပ်ရလုပ်ရအကုန်လုပ်မယ်။လေပြေက

လွဲပြီးဘယ်သူ့ကိုမှမချစ်ရဘူး။ကုန်ကုန်ပြောရရင်စိတ်

ကူးထဲအသည်းအိမ်ထဲစိလေပြေချစ်တဲ့ကိုနေကိုလာပြီိး

လုယူတဲ့ဘယ်သူမဆိုလေပြေရှင်းပစ်ဖို့ဝန်မလေးဘူး။

ဒါကို ကိုမင်းသိအောင်ပြောတာ"


"အေး မင်းသိအောင်ငါတစ်ခုတော့ပြောလိုက်မယ်။

ငါမင်းကိုသူငယ်ချင်းကောင်း၊ညီမကောင်းတစ်ယောက်

လို့ထင်ထားခဲ့တာမထင်ရဘူးနော်။မင်းကအဲလောက်

ထိစိတ်ထားယုတ်ညံ့လိမ့်မယ့်လို့။မင်းအခုချက်ခြင်းငါ့

အခန်းထဲကထွက်သွား"


"ထွက်သွားမှာပါ။လေပြေထွက်သွားတာကcompany

ရဲ့အပြင်ဘက်ကိုပါ။ဒါပေမဲ့ကိုမင်းနှလုံးသားထဲကနေတော့

ဘယ်တော့မှထွက်မသွားဘူး။ကိုမင်း ကိုဘယ်လိုနည်းနဲ့

ပဲဖြစ်ဖြစ်လေပြေရအောင်ယူမယ်"


ပြောပြီးထွက်လာခဲ့၏။လေပြေအခန်းထဲမှထွက်သွား

မကြာ စက်မင်းလည်းစိတ်ညစ်ညစ်နဲ့ကားသော့ယူပြီးအိမ်

ကိုမောင်းနှင်လာခဲ့သည်။အိမ်ရောက်တောဒယ်ဒီနဲ့မာမီက


"သားဘာဖြစ်လာတာလဲ။ရုံးဆင်းဖို့အစောကြီးလိုသေး

တယ်လေ။ဘာဖြစ်လို့လဲ။နေမကောင်းလို့လား။ဘယ်နေ

ရာမှာများနေမကောင်းဖြစ်လို့လဲ"


"သားဘာမှမဖြစ်ဘူး။ဒယ်ဒီနဲ့မာမီကိုသားမေးစရာရှိလို့ပါ"


 "ဘာမေးမှာလည်းသား မေးလေ"


 "သားမေးမှာကသားနဲ့လေပြေကိစ္စ"


 "သားနဲ့လေပြေကဘာဖြစ်လို့လည်း"


"လေပြေဒီနေ့companyကိုလာတယ်။ပြီးတော့သား

နဲ့သူကိုလူကြီးချင်းစေ့စပ်ကြောင်းလမ်းဖို့သဘောတူထား

တယ်ဆိုပြီးသားကိုလာပြောတယ်။အဲ့ဒါ အမှန်ပဲလား"


ထိုအခါစက်မင်း၏မိဘနှစ်ပါးက


"လေပြေပြောတာတွေကအမှန်ပဲသား"


"ဗျာ။ဒယ်ဒီနဲ့မာမီကဘာလို့သားကိုမတိုင်ပင်ရတာလဲ။

 ဘာလို့သားရဲ့ခံစားချက်ကိုဘာလို့မမေးရတာလဲ"


"သားလည်းသဘောတူမယ်ထင်တဲ့စိတ်နဲ့ဒယ်ဒီနဲ့မာမီက

လက်​ခံလိုက်​တာ"


"ဒယ်ဒီတို့လူကြီးချင်းဘာတွေဘယ်လိုပဲလက်ခံဘယ်လို

ပဲသဘောတူသားကတော့လေပြေကိုလက်မထပ်နိုင်ဘူး။

သားသူ့ကိုသူငယ်ချင်းတစ်ယာက်လိုပဲညီမလေးတစ်

ယောက်လိုပဲသဘောထားတယ်။အရှင်းဆုံးပြောပြရင်

သားသူ့ကိုမချစ်ဘူး။နောင်ဘယ်တော့မှလည်းချစ်မှာမဟုတ်

ဘူး။သားကြိုက်နှစ်သက်တဲ့သူကိုပဲသားလက်ထပ်မှာ

သားဘဝရဲ့လက်တွဲဖော်ကိုသားကိုယ်တိုင်ရွေးချယ်မှာ

မို့လို့သားကိုခွင့်ပြုပါဦး"


စက်မင်းအရက်ဘားတစ်ခုကိုရောက်လာပြီးသူငယ်ချင်း

တွေကိုphဆက်ပြီးလှမ်းခေါ်လိုက်သည်။ခနအကြာ

သူငယ်ချင်းတွေရောက်လာကြပြီး


"ယျောင့် စက်မင်း မင်းဘာဖြစ်လာတာလဲ"


"ငါဘာဖြစ်လာတာလဲဆိုတာမင်းတို့ကိုပြောပြမယ်"


"အေး ပြော"


 "ဒီလိုကြ.. ...."


စက်မင်းပြောပြလိုက်တော့


 

"မင်းဘာမှစိတ်ဓာတ်မကျနဲ့။မင်းဘက်မှာငါတို့

သူငယ်ချင်းအကုန်လုံးရှိတယ်"


"အေးပါကွာ။မင်းတို့ငါဘက်မှာရှိနေပေးလို့ ကျေးဇူးပါကွာ"


"ရပါတယ်။ကျေးဇူးတင်စရာမလိုပါဘူးကွာ။သူငယ်ချင်း

တွေပဲ"


ထိုစဉ် ပိုင်ဆက်က


"စက်မင်း မင်းဘာဆက်လုပ်မှာလဲ"


"ငါလား...ငါကြိုက်နေတဲ့ကောင်မလေးကိုဖွင့်ပြော

တော့မယ်ကွာ။နောက်ပြီးရင်သူမနဲ့ပဲလက်ထပ်မယ်။

သူမကလွှဲလို့အခြားဘယ်သူ့ကိုမှငါလက်မထပ်ဘူး"


ပြော၏။နေမင်းသူက


"အင်းပါ။မင်းပြောတဲ့ကောင်မလေးဆိုတာဟိုတစ်ခေါက်

ကcoffee ဆိုင်မှာမင်းနဲ့တိုက်မိတဲ့တစ်ယောက်လား"


"ဟုတ်တယ် နေမင်း"


 "ဟမ် သူမနဲ့မင်းက"


 "သူမကငါ့companyမှာအလုပ်ဝင်လုပ်နေတယ်။

ပြီးတော့ငါသူမကိုမိတ်ဖွဲ့ထားတယ်ကွ။သူမဘက်က

ငါ့ကိုခွင့်ပြုတယ်။အဲဒါပဲ"


"ဒါဆို မင်းသူမကိုဘယ်နေ့ဖွင့်ပြောမှာလဲ"


 "ငါလား...နောက်တစ်ပါတ်ကျရင် ဖွင့်ပြောမှာပေါ့ကွ"


 "အင်းပါ မင်းဘက်ကအဆင်ပြေပါစေ။ငါတို့မင်းဘက်

ကနေအမြဲရှိနေမယ်။အခုတော့အိမ်ပြန်ရအောင်

စက်မင်း"


 "အင်းပါ ပြန်မယ်လေကွာ"


သူငယ်ချင်းများကစက်မင်းကိုအိမ်သို့လိုက်ပို့ပေး၏။

အိမ်ရောက်တော့


 "ဟယ် သားသူငယ်ချင်းတွေပါလား"


 "အန်တီ မင်္ဂလာပါ"


 "မင်္ဂလာပါကွယ်သားတို့။ဒါနဲ့ အန်တီသားရော"


 "ပါတယ်အန်တီ။ကားအနောက်ခန်းမှာနေမင်းတွဲခေါ်နေလို့"


 "ဘာဖြစ်လို့တွဲခေါ်ရတာတုန်း"


 "ဘီယာသောက်တာများသွားလို့ပါ။ဟော...ပြောရင်း

ဆိုရင်းနဲ့လာပါပြီအန်တီ"


သူရကပြောလေ၏။စက်မင်း၏မိခင်ဖြစ်သူက


 "ဟယ် သားဘီယာတွေအများကြီးသောက်လာပြီး

တော့အရမ်းမူးနေပါလား။ဘယ်လိုဖြစ်လို့အဲ့လောက်

ထိတောင်သောက်ရတာတုန်း"


"စက်မင်းနိုးလာမှပဲမေးကြည့်လိုက်ပါအန်တီ"


"အေးပါကွယ်။အန်တီသားကိုအခန်းထဲတွဲခေါ်ပေးပါဦး"


"ဟုတ်ကဲ့ "


သူငယ်ချင်းများကစက်မင်းကိုအိပ်ယာအထိပို့ဆောင်ပေး

လေ၏။သူတို့ပြန်တော့မည့်အလုပ်စက်မင်း၏မိခင်က


"သားတို့ကိုအန်တီကျေးဇူးတင်ပါတယ်ကွယ်"


 "ရပါတယ် အန်တီ။အဲဒါဆို ကျွန်တော်တို့ကိုပြန်ခွင်ပြုပါဦး"


 "ကောင်းပါပြီကွယ်။သေချာဂရုစိုက်ပြီးပြန်ကြနော်"


  "ဟုတ်ကဲ့ အန်တီ"


မနက်မိုးလင်းသော်စက်မင်း၏မိခင်ဖြစ်သူကသံပုရာ

ရည်တစ်ခွက်ယူဆောင်လာပြီး


"သားဒီမှာသံပုရာရည် မာမီဖျော်လာတာသောက်လိုက်

  ပါဦး"


 "ဟုတ်ကဲ့ မာမီ။သားသောက်လို့ပြီးပြီ။သားcompany

 သွားတော့မယ်"


 "အေး ကားကိုသေချာဂရုစိုက်ပြီးမောင်းဦး"


"ဟုတ်ကဲ့ မာမီ။သားသွားပြီ"


ပြောပြီးcompanyသို့လာခဲ့လေသည်။


 (1)ပတ်ကြာပြီးနောက်စက်မင်းနှင့်ပိုးလည်းသူငယ်ချင်း

တွေဖြစ်သွားကြလေသည်။တစ်ယောက်အကြောင်းတစ်

ယောက်သိနေကြလေပြီ။တစ်နေ့တော့စက်မင်းကပိုး

ကိုဖွင့်ပြောမလို့စိတ်ထဲကတွေးရင်းပိုးကို


"ပိုးပိတ်ရက်ကျရင်coffeeဆိုင်မှာတွေ့လို့ရမလား"


"ရပါတယ် MD"


Coffee ဆိုင်ကိုချိန်းလိုက်တဲ့နေကပိတ်ရက်ဖြစ်နေ

သည်။ပိုးလည်းပိတ်ရက်ကျရင်အားသည့်အတွက်

MDချိန်းထားသည့်coffeeဆိုင်ကိုသွားရန်ဆုံးဖြတ်

လိုက်သည်။ပိတ်ရက်ရောက်တော့စက်မင်းကcoffee

ဆိုင်ကိုကြိုရောက်နှင့်နေ၏။ခဏနေကြတော့ပိုး

ရောက်လာသည်။စက်မင်းကသူမကိုကြည့်ပြီးရုံးအဝတ်

အစားဝတ်တာထက်အခုလိုမျိုးတစ်မျိုးလေးဝတ်စားထား

တော့သူ့ရင်ကိုလှုပ်ခတ်စေနိုင်တဲ့မြှားလေးတစ်စင်အလား

နှလုံးသားကိုတိုးဝှေ့ရောက်ရှိသွားသည်ပင်။သူမဝတ်

ဆင်ထားသည့်အင်္ကျီပန်းရောင်လက်တိုလေးကိုစကပ်

အဖြူဒူးဖုံးလေးနဲ့အတူပါးပြင်ထက်မှာမိတ်ကပ်ပါးပါးလေး

ပုတ်ထားသောအခါဖြောင့်စင်းနေသည့်မျက်တောင်ရှည်

ကော့ကော့လေးတစ်စင်းကလည်းတောက်ပြောင်နေ၏။

နှုတ်ခမ်းပါးလေးပေါမှာပန်းဆီရောင်နှုတ်ခမ်းနီအဖျော့လေး

ခြယ်သထာပြီးဖိနပ်လေးကပန်းရောင်နဲ့အဖြူရောင်ရောစပ်

ထားသည့်ရှူးဖိနပ်အနိမ့်လေးစီးထားသည်။ပိုးဆိုင်ထဲဝင်

လာသောအခါတစ်ဖက်စားပွဲ၌ထိုင်နေသည့်MDကိုတွေ့

လိုက်ရသည်။ပိုးကိုကြည့်နေသည့်MD၏အကြည့်ကြောင့်

စိတ်မလှုံမလှဲဖြစ်သလိုခံစားနေရ၏။


"ပိုး ကိုယ်ဒီမှာ"


"ဟုတ်ကဲ့ ကိုစက်မင်း"


ပိုးပြောပြီးNDအရှေ့ကထိုင်ခုံလေးမှာဝင်ထိုင်လိုက်

လေသည်။


"ပိုးကို ကိုယ်ပြောစရာရှိလုိ့coffeeဆိုင်မှာတွေ့ဖို့ချိန်း

 လိုက်တာပါ"


 "ဘာပြောစရာရှိလို့လည်း ကိုစက်မင်း"


 "ကိုယ်မင်းကိုအရမ်းချစ်တယ်။မင်းကိုမြင်မြင်ခြင်းစတွေ့

ကတည်းကချစ်ခဲ့တာပါ။ကိုယ့်နှလုံးသားကမင်းကိုပြော

ပြမတတ်အောင်ကိုချစ်တာမင်းတော့ကိုယ့်ကိုအထင်

သေးမှာပဲသေချာတယ်။ဒါပေမဲ့ ကိစ္စမရှိပါဘူး။မင်းအထင်

သေးမှာကိုကိုယ်ခံနိုင်ရည်ရှိပါတယ်။ကိုယ်နှလုံးသားထဲ

မှာတစ်ခါမှမချစ်ခဲ့ဖူးတဲ့အချစ်မျိုးနဲ့မင်းကိုချစ်တာပါ။အခု

လိုမျိုးမင်းကိုဖွင့်ပြောတယ်ဆိုတာလဲကိုယ့်ရင်ထဲမှာမင်း

နဲ့ပတ်သက်တဲ့ခံစားချက်ကိုမင်းသိအောင်ကိုယ်ပြောပြ

လိုက်တာပါ။မင်းဘက်ကရောကိုယ့်ရဲ့ခံစားချက်ကိုအသိ

မှတ်ပြုနိုင်မလားတော့ကိုယ်မသိဘူး"


 "ရှင်"


"Sorry  မင်းအရမ်းလန့်သွားမှာပဲနော်"


"ပိုးစဉ်းစားပါရစေ  ကိုစက်မင်း"


"ကိုယ်မင်းကိုချက်ခြင်းကြီးတော့အသိမှတ်မပြုခိုင်းပါဘူး။

မင်းဘက်ကစဉ်းစားဖို့အချိန်လိုအပ်တယ်ဆိုတာကိုယ်သိ

ပါတယ်"


"ဟုတ်ကဲ့ ကိုစက်မင်း။ပိုးစဉ်းစားဖို့အချိန်လိုအပ်တယ်

ဆိုတာသိပါတယ်"


"မင်းဘက်ကစဉ်းစားဖို့ပြောတာနဲ့တင်ကိုယ်ကျေနပ်ပါတယ်"


 "ပိုး ဒီမှာကိုယ့်ရဲ့ph number"


 "ဟုတ်ကဲ့  ကိုစက်မင်း။ပိုးရဲ့ph numberကဒီမှာပါ"


 "ကေ်းဇူးပါ ပိုး"


 "ရပါတယ် ကိုစက်မင်း။ပိုးစဉ်းစားပြီးရင်အကြောင်းပြန်

လိုက်ပါ့မယ်။အခုတော့ ပိုးကိုခွင့်ပြုပါဦး"


 "ဟုတ်ကဲ့ ပိုး။သေချာဂရုစိုက်ပြီးပြန်နော်"


  "ဟုတ်ကဲ့"


ပိုးပြန်သွားတော့စက်မင်းလည်းသူငယ်ချင်းတွေဆီထွက်

လာခဲ့လေသည်။


ဆက်ရန်


💋အပိုင်း(5)=Coming Soon💋


rate now: