💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋
"ဟုတ်ကဲ့ သခင်မကြီး"
မနက်မိုးလင်းသော်
"ဒေါက်....ဒေါက်...ဒေါက်"
လေပြေ၏မိခင်ဖြစ်သူအခန်းတံခါးကိုလာခေါက်တော့
အထဲမှဘာအသံမှမကြားရသဖြင့်
"သမီးလေပြေ အိပ်ယာထတော့လေ"
"ဟုတ်ကဲ့ မာမီသမီးနိုးနေပြီ"
"အင်း...သမီးနိုးပြီဆိုတော့မာမီအောက်ထပ်မှာမနက်စာ
စားဖို့စောင့်နေမယ်နော်"
"ဟုတ်ကဲ့ မာမီ။သမီးခဏကြာရင်ဆင်းလာခဲ့မယ်နော်"
"အင်းပါ မာမီတို့စောင့်နေမယ်နော်"
ခနအကြာအောက်ထပ်ကိုလေပြေဆင်းလာခဲ့လေသည်။
"Morning ပါဒယ်ဒီနဲ့မာမီ"
"Morning ပါသမီး"
လေပြေ၏ဖခင်ဖြစ်သူက
"သမီးလေး ဒယ်ဒီ company မှာအလုပ်ဝင်လုပ်ပါလား"
"ဟင့်အင်း သမီးအလုပ်မလုပ်ချင်ဘူး"
"သမီးအလုပ်မလုပ်လို့မရဘူးလေ"
"ဘာဖြစ်လို့မရတာလဲ"
"သမီးကိုဒယ်ဒီ ပြောပြမယ်"
"ပြောလေ ဒယ်ဒီ"
"သမီးဒယ်ဒီ company မှာအလုပ်မလုပ်ချင်ရင်ရ
တယ်။ဒါပေမဲ့ အဲ့ဒီ အစားဒယ်ဒီသူငယ်ချင်းရဲ့company
မှာသမီးအလုပ်ဝင်လုပ်ရမယ်"
"ဒယ်ဒီ သူငယ်ချင်း ဆိုတာက"
"ဘယ်သူမှမဟုတ်ပါဘူး။သမီးသိပြီးသားသူပါ"
"ဘယ်သူလဲ ပြောပြလေ။ဒယ်ဒီသမီးသိချင်နေပြီ"
"မောင်စက်မင်းရဲ့အဖေဦးလင်းခိုင်ပေါ့။သူနဲ့ဒယ်ဒီက
လုပ်ငန်းပါတနာတွေလေ။ဘယ်လိုလဲသမီးသူ့ဆီမှာ
အလုပ်ဝင်လုပ်မယ်မလား"
"ဟုတ်ကဲ့ ဒယ်ဒီ။သမီးအလုပ်ဝင်လုပ်မယ်"
"ဝမ်းသာလိုက်တာသမီးရယ်"
"သမီးသိစရာတစ်ခုရှိတယ်"
"မောင်စက်မင်းနဲ့သမီးကိုဒယ်ဒီတို့ငယ်စဉ်ကတည်း
ကစေ့စပ်ကြောင်းလမ်းဖို့သဘောတူထားတာကွယ့်"
"ဟမ် ဟုတ်လား ဒယ်ဒီ"
"သမီးလည်းမသိရပါလားဒယ်ဒီ"
"ဘာဖြစ်လို့လဲ။သမီးကမောင်စက်မင်းကိုသဘောမကျလို့
လား"
"ဟာ...ဒယ်ဒီ ကလည်းသဘောကျတာပေါ့"
"အင်းပါ။သမီးသဘောကျတယ်ဆိုတာဒယ်ဒီသိပါတယ်"
"ဒါနဲ့ ဒယ်ဒီ သမီးနဲ့ကိုမင်းကငယ်တုန်းကပဲသိတာလေ
ကြီးလာတော့ဘယ်သူဘယ်ဝါမှန်းသေချာမသိရဘူးလေ"
"အဲ့တော့သမီးကမောင်စက်မင်းကိုသွားတွေ့မှာလား"
"အင်း....ကောင်းသားပဲ။သမီးကအခုမှ Americaကနေ
ပြန်လာတယ်ဆိုတာသိရင်သူဝမ်းသာမှာသေချာတယ်"
"ဟုတ်တယ် ဒယ်ဒီ။သမီးမနက်ဖြန်ကိုမင်း ကိုသွားတွေ့
မလို့ပါ"
"တီးးး တီးးး တီးးး"
ကားဟွန်းသံကြား၍စက်မင်း၏မိခင်ဖြစ်သူကထွက်လာ
ုပြီး
"မင်္ဂလာပါ အန်ကယ်နဲ့အန်တီ"
"မင်္ဂလာပါ ကွယ်"
"ဒါနဲ့ သမီးကဘယ်သူလဲကွယ်"
"ဟင် အန်ကယ်နဲ့အန်တီ သမီးလေပြေပါ။
မမှတ်မိဘူးလား"
"ဟယ် လေပြေသမီးလား။။ကြည့်စမ်းဒီအရွယ်တောင်
ရောက်သွားပြီ။သမီးကိုမတွေ့ရတာသမီးတစ်သက်ပဲနော်။
လှလာလိုက်တာ"
"အန်တီကတော့မြောက်ပြောနေပြန်ပြီ"
"မမြောက်ပါဘူး။တကယ်ပြောတာ သမီး"
"အန်တီ ကိုစက်ရော"
"ဪ....သားစက်မင်းလား။ရှိတယ်သမီးဧည့်ခန်းမှာ
gameဆော့နေတာ"
"ဟုတ်လား အန်တီ။သမီး ကိုမင်းဆီသွားလိုက်ဦးမယ်"
"အင်း"
ဒေါ်တေးဝင့်ခြယ်စကားတောင်မဆုံးသေးလေပြေက
သားစက်မင်းရှိရာကိုရောက်သွားသည်။
"အိမ်ထဲကိုဝင်လာတာဘယ်သူလဲ"
"ဘယ်သူမှမဟုတ်ဘူး။လေပြေပါ"
"ဘယ်ကလေပြေ လဲ"
"ကိုမင်းနဲ့ငယ်တုန်းကအရုပ်ဆက်ကစားခဲ့တဲ့မိလေပြေလေ"
"ဟမ် နင်တကယ်လေပြေပေါ့"
"ဟုတ်ပါတယ် ဆိုကိုမင်းကလည်း"
"ဒါနဲ့ နင်ဘယ်တုန်းကမြန်မာပြည်ကိုပြန်ရောက်တာလဲ"
"မနေ့ကမှပြန်ရောက်တာပါကိုမင်း"
"ဟုတ်လား"
"ဟုတ်တယ် ကိုမင်း"
"ကိုမင်းရော လေပြေကိုသတိမရဘူးလား"
"သတိရတာပေါ့။နင်နဲ့ငါကသူငယ်ချင်းတွေပဲလေ"
"အင်း.....ဟုတ်တာပေါ့။သူငယ်ချင်းတွေပဲလေ"
လေပြေ၏စိတ်ထဲ၌ကိုမင်းနှင့်သူငယ်ချင်းမဖြစ်ချင်ဘူး။
သူငယ်ချင်းဆိုတဲ့အဆင့်ကနေကျော်ချင်တယ်။ကိုမင်း
နဲ့ချစ်သူဖြစ်ချင်တာကိုမင်းနဲ့မတွေ့ရတဲ့နှစ်တွေအများကြီး
မှာကိုမင်းကချောလာတယ်။လေပြေကိုမင်း ကိုချစ်တယ်။
ကိုမင်းကလေပြေအတွက်ပဲဖြစ်ရမယ်။
"လေပြေ...လေပြေ"
"ဟမ်..ကိုမင်းဘာလဲ"
"နင်ဘာတွေတွေးနေတာလဲ။ငါခေါ်နေတာမကြားရအောင်"
"ဘာမှမတွေးပါဘူး။ဒီလိုပါပဲ"
"ဘာမှမတွေးရင်ပြီးရောငါ့မာမီကနင့်ကိုထမင်းစားပြီး
မှပြန်တဲ့"
"အင်း..အဝစားပြီးမှပြန်မယ်"
🎶🎶🎶အေးစက်သွားတဲ့ငါ့နှလုံးသား 🎶🎶🎶
🎶🎶🎶မင်းနဲ့တွေ့မှနိုးလာတယ် 🎶🎶🎶
🎶🎶🎶ကွဲအက်သွားတဲ့အသည်းဒဏ်ရာ 🎶🎶🎶
🎶🎶🎶မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ 🎶🎶🎶
Phမြည်သံကြောင့်ပိုးကိုင်လိုက်၏။
"ဟယ်လို ဘယ်သူပါလဲရှင့်"
"ဟုတ်ကဲ့အမ။Fashion Star Companyကပါရှင့်"
"ဟုတ်ကဲ့ ပြောပါရှင့်"
"အမပိုးကျူးသီဖြေဆိုတဲ့interview resultအောင်မြင် သွားပါတယ်ရှင့်။ဒါကြောင့်မနက်ဖြန်ကစပြီးအလုပ်စဆင်း
လို့ရပါပြီရှင့်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်"
"ဟုတ်ကဲ့အမ"
ပိုး interview အောင်မြင်တယ်ဆိုတာသိသိချင်းဝမ်း
သာအားရဖြစ်ကာ
"မာမီရေ။မာမီ သမီး interviewဖြေဆိုတာအောင်မြင်
တယ်"
"ဟယ်...ဟုတ်လား သမီး"
"ဟုတ်တယ်မာမီ။ပြီးတော့မနက်ဖြန်ကစပြီးအလုပ်စဆင်းရ
မယ်တဲ့"
"ဝမ်းသာလိုက်တာသမီးရယ်"
"သမီးရောအတူတူပဲ မာမီ"
"ဒါဆို သမီး မနက်ဖြန်အလုပ်သွားဖို့အတွက်ပြင်ဆင်စရာ
ရှိတာပြင်ဆင်ထားနော်"
"ဟုတ်ကဲ့မာမီ။ဒါဆိုသမီးအခန်းထဲသွားတော့မယ်"
"အင်းပါ သမီးလေး"
မနက်ဖြန်ကိုရောက်သော်ပိုးတစ်ယောက်အလုပ်သွားဖို့
တက်ကြွလန်းဆန်းနေသည်။
"မာမီရေ သမီး အလုပ်သွားပြီ"
"အင်းပါ။သမီးကားကိုသေချာဂရုစိုက်မောင်းသွားနော်"
"ဟုတ်ကဲ့မာမီ။သမီးသွားပြီ"
Companyကိုရောက်တော့
"ညီမလေး အမသွားရမယ့်ဌာနကဘယ်မှာလဲ"
"ဟုတ်ကဲ့အမ အပေါ်ထပ်မှာပါ"
"ကျေးဇူးနော် ညီလေး"
"ဟုတ်ကဲ့အမ"
ဝန်ထမ်းတွေက သူမကိုကြည့်ပြီး
"ဟဲ့ကောင်မတွေ အဲ့အမကချစ်စရာလေးနော်။အမူအရာ
လေးကကလေးဆန်တယ်။ရယ်လိုက်ရင်ပါးချိုင့်လေးပေါ်
သွားရော သွားစွယ်ကလေးပါတော့အရမ်းချစ်စရာကောင်း
နေတာပေါ့နော်။ငါ့ဖြင့်အားကျလိုက်တာဟယ်"
"အင်း..ဟုတ်တယ်နော်"
"ဒေါက်....ဒေါက်....ဒေါက်...."
"ဟုတ်ကဲ့ ဝင်ခဲ့ပါ"
"ကဲ..မင်းတို့ကိုမနှင်းလူသစ်တစ်ယောက်နဲ့မိတ်ဆက်
ပေးမယ်"
ဒေါနှင်းခရေကCompanyရဲ့မန်နေဂျာတစ်ဦးဖြစ်သည်။
ဒေါ်နှင်းခရေကိုcompanyမှာဝန်ထမ်းတွေကမနှင်းလို့
ခေါ်ကြသည်။
"ဟုတ်ကဲ့ မနှင်း"
ဝန်ထမ်းများကမနှင်းနှင့်အတူပါလာသည့်မိန်းကလေး
ကိုသာကြည့်နေကြလေသည်။
"အင်း.. .သူမကတော့ငါတို့Designerဌာနမှာအလုပ်
ဝင်လုပ်မယ့်ဝန်ထမ်းပေါ့။သူမအမည်ကပိုးကျူးသီတဲ့"
"Wow နာမည်ကလှလိုက်တာနော်။လူလေးရောပဲ"
"ကျေးဇူးတင်ပါတယ် ရှင့်"
"ညီမအမည်ကပိုးကျူးသီပါ။ပိုးလို့လည်းခေါ်လို့ရပါ
တယ်ရှင့်"
"ဟုတ်ကဲ့ ညီမလေးပိုး"
ထိုအခါမန်နေဂျာမနှင်းကဝန်ထမ်းများကို
"အားလုံးပဲသူမကိုလက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်"
``ဟုတ်ကဲ့"
"ဖြောင်း....ဖြောင်း...ဖြောင်း.."
အခန်းတွင်း၌လက်ခုတ်သံများကျယ်လောင်သွားသည်။
ထိုအခါမနှင်းက
"ရပြီ။ဒီလောက်ပဲလုပ်လက်စအလုပ်တွေဆက်လုပ်ကြ"
"ဟုတ်ကဲ့ မနှင်း"
"ညီမလေးပိုး လာလေ"
"ဟုတ်ကဲ့ရှင့် မနှင်း"
"ပိုးကမနှင်းနဲ့အတူဟိုနံဘေးနားကခုံမှာထိုင်ရမယ်နော်"
"ဟုတ်ကဲ့ရှင့် မနှင်း"
"ပိုးကယဉ်ကျေးသိမ်မွေ့လိုက်တာ။ဒါကြောင့်မနှင်းက
ပိုးလေးကိုညီမလေးတစ်ယောက်လိုချစ်တာ"
"ပိုးလည်းမနှင်းကိုအမတစ်ယောက်လိုချစ်ပါတယ်ရှင့်"
"ဟုတ်ပါပြီ။အာ့ဆိုမနှင်းနဲ့အတူအလုပ်စလုပ်ကြမယ်နော်။
မနှင်း သင်ပြပေးမယ်"
"ဟုတ်ကဲ့ရှင့်"
အချိန်(4)ပတ်ကြာပီးနောက်ပိုးလည်းအလုပ်တွေကို
ကျွမ်းကျင်စွာလုပ်ကိုင်နိုင်လေပြီ။ပိုး၏သူငယ်ချင်းများက
လည်းပိုးကိုအားပေးကြသည်။
"ပိုးလေးရေ မနှင်းကိုMDပြောလိုက်တယ်"
"ဘာပြောလိုက်တာလည်းမနှင်း"
"ပိုးလေးဆွဲတဲ့ Designတွေကိုပိုးလေးကိုယ်တိုင်MD
ဆီပို့ပေးရမယ်တဲ့"
"ရှင်"
ပိုး၏စိတ်ထဲ၌ငါ့ရဲ့Design တွေကိုငါကိုယ်တိုင်သူ့ဆီ
ပို့ပေးရမယ်တဲ့လား။
"ဘာဖြစ်လို့လဲပိုးလေးအလန့်တကြားနဲ့"
"ဘာမှမဖြစ်ဘူး မနှင်း"
"ဒါနဲ့ ပိုးလေးသွားပို့ပေးမှာလား"
"မနှင်း ကလည်းပိုးလေးသွားပို့လို့အဆင်ပြေပါ့မလား"
"အဆင်ပြေမှာပါ ပိုးလေး"
"ဟုတ်ကဲ့မနှင်း။ပိုးကိုယ်တိုင်MDဆီပိုးရဲ့Design
တွေကိုသွားပို့လိုက်ပါ့မယ်"
"အင်းပါ ပိုးလေး။မနှင်းမှာMDခိုင်းထားတဲ့အလုပ်တွေရှိလို့
သွားလုပ်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့မနှင်း"
"ဒါနဲ့ ပိုးလေးDesignကအခုပို့ပေးရမှာနော်"
"ဟုတ်ကဲ့မနှင်း။ပိုးအခုပဲသွားပို့လိုက်မယ်"
မနှင်းကိုပြောပြီးMDရှိရာရုံးခန်းသို့လာခဲ့၏။
"ဒေါက်....ဒေါက်...ဒေါက်"
"ဟုတ်ကဲ့ ဝင်ခဲ့ပါ"
အခန်းတံခါးဖွင့်ပြီးဝင်သည့်လူကိုစက်မင်းခဏမော့ကြည့်
လိုက်မိတော့သူမဖြစ်နေသည်။ချက်ခြင်းဆိုသလိုပင်
သူမသိအောင်အကြည့်တွေကိုlaptopဆီဦးတည်ပြီး
အလုပ်ဆက်လုပ်နေလိုက်သည်။
"ပိုးရဲ့Designတွေကိုလာပို့တာပါရှင့် MD"
"အင်း..စားပွဲပေါ်တင်ထားခဲ့လေ"
"ဟုတ်ကဲ့ရှင့် MD"
ပိုးယူလာသည့်ဖိုင်ကိုMDရှိသည့်စားပွဲပေါ၌တင်ထား
လိုက်သည်။
"MDရှင့် Design တွေကိုစားပွဲပေါ်တင်ထားခဲ့ပြီရှင့်"
"အင်း"
"ဟုတ်ကဲ့။ဒါဆို ပိုးကိုခွင့်ပြုပါဦး"
ပြောပြီးလှည့်ထွက်မည့်အခိုက်
"နေဦး"
စက်မင်းအလုပ်လုပ်တာကိုရပ်ပြီးသူမကိုကြည့်လိုက်
လေသည်။ထိုအခါပိုးက
"ဘာခိုင်းစရာရှိလို့လည်းMD"
ပြောနေသည့်သူမကိုကြည့်နေသည့်အကြည့်တွေက
မခွာချင်ပြန်။
"ခိုင်းစရာတော့မရှိပါဘူး။ဒါပေမဲ့ ပြောစရာရှိတယ်"
"ဘာပြောမှာလည်း MD"
"မင်းကိုယ့်ကိုမမှတ်မိဘူးလား။ဟိုတစ်ခါက..."
စက်မင်းစကားတောင်မဆုံးပင်ပိုးက
"MDအခုကပိုးရဲ့အလုပ်ချိန်ပါ။Personal
ကိစ္စပြောဖို့အဆင်မပြေပါဘူး"
"ဘာဖြစ်လို့လဲ"
"အခုပိုးကMDရဲ့ဝန်ထမ်းပါ။ပြီးတော့MDနဲ့ပိုးကမသိတဲ့
သူတွေပါ။personalကိစ္စအရပေါ့ ပိုးပြောတာMD
သဘောပေါက်မယ်လို့ထင်ပါတယ်"
"ကိုယ်သဘောပေါက်ပါတယ်။အလုပ်ချိန်မဟုတ်ပဲ
အပြင်မှာဆိုရင်ရောမင်းနဲ့ခဏလောက်တွေ့ပြီးစကား
ပြောလို့အဆင်ပြေတယ်မလား"
"ဟုတ်ကဲ့ အလုပ်ချိန်ပြင်ပဆိုရင်စကားပြောလို့ရပါတယ်"
"ဟုတ်ပြီ။ဒါဆိုကိုယ်ညနေအလုပ်ဆင်းချိန်မင်းနဲ့ခဏ
လောက်တွေ့လို့ရမလား"
"ဟုတ်ကဲ့ ရပါတယ်"
"အင်း။ဒါဆို ညနေအလုပ်ဆင်းရင်ကိုယ်ကားပါကင်မှာ
စောင့်နေမယ်"
"ဟုတ်ကဲ့။အဲဒါဆို ပိုးကိုသွားခွင့်ပြုပါဦး"
"ကောင်းပြီလေ။မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ MD"
ပိုးထွက်သွားတော့အခန်းထဲ၌စက်မင်းလည်းသူမနဲ့ညနေ
ကျရင်တွေ့မယ်လို့ပြောထားတာကြောင့်စိတ်လှုပ်ရှားနေ
မိသည်။
"ပိုး.ကိုယ်ဒီမှာ"
"ဟုတ်ကဲ့ MD"
"ကိုယ်မင်းနဲ့coffee ဆိုင်မှာခဏလောက်စကားပြောလို့
ရမလား"
"ရပါတယ် MD"
"ဒါဆို ကိုယ့်ကားနဲ့အတူတူသွားကြမလား"
"နေပါစေ ပိုးမှာကားပါတယ်"
"ကောင်းပြီလေ။ကိုယ်အရှေ့ကသွားမယ်။ပိုးကိုယ့်
ကားနောက်ကလိုက်ခဲ့လေ"
"ဟုတ်ကဲ့ MD´´
ပြောပြီးသူတို့နှစ်ဦးကားကိုယ်စီနဲ့coffeeဆိုင်
ရှိရာသို့လာခဲ့၏။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌အမေလာကြိုမှာ
ကိုစောင့်နေသည့်လူငယ်တစ်ယောက်။ထိုလူငယ်ကား
"မာမီရေ သားဒီမှာ"
"ဟယ် ငါ့သားလေးကမတွေ့ရတာကြာတော့လားမသိ
ဘူးခန့်ချောကြီးဖြစ်လာတယ်။အသားအရေကလည်းနူး
ညံ့နေတာပဲမာမီဖြင့်မှတ်တောင်မမှတ်မိဘူး"
Frenchကနေပညာတော်သင်ပြန်လာသည့်
ကောင်းမေတ္တာပင်ဖြစ်သည်။သူ၏မိဘများကစိ်န်တိုက်
ပိုင်ရှင်များဖြစ်ကြ၍တစ်ဦးတည်းသောသားလေးဖြစ်သည့်
ကောင်းမေတ္တာကိုအချစ်ပိုကြလေသည်။
"မာမီကလည်းနော်။သားသိပါတယ်။သားက
မာမီထက်ချောမှန်းဆိုတာလေ"
"ငါ့သားကတော့ ဒီမအေကိုစနောက်နေပြန်ပြီ"
"မာမီကလည်းသားကမာမီကိုချစ်လို့ပါနော်"
"ဟုတ်ပါပြီ မောင်ချွဲလေး"
"မာမီ ဒယ်ဒီရော"
"သားဒယ်ဒီလား။သားပြန်လာတာကိုကြိုဆိုဖို့အတွက်
အိမ်မှာပြင်ဆင်စရာရှိလို့ဆိုပြီးကျန်နေခဲ့တာလေ"
"အင်း...ဟုတ်မှာပေါ့။ဒယ်ဒီကသားအတွက်surprise
ဖြစ်အောင်လုပ်လို့နေမှာပေါ့"
"ဟုတ်မှာပေါ့သားရယ်။ကဲ...မာမီတို့စကားပြောနေတာနဲ့
ပင်အချိန်တွေကုန်နေလိုက်တာအိမ်မှာမင်းဒယ်ဒီတစ်ယောက်
စိတ်ပူနေလောက်ပြီ သွားကြစို့"
"ဟုတ်ကဲ့မာမီ Let's Go"
Coffee ဆိုင်ကိုရောက်သော်စက်မင်းက
"ညီလေးရေ"
waiterကောင်လေးကိုလှမ်းခေါ်လိုက်တော့waiter
ကောင်လေးကသူတို့ရှိရာစားပွဲဝိုင်းသို့ရောက်လာသည်။
"အကိုနဲ့အမဘာများသုံးဆောင်မှာလဲ ခင်ဗျာ"
"ပိုးccoffee သောက်မလဲ"
"ရပါတယ် MDအဆင်ပြေတဲ့ဟာပဲမှာလိုက်ပါ"
"အဲလိုလည်းဘယ်ဟုတ်မလဲ။ပိုးကြိုက်တာမှာပါ"
"အဲဒါဆိုပိုးကိုကာပယ်ချီနိတစ်ခွက်"
"ညီလေး ကိုယ့်ရော ကာပယ်ချီနိတစ်ခွက်"
"ဟုတ်ကဲ့ ခင်ဗျာ။အကိုနဲ့အမကချစ်သူစုံတွဲတွေထင်
တယ်။အရမ်းလိုက်ဖက်တာပဲ"
"ဟင် အဲ့ဒါ မဟုတ်......"
ပိုးစကားပင်မဆုံးသေးwaiterကောင်လေးထွက်သွား
သည်။စက်မင်းကပိုးကိုကြည့်ပြီးပြုံးနေ၏။ပိုးMD
ပြုံးတာမြင်ပြီးရှက်တဲ့စိတ်ကလေးနဲ့လှမ်းပြောလိုက်သည်။
"ဟို....MDအဆင်ပြေတာပဲမှာပါ။ပိုးကိုအားမနာပါနဲ့"
"ကိုယ်အဆင်ပြေပါတယ်။ပိုးရောအဆင်ပြေရဲ့လား။အခု
နကwaiterပြောတဲ့စကား"
"ပိုးအဆင်ပြေပါတယ်"
"အင်းပါ။ကိုယ်ကကာပယ်ချီနိသောက်ကျလေ။ပိုးရော"
"ပိုးလည်း ကာပယ်ချီနိပဲသောက်ပါတယ်"
"ဒါဆိုပိုးနဲ့ကိုယ်ကcoffeeအကြိုက်ချင်းတူတာပေါ့"
"ဟုတ်ကဲ့ MD"
ပိုး၏စိတ်ထဲ၌အရေးထဲcoffeeအကြိုက်ချင်းကလာ
တူနေသေးတယ်။
"ပိုးကိုယ့်ကိုမမှတ်မိဘူးလား။ဟိုတစ်ခါကလေ"
"ပိုးမှတ်မိပါတယ်MD"
"အင်း။ဟိုတစ်ခါကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်"
"ရပါတယ် MD"
"ဒါဆို ကိုယ်ပိုးကိုခွင့်တောင်းစရာရှိတယ်။ပိုးခွင့်ပြု
မှာလား"
"ဘာများလည်း MD"
"ကိုယ်ပိုးနဲ့ခင်မင်ခွင့်ရချင်တယ်။ပိုးခွင့်ပြုပေးမှာလား"
"ပိုးခွင့်ပြုပါတယ် MD"
"ဟုတ်ကဲ့။အဲဒါဆိုပိုးနဲ့ကိုယ်သူငယ်ချင်းတွေဖြစ်သွားကြ
ပြီပေါ့နော်"
"ဟုတ်ကဲ့ MD"
"ပိုးကိုယ့်ကိုMDလို့မခေါ်ပါနဲ့လား"
"ဟမ် ဘာဖြစ်လို့လဲ MD"
"အင်း။ကိုယ်ပြောပြမယ်။အလုပ်လုပ်အချိန်ကလွဲပြီး
ကိုယ့်ကိုMDလို့မခေါ်နဲ့"
"ရှင်"
"ကိုယ်ဆိုလိုတာကအလုပ်လုပ်ချိန်မှာMDလို့ခေါ။ပြင်ပ
အချိန်မှာတော့MDလို့မခေါ်နဲ့"
"အဲဒါဆို ပိုးMDကိုဘယ်လိုခေါ်ရမလဲ"
"ကိုယ့်နာမည်ကစက်မင်းထွဋ်ပါ။ပိုးကြိုက်သလိုကိုယ့်
နာမည်ကိုခေါ်လို့ရသားပဲ"
"ဒါဆိုပိုးMDကို ကိုစက်လို့ခေါ်မယ်"
"အင်း.....ကောင်းသားပဲ"
"ကိုယ်ကတော့မင်းကိုပိုးလို့ပဲခေါ်မယ်"
"ဟုတ်ကဲ့ ကိုစက်မင်း"
စကားပြောနေခိုက်ကလေးတစ်ယောက်ကငှက်ပျောသီး
စားပြီးငှက်ပျောသီးအခွံကိုcoffee ဆိုင်ရှေ့၌ပစ်ချခဲ့
လေ၏။ထိုစဉ်
"ပိုးအဲဒါဆိုကိုယ်တို့ပြန်ကြမယ်"
"ဟုတ်ကဲ့ ကိုစက်မင်း"
ပိုးပြောပြီးcoffeeဆိုင်ရှေ့သို့ဆင်းလာခဲ့ပေမယ့်
ပစ်ချထားသည့်ငှက်ပျောသီးအခွံကိုမမြင်ပဲတက်နင်း
မိလေ၏။
"အမလေး..."
အော်နေခိုက်စက်မင်းကသူမခန္ဓာကိုယ်လေးကိုသူ့ရင်
ခွင်ထဲရောက်အောင်ဆွဲယူလိုက်လေသည်။
"ပိုးအဆင်ပြေရဲ့လား။ဘယ်နားထိခိုက်သွားသေးလဲ"
"ပိုးအဆင်ပြေပါတယ်။မထိခိုက်မိပါဘူး"
ပြောပြီးစက်မင်းကိုလှည့်ကြည့်လိုက်သောအခါပိုး
ကိုစက်မင်းရင်ခွင်ထဲရောက်နေတာကိုသိလိုက်ရ၏။
ရုတ်တရက်ဆိုသလိုရင်ခွင်ထဲမှရုန်းထွက်ပြီး
"ဟို..ဟို...ကိုစက်မင်းတောင်းပန်ပါတယ်"
"ရပါတယ်ပိုး။မတော်တဆဖြစ်တာပဲ"
စက်မင်းက
"ဘယ်ကကလေးလဲကွာ။ငှက်ပျောသီးစားပြီးစည်းကမ်း
မရှိလွင့်ပစ်ရသလား။မတော်တဆတစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ...တောက်စ်"
"ဟို...ကိုစက်မင်း ပိုးလည်းဘာမှမဖြစ်ဘူးလေ။
ပြန်ကြရအောင်"
"ကိုယ်လိုက်ပို့ပေးရမလား ပိုး"
"ရပါတယ်။ကိုစက်မင်းလိုက်မပို့ပါနဲ့။ပိုးဘာသာပိုး
ကားမောင်းပြီးပြန်မယ်"
"အင်းပါ။ဂရုစိုက်ပြီးပြန်နော်။ကိုယ်အရင်ပြန်ပြီ
မနက်ဖြန်company မှာပြန်ဆုံမယ်နော်Bye"
ပိုးလည်းစက်မင်းပြန်ပြီးမကြာပါအိမ်သို့ပြန်လာခဲ့လေသည်။
ဆက်ရန်
💋အပိုင်း(4)=Coming Soon💋