book

Index 2

💋အပိုင်း(2)💋

💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋


ပိုးတို့ coffee ဆိုင်ကိုရောက်တော့


"မြတ်နိး နင်ဘာလို့ငါ့ကိုကြည့်နေတာလဲ။ဘာလဲငါ့မျက်

နှာမှာအိုးမဲပေနေလို့လား"


"မဟုတ်ဘူး နင့်မျက်နှာမှာဘာအိုးမဲမှမပေဘူး။ငါနင့်ကို

ကြည့်နေတာအခုနကနင်နဲ့တိုက်မိတဲ့လူရဲ့အကြောင်း

ကိုစဉ်းစားနေတာ"


"အမ်...နင်ကလည်းဘာစဉ်းစားစရာရှိလို့လဲ"


"ရှိတာပေါ့"


"ဘာရှိတာလဲ"


"သူက ကြည့်ကောင်းတယ်လေ"


"ဘာကြည့်ကောင်းတာလဲ"


"ကြည့်ကောင်းတာထက်သူကချောတယ်ဆိုရင်ပိုမှန်မယ်"


"ဆိုစမ်းပါဦး  မြတ်နိးမရဲ့။ဘာတွေများကြည့်ကောင်းပြီး

ဘာတွေများချောနေတာလဲ"


"ပိုးမ နင်ကလည်း ငါပြောပြမယ်"


"အင်းးပြောပြ"


"ငါပြောချင်က သူ့မျက်လုံးလေးကဆွဲဆောင်မှုရှိတယ်။

ကိုးရီယားမင်းသားလေးကျနေရောမျက်နှာကစိုပြည်

ပြီးနုဖတ်နေတာပဲ။သူရဲ့အရပ်အမောင်း၊ကိုယ်လုံး

ကိုယ်ပေါက်အနေအထားကအခုခေတ် modelမင်း

သားတွေတောင်ရှူံးလောက်တယ်"


"တော်ပြီ မြတ်နိုး"


"မတော်နိုင်ပါဘူး။သူကစိတ်ဝင်စားစရာကောင်းတာကို"


 "အင်းပါ။နင်စိတ်ဝင်စားတာလဲနောက်မှပေါ့။အခုcoffee

မှာထားတာ သောက်ဦး"


"အင်း..သောက်မယ်"


"ငါစိတ်ဝင်စားတယ်ဆိုတာကလည်းနင့်အတွက် လေ"


"ဘာ  ငါ့..ငါ့အတွက် ဟုတ်လား မြတ်နိုး"


"ဟုတ်တယ် ပိုး။ နင့်အတွက်လေဘာဖြစ်လို့လဲ"


"ဘာမှမဖြစ်ဘူး "


"နင်ကလည်း ဘာမှမဖြစ်ဘူးဆိုရင် ပြီးရော"


"ဒါနဲ့ မြတ်နိုး ငါ့အတွက်လို့ ဘာဖြစ်လို့ပြောရတာလဲ"


 "ဟာ...နင်ကလည်း ငါပြောပြမယ်။သူကနင်နဲ့တိုက်

 မိတော့"


"အင်းလေ.. ..တိုက်မိတော့ ဘာဖြစ်"


 

"တိုက်မိတော့ နင်ပြောလိုက်တဲ့စကားသိတယ်မလား"


"အင်း...ငါသိတယ်"


"နင်ပြောနေတဲ့အချိန်မှာပဲသူကနင့်ကိုမျက်လုံးကြီး

ကျွတ်ကျမတတ်ကြည့်နေတာ"


"သူမှာမျက်စိပါလို့ကြည့်တာလေ''


"ဟဲ့ အဲ့ဒါ တော့နင်ပြောပြမှလားပိုးရယ် ငါလည်း

 သိတာပေါ့"


"နင်သိရင်လဲပြီးပေါ့။ဘာလို့ ငါ့ကိုမေးနေသေးလဲ"


"အင်းပါ နင့်ကို ပြောနေတာနဲ့လိုရင်းကိုမရောက်

 တော့ဘူး"


"ဘာလိုရင်းလဲ ရောက်အောင်ပြော"


"ငါ့အထင် ပိုး သူလေနင့်ကိုစိတ်ဝင်စားနေတဲ့ပုံရိပ်တွေ

သူမျက်လုံးကနေငါမြင်နေရတယ်"


"ဟာ..နင်ကလည်း ပေါက်ပေါက်ရှာရှာဘာတွေပြော

နေတာလဲ"


ပိုး၏စိတ်ထဲသူလား ငါ့ကိုစိတ်ဝင်စားနေတာမဖြစ်နိုင်ဘူး။


"အင်းပါ ငါပြောတာမဟုတ်ရင်လဲ ငါအမြင်မှားတာပဲ

ဖြစ်မယ်။ပိုး  ပိုး  ငါပြောတာမဟုတ်ရင်နင့်မျက်နှာက

ဘာဖြစ်နေတာလဲ"


"ဟို...ဟို.ဘာမှမဖြစ်ဘူး"


"နင်ကလည်း တဟိုဟိုနဲ့ဘာမှမဖြစ်ရင်လဲပြီိးရောငါ့အထင် ပြောကြည့်တာ စိတ်ထဲမထားနဲ့။ငါ့အထင်ပြောကြည့်တာ

လေနင့်မျက်နှာကနီရဲနေတာပဲ"


ထိုအခါပိုး၏စိတ်ထဲတကယ်ကြီးလား။ငါ့မျက်နှာနီရဲနေ

တာလား။အဲလောက်တောင်သိသာနေတာလား။အို...

မဖြစ်နိင်ဘူး။ငါဘာတွေ တွေးနေမိပါ့လိမ့်။ဟင် ငါ့ရင်ဘက်

ကဘာလို့ခုန်နေတာလဲ။အို...မဖြစ်နိုင်ဘူး။


"အမ်..ဟုတ်လား"


"ဟုတ်တယ်  ပိုး"


မြတ်နိုး၏စိတ်ထဲ ပိုး ငါထင်တာမမှားဘူးဆိုရင်နင်လည်း…


"ဘယ်မှာလဲ။ မြတ်နိုး နင့်မှာမှန်ပါလား။ပါရင်ငါ့ကိုခဏငှါး"


"ဟားဟားးး "


မြတ်နိုးကရယ်တော့


"ဘာရယ်တာလဲ မြတ်နိုး။နင်...နင် မဟုတ်မှလွဲရော်"


 "ဟားဟားးး ဟားဟားးး"


သူငယ်ချင်း တွေဝိုင်းရယ်တော့


 "မြတ်နိုးမ နင်နော် ငါကအကောင်းမှတ်လို့ ဟွန့်"


သူငယ်ချင်း တွေ စရင်းနောက်ရင်းနှင့်ပင်စိတ်ကောက်နေ

သည့်ပိုးကပါရယ်လာတော့၏။


စက်မင်းcompany ရောက်တော့ နေ့လည် ကသူမနဲ့

ဆုံတဲ့အကြောင်းကိုတွေးနေရင်း


 "ဒေါက်...ဒေါက်...ဒေါက်...."


 "ဟုတ်ကဲ့ ဝင်ခဲ့ပါ"


"ဟုတ်ကဲ့ MD"


အခန်းထဲဝင်လာသူက သူရဲ့အတွေးရေးမှူးကိုကျော်သီဟ

ဖြစ်သည်။


"ဘာကိစ္စရှိလို့လဲ ကိုသီဟ"


"ဟုတ်ကဲ့။MDနှစ်ချုပ်စာရင်းတွေမှာလက်မှတ်ထိုးရမယ်။

ပြီးတော့ meeting ရှိတယ်"


"ဟင်...ကျွန်တော် လဲမသိရပါလား"


"ဒါတော့ MDသူတို့ကအရေးကြီးနေတယ်ပြောလို့ပါ"


"သူတို့ဆိုတာက"


"ဒါရိုက်တာအဖွဲ့ဝင်တွေပါ MD"


"အင်း....အဓိကအကြောင်းအရာက"


"MDကို ရာထူးအသစ်ရွေးချယ်တင်မြောက်ဖို့အတွက်

ဆွေးနွေးမလို့တဲ့"


"Ok ကျွန်တော် သဘောပေါက်ပြီ"


"Meeting timetable ရော ကိုသီဟ"


"နေ့လည် (၂)နာရီ ပါ MD"


စက်မင်းလက်ပတ်နာရီကိုကြည့်တော့


"အချိန်ကနီးနေပြီ ပဲ ကိုသီဟ"


"ဟုတ်တယ် MD"


"အာ့ဆို အခုသွားကြမယ် ကိုသီဟ"


"ဟုတ်ကဲ့ MD"


Meeting Hall ထဲရောက်တော့


"ဒါရိုက်တာအဖွဲ့ဝင်တွေအားလုံးကို ကျွန်တော်ပြောရာရှိ

တယ် ခင်ဗျာ"


"ဟုတ်ကဲ့ MD ပြောပါ"


"ကျွန်တော် ပြောချင်တာကကျွန်တော်အခုလက်ရှိရာ

ထူးကနေအလုပ်တွေကိုပိုပြီးကြိုးစားချင်သေးတယ်။

နောက်မှ ရာထူးလွှဲပြောင်းလည်းအချိန်မနှောင်းပါဘူး"


"ဟုတ်ကဲ့ MD"


"MDသဘောထားကအဲ့ဒီလိုဆိုတော့ ကျွန်တော်တို့

ဒါရိုက်တာအဖွဲ့ဝင်တွေလည်းထိုနည်းလည်းကောင်းပဲဗျာ"


"ဟုတ်ကဲ့ပါဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ"


"ကောင်းပါပြီ။ ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦး"


ပြောပြီးဒါရိုက်တာအဖွဲ့ဝင်များmetting hallထဲမှ

ထွက်သွားကြလေသည်။ထိုစဉ်


🎶🎶🎶ဖြူစင်ရိုးသားမှုနဲ့ချစ်တယ် 🎶🎶🎶

🎶🎶🎶ကြင်ကြင်နာနာ တယုတယ နဲ့🎶🎶🎶

🎶🎶🎶အတူလက်တွဲပီး 🎶🎶🎶

🎶🎶🎶ရင်ခုန်စရာတွေတစ်ပုံကြီးနဲ့🎶🎶🎶


စက်မင်းphလေးမြည်လာတော့


"Hello ထွဋ်နောင် ပြော"


"ယျောင့် စက်မင်း မင်းဘယ်နေ့အားလဲ"


 "ငါလား ဒီတစ်ပါတ်ပိတ်ရက်အားတယ်"


 "အင်းး ဒါဆိုဒီတစ်ပါတ်ပိတ်ရက်ငါတို့သောက်နေကျ

 coffee ဆိုင်မှာဆုံကြမယ်ကွာ"


"အေးပါကွာ ငါလာခဲ့မယ်"


"အေး ဒါဆိုငါphချတော့မယ်"


ပိုးတို့ သူငယ်ချင်း (၄)ယောက်တွေ့တော့မြတ်နိုးက


"ပိုး ငါ့တို့သင်တန်းတွေပြီးဖို့သိပ်မကြာတော့ဘူးနော်"


"အင်း ဟုတ်တယ်လေ မြတ်နိုး"


"ဒါနဲ့ မြတ်နိး နင်သင်တန်းပြီးရင်ဘာဆက်လုပ်မယ်လို့

စိတ်ကူးထားလဲ"


"ငါလား ငါဝါသနာပါတဲ့ပန်းချီပညာကိုဆက်ပြီးလေ့လာ

ဦးမှာ"


"ဘာဖြစ်လို့လဲ ပိုး"


"ဘာမှမဖြစ်ဘူး ငါမေးကြည့်တာပါ"


 ရုံးပိတ်ရက်ရောက်တော့စက်မင်းတို့သူငယ်ချင်းဆုံနေကျ

coffee ဆိုင်ကိုရောက်တော့ပိုင်ဆက်က


"ယျောင့် ထွဋ်နောင် မင်းဟိုတစ်ခါငါတို့ကိုပြောပြတဲ့ကိစ္စ"


 "ဘာကိစ္စလဲ ပိုင်ဆက်"


 "ဟမ်...မင်းမေ့နေပြီလားကွ"


 "မင်းကလည်း ငါကဘာကိုမေ့ရမှာလဲကွ"


 "မမေ့ရင်လဲပြောကွာ"


 "ခဏ ငါစဉ်းစားကြည့်မယ်။ ဪသိပြီ"


 "အေး...သိရင်ပြော"


 "မင်းတို့ကိုငါပြောပြထားတဲ့ အိမ့်သံစဉ်ဆိုတဲ့သူမလေ

ဒီနေ့ပဲမြန်မာပြည်ကိုရောက်မယ်တဲ့"


"ဟာ...မြန်လှချည်းလား ထွဋ်နောင်"


"အင်း....ဟုတ်တယ်ကွ။ငါလဲမနက်ကမှငါ့အမေပြော

ပြလို့သိရတာကွ"


"အဲ့ဒီ တော့မင်းသူမကိုသွားကြိုမယ်ပေါ့"


"အင်း..သွားကြိုမှာပေါ့"


"အေးကွ..မင်းသွားကြိုမယ့်အိမ့်သံစဉ်ကဓာတ်ပုံထဲမှာ

ထက်အပြင်မှာကပိုပြီးတော့ကြည့်ကောင်းမှာပေါ့"


"အင်း...ပိုင်ဆက်။ မင်းပြောသလိုပဲငါသူမကိုတွေ့ရတော့

မယ်ဆိုတော့ငါ့ရင်တွေလှုပ်ရှားလိုက်တာအရမ်းပဲ"


"အင်း...ဖြစ်နိုင်တယ်။အဲလိုခံစားမှုမျိုး´´


"ဒါနဲ့ တစ်ခုရှိတယ်"


"ဘာလဲ ထွဋ်နောင်"


 "ငါသူမကိုမိဘတွေအတင်းစီစဉ်လို့လက်ထပ်ရတဲ့

ပွဲမျိုးမဖြစ်ချင်ဘူး"


"မင်းဆိုလိုတာက"


"ငါသူမနဲ့ရင်းနှီးပြီးသူမဆီကကြည်ကြည်ဖြူဖြူနဲ့ပေးတဲ့

အချစ်ကိုလိုချင်တာ။ပြီးတော့သူမဘက်ကလည်းငါ့ကို

အချစ်တွေနဲ့ပဲလက်ထပ်တာမျိုးလိုချင်တာကွ"


"အေး....ငါတို့ သဘောပေါက်ပြီ"


"မင်းတို့သဘောပေါက်လွယ်မယ်ဆိုတာငါသိပါတယ်ကွာ"


 "အေးပါကွာ ထွဋ်နောင်။မင်းဆီကအချစ်တွေကိုသူမ

လက်ခံပြီးမင်းတို့ရဲ့ချစ်ခြင်းတွေနဲ့တည်ဆောက်မယ့်

လက်ထပ်ပွဲလေးဖြစ်ပါစေလို့ငါတို့ဆုတောင်းပေးပါတယ်ကွာ"


"မင်းတို့ ပေးတဲ့ဆုနဲ့ပြည့်ပါစေကွာ"


    (2)ပတ်ကြာပြီးနောက်


ပိုးလည်း Designer သင်တန်းပြီးသွားတော့


"ရေးးး ရေးးး ငါသင်တန်းဆင်းလက်မှတ်ရပြီ"


"အင်း ဟုတ်တယ်နော် ပိုး။ငါတို့တွေသင်တန်းတက်တာ

 ပြီးသွားပြီ နော်"


 "ဟုတ်တယ် မြတ်နိုးမ။ငါလေအခုသင်တန်းပြီးသွားတော့

company တစ်ခုမှာအလုပ်ဝင်လုပ်ရင်ကောင်းမလား

လို့စဉ်းစားနေတာ"


"ဘယ်companyမှာလည်း ပိုး"


"အဲ့ဒါ တော့ငါလည်းသေချာမသိဘူး"


 "ဒါနဲ့ ပိုး ငါကြားထားတဲ့ information တစ်ခုရှိတယ်"


  "ဘာ informationလည်း မြတ်နိုး"


 "အခုမြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့နာမည်ကြီးcompan

တစ်ခုရှိတယ်။အဲ့ companyအမည်ကFashion. Star တဲ့"


"Wow..နာမည်ကအလန်းပဲနော် မြတ်နိုး"


"ဟုတ်တယ် ပိုး။ နင်တက်ထားတဲ့သင်တန်းနဲ့ဆိုအဲ့ဒီ

company မှာအဆင်ပြေတယ်"


"အင်း.. .ဟုတ်တယ်။နင်ပြောတာမဆိုးဘူး"


"ပြီးတော့ရှိသေးတယ်။အဲ့company မှာကformတင်

 ပြီး(1)နာရီလောက်ဆိုရင်လူတွေ့ interviewဖြေရတယ်

တဲ့"


"Wow.. ကောင်းလိုက်တာ"


"အဲ့ company လိပ်စာနင့်မှာရှိလား"


"ရော့ ဒီမှာ company လိပ်စာ"


"အင်း....ငါသိပြီ။မြတ်နိုး သူငယ်ချင်း ကျေးဇူးပဲနော်"


"ရပါတယ် ပိုးရယ်။အချင်းချင်း တွေပဲဥစ္စာ"


 "ငါ့အဲ့ company မှာအလုပ်လုပ်ဖို့လိုအပ်တဲ့စာရွက်

စာတမ်းတွေပြင်ဆင်ပီးမနက်ဖြန်ကြရင်formသွားတင်

ရမယ်"


အချိန်(2)ပတ်အတွင်းထွဋ်နောင်နှင့်အိမ့်သံစဉ်တို့ချစ်သူ

တွေဖြစ်သွားကြသည်။


"ယျောင့် ထွဋ်နောင် မင်းတို့ချစ်သူတွေဖြစ်သွားတဲ့အတွက်

 ဂုဏ်ပြုပါတယ်ကွာ"


 "ကျေးဇူးပဲ ယျောင့်တွေ"


 "ကျေးဇူးပဲ ရှင့်"


 

  

ရန်ကုန်မြို့ရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်၌လာကြို

 တာသူကိုစောင့်နေသူ


  

"မြန်မာပြည်ကြီးရေ မင်္ဂလာပါ"


နှုတ်ဆက်လိုက်သူကအင်္ကျီလက်ပြတ်အနီနှင့်စကပ်

တိုအဖြူရောင်လေးဝတ်ဆင်ပြီးမျက်နှာမှာလဲမိတ်ကပ်

ထူလိမ်းခြယ်ထားကာနှုတ်ခမ်းနီကိုနီရဲရဲဆိုးထားပြီး

ဒေါက်ဖိနပ်အမြင့်ကိုစမတ်ကျကျစီးထားသူက

လေပြေသွယ်ဖြစ်သည်။


 "မမလေး မမလေး"


"ဘာလဲ နင်တို့ကနောက်ကျလှချည်းလား"


"လမ်းမှာ ကားတွေပိတ်နေလို့ပါ မမလေး"


 "ပြောလိုက်ရင်ဆင်ခြေတွေချည်းပဲဘာမှသုံးစားလို့

ကိုမရဘူး။အချိန်ကိုလည်းလေးစားမှုမရှိဘူးမာမီတို့

ကတော့ ဘယ်လိုလူတွေကိုအလုပ်ခန့်ထားတာလဲမ

သိဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"


 "မမလေး ကားမောင်း လို့ရပြီလားဗျ"


"အေး....မောင်းတော့"


"ဟုတ်ကဲ့ မမလေး"


လေဆိပ်မှမောင်းထွက်လာခဲ့လေသည်။


"မြတ်နိးရေ ငါဘယ်လိုနေလဲဟင်"


"Wow..ငါ့သူငယ်ချင်းကအရမ်းမိုက်တယ်"


"နင်ကလည်း မနောက်နဲ့။အကောင်းမေးနေတာ"


"အင်းပါ မနောက်ဘူး။ငါ့သူငယ်ချင်းကအခုလိုမျိုးဝတ်စား

လိုက်တော့ မဆိုးပါဘူး။အဆင်ပြေသားပဲ"


  ``ခိခိ ဟုတ်လား။အာ့ဆို ရပြီပေါ့"


ပိုးကအင်္ကျီလက်ရှည်အဖြူရောင်နဲ့စကပ်အမဲဒူးဖုံးလေး

ဝတ်ဆင်ပြီးမျက်နှာမှာမိတ်ကပ်ပါးပါးလေးပုတ်ထား၍

နှုတ်ခမ်း နီပန်းရောင်အဖျော့လေးဆိုးပြီးရှူးဖိနပ်အဖြူအနိမ့်

လေးစီးကာဆံပင်လေးကိုအမြင့်စည်းထားတော့ချစ်စရာ

ကောင်းနေ၏။


"ကဲ ပိုး သူငယ်ချင်းရေ ဖိုက်တင်း"


"အင်းပါ သူငယ်ချင်း တို့ fighting"


"အားလုံးပဲ ငါသွားပြီနော် ဘိုင့်ဘိုင်"


စလင်းဘက်အိတ်လေးလွယ်ကာFashion.Star

Companyကိုလာခဲ့လေသည်။


စက်မင်း၏ရုံးခန်း၌

  


"ကိုသီဟ ကျွန်တော် ပြောထားတဲ့ Designer

  ခန့်အပ် ဖို့ကိစ္စလေ အဲ့ဒါအခြေအနေဘယ်လိုရှိလဲ"


"ဟုတ်ကဲ့ MD။ဒီနေ့ပဲလျှောက်လွာတင်တဲ့သူတွေလာ

ကြမှာ"


"ဪ...ဟုတ်လား။ဒါဆိုကျွန်တော်ကိုယ်တိုင်

interviewမှာ´´


 "ဗျာ  MDကိုယ်တိုင်လား"


 သီဟစိတ်ထဲ မှာတော့တစ်ခါမှလည်းကိုယ်တိုင်အင်တာ

မဗျူးပဲနဲ့ အခုကျမှဘာဖြစ်ရတာလဲ။


"ဟုတ်တယ်လေ ကိုသီဟ။ကျွန်တော်ကိုယ်တိုင်လေ

ဘာဖြစ်လို့လဲ"


"ဘာမှမဖြစ်ပါဘူး MD"


ပိုး Fashion. Star Company ရှေ့ကိုရောက်

တော့စိတ်ထဲ၌ ပိုး နင်ကိုယ့်ကိုယ်ကိုကြိုးစားထားစမ်း fighting ကိုယ့်စိတ်ကိုအားပေးရင်းcompany

ထဲလျှောက်လာခဲ့သည်။Company ရောက်ရောက်ချင်း

လျှောက်လွာတင်ပြီးနားနေအခန်းမှာစောင့်နေ၏။ခဏ

အကြာမှာတော့


"အမှတ်စဉ် 123 ရှိပါသလား"


"အမှတ်စဉ် 123 ရှိပါတယ် ရှင့်"


 ဟုတ်ကဲ့။အဲဒါဆို ဝင်ခဲ့ပါ"


 "ဟုတ်ကဲ့ ရှင့် "


 "နာမည်က ပိုးကျူးသီ နော်"


ပိုး၏စိတ်ထဲဟင် ဒီ..ဒီိအသံက……ဒီအသံက ရှင်.. .

ရှင်လား။


"ဟုတ်ပါတယ် ရှင့်"


စက်မင်းလည်းအသံကြားရာမော့ကြည့်လိုက်သည့်အခါ

သူမနဲ့အကြည့်ချင်းဆုံသွားပြီးသူအရမ်းတွေ့ချင်နေသူ

ဖြစ်နေတော့နှုတ်ဆက်စကားပြောဖို့လုပ်ခိုက်အနားမှာ

လူတွေရှိနေသည့်အတွက်စိတ်တွေမနည်းချုပ်ထိန်းထား

ရတဲ့သည်။


 "အသက်က(23)နှစ်ဟုတ်တယ်နော်"


"ဟုတ်ကဲ့(23)နှစ်ပါရှင့်"


"Designer သင်တန်းပြီးသွားတာမကြာသေးဘူးပဲ"


"ဟုတ်ပါတယ် ရှင့်။သင်တန်းပြီးသွားတာမကြာသေးဘူးရှင့်"


"အင်း.. ..မင်းရဲ့လျှောက်လွာကြည့်တော့အဆင်ပြေ

ပါတယ်။ပညာအရည်အချင်းကအစပေါ့"


"ဟုတ်ကဲ့ ကျေးဇူးပါရှင့်"


"ရပါတယ် မင်းကိုနောက်တစ်ပါတ်ကြရင်interview

ဖြေဆိုထားတာနဲ့ပတ်သက်ပြီးအာင်မြင်လား မအောင်မြင်

ဘူးလားဆိုတဲ့ result ပြောဖို့companyကဖုန်းဆက်

လိမ့်မယ်"


"ဟုတ်ကဲ့ ဒါဆို ပိုးကိုခွင့်ပြုပါဦး


"ကောင်းပါပြီ"


ပိုးအခန်းထဲမှထွက်လာခဲ့ပြီးအပြင်ရောက်စဉ်


"ဟူးး သူငါ့ကိုမမှတ်မိလောက်ပါဘူးနော်။ဟုတ်ပါတယ်

လေ မမှတ်မိတာကပိုကောင်းတယ်"


ကောင်တာကညီမလေးဆီလျှောက်သွားပြီး


"ညီမလေး အမတစ်ခုလောက်မေးလို့ရမလား"


"ဟုတ်ကဲ့ အမမေးလို့ရပါတယ်ရှင့်"


"ဟိုလေ အမတို့ကို interview တဲ့သူကဘယ်သူလဲ"


"ဟုတ်ကဲ့။ဒီcompanyပိုင်ရှင်ရဲ့သားMDစက်မင်းထွဋ်ပါ"


"ဟမ် သူက MDလား"


"ဟုတ်တယ်လေ အမ။ဘာများဖြစ်လို့ပါလဲ"


 "ဘာမှမဖြစ်ပါဘူး။ညီမလေး ကျေးဇူးပဲနော်"


 "ဟုတ်ကဲ့ အမ"


ပိုး၏စိတ်ထဲဒါဆိုဒီ company, ကသူ့ companyပေါ့။

သေရော ပိုးနင်ကတော့လေ ..။


စက်မင်းရုံးခန်းထဲရောက်တော့မင်းလေးရဲ့ အမည်ကပိုးကျူး

သီ တဲ့လား။အမည်လေးကလှလိုက်တာ။ဒါဘယ်လိုတိုက်

ဆိုင်မှုမျိုးလဲ။မင်းလေးကကိုယ်မဖိတ်ခေါ်ပဲကိုယ့်ရှေ့ကို

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပဲ။နောက်တစ်ခါဆို

မင်းလေးကိုကိုယ့်ရဲ့ဘေးနားမှာထားတော့မယ်။ကိုယ့်အနားကနေထွက်သွားခွင့်မပြုနိုင်ဘူးမင်းလေးကိုကိုယ်မြင်မြင်ချင်း

မသိစိတ်ကနေရင်ခုန်မိနေတာရင်ခုန်မိတာထက်မင်းလေးကိုမတွေ့ရမမြင်ရပဲမနေနိင်ဘူး။မင်းလေးကိုမြတ်မြတ်နိုးနိုးနဲ့စွဲ

လမ်းနေမိတာကဘာကြောင့်လည်းလို့ကိုယ်မသိဘူး။


   

ပိုးအိမ်ပြန်ရောက်တော့မိခင်ဖြစ်သူက


"သမီးပိုးရေ အလုပ်သွားလျှောက်တာအဆင်ပြေရဲ့လား"


 "အဆင်ပြေပါတယ်မာမီသူတို့ကပြောတယ်"


 "ဘာပြောလည်းသမီး"


 "နောက်တစ်ပါတ်ကျရင် company ကphဆက်သွယ်

မယ်တဲ့ သမီးinterviewအောင်မြင်လားမအောင်မြင်ဘူး

လားဆိုတဲ့ result ကိုပြောမလို့တဲ့"


 "အေ့...ဟုတ်လား သမီး"


 "ဟုတ်ပါတယ် မာမီ"


 "အင်းပါ။မာမီ့သမီးအောင်မြင်မယ်ဆိုတာမာမီသိပါတယ်။

  ဘာမှစိတ်မပူနဲ့နော်သမီး"


 "ဟုတ်ကဲ့ မာမီ"


 "အင်း.. .ဒါဆိုသမီးလည်းအပြင်ကပြန်လာတာဆိုတော့

သွားနားတော့လေ"


"ဟုတ်ကဲ့ မာမီ"


"တီးးး တီးးး တီးးး"


ကားဟွန်းတီးတဲ့အသံ ကြားတော့အစေခံတစ်ယောက်

ခြံတံခါးလာဖွင့်ပြီိးကားပေါ်ကဆင်းလာသူကလေပြေ

ဖြစ်သည်။


"ဟိုင်း မာမီ"


"ဟိုင်းပါ သမီး"


"မာမီ သမီးကိုသတိမရဘူးလားဟင်"


 "ဟမ် ဘယ်လိုပြောလိုက်တာလဲသမီးရယ်။မာမီသမီး

လေးကို မာမီ သိပ်သတိရတာပေါ့"


"မာမီ ကသမီးကိုသတိရတယ်တာပြောနေတာလေဆိပ်

ကိုတောင်လာမကြိုဘူးလေ ဟွန့်"


"ဪ..မာမီသမီးကဒါကြောင့်စိတ်ကောက်နေတာကို"


"ဟွန့် စိတ်ကောက်မှာပေါ့မာမီမှလာမကြိုတာကို"


"မာမီကိုယ်တိုင်လာကြိုမလိုပဲမာမီခေါင်းနည်းနည်းမူးနေ

လို့လာမကြိုဖစ်တာပါသမီးရယ်"


"ဟမ် မာမီ ဘယ်တုန်းကလဲ ခေါင်းအရမ်းမူးနေသေးလား"


"အရမ်းမမူးတော့ပါဘူးသမီးရယ်။ဒေါက်တာပေးထားတဲ့

ဆေးကိုသောက်လို့သက်သာသွားပါပြီ"


"သမီိးစိတ်ပူလို့ပါမာမီ။သမီး မာမီ ကိုစိတ်မကောက်တော့

ပါဘူး။သမီိးစိတ်ကောက်ပြေသွားပါပြီ"


"မာမီလာမကြိုနိုင်လို့ ကျော်စွာနဲ့ဆန်းသစ်ကိုကြိုခိုင်းလိုက်

တယ်လေ။အဆင်မပြေဘူးလားသမီး"


"အွန်းးအဲ့ဒါတော့မာမီကြိုခိုင်းတဲ့လူတွေကိုမေးကြည့်ပါ။

သမီး အပေါ်တက်ပြီးအနားယူတော့မယ်နော်"


"အင်းပါ သမီးရယ် နားတော့နော်"


လေပြေ ခရီးဆောင်အိတ်ကိုယူပြီးအခန်းရှိရာအပေါထပ်

ကိုတက်သွားလေသည်။


"ကဲ...ပြောစမ်းပါဦး။ကျော်စွာနဲ့ဆန်းသစ်ဘယ်လိုဖြစ်ရ

 တာတုန်း"


"သခင်မကြီး ဖြစ်ပုံကဒီလိုပါ.. ......."


ကျော်စွာနှင့်ဆန်းသစ်လည်းဖြစ်စဉ်အကုန်လုံးကိုပြော

ပြလိုက်လေသည်။


"ဪ....အင်းပါ။နောက်မဖြစ်အောင်ကြိုးစားကြပေါ့"


"ဟုတ်ကဲ့ သခင်မကြီး"


"အေးး..အေးး..။နင်တို့တွေလုပ်စရာရှိတာသွားလုပ်တော့"


"ဟုတ်ကဲ့ သခင်မကြီး"


   ဆက်ရန်

  

💋အပိုင်း(3)= Coming Soon💋


rate now: