book

Index 11

💋ဇာတ်သိမ်းပိုင်း💋

💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋



မကြာခင်သူငယ်ချင်းတွေရောက်လာကြပြီးစက်မင်း

ဖြစ်ပျက်သမျှအကြောင်းစုံပြောပြလိုက်လေသည်။


"တောက်စ် မထင်ရဘူးကွ။လေပြေကအဲလိုမိန်းကလေး

မှန်း။အေး..ငါရောကွာ။တော်ပြီ အဲ့မိန်းမအကြောင်းပြော

မနေနဲ့။စက်မင်း မင်းမပိုးဆီကိုအခုလိုက်သွားမှဖြစ်မယ်"


"အေး..ငါအခုပဲလိုက်သွားမယ်။မင်းတို့ငါနဲ့အသဲလေးရဲ့

မိဘတွေဆီအကြောင်းကြားထားလိုက်"


"Ok။မင်းဒီကကိစ္စတွေကိုစိတ်မပူနဲ့။ငါကြည့်ပြီးပြော

လိုက်မယ်"


"အေး..ဒါဆိုမင်းတို့ကိုငါအပ်ခဲ့မယ်။ဒါနဲ့မင်းတို့အား

လုံးနေခဲ့မှာလား"


"အားလုံးတော့မဟုတ်ဘူး။နေမင်းနဲ့ပိုင်ဆက်ပြီးတော့

မြတ်နိုးတို့ကိုခေါ်သွားလိုက်။ငါနဲ့ငါ့မိန်းမကဒီကကိစ္စတွေ

ကိုဖြေရှင်းလိုက်မယ်"


"Ok..အဲဒါဆိုကျန်တဲ့သူတွေငါ့နဲ့လိုက်ခဲ့"


သူတို့သူငယ်ချင်းများပိုးရှိရာကိုထွက်လာခဲ့သည်။


တစ်ဖက်မှာလည်းသူမကိုအခန်းတစ်ခန်းသို့ခေါ်လာခဲ့

သည်။အခန်းထဲရောက်တော့သူမမျက်လုံးကိုအဝတ်

တစ်ခုနဲ့စည်းထားပြီးလက်ကိုနောက်ပြန်ကြိုးထားသည်။

ခြေထောက်ကိုရောထိုနည်းလည်းကောင်းပင်။


"ရှင်..ရှင်တို့ဘယ်သူတွေလဲ။ဘာလိုချင်လို့လဲ"


"ဟားဟား ဟားဟား"


ဟင်..ငါ..ငါဒီအသံကိုမှတ်မိတယ်။ဟိုတစ်ခါငါ့ကိုခြိမ်း

ခြောက်တာအဲ့လူတွေဖြစ်လိမ့်မယ်။ဒါ..ဒါဆိုအခုတစ်ခါ

လည်းသူတို့ပဲ့ပေါ့။ဘုရား..ဘုရား..ငါထိုလူတွေနဲ့ဘာ

ရန်ငြိုးရန်စရှိလို့လည်း။


"အချောလေး ငါတို့ထပ်ပြီးဆုံတွေ့ကြပြန်ပြီနော်။

ဟားဟားးးး"


"ရှင်တို့ဘာလိုချင်လို့လဲ။ဘာလို့ကျွန်မကိုဖမ်းခေါ်တာလဲ။

မဟုတ်မှလွဲရော် ကျွန်မချစ်သူကျွန်မကိုခေါခိုင်းတယ်ဆို

ပြီးကျွန်မကိုလိမ်ညာပြီးခေါလာတာပဲ"


"ဘယ်ဆိုးလို့လဲ။ဟုတ်တယ်။မင်းတော်သားပဲ အရင်

တစ်ခါက မင်းကိုခြိမ်းခြောက်ရုံပဲ။ဒါပေမဲ့ဒီတစ်ခါတော့

မတူတော့ဘူး။မင်းကိုဖမ်းထားဖို့ပိုက်ဆံပေးပြီးခိုင်းတဲ့

လူနဲ့ပေးတွေ့မယ်။ပြီးရင်တော့အဲ့လူပြောတဲ့အတိုင်းငါတို့

လုပ်ရုံပဲ"


ထိုစဉ်ဒေါက်မြင့်အသံကိုကြားလိုက်ရသည်။ပိုး


"ဘယ်သူလဲ။ပြောနေတယ်လေ..ဘယ်သူလဲလို့"


"ဟားဟားးး နင်ငါ့ကိုမသိဘူးလား"


ထိုလူတွေကိုလေပြေကသူမ၏မျက်လုံးကိုစည်းထား

သည့်အဝတ်ကိုဖြေခိုင်းလိုက်သည်။အဝတ်စည်းထား

တာဖြေလိုက်တော့ပိုးတွေ့လိုက်ရတာက


"ရှင်..လေပြေ"


"အခုမှသိတာလားပိုးကျူးသီ"


"ဒါ..ဒါဆိုရှင်ပဲလား။ကျွန်မကိုဖမ်းခေါ်ခိုင်းတာ"


"ဟုတ်တာပေါ့။နင်ကိုတစ်ခါတည်းမဟုတ်ဘူး။အရင်

တစ်ခါလည်းငါပဲနင့်ကိုခြိမ်းခြောက်ခိုင်းတာ။ဒါပေမဲ့

နင်မမှတ်ဘူးလေ။ဒီတစ်ခါတော့ငါနင်ကိုသတ်မယ်။

နင်သေမှငါနဲ့ကိုမင်းပါင်းဖက်ခွင့်ရမှာ..ဟားဟားးး"


"အဟက် ရှင်ကလားကျွန်မတို့ချစ်သူနှစ်ဦးကိုခွဲဖို့ဆိုတာ"


"ဟုတ်တယ်။နင်မရှိရင်ကိုမင်းကငါ့အတွက်ပဲ"


"ဆုတောင်းလိုက်။ရှင်ဆုတောင်းလို့ပြည့်မှာမဟုတ်ဘူး။

ဘာလို့ဆိုရှင်ကမကောင်းဆိုးဝါးလိုမိန်းမမျိုးလေ။ရှင်

ဘယ်လောက်ပဲခွဲခွဲကျွန်မတို့အချစ်ကခိုင်မြဲပြီးသားရှင်က

အပြင်လူသက်သက်ပဲ။ရှင်ကိုယ်ရှင်သိပ်အထင်ကြီးလွန်း

တယ်။ကိုကိုကရှင့်လိုမိန်းမကိုစိတ်မဝင်စားတာမဆန်းပါ

ဘူး။ရှင်လိုမိန်းမမျိုးကကောက်ကျစ်ယုတ်မာပြီးစိတ်ဓာတ်

ကအောက်တန်းကျနေတာလေ"


"ဘာ..ကောင်မ..နင်.."


"ဖြန်းးး"


"ဖြန်းးး"


"ဖြန်းးး"


လေပြေဒေါသထွက်ပြီးသူမ၏ပါးကိုအားရှိပါးရှိရိုက်ပစ်

လိုက်လေသည်။


"မိုးကြီး..နင်လူတွေကိုခေါ်လိုက်။ဒီကောင်မကိုနှိပ်စက်

ပြီးလုပ်ချင်တာလုပ်ကြပြီးရင်အစဖျောက်ပစ်လိုက်"


"ဟုတ်ကဲ့..မလေပြေသွယ်"


"ပိုး နင်တော့သနားစရာပဲ။ဒါနင့်အတွက်နောက်ဆုံး

လက်ဆောင်ပဲ။ကောင်းကောင်းကြီးခံစားလိုက်ဦး

ဟားဟားးး ဟားဟားးး"


"လေပြေ..ရှင်တော်တော်ယုတ်မာတဲ့မိန်းမပဲ"


ထိုစဉ်ထိုလူတွေကသူမဆီရောက်လာပြီး


"ဖြန်းး"


"အား...."


"ကောင်မ..သောက်ပါးစပ်ပိတ်ထားစမ်း"


"ရှင်..ရှင်တို့ရှေ့တိုးမလာနဲ့နော်။ပြောနေတာမကြား

ဘူးလား"


"နင်တို့ဒီကောင်မပါးစပ်ကိုပိတ်လိုက်ကြ။ငါဒီကောင်မ

ဖြစ်ပျက်နေတဲ့ပုံစံကိုမြင်ချင်တယ်"


"ဟုတ်ကဲ့မလေပြေသွယ်"


သူမပြောဖို့လုပ်စဉ်


"အာ့……"


ထိုလူထဲမှလူတစ်ယောက်ကသူမပါးစပ်၏ကို

တိတ်ဖြင့်ကပ်လိုက်သည်။


"ဒုန်းးး"


ရုတ်တရက်အပြင်ဘက်မှခြေဖြင့်ဆောင့်ကန်လိုက်တော့

တံခါးပေါက်ပွင့်သွားလေသည်။အထဲမာရှိနေသည့်လူတွေ

လည်းအသံကြားရာဘက်ကိုလှည့်ကြည့်လိုက်စဉ်


"ဟ့..မင်းဘယ်သူလဲ"


"ကျုပ်ဘယ်သူလဲဆိုတာခင်ဗျားတို့သိစရာမလိုဘူး။

အဲ့ဒီမိန်းကလေးကိုအခုချက်ခြင်းလွှတ်လိုက်"


လေပြေလည်းအသံလာရာဘက်ကိုကြည့်လိုက်မိ

သည်။


``နင်ကဘယ်သူလဲ။ဒီနေရာကိုဘာလာလုပ်တာလဲ။

နင်နဲ့ဘာဆိုင်လဲ"


"ဆိုင်ဆိုင်မဆိုင်ဆိုင်ခင်ဗျားအပူမပါဘူး။ခင်ဗျားက

တော်တော်ကိုယုတ်မာတဲ့မိန်းမပဲ။ခင်ဗျားအဲ့မိန်းကလေး

ကိုပြန်ပေးဆွဲဖို့ပြောနေတာတွေအားလုံးကျုပ်ကြားတယ်။

ခင်ဗျားကသူများချစ်ခြင်းကိုခွဲဖို့တော်တော်အားယားတယ်

ထင်တယ်။ကျုပ်ဖြင့်ခင်ဗျားကိုကြည့်ပြီးသနားလိုက်တာ"


လေပြေ သနားလိုက်တာဆိုသည့်စကားကြောင့်

ဒေါသထွက်လာရသည်။


"နင့်ပါးစပ်ကိုပိတ်ထားစမ်း။နင်ကဘာသိလို့ငါ့ကိုလာ

ပြီးဆရာလုပ်နေရတာလဲ။ဟေ့..နင်တို့ဒီကောင်ကိုပါ

ဟိုမိန်းမနဲ့အတူရှင်းပစ်လိုက်"


"ဟုတ်ကဲ့"


ထိုလူတွေကောင်းဆီကိုရောက်လာတော့ကောင်း

လည်းတိုက်ခိုက်လေတော့သည်။


"ခွပ်..."


"ဖြောင်း..."


"ခွပ်.."


"ဖြောင်း…"


ကောင်းထိုလူကိုတိုက်ခိုက်နေတုန်းအပြင်ဘက်မှ

လူတစ်ယောက်ဝင်လာတာကိုတွေ့လိုက်သည်။ထိုသူက

တော့ကိုစက်မင်းထွဋ်ပင်ဖြစ်သည်။စက်မင်းလည်း

ထိုလူတွေကိုစတင်တိုက်ခိုက်လေတော့သည်။


"ခွပ်.."


"ဖြောင်း.."


"ခွပ်.."


"ဖြောင်း.."


သူတို့နှစ်ယောက်ထိုလူတွေကိုတိုက်ခိုက်နေကြတော့

ထိုလူတွေအနာတရဖြစ်သွားကြသည်။ကောင်းက


"အကို..အကိုချစ်သူကိုသွားကယ်လိုက်ဝကျွန်တော်ထိုလူ

တွေကိုရှင်းထားလိုက်မယ်။မကြာခင်ရဲတွေလည်းရောက်

လာလိမ့်မယ်"


"ညီအဆင်ပြေပါ့မလား။ညီတစ်ယောက်တည်း…"


"ရပါတယ် အကို။ကျွန်တော်ကကိစ္စမရှိဘူး။အကိုချစ်သူ

ကိုသာရအောင်ကယ်ပါ"


"အင်း.. ဒါဆိုအကိုစိတ်ချမယ်နော်"


"ဟုတ်ကဲ့ အကို"


ကောင်းထိုလူတွေကိုတိုက်နေရင်းစက်မင်းကပိုးကိုသွား

ရှာနေလေသည်။ပိုးတွေ့ပြီးပိုးအနားသွားဖို့လုပ်တော့


"ကိုမင်း ရှေ့ကိုတိုးမလာနဲ့နော်။ဒီမှာတွေ့လား။လေပြေ

လက်ထဲမှာရှိတဲ့သေနတ်ရဲ့ကျည်ဆံကဒီကောင်မ

ခေါင်းထဲရောက်သွားလိမ့်မယ်"


"ကိုကို အသဲလေးဘာမှမဖြစ်ဘူးနော် သိလား။ကိုကို

စိတ်မပူနဲ့နော်"


"ဘာလို့စိတ်မပူရမှာလဲ။အသဲလေးမျက်နာမှာက.."


သူမရှိရာကိုခြေလှမ်းလာတော့


``ဒိုင်း..."


လေပြေသေနတ်ဖြင့်ပစ်လိုက်တာကတံခါးဖြစ်နေသည်။


"ကိုမင်း ထပ်မတိုးလာနဲ့နော်။နောက်တစ်ခါဆိုရင်တံခါး

ပေါက်မဟုတ်ပဲသူ့ခေါင်းဖြစ်သွားမယ်"


ထိုအချိန်ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး


"မလေပြေသွယ် လက်နက်ချပြီးအဖမ်းခံပါ။ထွက်ပြေး

ဖို့မကြိုးစားပါနဲ့။ခင်ဗျားကိုကျွန်တော်တို့ရဲတပ်ဖွဲ့ကဝိုင်း

ထားပြီးပြီ"


လေပြေတစ်ယောက်ကြောက်ကြောက်လန့်လန့်နဲ့

လက်ထဲမှာရှိသည့်သေနတ်ကိုအောက်ချလိုက်လေ

သည်။ထိုစဉ်ရဲတွေလည်းသူမကိုလက်ထိပ်ခတ်လိုက်

ကြသည်။ရဲတွေသူမကိုလက်ထိပ်ခတ်လိုက်တော့


"မဟုတ်ဘူး။ငါလုပ်တာမဟုတ်ဘူး။ဘာလို့ငါ့ကိုလက်

ထိပ်ခတ်တာလည်း ဟင့်"


လေပြေသွယ်ကိုလက်ထပ်ခတ်ပြီးစခန်းကိုခေါ်ဆောင်

သွားခဲ့ကြသည်။စက်မင်းလည်းသူမလေးဆီသွားပြီး


"အသဲလေး အဆင်ပြေရဲ့လား။ဘာမှမဖြစ်တော့ဘူးနော်။

ကိုကိုစိတ်ပူလိုက်ရတာအခုတော့အသဲလေးဘာမှကြီးကြီး

မားမားမထိခိုက်မိလို့တော်သေးတယ်။မဟုတ်ရင်ကိုကိုရင်

ကျိုးရမှာ"


"အသဲလေးဘာမှမဖြစ်တော့ပါဘူးကိုကို။ကိုကိုစိတ်မပူနဲ့

တော့နော်"


စက်မင်းသူမလေးကိုသူမမိဘဆီခ်ါဆောင်လာခဲ့သည်။

လေပြေသွယ်ကတော့အချုပ်ထဲရောက်နေ၏။လေပြေ

သွယ်၏မိဘများသတိကြားကြားခြင်းရဲစခန်းကိုလိုက်

လာခဲ့သည်။ရဲစခန်းရောက်တော့သမီးဖြစ်သူလေလပြေ

သွယ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေသည်။ဖခင်ဖြစ်သူ

က သူအလိုလိုက်ထားလို့အခုလိုမျိုးဖြစ်ရတာဆိုပြီးယူကျုံး

မရဖြစ်နေလေသည်။


ထိုအဖြစ်အပျက်တွေဖြစ်ပျက်ပြီးနောက်မကြာခင်မှာပင်

စက်မင်းနှင့်ပိုးတို့၏လက်ထပ်ပွဲကိုရောက်လာခဲ့သည်။


           🌸🌸မောင်စက်မင်းထွဋ်🌸🌸


                             နှင့်

  

               🌸🌸မပိုးကျူးသီ🌸🌸


တို့၏မင်္ဂလာလက်ထပ်ပွဲကိုရန်ကုန်မြို့Sedona Hotel

တွင်ခမ်းနားစွာကျင်းပနေသည်။ထိုစဉ်သတို့သမီးလောင်း

ကအလှပြင်ခန်းတွင်အလှပြင်ပြီးအင်္ကျီဝတ်နေစဉ်လေပြေ

သွယ်ရောက်လာခဲ့သည်။လေပြေသွယ်ရောက်လာတာကို

ပိုးမြင်တော့


"ရှင်ဒီနေရာကိုဘာလာလုပ်တာလဲ လေပြေသွယ်။ဒီနေ

ရာကရှင်နဲ့မသက်ဆိုင်ဘူးထင်တယ်"


"ဘာလို့ငါ့နဲ့မသက်ဆိုင်ရမှာလဲ။နင်သိထားဖို့ငါလွယ်လွယ်

နှင့်အရှုံးပေးတတ်တဲ့မိန်းမ မဟုတ်ဘူးလေ။ဒါတွေအသာ

ထားစမ်းပါ။ငါလက်ထပ်မယ့်သတို့သားလောင်းကိုနင်လု

ယူလိုက်တဲ့အတွက်နင်ပြန်ပေးဆပ်ရမယ်။ကိုမင်းကငါ့ကို

ချစ်တာနင့်ကိုကျတော့ကိုမင်းကနင့်မျက်နှာကချစ်စရာ

ကောင်းပြီးလှပနေတော့နင့်ရဲ့အလှမှာခနတာနှစ်မျော

သွားတာဖြစ်မယ်။နင်ရဲ့အလှအပတွေသာမရှိရင်ကိုမင်း

နင့်ကိုဆက်ပြီးချစ်နိုင်ဦးလားဆိုတာကြည့်ရသေးတာပေါ့"


လက်ထဲမှာကိုင်ထားတဲ့ပုလင်းကိုယူထုတ်လိုက်သည်။

ပိုးလည်း


"အဲ့ဒါ ဘာလဲ"


ပိုးကျူးသီမေးနေပေမယ့်သူမလုံးဝမဖြေပေ။


"ငါမေးနေတယ် အဲဒါဘာလဲ"


"ဘာလဲ။နင်ကြောက်နေတာလား။သြော် အဲ့ဒါလားacid

(အက်စစ်)လေ။နင်မျက်နာကိုပိုပြီးလှပသွားအောင်ငါလုပ်

ပေးမလို့ ဟားဟားးး"


ပိုး၏အင်္ကျီကိုဆွဲဆွဲပြီးအက်စစ်နှင့်ပစ်မလို့လုပ်တော့

ပိုးရုန်းရင်းလေပြေသွယ်ကိုတွန်းပစ်လိုက်သည်။တစ်ပြိုင်

နက်တည်းမှာပင်လေပြေသွယ်လက်ထဲမှာရှိသည့်အက်စစ်

ပုလင်းကကြမ်းပြင်ပေါ်ကိုရောက်ရှိသွားသည်။ပိုးတွန်းချ

လိုက်သည့်အရှိန်ကြောင့်သူ့မျက်နှာကကြမ်းပြင်မှာရှိနေ

သည့်အက်စစ်နှင့်မိတ်ဆက်သွားရသည်။ထိုအချိန်မှာပင်

လေပြေသွယ်အော်ဟစ်ပြီး


"အားးးးး ငါ့မျက်နှာ………"


သူ့မျက်နှာမှာမြင်မကောင်းလောက်အောင်ပင်အက်စစ်

အရည်များကနေရာယူထားသည်။တစ်ဆက်တည်းမှာ

ပင်စက်မင်းကအသံကြားလို့ပြေးဝင်လာခဲ့တော့


"ဟင်.."


သူတွေ့လိုက်ရတာကလေပြေသွယ်၏မျက်နှာကအက်စစ်

အရည်တွေကြောင့်ပျက်စီးနေပြီးချစ်ရသူလေးကိုကြည့်

လိုက်တော့စိုးရိမ်နေတဲ့ပုံစံဖြစ်နေသည်။စက်မင်းသူမအနား

သွားပြီး


"အသဲလေး..ဘာမှမဖြစ်ဘူးမဟုတ်လား"


"အင်း။ကလေး ဘာမှမဖြစ်ဘူး။ဒါပေမဲ့ လေပြေသွယ်က…"


"အင်း ကိုကိုသိပြီ။ကိုကိုသူ့ကိုဆေးရုံပို့လိုက်မယ်"


မိဘတွေလည်းသတင်းကြားကြားခြင်းဆေးရုံကိုလိုက်

လာခဲ့သည်။လေပြေသွယ်ဆေးရုံရောက်လာတော့

လေပြေသွယ်၏မိဘများကစိတ်ပူနေကြသည်။သူတို့

သမီးလေးကလက်ထပ်ပွဲသွားပြီးဂုဏ်ပြုပေးချင်လို့ဆိုပြီး

ခွင့်ပြုပေးလိုက်တာ။အချုပ်ထဲမှာတုန်းကလည်းလေပြေ

၏မိဘများကသူတို့၏သမီးလေးအားအမှုဖွင့်ထားသည်

ကိုပိတ်ပေးဖို့အတွက်စက်မင်း၏မိဘနှင့်ပိုး၏မိဘတွေကို

တောင်းပန်ခဲ့လေသည်။ကံကောင်းချင်တော့စက်မင်းတို့

ဘက်ကအမှုကိုပိတ်လိုက်သည်။အချုပ်ထဲကထွက်လာပြီး

မကြာခင်မှာပဲလက်ထပ်ပွဲကိုရောက်လာပြီးအခုလိုမျိုးဖြစ်

လာခဲ့တာပဲ။ဆရာဝန်တွေလည်းအတတ်နိင်ဆုံးပျက်စီး

နေသည့်မျက်နှာကိုအကောင်းဆုံးပြန်လည်ကုသပေးခဲ့

သည်။နဂိုမူလအတိုင်းတော့ပြန်မရနိုင်တော့ချေ။နောက်

ဆုံးလေပြေသွယ်၏မိဘများကဆရာဝန်တွေနဲ့တိုင်ပင်ပြီး

အမေရိကားမှာပလတ်စတစ်ဆာဂျူရီလုပ်ဖို့ခွင့်ပြုချက်ရ

တော့အမေရိကားမှာကုသဖို့ဆုံးဖြတ်ခဲ့သည်။


တစ်ဖက်မှာလည်းလက်ထပ်ပွဲကိုအောင်မြင်စွာပြီးဆုံးခဲ့သည်။

ထိုလက်ထပ်ပွဲကိုကောင်းမေတ္တာရောက်လာခဲ့သည်။


"အကိုဂုဏ်ပြုပါတယ်ဗျာ"


"ကေ်းဇူးပါ ညီ"


"ကျွန်တော်အမေရိကားကိုပညာတော်သင်သွားမလို့။

အဲ့ဒါ အကို့လက်ထပ်ပွဲကိုလာရင်းနဲ့နှုတ်ဆက်တာပါ"


"အင်း။မင်းအဆင်ပြေပါစေ..ညီ"


ကောင်းစကားပြောပြီးနောက်လက်ထပ်ပွဲမှထွက်လာခဲ့

သည်။သူရဲ့ဦးတည်ချက်ကရန်ကုန်အပြည်ပြည်ဆိုင်ရာသို့။

ကောင်းလေဆိပ်ကိုရောက်လာပြီးမကြာခင်မှာပင်

လေယာဉ်ထွက်ခွာသွားတော့သည်။


🥀🥀(4)နှစ်ကြာပြီးနောက်🥀🥀


စက်မင်းနှင့်ပိုးတို့မှာသမီးလေးတစ်ဦးဖွားမြင်ခဲ့သည်။

သမီးလေးကချစ်စရာလေးပင်။သူ့အမေလိုပဲစကား

အရမ်းတတ်သည်။မြေးဦးလေးဆိုတော့သူတို့နှစ်ဦးရဲ့

မိဘတွေကပိုပြီးချစ်ကြလေသည်။သမီးလေးရဲ့အမည်ကို

တော့ကျူးရောင်စဉ်လို့ပေးထားသည်။


"မြေးမလေး..ဖွားဖွားတို့ဆီလာဦးကွယ်"


"ဟုတ်ကဲ့ဖွားဖွား။ရောင်စဉ်လေးလာပြီ"


သမီးလေးကတခစ်ခစ်နဲ့ရယ်ပြီးသူအဖွားနှစ်ယောက်ဆီ

လမ်းလျောက်သွားသည်။သမီးလေးအဖွားနှစ်ယောက်ဆီ

ရောက်သွားတော့မြေးအဖွားသုံးယောက်ဘာတွေပြောပြီး

သဘောကျနေပါ့လိမ့်။ပိုး၏သမီးလေးကပါးချိုင့်လေးပေါ

သည်အထိပြုံးပျော်ကြည်နူးနေလေရဲ့။ပိုးလည်းပိုး၏သမီး

လေးကိုကြည့်ပြီးပြုံးနေမိသည်။ထိုစဉ်ကိုကိုရောက်လာပြီး


"ဟေ့..."


"အမလေး...ကိုကို"


"ကိုကိုလာနေတာမသိရအောင်အသဲလေးကဘာတွေ

ကိုကြည့်ပြီးပြုံးနေတာလည်း"


"ဟိုမှာလေ..ကိုကိုရဲ့သမီးလေးကသူ့အဖွားတွေနဲ့စကား

တွေပြောပြီးပြုံးနေတာလေ။အဲဒါကြောင့်အသဲလေးလည်း

သမီးလေးကိုကြည့်ပြီးပြုံးနေတာလေ။အဲ့နောက်ကိုကို

ရောက်လာတာကိုမသိတာ"


"ဟွန့် ကလေးဆိုးလေး။အရမ်းချစ်ဖို့ကောင်းနေတယ်။

အသဲလေး ကိုကို ပြောစရာရှိတယ်"


"ပြောလေ ကိုကို"


"ကိုကို့ကိုနောက်ထပ်သားလေးတစ်ယောက်မွေးပေးပါ

လားဟင်"


"ဟာ...ကိုကိုနော်။ကိုကိုမမွေးရတိုင်းသူများကိုပြော

နေတယ်။မမွေးဘူး"


"မွေးပါနော်"


"မမွေးဘူးဆို"


"မွေးပါနော်..နော်လို့……"


"အင်းပါ ..မွေးပေးမယ်"


"ရေး...ဒါမှ..ကိုကိုရဲ့ချစ်ဇနီးချောလေးကွ"


ထိုစဉ်သမီးလေးကသူတို့ဆီရောက်လာပြီး


"ဒယ်ဒီနဲ့မာမီကဘာတွေပြောနေကြတာလည်းဟင်"


"ဟို...အဲ့ဒါကေလ မာမီက……"


"ဟွန့် ရောင်စဉ်လေးကိုမပြောပြဘူးလား"


"ဒယ်ဒီပြောပြမယ်လေ သမီးလေး"


"အင်း.. ပြောပြလေဒယ်ဒီ"


"သမီးလေးက..မောင်လေးမလိုချင်ဘူးလား"


"ရောင်စဉ်လေးကမောင်လေးလိုချင်တာပေါ့..ဒယ်ဒီရယ်"


"အင်း။သမီးလေးလိုချင်တဲ့မောင်လေးမကြာခင်ရတော့မှာ"


"ဟမ် တကယ်လား ဒယ်ဒီ"


"တကယ်ပေါ့သမီးလေးရယ်။မယုံရင်သမီးမာမီကိုမေးကြည့်"


ရောင်စဉ်လေးကပိုးဆီလှည့်လာပြီး


"မာမီ.ဒယ်ဒီပြောတာတကယ်လားဟင်"


"တကယ်ပေါ့သမီးလေးရဲ့"


"ရေး...အဲဒါဆို ရောင်စဉ်လေးမှာမကြာခင်မောင်လေးရ

တော့မှာပေါ့နော်။ဟီးဟီး ပျော်လိုက်တာ"


ရောင်စဉ်လေးလည်းဝမ်းသားပြီးလက်ဟန်ခြေဟန်ဖြင့်က

ခုန်နေ၏။စက်မင်းနှင့်ပိုးလည်းသမီးလေးဝမ်းသားပြီးကခုန်

နေတာကိုကြည့်ပြီးသူတို့လည်းသမီးလေးနဲ့ထပ်တူပျော်ရွင်

ရပါသည်။အခုဆိုသူတို့မိသားစုလေးပျော်ပျော်ရွင်ရွင်နဲ့

သမီးလေးအပြင်နောက်ထပ်မွေးလာမယ့်သားလေးသာ

လူ့လောကထဲရောက်လာတဲ့အချိန်ကျလျှင်လည်းယခု

ထက်ပင်ပိုမိုပျော်ရွင်ပြီးပြည့်စုံတဲ့ကမ္ဘာလေးကိုပိုင်ဆိုင်

နိုင်မှာအသေအချာပင်………။💓💓💓💓💓💓


ပြီးပါပြီ။


💟အားပေးခဲ့တဲ့စာဖတ်ပရိတ်သတ်တစ်ဦးချင်းစီတိုင်း

ကိုကျေးဇူးတင်ပါသည်💟

   


                     🙏 ပရိတ်သတ်များအားဦးထိပ်ပန်လျက်🙏


                                      👁မျက်ဝန်းနက်👁


rate now: