book

Index 10

💋အပိုင်း(10)💋

💋အနမ်းတွေနဲ့တည်ဆောက်ထားသော💋



"ကိုကို သတိရလာပြီလား။ကိုကိုစိတ်ဆိုးနေသေး

လားဟင်"


"ကိုကိုစိတ်မဆိုးပါဘူးအသဲလေးရယ်။ကိုကိုကဘာလို့

စိတ်ဆိုးရမှာလည်း။အသဲလေးကိုအရမ်းချစ်တာလေ"


ထိုစဉ်သူငယ်ချင်းများက


"အဟမ်း.."


ချောင်းဟပ်အသံပြုလုပ်လိုက်လေသည်။ထို့နောက်

ပိုင်ဆက်က


"ဘာတွေလဲ။မင်းတို့နှစ်ယောက်ထဲဆေးရုံမှာရှိနေတာ

မဟုတ်ဘူး။သတိလေးဘာလေးထားဦး"


"ဟာ..ပိုင်ဆက်..မင်းကလည်းကွာ။ငါ့ချစ်သူကိုငါချစ်

နေတာမင်းတို့အပူပါလား"


"ငါတို့အပူမပါဘူး။ငါမင်းကိုပြောစရာရှိလို့"


"ဘာကိစ္စလဲ ပိုငိဆက်"


"ဓာတ်ပုံကိစ္စလေ။ဒါ..လေပြေတမင်သက်သက်ကြံစည်

ထားတာ"


"မင်းဆိုလိုတာက"


"မင်းကိုသူ့ဆီလာဖို့ပြောတယ်မလား"


"ဟုတ်တယ်လေ။သူ့ကိုလူတစ်စုကသူ့ကားမှန်ကိုရိုက်ခွဲ

ပြီးသူ့ကိုကားထဲကဆွဲထုတ်နေကြတာ"


''အေး..ငါပြောချင်တာအဲဒါပဲ။မင်းစဉ်းစားကြည့်လေ

ည(၇)နာရီအချိန်လောက်မှာမိန်းကလေးတစ်ယောက်

အဝေးပြေးလမ်းမကိုတစ်ယောက်တည်းဘာလို့သွားရ

တာလဲ။ပြီးတော့ရော..မင်းပြောသလိုသူ့ကိုအနိင်ကျင့်ဖို့

သူ့ကားမှန်ကိုရိုက်ခွဲပြီးသူ့ကိုကားထဲကနေဆွဲထုတ်နေကြ

တယ်။အမှန်တကယ် ဆိုရင်.သူကားထဲမှာရှိနေစဉ်သူ့ကို

အဲလိုလုပ်ဖို့ကြံစည်နေတာဆိုရင်သူရဲခေါ်သင့်တယ်လေ။

ဒါပေမဲ့သူရဲမခေါ်ခဲ့ဘူး။မင်းလာတဲ့အချိန်ကိုစောင့်နေတာ

ဒါကတိုက်ဆိုင်တာလား။ငါတော့မထင်ဘူးစက်မင်း။ဒီကိစ္စ

ကိုအစကတည်းကသူကြံစည်ထားတာဖြစ်မယ်"


"အေး..ဟုတယ်။မင်းပြောမှငါသတိထားမိတယ်။သူ

ဘက်ကကြံစည်ထားတယ်ဆိုရင်ဓာတ်ပုံကိစ္စလည်း

မင်းပြောသလို"


"ဟုတ်တယ် စက်မင်း"


"ဒါဆိုရင်တော့ငါသူ့ကိုလုံးဝခွင့်မလွှတ်ဘူး။မင်းကိုယ်

တိုင်ဒီကိစ္စကိုစုံစမ်းပေး ပိုင်ဆက်။ဘာဖြစ်လို့လဲဆိုတော့

ဒီကိစ္စကြောင့်ပိုးနဲ့ငါလမ်းခွဲဖို့အခြေအနေထိဖြစ်သွားတော့

မလို့မင်းတော်တော်ကိုဂြိုလ်မွေတဲ့မိန်းမပဲ လေပြေသွယ်။

ရုပ်ကလေးသနားကမားနဲ့..တောက်စ် ရွံ့ဖို့ကောင်းလိုက်တာ.ထီ်ွးးး"


ထိုစဉ် ပိုးကပဲ


"ကိုကိုရယ်စိတ်လျော့ပါနော်။အသဲလေးမှားပါတယ်နော်။

ကိုကို့ကိုအထင်လွဲပြီးပါးရိုက်ခဲ့မိလို့။ကိုကို့တော်တော်နာ

သွားမှာပဲနော်"


"ကိုကိုမနာပါဘူး အသဲလေးရယ်။ကိုကိုတောင်းပန်ပါ

တယ်နော်။နောက်ဆို ကိုကိုသူနဲ့မပတ်သက်တော့ဘူး

နော်။ကိုကိုကတိပေးတယ်..သိလား"


"ဟုတ္​ကဲ့ကိုကို"


"မင်းသူ့ကိုလုံးဝမပတ်သက်နဲ့တော့စက်မင်း"


အသံကြားရာကိုကြည့်လိုက်တော့စက်မင်း၏မိခင်ဖြစ်

နေသည်။


"မာမီ"


"သားပြောတာမာမီအားလုံးကြားပြီးပြီ။သားကိုလေပြေနဲ့

စေ့စပ်ထားတာဖျက်သိမ်းလိုက်တော့မယ်။လေပြေအဲ့လို

မိန်းကလေးမှန်းမာမီမသိခဲ့ဘူးသား။မာမီတောင်းပန်ပါ

တယ်သားကိုစိတ်ဆင်းရဲစေခဲ့လို့"


"ရပါတယ် မာမီရယ်။မာမီတောင်းပန်စရာမလိုပါဘူး။

လေပြေနဲ့စေ့စပ်ထားတာဖျက်သိမ်းမယ်ဆိုတာသေချာ

လားမာမီ"


"သေချာတာပေါ့သားရယ်။ပြီးတော့…"


"ပြီးတော့ ဘာဖြစ်လဲ မာမီ"


"ပြီးတော့သားကိုမိန်းကလေးတစ်ယောက်နဲ့လက်ထပ်

ပေးမလို့"


"ဟင်…ဘယ်သူနဲ့လဲ မာမီ"


"မာမီသူငယ်ချင်းရဲ့သမီးနဲ့လေ"


ပြောရင်းဆိုရင်းနဲ့ဒေါ်တေးဝင့်ခြယ်စက်မင်း၏အခန်း

ကိုရောက်လာခဲ့သည်။


"သား..ဒါမာမီသူငယ်ချင်းဒေါ်တေးဝင့်ခြယ်တဲ့"


"မင်္ဂလာပါ အန်တီ"


"မင်္ဂလာပါ သား"


"သားကိုခြယ်ရဲ့သမီးလေးနဲ့လက်ထပ်ပေးမလို့ခြယ်ရေ"


"ကောင်းတာပေါ့ သန္တာရယ်။ခြယ်သမီလေးနဲ့သားကိုမိတ်ဆက်ပေးရဦးမယ်"


"ဆောရီးပါအန်တီ။ကျွန်တော်အန်တီသမီးကိုလက်မထပ်

နိုင်ပါဘူး။ကျွန်တော်မှာလက်ထပ်မယ့်မိန်းကလေးရှိပြီးသား

ပါ။ကျွန်တော်နဲ့လက်ထပ်မယ့်မိန်းကလေးကအခုကျွန်တော်

နံဘေးမှာရှိတဲ့ပိုးကျူးသီဆိုတဲ့မိန်းကလေးပါ"


"ဟင်.."


"ဟာ…"


အားလုံးကပြုံးစိစိနဲ့စက်မင်းကိုကြည့်နေကြသည်။စက်မင်း

၏မိခင်ဖြစ်သူက


"သားတကယ်ပဲမာမီသဘောတူထားတဲ့မိန်းကလေးနှင့်

လက်မထပ်ဘူးဆိုတဲ့သဘောလား"


"ဟုတ်ပါတယ် မာမီ"


"Ok။ဒါဆို..မင်းကိုခြယ်ရဲ့သမီးလေးနဲ့မိတ်ဆက်ပေး

မယ်။ခြယ်ရေ...ခြယ်သမီးလေးကိုခေါ်ပေးပါဦး"


"ဟုတ်ကဲ့ပါ သန္တာရယ်"


ဒေါတေးဝင့်ခြယ် သမီးဖြစ်သူပိုး၏လက်ကိုကိုင်လိုက်သည်။

စက်မင်းကဘာလဲဆိုတဲ့အကြည့်မျိူးနဲ့ကြည့်နေသည်။


"သား..ဒါကအန်တီရဲ့သမီးလေး ပိုးကျူးသီပါ"


"ဗျာ..အန်တီ တကယ်လား။အသဲလေးကအန်တီရဲ့

သမီးလား"


"ဟုတ်တယ်သား။ပိုးကအန်တီရဲ့သမီးပါ"


"ကျွန်တော်လုံးဝမသိဘူးဗျာ။အသဲလေးကအန်တီရဲ့သမီး

ဆိုတာ ဒါဆိုကျွန်တော်နဲ့အသဲလေးကို…"


"ဘာလဲ စက်မင်း။မင်းပြောတော့မာမီသဘောတူတဲ့

မိန်းကလေးနဲ့လက်မထပ်ဘူးဆို။မင်းကအပြောင်းအလဲ

မြန်လှချည်းလား"


ဒေါသန္တာခြည် သားဖြစ်သူကိုစိတ်ဆိုးနေသည့်ပုံစံ

ဖြင့်ပြောလေသည်။စက်မင်းက


"အဲ့လိုမဟုတ်ပါဘူး မာမီ။အသဲလေးကိုအစကတည်းက

အန်တီခြယ်ရဲ့သမီးမှန်းမသိခဲ့လို့ပါ။အသဲလေးကို

ကျွန်တော်ချစ်တယ်။ဒါကြောင့်ကျွန်တော်နဲ့အသဲလေးကို 

လက်ထပ်ပေးပါမာမီ..please"


"လက်မထပ်ပေးနိုင်ဘူး။မင်းပြောတဲ့စကားမင်းသိမှာပေါ့။

မင်းမာမီရဲ့သူငယ်ချင်းကိုဘယ်လိုပြောခဲ့လည်းဆိုတာ

မင်းမှတ်မိလား။မင်းမမှတ်မိရင်မာမီပြောပြမယ်"


"မပြောပါနဲ့တော့မာမီ။သားတကယ်မသိလို့ပါ"


"အန်တီ..အန်တီကိုကျွန်တော်တောင်းပန်ပါတယ်။

ကျွန်တော်နဲ့အသဲလေးကို လက်ထပ်ပေးပါဗျာ။ကျွန်တော်

အသဲလေးကိုအရမ်းချစ်တယ်။အသဲလေးနဲ့မခွဲနိုင်ဘူး။

အသဲလေးနဲ့ခွဲလို့ရှိရင်ကျွန်တော်သေလိမ့်မယ်။ကျွန်တော်

အသဲလေးမရှိပဲအသက်မရှင်နိုင်ဘူး။Pleaseကျွန်တော်

နဲ့အသဲလေးကိုခွင့်ပြုပေးပါ"


ပိုးလည်းကိုကိုအခုလိုပိုးနဲ့အတူနေရဖို့မာမီကိုတောင်းပန်

နေတာမြင်ရတော့ပိုးစိတ်မကောင်းဖြစ်မိသည်။ပိုးဝင်ပြော

ဖို့လုပ်စဉ်


"ကောင်းပြီလေ။အန်တီခွင့်ပြုတယ်"


"ဗျာ..တကယ်လား။ဝမ်းသာလိုက်တာအန်တီရယ်။

ကျွန်တော်အန်တီသမီးကိုလက်ထပ်ပြီးပျော်ရွင်အောင်

ထားပါ့မယ်လို့ကတိပေးပါတယ်။ကျွန်တော်အန်တီကို

ကျေးဇူးတင်ပါတယ်ဗျာ"


"ရပါတယ် သားရယ်။အန်တီကသားတို့နှစ်ယောက်ကို

အစကတည်းကခွင့်ပြုပြီးသားပါ။အဲ့ဒါ သမီးလည်းသိ

တယ်"


"ဟင် ဟုတ်လား။အသဲလေးသိနေတာလား"


"ဟုတ်တယ်ကိုကို။အသဲလေးတစ်ယောက်တည်းသိတာ

မဟုတ်ဘူးနော်။သူတို့တွေလည်းသိတယ်"


ပိုးသူ့ငယ်ချင်းတွေဆီလက်ညိုးထိုးပြလိုက်သည်။

သူငယ်ချင်းများက


"ဟုတ်တယ်စက်မင်း။မင်းသတိမေ့နေတုန်းက..မင်းနဲ့

မပိုးကိုလူကြီးချင်းသဘောတူထားကြတာကွ"


"ဟာ..ဒါဆိုမင်းတို့ဘာလို့ငါ့ကိုအစကတည်းကမပြော

ကြတာလဲ။အခုငါ့ကိုသက်သက်မဲ့အရူးလုပ်လိုက်တာပဲ။

အဲ့အထဲမှာအသဲလေးရောပါဝင်နေတာပေါ့ ဟွန့်"


ကိုကို ပိုးကိုကြည့်ပြီးပြောလိုက်တော့ပိုးပြုံးပြလိုက်သည်။

ဘာလို့ဆို့ကိုကိုစိတ်ဆိုးနေပုံကချစ်စရာကောင်းနေ၏။


"ကိုကို..စိတ်မဆိုးနဲ့နော်။အသဲလေးတမင်ပြောတာ

မဟုတ်ပါဘူး။ကိုကို့မာမီကမပြောခိုင်းလို့အသဲလေး

မပြောတာပါ"


"ဟမ်...ဒါဆိုမာမီကသားကို..."


"ဘာလဲ မင်းပဲမာမီလက်ထပ်ပေးတဲ့မိန်းကလေးကိုမယူဘူး

ဆိုဒါကြောင့်မာမီစီစဉ်လိုက်တာ။ဘယ်လိုလဲသား မင်း

သူမကိုလက်ထပ်မှာလား..."


"လက်ထပ်မှာပေါ့မာမီရာ"


စက်မင်း၏အဖြေကတန်းပြီးသားစဉ်းစားစရာတောင်မလို

ချေ။


"အင်းပါ သား။သမီးဆန္ဒရော"


"ပိုးမာမီရဲ့ဆန္ဒအတိုင်းပါပဲ"


"Ok။ဒါဆိုလာမဲ့တနင်္ဂနွေနေ့မှာလက်ထပ်ပွဲကိုစီစဉ်ကြ

တာပေါ့။ဘယ်လိုလဲခြယ်..အဆင်ပြေလား"


"ခြယ်ဘက်ကငြင်းစရာမရှိပါဘူးသန္တာ။သန္တာတို့အဆင်ပြေ

သလိုစီစဉ်ပါ။ခြယ်ကတော့ခြယ်သမီးပျော်ရွင်ရင်ရပါပြီ"


"Ok..ဒါဆိုအားလုံးသဘောတူကြလား"


"သဘောတူပါတယ် ဗျာ"


"သဘောတူပါတယ် ရှင်"


ကိုမင်းမတော်တဆဖြစ်ပြီးဆေးရုံရောက်နေသည်ဆို

တာကြောင့်လေပြေလိုက်လာခဲ့သည်။ကိုမင်းအခန်း

အထဲမဝင်ကြားလိုက်ရသည့်စကားကြောင့်


"ကိုမင်းနှင့်ပိုးကျူးသီကလမိဘချင်းကသဘောတူထား

တယ်ဆိုတာငါတောင်မသိရပါလား။ဘယ်လိုဖြစ်ရတာ

လဲ။အန်တီသန္တာငါ့ကိုကျော်ပြီးပိုးကျူးသီကိုရွေးချယ်

တာလား။အဲ့လိုဆိုသူတို့မကြာခင်လက်ထပ်ကြတော့မှာ

မဖြစ်ရဘူး။အဲလိုအဖြစ်မခံနိုင်ဘူး။ပိုးကျူးသီ ငါကိုမင်း

ကိုမရသလိုနင်လည်းကိုမင်း ကိုပိုင်ဆိုင်ခွင့်မရှိဘူး။ငါနင်တို့ရဲ့လက်ထပ်ပွဲကိုမရရအောင်ဖျက်မှာ။အချိန်ဆွဲနေလို့

မဖြစ်တော့ဘူးငါတစ်ခုခုစီစဉ်ရမယ်"


ကြေးစားအဖွဲ့ခေါင်းဆောင်မိုးကြီးဆီဖုန်းဆက်လိုက်လေ

သည်။


"ဟယ်လို.. နင်ငါ့ကိုလုပ်ပေးရမှာတစ်ခုရှိတယ်"


"ဘာကိစ္စလဲ မလေပြေသွယ်"


"နင်တို့မိန်းကလေးတစ်ယောက်ကိုပြန်ပေးဆွဲရမယ်။

သူ့ကိုနင်တို့သိပါတယ်။ငါအရင်တစ်ခါကပို့လိုက်တဲ့

ဓာတ်ပုံထဲကမိန်းကလေးပဲ။သူအခုကန်သာယာဆေးရုံ

ရောက်နေတယ်။ငါ့သတို့သားလောင်းကားaccident

ဖြစ်လို့သူလာကြည့်တယ်။သူ့အမည်ကပိုးကျူးသီ။နင်တို့

သေချာမှတ်ထားကြ။သူ့နာမည်မမေ့စေနဲ့။ငါဆိုလိုတာကို

သဘောပေါက်တယ်မလား။ပြီးတော့သူကိုနင်တို့လုပ်ချင်

သလိုလုပ်ကြငါသူကိုမမြင်ရမတွေ့ရရင်ပြီးရော။ငါလက်ထပ်မယ့်သတို့သားလောင်းအနားကထာဝရပျောက်ကွယ်

သွားအောင်လုပ်လိုက်"


"Ok..အဲ့အတွက်ငါရမယ့်ကြေးက"


"အရင်ကထက်(၂)ဆ..okလား"


"Ok ဒါဆိုကိစ္စအဆင်ပြေပြီသာမှတ်လိုက်တော့"


လေပြေဖုန်းပြောတာကိုမထင်မှတ်ပဲကြားရသူက

ကောင်းမေတ္တာပင်။သူအခုကားaccidentဖြစ်သည့်

လူနာကိုသိချင်လို့သူနာပြုကိုမေးလိုက်သည်။သူနာပြု

ကအခန်းနံပါတ်(105)ကိုညွန်ပြလိုက်လေသည်။သူနာ

ပြုညွန်ပြသည့်အခန်းကိုရောက်သွားတော့မထင်မှတ်ပဲ

သူတွေ့လိုက်ရတာကသူ၏နတ်သမီးလေးပင်ဖြစ်သည်။


"ပိုး ဒါဆိုနင်နဲ့ကိုစက်မင်းကိုမကြာခင်လက်ထပ်ပေး

တော့မှာပေါ့နော်"


"ဟုတ်တယ်မြတ်နိုး။ငါ့မင်္ဂလာဆောင်ဖိတ်စာမှာငါ့

နာမည်ပိုးကျူးသီဆိုတာကိုနင်တို့မကြာခင်မြင်ရ

တော့မှာ ဟီးး ငါစိတ်လှုပ်ရှားနေတယ်ဟာ"


ကောင်းအံ့သြမှုနေမိသည်။ဘာလို့ဆိုသူ့ရဲ့နတ်သမီးလေး

အမည်ကပိုးကျူးသီတဲ့။ဒါဆိုငါအစောနကကြားတဲ့

ပိုးကျူးသီဆိုတာသူမကိုရည်ညွန်းတာပေါ့။မဖြစ်ဘူး

သူမမှာအန္တာရယ်ရှိနေပြီ ငါကူညီမှဖြစ်မယ်။


"ဟယ်လို..သူငယ်ချင်း ငါ့ကိုတစ်ခုလောက်ကူညီကွာ"


"ဘယ်လိုကူညီရမှာလဲ"


"ဒီလိုကြာ……"


သူကြားရသည့်အကြောင်းတွေကိုသူငယ်ချင်းဖြစ်

သူအားပြောပြလိုက်တော့သည်။ထိုအခါသူငယ်ချင်း

ဖြစ်သူက


"မင်းတကယ်ကူညီမှာလား"


"ငါသူ့မကိုမပိုင်ဆိုင်ရရင်နေပါစေ။သူမပျော်ရွင်ဖို့ကလွဲ

ပြီးငါ့အတွက်အရေးမကြီးဘူး။နောက်ပြီးသူမကိုငါကာ

ကွယ်မယ်။အခုသူမကိုအန္တာရယ်ဖြစ်အောင်လုပ်နေတဲ့

သူရှိနေတာအဲ့လူကမိန်းကလေးပဲဖြစ်ဖြစ်ငါလုံးဝခွင့်

မလွှတ်ဘူး"


"အေးပါကွာ။ငါကူညီမယ်"


"​ေက်းဇူးပါကြာ"


ကောင်းတို့သူငယ်ချင်းနှစ်ယောက်ဖုန်းပြောပြီးနောက်

သူမကိုစိတ်ပူရင်းတညလုံးအိပ်မရဖြစ်နေလေသည်။


မနက်ဖြန်companyရောက်တော့လူတစ်ယောက်က

ပိုးကျူးသီဆိုသည့်သူမဆီကိုလာပြီး


"ဒီကအမ..အမရဲ့ချစ်သူကိုစက်မင်းကအမကိုခေါ်ခိုင်း

လိုက်တယ်"


"ဟင် ကိုကိုဘာလို့ငါ့ကိုခေါခိုင်းရတာလဲ"


"အဲဒါတော့ကျွန်တော်လည်းမသိဘူး အမ"


"အင်း ဒါဆိုခနစောင့်"


ပိုးပြောပြီးလက်ဆွဲအိတ်ကိုသွားယူလေသည်။

သူမအိတ်သွားယူနေစဉ်တဲ့အချိန်ထိုလူကဖုန်းဆက်လိုက်

ပြီး


"ဆရာ..okတယ်"


ထိုလူဖုန်းပြောပြီးမကြာခင်မှာပဲပိုးအိတ်ယူပြီးထွက်လာ

ခဲ့တော့သည်။


"ဒါဆိုပိုးတို့သွားကြရအောင်"


"ဟုတ်ကဲ့"


ပိုးကားထဲဝင်ထိုင်ပြီးနောက်ထိုလူမောင်းနှင်သည့်

နေရာကိုလိုက်လာခဲ့သည်။ပိုးလမ်းကြောတွေကို

ကြည့်လိုက်တော့နေရာကမူမမှန်သဖြင့်


"ရှင်တို့ဘယ်သူတွေလဲ။ဘာလို့..ကျွန်မ..…"


စကားတောင်မဆုံးသေးသူမကိုမေ့ဆေးဖြင့်အုပ်လိုက်

သောကြောင့်သူမလောကကြီးနှင့်ခဏတာအဆက်

အသွယ်ပြတ်သွားတော့လေသည်...........။


စက်မင်းသူမဖုန်းကိုခေါ်နေတာကြာပြီသူမဘက်ကဖုန်း

မကိုင်ပါ။သူမဘာများဖြစ်နေပြီလဲဆိုတဲ့အတွေးနဲ့တင်

သူစိတ်ပူနေမိသည်။သူငယ်ချင်းတွေဆီများသွား

မလားမေးကြည့်လေတော့


"ဟယ်လို မြတ်နိုး အသဲလေးရှိလား"


"ဟင့်အင်း။ပိုးပြန်မရောက်သေးဘူးကိုစက်မင်း"


"ဟမ် အသဲလေးအလုပ်ဆင်းသွားတာကြာပြီလေ။အခု

ထိပြန်မရောက်သေးပူးဆိုတော့အသဲလေးတစ်ခုခုများဖြစ်

နေပြီလားမသိဘူး"


"ဒါဆို မြတ်နိုး ပိုးအမေဆီဖုန်းဆက်လိုက်ဦးမယ်။ပိုး

အိမ်မှာရှိချင်ရှိမှာ"


"ဟုတ်။ဒါဆို ဆက်လိုက်ကြည့်ပါ"


"ဟုတ်ကဲ့ ကိုစက်မင်းခနကိုင်ထားနော်"


"ဟုတ်ကဲ့"


မြတ်နိုးအိမ်ဖုန်းဖြင့်ဆက်လိုက်လေသည်။


"အန်တီ ပိုးအိမ်မှာလားဟင်"


"သမီးအိမ်ပြန်မရောက်သေးဘူး မြတ်နိုး။ဘာဖြစ်လို့လဲ

သမီးအလုပ်မှာမဟုတ်ဘူးလား"


"ဟုတ်ကဲ့..အန်တီ။ပိုးအလုပ်မှာမရှိဘူး။အိမ်ပြန်

ရောက်ပြီထင်လို့ဖုန်းဆက်လိုက်တာ ခဏနော်

အန်တီ။ကိုစက်မင်းကအန်တီိနဲ့ဖုန်းပြောမလို့တဲ့"


"အင်း ရပါတယ်။သားနေရောင်ကိုဖုန်းလွှဲပေးလိုက်ပါ"


"ဟုတ်ကဲ့အန်တီ"


မြတ်နိုးဖုန်းလွှဲပေးပြီးနောက်


"မင်္ဂလာပါ အန်တီ။အသဲလေးတကယ်အိမ်ပြန်မရောက်

သေးဘူးလားဗျ"


"သမီးလေး အိမ်ပြန်မရောက်သေးဘူးသား"


"ဗျာ အသဲလေး ဒီနေ့အစောကြီးအလုပ်ဆင်းသွားတယ်

တဲ့company ကဝန်ထမ်းတစ်ယောက်ပြောတာ"


"ဟမ် ဒါဆိုအန်တီသမီလေးတစ်ခုခုများဖြစ်နေ

ပြီလားမသိဘူး။အန်တီအရမ်းစိတ်ပူတယ်သား"


"ကျွန်တော်ဒါဆိုcompanyကိုသွားပြီးမေးကြည့်လိုက်

ဦးမယ်။အသဲလေးထွက်သွားတာကိုတစ်ယောက်ယောက်

ကမြင်မှာပဲ အန်တီ"


"အင်းပါ သား။သမီးလေးကိုရအောင်သေချာရှာခဲ့နော်။

အန်တီစိတ်ပူလို့ပါသားရယ်"


"ဟုတ်ကဲ့အန်တီ။ကျွန်တော်companyကိုအခုပဲသွား

လိုက်ပါ့မယ်"


ဖုန်းပြောပြီးနောက်စက်မင်းcompanyကိုလာခဲ့သည်။


"သူငယ်ချင်း.. ငါ့ကိုFashion Star Companyရဲ့

အခုလက်ရှိဦးဆောင်နေသူ၏ဖုန်းနံပါတ်ရှာပေးပါလား"


"မင်းဘာလုပ်မလို့လဲ ကောင်း"


"ငါတစ်ဖက်သတ်ချစ်နေတဲ့မိန်းကလေးရဲ့ချစ်သူက

အဲ့companyကိုဦးစီးနေသူတဲ့။ငါလည်းမကြာခင်

ကမှသူမအကြောင်းကိုစုံစမ်းထားလို့သိရတာ။မင်းငါ့

အခုချက်ခြင်းရှာပေးစမ်းပါကွာ"


"အေးပါကွာ။ငါအခုရှာလိုက်မယ် ခဏစောင့်"


ခဏကြာတော့


"ငါမင်းဖုန်းကိုmessageပို့ပေးလိုက်ပြီ။ရောက်လား"


"ရောက်တယ် သူငယ်ချင်း။ကျေးဇူးပါကွာ"


စက်မင်းcompanyကိုရောက်တော့အလုပ်ဆင်း

ဖို့လုပ်နေသည့်ဝန်ထမ်းကိုတွေ့လိုက်ရတယ်။သူအဲ့

ဝန်ထမ်းအနားကိုသွားပြီး


"ညီမလေးတို့ အကို့ရဲ့ချစ်သူပိုးကျူးသီကိုတွေ့မိသေး

လား။အကိုမတွေ့လို့သူမကိုလိုက်ရှာနေတာ အဲ့ဒါညီမ

လေးများသိမလားလို့"


ထိုအခါဝန်ထမ်းမိန်းကလေးက


"ဟုတ်ကဲ့ MD။မပိုးကျူးသီကိုညနေတုန်းကလူတစ်

ယောက်လာခေါ်ဆောင်သွားတာပဲ"


"ဗျာ...ဘယ်သူလဲ သိလား"


"ဘယ်သူလဲတော့သေချာမသိဘူး။ဒါပေမဲ့ တစ်ခုတော့

ကြားလိုက်တယ်"


"ဘာကြားလိုက်တာလဲ"


"အဲလူကမပိုးကျူးသီအနားကိုရောက်လာပြီးMDခေါ

ခိုင်းလိုက်လို့တဲ့။မပိုးကျူးသီကMDဘာကိစ္စနဲ့ခေါမှန်း

မသိပေမယ့်ခဏစောင့်ဆိုပြီးအိတ်သွားယူတယ်။မပိုး

ကျူးသီအိတ်သွားယူနေတဲ့အချိန်မှာထိုလူကဖုန်းနံပါတ်

တစ်ခုကိုနှိပ်ပြီး.ဆရာ okတယ်ဆိုပြီးဖုန်းချလိုက်တယ်။

အဲ့လူဖုန်းပြောပြီးမကြာခင်မှာပဲမပိုးကျူးသီရောက်လာပြီး

အဲ့လူနဲ့အတူလိုက်သွားတာကိုမြင်လိုက်တာ။အဲ့လောက်ပါပဲMD"


"ဟုတ်ကဲ့ ကျေးဇူးပါ"


ဒါဆိုအသဲလေးတစ်ခုခုဖြစ်နေပြီဆိုတာသေချာနေပြီ။

ထိုစဉ်အမည်မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာသည်။


"ဟယ်လို ဘယ်သူလဲ"


"ဟယ်လို ပိုးကျူးသီရဲ့ချစ်သူလား"


"ဟုတ်တယ်..မင်းဘယ်သူလဲ"


"ကျွန်တော်ခင်ဗျားကိုပြောစရာရှိလို့"


"ဘာပြောမှာလဲ"


"ခင်ဗျားလက်ထပ်မယ့်သတို့သမီးလောင်းကို

လူတစ်ယောက်ပြန်ပေးဆွဲထားတယ်"


"ဘာ..ဘာပြောတယ်။မင်းကဘယ်သူလဲ"


"ကျွန်တော်ဘယ်သူလဲဆိုတာခင်ဗျားသိဖို့မလိုပါဘူး။

အရေးကြီးတာခင်ဗျားရဲ့ချစ်သူကိုအမြန်သွားကယ်ဖို့

ပဲ။ကျွန်တော်ခင်ဗျားကိုရှင်းအောင်ပြောမယ်။ဟိုတစ်နေ့

ကကန်သာယာဆေးရုံအခန်းနံပါတ်(105)ရဲ့အပြင်

ဘက်မှာအမျိုးသမီးတစ်ယောက်ဖုန်းပြောနေတာကျွန်တော်

ကြားလိုက်တယ်။အဲ့အမျိုးသမီးကိုကျွန်တော်မသိဘူး။

ဒါပေမဲ့ငါလက်ထပ်မဲ့သတို့သားလောင်းလို့ပြောတာ

ကြားလိုက်တယ်"


ဟင်..ဒါဆိုလေပြေပဲ။မင်းငါ့လက်ထက်မယ့်သတို့

သမီးကိုပြန်ပေးဆွဲတာပေါ့။တောက်စ် သောက်

ရုပ်ချောသလောက်အကျင့်စရိုက်ကပုတ်သိုးနေတာ

ပဲ။မင်းကိုငါတော်တော်ရွံ့တယ်။အေး..ငါ့ရဲ့သတို့သမီး

တစ်ခုခုဖြစ်လို့ကတော့မင်းကိုငါအရှင်မထားဘူး။


"ဆက်ပြော ညီလေး"


"အင်း ..အဲ့အမျိုးသမီးကခင်ဗျားရဲ့ချစ်သူကိုပြန်ပေးဆွဲ

မှာ။ပြီးတော့သူနဲ့ခင်ဗျားရှေ့ကိုဘယ်တော့မှပေါ်မလာ

အောင်ရှင်းပစ်ခိုင်းလိုက်တာ။ကျွန်တော်ကြားလိုက်တာ

အဲ့လောက်ထိပဲ။ကျွန်တော်အခုခင်ဗျားရဲ့ချစ်သူကိုပြန်ပေး

ဆွဲသွားတဲ့သူတွေနောက်ကိုလိုက်နေတာ။ခင်ဗျားကျွန်တော်ကိုမေးလိမ့်မယ်ဆိုတာကျွန်တော်သိတယ်။ကျွန်တော်က

ခင်ဗျားရဲ့ချစ်သူကိုတစ်ဖက်သတ်ချစ်နေတဲ့သူပါ။ခင်ဗျား

အထင်မလွဲပါနဲ့။သူမနဲ့ကျွန်တော်ကတစ်ခါပဲcoffeeဆိုင်

မှာအမှတ်မထင်တိုက်မိပြီးဆုံမိတာပါ။ကျွန်တော်ခင်ဗျား

တို့ရဲ့ချစ်ခြင်းမေတ္တာကိုမခွဲပါဘူး။သူမစိတ်ချမ်းသာပြီး

ပျော်ရွင်နေရင်ကျွန်တော်ကျေနပ်ပါတယ်။ကျွန်တော်

သူမကိုပိုင်ဆိုင်ခွင့်မရရင်လည်းဘာမှမဖြစ်ပါဘူး။ခင်ဗျား

ကကံကောင်းတဲ့သူပါ။သူမလိုလှပချောမောချစ်စရာ

ကောင်းပြီးခင်ဗျားအပေါ်ချစ်တဲ့အချစ်တွေကလေးစားဖို့

ကောင်းပါတယ်။ဒါကြောင့်ခင်ဗျားသူမလိုမိန်းကလေးမျိုး

ကိုပိုင်ဆိုင်ခွင့်ရတာကံကောင်းပါတယ်ဗျာ။ခင်ဗျားအခု

ချက်ခြင်းလာခဲ့ပါ။ကျွန်တော်messageပို့လိုက်မယ်။

ရဲတွေကိုတော့ကျွန်တော်ဖုန်းဆက်ပီးအကြောင်းကြား

ထားပြီးပြီ"


"ကျေးဇူးတင်ပါတယ် ညီလေး။မင်းလိုစိတ်ထားကောင်း

တဲ့သူမျိုးကိုချစ်ခင်ကြင်နာမယ့်မိန်းကလေးတစ်ယောက်

ရှိလာမှာပါ။အကိုယုံကြည်တယ်"


"ရပါတယ် အကို။ကျွန်တော်ဖုန်းချလိုက်မယ်နော်။

သူတို့ရိပ်မိသွားမှာစိုးလို့"


"Ok..အကိုအခုလိုက်လာခဲ့မယ်"


စက်မင်းဖုန်းပြောပြီးနောက်သူငယ်ချင်းတွေဆီ

အကြောင်းကြားလိုက်သည်။


ဆက်ရန်


💋ဇာတ်သိမ်းပိုင်း=Coming Soon💋


rate now: