book

Index 13

အပိုင်း(၁၃)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

အမုန်းတော်တွေပြေပါစေ


အခန်းတံခါးဖွင့်လိုက်လျှင် ခုတင်ပေါ်မှာကာယာအိပ်နေတဲ့ သားဖြစ်သူကိုရဲ့ နားရွက်ကို ဆွဲလိမ်ကာနိုး၏။


"အားနာတယ်"


"နာရင် ထတော့ "


"မာမီ သားအိပ်ရေးမဝသေးဘူး "


"သမီး သူညကဘယ်အချိန်မှာအိပ်လဲ"


"သမီးတစ်ရေးနိုးတော့ ကိုကြီး မအိပ်သေးဘူး နာရီကိုကြည့်လိုက်တော့ ၂နာရီထိုးနေပြီး မာမီ"


"ဂိမ်းဆော့နေတာမဟုတ်လား သမီး"


"ဟုတ်တယ် မာမီ"


ရနံ့ စကားဆုံးသည်နှင့် သားဖြစ်သူကို ကြက်မွှေးတုတ်ကိုင်ကာ ရိုက်သည်။ တမန်လည်း အိက်ချင်နေရာကနေ ထပြေးရသည်။


"မင်းကိုငါဘာပြောထားလဲ စောစောအိပ်လို့ ငါစကားကိုနားမထောင်တာပေါ့ ဟုတ်လား မုန်းတမန် "


"မဟုတ်ပါဘူး မာမီရာ သားအိပ်မပျော်လို့ပါ"


"အိပ်မပျော်လည်း အိပ်ပျော်အောင်အိပ် မင်းကအခုအိမ်ထောင်သည်ဖြစ်နေပြီး လူပျိုဘဝက အချိုးတွေကို အိမ်ထောင်သည်ဘဝထဲ သယ်မလာနဲ့"


"မာမီကလည်း သားကိုအရင်လိုမချစ်တော့ဘူးလား"


"အရင်လိုချစ်တယ် ဒါပေမဲ့ အရင်လို့အလိုမလိုက်တော့ဘူး ကဲ့အမြန် တစ်ကိုယ်ရည်သန့်ရှင်းလုပ် စျေးသွားမယ် မာမီလည်းအဝတ်အစားလှဲတော့အုံးမယ်"


မာမီ ထွက်သွားလျှင် တမန်က ရနံ့ကိုရန်လုပ်၏။


"မင်းကြောင့် ငါအရိုက်ခံရတာ "


"အောင်မာ ရှင်ဘာသာ အချိုးမပြေလို့ရိုက်ခံရတာကို ကျွန်မကို လာမမဲနဲ့ ညနေကစပြီးစာသင်မယ် အေး စာလိုက်မလုပ်ရင်တော့ ရှင်နဲ့ကျွန်မ တွေ့ပြီးမှတ်"


ရနံ့ တမန်ကို စကားပြောရင် လက်ကနေလည်း အငြိမ်မနေဘဲအိပ်ယာကိုသိမ်းသည်။ 


"သင်တောင်မသင်ရသေးဘူး ပါဝါကပြနေပြီး ငါအတွက်အဝတ်အစားထုတ်ပေး ပြီးတော့ မင်းလည်းစျေးသွားမယ်ဆိုပြီး သိပ်မပြင်နဲ့ စျေးမှာ ငါလို ရုပ်ချောချောကောင်တွေမရှိဘူး အမဲသားရောင်းတဲ့ ဉီးလေးကြီး ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘိုးကြီးတွေပဲရှိတယ် ရှိုးသိပ်မထုတ်နဲ့"


"ကျွန်မ ဘယ်တော့ကမှအလှမပြင်တာ ရှင်အသိပဲ လုပ်စရာရှိတာလုပ်စမ်းပါ ကြာနေလို့မာမီ ဆူနေမယ်"


"သိတယ် ငါကိုဆရာလာမလုပ်နဲ့"


တမန်ရဲ့ အပြောကြောင့် ရနံ့ အမြင်ကပ်သွားရသည်။ ထို့ကြောင့် အဝတ်စားကိုလည်း တောက်တောက်ပြောင်ပြောင်အဝတ်စားထုပ်ပေးခဲ့၏။


*****

လူစည်ကာလွန်သော စြေးထဲတှငျ မာမီနဲ့သူမဘစကားတပြောပြောနဲ့ အေးအေးဆေးဆေးစျေးဝယ်သည်။ တမန်က ကားပေါ်ကနေမစောင့်ချင်တာကြောင့် စျေးထဲလိုက်လာသည်။ စျေးထဲက လူပျိုရော့အအိုရော့ ရနံ့ရဲ့အလှကိငေးကြသည်။ရနံ့ကလည်း လူတွေကြားထဲထင်ပေါ်နေတဲ့ အလှပိုင်ရှင်မျိုးဖြစ်၏။


"အန်တီ သမီးလား ချောလိုက်တာ"


"ဟုတ်တယ် သားရေ "


"အန်တီ ဘာယူမလဲ"


"ဝက်သား တစ်ပိဿာပေးကွယ် အသားချည်းပဲနော်"


"စိတ်ချပါဗျာ ပိုတောင်ထည့်ပေးအုံးမယ်"


ရနံ့ကို ငမ်းကာပြုံးစိစိဖြစ်နေသည့် ဝက်သားရောင်းတဲ့ လူငယ်ကြောင့် တမန် အူတိုကာ ရနံ့ရဲ့ ပခုံးကိုလာဖက်သည်။


"အချစ်ရဲ့ ဆွဲခြင်း ကိုကြီးကိုပေး"


တမန်ရဲ့အပြုအမှုကြောင့် ရနံ့က ကြောင်တောင်တောင်ဖြစ်၏။ ဝက်သားသည် ကောင်လေးကလည်း ရနံ့ကို မငေးတော့ဘဲ အလုပ်ကိုသေချာလုပ်၏။ ဒေါ်ကေသီကတော့ သားဖြစ်သူ အူတိုနေမှန်းသိတာကြောင့် ပြုံးမိသည်။


"မာမီ ငါးဝယ်ရအောင် သမီးရခိုင်မုန်တီ ချက်စားချင်လို့"


"ဒါဆိုရင် ငါးတန်းဘက်သွားရမှာပေါ့ သားနဲ့သမီးသွားလိုက် မာမီ ဟိုနားအသုတ်ဆိုင်မှာ အသုတ်စားရင် စောင့်နေမယ် မာမီဝယ်နေကျဆိုင်မှားဝယ်နော်"


"ဟုတ်ကဲ့ မာမီ"


ငါးတန်းမှာ အသံတွေဆူညံနေ၏။ စျေးရောင်းသူ။သူစျေးသားတွေက ဝယ်သူတွေကိုသူထက်ငါအပြိုင်ခေါ်နေကြသည်။ရနံ့က ငါးသည်ကောင်ငယ်ငယ်ဆီက ဝယ်ဖို့ပြင်လျှင် တမန်က ဆွဲခေါ်ပြီး တစ်ခြားဆိုင်ဝယ်ခိုင်းသည်။


"ရှင်ဘယ်လိုဖြစ်နေတာလဲ အဲဒီကောင်လေးဆီက ငါးတွေကလတ်တယ် မာမီက သူဆီကဝယ်ခိုင်းတာ"


"လတ်လည်းမဝယ်နဲ့ကွာ တစ်ခြားမိန်းကလေးတွေဆိုင်ရောင်းတဲ့ဆိုင်ဝယ် ယောကျာ်လေးတွေရောင်းတဲ့ ဆိုင်မဝယ်နဲ့"


."ရှင် ဘာဖြစ်နေတာလဲ"


"ငါဘာဖြစ်နေလဲ မင်းမသိဘူးလား"


"မသိလိုမေးနေတာပေါ့"


"တစ်ခြားယောကျာ်းတွေ မင်းကို ကြာကြည့်ကြည့်နေတာ ငါမကြိုက်ဘူး"


"မကြိုက်ရင်လည်း လှဲသေလိုက် ကျွန်မ ဝယ်စရာရှိတာဝယ်ရမှာပဲ "


"မင်းကိုယ် ချောလို့လှလို့ကြည့်တဲ့ဆိုပြီး ဘဝင်မြင့်နေတာလား တောက် မဝယ်ရဘူးဆိုရင်မဝယ်ရဘူး ငါမိန်းမကို တစ်ခြားကောင်တွေဝိုင်းကြည့်တာ ငါမခံနိုင်ဘူးကွာ"


တမန် ဒေါသတကြီးနဲ့ ရနံ့ လက်ကိုဆွဲကာ အမျိုးသမီးတွေရောင်းတဲ့ ငါးကိုဝယ်သည်။ရနံ့ကလည်း စျေးထဲမှာမို့လို စိတ်ကိုချုပ်ထိန်းထားရသည်။


*****

"သမီး မျက်နှာကဘာလိုဖြစ်လာတာလဲ"


"မာမီ သမီးက သားကိုစိတ်ကောက်လာတာလေး"


"မင်းက ငါသမီးကိုဘာလုပ်လိုက်ပြန်ပြီးလဲ"


"မာမီ သူ့ဝယ်လာတဲ့ ငါးတွေကအလေးလည်းမပြည့်ဘူး"


"ဒေါကျ"


"မာမီ နာတယ်"


"မင်းနော် ငါလုပ်ရင်သေမယ်နောက်တစ်ခါ ဘယ်တော့မှစျေးမလိုက်နဲ့"


"သားမလိုက်ရရင် သူ့လည်းမလိုက်ဘူး"


ဆူပုတ်ပုတ်မျက်နှာနဲ့ပြောပြီး ဆွဲခြင်းတောင်းဆွဲ၍ ကားဆီသို့လျှောက်သွားသည်။ဒေါ်လှကေသီကတော့ ချွေးမဖြစ်သူကိုဖက်ပြီးခေါ်လာသည်။


*****

တမန်နဲ့ ရနံ့ စာကြည်ခန်းထဲတွင်စာလုပ်နေကြသည်။ တမန်က ရနံ့ မေးတာမဖြေနိုင်သဖြစ် ခေါင်းကုတ်လိုက် ဆံပင်ကိုဖွာလိုက်နဲ့အလုပ်ရှုပ်နေသည်။


"ဒီပုဒ်စာ မရပြန်ဘူးလား ရှင်ဉာဏ်ရော့ကောင်းရဲ့လား ကျွန်မ တွက်ပြတာဘအကြိမ်ပေါင်းမနည်းတော့ဘူး"


"အဲဒီပုဒ်စာက ခက်တာကို့"


"ဘာမှမခက်ဘူး သေချာလိုက်မှတ် ဒီတစ်ခါထပ်ရှင်းပြမယ် ခါးကိုမတ်မတ်ထား လက်ကိုအငြိမ်နေ စာကိုအာရုံစိုက် ဒီတစ်ခါရှင်းပြလိုမရရင် ရှင်ကိုကျွန်မ စာလုံးဝမသင်ပေးတော့ဘူး လက်ရေးကလည်း စုတ်ပြတ်နေရော့ ပဲပင်ပေါက်ကို ကားတက်ကြိတ်ထားသလားထင်ရလောက်အောင်ပါပဲလား "


"မင်းကလည်း အဲလိုမလုပ်ပါနဲ့ ငါသေချာလိုက်မှတ်ပါမယ်"


ရနံ့ စာကိုထပ်ရှင်းပြသည်။တမန်ကလည်း ခေါငျးတငွိမျ့ငွိမျ့နဲ့ လိုက်မှတ်သည်။ ရနံ့ ခေါင်းလျော်ထားတာကြောင့် ဆံပင်ကိုဖားလျာ ချထား၏။ ရနံ့ မျက်နှာကို ဆံပင်တစ်ချို့က လာလာကျနေတာကြောင့် တမန်က သူယုတတယနဲ့ ဆံပင်ကို နားရွက်ကြားထဲသို့ညှပ်ပေးသည်။ ရနံ့ လည်းရုတ်တရတ်ဆိုတော့ ဘာလုပ်ရမှန်းမသိဘဲ ငြိမ်နေ၏။နှစ်ဉီးလုံး လည်းမျက်လုံးချင်းဆုံသွားသည်။ တမန် ကလည်း ရနံ့ မျက်နှာနားကို သူမျက်နှာကပ်လာ၏။


ရနံ့ကလည်း အရင်တစ်ခါလို တမန် သူကိုနမ်းမယ်ထင်ပြီး တမန် မျက်နှာကို တွန်းပစ်သည်။


"ဟာ မင်းဘာလုပ်တာလဲ မင်းမျက်နှာမှာဘာပေနေလဲကြည့်တာ". 


"ဘာပေပေ ရှင်နဲ့မဆိုင်ဘူး စာကိုသေချာလုပ်"


"ဟုတ်ပါပြီး "


တမန်လည်း စိတ်တိုကာ စာကိုသေချာလုပ်သည်။ထိုအချိန် တမန် ဖုန်းကဝင်လာသဖြင့် တမန် ဖုန်းကိုင်လိုက်ရသည်။


"ဘာလဲ ဟေ့ကောင် ငါဒီညမလာဖြစ်ဘူး"


". ......"


"ဘာကြာ!!!"


"အေမ့ "


တစ်ဖက်ကဘာပြောလိုက်လဲ မသိပေမဲ့ တမန် အော်သံကြောင့် ရနံ့ လန့်ကာ အမေ့ တမိရ၏။ဖြူဖွေးချောမွေ့တဲ့ တမန်ရဲ့ မျက်နှာလည်း နီလာသဖြစ် ဒေါသဘယ်လောက်ထွက်နေမှန်း ရနံ့ သိလိုက်၏။


"တောက် ဒါသက်သက် ယုတ်မာတာပဲ ငါအခုချက်ချင်းလာခဲ့မယ် သူ့တို့ချိန်းတဲ့နေရာငါကိုပြော"


". ...."


"အေးဒါပဲ ငါအခုလာခဲ့မယ်"


တမန် ဖုန်းချ၍ ရနံ့ကို ကြည့်လိုက်လျှင် လန့်နေတဲ့မျက်နှာကိုတွေ့လိုက်တာကြောင့် 


ဘာမှစိတ်မပူနဲ့ ဒီနေ့တော့ စာမသင်တော့ဘူး မနက်ဖြန်မှာပေါင်းသင်တော့မယ်"


ရှင်က ဘယ်သွားမို့လိုလဲ ဒယ်ဒီအပြင်မထွက်ခိုင်းဘူးနော်"


""ကျစ် အဲဒါလည်း ဟုတ်သာ "


တမန် ကျစ်သပ်ကာ စိတ်ရှုပ်စွာ ခေါင်းကိုဖွပစ်သည်။ ထိုနောက်အကြံရသွားလို့ထင်သည်။ရနံ့ ကိုတောက်ပတဲ့ မျက်လုံးတွေနဲ့ကြည့်လာသည်။


"မင်းငါကိုကူညီပါ"


"မကူညီနိုင်ပါဘူး ကျွန်မ မအားဘူး"


"ဟာ ယတိပြတ်မငြင်းပါနဲ့ကွာ ငါအရေးကြီးနေလို့ပါ ကူညီပါ မင်းမုန့်လိုက်ဝယ်ကျွေးခိုင်းလို့ အပြင်သွားမယ်ဆိုရင် မာမီကထွက်ခိုင်းမှာ ဒီတစ်ခါပဲကူညီ"


"ရှင်ဟာ တကယ်ပဲ ဒီတစ်ခါပဲနော် နောက်တစ်ခါဆိုရင် လုံးဝမကူညီဘူး"


"အေးပါ နောက်တစ်ခါ မရှိလာစေရဘူး သွားမယ် လာဆိုကာ ရနံ့လက်ကိုဆွဲပြီး စာကြည့်ခန်းကနေထွက်ခဲ့သည်။ 


****


တမန် ကားရပ်လိုက်တဲ့နေရာကိုကြည့်ပြီး ရနံ့ ပိုစိတ်ပျက်သွားသည်။ ဘာမှမရှိတဲ့ကွင်းပြင်ကြီးတစ်ခုပါ ဒါပေမဲ့ လမ်းသရဲလိုလို လူအယောက်၂၀ကိုတွေ့လိုက်ရသဖြစ် လန့်လည်းလန့်သွားရသည်။ တမန်ကလည်း ကားပေါ်က ဘစ်စဘော့တုတ်ယူ၍ ကားပေါ်ကဆင်းသည်။


"ရှင် ဘာလုပ်မလို့လဲ"


"စိတ်မပူပါနဲ့ ကားပေါ်မှာပဲစောင့်နေလော့ကျထား ငါ ၁၅မိနစ်ပြည့်ရင်ပြန်လာခဲ့မယ်"


"ရှင်ရန်ဖြစ်မလို့လား ကျွန်မ ရှင်ကို ရန်မဖြစ်စေချင်ဘူး အိမ်ပဲပြန်ရအောင်နော် ရှင်ကလိမ်မာပါတယ်"


"မင်းစကားကို နားမထောင်ပါရစေနဲ့ ကဲ့ငါပြောသလိုလုပ်ပါ ငါသွားပြီးနော် မင်းကိုလည်း ငါတောင်းဆိုတယ် ဘာပဲဖြစ်ဖြစ်ကားပေါ်ကနေမဆင်းပါနဲ့ တောင်းဆိုတယ် ပြောကာ လှည့်ထွက်သွားသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: