book

Index 8

အပိုင်း - ၈ (….)

ဒီစနစ်ရှိလာကတည်းက သူ့ရဲ့ဘဝက ပုံပေါ်လာသလို လုကျိုးခံစားနေရသည်။ မနက်ခင်းတိုင်းမှာ သူက သူ့ရဲ့ တစ်ပတ်ရစ် လပ်တော့လေးကို သယ်ပြီး စာကြည့်တိုက်သို့သွားသည်။ ထိုကဲ့သို့လူနေမှုဘဝပုံစံမျိုး သူမည်သို့သော အချိန်ကမှ ပြုမူခဲ့ခြင်းမျိုး မရှိပါချေ။


 သူပုံမှန်ထိုင်နေကြနေရာမှာ ထိုင်လိုက်ပြီး လပ်တော့ကို ဖွင့်ကာ နံရံတွင်ကပ်ထားသည့် ပလပ်ပေါက်ထဲထိုးထည့်ရင်း တစ်ခါတည်း အသုံးပြုလိုက်သည်။ သူက စာရိုက်သည့် ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။


 [ယေဘူယျ .. ပြောင်းပြန်လှန်သည့် ပုစ္ဆာတွေကို တွက်ချက်သည့် လေ့လာစမ်းသပ်ချက်တွေအရ ဒီ ပေးထားချက် နဲ့ ကိန်းစဉ် တွေနဲ့ပတ်သက်သည့် အချက်အလက်တွေအားလုံးကို တွေ့ရသည်။  အော်ပတီမယ်ပြောင်းပြန်လှန်သီအိုရီရဲ့ အခြေခံအချက်အလက်တွေကို မိတ်ဆက်ပေးထားပေသည်။ အထူးသဖြင့် အော်ပတီမယ်တည်ဆောက်ပုံနည်းလမ်း ကို ဖော်ပြထားပါ၏]


လုကျိုးက မှတ်စုတွေဖတ်ရင်း အိပ်ယာထဲလှဲနေတဲ့အချိန်တုန်းကလည်း ဒီအကြောင်းအရာကိုတွေးခဲ့သေးသည်။ သူ့ရဲ့ သင်္ချာခွဲခြမ်းစိတ်ဖြာခြင်းပါမောက္ခထန်းကလည်း ဒီ ပြောင်းပြန်လှန်ဖော်မြူလာလေးခုအကြောင်းကို ဖော်ပြခဲ့သေးသည်။ သူက သေချာကို ထည့်သွင်းပြောပြခဲ့ခြင်းဖြစ်လေ၏။ ထိုထဲက အချို့ကတော့ ပညာရေးနယ်ပယ်အစွန်းဘက်ကို ကျော်လွန်နေသည့်အတွက် ဖျက်ခြင်းခံခဲ့ရသည်။ 


လုကျိုး အချက်အလက်အချို့ကို အွန်လိုင်းမှာ ရှာဖွေလေပြီးသည့်နောက် ထိုမေးခွန်းကို မှတ်သားထားလိုက်သည်။


 သူ ဒီပုစ္ဆာကို ဖြေရှင်းနိုင်ပါ့မလား။


 အင်း သူ့ရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ဖြေရှင်းနိုင်ဖို့က နည်းလမ်းမရှိဘူး။ 


သို့ရာတွင် အချို့သော အထူးအခြေအနေတွေလည်း ရှိနေနိုင်သည်ပဲ။ သူမှတ်မိတာသာမှန်မယ်ဆိုရင် အဆင့်မြင့်နည်းပညာစနစ်ရဲ့ အထွေအထွေအမှတ်တွေကို သင်္ချာပုစ္ဆာတွေဖြေရှင်းတဲ့နေရာတွေမှာ အသုံးပြုလို့ရသည်ဟု ပြောပြခဲ့ဖူးတာကို သတိရလိုက်သည်။ သူက ရီမန်ကွန်ဂျက်တာ ကို ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့် စနစ်က မတုန့်ပြန်လာခဲ့ပေ။ သူထင်တာကတော့ ဒီမေးခွန်းက သူ့ရဲ့သင်္ချာအဆင့်ထက်မြင့်တဲ့ အဆင့်သတ်မှတ်ချက်ရှိနေလို့ သို့မဟုတ် သူ့ရဲ့အထွေထွေအမှတ်တွေက ဒီမေးခွန်းရဲ့ခက်ခဲမှုအဆင့်အရ ဖြေရှင်းဖို့ မလုံလောက်လို့သာ တွေးလိုက်မိသည်။ ဒီခက်ခဲမှုအဆင့် သတ်မှတ်ချက်အရဆိုရင်တော့ စနစ်က သေချာပေါက် တုန့်ပြန်လောက်ပေသည်။


 လုကျိုး ထိုအကြောင်းကို တွေးလိုက်သည်။ သူချက်ချင်းပင် ဖန်သားပြင်ကို အာရုံစိုက်လိုက်ကာ တွေးတောလိုက်၏။


 စနစ်၊ စနစ်၊ စနစ်


 “ဟင် ဘာလို့မတုန့်ပြန်တာလဲ ဘာလဲ” 


ရုတ်တရက်နွေးထွေးတဲ့လေတွေက သူ့ရဲ့ကျောဘက်မှ လွင့်တိုက်လာကာ ခေါင်းထိတက်သည်။ လုကျိုးချက်ချင်းပင် သူ့ဦးနှောက်က နွေးထွေးသွားသလိုခံစားလိုက်ရလေ၏။ 


ရုတ်တရက် “ဖုန်း” ဆိုသည့်အသံထွက်လာလေသည်။


 ကြီးမားလှသည့်အချက်အလက်တွေက စမ်းချောင်းကြီးတစ်ခုလ်ု သူ့ခေါင်းထဲကို ထိုးဝင်လာသလိုခံစားလိုက်ရလေ၏။ ထို့နောက် သူ့ရဲ့မျက်စိရှေ့တွင် စာတန်းပေါင်းများစွာ ပေါ်လာလေတော့သည်။


 “အထွေထွေအမှတ် ၆၅ မှတ်ကို အသုံးပြုလိုက်ပါပြီ” 


[အော်ပတီမယ်အဖြေကို လက်ရှိမှာ ထုတ်လုပ်ပေးနေပါသည်။ ဒီ အော်ပတီမယ်အဖြေရဲ့ ထုတ်လုပ်ပေးနေတဲ့အဆင့်သတ်မှတ်ချက်အရ သင်္ချာ  အဆင့်သုည ပါ]


သူသက်တောင့်သက်သာ ဖြစ်သလို ခံစားရပေသည်။ ဒါ့အပြင်နေလို့တောင် ကောင်းနေသေး၏။ လုကျိုး အိပ်မက်မက်နေသလားပင် ထင်နေမိသေးသည်။ 


သူ ဖြူဖွေးနေတဲ့ ကွန်ပြူတာဖန်သားပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့လက်တွေကို သူပြန်ကြည့်လိုက်ကာ စိတ်လှုပ်ရှားတဲ့ အသံခပ်တိုးတိုးရေရွတ်ရင်း ကီးဘုတ်တွေအပေါ် လက်တို့ပြေးလွှားလိုက်သည်။ 


“ဖြေ ဖြေရှင်းပြီးသွားပြီးလား”


 တကယ်ဖြေရှင်းပြီးသွားပြီပေါ့။


 သူသာ စာကြည့်တိုက်မှာ မဟုတ်နေဘူးဆိုရင် သူချက်ချင်းပဲ ပျော်ရွှင်လွန်းလို့ ထပြီးအော်ဟစ်မိလောက်သည်။ 


ကျိုးရဲ့အပရိုစီမေးရှင်း ကို သူရခဲ့တဲ့အချိန်တုန်းက ဒီမေးခွန်းတစ်ခုလုံးရဲ့ တကယ့်အနှစ် သီအိုရမ် တွေက သူ့ရဲ့ ဦးနှောက်ထဲမှာ သံတုံးလိုပဲရှိနေခဲ့ပြီဖြစ်သည်။

တစ်ဆင့်ချင်းလိုက်လံကြည့်ရှုရင်း အဖြေထိပါဝင်နေသလို ဂဏန်းတိုင်း၊ ဂဏန်းတိုင်း သင်္ကေတတိုင်း ၊သင်္ကေတတိုင်း အဆုံးသတ်တိုင်း၊ အဆုံးသတ်တိုင်းက သူ့ရဲ့စိတ်ထဲတွင် အသေးစိတ်ရောက်ရှိနေပြီဖြစ်၏။


 အားလုံးစနစ်တကျတည်ရှိနေပုံက သင်္ချာဘာသာရဲ့အလှအပတရားတွေနဲ့ ပြည့်နှက်နေသလားပင် ခံစားမိစေသည်။ ထိုကဲ့သို့သော အလှတရားမျိုးက အလွန်ကို နက်နှဲလွန်းလှ၏။ သူ စကားလုံးတွေ ကြွယ်ဝဖို့လိုအပ်ကာ ထိုမှသာ စာတမ်း ကို ပြုစုနိုင်မည်ဖြစ်သည်။ ထို စာတမ်းဆိုတာကလည်း အခြားသူတွေ လွယ်လွယ်နားလည်သဘောပေါက်နိုင်တဲ့ စာတမ်း ဖြစ်ရန် လိုအပ်ပေသေး၏။ 


လုကျိုး ချက်ချင်းပင် အဆင့်မြင့်နည်းပညာစနစ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို နားလည်သလိုဖြစ်လာသည်။


သို့ရာတွင် သူစိတ်ရှုပ်နေဆဲဖြစ်နေသေး၏။ ရုတ်တရက် ဘောပင်တစ်ချောင်းက သူ့ရဲ့လက်မောင်းကို ဖြေးညှင်းစွာတို့ထိလာသည်။


 “ကျောင်းသား”


 ချန်းယွီရှန်း က နီရဲနေတဲ့မျက်နှာလေးနဲ့ တွေ့ရသည်။ သူမက ရှက်ရွံ့နေလေကာ မေးလိုက်၏။ 


"ငါနင့်ကို နောက်ထပ် သင်္ချာမေးခွန်းတစ်ခုများမေးလို့ရမလား။ "


မူလကတော့သူမ သူ့ကိုမမေးချင်ပေ။ သို့ရာတွင် ပတ်ဝန်းကျင်တွင် ရှိသမျှလူတွေအားလုံးကလည်း ဒီမေးခွန်းကိုမဖြေနိုင်လေတော့ သူမအနေနဲ့ ခေါင်းငုံ့ပြီးသာ တိုက်ခိုက်ခံလိုက်ရသလိုမျိုး လာမေးရတော့လေသည်။


 မတိုင်မီက လုကျိုး ပြုမူခဲ့ဖူးသည့် နှိပ်စက်သလို နှိမ်ချသလိုပုံစံမျိုးကို မေ့ပျောက်အောင် မနည်းတင်းခံထားရသည်။ 


လုကျိုးပါးစပ်ဖွင့်ရင်းပြောလိုက်သည်။


 “ရတယ်လေ မေးခွန်းပြပေးပါ”


 ချန်းယွီရှန်းက ပင့်သက်တစ်ချက်ရှိုက်ရင်း လုကျိုးဘေးနားက ထိုင်ခုံကိုဆွဲယူကာ ထိုင်လိုက်သည်။ လုကျိုးက ထိုမေးခွန်းကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အရင်နေ့က သူမမေးခဲ့တဲ့ မေးခွန်းထက် ပိုခက်တယ်ဆိုတာကို သူသိလိုက်ရသည်။ ဒါက လျှို့လွေ့သူ့ကို မေးခဲ့တဲ့ မေးခွန်းနဲ့အဆင့်တူလောက်ရှိသည်။ သို့ရာတွင် ထိုသို့ဖြစ်နေရင်တောင်မှ ဒါက အဆင့်မြင့် အယ်ဂျီဘရာ မေးခွန်းတစ်ခုသာလျှင်ဖြစ်သည်။ သူ့အတွက်တော့ လေ့ကျင့်ခန်းစာအုပ်ထဲမှ သာမန်မေးခွန်းလေးတစ်ခုတည်းသာဖြစ်လေကာ သူသေချာပေါက် ဖြေရှင်းနိုင်စွမ်းရှိပေသည်။ 


လုကျိုး ဘောပင်ကိုယူလိုက်လေရင်း အကြမ်းစာရွက်ပေါ် စတင်ရေးချတော့သည်။ 


လုကျိုး မေးခွန်းကို ဖြေရှင်းနေတဲ့အချိန်မှာ ချန်းယွီရှန်းကတော လျှို့ဝှက်စွာနဲ့ သူ့မျက်နှာကိုငေးကြည့်နေခဲ့သည်။


ဒီကောင်က ကြိုက်စရာမကောင်းပေမယ့် သူ့ရဲ့ အာရုံစူးစိုက်နေတဲ့ပုံစံလေးက အံ့သြစရာကောင်းလောက်အောင်ကို ဆွဲဆောင်မှုရှိသည်။ 


ချန်းယွီရှန်း လုကျိုးမေးခွန်းတွက်နေတာကိုစောင့်ရင်း ပျင်းရိလာရတော့သည်။ သူမက ရုတ်တရက် သူ့ရဲ့ ကွန်ပြူတာဖန်သားပြင်ပေါ်မှာ ပေါ်နေတဲ့ စာဖိုင်လေးတစ်ခု ကို ကြည့်မိလိုက်သည်။ သူမ ချက်ချင်းမေးလိုက်၏။


 “ကျောင်းသား ဒါက ဘွဲ့ရဖို့အတွက် လုပ်ရတဲ့ ပရောဂျက်လား” 


အခုက ဇွန်လဖြစ်နေပြီမို့ သူက  ဘွဲ့ယူတဲ့ Project ကို ပြီးဆုံးခါနီးဖြစ်နေပုံရသည်။ 


ဘယ်လိုပါရမီရှင်လဲဟ


 လုကျိုး ပြန်ဖြေလိုက်၏။ 

“မဟုတ်ပါဘူး ဒါကျွန်တော်ရဲ့ စာတမ်းပါ ကျွန်တော်က ဒါကို သိပ္ပံဂျာနယ်ထဲ ထည့်ဖို့ ကြံရွယ်နေတာလေ” 


ထိုစကားကိုကြားတော့ ချန်းယွီရှန်း ချက်ချင်းပင် လေးစားသွားရသည်။


သူမရဲ့ လုကျိုးအပေါ် နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်စိတ်က ပိုလို့သာ မြင့်မားလာဟန်ရ၏။


အိုးဘုရားရေ ငါနတ်ဘုရားတစ်ပါးနဲ့လာတွေ့နေတာပဲ


ငါ သတိတောင်မထားမိဘူးပဲ... သူက အရမ်းငယ်တဲ့ပုံလေရယ်

အမ်း... PhDကျောင်းသားများလား


PhDကျောင်းသားတွေကကျောင်းတက်ရင်းစာတမ်းရေးကာ သိပ္ပံဂျာနယ်တွေထဲထည့်လေ့ရှိကြသည်ပေ။


ကိုးကွယ်ဆည်းကပ်တော့မလိုဟန်နဲ့ချန်းယွီရှန်းမေးလိုက်သည်။

"ကျောင်းသားက ဘယ်မေဂျာကလဲဟင်"


လုကျိုးကမျက်နှာသေနဲ့သာ ပုစ္ဆာကိုဖြေရှင်းနေခဲ့သည်။

"အမ်း သင်္ချာပါ"


"သင်္ချာဟုတ်လား ယေရှုခရစ်! သင်္ချာလေ့လာတဲ့သူတိုင်းက နတ်ဘုရားတွေပဲ"သူမရဲ့ကိုးကွယ်ချင်မှုကပိုမြင့်တက်လာခဲ့သည်။


 သူမက စီးပွားရေးကျောင်းမှဖြစ်သည်။ သူမရဲ့ဘာသာရပ်တိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်ကာ သူမအစိုးရိမ်ဆုံးဘာသာတစ်ခုတည်းသာရှိသည်။ ထိုအရာကတော့ သင်္ချာဖြစ်၏။ သူမက စတုတ္ထနှစ်တက်ရတော့မှာဖြစ်သည်။ သူမရှေ့လက်တစ်ကမ်းမှာရှိနေတဲ့ စာမေးပွဲတွေအားလုံးရဲ့ဖိအားက သူမထံသို့ စုပုံနေခဲ့ပြီဖြစ်ကာ စာဆက်လေ့လာဖို့ကိုပင် စိုးရိမ်နေရတဲ့အထိ ဖိအားများလှသည်။


 “ဖြေရှင်းပြီးသွားပြီ ကျွန်တော် ဒီဖြစ်စဉ်တစ်ခုလုံးကို တစ်ဆင့်ချင်းစာရွက်ပေါ်မှာ ချရေးပေးထားတယ် မင်းတစ်ချက်လောက်ကြည့်ပြီးတော့ နားလည် မလည် ကြည့်လိုက်ပါလား” 

လုကျိုးပြောလိုက်သည်။


 သူက အကြမ်းစာရွက်ကို ချန်းယွီရှန်းကို ပေးလိုက်ရင်း ညင်သာစွာပြော၏။ 


“သင်္ချာက ပါရမီနဲ့မှ အဆင်ပြေနိုင်တာ ပါရမီမရှိတဲ့လူတွေကတော့ အရမ်းကြိုးစားဖို့လိုအပ်တယ် ဒါက အခြားဘာသာရပ်တွေအားလုံးနဲ့ ကွဲပြားခြားနားတယ်လေ သင်္ချာဘာသာရပ်ဆိုတာက ကိုယ်တိုင်နားလည်နိုင်စွမ်းရှိမှဖြစ်မှာ အခြားသူတွေက အချိန်တိုင်း လိုက်ရှင်းပြနေဖို့မဖြစ်နိုင်ဘူး” 


မည်သို့ပင်ဆိုစေ ဒါက စာကြည့်တိုက်ဖြစ်သည်။ စာရှင်းပြကာ လေ့လာဖို့အတွက် သင့်လျော်သည့်နေရာတော့ ဟုတ်မနေခဲ့။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကသာ ပိုမိုအဆင်ပြေနိုင်သည်ဖြစ်လေရာ သူတို့သာ ဆက်ပြီးစကားပြောနေပါက လူတွေက စတင်စိတ်ရှုပ်လာနိုင်ပေသည်။ ထို့ကြောင့် လုကျိုးက စကားပြောနေတာကို ရပ်တန့်လိုက်ရင်း ကောင်မလေးကို လိုအပ်တဲ့ သူအသုံးပြုခဲ့တဲ့  ဖော်မြူလာ တွေ ပုံသေနည်းတွေကိုသာ ပြောပြလိုက်လေသည်။ 


ချန်းယွီရှန်းက သူ့ကို နူးညံ့စွာဖြင့် ကျေးဇူးတင်ကာအကြမ်းစာရွက်လေးကို ယူလိုက်သည်။ ထို့နောက်သူမရဲ့ဖုန်းကို ထုတ်လိုက်ရင်းညင်သာစွာဖြင့်တောင်းဆို၏။


"အင်းကျောင်းသား ငါနင့်ရဲ့wechat accလေးများ ရနိုင်မလားဟင်။ငါမေးချင်တာရှိခဲ့ရင် နင့်ကိုဆက်သွယ်ချင်လို့ပါ"


"ရတယ်လေ"

လုကျိုးအများကြီးတွေးမနေဘဲသူ့ရဲ့ရှောက်မီဖုန်းကိုထုတ်ကာ စကန်ဖတ်ခိုင်းလိုက်သည်။


"ကျေးဇူးတင်ပါတယ် ငါနင့်ကိုနောက်တစ်ခါတွေ့ရင် မုန့်ဝယ်ကျွေးမယ်"

သူမလေးကရှက်ရွံ့နေလေကာ သူ့ကိုထပ်မံကျေးဇူးတင်ပြန်လေပြီး ကိုယ့်ခုံကိုယ်ပြန်ထိုင်ကာစာဆက်လုပ်သည်။


ရုတ်တရက် နားလည်မှုလွဲတာကို မဖြေရှင်းရသေးမှန်း လုကျိုးသတိရလိုက်သည်။


သူက ဘွဲ့ရပြီးသားကျောင်းသားမှမဟုတ်တာ


သူက လွန်ခဲ့တဲ့လအနည်းငယ်ကမှ တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့လူသစ်လေးပါ...


အခုမှ သတိရပြီးဖြေရှင်းနေရင် 

ဒါက ကိုးရိုးကားယားနိုင်သွားနိုင်သည်။ ဒီနားလည်လွဲမှုကို နောက်တစ်ခါ အခွင့်အရေးရမှပဲ ရှင်းပြဖို့ သူတွေးလိုက်တော့သည်။ သူက ခေါင်းခါလိုက်ရင်း သူ့ရဲ့စိတ်တွေကို စာထဲကို ပြန်အာရုံစိုက်လိုက်တော့သည်။ သူ့ရဲ့မျက်လုံးတွေက ဖန်သားပြင်ကိုပြန်ကြည့်ရင်း လက်ချောင်းတွေက ဖြေးညှင်းစွာဖြင့် ကီးဘုတ်ပေါ် ပြေးလွှားနေသည်။ 


သူ စာတမ်း ရေးတာကိုသာ အာရုံစိုက်လိုက်တော့သည်။ စနစ်က သူ့ကို သင်္ချာအဆင့် သုညကို အခြေခံပြီး အဖြေကိုပေးခဲ့တယ်ဆိုပေမယ့်လည်း လုကျိုးအနေနဲ့တော့ ဒါကို ကိုးကားဖို့လုံလောက်သွားခဲ့သည်။ ဒီနည်းလမ်း ဖြေရှင်းပုံက သူ့ရဲ့လက်ရှိအဆင့်အတန်းနဲ့ တန်းတူညီတူရှိနေခဲ့သည်တော့ မဟုတ်ပေ။ ဒါက စနစ်ရဲ့ ဗဟုသုတအခြေခံအချက်ပေါ်မူတည်ပြီး ထွက်လာခဲ့တဲ့အဖြေလည်းဖြစ်လေ၏။


 စာတမ်း ကို ရေးနေလေရင်း လုကျိုးက မှတ်စုထဲမှာပါ တစ်ခါတည်း ချရေးခဲ့သည်။

သူနားမလည်နိုင်တဲ့အစိတ်အပိုင်းတွေကို သူက စာရင်းပြုစုထားလေရင်း မေးခွန်းပုံစံလေးတွေနဲ့ တစ်ဆင့်ချင်းစီထားထားခဲ့သည်။


 အခြားသူတွေက စာတမ်း ကို ရေးတဲ့အခါမှာ ရေထဲကို ဖော့တုံးလေးထည့်ပြီး နှစ်ချလိုက်သလိုမျိုးထင်ရသည်။ လုကျိုးအတွက်ကတော့ သူက ဖော့တုံးကို ရေလောင်းချနေသလိုသာထင်ရစေ၏။ အပိုအလျှံထွက်ခြင်းမရှိဘဲ အားလုံးကို စုပ်ယူနိုင်စွမ်းရှိပေသည်။ 


လုကျိုး စာကြည့်တိုက်တွင် တစ်နေ့ခင်းလုံးနေခဲ့သည်။ နေ့လည်စာ စားချိန်ရောက်မှသာ သူမနက်စာနဲ့ပေါင်းစားဖို့တွေးရသည်။


 သူဖန်သားပြင်ပေါ်က ထောင်ပေါင်းများစွာသော စကားလုံးတွေကိုကြည့်လေရင်း သူ့ရဲ့မှတ်စုတွေမှာ နှစ်မျက်နှာအပြည့်ဖြစ်နေခဲ့တာကို တွေ့ရသည်။ သူထိုင်ခုံကို နောက်မှီချလိုက်ရင်း အပျင်းကြောဆန့်လိုက်၏။


“ငါအခုလုပ်ဖို့လိုတာက ဒီမှတ်စုထဲက အပိုင်းတွေအားလုံးကို နားလည်အောင်လုပ်ဖို့ပဲ ငါသာလုပ်နိုင်မယ်ဆိုရင်တော့ ငါ့ဘာသာငါ အရင် အဖြေရှာကြည့်ရမှာပဲ မဟုတ်ရင်တော့ ဆရာ့ကို သွားရှာရလိမ့်မယ်”


 “စာတမ်း ရဲ့ အချို့အပိုင်းတွေက တော်တော်ရှုပ်ထွေးနေတာပဲ ငါဒါတွေကို အရင်ဆုံးရှင်းလင်းဖို့လိုအပ်သေးတယ် အချို့အဆင့်တွေကို အခြားသူတွေပါလက်ခံအောင် သက်သေပြဖို့အတွက် လေ့လာစမ်းသပ်ရအုံးမယ်။ ပြီးသွားရင်တော့ ဒီဖြေရှင်းချက်တွေကို ဖြတ်လိုက်ပြီး ကိုးကားချက်အဆင့်သတ်မှတ်ချက် ထုတ်လိုက်ဖို့ပဲ လိုတော့တယ်” 


“နောက်ဆုံးအဆင့်ကတော့ နှစ်ခါလောက်ပြန်စစ်ဖို့ပါပဲ ဒါကတော့ ငါ့အတွက် ပြဿနာမရှိဘူး ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးကို ငါကိုယ်တိုင်ရေးခဲ့တာပဲလေ” 


အဆင့်မြင့် အဆင့်စနစ်က ရေးပေးခဲ့တယ်ဆိုရင်တောင်မှ သတင်းအချက်အလက်တွေက မတူညီပေ။ သူ့ရဲ့ ကိုယ်ပိုင်ဉာဏ်ကွန့်မြူးမှုနဲ့ ဖန်တီးထားခဲ့ခြင်းလည်းဖြစ်ပေ၏။


အချိန်ကနောက်ကျနေပြီမို့ သူနည်းနည်းတောင် ဂနာမငြိမ်ဖြစ်ချင်လာသည်။ လုကျိုး ကုလားထိုင်ပေါ်မှ ထရပ်လိုက်ရင်း စာကြည့်တိုက်အပြင်ဘက်သို့ထွက်ခဲ့လိုက်တော့သည်။ 


သူ ထမင်းနဲ့အသားကင်ပဲ စားလိုက်ရင်ကောင်းမလား 


ဒါမှမဟုတ် ဟင်းဝယ်စားရမလား။


 သူ့ရဲ့ညစာစားပြီးသည့်နောက် ပါမောက္ခ ထန်းရဲ့ရုံးခန်းကို သွားလည်လိုက်သည်။ သူထင်တာသာမှန်မယ်ဆိုရင် ပါမောက္ခထန်းက အခုအချိန်မှာဆိုရင် စတုတ္ထနှစ် စာသင်ခန်းထဲမှာ တာဝန်ကျနေလောက်သည်။


 ကောင်းပြီ ငါအဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီ။



rate now: