book

Index 7

အပိုင်း - ၇ (ပါရမီရှင်ကျောင်းသားတစ်ယောက်နှင့် နှိုင်းယှဉ်လိုက်ရင် ကျန်တဲ့သူတွေအားလုံးက အမှိုက်တွေသာဖြစ်သည်။)

အနည်းဆုံးတော့ ကျိုးကြောင်းသင့်လျော်မှုက လောဘကြီးခြင်းကို ကျော်လွှားနိုင်စွမ်းရှိသည်။ လုကျိုး သူ့ရဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးတွေကို ချက်ချင်းပင် ပျောက်ကွယ်သွားအောင် မေ့ပစ်လိုက်သည်။ သူ့လိုလူသစ်တစ်ယောက်အနေနဲ့ သိပ္ပံပညာဂျာနယ်တစ်ခုမှာ ထည့်သွင်းရေးသားခွင့်ရဖို့က မခက်ခဲပါချေ။ တရုတ်သင်္ချာ ဂျာနယ်မှာ ရေးသားဖို့အတွက် မကြာခဏလူတွေဆင့်ခေါ်လေ့ရှိကြသည်။ တစ်စုံတစ်ယောက်ရဲ့ အင်္ဂလိပ်စာအရေးအသားကောင်းနေပါက ထိုအရည်အချင်းကို အသုံးချပြီး ဒီအလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိပေသည်။  


ဂျာနယ်ထဲစာတမ်းထည့်ရာတွင် နံပါတ်တစ် သတ်မှတ်ခံထားရတဲ့  ဂျာနယ်ကတော့ အေအမ်စီ ဖြစ်ကာ မကျော်ကြားသည့် သာမန်ထက်နိမ့်ကျသောထုတ်ဝေရေး အလုပ်တစ်ခုလို့ဆိုနိုင်ပေသည်။ ရှန်ဟိုင်းတက္ကသိုလ်က အေအမ်စီ ဂျာနယ်ပေါင်းများစွာကို လေးနှစ်အတွင်းတွင် အုပ်ရေရာပေါင်းများစွာ ထုတ်ဝေခဲ့သည်။ သို့သော် တစ်ယောက်တည်းက တစ်နှစ်အတွင်း ထိုဂျာနယ်မှာနေရာ အခုနှစ်ဆယ်လောက်ရပြီး ရေးသားနိုင်စွမ်းရှိဖို့နဲ့ထုတ်ဝေခွင့်ရှိဖို့ကတော့ မဖြစ်နိုင်ပါချေ။


ပညာသင်နှစ်၏ ပြီးပြည့်စုံသော စာတမ်း တွေကိုကာကွယ်ရန်အလို့ငှာ အချို့သော ခေတ်ဟောင်းဂျာနယ်တိုက်တို့က အုပ်ရေကို တစ်ရာ သို့မဟုတ် ထို့ထက်ပိုနည်းသည့် ပမာဏသာ ထုတ်ဝေခွင့်ပြုထားပေသည်။ သို့ရာတွင် “မွန်းစတားဂျာနယ်” ကတော့ ဂရုစိုက်ပုံမရပေ။ သူက နှစ်တိုင်းနှစ်တိုင်းမှာ ထောင်ပေါင်း များစွာ ထုတ်ဝေလေသည်။ သူက မိတ္တူပမာဏများစွာ ပွားများခဲ့လေကာ ပုံမှန်အတိုင်းပင် လူထုထဲအတော်ကို ပျံ့နှံ့သွားလေ့ရှိပြီး ကုန်ဆုံးပုံကလည်း မြန်ဆန်ပေသည်။ ထိုကဲ့သို့ များပြားလှတဲ့ မိတ္တူစာစောင်တွေနဲ့ အတုအယောင် မှတ်ချက်ပေးတဲ့ အသုံးပြုသူ၊ ဖတ်ရှုသူတွေကြောင့် အခြားသော အယ်ဒီတာ အဖွဲ့အစည်းတွေဟာလည်းစာတမ်းတွေကို တစ်ရာထက်ပိုပြီး ထုတ်ဝေရတော့သည်။ 


အခြားဂျာနယ်တွေက ဒီထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး လုကျိုးအနေနဲ့ မသေချာပေမယ့် အေအမ်စီ ဆိုရင်တော့ … သူယုံကြည်မှုရှိပေသည်။ ဒါ့အပြင်အေအမ်စီ မှာသွားထုတ်လုပ်လျှင် ပြဿနာမရှိလောက်ဘူးလို့လည်း ခံစားမိပါ၏။ သို့ရာတွင် ကျိုးရဲ့အပရိုစီမေးရှင်း ကို သိပ္ပံဂျာနယ်ထဲထည့်ပြီးထုတ်ဝေဖို့ကတော့ ခက်ခဲမယ်လို့ သူထင်သည်။


ပြဿနာက လက်ခံမလား၊ လက်မခံဘူးလားဆိုတာသာရှိလေသည်။ လက်ခံလိုက်ပြီဆိုတာနဲ့ သူချက်ချင်း ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး သေချာပေါက် အောင်မြင်အောင်လုပ်ရပေမည်။ လုကျိုးက တတိယလုပ်ငန်းကိုသာ ရွေးချယ်လိုက်သည်။ ကျိုးရဲ့အပရိုစီမေးရှင်း ကို အသုံးပြုဖို့ သူမရည်ရွယ်တော့ပေ။ အဲ့ဒီအစား သူက အခြား စာတမ်းအတုလေး ကိုသာ ဒီလုပ်ငန်းကို ကျော်ဖြတ်နိုင်ဖို့အတွက် ချရေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။ 


သူ့ရဲ့ အဆင့်မြင့်သင်္ချာနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တွေအပေါ် ဗဟုသုတများပြားလာပုံက မာစတာကျောင်းသားတစ်ယောက်ရဲ့ ဉာဏ်ရည်လောက်ရှိနေပြီဖြစ်သည်။ သူကသာ သူ့အဆင့်လေး အင်္ဂလိပ်စာတမ်း တစ်ခုကိုရေးချင်တယ် ဆိုပါက ဒီထက်ပိုတဲ့ နည်းပညာစကားလုံးတွေကို အနည်းငယ်သင်ဖို့သာ လိုအပ်တော့မည်ဖြစ်သည်။ အဘိဓါန်တွင် မဖြေရှင်းနိုင်တဲ့အရာ မရှိပေ။


အနှစ်ချုပ်ဆိုရသော် ပထမလုပ်ငန်းကို လုပ်ဆောင်ဖို့အတွက် သူ့အတွက် လုံလောက်တဲ့ အတွေ့အကြုံအဆက်အသွယ်တွေလည်း မရှိပါချေ။ ဒုတိယလုပ်ငန်းအတွက်ဆိုလျှင်လည်း တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားတစ်ယောက်ကို ရူပဗေဒအတန်းတွေကို တက်ရောက်ခွင့်မရှိသေးပါချေ။ ဒီစနစ်က အဆင့်မြင့်အထက်တန်းကျောင်းတွေက ရူပဗေဒမေးခွန်းတွေကိုသာထုတ်ပေးပြီး သူတကယ်ဖြေရတဲ့အချိန်ကျမှ ခက်ခဲမှုအဆင့်က မြင့်မားနေမှာကိုလည်း သူစိုးရိမ်မိပေသည်။

မည်သို့ပင်ဆိုစေ ရူပဗေဒရဲ့အဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး သူ ဂရုမစိုက်ပါချေ။ လက်ရှိအချိန်မှာသူသင်ယူဖို့မှ မလိုအပ်သေးလေဘဲ။ လိုအပ်လာတဲ့အချိန်ကျမှ သူချက်ချင်းကောက်ပြီးသင်ယူနိုင်တာပဲ မဟုတ်လား။ 


လုကျိုး သူ့ရဲ့လုပ်ငန်းကို ရွေးချယ်ပြီးသည့်အခါ သူ့ဘေးဘက်တွင်ရှိသည့် မြက်ခင်းပေါ် ထိုင်ချနေရာက ထရပ်ကာ ဖုန်တွေ၊ သဲတွေခါထုတ်ရင်း ထွက်လာလိုက်သည်။


 သူသီချင်းအချို့ဖွင့်ကာ လမ်းတစ်လျှောက်လုံးတွင် သံစဉ်လေးနဲ့စည်းချက်ကြစွာ စီးမျောရင်းလျှောက်လာခဲ့ပေသည်။ အဆောင်သို့ပြန်ရာလမ်းက မဝေးပေ။ သူသာ ပြန်မလာဘူးဆိုရင် လျို့လွေ့ ရူးသွပ်သွားနိုင်ပေသည်။ 


ဒီကောင်က တော်တော်လေး ကြောင်တောင်တောင်နိုင်၏။


 စာနဲ့ပတ်သက်ရင် ထိုသူက တော်တော်လေးကို အလေးအနက်ထားလွန်းသည်။ လူတွေဆွံ့အလောက်အောင်ကို တစ်ကိုယ်ကောင်းလည်း ဆန်တတ်သေး၏။ မင်းကသာ သူ့ရဲ့မှတ်စုတွေကို ကြည့်ရင်းမျက်လုံးလေးလှည့်မိပါက နောက်ပြီး သူ့ကိုသာ မေးခွန်းတစ်ခုခုမေးမိပါက သူကချက်ချင်းမင်းနောက်ကို လမ်းတွေကို ချက်ချင်းဖြတ်ကူးပြီး လိုက်လာပေလိမ့်မည်။ လောကတွင်ရှိသည့် လူတိုင်းက သူ့ရဲ့ ပြိုင်ဘက်တွေလို့ လျှို့လွေ့က သဘောထားသတ်မှတ်ထားပုံလည်းရပေသည်။ 


သူက ပညာသင်နှစ်က အချို့သောအောင်မြင်မှုကိုသာ သဲကြီးမဲကြီး လိုတတ်သူမျိုးမဟုတ်ပေမယ့် ပါရမီရှင်ဆိုသည့် နေရာတွင်ရှိသော ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ လေးစားခြင်းခံရတာကို သူသဘောကျခြင်းသာဖြစ်သည်။ 


ထိုကဲ့သို့သော လူအမျိုးအစားကို ပါရမီရှင်လို့ သတ်မှတ်လို့ဖြစ်နိုင်ပါ့မလား။ 


လုကျိုးထပ်မတွေးတတ်တော့ပေ။


 စစ်မှန်တဲ့ပါရမီရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်ရင် အခြားသူတိုင်းက အမှိုက်တွေဖြစ်နေမှာသေချာပေသည်။ 


ငါ့ရဲ့မှတ်စုတွေကို မင်းယူကြည့်တော့ရော ဘာဖြစ်လဲ။


ကျိူးရဲ့အပရိုစီမေးရှင ဆိုတာ ဘာမှန်း မင်းသိမှာမို့လို့လား။ မင်းရဲ့မှာ အဲ့ဒီ အပရိုစီမေးရှင်းကြီး ရှိနေရင်တောင်မှ မင်းဘာမှန်း သိမှာမဟုတ်ဘူး။


စစ်မှန်တဲ့ပါရမီရှင်ဂုဏ်ပုဒ်ကို ရရှိဖို့ထိုက်တန်တဲ့သူက လုကျိုးသာဖြစ်သည်။


 ဟုတ်တယ် ဒါအမှန်တရားပဲ။


ဒါတွေဟာ အခြားသူတွေက ခန့်မှန်းကြည့်နေသည်တော့မဟုတ်။ လုကျိုးသူ့ဘာသာ တွေးတောနေခြင်းသာဖြစ်သည်။ 


သူအဆောင်တံခါးကို ဖွင့်လိုက်သည့်အခါ ဆယ်နာရီထိုးနေပြီဖြစ်၏။ လျှို့လွေ့က လေ့ကျင်းခန်းစာအုပ်ကို ကိုင်ထားသည်။ အခြားနှစ်ယောက်ကတော့ အဆောင်တွင်ရှိမနေပေ။ သူတို့အားလုံးက ဘေးအခန်းတွင် ကတ်ကစားနေခြင်းဖြစ်၏။ ရှီရှန်းက အတန်းထဲမှာသာ စာသေချာနားထောင်တတ်တဲ့ ကျောင်းသားမျိုးဖြစ်သည်။ သူက စားမေးပွဲအချိန်အတောအတွင်းကလွဲပြီး ကျန်တဲ့အချိန်တွေမှာ စာလုပ်တာမျိုးမတွေ့ဖူးပေ။ ဟွမ်ကွမ်းမင်ကတော့ စာနတ်ဘုရားနဲ့ မတည့်ပုံရသည်။ သူက အတန်းထဲကိုသွားပြီးလည်း နားမထောင်ပေ။ သို့သော် စာမေးပွဲတွင်တော့ သူ့ရဲ့လုပ်ဆောင်ချက်အမှတ်တွေက ကောင်းမွန်နေပေ၏။ 


လုကျိုးသူ့ရဲ့ကျောပိုးလွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်ပြီးသည့်နောက် အံဆွဲထဲမှ ရေချိုးကဒ်ကို ထုတ်ယူလိုက်သည်။ ထိုအခိုက် လျှို့လွေ့က လေ့ကျင့်ခန်းစာအုပ်ကို လက်ထဲမှ ချလိုက်ရင်း လုကျိုးရှိရာဘက်လှည့်ကြည့်လာပါ၏။ 


“ဟေ့ကောင် မင်းဘာလို့ဒီလောက်ကြိုးစားနေတာလဲ”


 “ငါကြိုးစားဖို့လိုတယ်လေ ငါစာသင်နှစ်တစ်ဝက်လုံး စာအုပ်ကို ထိတောင်မထိခဲ့ဘူး အခုမှစမလုပ်ရင်နောက်ကျသွားမှာပေါ့”


 လုကျိုးကလည်း သူ့ရဲ့သဘတ်ကို ပုခုံးပေါ်ပစ်တင်ရင်း ထိုင်နေရာမှ ထရပ်လိုက်သည်။


 လျှို့လွေ့ လုကျိုး ရေသွားချိုးမှာကို မြင်တော့မေးလိုက်၏။


 “ငါဒီပုစ္ဆာကို မဖြေရှင်းနိုင်ဘူးဖြစ်နေတယ် မင်းငါ့ကို တွက်ကြည့်ပေးပါလား” 


အို ဒါတော်တော်အံ့သြစရာပဲ။ လျှို့လွေ့ မဖြေရှင်းနိုင်တဲ့ပုစ္ဆာတွေတောင် ရှိနေသေးတာလား။


 “ငါ့ကို တစ်ချက်ပြကြည့်” 


လုကျိုးလက်ဆန့်လာတဲ့အခါ လျှို့လွေ့က မျက်မှန်ကို ပင့်တင်လိုက်ကာ လေ့ကျင့်ခန်းစာအုပ်ကို ကမ်းပေးလာသည်။ နောက် စက်ဝိုင်းဝိုင်းထားတဲ့ မေးခွန်းတစ်ပုဒ်ကို လက်ညှိုးညွှန်ပြရင်းပြောသည်။


 “ဒီမေးခွန်းပဲ” 


“ကာ့ကူးလာစ့် ပုစ္ဆာတွေပဲ ဒါမခက်ပါဘူး”

 လုကျိုးပြောလိုက်သည်။ 


သူထိုမေးခွန်းကို တစ်ချက်ကြည့်ပြီးသည့်နောက် ထိုကဲ့သို့သောမေးခွန်းမျိုးကို သူတစ်ခါမှ မမြင်ခဲ့ဖူးကြောင်း သိလိုက်ရသည်။ သူ စိတ်လှုပ်ရှားသွား၏။ ရေချိုးဖို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ သူလေ့ကျင့်ခန်းစာအုပ်ကို ယူလာရင်းဘေးတွင်ထိုင်ချလိုက်ကာ ပုံတွေကို စားပွဲပေါ်တွင် ချဆွဲတော့သည်။


 မတိုင်မီက လျှို့လွေ့က ထိုပုစ္ဆာကို မဖြေရှင်းနိုင်ပေမယ့် လုကျိုးဖြေရှင်းနိုင်မယ်လို့လည်း မထင်ထားပေ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ သူ့ရဲ့စိတ်ထဲမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာကသာ မဖြစ်နိုင်ဘူးလို့ထင်မိလာသည်။ လုကျိုးက သေချာကြိုးစားပြီး ဖြေရှင်းနေတာကိုမြင်ရတဲ့အခါ လှို့လွေ့သက်တောင့်သက်သာဖြစ်လာသည်။


သူတော်တော်လေးလည်းသံသယဝင်နေ၏။ ဒီမေးခွန်းအတွက်တော့ လျှို့လွေ့လိုမျိုး ပါရမီရှင်တစ်ယောက်တောင်မှ မဖြေရှင်းနိုင်ပေ။ သို့သော် တရားဝင်ထုတ်ပြန်ထားတဲ့အဖြေစာအုပ်တွေလည်းရှိနေသည်မို့ သူကြိုက်တဲ့အချိန်မရွေး ထုတ်ကြည့်လိုက်လို့ရပေသည်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ လုကျိုးကို သူအကူအညီတောင်းလိုက်မိ၏။ တစ်ဖက်သူက သူ့ရန်သူ ဖြစ်လာနိုင်မလားဆိုတာကိုသေချာအောင် သူစုံးစမ်းကြည့်မိတာလားလို့ မပြောတတ်ပါချေ။ မည်သို့ပင်ဆိုစေ လုကျိုးက တကယ်ပဲ သူ့ကိုကူညီပြီး ထိုသင်္ချောပုစ္ဆာကို ဖြေရှင်းပေးခဲ့သည်။


 လျှို့လွေ့ဒါကိုတွေးတောနေရင်းနဲ့ပဲ မေးလိုက်သည်။


 “မင်း မေးခွန်းကို အရင်ချရေးလိုက်ရင်ရောဘယ်လိုလဲ ငါနောက်မေးခွန်းတစ်ခုကို အရင်ရွေ့ပြီးတွက်ကြည့်လိုက်မယ်လေ”


 ထိုထဲမှာပါဝင်နေသည့် လျှို့ဝှက်နေသည့် ရည်ညွှန်းချက်တွေကတော့ လုကျိုး ထိုမေးခွန်းကို မဖြေနိုင်ဘူးလားဟူသည်ကိုသာ ဖြစ်သည်။ ဒီလိုဆိုရင်သူ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေခြင်းပင်ဖြစ်လေ၏။


သို့ရာတွင် လုကျိုးရဲ့တုန့်ပြန်မှုက လျှို့လွေ့ထင်ထားသလိုမဟုတ်ပေ။ 


“မလိုဘူး ငါဖြေရှင်းနိုင်သွားပြီ” 


ဖြေ ဖြေရှင်းနိုင်သွားပြီ ဟုတ်လား။ 


လျှို့လွေ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားလေရင်း သူ့မျက်လုံးတွေပါ ကျွတ်ထွက်တော့မလားပင်ထင်ရလာသည်။


 “ဟုတ်တယ် ငါပြောပြမယ်” 

လုကျိုးပြောလိုက်သည်။ 


သူက ဘောပင်လေးကိုလှည့်နေရင်း ဖော်မြူလာတွေကို စတင်ရှင်းပြတော့၏။ 


လျှှို့လွေ့ရဲ့မျက်လုံးတွေက ဖြေးညှင်းစွာဖြင် တဖျတ်ဖျတ်လက်သွားသည်။ သူနောက်ဆုံးမှသာ ထိုဥစ္စာကိုဖြေရှင်းနည်းကို နားလည်သွားတော့၏။ ထိုတစ်နေရာသာ ခက်ခဲနေခြင်းဖြစ်ကာ ထိုနေရာကိုနားလည်သွားတာနဲ့ ကျန်တဲ့အပိုင်းတွေက လွယ်ကူသွားခဲ့ပြီဖြစ်သည်။ နောက်ပိုင်းဆက်တွက်လို့ရပြီဖြစ်၏။


 သေစမ်း ငါဘာလို့ဒီအဆင့်ကိုမစဉ်းစားမိတာလဲ။ 


“ ဗင်ဂို တော်လိုက်တာ ငါဖြေရှင်းနိုင်သွားပြီ” 


လုကျိုးပြုံးနေသည်။ တစ်ခါတစ်ရံတွင်ကလေးတွေ တောင်မှ အခြားလူတွေကိုသင်ပေးနိုင်စွမ်းရှိကြ၏။


“ကျေးဇူးတင်ပါတယ် ငါကိုဒီအကြမ်းစာရွက်လေးငှားလို့ရမလား ငါဆက်တွက်ကြည့်အုံးမယ်”


 “ယူလိုက်လေ” 


လုကျိုးထိုသို့ပြောလိုက်ပြီးသည့်နောက် ပြန်ထကာ ရေချိုးခန်းသို့ ထွက်ခဲ့လိုက်တော့သည်။


 လျှို့လွေ့က လုကျိုးရဲ့ အကြမ်းစာရွက်ကိုယူရင်း ပြန်ထိုင်ချလိုက်ကာ မျက်မှန်ကို ပင့်တင်လိုက်ရင်း မေးခွန်းကို သေချာစိုက်ကြည့်လိုက်၏။ သူမျက်မှောင်ကြုတ်နေရင်းအတွေးနက်သွားပုံရသည်။ ဒီတွက်ချက်တဲ့ပုံစံက သူ့အတွက်တော့ အသစ်အဆန်းဖြစ်နေသည်။ ရှင်းလင်းသွားတဲ့အဆင့်တိုင်းက ရိုးရှင်းလွန်းလှ၏။ သို့ပေမယ့် သူ့ရဲ့ဗဟုသုတထဲတွင် မှတ်ဉာဏ်ထဲတွင် မရှိသလိုဖြစ်နေသည်။


 သို့သော် လုကျိုးရှင်းပြသည့်ပုံစံအရ သူရိုးရိုးရှင်းရှင်းနားလည်နိုင်စွမ်းရှိပါ၏။ သို့ရာတွင် နားလည်ဖို့ခက်ခဲနေသည်က လုကျိုးက ဒီလောက်ရိုးရှင်းပြီး လွယ်ကူတဲ့နည်းလမ်းကို ဘယ်လိုများ ရခဲ့ပါသည်လဲ။ အချိန်တိုအတွင်းအခုလိုမျိုး ဖြေရှင်းနည်းထွက်ဖို့ကတော့ အတော်လေးကို ခက်ခဲပေသည်။


ဖြစ်နိုင်တာက သူဒီလိုမေးခွန်းမျိုးတွက်ဖူးလို့ပဲဖြစ်မယ်။


 လျှို့လွေ့အနေနဲ့ ဒီဖြစ်နိုင်စွမ်းတစ်ခုကိုသာ တွေးမိသည်။ မဟုတ်ပါက သူ့ထက်မြန်မြန် ခက်ခဲလွန်းလှတဲ့ ပုစ္ဆာကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက်ရှိနေတယ်လို့ သူတွေးမိရမလိုဖြစ်လာလေပြီ။ သူချက်ချင်းပင် လေ့ကျင့်ခန်းစာအုပ်ကို တဖျတ်ဖျတ်လှန်လိုက်သည်။ အနောက်ဖက်ပိုင်းကို ရောက်သွားတဲ့အခါမှာတော့ အဖြေတွေရှိ၏။ 


သူချက်ချင်းပင် အေးခဲသွားတော့သည်။ 


“မဖြစ်နိုင်တာ” 


အဖြေက ကွက်တိမှန်သည်။ ထိုအဖြေမှန်တာလောက်က တကယ့်အကြောင်းအရင်းမဟုတ်ဘဲ တကယ့်အကြောင်းအရင်းကတော့ လုကျိုးရှင်းပြသွားတဲ့ တွက်ချက်သွားတဲ့နည်းလမ်းက အဖြေတွေထက်ပင် ပိုလွယ်ကူနေသောကြောင့်ဖြစ်သည်။ ထိုအဖြေက တွက်ထားတဲ့အပိုင်းတွေက လုကျိုးလောက်မရှင်းလင်းပေ။ နောက်ပြီးအဆင့်တိုင်းအဆင့်တိုင်းမှာလည်း ဂဏန်းကြီးတွေကို ကိုင်တွယ်နေရသည်မို့ ပိုလို့သာ ခက်ခဲနိုင်နေပေသေးသည်။


 ဒီနည်းလမ်းကို သူဘယ်လိုများတွေးလိုက်မိတာလဲ။ 


ဖြစ်နိုင်ပါ့မလား။


လျှို့လွေ့ နှုတ်ခမ်းပင်ကိုက်လိုက်မိသည်။


 သူရုတ်တရက် ကိုယ့်ကိုယ်ကိုပင် သံသယဝင်လာရ၏။


 သူက တကယ်ရော ပါရမီရှင်ဟုတ်ရဲ့လား။



rate now: