book

Index 6

အပိုင်း - ၆ (သက်သေပြမေးခွန်းရဲ့ အဖြေ)

သင်္ချာမေဂျာသမားတစ်ယောက်အနေနဲ့ လုကျိုးအဖို့ မာဆင်းသုဒ္ဓကိန်းနှင့် ရင်းနှီးပေသည်။ တရုတ်ပြည်၏ ကျော်ကြားဆုံးသော သင်္ချာပညာရှင်က ထိုမာဆင်းသုဒ္ဓကိန်းတွေအကြောင်း ကို ဆွေးနွေးစကားပြောခဲ့သည့် အကြောင်းအရာက လူသိများပေသည်။ ၁၉၉၂ ခုနှစ်တွင် သူက "မာဆင်းသုဒ္ဓကိန်းများ ဖြန့်ဝေခြင်းဖော်မြူလာ" ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင်သူကညီမျှခြင်းတွေကို  ပုံရိပ်တွေအဖြစ် သရုပ်ဖော်ပြသခဲ့သေးသည်။ သူဖန်တီးမည့်အရာကိုတော့ “ကျိုးရဲ့အပရိုစီမေးရှင်း” လို့ခေါ်သင့်သည်။


ယခင်ကဆိုလျှင် ဗြိတိသျှသင်္ချာပညာရှင်ဝီလီယမ်ရှန့် ၊့ပင်သစ် သင်္ချာပညာရှင်တာတဂ့်လီယာ၊ ဂျာမန် သင်္ချာပညာရှင် လာဒ့် ၊ အိန္ဒိယ သင်္ချာပညာရှင်ရာမနျူဂျန်နဲ့ အမေရီကန်သင်္ချာပညာရှင် ဂျီလ်းတို့ဟာ ဒီပြဿနာရပ်နဲ့ပတ်သက်ပြီး အမျိုးမျိုးတွေးဆခန့်မှန်းခဲ့ကြပေသည်။ သူတို့ဟာ ပုံသေတွက်ချက်မှုပုံစံ ကို ရရှိထားပေမယ့်လည်းညီမျှခြင်းတွေရဲ့အပရိုစီမေးရှင်းတွေနဲ့ပတ်သက်ပြီးတော့ အနီးစပ်ဆုံး ရှာဖွေနိုင်ခဲ့တဲ့ အဖြေတွေကို မကျေနပ်ခဲ့ကြပေ။ 


ကျိုးရဲ့အပရိုစီမေးရှင်းတည်ဆောက်ပုံ ကတော့ အရမ်းရိုးရှင်းသည်။


ဒါက အရမ်းရိုးရှင်းလွန်းတယ်မဟုတ်ဘူးလား။ လူတိုင်းလုပ်နိုင်မှာပါ။


 သို့ရာတွင် ထို ညီမျှခြင်းက မှန်ကန်ကြောင်းသက်သေပြခဲ့တာမျိုးလည်းမရှိသလို၊ မမှန်ကန်တဲ့ အကြာင်းလည်းဘယ်သူမှ သက်သေမပြနိုင်ခဲ့ကြဖူးပေ။ ဒါက သင်္ချာလောကရဲ့ နာမည်အကျော်ကြားဆုံး ပြဿနာ၊ နောက်ပြီး နှစ်နှစ်ဆယ်ကျော်လောက်အထိ မရေမတွက်နိုင်သော ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အပရိုစီမေးရှင်း တစ်ခုလည်းဖြစ်ခဲ့ပေသည်။ ဒါကရီမန်ရဲ့ကွန်ဂျက်တာနဲ့ ပင် တူနေသည်။ ထိုအရာကို သက်သေမပြနိုင်ပေမယ့် လူတွေက အသုံးပြုခြင်းမှလည်း ရပ်တန့်ခြင်းမရှိချေ။ 


မာဆင်းသုဒ္ဓကိန်းအဖြေကိုရှာတွေ့ဖို့အတွက် ကွန်ပြူတာကို အသုံးပြုကာ တိကျတဲ့အဖြေတွေကို ထုတ်နိုင်စွမ်းရှိတယ်ဆိုပေမယ့်လည်း ဒါက လွယ်ကူတဲ့ကိစ္စရပ်တော့ မဟုတ်ခဲ့ပါချေ။


ဒီနေ့ခေတ်အထိ မာဆင်းသုဒ္ဓကိန်း၄၄ မျိုးသာ ရှာဖွေတွေ့ရှိနိုင်ပေသည်။ သို့သော် မာဆင်းသုဒ္ဓကိန်းကို အသုံးမများဘူးလို့လဲ ဆိုလိုလို့မရနိုင်ပါချေ။ တိတိကျကျပြောရမယ်ဆိုလျှင်ဖြင့် နည်းပညာကို အသုံးပြုပြီး အချိန်တိုင်းအချိန်တိုင်း အွန်လိုင်းတွင် ပြောင်းလဲမှုတွေဖြစ်ပျက်နေလေကာ ထိုမဖြေရှင်းနိုင်တဲ့ မာဆင်းသုဒ္ဓကိန်း တွေဆိုတာဟာ လျှို့ဝှက်နံပါတ်တွေထဲတွင် ဖုံးကွယ်ကာ ထည့်ထားတတ်ကြသည်။ တစ်ချိန်တည်းတွင်ပင်များပြားသော သုဒ္ဓကိန်း တွေဟာ ကွန်ပြူတာရဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးသည့်နေရာတွင်လည်း အသုံးများသေးပေသည်။


 ဥပမာအနေဖြင့် ဂျီအာအမ်ပီအက် အက်ပလီကေးရှင်း ကိုဗိုင်းရပ် ပိုးတွေဝင်ရောက်ခြင်းရှိမရှိကို စစ်ဆေးဖို့အတွက်လည်းအသုံးပြုနိုင်ပေသည်။ အခြားနည်းနဲ့ပြောရမယ်ဆိုလျင်လည်း သင်္ချာဆိုင်ရာဆွေးနွေးငြင်းခုံ ကျပန်းစကားပြောပြိုင်ပွဲတို့တွင်လည်း ထို သုဒ္ဓကိနိး တွေက အလွန်အသုံးဝင်ပြန်သည်။ မကြာခဏဆိုသလို သင်္ချပညာရှင်တွေကို အခြားသော သူတို့က စိတ်ဓါတ်ကြွဖို့ရာအတွက် ထိုရှာဖွေတွေ့ရှိသမျှကို တင်းကြပ်စွာ မှတ်သားမထားဖို့နဲ့ ဒါက ရေရှည်ဖြေရှင်းရမယ့် ပြဿနာဖြစ်တဲ့အကြောင်းပြောပြလေ့ရှိကြသည်။


အဆုံးတွင်တော့ လူတို့ဟာ ရေတိုကိုကြည့်၍ မရပါချေ။ ဒီပြဿနာဟာ ရေရှည်ဖြေရမယ့်ပြဿနာမှန်း အားလုံး လက်ခံလိုက်ကြသည်။ သို့သော် လုကျိုးကတော့ ထိုသို့ဆန္ဒမရှိချေ။ သူက အနာဂတ်ကို ဂရုစိုက်သည်မဟုတ်ဘဲ လက်ရှိအကျိုးအမြတ်ရတာကိုသာ တွေးတောတတ်သူဖြစ်သည်။ ဒါကပဲ ကျိုးရဲ့အပရိုစီမေးရှင်း ဆိုတာက ဘာကြောင့်ဖြစ်တည်လာရလဲဆိုတဲ့ အကြောင်းပြချက်ပင်ဖြစ်သည်။  ပညာရေးဆိုင်ရာအရည်အသွေးသတ်မှတ်ချက်ကိုဘေးဖယ်ထားလိုက်ရင်း ဘစ်ရှ့်ရဲ့ကွန်ဂျက်တာ ကို ဖြေရှင်းနိုင်တဲ့အခါ ရမယ့်ဆုကြေးက အမေရီကန် ဒေါ်လာ တစ်သန်းဖြစ်သည်။ ထိုဆုကြေးငွေကို လူသိများကျော်ကြားတဲ့ တာရှ့်ဘန်ဂါဘစ်ရှ့် ကိုယ်တိုင်က ပေးချေမှာဖြစ်၏။ ကျိုးရဲ့အပရိုစီမေးရှင်းကိုတော့ လူအများစုက ဖြေရှင်းဖို့ ကြိုးစားနိုင်ပေသည်။ သို့ရာတွင် ဆုကြေးငွေကတော့ ရှိလာလိမ့်မည်မဟုတ်။


အိမ်ကောင်းတစ်လုံးကို ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးက လွင့်ပျံထွက်သွားကာ လုကျိုးအနေနဲ့တော့ ကောင်းမွန်တဲ့ခံစားချက်ကိုတော့ မရသေးပါချေ။ သို့ရာတွင်သူက တောက်ပတဲ့အနာဂတ်ကို ကြည့်သင့်ပေသည်။ ကျိုးရဲ့အပရိုစီမေးရှင်း ကို ဖြေရှင်းသူတွေအဖို့ဆုကြေးငွေရလိမ့်မှာ မဟုတ်ပေမယ့်လည်း သင်္ချာလောကတွင်တော့ လွှမ်းမိုးမှုဂုဏ်သတင်းကျော်စောလာနိုင်စွမ်းရှိလောက်ပေသည်။ ထို အပရိုစီမေးရှင်းကို ဖြေရှင်းနိုင်တဲ့အတွက် သူ ဘာဆုကြေးငွေမှ လက်ခံမရနိုင်တာတောင်မှ တက္ကသိုလ်ကတော့ သူ့ကို ပစ်ထားလိမ့်လို့တော့ မထင်ပေ။ အနည်းဆုံးတော့ သုံးနှစ်ပညာသင်ထောက်ပံ့ကြေးငွေရဖို့ အာမခံချက်ရှိလောက်သည်။


 ဆိုဖီမော ဆိုတဲ့ ရန်စေးသီအိုရမ် ကို ဖြေရှင်းခဲ့သူကတော့ အကောင်းဆုံးဥပမာဖြစ်သည်။ သူက ထို သီအိုရမ် ဖြေရှင်းနိုင်ခဲ့သည်မို့ နန်ကျင်းတက္ကသိုလ်က သူ့ကို ဒေါ်လာ တစ်သန်း ပေးခဲ့သည်။ တစ်ဝက်ကတော့ သူ့ရဲ့နောက်ထပ် ပြုလုပ်မယ့် လေ့လာစမ်းသပ်မှုတွေအတွက်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ သူ့ရဲ့ နေထိုင်အသက်ရှင်စရိတ်ဖြစ်သည်။ 


ကျင်းလင်တက္ကသိုလ်ဟာ တိုင်းပြည်တွင် ထိပ်ဆုံးဆယ်နိုင်ငံစာရင်းအဆင့်တွင် ပါဝင်သည်။ သူတို့ရဲ့ သင်္ချာဌာနကအားနည်းတယ်ဆိုရင်တောင်မှ ကျင်းလင်တက္ကသိုလ်က သူ့ကို အဆင့်နိမ့်အဆင့် တက္ကသိုလ်နန်ကျင်းက ပေးတဲ့ပမာဏထက် ပိုများတဲ့ပမာဏကိုတော့ ပေးနိုင်လောက်ပေသည်။ ဒီအကြောင်းကိုတွေးမိတော့ လုကျိုးခံစားချက်တွေ ဖြည်းဖြည်းမြင့်တက်လာ၏။ သူ့စိတ်တည်ငြိမ်သွားရင်း ထို သင်သေပြသီအိုရမ်ကို ဆက်လေ့လာလိုက်တော့သည်။


ဒါက သူရခဲ့တဲ့ ကုတ်သံဗူးလိုမျိုး အမှိုက်ဆိုတဲ့ခေါင်းစဉ်အောက်တွင်ရှိနေသည်မဟုတ်ဘဲ ဒီကျိုးရဲ့အပရိုစီမေးရှင်း ဆိုတာက အသေးစိတ်စီမံချက် အချက်အလက်ခေါင်းစဉ်အောက်တွင် ရှိနေခြင်းဖြစ်သည်။ ထိုအရာကို စာရွက်ပေါ်တွင် ပုံနှိပ်ထားခြင်းလည်း မဟုတ်သလို ဒီဂျစ်တယ် ဖိုင်အနေနဲ့လည်း ရရှိခြင်းမဟုတ်ပေ။ ထို့အစား သူက ဖတ်ချင်တယ်လို့ တွေးလိုက်ရုံနဲ့ သူ့ခေါင်းထဲကို ထို သက်သေပြချက်အဆင့်ပေါင်းများစွာက တိုက်ရိုက်ရောက်ရှိလာမှာဖြစ်သည်။ 


“ငါဒါကို ချက်ချင်းတော့ နားလည်နိုင်မှာ မဟုတ်ဘူး အချိန်နည်းနည်းသုံးပြီးတော့ ဒီ သက်သေပြချက် ကို နားလည်အောင် လေ့လာရမယ်” 

လုကျိုးထိုသို့တွေးလိုက်ပြီးတဲ့နောက် ထိုသက်သေပြချက် ရဲ့ အဆင့်တိုင်းအဆင့်တိုင်းကို အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာလေ့လာမှတ်သားတော့သည်။


ပထမပိုင်းတွင် သူက ဒီအရာအားလုံးကို ဖတ်ကြည့်လိုက်သည်။ နောက်မှသာ နားလည်သဘောပေါက်အောင်လုပ်ဆောင်ရမည်ဖြစ်၏။ ဒုတိယအနေနဲ့တော့ သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်လို့လဲ တွေးလိုက်သေးသည်။ ပုံမှန်အတိုင်းဆိုရင် တစ်စုံတစ်ယောက်က အဆင့်မြင့်အဆင့်မေးခွန်း ဥပမာကျိုးရဲ့အပရိုစီမေးရှင်း လိုမျိုး အဆင့်မြင့်မေးခွန်းကို ဖြေရှင်းနိုင်တယ်ဆိုရင် ထိုသူဟာ အထက်တန်းသင်္ချာအမှတ်တွင် အနည်းဆုံး အမှတ်ပြည့် ရခဲ့သင့်ပေသည်။ အကယ်၍ ထိုသူက တစ်စုံတစ်ရာကို လွဲချော်ပြီး တစ်မှတ်လျော့ခဲ့ရင်တောင်မှ သူဟာ 99 မှတ်တော့ ရခဲ့သင့်သည်။ 


လုကျိုးကတော့ ဒါကိုစိတ်မပူပါပေ။ သူ့အနေနဲ့တော့ သင်္ချာခွဲခြမ်းစိတ်ဖြာခြင်း နဲ့ အဆင့်မြင့်အယ်ဂျီဘရာ ကို ဖတ်ရှုလေ့လာခဲ့ပြီးပေပြီ။ ထိုသင်ခန်းစွာတွေဟာ ကျောင်းသားကျောင်းသူတွေ ပုံမှန်ဖတ်လေ့ရှိကြတဲ့ ပုံစံမျိုးတွေမဟုတ်ဘဲ သင်ရိုးမာတိကာ အတွက်သာစစ်ဆေးတဲ့အခါမျိုးတွင် အသုံးပြုကြခြင်းဖြစ်သည်။ ထို့ကြောင့်အရာအားလုံးဟာ အကန့်အသတ်အနေနဲ့ ရှိနေခဲ့ကာ လုကျိုးက ထိုစာအုပ်တွေကို လေ့လာခဲ့ပြီးပြီဖြစ်သည်။


 နောက်ပြီး နွေရာသီအားလပ်ရက်တွေမှာ ကျိုးရဲ့အပရိုစီမေးရှင်း ကို ထပ်မံပြီး လေ့လာဖို့အတွက် လုကျိုး အစီအစဉ်ဆွဲလိုက်သည်။


နောက်ထပ်နှစ်လနေလျှင် သူ့ရဲ့ အကျိုးအမှတ်တွေ ရရှိလာလိမ့်မည်ဖြစ်သည်။ အဲ့ဒီအခါကျမှ သူ့ကိုယ်သူ စစ်မှန်တဲ့ပါရမီရှင်တစ်ယောက်လို့သတ်မှတ်လို့ ရနိုင်မည်ဖြစ်၏။ ဒီသင်္ချာတွေထဲမှာ သူမနားလည်နိုင်သည့် မဖြေရှင်းနိုင်သည့် အချက်အလက်တွေကို မှတ်သားထားသည်။ ဆရာ ဆရာမတွေကိုရှာဖွေကာ မေးမြန်းသင့်မေးမြန်းရပေမည်။


 သင်္ချာစွမ်းရည် အဆင့် ၁ ကတော့ ရှိကိုရှိမှဖြစ်ပေလိမ့်မည်။ နွေရာသီကျောင်းတက်ရက်လည်း ရှိကိုရှိသင့်၏။ သူ့ရဲ့ မိဘတွေကို နှစ်သစ်ကူးနေ့မတိုင်ခင် အရင်သွားလည်ထားသင့်သည်။ 


သူ ဆုလာဒ်ကို ရရှိပြီးတာနဲ့ လုကျိုးရဲ့ခေါင်းထဲကို မေးခွန်းတွေတသီကြီး ပေါ်လာတော့သည်။


ဒီအသေးစိတ်စီမံချက်ဆုဆိုတာက ဘာသာရပ်အဆင့်တွေနဲ့ သတ်မှတ်နေတာများလား။


 ဒီမေးခွန်းက တော်တော်လေး ရှုပ်ထွေးတာပဲ။ 


မဟုတ်ရင် သူက ဘာလို့ ဒီလောက်တောင်ကံဆိုးပြီးတော့ ဆန်းကြယ်တဲ့ သက်သေပြ အဖြေတွေကို ရလာရတာလဲ။ ဒါက ပထမဆု အာကာသသင်္ဘောတိုက်ပွဲဆိုတာနဲ့ ပြောင်းပြန်များလား။ 


ထို သီအိုရီတွေဟာ သူရဲ့ခေါင်းထဲသို့ရိုက်ချလိုက်သလိုမျိုး ပေါ်ထွက်လာခဲ့သည်။ သူထိုအကြောင်းကို တွေးလေလေ ဒါက ပိုပြီးတော့ အသက်ဝင်လာသလို အမှန်တကယ်တည်ရှိနေသလိုခံစားရလေလေဖြစ်သည်။


 “ဘာသာရပ်အဆင့်တွေကို အဆင့်တက်လာအောင်လုပ်ဖို့က အဓိက ဦးစားပေးလုပ်ရမယ့်ကိစ္စပဲ ငါသင်္ချာအဆင့် ၁ ကို ရအောင်အရင်လုပ်ရမယ် ဒါမှ အခြားဘာသာရပ်တွေကိုလည်း အဆင့် ၁ အကန့်အသတ်ထိရောက်အောင်လုပ်လို့ရမှာ။ အဲ့ဒီမတိုင်ခင်အထိ ဒီမဲနှိုက်လို့ရတဲ့လက်မှတ်တွေကိုတော့ သိမ်းထားလို့ရရင်ကောင်းမှာပဲ။ ဒါပေမယ့် ဒီမဲနှိုက်တဲ့လက်မှတ်ကိုသာ မသုံးဘူးဆိုရင် နောက်ထပ်လုပ်ငန်းတွေ လုပ်လို့ရမယ့်စာရင်းကိုလည်း ထုတ်လို့ရမှာမဟုတ်ဘူး ဒီတော့ ငါ အဟောင်းတွေထဲကပဲ လိုက်လုပ်နေရလိမ့်မယ် ဒီမဲနှိုက်တဲ့လက်မှတ်တွေကိုသိမ်းထားလို့ရရင်ကောင်းမှာပဲ”


 သူ လုပ်ငန်းတစ်ခုရဲ့ ဆုတွေကို လက်ခံပြီးတာနဲ့ ထိုလုပ်ငန်းရဲ့ စာရင်းဟာ မီးခိုးပြာအဖြစ်ပြောင်းသွားတာကို သူသိသည်။ သူ့ရဲ့မဲနှိုက်သည့် လက်မှတ်ကို အသုံးပြုပြီးမှသာလျှင် သူနောက်ထပ်ရွေးချယ်သည့်လုပ်ငန်းအသစ်တွေကို ရရှိမည်ဖြစ်သည်။


ထို့ကြောင့်တစ်ခုတည်းသော နည်းလမ်းကတော့ နောက်ထပ်ထပ်ပြီး မဲနှိုက်ဖို့သာဖြစ်သည်။ အကယ်၍ နောက်ထပ်မဲနှိုက်လို့ထပ်ပေါက်ခဲ့တဲ့ ဆုကြေးတွေအားလုံးက သက်သေပြချက် အဖြေတွေသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ သီအိုရမ် က မှန်တယ်လို့ပြောလို့ရပေမည်။ အဲ့လိုမှမဟုတ်ရင် သူနောက်ထပ်လုပ်ငန်းတစ်ခုကိုသာ လုပ်ဆောင်ဖို့ ရှိတော့၏။


 ဘာလုပ်ရင်ကောင်းမလဲ။ 


လုကျိုးစတင်တွေးတောလိုက်သည်။


 “လုပ်ငန်းစာရင်းကို ဖွင့်ပါ” 


သေးငယ်သော ဖောက်ထွင်းမြင်ရမတတ်ကြည်လင်သည့် ဖန်သားပြင်လေးက သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။


[လုပ်ငန်း ၁: ပျင်းရိခြင်းမှ အကျိုးအမြတ်ရအောင် လုပ်ဆောင်သည့် အနုပညာ


ဖော်ပြချက်း ပျင်းရိခြင်းမှ အကျိုးအမြတ်ရအောင်လုပ်ခြင်းဆိုသည်မှာ သိုင်းပညာတစ်ခုဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။ ပျင်းရိခြင်းမှ ပိုက်ဆံရှာဖွေနိုင်မယ်ဆိုရင် ဘာလို့ အလုပ်ကြိုးစားဖို့ လိုနေတော့မှာလဲ 


လိုအပ်ချက် : ပျင်းရိခြင်းဖြင့်ဘာသာရပ်တွေကို နားလည်သဘောပေါက်အောင် အသုံးပြုပြီး သင့်ရဲ့နာမည်ကို သိပ္ပံပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက် ပရောဂျက်မှ ဒေါ်လာတစ်သန်းရအောင်လုပ်ပါ နည်းနည်းသာအားစိုက်ထုတ်ပြီး အများဆုံးအကျိုးအမြတ်ရအောင် လုပ်ပါ။ပျင်းရိဖို့ကြိုးစားပါ လူငယ်လေး


ဆုလာဘ် :ဘာသာရပ်အတွေ့အကြုံအမှတ် (ဘာသာရပ်တွေကို လေ့လာစမ်းသပ်ခဲ့သည့်  ပရောဂျက် အမျိုးအစားအလိုက် ဆုံးဖြတ်မည်ဖြစ်သည်။ အတွေ့အကြုံအမှတ် ပမာဏကိုတော့ ထိုလေ့လာစမ်းသပ်သည့်ပရောဂျက်မှ ရရှိသည့် ရန်ပုံငွေအတိုင်းရရှိမည်ဖြစ်သည်။ သို့သော် အားထုတ်ကြိုးပန်းခဲ့ရသည့် ပမာဏအပေါ်မူတည်ပြီး ပြန်လည်လျှော့ချမည်ဖြစ်၏) ။ မဲနှိုက်ခွင့် လက်မှတ်တစ်စောင် (100 ရာခိုင်နှုန်း အမှိုက်)]


 [လုပ်ငန်း ၂  အခြေခံသိုင်းပညာလေ့ကျင့်ပါ

ဖော်ပြချက်း ရောမကို တစ်ရက်တည်းတည်ဆောက်ခဲ့ခြင်းမဟုတ်သလို သိပ္ပံမိုးမျှော်တိုက်တွေကိုလည်း တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့ခြင်းမဟုတ်ပေ


လိုအပ်ချက်း တက္ကသိုလ်အဆင့် ရူပဗေဒလေ့ကျင့်ခန်းမေးခွန်း ၂၀၀ ကို ဖြေရှင်းပါ။ (မေးခွန်းတွေအားလုံးကို စနစ်မှပေးမည်ဖြစ်ပြီး အသုံံးပြုသူရဲ့လက်ရှိဗဟုသုတအခြေအနေပေါ်မူတည်ပြီးသာ ထုတ်ပေးမည်ဖြစ်သည်။)


ဆုလာဘ်း မေးခွန်းခက်ခဲမှုအဆင့် ၂.၅၀ ကိုအထွေထွေအမှတ်နဲ့ မြှောက်ပြီး ပေးမှာဖြစ်ပါတယ် ။ပစ္စည်း း ဈာန်ဝင်စားခြင်း အချိန်နာရီ (အမျိုးအစား းအထူး၊ သက်ရောက်မှု း ၂၄ နာရီ တိကျတဲ့ ထိုအချိန်အတောအတွင်း တွင် အကျိုးသက်ရောက်မှု ပြည့်ဝသော စိတ်နှစ်မြှုပ်နိုင်သည့်လေ့လာနိုင်စွမ်းကို ရရှိမှာဖြစ်သည်။ စာဖတ်နေစဉ်တွင် လျှို့ဝှက်ဆန်းကြယ်ကာဆရာကျ ကျွမ်းကျင်တတ်မြောက်သည့် ဗဟုသုတတွေကို ပိုင်ဆိုင်သွားမှာဖြစ်၏။ )] 


[လုပ်ငန်းဆောင်တာ ၃ ပညာသင်နှစ်ကို စာတမ်း တွေနဲ့ စတင်လိုက်ပါ

ရှင်းပြချက်း စာတမ်း ဆိုတာက ပညာတတ်တစ်ယောက်ရဲ့ ကျောရိုးဖြစ်သည်။ ကျောင်းသားတစ်ယောက်အဖို့  စာတမ်း ကို ရေးသားနိုင်ပေမယ့် အောင်မြင်လိမ့်မည်တော့မဟုတ်ပေ။ သို့ရာတွင် စာတမ်း မရေးနိုင်တဲ့ကျောင်းသားတစ်ယောက်ဟာဆိုရင်လည်း အောင်မြင်လိမ့်မည်မဟုတ်ပေ။ စနစ်ကို ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ငြင်းဆိုခြင်းမပြုရ။ စနစ်ဟာ အမြဲတမ်းမှန်ကန်သည်။ သိပ္ပံပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုကို တရားဝင်ထုတ်ဖော်ရေးသားပြီး သင့်ရဲ့ ပညာသင်နှစ် အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင်လိုက်ပါ


လိုအပ်ချက်း သိပ္ပံပညာရပ်ဆိုင်ရာ စာတမ်း ကို ပုံနှိပ်ထုတ်ဝေပါ။


ဆုလာဘ်း ဘာသာရပ်အတွေ့အကြုံအမှတ် (စာတမ်းရဲ့ တန်ဖိုးအမှတ်အနည်းဆုံး 100 စတင်၍ တွက်ချက်မည်ဖြစ်သည်)။ အထွေထွေအမှတ် 200 မဲနှိုက်ခွင့်လက်မှတ်တစ်စောင်(95 ရာခိုင်နှိုင်း အမှိုက်၊ 5 ရာခိုင်နှုန်း နမူနာပုံစံ)]


 လုကျိုး ထိုနောက်ဆုံး လုပ်ငန်းကို ဖတ်ပြီးတာနဲ့ မျက်နှာအမူအရာက ကိုးရိုးကားယား ဖြစ်သွားတော့သည်။


 အတွေ့အကြုံအမှတ်တွေကို စာတမ်းရဲ့ တန်ဖိုးနဲ့ ဆုံးဖြတ်တာလား။ 


ကျိုးရဲ့အပရိုစီမေးရှင်း ကို သိပ္ပံပညာရပ်ဂျာနယ်ထဲထည့်မယ်ဆိုရင် သူအတွေ့အကြုံအမှတ်တော်တော်လေးရလောက်သည်။ 


ဒါတော်တော်လေးကောင်းတဲ့ကိစ္စပဲ။



rate now: