book

Index 5

အပိုင်း - ၅ (မဲမနှိုက်ခင် မျက်နှာအရင်သစ်ပါ)

စာကြည့်တိုက်သည် ညဆယ်နာရီတွင် ပိတ်သည်။ ထိုအချိန်ဟာ လုကျိုးအတွက် အဆင့်မြင့်အယ်ဂျီဘရာနှင့် C ဘာသာရပ်၏ငါးကြိမ်မြောက်ထုတ်ဝေခြင်းစာအုပ် တို့ကို လေ့လာဖို့ အချိန်လုံလောက်သည်။ 


စာကြည့်တိုက်မှပြန်လာသည့် လမ်းတစ်လျှောက်တွင် လုကျိုးဟာ လုပ်ငန်းဖန်သားပြင်ကို ကြည့်လိုက်လေရင်း ကိုးနာရီသာ ကျန်ရှိတော့တာကို သိလိုက်ရလေသည်။ သူတော်တော်လေး စိတ်ပျက်သွားရ၏။ ဆယ့်ငါးနာရီက အလကားသက်သက် ကုန်ဆုံးသွားသလိုတောင် သူခံစားမိလိုက်သေးသည်။ အချိန်ကုန်တာ အရမ်းမြန်လွန်းလှ၏။ ဖတ်စာအုပ်တွေဖတ်ရတာဟာ ထိုမျှ အချိန်မြန်မြန်ကုန်စေမယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့ဘူးပါချေ။ တစ်နေ့လုံးစာလေ့လာပြီးသည့်နောက် သူ တစ်စုံတစ်ရာကို လေ့လာမိလိုက်သည်။


သူစာအုပ်တစ်အုပ်ကို ဖတ်ပြီးသည့်အခါ ထိုစာအုပ်ရဲ့တန်ဖိုးက ဂဏန်းတစ်လုံးစာလျော့သွားတတ်သည်။ ဒါတင်မဟုတ်ဘဲ အခြားအလားတူတဲ့စာအုပ်ရမှတ်တွေကလည်း ဂဏန်းတစ်လုံးစာစီ လျော့သွားတာမျိုး ဖြစ်တတ်ပေသည်။ အခြားနည်းနဲ့ပြောရမည်ဆိုလျှင် အရင်က အရမ်းနိမ့်ခဲ့သည့် စာအုပ်ရမှတ်များ သို့မဟုတ် သုံညသာရရှိခဲ့သည့်စာအုပ်တွေကတော့ အတိုင်းအတာတစ်ခုအထိ ဂဏန်းတွေတိုးလာခဲ့သည်။ ဥပမာအနေနဲ့ ခေတ်သစ်ခွဲခြမ်းစိတ်ဖြာခြင်း၏ ဒီဒုန်းအခြေခံအုတ်မြစ်စာအုပ်ဟာဆိုရင် မတိုင်မီက ဆယ်မှတ်သာရှိခဲ့သည်။ သို့သော် လက်ရှိအချိန်တွင်တော့ အမှတ်သုံးဆယ်ဖြစ်နေခဲ့ပေပြီ။ သူအိမ်ကို လမ်းလျှောက်ပြန်လာနေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒီသင်္ချာဆိုင်ရာအဆင့်က ၀ ကနေ ၁ကို ဘာလို့တက်သွားလဲဆိုတာကို သူ တစ်ချိန်လုံးစဉ်းစားနေဆဲဖြစ်သည်။


သူကအရာရာကို ထိုးထွင်းသိမြင်ဉာဏ် ပိုင်ဆိုင်သွားတာလား။ 


မေးခွန်းကို မြင်တာနဲ့အဖြေကို ချက်ချင်းတန်းသိပြီးတော့ ဖြေရှင်းနိုင်တော့မှလား။


 သူ့ရဲ့ ဦးနှောက်တစ်ခုလုံးမှာ သူတောင်မှ မသိခဲ့ဖူးတဲ့ ဗဟုသုတတွေနဲ့များ ပြည့်သွားခဲ့ပြီလား။ 


သူက ဒဏ္ဏာရီထဲမှာသာ ရှိခဲ့တဲ့ သင်္ချာပညာရှင် ချန်းကျင်းယန်လိုမျိုး ဖြစ်သွားခဲ့ပြီလား။


 လုကျိုးဒီအကြောင်းကို တွေးမိတဲ့အခါမှာတော့ စိတ်လှုပ်ရှားရမယ့်အစားတုန်လှုပ်ခြင်းသာ ဖြစ်ပေါ်လာခဲ့သည်။


 လူသားတွေရဲ့ ဦးနှောက်ဟာ အကန့်အသတ်ရှိသည်။ ဦးနှောက်ဟာ 2TB လောက်အထိ အချက်အလက်တွေကို သိုလှောင်နိုင်စွမ်းမရှိဘဲ 1TB hard drive လောက်သာ သိုလှောင်နိုင်စွမ်းရှိပေသည်။ သူ စိုးရိမ်တာက ဒီစနစ်က အလွန်အကျွံထည့်သိပ်မှုကြောင့် သူ့ဦးနှောက်ပေါက်ကွဲသွားမှာကိုဖြစ်သည်။


 [အဆင့်မြင့်သင်္ချာဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း: 100 မှတ်၊ မြင့်မားသောသင်္ချာဆိုင်ရာ ထုတ်ဝေမှုစာအုပ်: 100မှတ်၊ C ဘာသာရပ်၏ငါးကြိမ်မြောက်ထုတ်ဝေခြင်း: 100မှတ်၊ နီကယ်စကိုင်း သင်္ချာဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း၏ဘာသာပြန်စာအုပ်:57 မှတ်၊ အဆင့်လေးအင်္ဂလိပ်စာအသေးစိတ်ရှင်းလင်းချက်: 0မှတ်နဲ့ အားလုံး အမှတ်ပေါင်းလိုက်မယ်ဆိုရင်တော့357 မှတ်အဆင့် B+ကို ရရှိမှာဖြစ်ပါတယ်။]


 [ လုပ်ငန်း၏ဆုလဒ်: သင်္ချာအတွေ့အကြုံအမှတ်500၊ သိပ္ပံအချက်အလက်ဆိုင်ရာအမှတ် 100၊ အထွေထွေအမှတ်100နဲ့ တစ်ခါမဲနှိုက်ခွင့်ကို ရရှိမှာပါ။ (90 ရာခိုင်နှုန်း အမှိုက်၊ 9 ရာခိုင်နှုန်း နမူနာပုံစံ၊ 100 ရာခိုင်နှုန်း ကွက်တိပါမယ့် မေးခွန်းပုံစံ)]


နောက်ထပ်တစ်ရက်လောက်စာကြည့်တိုက်ထဲမှာ နာကျင်ပင်ပန်းစွာနဲ့ စာအုပ်တွေဖတ်ပြီးနောက်မှာတော့ လုကျိုးရဲ့ ပထမဆုံးလုပ်ငန်းက ပြီးဆုံးသွားခဲ့သည်။


 ဂုဏ်ယူပါတယ်။


 လုကျိုး သူ့ကိုယ်သူ ဟိန်းဟောက်လိုက်၏။ လုကျိုး စာကြည့်တိုက်ထဲမှ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်။ သူက လူရှင်းကာ စောင့်ကြည့်ကင်မရာတွေလည်းမရှိသည့် ဘတ်စကတ်ဘောစကားကွင်းနားသို့သွားလိုက်သည်။အနားမှာ ဘယ်သူမှ မရှိတာသေချာအောင်စစ်ဆေးပြီးမှသာ အသက်ပြင်းပြင်းရှူလေရင်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်စာမျက်နှာကို ဖွင့်လိုက်လေတော့သည်။


 [အဆင့်မြင့်အဆင့်စနစ်

ပိုင်ရှင်:လုကျိုး

အမြူတေသိပ္ပံ:

A.သင်္ချာပညာ:အဆင့်သုံည(500/1000)

B.ရူပဗေဒ:အဆင့်သုံည(0/1000)

C.ဇီဝဗေဒ:အဆင့်သုံည(0/1000)

D.အင်ဂျင်နီယာပညာ:အဆင့်သုံည(0/1000)

E.ရုပ်ဝတ္ထုသိပ္ပံ:အဆင့်သုံည(0/1000)

F.စွမ်းအင်သိပ္ပံ:အဆင့်သုံည(0/1000)

G.အချက်အလက်သိပ္ပံ:အဆင့်သုံည(100/1000)

နည်းပညာအချက်အလက်:မရှိ

နည်းပညာအသေးစိတ် စီမံချက်ပုံကြမ်း:မရှိ

အထွေထွေအမှတ်:100(မဲနှိုက်ခွင့်လက်မှတ်နှစ်စောင်)

လုပ်ငန်း:မရှိ] 


လုကျိုးဟာ သူအဆင့်မတက်သေးတာကိုမြင်တော့ စိတ်ပျက်သွားရပေမယ့်လည်း မဲနှိုက်ခွင့် လက်မှတ်နှစ်စောင်ရှိနေတာကိုမြင်တော့လည်း ထိုစိတ်ပျက်မှုတွေအားလုံး ချက်ချင်းပျောက်ကွယ်သွားရပေသည်။


ဒီအဆင့်မြင့်စနစ်က သူ့ကို ဘာဆုများပေးလောက်လဲ။


 သူ့ရဲ့စူးရှတဲ့မျက်လုံးတို့က ထိုဆုလာဒ်ကို ကြည့်ချင်စိတ်ပြင်းပြနေခဲ့ပြီ။ လက်မှတ်နှစ်စောင်ကလည်း အမျိုးမျိုးသော သက်ရောက်မှုတွေရှိလောက်သည်။ 


ပထမလုပ်ငန်းမှရရှိတဲ့ လက်မှတ်တစ်စောင်ကတော့ 75 ရာခိုင်နှုန်း အမှိုက်ပါနိုင်ချေရှိပြီး19 ရာခိုင်နှုန်း နမူနာပုံစံနဲ့ 5ရာခိုင်နှုန်း အသေးစိတ်တိကျတဲ့ နမူနာပုံစံပိုင်ဆိုင်ရန် ရှိပေသည်။


နမူနာပုံစံဆိုတာက မည်သည့်အရာများဖြစ်နိုင်သည်လဲ လုကျိုးမသိပါချေ။ သို့ရာတွင် ဒါက စနစ်မှပေးတဲ့ အမျိုးအစားဖြစ်လို့ သေချာပေါက်ကစားစရာကားတွေနဲ့ ရေသေနတ်တွေတော့ မဟုတ်လောက်နိုင်ပေ။ ဒါကအဆင့်မြင့်စနစ်နဲ့ ဆက်သွယ်နေတဲ့ အရာဖြစ်ကာ သူပြောသည့်အမှိုက်ဆိုတာကလည်း တကယ့်လူတွေရဲ့ အမှိုက်နဲ့ကွဲပြားခြားနားမယ်လို့တော့ သူထင်သည်။ 


 အနည်းငယ်သာ အဆင့်မြင့်ရုံနဲ့ လုံလောက်ပေသည်။ သူက ကြယ်သင်္ဘောတစ်ခုတောင်ရနေရင်တောင်မှ ပါကင်ထိုးထားစရာ နေရာလပ်အာကာသပြင်လည်း မပိုင်ဆိုင်ထားပေ။ဒါ့အပြင် သူ သုံးလည်း သုံးတတ်မည်မဟုတ်။ 


သူ ပိုးကောင်ဖြန်းတဲ့ စပရေးဗူးလိုမျိုးတော့ မရလောက်ပါဘူးနော် ဟုတ်တယ်မလား။ 


သူ့အတွေးတွေကို ခေါင်းထဲမှာ ရှင်းထုတ်လိုက်လေရင်း စတင်မဲနှိုက်ဖို့ကြိုးစားလိုက်သည်။ သူက လုပ်ငန်းရဲ့ ဆုလာဒ်ဆိုသည့်နေရာမှ မဲလက်မှတ်ဆိုသည့်နေရာကို နှိပ်လိုက်သည်။


 “စကြစို့”


 ထိုအခါ သူ့ရဲ့ မျက်စိရှေ့တွင် လှည့်လို့ရတဲ့ ဘီးလေးပေါ်လာလေသည်။ လုကျိုးက ထိုစာတန်းတွေကို ဝေဝေဝါးဝါးအရောင်ဖြင့်သာ မြင်ရသည်မို့ စာသေချာ ဖတ်နိုင်စွမ်းမရှိပါပေ။ သူ အသက်ပြင်းပြင်းသာ ရှူလိုက်လေရင်း ထိုဘီးလေးကိုကိုင်ကာ လှည့်လိုက်တော့သည်။


ရုတ်တရက် သူ့ဦးနှောက်က  မြင့်တက်သွားသလို ခံစားလိုက်ရလေရင်း သူ့ရဲ့မသိစိတ်က ခံစားချက်ကြောင့် ရုတ်တရက် အော်လိုက်မိသည်။


 “ရပ်တော့” 


ထိုလှည့်တဲ့မဲနှိုက်ပြားလေးမှာ မြှားဟာ စက္ကန့်အနည်းငယ်ကြာမှသာ ရပ်တန့်သွားခဲ့သည်။


[ဂုဏ်ယူပါတယ်၊ သင်အမှိုက်ဆုကို ရသွားပါပြီ]


 [ဒါက ကုတ်သံဗူးတစ်ဗူးပါ စိတ်မပျက်ပါနဲ့ ကျေှးှဇူးပြုပြီးဆက်ကြိုးစားပါအုံး] 


သေစမ်း။စနစ်ကို ကျိန်ဆဲနေတာက အသုံးမဝင်ချေ။ ဒီထဲမှာ အသုံးဝင်တဲ့ပစ္စည်းတွေရှိလိမ့်မယ်လို့သူတကယ်ကို တွေးမိခဲ့တာပင်။ 


ထို့နောက်အထွေထွေအမှတ်ဘေးနားတွင်[ကုတ်(အမှိုက်)] ဆိုတဲ့ဟာလေးကို တွေ့လိုက်ရသည်။ လုကျိုးချက်ချင်းပင်နေရာလပ်ဒေသမှ ထွက်ခွာလိုက်သည်။


သူနားမှာ ဘယ်သူမှမရှိတာသေချာအောင်စစ်ဆေးပြီးမှသာ ထပ်မံစစ်ဆေးလိုက်၏။ ထို့နောက် လက်ဖြန့်လိုက်ပြီး စတင်တွေးတောလိုက်သည်။ 


ကုတ် ကုတ် ကုတ် ကုတ် 


မည်သည့်သတိပေးချက်ကိုမှ လက်ခံမရရှိဘဲသူမျက်လုံးဖွင့်လိုက်တာနဲ့ လက်ထဲမှာ ကုတ်ဗူးက ရောက်ရှိနေခဲ့ပြီ။ ထိုတစ်ခဏတွင်တော့ သူ့ရဲ့ မျက်နှာအမူအရာက ဖော်ပြလို့ပင် ခက်ခဲတဲ့ အဆင့်ကိုရောက်သွားလေသည်။


 သေစမ်း။ 


စကြာဝဠာကြီးထဲက ဝိရောဓိတွေတည်ရှိနေမှန်း သူခံစားမိသည်။ လောကရဲ့နိယာမတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့အစည်းတွေတောင်မှ မမျှော်လင့်ထားတဲ့ စိန်ခေါ်ခြင်းတွေကို ရင်ဆိုင်ရနိုင်သေးသည်။ သို့ပေမယ့် သူ့လက်ထဲက ကုတ်သံဗူးနဲ့ ပတ်သက်ပြီး ဒီရူပဗေဒဆိုင်ရာ စည်းမျဉ်းတွေအရ သူ့လိုမျိုး ခေတ်သစ်က လူတစ်ယောက်တောင်မှ ဖြေရှင်းပြဖို့ရာခက်ခဲသည်။ 


လုကျိုး ဘယ်လိုပြောရမှန်းပင် မသိတော့။


 ဖြစ်နိုင်တာက သူအဆင့်တစ်ဆယ်အထက်ကိုရောက်မှများ ဒီအဆင့်မြင့်နည်းပညာကြီးကို နားလည်နိုင်မှာများလား။


ထိုကုတ်ဗူးကို မြင်ရပြီးသည့်နောက် နောက်ဆုံးတွင်တော့ သူ စိတ်တည်ငြိမ်သွားခဲ့ပြီ။ ဒီစနစ်ဆိုတာက သူ့ရဲ့စိတ်ကူးယဉ်သက်သက် ဟုတ်မနေခဲ့ပေ။ ထိုအရာက အစစ်အမှန်ဖြစ်၏။ သူ့ရဲ့ ကိုယ်ပိုင်ဦးနှောက်တွေမကဘဲ သူ့ရဲ့လက်နဲ့ပါ ထိတွေ့နိုင်စွမ်းရှိသည့် အရာတစ်ခုဖြစ်နေခဲ့သည်။


ထိုအချိန်ခဏတွင်တော့ လုကျိုးအခြားအရာတွေကို တွေးတောမနေတော့ပေ။ သူကသံဗူးကို ဖောက်ဖွင့်လိုက်ပြီး အလုတ်ကြီးကြီးမော့သောက်ပလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။


“အာ” 


ဒါကို အဆင့်မြင့်စနစ်က အမှိုက်ဆုလို့ ဆိုလိုပေမယ့် အရသာကတော့ အတော်လေးကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်သည်။ လုကျိုးက ပုံမှန်အတိုင်းဆိုရင် ဒီလို ဆိုဒါတွေ မသောက်တတ်ပေမယ့် အခုအခါမှာတော့ အဆက်မပြတ် ကုန်အောင်မော့သောက်လိုက်မိသည်။


“အနာဂတ်လား ဒါက အနာဂတ်လို့ခေါ်တဲ့ ကုတ်ဘရန်း တစ်ခုလား ဘာပဲဖြစ်ဖြစ်ပါ ဘယ်သူက ဂရုစိုက်မှာလဲ”


 လုကျိုးခေါင်းခါလိုက်ရင်း ကုန်သွားတဲ့သံဗူးကို အမှိုက်တောင်းထဲ ပစ်ထည့်လိုက်သည်။ ထိုသံဗူးကို သူအသေအချာ လေ့လာခဲ့ပေမယ့် ဒါက သာမန် အလူမီနီယမ်နဲ့ လုပ်ထားတဲ့ သံဗူးတစ်ခုဖြစ်ကြောင်းသာ သိလိုက်ရသည်။ အရသာက လူတွေကို စိတ်ကျေနပ်စေရုံကလွဲပြီး ဘာမှ ထူးခြားတဲ့ အချက်အလက်တွေမပါရှိပေ။သံဗူးပုံစံကိုက ရှေးကျနေသေးသည်။

ထိုသံံဗူးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြန်လည်အသုံးပြုနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။


 လုကျိုးအနီးအနားတွင်ရှိသည့်ရေပိုက်ခေါင်းမှ မျက်နှာကိုဆေးကြောလိုက်သည်။ ထို့နောက်အရိပ်အာဝါသရသည့်နေရာတွင် ထိုင်ချလိုက်ပြီး စနစ်ထဲသို့ ထပ်မံဝင်ရောက်လိုက်သည်။ ဒါကနောက်ဆုံးအကြိမ် မဲနှိုက်ရမယ့် အခွင့်အရေးဖြစ်သည်။ သူအသက်ပြင်းပြင်းရှူလိုက်၏။


 လောင်းကစားသမားလိုမျိုး သူ့ရဲ့မျက်လုံးတွေက နီရဲလာကာ လှည့်သည့်ခလုတ်ကို ဖိနှိပ်လိုက်တော့သည်။


 “စကြစို့” 


“ရပ်တော့”


 မြှားလေးက နှေးကွေးစွာဖြင့် ရပ်တန့်သွားခဲ့တဲ့အချိန်တွင် လုကျိုးရဲ့ နှလုံးခုန်သံံကလည်း မြန်နေခဲ့ကာ လည်ချောင်းတွေကလည်း ခြောက်ကပ်လာခဲ့ပြီ။ မြှားလေးရပ်တန့်သွားတာနဲ့ လုကျိုးနှလုံးခုန်သံလည်း ရပ်တော့မလိုဖြစ်လာ၏။


 [ဂုဏ်ယူပါတယ် သင် အသေးစိတ်စီမံချက်ကို ရရှိသွားပါပြီ]


လုကျိုး ပီတိဖြစ်သွား၏။ 


ဒါတွေအားလုံးက သူမျက်နှာသစ်လိုက်လို့ ကံကောင်းသွားတာပေါ့။


 5 ရာခိုင်နှုန်းသာ ဖြစ်ပေမယ့်လည်း သူကံကောင်းစွာနဲ့အနိုင်ရသွားသည်။


 [အသေးစိတ်စီမံချက်ဆုလာဒ်-မာဆယ်သုဒ္ဓကိန်းတို့ရဲါဖြန့်ဝေခြင်းအတွက် ဖော်မြူလာနှင့်သက်သေပြချက် ကိုရရှိသွားပါပြီ]


 လုကျိုးဆွံ့အသွားရပြီ။



rate now: