book

Index 3

အပိုင်း - ၃ (စစ်မှန်တဲ့ပါရမီရှင်က ဒီလိုကိစ္စတွေနဲ့ အချိန်မဖြုန်းဘူး)

“လုပ်ငန်းစမယ်” 


လုကျိုးမျက်လုံးမှိတ်လိုက်ကာ ထိုစကားတို့ကိုခပ်တိုးတိုးရေရွတ်လိုက်သည်။ သူပြောလိုက်သည်ကမလုံလောက်မှာဆိုးလို့နောက်ထပ်နှစ်ကြိမ်တောင်ထပ်ပြောလိုက်သေးသည်။ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင်တော့ သေးငယ်သောဖောက်ထွင်းမြင်ရသည့်စာသားအချို့သူ့ရှေ့တွင်လေထဲမျောနေတာကိုတွေ့ရသည်။


 [တာဝန်စတင်ပြီ။ လက်ရှိအချိန်..သုညနာရီ။ စာကြည့်တိုက်ထဲကထွက်ခွာသည်နှင့် အချိန်ကရပ်တန့်သွားမှာဖြစ်ပါတယ်] 


လုကျိုးထိုစာတန်းတွေကိုမြင်လိုက်သည့်အခါမှာတော့ ရုတ်တရက်ထွက်ပေါ်လာသည်မို့ ကြောင်အသွားသေးသည်။ သူပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူ့အနားတွင်လျှောက်လာနေတဲ့ ကျောင်းသားတစ်ယောက်ကိုတွေ့ရသည်။


 ထိုကျောင်းသားက ထိုစာတန်းလေးကို ဖြတ်လျှောက်သွားတာကိုတွေ့လိုက်ရတော့မှသာ သူသက်တောင့်သက်သာဖြစ်သွားတော့သည်။


 ကြည့်ရတာ သူကလွဲပြီးဘယ်သူကမှဒီစနစ်ရဲ့စကားတွေကို မြင်ရတဲ့ပုံမရှိဘူး။


 စာကြည့်တိုက်ထဲမှာစာအုပ်တွေ နှစ်ဆယ့်လေးနာရီပြည့်အောင်ဖတ်ရရုံနဲ့ ဒီလုပ်ငန်းပြီးသွားတယ်ဆိုတာကတော့ တော်တော်လေးကောင်းတာပဲ။ ဟုတ်တယ်မလား။ 


လုကျိုး သချာင်္စာအုပ်တွေထားတဲ့အတန်းဘက်သို့လျှောက်သွားလိုက်လေရင်း ဒီထက်ပိုကောင်းတဲ့အလုပ်မရှိလောက်ဘူးလို့တွေးလိုက်မိသည်။ သူကစာအုပ်တွေကထိပ်စီးပိုင်းတွေသာအရင်လိုက်ဖတ်နေလေရင်း number lables ပါတဲ့စာအုပ်တွေကိုသတိပြုမိလိုက်သည်။ ထပ်ပြောရရင်ထို number lables လို့ရေးထားတဲ့ အရောင်ကိုက ပုံသဏ္ဍန်အမျိုးမျိုးနဲ့ဖြစ်သည်။ 


အချို့နံပါတ်တွေက ကြီးရာမှသေးသွားပြီး အချို့အရောင်တွေကတော့ နီရာမှမီးခိုးရောင်ပြောင်းသွားသည်။


 [Di Donne’s foundation of modern analysis, 10]


 [Linear-algebra(Greub,0)] 


[New Mathematical Analysis Lectures,100]


 […] 


ဘာတွေလဲဟ လုကျိုးရုတ်တရက် ဒီတာဝန်နံပါတ်သုံးရဲ့ဆုလဒ်တွေကို ပြန်တွေးမိလိုက်သည်။ ဖတ်တဲ့စာအုပ်ရဲ့အရည်အသွေးပေါ်မူတည်ပြီး အတွေ့အကြုံအမှတ်တွေရမယ်ဆိုတာကိုလည်း သူသတိရမိ၏။ အခြားနည်းနဲ့ပြောရရင် သူဒီစာကြည့်တိုက်ထဲမှာနေပြီး စာအုပ်တွေဖတ်ဖို့သာလိုလေရာ အနည်းဆုံးအနေနဲ့ မဲနှိက်ဖို့လက်မှတ်တစ်စောင်ရဦးမည်ဖြစ်သည်။


 စစ်မှန်တဲ့ပါရမီရှင်တစ်ယောက်က ဘယ်တော့မှအချိန်တွေကို စာကြည့်တိုက်မှာပဲဖြုန်းမနေဘူးလေ။ 


လုကျိုးဒီအကြောင်းကိုတွေးမိတော့တံတွေးတစ်ချက်မြိုချလိုက်မိသည်။ သို့ရာတွင် သူနားမလည်တဲ့အချက်တစ်ချက်လည်းရှိနေသေးသည်။ 


ဘာလို့အဆင့်မြင့်သချာင်္ဖတ်စာအုပ်တွေအားလုံးက အမှတ်နည်းနေပြီး အခြေခံသချာင်္ဖတ်စာအုပ်တွေအားလုံးက အမှတ်အရမ်းများနေရတာလဲ။ 


အထူးသဖြင့် “Di Donne’s foundation of morden analysis” ကတစ်နင့်တစ်ပိုးမှတ်ချက်ကောင်းတွေရထားပြီး သူ့ရဲ့ဆရာကိုယ်တိုင်က ဖတ်ကိုဖတ်ရမယ်ဆိုပြီး ပြောပြပေးထားတဲ့စာအုပ်ဖြစ်သည်။ ထိုဖတ်စာအုပ်က ကျောင်းသူကျောင်းသားတွေနားလည်ဖို့ အရမ်းခက်ခဲတယ်လို့ဆိုကြ၏။ ထိုစာအုပ်ကိုဖတ်ဖို့အတွက်အရင်ဆုံး အစစ်အမှန်နဲ့ယေဘူယျလုပ်ငန်းဆောင်တာတည်ဆောက်ပုံတွေကို အရင်နားလည်ထားရမယ်လို့ဆိုကြသည်။ 


သူရုတ်တရက်သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာစာမျက်တွင် သူ့ရဲ့သချာင်္အဆင့်ရလဒ်က သုညဖြစ်နေတာကိုသတိရလိုက်သည်။ သူချက်ချင်းပဲကြက်သေသေသွားရ၏။ 


မအံ့သြတော့ပါဘူး။ ဒီရမှတ်တွေဆိုတာက သူ့ရဲ့လက်ရှိဗဟုသုတအပေါ်မူတည်ပြီးဖြစ်လာတာမဟုတ်ဘူးလား။


 ထိုရမှတ်တန်ဖိုးတွေဟာ နှစ်မျိုးနှစ်စားရှိသည်။ ဥပမာRemann’s conjecture ကိုပဲ ဥပမာအနေနဲ့ယူကြည့်လိုက်ပါ။ ထိုစာအုပ်ကို စာသင်သားလောကတွင် ထောင်ကျော်တဲ့ Mathematical theories တည်ဆောက်ပုံတွေအားလုံးက ဒီ Remann’s conjecture ကိုပဲ အခြေခံအုတ်မြစ်ယူရတာဖြစ်သည်။ ထိုစာအုပ်ရဲ့တန်ကြေးက ဒါကြောင့်အလွန်မြင့်မားနေခြင်းဖြစ်၏။


 သို့ရာတွင်လုကျိုးအတွက်တော့ ထိုစာအုပ်ကိုနားလည်ဖို့က အလွန်ကိုခက်ခဲလေရာသူ့ရဲ့သင်ယူလေ့လာရေးအတွက်လည်း အကူအညီမဖြစ်စေပေ။ ဒါ့ကြောင့်ရမှတ်က သုညဖြစ်သည်။ ဒီရမှတ်တန်ကြေးတွေအကြောင်းနားလည်သဘောပေါက်ပြီးသည့်နောက် တုန့်ဆိုင်းမနေတော့ပဲ 

“New Mathematical Analysis Lectures” ကိုပဲယူလိုက်တော့သည်။ 


သူ့ရဲ့Mathematical Analysis စာမေးပွဲက နှစ်ပတ်အတွင်းဖြစ်သည်။ အချို့ခက်ခဲတဲ့အကြောင်းအရာတွေကိုသူနားမလည်ဘဲရှိနေသည်မို့ ဒီတစ်ကြိမ်ကို တစ်ကျော့ပြန်တဲ့အနေနဲ့မှတ်ယူလို့ရသည်။ 


သူထိုင်ခုံတစ်လုံးရှာပြီးထိုင်ချလိုက်ကာ ထိုစာအုပ်ကိုစတင်ဖတ်တော့၏။ ရိုးရိုးသားသားပြောရရင် သူသချာင်္နဲ့ပတ်သက်ပြီးအရမ်းစိတ်နှစ်ပြီး တွက်ရခြင်းမျိုးကို သူသဘောမကျပါပေ။ သို့သော်အံ့အားသင့်စရာကောင်းသည်က ကိုယ့်ကိုယ်ကိုနှိပ်စက်သည့်အနေနှင့်ထိုစာအုပ်ဖတ်ရခြင်းမှာ သူနစ်မြုပ်သွားခြင်းပင်။ ဒါကစနစ်ရဲ့သက်ရောက်နိုင်စွမ်းကြောင့်လားတော့သူမသိ. သို့သော်သူ့ရဲ့စိတ်အခြေအနေက သိပ်မကြာခင်အချိန်မှာပင် ချက်ချင်းပင်အာရုံအပြည့်ဝင်စားသည့်အခြေအနေသို့ရောက်သွားလေသည်။ ဒါကြောင့်သူ့ပတ်ဝန်းကျင်ရှိသည့်အရာအားလုံးကိုတောင်သူမေ့လျော့သွားရ၏။ သူ့ရဲ့လောကတွင်သူနဲ့ထိုစာအုပ်သာရှိနေတော့သလို ခံစားလိုက်ရသည်။ 


အချိန်ကမည်သည့်အရာမှမတည်ရှိတော့သလိုမျိုး ထင်ယောင်မြင်ယောင်မိလာခြင်းဖြစ်လေသည်။ အချိန်တွေကနှေးကွေးစွာဖြင့် ကုန်ဆုံးသွားနေလေကာ စာကြည့်တိုက်တွင်လူတွေကလည်း နည်းသထက်နည်းလာလေသည်။ လုကျိုးကတော့ ဒါတွေကိုသတိမထားမိသည့်အတိုင်း စာကိုသာဂရုစိုက်ဖတ်နေခဲ့သည်။ သူကပင်လယ်လောက်များပြားလှသည့်ဗဟုသုတတွေထဲနစ်မြုတ်သွားတော့၏။ 


တစ်စုံတစ်ယောက်ကသူ့ပုခုံးကိုလာပုတ်လိုက်ကာ သူ့ရဲ့စာဖတ်ကာဇန်ဝင်နေသည့်အခြေအနေမှနိုးထလိုက်သည်။


 “ကျောင်းသား ဆယ်နာရီထိုးပြီ။ စာကြည့်တိုက်ပိတ်တော့မယ်”

ထိုစာကြည့်တိုက်မှူးကပြောသည်။ 


လုကျိုးသူဖတ်ပြီးသည့်နေရာသို့စာအုပ်မှတ်သည့်ကတ်လေးနဲ့ညှပ်လိုက်လေရင်းသူပြောလိုက်၏။


 “အိုး တောင်းပန်ပါတယ်။ ကျွန်တော်အချိန်ကိုမေ့သွားတယ်။ ကျွန်တော်အခုချက်ချင်းပဲသန့်ရှင်းပြီးပြန်လိုက်ပါမယ်”


 “အလောတကြီးဖြစ်စရာမလိုပါဘူး။ ငါဒီမှာလုပ်လာတာ နှစ်ပေါင်းများစွာကြာနေပြီ။ သချာင်္စာအုပ်မှာဒီလောက်အာရုံစိုက်နေတဲ့ ကျောင်းသားကိုမြင်ရတာဒါပထမဆုံးပဲ”

စာကြည့်တိုက်မှူးကပြောသည်။


 “ကျွန်တော်စာအုပ်နည်းနည်းငှားလို့ရမလားခင်ဗျာ။ ကျွန်တော်ဒီစာအုပ်လေးပဲ ငှားချင်တာပါ”

လုကျိုးပြောလိုက်သည်။


 သူက မတိုင်မီကအရမ်းကိုစိတ်နှစ်ခဲ့သည့်အခြေအနေကြောင့် သူ့ရဲ့အာရုံခံစားမှုက မပြည့်စုံသေးတဲ့အခြေအနေသို့ရောက်နေလေသည်။ သူ့ဘဝတွင် ထိုကဲ့သို့သချာင်္ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရသည်ကို ဘိန်းဆွဲသလိုဆွဲသွားမယ်မှန်း ဘယ်တုန်းကမှ မတွေးခဲ့ဘူးပါပေ။ သူကဝတ္ထုတွေဖတ်ရတာကြိုက်ပေမဲ့ ထိုအရာက ဖတ်စာအုပ်တော့ မဟုတ်ခဲ့ချေ။ နောက်ပြီး ထိုဝတ္ထုတွေမှာလည်းသချာင်္နဲ့ပတ်သတ်ပြီး လူနေမှုဘဝတွင်ပါဝင်ခဲ့ခြင်းမျိုးမရှိခဲ့။


စာကြည့်တိုက်မှူးက သူဘယ်လောက်ယဉ်ကျေးတယ်ဆိုတာကိုမြင်တော့ ချိုသာစွာပြောသည်။ 


“အဆင်ပြေပါတယ်။ သွားပြီးတော့မင်းလိုချင်တာရှိရင် ထပ်ပြီးတော့ယူလိုက်ပါဦး ကွန်ပျူတာက ဖွင့်ထားတုန်းပဲဆိုတော့ ငါမင်းကို နာမည်မှတ်ထားပေးလို့ရတယ်။ စာကြည့်တိုက်ကဒ်ရောယူခဲ့လား”


 လုကျိုးချက်ချင်းခေါင်းငြိမ့်လိုက်သည်။

 “ ကျွန်တော်ယူခဲ့ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”


 “စိတ်ပူဖို့မလိုပါဘူး”


 လုကျိုးထိုစာအုပ်ကို လွယ်အိတ်ထဲထည့်လိုက်ရင်း ချက်ချင်းပင်စာကြည့်တိုက်မှထွက်လာခဲ့သည်။ သူကသုံးဖက်မြင်ဖန်သားအကွက်လေးကိုဖြတ်ကျော်သွားသည့်အခါမှာတော့ ထိုလုပ်ငန်းအချိန်သတ်မှတ်ခြင်းက ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် လုကျိုးရဲ့အာရုံစိုက်မှုကတော့ ထိုတွင်ရှိမနေခဲ့။ 


 သူကအချိန်တစက္ကန့်လေးပင်မဖြုန်းချင်ခဲ့။ သူချက်ချင်းပဲအဆောင်သို့ပြန်ရောက်ပြီး ထိုမှော်ဆန်လွန်းလှသည့် စာဖတ်ခြင်းအတွေ့အကြုံကို ဆက်လက်နစ်ဝင်ချင်မိပေသည်။ သူအဆောင်သို့ပြန်ရောက်သွားခဲ့ကာ အခြားအခန်းဖော်နှစ်ယောက်ကပြန်ရောက်နေကြပြီး league of legends ကိုဆော့နေတာကိုတွေ့လိုက်ရသည်။ 


ဟွမ်ကွမ်းမင်က တံခါးဖွင့်သံကိုကြားလိုက်ရတော့ ချက်ချင်းပင်သူ့ရဲ့အခန်းဖော်တွေက အပြင်းအထန်ဂိမ်းကစားနေရာမှရပ်ကာ ခေါင်းမလှည့်ဘဲပြောလိုက်သည်။


 “ရဲဘော်ကျိုး မင်းကောဝင်ပါဦးမလား” 


 ထိုဝင်ပါဦးမလားဆိုတဲ့စကားကိုကြားလိုက်ရတော့ သူကစားနေသည့်ဂိမ်းထဲသို့ဆော့ဦးမလားဟု မေးခြင်းဖြစ်ကြောင်းသိလိုက်သည်။ 


“အခုတော့မဟုတ်သေးဘူး။ ငါလုပ်စရာကိစ္စနည်းနည်းရှိနေသေးတယ်။ မင်းတို့ကောင်တွေပဲဆော့တော့ ဟုတ်ပြီလား” 


ရွီရှန်းထန်က ပြိုင်ဘက်ရဲ့ကျောကုန်းကိုဖိတွန်းလိုက်လေရင်း ဆက်လက်တိုက်ခိုက်နေသည်။ ထိုသို့လုပ်လျက်ပင်သူကနောက်ပြန်လှည့်ကြည့်ကာ လုကျိုးက ထိုင်ချလိုက်ပြီး သူ့ရဲ့ကျောပိုးအိတ်ထဲက ဖတ်စာအုပ်ထုတ်လိုက်တာကိုတွေ့လိုက်ရသည်။ သူချက်ချင်းပဲအော်ဟစ်လိုက်တော့၏။ 


“သေစမ်းလုကျိုး မင်းဘယ်အချိန်တုန်းက စာလုပ်ရတာကို ဒီလောက်ချစ်သွားတာလဲ။ "


လျှိုးလွေ့လဲ လုကျိုးစာဖတ်နေတယ်ဆိုတဲ့အသံကိုကြားတော့ချက်ချင်းပင်ခေါင်းလှည့်ရင်း လုကျိုးရှိရာစားပွဲသို့ကြည့်လိုက်သည်။ 


လုကျိုးရယ်လိုက်၏။ သူဖြစ်နေတဲ့အကြောင်းအရာကိုရှင်းပြဖို့က ခက်ခဲပေသည်။ 


“သိပ်မကြာခင်အချိန်မှာ ငါတို့စာမေးပွဲရှိတယ်မဟုတ်ဘူးလား။ ငါနားမလည်တဲ့အကြောင်းအရာတွေတော်တော်များနေလို့လေ။ အခုအချိန်သာ ငါတကြော့မပြန်ဘူးဆိုရင် ငါအရမ်းနောက်ကျသွားလိမ့်မယ်။ မင်းတို့ကောင်တွေနဲ့အတူ စာမေးပွဲပြီးမှပဲ အတူကစားတော့မယ်”


 “သေအောင်ကြိုးစားနေလိုက် စာမေးပွဲပြီးမှပဲ မင်းပဲသေအောင်ကြိုးစား”


ဟွမ်ကွမ်းမင်က ကြောက်မက်ဖွယ်ကောင်းစွာဖြင့် သူ့ရဲ့mouseခလုတ်ကိုတဖျက်ဖျက်နှိပ်ရင်း သူ့ရဲ့တစ်ဖက်ရန်သူရဲ့towers ကိုဖြိုခွဲဖို့သာကြိုးစားလေတော့၏။ 


လုကျိုးရယ်လိုက်ရင်းထပ်မပြောတော့ပေ။ သူကသူစာမှတ်သည့်ကတ်ပြားလေးဖြင့်မှတ်ထားခဲ့သည့်စာမျက်နှာသို့သာတန်းလှန်လိုက်ကာ ဆက်ဖတ်လိုက်တော့သည်။


 ဆယ်စက္ကန့်ကုန်လွန်သွားခဲ့ပြီ။ 


ဆယ်စက္ကန့်ကုန်လွန်သွားခဲ့ပြီ။ 


ငါးမိနစ်ကုန်လွန်သွားခဲ့ပြီ။


 သူကသူ့နောက်ဘက်တွင်ရှိသည့်အနိုင်ရကြောင်းအသံတွေကိုကြားလိုက်ရသည်။ လုကျိုးစာစဖတ်သည်မှာနှစ်မျက်နှာပင်မကုန်သေးချေ။ ထိုအောင်နိုင်ခြင်းအကြောင်းတွေက သူ့နားထဲသို့ဝင်နေ၏။ 


“ဟားဟား  silver ကွ ငါအဆင့်တက်သွားပြီကွ”

ဟွမ်ကွမ်းမင်က မောက်မာစွာပြောလေရင်း ကုလားထိုင်နောက်မှီပေါ်မှီချလိုက်သည်။ 


“ငါမင်းကိုသယ်သွားလို့ပါ အမှိုက်ကောင်ရဲ့”

ရွီယွီရှန်းကလည်း သူ့ရဲ့ကုလားထိုင်နောက်မှီပေါ်မှီချလိုက်ရင်းအကြောဆန့်နေသည်။


 “မင်းငါ့ကိုသယ်သွားလို့မဟုတ်ပါဘူး။ ငါကအဲ့ဒီအမှတ်နဲ့လူကိုချက်ချင်းသတ်လိုက်လို့လေ။ ဒါကငါ့ရဲ့အံ့သြဖွယ်ကောင်းလွန်းတဲ့ neblanc ကြောင့်ပဲ”


 “အံ့သြဖွယ်ကောင်း ငါ့ရဲ့-င်ကိုပဲအံ့သြဖွယ်ကောင်း မင်းဒီအတိုင်းကံကောင်းသွားရုံပဲ။ မင်းကိုငရဲသစ်ကနေ ငါခေါ်လာခဲ့တာကိုမမှတ်မိတော့ဘူးလား။ အဲ့ဒီ silver ကိုမင်းရဲ့-င်ထဲပဲထည့်လိုက်။ မနေ့က ပထမဆုံးအနိုင်ရခဲ့တဲ့အကြောင်းမေ့သွားပြန်ပြီပေါ့” 


ဒီလိုနဲ့လုကျိုးအာရုံစိုက်လို့မရနိုင်တော့ချေ။ ဒါကသူ့ရဲ့အတန်းဖော်တွေစကားပြောနေလို့မဟုတ်ဘဲ သူကကိုယ်က ဖတ်စာအုပ်ထဲအာရုံမစိုက်ချင်သောကြောင့်ဖြစ်သည်။ သူ့ရဲ့လက်ရှိစိတ်အခြေအနေက ပုံမှန်စာလေ့လာနေကြအခြေအနေတိုင်းဖြစ်သွားခဲ့ပြီ။ သူဒီဖြစ်စဉ်ကိုဖြေရှင်း ဖို့အတွက် အနည်းငယ်တောင်မှအာရုံစူးစိုက်လို့မရတော့ချေ။


 စာကြည့်တိုက်တုန်းက ဖြစ်စဉ်နဲ့ယှဉ်ရင်တော့ လူတွေအားလုံးက လှုပ်ရှားနေ သွားလာနေတာတောင်မှ သူက အပြည့်အဝအာရုံစိုက်နိုင်စွမ်းရှိသည်။ လုကျိုးအသက်ပြင်းပြင်းရှူကာ “New Mathematical Analysis Lecture”စာအုပ်ကို ချလိုက်တော့သည်။ 


ဖြစ်နိုင်တာက ဒါကစနစ်ရဲ့စွမ်းအားကြောင့်များလား။


 league of legends အဖွဲ့ကတော့ တစ်ယောက်ယောက်က အဆင့်တူကိုရောက်နေတယ်လို့ပြောနေကြသည်။



rate now: