လျှို့လွေ့က မေးခွန်းတွေကိုလေ့ကျင့်နေရာက ချက်ချင်းပင်ရပ်တန့်ရင်းဘောပင်ကို ချလိုက်သည်။ ထို့နောက်အခန်းတံခါးကိုကြည့်လိုက်ပါ၏။ သူကဂရုမစိုက်သလိုမေးလိုက်သည်။
“ကျိုးဘာလို့ပြန်မလာသေးတာလဲ”
ဟွမ်ကွမ်းမင်က အိပ်ရာပေါ်တွင်ထိုင်နေရင်း ဝိဉာဉ်အမဲလိုက်သူ ကိုကစားနေသည်။ သူကခေါင်းလေးတောင်မော့မကြည့်ဘဲ ပြန်ဖြေ၏။
“ငါဘယ်သိမှာလဲ မင်းဘယ်တုန်းကအဲ့ကောင်အကြောင်းသိပ်ဂရုစိုက်သွားရတာလဲ။ မင်းခြောက်နေတာလား ဘာလား စိတ်ပျက်စရာ”
“ဆင်းလာစမ်း ငါမင်းဖင်ကို ပိတ်ကန်မယ်”
လျှို့လွေ့အော်ဟစ်လိုက်သည်။
သူကလှေကားကိုဆွဲကိုင်လှုပ်လေရင်း အိပ်ရာပေါ်မှာရှိနေတဲ့ဟွမ်ကွမ်းမင် ဖုန်းလွတ်ကျတာကိုကြည့်နေသည်။
ထုရိုက်ခံရမည့် လက်သီးတွေလည်း ရောက်လာရော သူချက်ချင်းပင် အိပ်ရာကိုဖတ်ထားလေရင်း ကျယ်လောင်စွာအော်ဟစ်တော့၏။
“အကိုလျှို့အကိုလျှို့ ကျွန်တော်မှားပါတယ်။ ကျွန်တော်မှားပါတယ် လှုပ်နေတာကိုရပ်ပါတော့ ကျွန်တော်သေတော့မယ် ကျွန်တော်သေတော့မယ် အား အား”
ထိုသို့ပြောလိုက်ပေမဲ့လဲ သူတကယ်သေမှာတော့ မဟုတ်ပါပေ။ အိပ်ရာပေါ်တွင် အဝတ်တွေကော စာအုပ်တွေကော ရှိနေကာ ဘေးတွင်ရှိသည့်အံဆွဲဘီရိုနဲ့လဲ ထောက်ထားခြင်းသာဖြစ်သည်။ လျှို့လွေ့သာ သူ့ရဲ့ တကိုယ်လုံးကို ပစ်တင်ပြီး လှေကားပေါ်ခုန်တက်လိုက်မည်ဆိုပါက သေချာပေါက်အိပ်ရာပေါ်က ပစ္စည်းတွေလဲပြုတ်ကျရင်း ဟွမ်ကွမ်းမင်ပါ အတော်နာကျင်သွားရနိုင်ပေသည်။
ထိုနှစ်ယောက်ဆူညံနေသည့် အခန်းက အဆောင်နံပါတ်၂၀၁ ဖြစ်သည်။ ထိုအဆောင်ခန်းနံပါတ် ၂၀၁က အမြဲလိုလိုဆူညံနေတတ်၏။
ရှီရှန်းက အင်္ဂလိပ်စာကို လေ့လာနေရာက ရုတ်တရက်ခေါင်းမော့ပြီး ပြောလိုက်သည်။
“ကျိုးက သူအချိန်ပိုင်းအလုပ်မလုပ်တော့ဘူးလို့ပြောတယ်မလား။ ပြီးတော့သူညဘက်မှာ ဂိမ်းတွေကစားတာကိုလည်းရပ်လိုက်သေးတယ်။ ပြီးတော့သူတစ်ချိန်လုံးစာကြည့်တိုက်မှာသွားပြီး စာလေ့လာနေတော့တာပဲ ဖြစ်နိုင်တာက…”
“ဘာဖြစ်နိုင်တာလဲ”
လျှို့လွေ့ရဲ့နားတွေက တဖျက်ဖျက်ခတ်လာသည်။
“ဖြစ်နိုင်တာက သူဒိတ်လုပ်နေတာပဲဖြစ်မယ်” ရှီရှန်းရဲ့လေသံက မသေချာမှုတွေပါနေသည်။
လျှို့လွေ့ “…”
ဟွမ်ကွမ်းမင် “…”
“အေး မင်းတို့ကောင်တွေကရောဘာထင်လို့လဲ”
ရှီရှန်းက ရှက်ရွံ့သွားလေရင်း အခန်းကတစ်ဖန်တိတ်ဆိတ်သွားခဲ့သည်။
လျှို့လွေ့နဲ့ဟွမ်ကွမ်းမင်တို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီးမှသာ ရှီရှန်းကို ပြန်ကြည့်သည်။ အလေးအနက်အသံနဲ့ လျှို့လွေ့ဆို၏။
"မင်းရူးနေတာလား”
“သေစမ်း ငါ့ကိုအရူးလို့ထပ်ခေါ်ကြည့်စမ်း ပြီးရင်ဘာတွေဖြစ်လာမလဲမင်းသိလာရလိမ့်မယ်”
ဟွမ်ကွမ်းမင်ကလည်း အလေးအနက်ပြောလိုက်ပြန်သည်။
“မင်းတကယ်ရူးနေတာပဲ။ ငါတို့အားလုံးသချာင်္ကျောင်းသားတွေလေကွာ”
“…”
စည်းမျဉ်းဥပဒေတွေက အလွန်ပြီးပြည့်စုံသည်။ ရှီရှန်းရဲ့လည်ချောင်းက ခြောက်ကပ်သွားလေရင်း သူဆွံ့အသွားတော့သည်။ မျက်ရည်တွေက ပါးပြင်ပေါ်စတင်စီးကိလာတော့၏။
ကျင်းလင်တက္ကသိုလ်ရဲ့သချာင်္ဌာနတွင် တစ်ဦးထဲအဖော်မဲ့အထီးကျန်နေတဲ့လူတွေရဲ့အချိုးနဲ့ မိန်းကလေးရှိတဲ့လူတွေရဲ့အချိုးကိုယှဉ်လျှင် သချာင်္ဌာနက တစ်ကိုယ်ထဲသမားတွေများတဲ့အနေနဲ့ပထမရသည်။ အခြားဌာနတွေအားလုံးမှာ အရမ်းကိုဟော့ပြီးကြည့်ကောင်းတဲ့ ကောင်မလေးတွေရှိကြပေမဲ့ သူတို့အတွက်ကတော့…
သူတို့ကသာ အရမ်းဟော့နေပြီးကြည့်ကောင်းတဲ့မိန်းမငယ်လေးတစ်ယောက်ကိုရှာဖွေမယ်ဆိုရင် သေချာ်ပေါက်မဖြစ်နိုင်ပါချေ။ အချို့ကောင်တွေကတော့ မိန်းမပုံစံတွေဝတ်ဆင်တာမျိုးကို ပြောင်းလဲပြုလုပ်ကြ၏။ အခြားအခန်းကလူတွေဆိုရင် သူတို့ရဲ့သချာင်္မေဂျာသမားတွေလို့ပြောလိုက်တာနဲ့ ပထမတုန့်ပြန်တဲ့အမူအရာကတော့ “အိုး အထီးကျန်တဲ့အသင်းအဖွဲ့ပဲ”
“မင်းတို့ရည်းစားကောရမှာလား”
“ဘယ်တော့မှရမှာမဟုတ်ဘူး ဟုတ်တယ်မလား”
ဆိုတာတွေသာဖြစ်သည်။
ဟွမ်ကွမ်းမင်ရဲ့မျက်နှာက အလေးအနက်ဖြစ်သွားသည်။ သူပြောလိုက်၏
ထိုအချိန်မှာပင်လုကျိုးပြန်လာသည်။
“ကျိုး ငါမင်းကို အရေးတကြီးမေးစရာရှိတယ်။ ရိုးရိုးသားသားဖြေနော်”
“ဘာများလဲ”
ရှီရှန်းကလည်း အလေးအနက်ပြောလိုက်ပြန်သည်။ “မင်းမှာရည်းစားရှိလား”
လုကျိုးစိတ်မရှည်သလိုပြောလိုက်သည်။
“ဒါပေါ့ ရှိတာပေါ့ ငါ့မှာနှစ်ယောက်တောင်ရှိတယ်လေ။ မနာလိုသွားပြီလား ငါမင်းတို့ကိုငှားရမလား”
“သေစမ်း”
ထိုသုံးယောက်လုံးချက်ချင်းပင် တစ်ပုံစံထဲ တုန့်ပြန်ကြသည်။
လုကျိုးတစ်ခဏကြောင်သွားပြီးမှသာ ထိုသူတွေရဲ့အမူအရာကြောင့် အံ့အားသင့်သွားရသေးသည်။ ရုတ်တရက်တစ်စုံတစ်ရာကိုနားလည်လိုက်ရင်း ကျယ်လောင်စွာရယ်တော့၏။
“ဘာ မင်းတို့ကောင်တွေဘာတွေတွေးနေတာလဲ။ ငါပြောတာက ငါစီစဉ်ရေးထားတဲ့စာရွက်နှစ်ရွက်ကိုပြောတာလေ။ ငါအဲ့ဒါကို မှတ်စုထဲမှာတောင်ရေးထားသေးတယ်။ မင်းတို့လိုချင်ရင်အေးအေးဆေးဆေးယူဖတ်လို့တော့ရတယ်။ ဒါပေမဲ့ ပြန်ပေးဖို့တော့မမေ့နဲ့နော်”
“…”
“…”
“…”
အား အခန်းကတစ်ဖန်ငြိမ်ကြသွားပြန်သည်။
မနက်ခင်းတွင်လုကျိုးက မနက်စောစောနိုးပြန်သည်။ သူသွားတိုက်ကာ မျက်နှာသစ်ပြီးသည့်နောက် လက်ပ်တော့ကိုသယ်ရင်း ကန်တင်းသို့သွားသည်။ ကန်တင်းကစီးပွားရေးအရဖွင့်ထားခြင်းဖြစ်ပေသည်မို့ လူမရှိသလောက်နည်းသည်။
လုကျိုးဝင်လာတာတော့ အရသာရှိမွှေးပြန့်လှတဲ့ အသားကင်အနံ့က အဝေးကတည်းက ရနေပေသည်။
“အမ ကျွန်တော့ကို အသားကင်တစ်ပွဲနဲ့ နွားနို့ပူပူတစ်ခွက်ယူသွားဖို့ထည့်ပေးပါလား”
“ကောင်းပြီ ကောင်ငယ်လေး မင်းတော်တော်လေးစောစောနိုးတာပဲ ငါမင်းအတွက်အသားကင်အကြီးကြီးထည့်ပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ်အမ”
အတန်းဖော်ပဲဖြစ်ဖြစ် ဆရာပဲဖြစ်ဖြစ် သူစိမ်းပဲဖြစ်ဖြစ် လုကျိုးအတွက်တော့ အမြဲတမ်းတရိုတသေသာတယဉ်တကျေးသာ ပြုမူဆက်ဆံလေ့ရှိသည်။ သူ့အဖေကလူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်တော့မှ ရေတိုအခြေအနေကိုကြည့်ရင်း ဒေါသတကြိးမပြုမူဖို့ အမြဲဆုံးမခဲ့သည်။ ထို့ကြောင့်သူအခုလိုယဉ်ကျေးနေသည်လားတော့ မပြောတတ်ပါချေ။
သူ့အဖေက သတ္တုစက်ရုံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ပြီး နှိမ်ချညင်းပန်းမှုတွေကို ခံခဲ့ရပုံရသည်။ အခြားတစ်ဖက်ကကြည့်ရင် လုကျိုးကသူ့အဖေသူ့ကိုသင်ခဲ့တဲ့သင်ခန်းစာတွေကြောင့် အခုအချိန်ထိ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကြီးမားကာ ကတိတည်အောင်လုပ်တတ်တဲ့ လူကောင်းတစ်ယောက်ဖြစ်နေခဲ့သည်။
အသားကင်တွေကိုထုတ်ပေးပြီးတဲ့နောက် လုကျိုးက သူ့ရဲ့ကန်တင်းကဒ်ကိုထုတ်လိုက်ရင်း စက်နားသို့ကပ်လိုက်သည်။ တစ်စက္ကန့်ကြာပြီးသည့်နောက် သူရှက်ရွံ့သွားရတော့၏။
[ကဒ်ကိုအသုံးပြု၍မရပါ]
ကန်တင်းကအမျိုးသမီးကြီးက လုကျိုးရှက်နေတာကိုလဲမြင်ရော ရယ်ရင်းကြင်နာစွာပြောသည်။
“အဆင်ပြေပါတယ်။ ကဒ်မရှိလဲရတယ်။ အဒေါ်သားကိုလဲပေးလိုက်မယ်လေ”
လုကျိုး သူ့ရဲ့အိတ်ကတ်ထဲရှာပြီးသည့်နောက် ပိုက်ဆံအိတ်ကိုနှိုက်ထုတ်လိုက်သည်။ သူပိုလို့တောင်ရှက်သွားရ၏။ သူ့ရဲ့ပိုက်ဆံအိတ်က ပြောင်ရှင်းနေကာ အထဲတွင်ဘဏ်ကဒ်တစ်ခုသာရှိသည်။ သူ့ရဲ့ရှောက်မီဖုန်းက အခန်းထဲတွင်ချန်ထားရစ်ခဲ့ကာ ကျူအာကုတ်နဲ့ဖတ်ပြီး ပေးချေလို့လဲမရနိုင်ချေ။
ကန်တင်းကဘဏ်ကဒ်တွေကိုတော့ လက်မခံလောက်ဘူး ဟုတ်တယ်မလား။
စနစ်ရေ ငါ့ကိုမကြားချင်အောင်ဆောင်မနေပါနဲ့ကွာ ကျေးဇူးပြုပြီး အထွေထွေအမှတ်ကို ပိုက်ဆံနဲ့လဲလို့မရဘူးလား။
လုကျိုးသူ့နှလုံးသားထဲကနေ လှမ်းပြောလိုက်သည်။ ဒီစနစ်ကတုန့်ပြန်မလာတဲ့အတွက်သူအကြီးအကြယ်နောင်တရသွား၏။ ထိုအခိုက်မိုးခြိမ်းသံလိုတဖျက်လက်သွားလေရင်း စက်နားကပ်ထားတဲ့ကဒ်က အသံမြည်လာသည်။ လုကျိုးသူ့နောက်ဖက်ကိုတစ်ချက်ကြည့်လိုက်တော့ မိန်းမငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမလေးက ဆံမိတ်ချထားသည်။ အနောက်မှာရပ်နေလေရင်း သူ့ကိုအပြုံးဖြင့်ကြည့်ကာ သူမလက်ထဲက ကန်တင်းကဒ်ကိုဝှေ့ယမ်းပြသည်။
“ဟေးmorning”
“morning”လုကျိုးခေါင်းငြိမ့်ပြလိုက်ရင်းကြက်သေသေနေသည်။
သူကဘယ်သူလဲ
“နင်လုပ်ရဲတယ်။ နင်ငါ့ကိုမမှတ်မိဘူးပေါ့”
ချန်းယွီရှန်း လုကျိုးသူ့ကိုမမှတ်မိမှန်းလဲသိရော ဒေါသတကြီးဖြစ်သွားသည်။ သူမဒေါသထွက်စွာဖြင့် နှုတ်ခမ်းကိုကိုက်၏။
“အားတောင်းပန်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ငါနင့်ကို we chatမှာ add ပြီးပြန်ပေးရင်ရောဘယ်လိုလဲ”
“အဆင်ပြေပါတယ်။ ဒါက ဒေါ်လာနှစ်ရာ့ငါးဆယ်လောက်ပဲရှိတာကို ငါကအဲ့လောက်ဈေးမပေါဘူး။ ပြီးတော့ ငါတို့အချင်းချင်း we chat မှာ add ပြီးသားလေ”
ချန်းယွီရှန်းက သူမရဲ့ဆံပင်ကို ဝှေ့ယမ်းကာပြောနေရင်း အံကြိတ်လိုက်သည်။ နောက်ညာလက်ကိုထုတ်လိုက်ရင်း လက်ဆန့်တန်းပေးလိုက်၏။
“ငါ့ကိုယ်ငါပြန်ပြီးမိတ်ဆက်ခွင့်ပြုဦး ငါ့နာမည်က ချန်းယွီရှန်း ငါကစီးပွားရေးကျောင်းက မောင်ငယ်လေး နင်ငါ့ကို အမကြီးလို့ခေါ်လို့ရတယ်”
လုကျိုးဘာလို့သူမပြောတဲ့မောင်ငယ်လေးဆိုတဲ့စကားက နည်းနည်းတစ်မျိုးဖြစ်နေမှန်း နားမလည်ချေ။ သူကငယ်မှန်းသူမဘယ်လိုသိနေမှန်းလဲသူမသိ။ သို့ရာတွင်သူမကသူနဲ့ we chat addပြီးသားလို့ပြောလာမှသာ သူမှတ်မိတော့သည်။
ခဏနေပါဦး သူမရဲ့ပုံက တော်တော်ပြောင်းလဲသွားတာပဲ။
ချန်းယွီရှန်းက အစင်းတွေပါတဲ့စကပ်လေးကိုဝတ်ထားရင်း ခြေအိတ်တစ်စုံကိုလည်း ထပ်ဝတ်ထားသည်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ခြေတံရှည်တွေကို သူကြည့်လိုက်မိသည်ကလည်း ဘာကြောင့်မှန်းမသိပါချေ။ သူမလေးက ဖြူဖွေးနူးညံ့တဲ့ တီရှပ်လေးပေါ်မှာ သတိပြုမိဖို့လွယ်သည့် ကောက်ကြောင်းတို့ရှိသည်။ သူမရဲ့မျက်နှာက မိတ်ကပ်အနည်းငယ်သာလိမ်းခြယ်ထားပေမဲ့ တောက်ပတဲ့နှုတ်ခမ်းရဲရဲလေးကလည်း စိုရဲနေ၏။ သတိထားမိဖို့အလွယ်ဆုံးကတော့ လုံးဝိုင်းနေတဲ့မျက်မှန်တွေကိုချွတ်ထားခြင်းဖြစ်သည်။
ကြည့်ရတာတော့ မျက်ကပ်မှန်တပ်ထားတာထင်တယ်။
ချန်းယွီရှန်းကလည်း လုကျိုးဆွံ့အနေတာကိုမြင်တော့ သူမပျော်သွားသည်။ သူမရဲ့အခန်းဖော်က သူမကိုအတင်းဆွဲခေါ်ရင်း ပုံပန်းသွင်ပြင်ပြောင်းလဲဖို့ မိတ်ကပ်လိမ်းပေးခဲ့တာလဲဖြစ်သည်။ သူမတောင်မှစိတ်ရှုပ်ခဲ့ရသေး၏။ သို့ရာတွင်လက်ရှိအချိန်မှာတော့ သူမဒီကြိုးစားမှုလေးက တန်တယ်လို့ပြောလို့ရသည်။
ဒါပေါ့။ သူမရဲ့ခန္ဓာကိုယ်က နဂိုကတည်းကကို ဆွဲဆောင်မှုရှိပြီးသား။ ဒီအတိုင်းဂရုမစိုက်ခဲ့ရုံပါဘဲ။
သာမာန်လူတစ်ယောက်က သူတို့ကြိုးစားမှုရဲ့ရလဒ်အနေနဲ့ ဘယ်သဘောမကျဘဲနေပါ့မလဲ။
“ဘာလဲ မောင်ငယ်လေး”
ချန်းယွီရှန်းက သူမရဲ့ဆံပင်လေးကိုတစ်ချက်ခါလိုက်ပြန်ရင်း လုကျိုးကိုကြည့်ကာ ရယ်နေသည်။ သူမရဲ့မျက်လုံးတွေကတောက်ပလာ၏။
“နင်ဘာမှမပြောတော့ဘူးလား”
လုကျိုးတစ်စက္ကန့်လောက်ရပ်တန့်ပြီးမှသာ ချန်းယွီရှန်းကိုကြည့်သည်။ သူပြောသင့်လားမပြောသင့်လားဆိုတာကို ချိန်ဆနေပုံလည်းရသည်။ နောက်ဆုံးတွင်တော့ သူကြင်နာစွာပြုံးပြလိုက်ရင်း တိတ်ဆိတ်စွာပြောလိုက်သည်။
“စာကြည့်တိုက်ကလေအေးပေးစက်ကအရမ်းအေးတယ်လေ။ အမဒီလိုမဝတ်သင့်ဘူး”
“…”
ချန်းယွီရှန်းချက်ချင်းပင်သူ့ရဲ့တုန့်ပြန်မှုကိုမျှော်လင့်မိသည့်အတွက် ကိုယ့်ကိုယ်ကိုသာရိုက်နှက်ချင်သွားသည်။ လုကျိုးကအသားကင်သုံးခုလုံးကို စားပစ်လိုက်ပြီးသည့်နောက် ပလက်စတစ်အိတ်ကိုချက်ချင်းပင် သူ့လွယ်အိတ်ထဲကောက်ထည့်လိုက်သည်။
ချန်းယွီရှန်းကလည်း ခေါက်ဆွဲကိုစားနေသည်။ သူမကသူ့ကိုကြည့်နေရင်း စကားမပြောတော့ပေ။ ဒီကောင်က ကျန်နေတဲ့အသားကင်ကိုတောင်မှဖြုန်းမတီးဘဲ တလေးတစားနဲ့ပြန်သိမ်းယူသွားတာကို သူမကြည့်နေလေ၏။ သူတို့နှစ်ယောက်က တချိန်ထဲမှာစားသောက်ပြီးသွားသည့်အခါ ချက်ချင်းပင်စာကြည့်တိုက်သို့ လမ်းလျှောက်ထွက်လာတော့သည်။
အရင်နေရာအတိုင်းချန်းယွီရှန်းက လုကျိုးဘေးနားတွင်ထိုင်သည်။ သူမကလေ့ကျင့်ခန်းစာအုပ်ကိုထုတ်လိုက်လေရင်း စတင်ဖတ်ရှုတော့၏။ မိတ်ကပ်လိမ်းချယ်ထားသည့် အတွေ့အကြုံပြောင်းလဲမှုက သူမရဲ့အခန်းဖော်ကိုသူမကျေးဇူးတင်စိတ်ဖြစ်ပေါ်လာစေသည်။ သို့သော်ထိုပြောင်းလဲမှုက သူမရဲ့စာသင်ချိန်ကိုနှောင့်ယှက်နိုင်ပါချေ။
အခြားတစ်ဖက်တွင်တော့ လုကျိုးက လက်ပ်တော့ကိုထုတ်လိုက်လေရင်း သူ့ရဲ့ စာတမ်းကိုစတင်ပြင်ဆင်တော့သည်။ ပါမောက္ခထန်း မနေ့ကသူ့ကိုတွက်ပြခဲ့သည့် တွက်ချက်နည်း ကို သူ့ရဲ့ စာတမ်းထဲမှာ ထည့်သုံးဖို့ သူဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
မှတ်ဉာဏ်တွေအားလုံးက သူ့ရဲ့စိတ်ထဲတဖျက်ဖျက်လက်လာ၏။ သူအရေးကြီးဆုံးအပိုင်းတွေကို ဒီထဲထည့်ပြီးရေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ထို့နောက် တွက်ချက်ဖို့အတွက်ခက်ခဲတဲ့ အပိုင်းသုံးပိုင်းလောက်သာ ကျန်ရစ်တော့သည်။ သူကသူ့ကိုယ်သူတွန်းအားပေးလေရင်း ဒီစာတမ်းက ဒီလကုန်တာနဲ့ပြီးဆုံးရမယ်လို့ဆုံးဖြတ်ချက်ချလိုက်သည်။
သိပ္ပံဂျာနယ် မှတ်ချက်ကောင်းတွေက နှေးကွေးပေမဲ့ အနည်းဆုံးသုံးလလောက်တော့ကြာလောက်ပေသည်။ အေအမ်စီ လိုဂျာနယ်မျိုးဆိုရင်တောင်မှ နှေးကွေးနေသေးပေ၏။ သူ့ရဲ့ဒီလုပ်ငန်းကိုပြီးဆုံးအောင်လုပ်ဖို့အတွက်နှစ်ဝက်လောက်အထိတော့ သူအချိန်မဖြုန်းချင်ပေ။
အချိန်တွေက လျှင်မြန်စွာကုန်ဆုံးသွားလေကာ နေ့လည်ချိန်တောင်ရောက်ရှိသွားပေသည်။ ချန်းယွီရှန်းက တစ်မနက်ခင်းလုံးကို မေးခွန်းတွေကိုလေ့ကျင့်ရင်း ကုန်ဆုံးသည်။ သူမကလုကျိုးကိုကြည့်လိုက်တဲ့အခါမှာတော့ လုကျိုးကလက်ပိုက်ရင်း ခပ်အေးအေးထိုင်နေတာကိုတွေ့ရသည်။
“မောင်ငယ်လေး မောင်ငယ်လေး ငါတို့နေ့လည်စာအတူတူစားရင်မကောင်းဘူးလား”
သူမက သူ့ကိုမောင်ငယ်လေးလို့ခေါ်ရသည်ကိုပင်သဘောကျနေကာ နှစ်ကြိမ်တောင်ထပ်ခေါ်လိုက်သေးပေသည်။
လုကျိုးတုန့်ဆိုင်းနေပြီးမှသာ ခေါင်းခါလိုက်၏။ “ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်ဗိုက်မဆာသေးဘူး။ အစ်မအရင်သွားပါ”
ဒီနေ့က တနင်္ဂနွေနေ့ဖြစ်ကာ ကန်တင်းကလူကျပ်တတ်သည်။
“ငါတို့စောစောမသွားရင်လူပြည့်သွားလိမ့်မယ်”
ချန်းယွီရှန်းပြောလိုက်သည်။
သူမကမက်တပ်ထရပ်လိုက်လေရင်း ယုံကြည်မှုရှိစွာနဲ့ လှည့်ထွက်သွားလေ၏။ နင့်ရဲ့IQမြင့်မမြင့် ဘယ်သူကဂရုစိုက်နေမှာလဲ။ နင်ကလက်ရှိမှာ ဒီကျက်သရေရှိလှတဲ့ နတ်ဘုရားမရဲ့ပုံပန်းသွင်ပြင်အောက်မှာနှိမ့်ချနေရတုန်းပဲလေ။
ထိုအချိန်တွင်လုကျိုးကသူမဘေးတွင်လမ်းလျှောက်နေရင်း သူမရဲ့စိတ်ကျေနပ်စွာလမ်းလျှောက်နေတဲ့အမူအရာကိုကြောင်တောင်တောင်လေးကြည့်လိုက်သည်။ သူ့ရဲ့စိတ်ထဲမှာတော့ အလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုကို တိုက်ပွဲဝင်နေရ၏။
သူဘာစားရင်ကောင်းမလဲ။
ဘယ်လိုအသားအရသာကိုသူရွေးရင်ကောင်းမလဲ။
ငရုတ်ကောင်းလေးဘာလေးကောဖြူးရင်ကောင်းမလား။