book

Index 9

Part - 8

သျှန် ဒီမနက် အိပ်ယာနိုးကတည်းက မန္တလေးတောင်ပေါ်သို့သွားချင်နေသည် စိတ်ကဘာဖြစ်နေမှန်းမသိ မနေ့ညကအိပ်တာနောက်ကျပေမဲ့ အိပ်ယာကလည်း အစောကြီးနိုးနေသည် ထို့ကြောင့် Nic ကိုပါနှိုးကာ မန္တလေးတောင်ပေါ်သို့ လိုက်ပို့ခိုင်းမိသည်။


နွမ်စိုင်း မန္တလေးသို့ တလတခေါက်ပုံမှန်ရောက်ဖြစ်နေသည်။ အကြောင်းအရင်း က

ခေါင်းဆောင်အတွက် လိုအပ်မယ်ထင်တာတွေလာကြည့်ပေးရခြင်းဖြစ်သည်။ခေါင်းဆောင်ရဲ့ ကောင်လေးက ကြည့်ပေးနေသည်ဆိုပေမဲ့ ကိုယ့်အစ်ကို မဟုတ်လား မျက်နှာလွှဲခဲပစ်တော့ မလုပ်နိုင်ဘူးလေ ထို့ကြောင့် တလတခေါက် မန္တလေးသို့ ဆင်းဖြစ်နေသည်။ရွာမှာဆိုလည်း နွမ်စိုင်းအလုပ်တွေက တောင်ပုံယာပုံပင် ခေါင်းဆောင်ငယ်အဖြစ် မိုင်ခမ်းကို တင်ထားပေမဲ့ ခေါင်းဆောင်လောက်တော့ မိုင်ခမ်းကသိပ်မလုပ်နိုင်သည်မို့ ကျန်တဲ့သူတွေကအကုန်ဝိုင်းကူနေရတာကြောင့် အလုပ်ကနွမ်စိုင်းအတွက်များနေခြင်းပင်။


အခုလည်း မန္တလေးသို့ မနက်စောစောစီးစီးရောက်နေရသည်။

မနေ့ညကတည်းက တောင်ကြီးကနေ ကားကိုကိုယ်တိုင်မောင်းပြီးဆင်းလာခဲ့သည်မို့ မနားရသေး လမ်းမှာလည်း ဘာမှမစားခဲ့ရသည်မို့ ဆေးရုံသို့အရင်မသွားသေးပဲ မန္တလေးရဲ့ မနက်စာဆိုင်တွေဖွင့်လောက်မည့် နေရာသို့ မောင်းလာခဲ့ပြီး မုန့်ဟင်းခါးဆိုင်တဆိုင်ရှေ့တွင် ကားကိုနေရာလွတ်ရှာကာရပ်လိုက်သည်။


"မုန့်ဟင်းခါးတပွဲ အစုံထည့်မယ်ဗျ"


နွမ်စိုင်း လာချပေးသော မုန့်ဟင်းခါးကိုအေးဆေးထိုင်စားနေလိုက်သည်။အရသာတော်တော်ရှိပြီး ဆိုင်ကလည်းလူစည်သည် အတော်ရောင်းကောင်းပုံပင်။


Y ကလေ မန္တလေးသားပေမို့လားတော့မသိ

မန္တလေးမြို့ရဲ့ လူနေမှုဘဝကိုကြိုက်သည်။

မန္တလေးမြို့ကြီးကို ချစ်သည်။

Y ကားမှန်တဝက်လောက်ချကာ မန္တလေးမြို့ရဲ့ရှုခင်းတွေကို ငေးကြည့်နေရင်း နွေဦးရာသီရဲ့ လေနုအေးလေးတွေကို ခံစားနေမိသည်။မနက်ခင်းလမ်းလျှောက်သူတွေ ကျန်းမာရေးအတွက် အားကစားလုပ်‌သူတွေနှင့် ကျုံးဘေးလမ်းတလျှောက်က စည်ကားနေသည်။မနက်စာဆိုင်တွေဆိုလည်း လူအပြည့်ပင်။


Y ဆိုင်တန်းလေးတွေကို ငေးကြည့်နေရင်းမှ
မုန့်ဟင်းခါးဆိုင်လေးထဲမှ စားပွဲဝိုင်းတခုတွင် လမ်းမကြီးဘက်သို့ မျက်နှာမူလျက် အစားကိုအားရပါးရစားနေတဲ့ ကောင်လေးတယောက်ဟာ Y မြင်ကွင်း အမြင်အာရုံအတွင်းသို့ တည့်တည့်ကြီးဝင်လာပါတော့သည်။

"ဟင်"

Y ကိုယ့်မျက်လုံးကိုယ် လက်နဲ့သေချာပွတ်ပစ်လိုက်သည်။ငါပေါက်စကို အဲ့လောက်တောင်စွဲလန်းနေပြီလား 
မြင်မြင်သမျှ သူပဲထင်နေတယ်ကွာ ခေါင်းအသာအယာယမ်းရင်း Y ကားပေါ်မှ မုန့်ဟင်းခါးဆိုင်လေးထဲသို့ တခေါက်ပြန်ကြည့်လိုက်ချိန် ကားလေးဟာလည်း ဆိုင်ရှေ့က ကွက်တိအဖြတ်မို့ အနီးကပ်လိုမျိုးဖြစ်သွားသည်။
မုန့်ဟင်းခါးစားရင်းမှ သဘောကျလွန်းစွာ ပြုံးနေတဲ့ ကောင်လေးကို အနီးကပ်သေချာစွာ မြင်လိုက်ရချိန်

"ဟာ Nic...Nic....ကားရပ်ကွ ဟုတ်တယ်ကွ"

"ဆရာ ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲဗျ"

ရုတ်တရက်ကြီးငြိမ်နေရာမှ ထအော်လာတဲ့ ဆရာကြောင့် Nic  ကားမောင်းနေရင်း လန့်သွားရသည်။

"ဟာ... ကားရပ်ပါဆိုကွာ"

Y တို့ကားလေးဟာ မုန့်ဟင်းခါးဆိုင်ကို ကျော်လာပြီမို့ မုန့်ဟင်းခါး ဆိုင်လေးဆီသို့ Y လည်ပြန် ငေးရင်း Nic ဆိုတဲ့ကောင်ကိုလည်း ကားရပ်ခိုင်းရသေးသည်။

"ရပ်လို့မရဘူးဗျ ဆရာရဲ့ ဒီနားက ကားမရပ်ရဘူးဗျ ဆရာအရေးကြီးရင် ဟိုဘက်ကပြန်ကွေ့မှရမှာ"

"အေး အဲ့တာဆို ပြန်ကွေ့ကွာ
မင်းကအရစ်ရှည်တာတမျိုး ခုမှ သောက်စည်းကမ်းကို အရမ်းလိုက်နာပြနေတာ
မြန်မြန်လုပ်ကွ"

Y ရဲ့ Alis ဂိုဏ်းရဲ့ ခေါင်းဆောင်ဂိုဏ်းစတားကြီးဆိုတဲ့ ပုံရိပ်ကြီးဟာ ပေါက်စကိုမြင်လိုက်ရချိန်မှာ စပ်စလူးနတ်ပူးသလိုဖြစ်ကာ မြောင်းထဲသို့ရောက်သွားပါတော့သည်။

အရာရာကို တည်ငြိမ်ပြီးသွေးအေးလွန်းသော Y ဟာ အခုတော့ ကားပေါ်မှာ ထိုင်မရထမရ ဖင်တကြွကြွနဲ့ ပေါက်စကို တွေ့ရဖို့အရေးလှုပ်ရွနေရပါတော့သည်။

Nic လည်းကားကို အရှေ့နားက ကွေ့ရောက်မှ
လမ်းကြောပြန်ချိန်းကာ မောင်းပြီးကွေ့လာရသည်။

"ဆရာ ဘယ်နားလဲ"

"အဲ့...အဲ့ ရှေ့က မုန့်ဟင်းခါးဆိုင်ကွာ ရပ် ရပ်"

"ဟုတ်"

Nic ကားရပ်လိုက်သည်နှင့် Y ကားပေါ်မှအပြေးတပိုင်းဆင်းကာလမ်းတဖက်ရှိမုန့်ဟင်းခါးဆိုင်လေးသို့ ကူးလာလိုက်သည်။
ပေါက်စထိုင်ခဲ့တဲ့နေရာလေးဟာတော့ ကွက်လပ်လေးဖြစ်ကာရှင်းလင်းနေသည်။ဘေးနားကြည့်မိတော့လည်း အရိပ်အယောင်တောင်မမြင်ရ။
 
"အကို မုန့်ဟင်းခါးစားမို့လားရှင့်"

ဆိုင်ကကောင်မလေးကထွက်လာပြီးမေးသည်။

"ညီမလေး ဒီနားမှာထိုင်တဲ့တယောက် ဘယ်ထွက်သွားလဲဟင်"

"အယ် သတိမိဘူးတော့ အဲ့လိုကျ"

"အင်း ကျေးဇူးပါဗျာ"
  
Y ဆိုင်ကကောင်မလေးကို ကျေးဇူးတင်စကားပြောပြီး လမ်းပြန်ကူးကာ ကားရှိရာသို့ ထွက်လာခဲ့သည်။

"ဆရာ ဘာသွားရှာတာလဲဟင်"

"ပါးစပ်ပိတ်ထား မင်းစောက်သုံးမကျလို့ အခုတော့ ငါ့ပေါက်စလေးပျောက်သွားပြီ"

"ဆရာ့ပေါက်စက ဘယ်သူလဲ ဆရာဘယ်တုန်းက ပေါက်စရှိသွားတာလဲ"

"ငါ့ရင်ထဲမှာ ပန်းပွင့်နေတာ မဟုတ်ဘူးနော် Nic
ဒူးရင်းသီးတွေ ခြံလုံးကျွတ်သီးနေတာ"

"ကျွန်တော်မှ ဒူးရင်းသီးမကြိုက်ပဲ ဆရာရယ် နံကနံနဲ့"

"ဖြောင်း"

"အာ့"

Nic ကိုဇက်ပိုးဖြတ်အုပ်ပစ်လိုက်သည်။
Y စိတ်မရှည်တော့ပါ ဒီကောင်တော်တော်အရစ်ရှည်သည်။ ဂျပန်မူလီကောင်။
  
ပေါက်စကလည်း မြန်လိုက်တာ 
ဘယ်ရောက်သွားသည်မသိ 
အလင်းရဲ့အလျင်နဲ့ကိုပျောက်သွားတာ
ခဏလေးမြင်လိုက်ရတာတောင် လူကရင်တွေတုန်နေတုန်း
ဂိုဏ်းစတားကြီးက ရင်တုန်နေရသည်။
အခုတော့ ပေါက်စကြောင့် ရင်ခုန်တတ်နေပြီလားမသိပေမဲ့
နောက်ထပ်တွေ့ချင်နေတာတော့အမှန်ပင်။

ဒီနေ့စိတ်နှိုးဆော်နေလို့ ထွက်လာလိုက်တာ မှန်သွားသည်။တန်လည်းတန်ပါသည်။ခဏတာလေးတွေ့ခွင့်ရခဲ့တဲ့သူဆိုပေမဲ့ ကိုယ်မင်းကိုထာဝရဖြစ်အောင်ကြိုးစားကြည့်ချင်တယ် မင်းကို ကိုယ့်ဆီရောက်အောင် ကိုယ်ကြိုးစားကြည့်ချင်တယ် ပေါက်စ။ 

===================================

"Hello! ဆရာ ကျွန်တော်တို့ ပစ္စည်းတွေကို တပတ်ရိုက်သွားတဲ့အဖွဲ့ကကောင်တွေကို မိလာပါပြီ"

"ဒီနေ့က ငါနားမယ်လို့ပြောထားတယ်လေ အဲ့ကောင်တွေကို ဂိုထောင်ထဲမှာချုပ်ထားလိုက် "

"ဟုတ်ကဲ့  ဆရာ"

"အာ ဒါနဲ့ ဒီနေ့ဘာကိစ္စရှိရှိ မင်းငါ့ဆီဖုန်းမဆက်နဲ့တော့ မင်းကြည့်လုပ်ထားလိုက်"

"ဟုတ် ဆရာ ဒါနဲ့ ဆရာနေမကောင်းလို့လား"

"အေး ခေါင်းနည်းနည်းကိုက်နေလို့"

"ကျွန်တော် ဆရာဝန်ခေါ်ပေးရမလား ဆရာ"

"နေနေ မခေါ်နဲ့ ရတယ် ငါ့ဘာသာ ခဏနားလိုက်ရင်ရပြီ"

"ဟုတ် ဆရာအဆင်မပြေရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ"

"အင်း ဒါပဲ"

လူကနေမကောင်းတာတော့ မဟုတ်ပေမဲ့ 
ခေါင်းကမကြည်နေတာမျိုးဖြစ်နေတာပင်။

ခုချိန်ထိ အိပ်ယာထက်ကကိုမထဖြစ်သေး
အရင်ကဆို စက္ကန့် နည်းနည်းလေးခေါင်းမူးတယ်ပြောတာနဲ့
အရမ်းတွေသောက်ပိုလုပ်လွန်းသော သျှန်က 
ပြာယာခတ်နေတတ်သည်။
အခုတော့လည်း စက္ကန့်တယောက်တည်းနေလာရတဲ့ဘဝမှာနေသားကျနေပါပြီ တခါတလေ သတိရမိတာကလွှဲရင် ခွင့်မလွှတ်နိုင်သေးတဲ့ ကိုယ့်စိတ်ကိုလည်း အားမလိုအားမရဖြစ်မိသည်။
အဲ့ကောင်ကလည်း သူ့ပါးစပ်ကနေ စကားလေးတခွန်းနှစ်ခွန်းပြောဖို့ကို တွန့်တိုလွန်းသည် အဲ့တော့လည်း ဘယ်ချိန်ထိဝေးကြမလဲ ဝေးကြရုံပဲပေါ့ မကောင်းဘူးလား။

စက္ကန့်ရဲ့ အားလပ်ရက်လေးဟာတော့ တယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါသည်။

=================================

Y မျှော်လင့်ခဲ့ရသော ဗုဒ္ဓဟူးနေ့ဟာ 
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပေပြီ။မနေ့ညက တညလုံးအိပ်ပျော်အောင်မနည်းကြိုးစားရသည်။

ဗီရိုထဲရှိ အဝတ်တွေဆိုတာလည်း Hotel ခန်းရဲ့ ကုတင်ထက်မှာ ပျံ့ကြဲနေလေသည်။

"ချောက်...."

"ဆရာ သွားတော့မလား"

အခန်းတံခါးဖွင့်ပြီး ဝင်လာကာ Nic မေးလိုက်ပေမဲ့ မြင်လိုက်ရတာက အခုထိ အဝတ်အစားမလဲရသေးပဲ ကုတင်ထက်မှာ ပွရှုပ်နေသော အဝတ်အစားတပုံတပင်ကြီးရယ်
ခန္ဓာကိုယ်မှာ ကပ်ကြည့်လိုက် မှန်ကြည့်လိုက် စိတ်တိုင်းမကျရင် 
ဝဲ ထုတ်လိုက်နဲ့လုပ်နေသော ဆရာကြောင့် Nic ‌ခေါင်းတောင်မူးသွားသလိုပင်။

"ဆရာ ဘာလုပ်နေတာလဲဟင်"

"အေး လာဦး Nic ငါ့ကို အင်္ကျီရွေးကူဦး ‌အာ ဒါနဲ့ ရေမွှေး အနံ့အဆင်ပြေမဲ့ဟာလေးပါ ရှာပေးဦး"

"ဗျာ.. ဗျာ ဟုတ်ကဲ့  ဆရာ"

Nic လည်း ဆရာ့ကို ကြည့်ရင်း 
ရူးချင်လာသလိုပင်။
အရင်ကဆို ဘာဝတ်ဝတ် ငါကကြည့်ကောင်းပြီးသားဆိုပြီးကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်နေသော ဆရာကအခုမှ ဘယ်လိုဖြစ်သည်မသိ ရေမွှေးဆိုလည်း တမျိုးတည်းပဲ စွဲသုံးနေကျသူက ရေမွှေးနံ့အဆင်ပြေတာ ရှာပေးတဲ့ Nic ရဲ့ ဆရာက တကယ်ကို Smart ကျပြီး ကြည့်ကောင်းတာပါ အဲ့တာကို အခုမှ ဘယ်လိုဖြစ်သည်မသိ ဗီရိုတခုလုံး မွှေထားတာ
ကြွက်သိုက်ကြီးကျနေတာပဲ 
'နွိုင်း'အဖွဲ့က ပစ္စည်း သွားယူမှာကို မသိရင် သွား date မှာ ကျနေတာပဲ မဟားတရားတွေပြင်နေတာ ဟွန့်
အပြင်မှာ Nic ပြန်မပြောရဲပါ ဆရာ့လက်က စိတ်ထက်ပိုမြန်ပါသည်။

"ဆရာ ဒီအနက်ရောင်လက်တိုလေး ဆိုရင်ကော"

"နိုး အနက်ရောင်ကြီးက စိတ်ကိုထိုင်မှိုင်းစေတယ်... ပယ်တယ်"

"ဆရာပဲ အနက်ရောင်က ငါနဲ့အလိုက်ဖက်ဆုံးဆို ငါဝတ်လိုက်ရင် smart အကျဆုံးဆို"

"လျှာမရှည်နဲ့ ငါအခုပယ်တယ်ဆို ပယ်လိုက် နောက်တထည်ရှာကွာ အချိန်ကမရှိပါဘူးဆို မြန်မြန်လုပ်"

"ဟုတ် တနာရီကျော်ကျန်ပါသေးတယ်ဆရာကလည်း"

"ဒီကောင် ငါကောက်ပစ်လိုက်ရသေတော့မယ်"

ကုတင်ဘေးမှာတင်ထားတဲ့ ညမီးအိမ်ကြီးကိုကိုင်ကာ ပြောလာသည်မို့ Nic လည်း အဝတ်ပုံထဲသာ ခေါင်းစိုက်ရင်း ဆရာမွှေထားတဲ့ ကြွက်သိုက်ထဲမှ အဝတ်ရှာရသည်။

"ဆရာ အနီလေးဆိုရင်ကော"

"ငါက ညိုချော ဆိုတော့ အဆင်မပြေဘူး 
ပယ်တယ်"

"ဟွန့်"

သူ့ကိုယ်သူများ ညိုချောတဲ့ Nic နှုတ်ခမ်းတဖက် တွန့်ကွေးရင်း 
ဟွန့်လုပ်ပလိုက်သည်။

"ဟိုကောင် ငါမြင်တယ်နော်"

"ဟီးးး ဆရာ အဝါရောင်လေးဆိုရင်ကော "

"အရမ်းကြီး လူငယ်ဆန်သွားမယ် ပယ်တယ် 
ရင့်ကျက်တည်ငြိမ်တဲ့အရောင်ရှာပေး"

"ဆရာ ကောင်မလေးနဲ့ သွား date မို့လားဟင် ကျွန်တော့်ကို လျှိုထားတာလားဟင်"

"အာ့"

Nic ဆီကို ပျံဝဲလာတဲ့ ရေဗူးကြီးကြောင့် အမြန်ရှောင်ပေမဲ့ မမှီတော့ပဲ နောက်ကျော ကိုလာမှန်လေသည်။

"မှတ်ပလား လျှာရှည်ချင်ဦး"

"အဖြူလေးပဲ ဝတ်တော့နော် ဆရာ အဖြူက အလိုက်ဆုံးပဲ
တည်ငြိမ်ပြီး ရင့်ကျက်တဲ့ပုံစံလည်း ပေါ်တယ်ဆရာနဲ့လည်း smart ကျပြီး အရမ်းကြည့်ကောင်းတယ်"

"တကယ်လား"

Nic ပြောတာကို မယုံသလိုလို ယုံသလိုလိုရဲ့ မျက်လုံးလှန်ကြည့်ပြီးမေးလာတဲ့ ဆရာကြောင့် Nic တကယ်ကို ဆွဲဆောင့်ချင်လာသည်။ဆရာရယ် ဆရာဖြစ်နေလို့သာပေါ့ ရှာလည်း ရှာခိုင်းသေးတယ် လူကို မယုံသင်္ကာနဲ့ 

"ဟုတ်တယ် တကယ်ပြောတာ ဆရာအဲ့တာပဲ ဝတ်လိုက်တော့ "

"အေး အဲ့ဒါဆို ရေမွှေးရွေးပေးဦး"

"ဟုတ်ဆရာ နာရီဝက်ပဲကျန်တော့တယ်နော်"

"မင်းသာ စကားမများနေရင် အခုချိန်အကုန်ပြီးလောက်ပြီ မြန်မြန်လုပ်"

"ဟုတ်"

Nic လည်း ရေမွှေးတွေအနံ့ခံလိုက် စွတ်ကြည့်လိုက်နဲ့ လူက ဘာကောင်ဖြစ်လို့ဖြစ်သွားမှန်းမသိတော့ တကိုယ်လုံးလည်း ရေမွှေးနံ့တွေနဲ့ မူးချင်လာသလိုပင်။

"ဆရာ ဒီအနံ့လေးကောင်းတယ် တကယ်ပြောတာ ကျွန်တော်မလိမ်ဘူး အတည်ပါ ယုံလို့ရပါတယ်"

"Nic မင်းငါ့ကိုရွဲ့နေတာလား"

"မဟုတ်ပါဘူးဆရာရယ် "

"အေး ပြီးတာပဲ ပေါက်စသာ မကြိုက်လို့ကတော့ မင်းသေမယ်"

"ဗျာ ပေါက်စ ဟုတ်လား"

"ပါးစပ်ပိတ်တာ မင်းခေါ်စရာမလိုဘူး အဲ့လို"

"ဟွန့် ရွေးလည်း ရွေးခိုင်းသေးတယ် သူပြောလို့လည်း ဖြေရသေးတယ်"

"ဟိတ်ကောင် ဘာပြောနေတာလည်း ပွစိပွစိ နဲ့"

"ဘာမှမဟုတ်ပါဘူး ဆရာအချောဆုံးလို့ပြောတာပါ မိနစ်နှစ်ဆယ် ပဲကျန်တော့တယ်ဆရာ "

"ငါပြီးပြီ လျှာမရှည်နဲ့လာသွားမယ် နှေးတိနှေးတုံ့နဲ့ မြန်မြန်လာ"

Nic တကယ်ပင် မျက်ဖြူစိုက်ချင်သွားသည်။သူပဲ ခေါ်ခိုင်းပြီး သူကပဲ ကြီးကြီးကျယ်ကျယ် ဆရာ အရမ်းအနိုင်ကျင့်လွန်းတယ်။

Y ချိန်းထားတဲ့ နေရာကိုရောက်မှ 
ရင်တွေပဲတုန်လာသလို
ခြေဖျားလက်ဖျားတွေပဲအေးလာသလို ဖြစ်လာရသည်။

ရန်သူဆီမှာ အဖမ်းခံရတုန်းကတောင် ဒီလောက် မတုန်လှုပ်ခဲ့ဖူးဘူး
ကိုယ့်အရည်အချင်း ကိုယ်ယုံတာမို့ ရန်သူတဖွဲ့လုံးကို လက်စတုံးပစ်ခဲ့တာ အခုတော့ တကယ်ကို နှလုံးရောဂါပါရတော့မည်။

"ဆရာ ချိန်းထားတဲ့ အချိန်ရောက်တော့မယ်လေ အခန်းထဲမဝင်ပဲ ဘာလုပ်နေတာလဲ"

"ဝင်မှာပါကွ နေပါဦးခဏလေး"

Y ရဲ့ပိုင်ဆိုင်မှုတွေထဲက တနေရာဖြစ်တဲ့ မန္တလေးက အိမ်လေးမှာ ချိန်းထားပေမဲ့ အခန်းတံခါးဖွင့်ဖို့အရေး မဝံ့မရဲတာလို ကြောက်နေတာလိုဖြစ်နေရသည်။Y ကိုယ့်ရင်ဘက်ကိုယ်ပြန်စမ်းပြီး

"ငါရင်ခုန်သံတွေများ မြန်နေလား 
မသိဘူး"
  
ကိုယ့်ဘာသာ တီးတိုးရေရွတ်ကာ အသက်ကို ဝဝ ရှုလိုက်သည်။

"Nic ငါ့ပုံစံအဆင်ပြေနေရဲ့လား"

"ပြေတယ်ဆရာ လုံးဝ perfect အရမ်းကြည့်ကောင်း"

"ငါ့ကို မရွဲ့နဲ့ မင်းသေတော့မယ်နော်"

"ဟီးး"

"တံခါး ဖွင့်"

"ဟုတ်"

Nic ကတံခါးဖွင့်ပေးလိုက်သည်နှင့် စောနက တုန်ရီနေသော အမူအရာတွေပျောက်ကာ ရင့်ကျက်တည်ငြိမ်သော ယောက်ျားတယောက် အသွင်ပုံစံသို့ ပြောင်းသွားသည်။ခြေလှမ်းခြေကျမှန်မှန် နဲ့ ကြည့်ကောင်းအောင် လျှောက်လှမ်းလာခဲ့သည်။နှုတ်ခမ်းပါးထက်မှာ မူပိုင်အပြုံးတခုကို ချိတ်ဆွဲရင်း ကျောပေးထိုင်နေတဲ့ ကောင်လေးဆီကို ရင်ခုန်သံတေ ထိန်းချုပ်ကာ လျှောက်လှမ်းလာခဲ့သည်။

"ကိုယ် ရောက်ပြီ"

Y အသံပြုလိုက်မှ မတ်တပ်ရပ်ကာ နှုတ်ဆက်လာသည့်လူသားကြောင့်

"Mr.Y မတွေ့တာကြာပြီနော်"

ပြောပြောဆိုဆို လက်တဖက်ကမ်းပေးလာသော သူကြောင့်

"ဟင်းးး"

Y သက်ပျင်းအသာချမိသွားသည်
Y ရဲ့မျှော်လင့်ချက်လေးတွေ ရေစုန်မျောလေပြီ ပေါက်စလေး မဟုတ်ပဲ စိုင်းလင်းဆက်ဖြစ်နေသည်။

လူက ပေါက်စလေးအတွက် အစွမ်းကုန် ပြင်ဆင်လာခဲ့သမျှက
သဲထဲရေသွန်သလို ဖြစ်ရလေပြီ။သို့သော် Y ဆိုတဲ့ နာမည်နဲ့ပုံရိပ်ကို ထိန်းသိမ်းကာ မူပိုင်အပြုံးလေးကို ပြုံးထားရင်း

"စိုင်းလင်းဆက် ကျန်းမာရေးကောင်းသွားပြီလားဗျ ဟိုတခါ လာတဲ့ ကောင်လေးပြောတုန်းက ကိုယ်က စိတ်ပူနေတာ"

"ဟုတ် ကောင်းသွားပါပြီဗျ ကျေးဇူးပါဗျာ စိတ်ပူပေးတာကော
အခုလို အားပေးတာကော"

"အာ ကိုယ်တို့က ပါတနာတွေပဲ 
ဒီလောက်တော့ လုပ်ရမှာပေါ့"

"ဟုတ် ဒီမှာ ပစ္စည်း စာရင်းပါ အမှုန့်ကော အခြောက်ကော အားလုံး နှစ်စီးစာ"

"အိုခေ ကိုယ်တို့ ဘက်ကကော ငွေသားပဲပြန်ယူမလား 
လက်နက်ယူမလား ကျောက်ရိုင်းတုံးတွေလည်းရှိတယ်"

"လက်နက်ပဲ ယူမယ်ဗျာ ကျောက်တွေကျ လိုချင်ပေမဲ့ ကျွန်တော်သိပ်နားမလည်ဘူးဗျ"

"ကိုယ်တွေပစ္စည်းတွေက စိတ်ချရပါတယ်"

"ဟုတ် သိပါတယ်ဗျာ Mr.Y နဲ့ ကျွန်တော် တွဲလုပ်လာတာ ကြာပြီပဲဟာ ဒါပေမဲ့ ကျွန်တော် 
မကျွမ်းကျင်တဲ့အလုပ်မို့ပါ"

"ဟုတ်ပါပြီဗျာ အကယ်လို့ လိုချင်တယ်ခဲ့ဆို အချိန်မရွေးပါပဲ"

"ဟုတ် အဲ့တာဆို အရောင်းအဝယ်ဖြစ်ပြီပေါ့နော် "

"ဟုတ် ဒါနဲ့ စိုင်းလင်းဆက်တယောက်တည်းလား"

"ဟုတ်တယ်ဗျ"

Y စိတ်ထဲမှာ ခိုးလို့ခုလု ဖြစ်နေသည်။
တွေ့ချင်သော ပေါက်စလေးကို မတွေ့ရတော့ သတိရနေတဲ့စိတ်တေနဲ့ မျှော်လင့်မိခဲ့တာမို့ ရင်ထဲမှာ နွမ်းလျသွားရသည်။ဒါပေမဲ့ သိချင်တာ မသိရရင်လည်း မနေနိုင်တာမို့ အလိမ်မာနည်းသုံးကာ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"အာ ဒါနဲ့ စိုင်းလင်းဆက်အစားအရင်တခါ လာတဲ့တယောက်လေ"

လင်းဆက် ရင်ထဲ စိုးရိမ်သွားသည်။Y ကသွေးအေးရက်စက်လွန်းသည်။နွမ်စိုင်းဘာတွေများ အမှားလုပ်ခဲ့လဲဆိုတဲ့စိတ်က ဒိန်းခနဲ ဆောင့်တက်လာသည်။နွမ်စိုင်းက စိတ်မထင်ရင်မထင်သလို အရွဲ့တိုက်တတ်သည်။Y နဲ့ ပြသနာတက်လို့မဖြစ်ပေ Y ကအစွယ်အပွားတွေ ခြေတွေလက်တွေ များသည်။

"ဘာလို့လဲဗျ ဘာတွေအဆင်မပြေတာများရှိလို့လဲ သူအမှားလုပ်ခဲ့မိရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ် "

"အို မဟုတ်ပါဘူး အဲ့တယောက်ကလည်း စိုင်းလင်းဆက်လိုပဲ အလုပ်လုပ်လို့ တော်တော်အဆင်ပြေပါတယ် သူကလည်း အတိအကျသမားပဲ အဲ့တာမို့ အလုပ်လုပ်ရတာ သဘောကျပါတယ်"

"အာ တော်သေးတာပေါ့ နွမ်စိုင်းက 
နည်းနည်းလေး ဂျစ်တတ်တယ်ဗျ 
သူကစိတ်ထဲရှိတဲ့အတိုင်း ပြောတတ်တာမို့ အမှားရှိမှာ စိုးရိမ်နေတာ ကျွန်တော်က "

"မမှားပါဘူးဗျာ အတော်ခင်ဖို့ကောင်းတဲ့ကောင်လေးပါ
သူကလည်း လက်နက်တွေ စစ်တုန်းက code တွေ ကအစ သေချာမေးပြီး စစ်တာဗျ"

"ဟုတ်မှာပါ သူ မကျွမ်းကျင်တဲ့အပိုင်းမို့ ပိုပြီး တိတိကျကျလုပ်ချင်တာနေမှာ သူကလက်နက်ပိုင်း သိပ်မကျွမ်းဘူးလေ အာ...နောက်တခါ ကျောက်အရိုင်းတွေ လိုချင်ရင်တော့ သူ့ကို လွှတ်ရမှာ ဗျ သူက ကျောက်တွေသိပ်ကျွမ်းတာ "

"အို ဟုတ်ပါပြီဗျ ကိုယ်နဲ့နောက်
တခေါက်ကျကျောက်တွေလိုချင်ရင် 
ဆက်သွယ်လိုက်ပါ လိုချင်တဲ့အမျိုးအစားအကုန် ကိုယ်ရအောင်လုပ်ပေးနိုင်တယ်"

"ဟုတ်ပါပြီဗျာ ကဲ.. အဲ့တာဆို ကျွန်တော်လည်း သွားစရာလေးရှိနေလို့ ခွင့်ပြုပေးပါဦးဗျာ Mr.Y"

"ဟုတ်ကဲ့ပါ ကိုယ်လိုက်ပို့ပေးပါမယ်"

"ရတယ်ဗျ ကျွန်တော့်လူတွေလာကြိုမှာ ရတယ် ကျွန်တော်ဒီတိုင်းပဲသွားလိုက်တော့မယ် လိုက်ပို့‌မနေပါနဲ့ဗျာ"

"ဟုတ်ကဲ့ အဲ့တာဆို နောက်တခေါက်မှတွေ့ကျတာပေါ့ဗျာ"

စိုင်းလင်းဆက် ပြန်သွားမှ Y ခုံမှာ အေးဆေးထိုင်ချပစ်လိုက်သည်။
မျှော်လင့်ချက်တွေ မဲ့သွားပြီ ထင်ထားခဲ့ပေမဲ့ အခုတော့ ‌အကျိုးအမြတ်တခုရလိုက်လေသည်။ပေါက်စ ရဲ့ အကြောင်းအရာတချို့တဝက်ကိုပါ ကြားသိခဲ့ရသည် ဂျစ်တူးလေးတဲ့လား ကွာ ပေါက်စရာ နောက်တခါကျရင်တော့ မင်းသိပ်ချစ်တဲ့အရာတွေနဲ့ ကိုယ်ဆွဲဆောင်ပေးပါ့မယ်။

Y ရဲ့ နှုတ်ခမ်းပါးထက်က အပြုံးဟာ သိပ်ကိုလှပလွန်းနေပြီး အသက်ဝင်လွန်းစွာ စိတ်လိုလက်ရပြုံးနေမိခဲ့သည်။

_____________________________________

"တီ..တီ..တီ...."

"ဟာ လာပြီကွ သေမလို ဟွန်းတီးနေတာလား ငသုန်ရာ"

သျှန့်အိမ်ကိုလာကြိုပေးသော ငသုန်က ကားပေါ်ကမဆင်းပဲ ဆင်ဝင်အောက်တွင်ရပ်ပြီး သျှန်ထွက်မလာမချင်း ကားဟွန်းကိုအသေတီးနေတာကြောင့် ပိတ်အော်ပစ်လိုက်သည်။

"မင်းက ပဲများနေတာကို ငါမင်းကိုစောင့်နေရတာ နာရီဝက်လောက်ရှိနေပြီလေ"

"အပိုတွေမပြောနဲ့ မင်းငါ့အိမ်ရှေ့ရောက်တာ ငါးမိနစ်တောင်မပြည့်သေးဘူး"

"တက်မှာဖြင့်တက် ငဇေ မင်းစကားများနေတာ အချိန်ပိုကုန်တယ်"

"အေးပါကွာ"

သျှန်လည်း ငသုန့်ကားပေါ်တက်မည်အပြုတွင်

"ဆရာ ဆရာ"

အလောတကြီးပြေးလာသော Nic ကြောင့် သျှန်တောင်လန့်သွားရသည်။

"ဘာလဲကွ"

"ဆရာ ဒီကားနဲ့လိုက်သွားမို့လား ကျွန်တော်တို့ လိုက်ပို့ပေးမယ်လေ ဆရာ့လုံခြုံရေးက စိတ်ချရပါ့မလားဗျာ"

"ဟိုကောင် စောက်ပိုတွေမလုပ်နဲ့ မင်းတို့ဆရာကို ငါတို့ရောင်းမစားဘူး ဒီတိုင်းလေး ခြံထဲမှာပဲတွေ့ကြမှာ ဘယ်အပြင်မှလည်းမသွားဘူး"

ဝသုန် က မျက်နှာတည်တည်ကြီးနဲ့ Nic ကိုပြောလိုက်တော့ ဟိုအချိုးမပြေကောင်က 
ဝသုန့်ကို နှာခေါင်းရှုံ့ပြသည်။
သျှန် ဝင်မပြောရင် နှစ်ကောင်သားသတ်ကြတော့မည်မို့ 

"ရတယ် Nic အိမ်မှာသာ သေချာနေ တခုခုထူးရင် ဖုန်းဆက် ဟုတ်ပြီလား"

"ဟုတ် ဆရာ"

သျှန့်ကိုသာ 'ဟုတ် ဆရာ' လုပ်နေတာ ဝသုန့်ကိုရအောင်လှမ်းပြီး မျက်စောင်းထိုးသွားသေးသည်။

သျှန် နဲ့ ဝသုန် နှစ်ယောက်တည်း မန္တလေးမှထွက်လာပြီး မေမြို့ဘက်သို့ တက်လာကြသည်။

"ဒါနဲ့ မိကာကာ ကော ငသုန် "

"ဟိုကောင် စက္ကန့်ကိုသွားခေါ်တယ်လေ သူတို့ကအရင်တောင်ရောက်နေလောက်ကြပြီ မင်းပဲများနေလို့ ငါသာနောက်ကျနေတာ"

"ဪ"

ညို နဲ့ ဆယ်စုနှစ်တခုကြာမှ မျက်နှာချင်းဆိုင်သေချာပြန်တွေ့ရမည်မို့ သျှန် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။

မေမြို့ကိုစပြီးဝင်လာပါပြီဆိုတည်းက သျှန့်လက်ဖျားလေးတွေအေးနေသလိုပင်။ငသုန်က အရုပ်ဆိုင်တဆိုင်ရှေ့ရပ်ကာ ဘာသွားဝယ်သည်မသိ ဝင်ဝယ်လိုက်သေးသည်။

"ဟျောင့် ဘာဝယ်တာလဲ "

"ကာကာ မှာလိုက်တာ ခဏနေသိမယ်"

"အေးအေး"

ငစိုင်းတို့ခြံကို သျှန်တို့ရောက်တော့ နေ့လည် ဆယ့်တစ်နာရီကျော်နေလေပြီ။သျှန်တို့ငယ်ငယ်လေးတည်းက ရှိနေခဲ့တဲ့ ဦးကြီးက အခုထိသန်တုန်းမြန်တုန်းပင် သျှန်တို့ကားလေး‌ကိုမြင်တော့ တခါးလာဖွင့်ပေးသည်။

"ဦးကြီး ငစိုင်းတို့ကော"

ငသုန်ကမေးလိုက်သည်။

"ခြံထဲက သစ်ပင်ကြီးအောက်မှာထင်တယ် ဦးကြီးစောနကတွေ့လိုက်တာ "

"ဟုတ်ကဲ့ဗျ"

"ဟျောင့် ငဇေ လာဦး"

"ဘာလဲ"

"ရော့"

"ဘာလဲ"

ကလေးတွေဆော့တဲ့ မျက်နှာဖုံးအရုပ်လိုဟာလေး သျှန့်ကို ဝသုန်က ကမ်းပေးလာသည်မို့ သျှန်လည်းပြန်မေးရသည်။

"တပ်လိုက်စမ်းပါ မင်းမျက်နှာမှာ"

"ဘာလို့တပ်ရမှာလဲ ငါက ကလေးလည်းမဟုတ် အဲ့တာ ကလေးတွေဆော့တဲ့ဟာကြီးကို"

"ငါသိတယ်လေ အဲ့တာကလေးတွေဆော့တဲ့ဟာမှန်း"

"ကိုကို ရောက်ပြီလား "

မိကာကာအသံနဲ့အတူ ငစိုင်းတို့ပါ သျှန်တို့ဘက်ကိုလာနေသည်။

"ဒီကောင်က‌လည်း တပ်ပါဆို "

ပြောပြောဆိုဆို ငသုန်က ကလေးတွေဆော့တဲ့ အရုပ်မျက်နှာဖုံးကို သျှန့်မျက်နှာကို ဇွတ်ကောက်တပ်ပစ်လိုက်သည်။

"ဟာ နေဦး ငသုန်ရ"

သျှန်ပြောလည်းမရ 

"ဟျောင့်တွေ ဘာဖြစ်နေကြတာလဲ "

ညို့အသံကြောင့် သျှန် နဲ့ ငသုန် ရုန်းရင်းဆန်ခတ်အနေအထားမှ ငြိမ်သွားရသည်။

"ငါပြန်တော့မယ်"

ချက်ချင်းကြီးဒေါသသံနဲ့ အံ့ကြိတ်ပြောလာသည့် 'ညို' ကြောင့် 
'ညို' သျှန်ကိုတွေ့သွားပြီထင်သည် 

"နင်ကလည်းဟာ ဘာလို့ပြန်မှာလဲ စက္ကန့်ရာ 
ငါတို့အားလုံးစုံနေပြီပဲကို"

"ကာကာ ငါနင့်ကိုသေချာပြောခဲ့တယ်နော် 
ဒီကောင့်မျက်နှာကို မမြင်ချင်ပါဘူးလို့"

"အေးလေ ပြောတယ်လေ အခုလည်း နင်မမြင်ရအောင် ငါသူ့ကို မျက်နှာဖုံးစွတ်ပေးထားတယ်လေ နင်မြင်ချင်တောင်မမြင်ရဘူး"

"ကာကာ စကားကို ကပ်မပြောနဲ့"

'ညို'က ‌ကာကာကို စိတ်ပျက်သလိုရေရွတ်ရင်းပြောနေသည်။
အဲ့တာကြောင့်မို့ စောနက အရုပ်ဆိုင်မှာ ငသုန် ကလေးတွေဆော့တဲ့မျက်နှာဖုံးဆင်းဝယ်တာကို မိကာကာလက်ချက်တွေမှန်းအခုမှ သျှန်
သိလိုက်ရတော့သည်။

"စက္ကန့်ကလည်းကွာ ငါတို့အားလုံး ဆုံနေပြီပဲဟာကို ဒီလိုရှားရှားပါးပါး အခွင့်အရေးလေးကို မပြန်ပါနဲ့ကွာ "

ငစိုင်းကပါ ဝင်ပြောလာသည်။

"အေးလေ နင်ကလည်း နင်သူ့ကိုမမြင်ရအောင် ငါလုပ်ပေးထားပြီးပြီဟာကို"

ကာကာကလည်း ဆူအောင့်အောင့်လေးပြောလာသည်မို့
အခုချိန်မှာ စက္ကန့်က လူဆိုးကြီးလုံးလုံးဖြစ်နေချေပြီ။ဟိုလဒက ရေငုံနှုတ်ပိတ် ရေခဲတိုက်ထဲက ဆွဲထုတ်လာတဲ့ အလောင်းကောင်လို အတောင့်လိုက်ကြီးရပ်နေသည်။

စက္ကန့် ကပဲမကောင်းဖြစ်ရကော ဒီကောင်သတ်သတ်မဲ့လုပ်နေတာပင် တခွန်းမှကို ဝင်မပြောပဲ စက္ကန့်ကို ရွဲ့နေတာပင် သူကတော့နစ်နာသူ အူကြောင်ကြားလေးပေါ့။
  
"ဟွန့် ရတယ်လေ အဲ့တာဆိုလည်း မင်းတို့ကလူစုံရင်ပြီးရောမလား မင်းတို့ခြံထဲမှာနေလေ ငါအိမ်ထဲသွားနေမယ်"

"စက္ကန့် မင်းကလည်းကွာ အဲ့လိုကျမဟုတ်သေးဘူးလေပျော်ချင်လို့လာပါတယ်ဆိုမှကွာ မင်းတို့ကလည်း"

ဝသုန်ကပါအငြိမ်မနေနိုင်တော့ ဝင်ပြောလာလေပြီ။

သျှန့်မှာတော့ အခုထိဘာဝင်ပြောရမှန်းမသိ
သျှန်ဝင်ပြောလိုက်ရင် 'ညို့' စိတ်အခြေအနေကပိုဆိုးသွားနိုင်သည်မို့ သျှန် ငြိမ်ငြိမ်လေး ရပ်နေမိသည်။အခုဆို ငသုန်တပ်ပေးထားတဲ့ မျက်နှာဖုံးလေးနဲ့ပေါ့။

စက္ကန့်ဘက်ကျ ဘယ်သူ့မှမတွေးပေးဘူး 
အဲ့ကောင်ဘက်ကြည့်ပဲ အခုလည်းကြည့် 
မကြီးမငယ် သေခါနီး သင်္ချိုင်းခြေတဖက်လှမ်းနေတဲ့ကောင်က
ကလေးတွေဆော့တဲ့ ဝူခုန်းရုပ်မျက်နှာဖုံးကြီးနဲ့
သူ့ခန္ဓာကိုယ်အကြီးကြီးနဲ့ မလိုက်မဖက် ကလေးကလားတွေ

"ခွီး"

စက္ကန့် သူ့ကိုကြည့်နေရင်းမှ မနေနိုင်စွာ ရီမိသွားသည်။ကြည့်ကြသေးတာပေါ့ အဲ့ကောင် အဲ့မျက်နှာဖုံးနဲ့ ဘယ်ချိန်ထိနေနိုင်မလဲဆိုတာ ။

"အေး အဲ့တာဆိုလည်း ပြီးတာပဲ ငါသူ့မျက်နှာမမြင်ရရင်ပြီးရောအခုခြံထဲသွားမှာမလား"

စက္ကန့်ရဲ့ စကားကြောင့် အခုမှအကုန်လုံး
သက်ပျင်းချနိုင်တော့သည်။

"ခဏနေမှာ ခြံထဲမှာလုပ်မယ်လေကွာ အခုက နေအရမ်းပူနေသေးတယ် အိမ်ထဲဝင်ပြီး နေ့လည်စာအရင်စားရအောင်"

ခြံပိုင်ရှင် ငစိုင်းစကားကို အကုန်လုံးထောက်ခံသည့်သဘောနှင့် အိမ်ထဲသို့ ဝင်ခဲ့ကြသည်။

သျှန် ဒီမျက်နှာဖုံးကြီးနဲ့ ဘယ်လိုများနေရမလဲ 
Alis အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးဟာ 
'ညို့' စကားတခွန်းကြောင့် အခုတော့ မျောက်ရုပ်မျက်နှာဖုံးကြီးနဲ့ နေနေရသည်။ဒီမျက်နှာဖုံးနဲ့အစားဘယ်လိုစားမလဲ တနေကုန် ဒီတိုင်းနေနေရမှာလား သျှန် ကိုယ့်ဘဝကိုယ်တွေးပြီး လေပူတချက်သာမှုတ်ထုတ်လိုက်မိသည်။ဒီတိုင်းတော့အကြာကြီး မနေနိုင်ပါ သျှန် တခုခုတော့ စီစဉ်ရမည်။

Nov 15, 2021

Long Time No See
ဖရဲသီးလေး ပြန်လာပါပြီ 

Thanks For Reading.💛💛

#Paing Koe 🌸🍉

-------------------------------------------------------


rate now: