book

Index 8

Part - 7

သျှန် ဒီရက်ပိုင်း မန္တလေးမှာပဲအနေများနေရသည်။

ပြည်ပကအလုပ်တွေကလည်း သျှန့်လက်ထောက် အမြွှာနှစ်ယောက်တည်းက အငယ် Num နဲ့လွှဲထားလို့ရတာမို့ Num နဲ့သာလွှဲထားလိုက်သည်။


Nic နဲ့ Num ဆိုတာ သျှန် ကိုယ်တိုင်ပေးထားတဲ့နာမည်တွေပေါ့

သျှန် အမေရိကားမှာ ကျောင်းတက်နေစဉ် လုပ်ငန်းတွေအစပြုခါစအချိန်ကာလလောက်က ဘန်ကောက်ဘက်ကို အလုပ်ကိစ္စနဲ့ခရီးထွက်ရင်း ဒီညီကိုနှစ်ကောင် ဘန်ကောက်က လမ်းဘေးတနေရာမှာ သူများတွေရဲ့အပြောခံအဆိုခံပုံစံနဲ့တွေ့ခဲ့ရခြင်းဖြစ်သည်။

အစက သျှန် နဲ့မဆိုင်တဲ့ကိစ္စပဲဆိုပြီး ကျော်သွားမို့ပေမဲ့ 

အငယ်ကောင်လေးရဲ့ မျက်ဝန်းတွေထဲက အေး‌စက်စက်ပုံစံအငွေ့အသက်တွေရယ် အကြီး‌လို့ထင်ရတဲ့ကောင်လေးရဲ့ မဟုတ်မခံပုံစံတွေရယ်ကြောင့် သနားလို့ ကူညီမိခဲ့ခြင်းဖြစ်သည်။

ကူညီတယ်ဆိုတာလည်း ပြောဆိုနေသူတွေကြားက ဆွဲထုတ်လာပေးပြီး ပိုက်ဆံအနည်းငယ်ပေးကာ ထားခဲ့မည်ဟုတွေးထားခဲ့တာပင်။


"ကူညီပါ"


မြန်မာလိုပီပီသသပြောလာသော အငယ်တယောက်၏စကားတခွန်းနဲ့တင် ကိုယ့်လူမျိုးဆိုတဲ့အသိနဲ့ ပြီးတော့ ကောင်လေးတွေပုံစံက ကိုယ့်စိတ်ကြိုက်ပုံသွင်းလို့ရသည့် 13 14 အရွယ်လေးတွေ ဒီတိုင်းသာပစ်ထားခဲ့လိုက်ရင် လမ်းဘေးနေဘဝမျိုးနဲ့ တကယ့်ကို ဂျစ်ပစီဖြစ်သွားလိမ့်မည် ထို့ကြောင့် ဒီကောင်လေးနှစ်ယောက်၏ ညစ်ပေနေသော လက်လေးတွေကို သျှန့်လက်တဖက်စီတွင် တယောက်စီ လက်တွဲကာ ထိုလမ်းကြားလေးမှ ခေါ်ထုတ်လာခဲ့မိသည်။


ဘန်ကောက်က သျှန်တည်းသော Hotel ကိုရောက်မှ ရေမိုးချိုးအဝတ်အသန့်လေးတွေဝတ်စားစေလိုက်သောအခါ ညီကိုနှစ်ယောက်လုံးက တကယ့်ကိုလူရည်သန့်လေးတွေပင်။


"မင်းတို့ မြန်မာစကားတတ်တယ်မလား"


"အင်း "


ပြန်ဖြေပုံကအစအချိုးမပြေ 


"မင်းတို့က ညီအစ်ကိုတွေလား ဘယ်သူကအကြီးလဲ"


"ငါကအကြီး ပြီးတော့ ငါတို့က အမြွှာတွေ သူကအငယ်"


လက်ထောင်ပြီးပြောလာတဲ့သူ‌ကို သျှန် စိတ်တိုင်းမကျစွာ မျက်ခုံးတွေတွန့်ချိုးမိသည်။ကလေးငယ်လေးတွေက အပြောအဆိုကအစ ရိုင်းစိုင်းနေသည်။


"အဲ့လို ငါ လို့မပြောရဘူး ကိုယ်က မင်းတို့ထက်ကြီးတယ် ။
မင်းတို့ ကိုယ့်နောက်လိုက်ချင်လား ကိုယ်မင်းတို့ကို ကျောင်းလည်းတက်ခိုင်းမယ် ပြီးတော့ ကိုယ်နဲ့နေရမယ် အာ မေ့လို့ မင်းတို့မှာ မိဘတွေရှိသေးလား"

"လိုက်မယ်"

"ဟင့်အင်း မရှိတော့ဘူး"

အငယ်ဆိုတဲ့ကောင်လေးက လိုက်မယ်ဆိုတဲ့စကားကို ချက်ချင်းဖြေသည်။အကြီးကောင်လေးက မိဘတွေမရှိတော့တဲ့အကြောင်းပြောသည်။ကလေးတွေရဲ့မျက်လုံးထဲမှာ အရွယ်နဲ့မမျှတဲ့ ရင့်ကျက်မှုတွေတွေ့နေရသည် ပြီးတော့ နာကျည်းမှုတခုကိုကောပေါ့

"မင်းတို့ ကိုယ်နဲ့လိုက်မယ်ဆို ဟုတ်ပြီ ကိုယ်က ဒီထိုင်းနိုင်ငံကမဟုတ်ဘူး မြန်မာနိုင်ငံက ပြီးတော့ အခု ကိုယ်က အမေရိကားမှာ ကျောင်းတက်နေတာ ကိုယ်လည်း ကျောင်းတဖက်နဲ့ဆိုတော့ မင်းတို့ကိုလည်း အမေရိကားမှာပဲ ကျောင်းတက်ခိုင်းမှာ ဘယ်လိုလဲ"

"ခင်ဗျား ဘာပြန်လိုချင်လဲ ကျောက်ကပ်တွေအသည်းတွေထုတ်ရောင်းမို့လား အဲ့လောက်ကောင်းပေးနေတာ"

"ဟာ"

ကောင်လေးတွေကြည့်ရတာ လောကဓံရဲ့ရိုက်ချက်တွေကို တော်တော်ခံလာရသည်ထင်တယ် သျှန်ကသူတို့ကို ကောင်းပေးတာတောင် သူတိူ့ဆီက တခုခုပြန်လိုချင်လို့ လုပ်ပေးတယ်ဟုထင်နေသည်။

"တောင်းပန်ပါတယ် ညီညီက  ဟိုတလောက ဆက်ကြေးကောက်တဲ့အဖွဲ့တခုမှာဖမ်းတာခံရပြီး ကျောက်ကပ်တွေထုတ်‌ခံရမလိုဖြစ်ခဲ့တာ သူပြန်ထွက်ပြေးလာလို့ လွတ်လာတာ အဲ့တာမို့ပါ"

အကြီးကောင်လေးရဲ့ ဖြေရှင်းချက်ကြောင့် သျှန် ပိုပြီးသနားသွားရသည် စိတ်လည်းမဆိုးနိုင် သျှန် ဒီကလေးတွေအရွယ်လောက်တုန်းကဆို ခြံထဲမှာ ဘောလုံးကန်ချင်ကန်နေမယ် သူငယ်ချင်းတွေနဲ့ ကစားကွင်းရောက်ချင်ရောက်နေမယ် ညို နဲ့အတူ ဂိမ်းဆော့ရင်ဆော့နေမယ် အဲ့လို‌ဖြတ်သန်းခဲ့ရတာ အခုကလေးတွေဘဝက ခက်ခဲလွန်းနေသည်။

"ရပါတယ် ငါမင်းတို့ဆီက ဘာမှမလိုချင်ဘူး ငါ့လူတွေဖြစ်ပေးရင်ရပြီ မင်းတို့တဘဝစာလုံးငါတာဝန်ယူပေးမယ် ပြီးတော့ ငါ့ကို ကျေးဇူးမကန်းရင်ရပြီ ငါဘာမှမမျှော်လင့်ဘူး"

"ခင်ဗျား တကယ်ပြောတာလားဟင် "

အကြီးကောင်လေးရဲ့ အသံကဝမ်းနည်းနေသည်။
အငယ်ကောင်လေးက သျှန့်ကိုအံ့ဩသလိုစိုက်ကြည့်နေသည်။

"အင်း ကိုယ့်ပုံစံကလိမ်နေတဲ့ပုံပေါက်နေလို့လား"

ညီကိုနှစ်ယောက်လုံးပြိုင်တူခေါင်းရမ်းကြသည်။
သူတစ်ပါးဘဝကို လှပအောင်လုပ်ပေးရတာ 
တကယ်စိတ်ချမ်းသာဖို့ကောင်းတယ် ဆိုတဲ့စကားကို 
သျှန်ယုံကြည်လာလေသည် သူတိူ့လေးတွေမျက်လုံးထဲက 
သျှန် နဲ့ ခဏလေးတွေ့ရသေးတာတောင် အခုလိုကူညီမည်ဆိုတာကြောင့် မျှော်လင့်ချက်အပြည့် အားကိုးမှုကော ယုံကြည့်ချက်တွေနဲ့ကော ဝမ်းသာနေကြတာမြင်ရတာနဲ့တင် သျှန်ပါအလိုလိုပီတိဖြစ်မိသည်။

"ဒါနဲ့ မင်းတို့က မြန်မာစကားတတ်တာလား မြန်မာလူမျိုးလား"

"ငါ... အဲ.. ကျွန်တော်တို့‌အဖေက မြန်မာ အမေက ထိုင်း ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတက်ဖူးတယ် အဖေက ပန်းရံဆိုဒ်တွေမှာလိုက်လုပ်ရင်း မတော်တဆဖြစ်ပြီးသေသွားတယ် အမေက ဈေးရောင်းတယ် အဖေသေသွားတော့ အမေတယောက်တည်းလုပ်စာနဲ့ ကျောင်းမထားနိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ် သိပ်မကြာဘူး အမေကအိမ်ပြန်မလာတော့ဘူး အမေက ‌သေသွားတာလား ထွက်သွားတာလားမသိဘူး ကျွန်တော်တို့ ညီအကိုနှစ်ယောက်ပဲ အိမ်လေးထဲမှာကျန်ခဲ့တယ် အိမ်က အိမ်ငှားဆိုတော့ ကျွန်တော်တို့ညီကိုနှစ်ယောက် လမ်းဘေးကိုမောင်းထုတ်ခံရတယ် လမ်းမှာ အလစ်သုတ်တယ် ဗိုက်ဆာရင် ခိုးစားတယ် တခါတလေ သုံးလေးရက်လောင် အငတ်နေရတာတွေရှိတယ်"

သျှန် အကြီးကောင်လေးပြောပြတဲ့စကားတွေနားထောင်ရင်း 
လူ့ဘဝဆိုတာ အခက်အခဲတွေများတဲ့သူဆီမှာပဲ အခက်အခဲတွေစုပုံပြီးလာဖြစ်နေရတာပါလားဆိုတာ တွေးမိတယ် ကောင်လေးနှစ်ယောက်လုံးကို သျှန့်သိုင်းဖက်ထားလိုက်မိသည်။

"အခုကစပြီး ငါမင်းတို့ဘဝကို လှလှပပလေး‌တည်ဆောက်ပေးမယ်"

(A/N :: သျှန် Nic နဲ့ Num ကိုတွေ့တဲ့အချိန်က ကျောင်းတက်နေရင်းပါနော် ဒုစရိုက်လောကထဲမရောက်သေးပါဘူး )

"ကျေးဇူးပဲ"

အငယ်ကောင်ပုံစံက အေးတိအေးစက်နိုင်လွန်းသည်။အေးလေး ဘဝကသင်ခန်းစာတွေပေးသွားတာကို ။

"ဒါနဲ့ မင်းတို့အသက်ဘယ်လောက်ရှိပြီလဲ "

"ဆယ့်နှစ်နှစ်လို့ထင်တာပဲ အဖေသေတုန်းက ကျောင်းထွက်လိုက်ရတော့ အသက် ခုနှစ်နှစ်လေ မွေးနေ့တော့မသိတော့ဘူး အမေကလည်းမပြောခဲ့ဘူးလေ"

သျှန် တကယ်စိတ်မကောင်းပါ

"ဟုတ်ပြီး ကိုယ်ကအခု 19 နှစ် မင်းတို့ အကိုတယောက်လို ကိုယ့်ကိုဆက်ဆံလို့ရတယ် လိုချင်တာရှိရင်ပြောလို့ရတယ် ဒါပေမဲ့ ကိုယ့်စည်းကမ်းနဲ့နေရမယ် မင်းတို့ ဘယ်လိုလဲ"

"နေနိုင်ပါတယ် ကျွန်တော်တို့လမ်းဘေးမှာနေခဲ့ရတဲ့ဘဝကိုပြန်မရောက်ချင်တော့ဘူး "

"Ok ဒါနဲ့ မင်းတို့နာမည်က "

"ထိုင်းနာမည်အရှည်ကြီးပေးထားတာတော့ရှိတယ်"

"အဲ့တာဆို ထားလိုက်တော့ အခုမင်းတို့အတိတ်ကပြီးသွားပြီ အဲ့နာမည်တွေကော ဒီဘဝကိုကော မြှပ်နှံခဲ့လိုက်တော့ "

"ဟုတ် "

"ဟုတ်"

"မင်းကအကြီးနော် မင်းတို့က ထိုင်းကပြားဆိုတော့ မင်းနာမည်က Nic မင်းက Num ဘယ်လိုလဲ ကြိုက်လား "

(A/N :; ညိုပြောတာမှန်တယ် သျှန့်ရဲ့ နာမည်ပေးစကေးကအရမ်းတော်လွန်းတယ် )

"ဟုတ် ကြိုက်ပါတယ်"
 
အဲ့လိုကနေ အဲ့နှစ်ကောင် သျှန့်အနားရောက်လာခဲ့တာပင်
သျှန့် လုပ်ငန်းတွေစလုပ်ချိန်တုန်းက သျှန့်လက်ထောက်အဖြစ် ဖေဖေ့ရဲ့လူယုံရဲ့သားတယောက်ကို ထားပေးခဲ့တာပင်။

အခုတော့ ဟိုနှစ်ကောင် ကျောင်းပြီးတာနဲ့ လုပ်ငန်းလုပ်ချင်လားခွဲထုတ်ပေးမယ်ဆိုတာကို ဆရာ့ကျေးဇူးတွေဆပ်ချင်လို့ ဆရာ့အနားမှာပဲ နေမည်ဆိုကာ ကျောင်းမပြီးခင်တည်းက သျှန့်အလုပ်တွေအကြောင်းတစေ့တစောင်းသိထားသူများမို့ ကျောင်းပြီးတာနဲ့ သျှန့်လုပ်ငန်းတေထဲရောက်လာကြသည်။

အဲ့နှစ်ကောင်ကြောင့်သာ သျှန် တော်တော်လေးအနားရလာသည်။
ပြီးတော့ သျှန့်လက်ထောက်အကိုကလည်း မိန်းမယူသွားခဲ့သည်မို့ သျှန့်နောက်က တကောက်ကောက်မလိုက်‌စေချင်တော့တာမို့ သူ့မိန်းမနဲ့ရှိနေနိုင်ရန် သျှန့်ရဲ့ မြန်မာပြည်က လုပ်ငန်းခွဲတခုကို ဦးဆောင်စေကာ မြန်မာပြည်မှာသာ နေစေလိုက်တော့သည်။

အခုဆို ညီကိုနှစ်ယောက်ထဲမှ အကြီးတယောက် Nic ကသျှန့်ရဲ့အနီးကပ်လက်ထောက်ဆိုလည်းဟုတ် ညာလက်ရုံးဆိုလဲဟုတ်သည်။  အမှန်တော့ အဲ့ကောင်က စပ်စလူးနတ်ပူးပြီး ပေါက်ကရတွေလုပ်တတ်လွန်းတာမို့ စိတ်မချလို့ အနားခေါ်ထားရင်းကနေ အခုလို့ ပုံစံကျသွားကာ သျှန့်လက်ထောက်ဖြစ်သွား​​ခြင်းပင်။

အငယ်ကောင် Num ကတော့ Nic နဲ့ ကွဲပြားစွာပင် စိတ်ဓာတ်မာသည် သွေးအေးသည် အတိအကျလုပ်သည် ပြီးတော့ စိတ်ချရသည် လုပ်ငန်းတွေမှာလည်း တသွေမတိမ်းလုပ်နိုင်သည် ထို့ကြောင့် ပြည်ပကအလုပ်တွေတွင် Num နဲ့လက်လွှဲထားပြီး နှစ်ဝက်တခါလောက်သာ စာရင်းတွေရှင်းဖြစ်ကြသည်။လက်လွှဲထားပြီး စိတ်ချလက်ချလုပ်ပိုင်ခွင့်တွေ ပေးထားတာတောင် အရာရာ သျှန်နဲ့တိုင်ပင်သည် ညီအစ်ကိုနှစ်ယောက်လုံးက သျှန့်ကို သူတို့ရဲ့အစ်ကိုရင်းတယောက်လို ဆက်ဆံခွင့်ကို သျှန်ကိုယ်တိုင်ပေးထားသည်မို့ ပွင့်လင်းသည် ပြောရဲဆိုရဲသည်။ တခြားသူတွေမပြောရဲလည်း အဲ့နှစ်ကောင်ကတော့ တကယ်ကိုသျှန့်ကိုမကြောက်တာပင် သျှန့်ရဲ့အထီးကျန်ခြင်းတဖက်ခြမ်းကို တတ်နိုင်သလောက်ဖြည့်စွမ်းပေးကြသည်။သျှန် ရယ် Nic နဲ့ Num ရယ်က တကယ့်ကို ညီအကိုအရင်းတွေလိုပင် ခေါ်တာသာ ဆရာ ဆရာ နဲ့ပြီးရင် အားမနာတမ်းပြောကြတဲ့ကောင်တွေပင် သျှန်ကိုယ်တိုင်ကလည်း သူတို့အပေါ်သံယောဇဉ်ကြီးပါသည်။

------------------------------------------

အခုတော့ အလုပ်ကိစ္စတခုကြောင့် သျှန် မန္တလေးက ကိုယ့်အိမ်ကြီးရှိပါရဲ့နဲ့ Hotel မှာလာနေ နေရသည်။ဒီရက်ပိုင်း သျှန့်အလုပ်တွေမှန်သမျှကို မန္တလေးမှာသာ ချိန်းဆိုထားသည်။

မန္တလေးမြို့ရဲ့ ညချမ်းအချိန်အခါဟာ အင်မတန်လှပလွန်းပါတယ်။
လရောင်တွေဖြာကျလွှမ်းခြုံပေးထားတဲ့ မန္တလေးကျုံးကြီးကိုမျှော်ငေးကြည့်ရတာလည်း လွမ်းမောစရာအတိ။
Hotel ရဲ့ ဝရန်တာမှာထိုင်၍ လရောင်၏အေးချမ်းမှုကို ခံစားရင်း အရက်ခွက်ကို ကိုင်ကာ ‌လှုပ်ရှားဆော့ကစားနေတဲ့ လက်ချောင်းရှည်သွယ်သွယ်တို့က အရက်ခွက်နှင့် ပနံသင့်စွာ ကြည့်ကောင်းလွန်းနေပြန်သည်။

"Nic"

"ဗျာ ဆရာ"

"လူတယောက်ကို တခါပဲတွေ့ဖူးပြီး
တသက်လုံးမေ့မရတာမျိုးရှိလား"
  
"ရှိတာပေါ့ဆရာရဲ့ တခါမြင်ရုံနဲ့ 
တသက်လုံးမေ့မရအောင် ကြည့်ကောင်းတာကိုဗျ"

"အဲ့လိုမဟုတ်ဘူးကွာ ဒီအတိုင်းတခါလေး ‌
မြင်ဖူးသိဖူးရုံနဲ့ နောက်ထပ် ထပ်တွေ့ချင်တာမျိုးကွာ အိပ်မက်တွေထဲထိပါ ပါလာတတ်တာမျိုး"

"ဗျာ ....မပြောတတ်ဘူးဆရာ အဲ့လိုကျ
ဆရာ ဘယ်သူ့ကို အိပ်မက် မက်လို့လဲ"

"အင်း... ရှိတယ်"

"ဒါနဲ့ ဆရာ 'နွိုင်း' အဖွဲ့ သတင်းကြားသေးလား"

"ဘာလဲ"

"သူတို့အဖွဲ့ကတော်တော်စည်းလုံးတယ်
သတင်းတွေကို အုပ်ထားနိုင်တယ်
ကျွန်တော်တောင် မတော်တဆ ကြားလာတာ
သူတို့အဖွဲ့ခေါင်းဆောင် ဒဏ်ရာရထားလို့ 
ခေါင်းဆောင်ငယ် တက်တယ်လို့ ပြောနေတယ်"

"ဟင်... ငါဘာမှ မသိပါလား"

"သူတို့အဖွဲ့က သတင်းငြိမ်တဲ့အဖွဲ့ဗျ
ကျွန်တော်လည်း သိချင်လို့ လိုက်စုံစမ်းပေမဲ့
ဘာမှ သဲလွန်စမရဘူး"

"ဟုတ်လား"

Y လက်ထဲကအရက်ခွက်ကို မသောက်ဖြစ်သေးပဲ အကြောင်းမဲ့ ရေခဲတုံးတွေကောက်ထည့်နေမိရင်း ခေါင်းထဲပေါ်လာတဲ့ အကြံတချို့ကြောင့် သဘောတကျ ပြုံးလိုက်မိသည်။

"Nic"

"ဗျာ"

"နွိုင်းကနေ အမှုန့်နည်းနည်းထပ်မှာလိုက်ကွာ
မဟုတ်ဘူး အများကြီးမှာလိုက်ကွာ"

"ဘာလုပ်မို့လဲ ဆရာ အရင်လက်ကျန်တွေတောင် အများကြီးကျန်သေးတာကို"

"လျှာမရှည်ပါနဲ့ ငါခိုင်းတာသာလုပ်စမ်းပါ "

"ဟုတ်ကဲ့ ဆရာ"

"မိတ်ဆွေကောင်းဆိုတာ အခက်ခဲဆုံးအချိန်မှာ ကူညီရ‌တယ်လေကွာ"

"သူတို့က ခက်မှမခက်ခဲပဲ ဘောစိဗျ"

"ဟာ ဒီကောင်ပိန်းချက်ကွာ
ငါကန်ထလိုက်ရ သူတို့ဘောစိမှန်း ငါသိတယ်
အခုက လူအားပြတာကွ 
သူတို့ဘက်မှာပဲရှိတယ်ဆိုတာပြတာ"

"အဲ့လိုလား မသိဘူးလေဆရာရယ်"

"အေး....မသိရင် ပါးစပ်ပိတ်ထား
သွား ဖုန်းသွားဆက်"

"ဟုတ်ကဲ့  ဘယ်မှာ နေရာချိန်းမလဲ ဆရာ"

"မန္တလေးမှာပဲ ချိန်းလိုက်"

"ဟုတ်....ဆရာ"

Nic ဆရာ့အနားက ထွက်လာကာ
'နွိုင်း' အဖွဲ့သို့ ဖုန်းဆက်လိုက်သည်။

"Hello 'နွိုင်း' အဖွဲ့ကလား ပစ္စည်းမှာချင်လို့ပါ"

"ဟုတ်ကဲ့ ရပါတယ် ဒါနဲ့ ဘယ်သူလဲမသိဘူးဗျ"

"Y ဆိုရင် သိမယ်ထင်တယ်"

"ဟုတ်ကဲ့သိပါတယ် ဘယ်နေ့လာပို့ပေးရမလဲ"

Nic ဖုန်းကိုလက်နဲ့ကာလိုက်ပြီး ဆရာ့ကိုလှမ်းမေးလိုက်သည်။

"ဆရာ ဘယ်နေ့လာပို့ရမလဲတဲ့"

"မြန်လေကောင်းလေပဲကွာ ငါမြန်မြန်တွေ့ရတာပေါ့"

"ဟမ် ဆရာက ဘယ်သူနဲ့တွေ့မှာလဲ"

"ဟိတ်ကောင် မင်းစကားမရှည်နဲ့ 
မှာစရာရှိတာမှာ"

"ဟုတ်"

Nic လည်း နွိုင်း အဖွဲ့ဘက်ကို အကြောင်းပြန်ရသည်။

"ဗုဒ္ဓဟူးနေ့ရနိုင်မလားဗျ"

"ဟုတ်ရပါတယ် နေရာနဲ့အချိန်ကို Message ပို့လိုက်ပါ"

"ဟုတ်ကဲ့ "

တဖက်ကဖုန်းချသွားလေသည်။
Nic လည်းဆရာ့ကိုပြန်ပြောရပြန်သည်။

"ဆရာ ကျွန်တော် ဗုဒ္ဓဟူးနေ့လို့မှာထားတယ်
အဲ့နေ့က ဆရာ့အချိန်စာရင်းတွေလည်း ရှင်းလို့"

"အေး မင်း ငါ့နီးနီး တော်လာပြီ"

"အခုမှ စနေပဲရှိသေးတယ် ဆရာ 
ကြားထဲမှာ ရက်တွေကျန်သေးတယ်"

"အေးငါသိတယ် မင်းပဲပြက္ခဒိန်ကို 
အလွတ်ကျက်ထားလိုက်"

Y လည်း Nic ကိုပြောပြီးတာနဲ့ အရက်ခွက်ကို 
စားပွဲပေါ်တင်ကာ အူကြောင်ကြောင်ဖြစ်နေတဲ့ Nic ကိုထားခဲ့ပြီး အိပ်ခန်းတွင်းသို့ဝင်လာလိုက်သည်။

သျှန် ' Y' အနေနဲ့ ပေါက်စကို ထပ်တွေ့ချင်နေခဲ့တာ ဟိုတခါတွေ့တုန်းကလည်းအပြန်ကိုလိုက်ပို့ပေးခွင့်မရခဲ့ ။
ဒီကောင်လေးကို ထပ်တွေ့ဖို့နည်းလမ်းတွေရှာနေခဲ့တာ အခုပြန်တွေ့ရတော့မည်ဆိုခါ' Y' 
ရင်တေတုန်နေသည်။
ကိုယ်ဟာ လူကောင်းတယောက်မဟုတ်ပေမဲ့ 
ဒီကောင်လေးအပေါ်မှာဖြူစင်တာတော့ 
ကိုယ်သာအသိဆုံးပါ။

ပေါက်စရေ ကိုယ်မျှော်နေပြီကွာ ဗုဒ္ဓဟူးနေ့ကျ တွေ့ကြတာပေါ့။

Y ရဲ့အိပ်မက်ထဲမှာ ပေါက်စဟာ သူစားချင်တာတွေစားရလို့ ပြုံးပျော်နေပြီး Y ကို သူလိုချင်သမျှလက်ညိုးထိုးပြီး ကိုကြီးဆိုကာ ပူဆာနေလေရဲ့။

(K/N:ကိုကြီး..ကိုကြီး..ချွဲချွဲနွဲ့နွဲ့ ခေါ်သူရယ်)

-----------------------------------------

"ဟိုဘက်ကကောင်တွေ အခုတလော ငြိမ်နေတယ်နော် အဲ့ကောင်တွေ ဘယ်အကွက်ရွေ့နေလဲ စုံစမ်းထားဦး"

"ဟိုဘက်ဆို Mr.Y တို့ကိုပြောတာလား ဆရာ"

"အေး ကြက်တောင်ပံနဲ့ကောင်တွေကိုပြောတာ"
  
"ဟုတ် ကျွန်တော်ကြားသလောက်တော့ အခုသူတို့က ပရိဘောဂ နဲ့ပတ်သတ်တဲ့အပိုင်းတွေဘက်မှာ ခြေရှုပ်နေတယ်ကြားတယ်"

"အင်း ဗန်းပြအလုပ်တခု ထပ်တိုးနေတာပေါ့ ဟင်း ပြီးတော့ကောဘာကြားသေးလဲ"

"ဟိုတလောက သင်္ဘောဆိပ်မှာ ကွန်တိန်နာတွေနဲ့ သင်္ဘောချကားတွေသယ်တာဆိုပြီး လက်နက်တွေသွင်းလာတာမနည်းမနောပဲဆရာ"

"ဒီကောင် အတော်လက်သွက်နေပါလား "

"ဟုတ် ဆရာ ပြီးတော့ သူတို့ဘာလုပ်ဖို့ရှိနေလဲမသိဘူး
Mr.Y က မန္တလေးက သူ့အိမ်မှာ မနေပဲ ကျုံးရှေ့နားက Hotel တခုမှာနေနေတယ်လို့ကြားတယ်ဆရာ"

"ဟင် ဟုတ်လား အဲ့ကိစ္စတချက်စုံစမ်းလိုက် 
တခုခုထူးရင်ငါ့ကိုအကြောင်းကြား"

"ဟုတ် ဆရာ"

"ပြီးတော့ ငါတို့ သစ်တွေလုပ်နေတာ အခြေနေဘယ်လိုရှိလဲ"

"အခုတော့ အားလုံးအဆင်ပြေနေတယ်ဆရာ ဟိုတနေ့ကတော့
စစ်ဆေးစရာရှိလို့ဆိုပြီး အကောင်ကြီးကြီးတချို့လာသေးတယ် 
ကျွန်တော်လည်း ထုံးစံအတိုင်း နည်းနည်းပါးပါးပေးလိုက်ကျွေးလိုက်တော့ ဘာမှမဟုတ်ပါဘူး ဒီတိုင်းသစ်ကွင်းအပိုင်းဘက်ကိုလာစစ်ရုံတင်ပါဆိုပြီး ပြန်သွားတယ်"

"အေး ဘာပြသနာမှမရှိဘူးဆိုလည်း ပြီးတာပါပဲ ဒါပေမဲ့ သတိလက်လွတ်မနေနဲ့နော် လူတွေလိုရင် ထပ်ဖြည့်ထား သစ်ကွင်းဘက်ကို လုံခြုံရေးလည်းမြှင့်ထား"

"ဟုတ်ကဲ့  "

"အင်း အဲ့တာဆို သွားတော့ မင်းလည်းနားတော့ မနက်ဖြန် ငါ့အလုပ်ဇယားတွေထဲမှာ အရေးကြီးတာရှိလား"

"မနက်ဖြန် တနင်္ဂနွေဆိုတော့ ဆရာ့အချိန်ဇယားကရှင်းပါတယ်
ကုမ္ပဏီကိစ္စတွေကလည်း ရုံးပိတ်ရက်ဆိုတော့ မရှိပါဘူး ...ဘာလို့လဲဆရာ "

"ဘာမှတော့မဟုတ်ပါဘူး အဲ့တာဆို ငါမနက်ဖြန် အိမ်မှာပဲနားမို့
တခုခုဆိုရင်တော့ ဖုန်းဆက်လိုက် တော်ရုံဆိုရင်တော့ မင်းကြည့်ပြီးဖြေရှင်းထားလိုက်ကွာ"

"ဟုတ်ကဲ့  နားလည်ပါပြီ အဲ့တာဆို 
ဆရာလည်းနားတော့လေ 
ကျွန်တော့်ကိုခွင့်ပြုပါဦး"

"အေး.... သွား သွား"

စက္ကန့်ရဲ့ လက်ထောက်ကောင်လေးထွက်သွားတာနဲ့ စက္ကန့်လည်း စာဖတ်ခန်းထဲကနေ အိပ်ခန်းဘက်သို့ကူးလာခဲ့သည်။စက္ကန့်တကယ်ကို ပင်ပန်းနေပြီ စိတ်ပင်ပန်းနေတာတေကို အလုပ်တွေချည်းဖိလုပ်ပြီး ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုကိုဖြေဖျောက်နေခြင်းသာ

စက္ကန့်အနားယူမယ်ဆိုရင်တောင် စက္ကန့်အတွက် နွေးထွေးမှုရှိတဲ့နေရာဟာဘယ်မှာများလည်း ငယ်စဉ်ကတည်းက မိဘတွေက အလုပ်ပြီးရင်းအလုပ်သာ စိတ်ဝင်စားသည်မို့ တီလေးနှင့်အဖွားလက်ပေါ်တွင်သာ ကြီးခဲ့ရသည်။
အဖွားကော တီလေးကော စက္ကန့်ဘေးကနေရုတ်တရက်ထွက်ခွာသွားချိန်မှစလို့ စက္ကန့်ဘဝဟာနွေးထွေးမှုကြင်နာမှုတေဆိတ်သုဉ်းခဲ့ရသည်။ကံဆိုးခြင်းကအဖော်အပေါင်းနဲ့လာသည်ဆိုတာ သိပ်မှန်သည် စက္ကန့်ရဲ့ သူငယ်ချင်းတွေထဲမှာတောင် အရင်းအနှီးဆုံးနားလည်မှုအရှိဆုံးနဲ့ အနွံတာအခံဆုံး သျှန်ကပါ စက္ကန့်ကိုစွန့်ပစ်သွားခဲ့သည် စက္ကန့်ဘဝဟာ အတိတ်ကိုပြန်ပြောင်းတွေးကြည့်ရင်တော့ ပျော်စရာတွေချည်းပါပဲ အခုချိန်မှာတော့ အထီးကျန်ဆန်လွန်းနေသည် နာကျင်မှုတေစိတ်ဒဏ်ရာတွေအပြည့်နှင့် စက္ကန့်ကိုမည်သူကများဖေးမကူညီကယ်တင်နိုင်ပါဦးမည်နည်း။

စက္ကန့်ရဲ့ ညတွေ ဟာ ခြောက်ကပ်လွန်းသည် အေးစက်လွန်းနေခဲ့သည်ဆိုတာထက်ကိုပို၍ ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။
စက္ကန့် အိပ်ခန်းထဲက ကုတင်ထက်သို့ ပစ်လှဲချလိုက်ရင်း ဘာမှကိုမတွေးတော့မိအောင် မျက်လုံးအစုံကိုမှိတ်၍အသက်ရှုသံမှန်မှန်ဖြင့် ငြိမ်ငြိမ်လေး လှဲနေမိသည်။

"ညို ... ပင်ပန်းနေပြီလား ကိုယ့်ရဲ့ညို ကပင်ပန်းနေရင် ပြောမှပေါ့ဗျာ လာ ကိုယ်နှိပ်ပေးမယ် သံပုရာရည်လေးကော 
သောက်ဦးမလား 'ညို' ကိုယ်သွားဖျော်ပေးမယ်လေ"

"တော်ပါပြီကွာ"

စက္ကန့် နားထဲသို့မတော်တဆပြန်လည်ကြားယောင်မိလာသော
သျှန့်စကားသံ‌တို့ကို စက္ကန့်ငြိမ်ငြိမ်လေးလှဲနေရာမှ မထင်မှတ်ပဲ ပြန်ပြောနေမိသည်။

စက္ကန့်မျက်လုံးတွေကို ဖြည်းညင်းစွာဖွင့်ကြည့်မိတော့ စူးရှရှမျက်ဝန်းတစုံရဲ့ ထောင့်စွန်းမှာ မျက်ရည်စတွေက 
အလိုက်မသိစွာ စီးကျလာသည်။

"ငါ မင်းကို လွမ်းတယ် သျှန် "

မျက်လုံးများကိုမှိတ်လျက် အာရုံအလုံးစုံကို အနားပေးလိုက်တော့သည်....

"သားသား အိပ်နေပြီလား... သားသား"

"ဗျာ... တီလေး သား မအိပ်သေးဘူး ဝင်ခဲ့လေ"

"သားသားအတွက် နွားနို့လာပို့တာပါရှင် "

"ဟုတ်ဟုတ် သား သောက်လိုက်မယ်"

"ကဲ ကိုလူပျို မအိပ်သေးဘဲ ဘယ်ကောင်မလေးအကြောင်းတွေများတွေးနေသလဲရှင့် "

"ဘယ်ကောင်မလေးမှမရှိပါဘူးဗျာ 
သားက တီလေးကိုတောင် ချစ်လို့မဝသေးတာကို တခြားသူကိုချစ်စရာလား "

"ဒီစကားတွေနဲ့ပဲ ချုပ်နေလိုက်သိလား "

"ဟောဗျာ သားက အတည်ပြောတာကို
ဖွားဖွား ရောအိပ်ပြီလား "

"သား ဖွားဖွား ကဖြင့် အိမ်မက်ကမ္ဘာတောင်ရောက်နေလောက်ပြီ "

"တီလေးကရော မအိပ်သေးဘူးလား "

"သားသား အတွက် နွားနို့လာပို့ပြီးရင် အိပ်မလို့ပါပဲရှင် "

"ဒါဆို သားကို တခါတည်း ချော့သိပ်ပေး"

"ရှင်လေး က ၃နှစ်သားမို့ ချော့သိပ်ရမှာလား "

"ဘာပဲဖြစ်ဖြစ်ဗျာ တီလေး ချော့သိပ်မှ အိပ်မှာ သားက နော်...နော် "

"ဟုတ်ပါပြီရှင် ကဲ ကိုလူပျို၃နှစ်သား နွားနို့အရင်ကုန်အောင်သောက် "

စက္ကန့် နွားနို့ကုန်အောင်မြန်မြန်သောက်လိုက်ပြီး ကုတင်ပေါ်တက်ပြီး စောင်ပါတခါတည်းခြုံပြီး လှဲအိပ်လိုက်တယ် ။ တီလေးက ကုတင်အစွန်းမှာ ဝင်ထိုင်ပြီး စက္ကန့်ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ရင်း သီချင်းဆိုသိပ်တယ် ။

"မိတ္ထီလာ ကန်ဝယ်.... ဖားကောက်ခဲ့ပါကွယ်
.....ဗျိုင်းရှေ့က ပျံကာ ပျံကာရယ်......မိုးစုန်းစုန်းချုပ်ပေါ့ သားငယ်ရယ် အိပ်ပါတော့ကွယ်....ကြောင်ကြီးကိုက်လိမ့်မယ်....."

တီလေးဆိုပြနေသော အိပ်ရာဝင်တေးကို စက္ကန့် နားထဲတွင် ကြားတချက်မကြားတချက် ဖြင့်သာ..... 

အိမ်မက်လိုလို တကယ်လိုလိုနဲ့
နိုးတဝက်အိမ်မက်ထဲမှာ စက္ကန့် လမ်းပျောက်နေခဲ့တယ်........

အမှန်တကယ်တော့ စက္ကန့် အတိတ်နေ့ရက်များကို နိုးတဝက်အိမ်မက်အဖြစ်မြင်မက်နေခြင်းပင်.....။ 
မျက်ဝန်းထောင့်မှ ကျဆင်းလာသော မျက်ရည်ဥသည် 
ပျော်ရွှင်၍လား . ...ဝမ်းနည်း၍လား 
ဆိုတာကို ကာယကံရှင်ကိုယ်တိုင်တောင် သိနိုင်စွမ်းရှိပါရဲ့လား

Nov 3, 2021

Thanks For Reading. 💛💛

#Paing Koe 🌸🍉

--------------------------------------------------


rate now: