book

Index 7

Part - 6

နွမ်စိုင်း အခုတခေါက် နယ်စပ်ဘက်သို့ သွားရမဲ့ခရီးစဉ်ကိုစိတ်ထဲအလိုလိုဘဝင်မကျဖြစ်နေရပြီး စိတ်လေးလံနေရသည်။


ခေါင်းဆောင် မန္တလေးကိုလိုက်သွားပြီး ပြန်လာတည်းက ဘာဖြစ်နေမှန်းကိုမသိ 

အားရင်ဖုန်းကြည့်ဆက်နေတာ ပဲ

ဘယ်ကိုဆက်နေမှန်းလည်းမသိ ဖုန်းပြောရင် မျက်နှာကြီးကပြုံးဖြီးနေတာပဲ ခေါင်းဆောင်ကအရင်ကမျက်နှာအကြောသေနေသလားထင်ရအောင်ကို အေးစက်စက်မျက်နှာထားမျိုးမို့ ခေါင်းဆောင်ကိုအခုလိုမျိုးပြုံးနေတာလေး‌အရင်က မြင်ချင်ခဲ့ပေမဲ့ အခုကျ ပြုံးလွန်းလို့ အမြင်ပါကပ်လာရပြီ သူကျပြုံးနေတာပဲ နွမ်စိုင်းတို့ကျ အလုပ်တွေမဟားတရားဖိခိုင်းနေတာ‌။


အခုလည်း ပတ္တမြားတလုံးကိုအသည်းအသန်လိုချင်နေပြန်တာ။ အဲ့တာမို့ လက်နက်တွေနဲ့ အဖြူမှုန့်တွေကိုလဲမဲ့အပြင် 

ပတ္တမြားကိုပါ ဟိုဘက်က အဖြူမှုန့်နဲ့လဲမည်ဆိုတာမို့ နွမ်စိုင်းတို့ သေချာပစ္စည်းတွေကို စစ်ဆေးနေရသည်။

ဟိုဘက်အဖွဲ့က ကောင်းတဲ့ကောင်တွေမဟုတ် 

ထိုင်းဘက်ကအဖွဲ့တဖွဲ့ကိုတောင်မှ လောလောလတ်လတ် 

ရိုက်စားလုပ်ထားတာမို့ နွမ်စိုင်းကတော့ အစစအရာရာတတ်နိုင်သလောက်သတိထား‌ဖို့ပြင်ထားသည်။


ပြီးတော့ ဒီတခေါက် အဖွဲ့ထဲကအကြီးအကဲပိုင်းတွေဖြစ်တဲ့လူတွေအကုန်လုံးလိုလို လိုက်ရမည့်ပွဲဖြစ်သည်။

လက်နက်တွေလဲဖို့က လင်းဆက်ကိုလိုသည်။

ခေါင်းဆောင် ဖြစ်သူလိုချင်နေတဲ့ ပတ္တမြားကိုစစ်ဖို့ နွမ်စိုင်းကတော့ မပါမဖြစ်ပင်။

အဖြူမှုန့်တွေကလည်း ကားစင်းလုံးသယ်ရမှာမို့ စံမူပါလိုက်ရသည်။


နွမ်စိုင်း တို့ ညနေဘက်ကြီးထွက်လာတော့

မိုင်ခမ်းက အကုန်လုံးကို ဂရုစိုက်ဖို့မှာနေပြန်သေးသည်မို့ သူ့ကိုလည်း စခန်းကိုသေချာဂရုစိုက်ဖို့ နွမ်စိုင်းကပြန်မှာခဲ့သည်။


ခရီးကတောင်ကြားဖြတ်လမ်းမှ တဆင့် နယ်စပ်ဘက်သို့ထွက်ရသည်မို့ ခရီးသိပ်မတွင် လမ်းကကြမ်းတော့ လူတွေလည်းပန်းသည်။


"ဒီမှာ စခန်းချမယ် မနက်မှ တွေ့ရမဲ့ နေရာကို သွားမယ်"


ခေါင်းဆောင်၏စကားကြောင့် နွမ်စိုင်းတို့ ကားတွေကို ရပ်ကာ နယ်စပ်နဲ့ကြားကျသောနေရာတွင် မိုးကာတဲတွေဆွဲချရသည်။


Hotel တေွကမလုံခြုံတာကြောင့် နယ်စပ်ဆိုတာမျိုးက လူပေါင်းစုံရှိနေသလို သတင်းတွေလည်းပျံ့နှံ့လွယ်သည်မဟုတ်လား။

ခေါင်းဆောင် ကအဖွဲ့သားတွေကို အလှည့်ကျကင်းစောင့်ဖို့ တာဝန်တွေခွဲဝေပေးနေသည်မို့ 
နွမ်စိုင်းက အိပ်စက်ဖို့နေရာတွေ ‌စီစဉ်ပေးနေလိုက်သည် လင်းဆက်နဲ့စံမူက ကားပေါ်ကပစ္စည်းတွေကို တခေါက်ပြန်စစ်နေကြသည်။

"စံမူ၊ နွမ်စိုင်း၊ လင်းဆက် ငါ့တဲထဲလိုက်ခဲ့ "

"ဟုတ်ကဲ့ ခေါင်းဆောင်" ×3

သုံးကောင်သား ခေါင်းဆောင်နောက်မှ လိုက်လာခဲ့ကြသည်။

"ဟိုဘက်ကလူတွေနဲ့ မနက်ဖြန်တွေ့ပြီးရင်
သဘက်ခါမှငါတို့ပစ္စည်းတွေကို အလဲအလှယ်လုပ်မယ် မနက်ဖြန် အရင်ဆုံးစကားပြောကြည့်မယ်"

ခေါင်းဆောင်လည်း နွမ်စိုင်းတွေးသလိုတွေးနေတာပဲ ဟိုဘက်ကကောင်တွေကို မယုံတာ

"ဟုတ်ကဲ့ ခေါင်းဆောင် စီစဉ်တာအဆင်ပြေပါတယ်"
  
နွမ်စိုင်း ဝင်ပြောလိုက်သည်။

ခေါင်းဆောင်က သူလူတွေခွဲထားချင်တဲ့အကြောင်းဆက်ပြောသည်။

"အေး ငါတို့အစီအစဉ်ကိုအရံအနေနဲ့ လုပ်ထားသင့်တာတွေ ငါတိုင်ပင်ချင်လို့ ဟိုဘက်ကလူတွေက ဘန်ကောက်က အဖွဲ့တဖွဲ့ကိုတောင် ရိုက်စားလုပ်လာတဲ့ကောင်တွေ အခုအခြေအနေက ငါ့နယ်မြေမှာဆို ဂရုစိုက်စရာမလိုပေမဲ့ အခုကရန်သူ့နယ်မြေမှာငါတို့လာတွေ့ရတာ အစစအရာရာ သတိထားမှရမှာ"

"ခေါင်းဆောင် ဘယ်လိုလုပ်ချင်လဲ "

စံမူကဝင်မေးသည်။

"အခုမနက်ဖြန် ငါတို့သွားတွေ့ရမှာဆိုတော့ 
အဲ့အချိန်ကျရင် လင်းဆက်နဲ့စံမူမလိုက်ခဲ့နဲ့
လူတွေအားလုံးထုတ်ပြလို့မဖြစ်ဘူး သူတို့ကို ပစ္စည်းလဲမဲ့နေ့ကျ လူအင်အားခွဲထားချင်တယ်။ အခုပါတာ လူတရာကျော်လေးဆိုပေမဲ့ သူတို့လူတွေနဲ့အားလုံးယှဉ်တိုက်နိုင်တယ် စံမူကကားပေါ်မှာပဲနေ အမှုန့်တွေကိုဒီမှာထားခဲ့မယ် ။ ဘာပြသနာမှမရှိမှ လာယူ‌ပြီးပေးမယ် ဒီအတိုင်းဆို ငါတို့အတုတွေသုံးမယ် 
လင်းဆက်က တောစပ်ကနေ လူအင်အားနဲ့စောင့်နေ တခုခုဆို နွမ်စိုင်းအချက်ပြလိမ့်မယ်"

"ဟုတ်ကဲ့ ခေါင်းဆောင်နဲ့ နွမ်စိုင်း နှစ်ယောက်တည်းအဆင်ပြေပါ့မလား"

"ပြေမှာပါ မင်းတို့ကတော့ ငါအချက်ပြတာနဲ့ အားလုံးအဆင်သင့်ဖြစ်ပါစေ "

"ဟုတ်ကဲ့ခေါင်းဆောင် "

"အေး အဲ့တာဆို သွားနားတော့ "

"ဟုတ်ကဲ့"

ခေါင်းဆောင်ကသွားဆိုတာနဲ့ နွမ်စိုင်းက နားချင်နေပြီမို့ အမြန်ထွက်လာခဲ့သည် လင်းဆက်လည်းတူတူလိုက်ထွက်လာသည် မစံမူ
တယောက်သာ ခေါင်းဆောင် တဲဆီမှာကျန်ခဲ့သည် ။ သူတို့ချင်း ဘာပြောစရာရှိသလဲမသိတာကြောင့် နွမ်စိုင်း လဲ ကိုယ့်တဲဆီကိုသာပြန်ခဲ့လိုက်တယ် ။

မနက်နိုးလာတော့ 
တောစပ်မှာဆိုတော့ နှင်းစက်တွေက တဖြောက်ဖြောက်ကျပြီး ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာ အော်မြည်သံကြောင့် စိတ်က ကြည်လင်နေရသည်။

မနက်အစောရှိသေးပင်မဲ့ အကိုလုပ်သူက အားလုံးကို လိုက်နိုးပြီး ပစ္စည်းတွေစစ်ခိုင်းသည်မို့ အကုန်လုံး နိုးနိုးချင်း အလုပ်ရှုပ်သွားရတယ် ။အကုန်လုံးကို မှာစရာရှိတာ မှာပြီးတော့ သူက သူ့ တဲအတွင်း ပြန်ဝင်သွားသည်... အော် အတော်တရားကျဖို့ကောင်းတဲ့ အကိုပါလား ညီလုပ်သူကိုတော့ အလုပ်တွေ ခိုင်းထားခဲ့တယ် ။

နောင့်ခွန်း အချိန်ခဏရသေးတာကြောင့် ချစ်ရသူလေးဆီ Ph ခေါ်ပြီး အလွမ်းသယ်နေလိုက်တယ်။

"မောင့်ကောင်လေး ကိုလွမ်းနေတာ မောင်က "

"မောင်နဲ့ထပ်တူ လွမ်းနေတာပါပဲဗျာ"

"မောင့်ကို အာဘွားပေး အဲ့ဆို"

"မောင့် နှုတ်ခမ်းလေးနဲ့ ဖုန်းနဲ့ကပ်ထားလိုက်နော် အာဘွား ဗျာ"

"အား မောင်တော့ ဒီနေ့အတွက် အားအင်တွေရလိုက်သလိုပဲကွာ"

"မောင်‌ကလေ အရမ်းပိုတာပဲ"

"ချစ်တာကိုးဗျ"

"ဟုတ်ပါပြီ မောင်ရယ် မောင့်အချစ်တွေကို 
ယုံပါတယ်ဗျာ"

နွမ်စိုင်း အဆင်သင့်ဖြစ်ပြီဆိုတာ ခေါင်းဆောင်ကို ပြောပြဖို့ လာခဲ့ပင်မဲ့ မျက်နှာကြီး ဖြီးကာ Ph ပြောနေသူကြောင့် ခုချိန်သွားခေါ်တဲ့လူ က ခြောက်လုံးပြူး စာမိမယ်ဆိုတာ 90%လောက်သေချာတာမို့ အငယ်တယောက်ကိုသာ သွားခေါ်ခိုင်းလိုက်ပြီး 
နွမ်စိုင်း ကားအနားကစောင့်နေလိုက်တယ် ။

"စေကိုး မောင်မေးချင်တာ
တခုရှိတယ်"

"မေးလေ ဘာများလဲမောင်"

"စေကိုး ကမ္ဘာပေါ်မှာ မောင်မရှိတော့ရင် ဘယ်လိုလုပ်မလဲဟင်"

"မောင် ရှိတဲ့ ကမ္ဘာဆီလိုက်လာမှာပေါ့ဗျ"

"မောင် သာတခုခုဖြစ်ခဲ့ရင် စေကိုး မောင့်ကိုမစောင့်ပါနဲ့"
 
"မောင် နိမိတ် မရှိတာတွေ 
မပြောနဲ့ကွာ မောင့်ကိုပဲ ကျွန်တော်ရွေးချယ်ခဲ့တာမို့ မောင်မရှိတော့ရင် ကျွန်တော့်ဘဝကကော အဓိပ္ပာယ်ရှိဦးမယ်ထင်လားမောင်"

"မောင် စေကိုးကို စိတ်မပင်ပန်းစေချင်ဘူး"

"အဲ့တာဆို မောင်အကောင်းဆုံး 
လုပ်ခဲ့ မောင်ပြန်လာမဲ့အချိန် ကို
စောင့်နေမယ်"

"မောင်ကြိုးစားမှာပါ"

"မောင့်ကို ကျွန်တော် ယုံတယ်
မောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိပြီးသားပါ မောင် ကျွန်တော့်ကို 
ချစ်တယ်ဆို မထိခိုက်စေနဲ့ "

"ဟုတ်ပြီ မောင် စေကိုးဆီကို 
အရောက်ပြန်လာမှာပါ "

"‌မောင် ကျွန်တော်စောင့်နေမယ်"

"မောင် စေကိုးကို အကြာကြီးမစောင့်စေရဘူး မောင်ကတိပေးတယ်"

"ခေါင်းဆောင် ထွက်တော့မယ်တဲ့"

ဖုန်းပြောနေစဉ် ကောင်လေးတယောက်က သွားတော့မယ့်အကြောင်းလာခေါ်သည်။

"အေး ငါလာခဲ့မယ်"

"စေကိုး မောင် သွား‌ရတော့မယ် 
ဖုန်းချလိုက်တော့မယ်နော်"

"ဟုတ် ဂရုစိုက်နော် မောင်"

"အင်း စေကိုး မောင်အရမ်းချစ်တယ်နော်"

"စေကိုးလည်းမောင့်ကို ချစ်တယ် "

ဖုန်းချပြီး နောင့်ခွန်း တဲအပြင်ထွက်ခဲ့လိုက်သည်။

___________________________________

နွမ်စိုင်း နဲ့ခေါင်းဆောင် နှစ်ဦးတည်းသာ ဦးဆောင်၍ တပ်သားအယောက်သုံးဆယ်လောက်နှင့် နယ်စပ်မှာချိန်းဆို‌ထားသော
တွေ့ရမဲ့‌ဟိုဘက်အဖွဲ့ဆီကို ထွက်လာခဲ့သည်။
လင်းဆက်နဲ့စံမူကတော့ ခေါင်းဆောင်မှာထားတဲ့အတိုင်း ကျန်နေခဲ့သည်။

"ဘယ်လိုလဲ စဝ်နောင့်ခွန်း ပစ္စည်းတွေ"

တဖက်လူဆီမှာ ခေါင်းဆောင်ဆီသို့စကားစလာသည်။

"မပူပါနဲ့ ပစ္စည်းတွေအားလုံးပါပြီးသားပါ
ခင်ဗျားပစ္စည်းလာကြည့်ရုံပဲ ကျုပ်တို့အားလုံး
မနက်ဖြန်မှလဲမယ်လို့ ကြိုပြောပြီးသားပဲဟာ"

"ကြိုက်ပြီဗျာ စဝ်နောင့်ခွန်းဘာလို့နာမည်ကြီးလဲ ခုမှသိတော့တယ်။ ကတိတည်သလိုစကားပြောလည်းပြတ်တာပဲ အိုခေဗျာ မင်းလိုချင်တဲ့ပတ္တမြားက ဈေးတော်တော်လှတယ်နော် အဆင်ပြေမှာပါ"

ဟိုဘက်ကခေါင်းဆောင်ဆိုတဲ့ကောင်က စကားပြောတာ တစက်မှ စောက်ချိုးမပြေ 
နွမ်စိုင်းပိတ်တီးပစ်ချင်တာ လက်တွေယားနေသည်။

"အဟက် စဝ်နောင့်ခွန်းမှာ အပေါဆုံးကပိုက်ဆံပဲဗျ ။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေနဲ့ ကျုပ်ကြိုက်ရင် ယူမယ် မကြိုက်ရင်မယူဘူး"

"အိုခေ"

ဟိုဘက်အဖွဲ့ကအကောင်တကောင်က ကတ္တီပါဗူးလေးတဗူးယူလာပေးသည်။

နွမ်စိုင်းကိုလည်း ခေါင်းဆောင်က စစ်ကြည့်ဆိုတဲ့ သဘောနဲ့ဘမေးဆက်ပြတာမို့ နွမ်စိုင်းစစ်ကြည့်လိုက်သည်။ခဏအကြာမှာ

"ကျုပ်ပစ္စည်းက အမှန်အကန်ပါဗျ အဲ့လောက်မစစ်လည်းရပါတယ်"

"စစ်ဖို့လိုထင်လို့ စစ်တာ တန်ရာတန်ကြေးပေးဝယ်တာပဲ"

"အိုး ဟုတ်ပါပြီ စဝ်နောင့်ခွန်းသဘောပါဗျာ"

"ခေါင်းဆောင် အရည်အပြည့်ပဲဗျ ပစ္စည်းကတကယ်သန့်တယ် အပြစ်အနာအဆာလုံးဝမရှိဘူး"

နွမ်စိုင်း ခေါင်းဆောင်အနားသို့ တိုးတိုးကပ်ပြောလိုက်တော့ ခေါင်းဆောင်က နှုတ်ခမ်းတဖက်တွန့်ကွေးရုံပြုံးလိုက်သည်။

နောက်ထပ် လက်နက်တွေပြလာတာမို့ နွမ်စိုင်းသိပ်နားမလည်နိုင်တဲ့အပိုင်းမို့ အကိုတဖြစ်လဲခေါင်းဆောင်ဖြစ်သူကိုယ်တိုင် စစ်ဆေးနေလေသည်။အကုန်လုံးစစ်ဆေးပြီးတာနဲ့ ခေါင်းဆောင်လည်းကြိုက်သည်မို့ နွမ်စိုင်းတို့ဘက်က အဖြူမှုန့်တွေကိုလည်း နမူနာယူလာသော အိတ်လေးကို နွမ်စိုင်းက တဖက်အဖွဲ့ကကောင်လက်ထဲထည့်ပေးလိုက်သည်။

ထို့နောက်အပေးအယူတည့်သွားလေသည်။

"ဟုတ်ပြီ အဲ့တာဆို မနက်ဖြန် ပြန်တွေ့မယ်"

နှုတ်ဆက်ပြီးတာနဲ့ နွမ်စိုင်းတို့လှည့်ထွက်ခဲ့သည်။သို့သော် ခြေလှမ်းငါးဆယ်လောက် 
မပြည့်ခင်မှာပင် 

"ရွှီးးး"

လေချွန်သံတခုနဲ့အတူ ခြုံတွေကြားမှာပုန်းနေသော လူတွေပါထွက်လာလေသည်။

"ခွေးမသားတွေ ယုတ်မာပြီ"

နွမ်စိုင်း စိတ်ရှိလက်ရှိကိုဆဲပစ်လိုက်သည်။
တဖက်အဖွဲ့ကခေါင်းဆောင်က လက်ခုပ်တီးရင်း တဟားဟားအော်ရီကာ နွမ်စိုင်းတို့ဆီလျှောက်လာလေသည်။

"ဘယ်လိုလဲ စဝ်နောင့်ခွန်း နေရာတကာ ကြိုမြင်တတ်လွန်းတဲ့ မင်းရဲ့အတွေ့အကြုံတွေက အသုံးမဝင်တော့ဘူးထင်တယ် ဟားဟား"

ခေါင်းဆောင်ရဲ့ မဲ့ပြုံးတချက်ကိုတော့ 
ထိုလူမမြင်လိုက်

"စဝ်နောင့်ခွန်း မင်းသယ်လာတဲ့ အမှုန့်တွေကို ငါတို့ကို အလှူဒါနလုပ်တယ်သဘောထားပြီး လွှဲပေးခဲ့လိုက် အဲ့တာဆို မင်းကို အသက်ရှင်ရက်လွှတ်ပေးမယ်လေ"

"ခင်ဗျား အိပ်မက် မက်နေလိုက် "

"နွမ်စိုင်း"

နွမ်စိုင်းရဲ့အပြောကို ခေါင်းဆောင်က
ဝင်ဟန့်သည်။

"အိုခေလေ ငြိကြည့်တာပေါ့ 
ကျုပ်ပစ္စည်းတွေက ခင်ဗျား ပတ္တမြားရဲ့ နှစ်ဆလောက် တန်ကြေး ရှိတယ်နော် 
ဒီအတိုင်းတော့ မပေးချင်ဘူး
အလဲအထပ်တခုတော့ လုပ်သင့်တယ်မထင်ဘူးလား"

ပြုံးပြုံးလေးပြန်ပြောလာတဲ့ နောင့်ခွန်းကို ကြည့်ပြီး တဖက်လူ နည်းနည်းဖြုံသွားပုံပင် ဒါပေမဲ့ အခုက သူကအသာစီးရယူထားတဲ့ အခြေနေမျိုးဆိုတော့ 

"ဟွန်းးး ကျုပ်က အလကားလိုချင်နေတယ်ဗျာ ဘယ်လို လုပ်မလဲ "

"ကျုပ်ကို ပြန်လွှတ်ပေးလိုက်တော့ကော ခင်ဗျားတို့ ဇာတ်လမ်းပြီးသွားမယ်လို့ထင်လား"

"ဝိုးး စဝ်နောင့်ခွန်းက သွေးအေးတယ်ဆိုတာ အခုမှပဲယုံတော့တယ်ဗျာ"

"အဟင်းးး"

"အဲ့ဒါဆိုလည်း ကျုပ်က ခင်ဗျားကို ဖမ်းထားပြီး ခင်ဗျား လူတွေကို နည်းနည်းလောက်နှိပ်စက်လိုက်ရင် နေရာသိရပြီလေဗျာ 
အပင်အပန်းမခံပါနဲ့ စဝ်နောင့်ခွန်းရယ်"

ခေါင်းဆောင်ကထိုလူကိုပြေရာပြေကြောင်းပြောပေမဲ့ 
အလကားလိုချင်နေတဲ့ ထိုလူကြောင့် နွမ်စိုင်းနဲ့ခေါင်းဆောင် မျက်လုံးအကြည့်တေမှ တဆင့် တယောက်နဲ့တယောက်အချက်ပြလိုက်သည်။

"ကျုပ်အသက်ရှိနေသ၍ ကျုပ်လူတွေရဲ့ ဆံပင်တချောင်းကိုပဲခင်ဗျားအရင်ထိကြည့်လိုက်"

"အိုးးး ခေါင်းဆောင်က သံယောဇဉ်ကြီးလိုက်တာ ကျုပ်မျက်ရည်တောင်ကျတော့မယ်ဗျာ"
  
"ကျုပ်ကလည်း ခင်ဗျားကို သေမင်းတံခါးဝ‌ပို့ပေးချင်လို့ မျက်ရည်ကျတော့မယ်ဗျာ"

ခေါင်းဆောင်စကားတွေကအေးစက်နေသည်။
တဖက်လူနည်းနည်းတုန်လှုပ်သွားပုံပင်။

"အေးဗျာ ပြောမရတော့လည်း စိတ်မကောင်းပေမဲ့ ကျုပ် ခင်ဗျာအရိုးပြာကို မဲခေါင်မြစ်ထဲပြောပေးပါ့မယ် ကဲကိုယ့်လူတို့"

တဖက်လူအချက်ပြတာနဲ့ သေနတ်တေအားလုံးက နောင့်ခွန်းနဲ့နွမ်စိုင်းဆီသို့ချိန်ရွယ်လာတော့သည်။ခေါင်းဆောင်ကလည်း 
နွမ်စိုင်းကို ခေါင်းညိမ့်ပြလိုက်သည်။

"ရှူး"

"ဝှီး ဝှီး ဖုန်း ဘုန်း ဒိုင်း ဒိုင်း"

"ဟမ် အခြေအနေတေက ဘယ်လိုဖြစ်တာလဲ"

တဖက်လူတွေအံ့ဩသွားပုံပင်။

နွမ်စိုင်းတို့ကြိုတင်စီစဉ်ထားတဲ့ အတိုင်းနွိုင်းအဖွဲ့သားတေက နွမ်စိုင်းအချက်ပြတာနဲ့ မီးခုံးဗုံးလိုဟာတေပစ်သွင်းသည် လင်းဆက်တို့ကလည်း တောစပ်ဆီမှ သေနတ်သံပေးကာဆင်းလာကြသည် စံမူကလည်း လက်နက်တချို့နှင့်ရောက်လာသည် အားလုံးကအဆင်ပြေချောမွေ့တာမို့ နွမ်စိုင်းတို့ဘက်က အခြေနေတေချက်ချင်းပြန်သာသွားသည်။

"ဒိုင်း"

"ခွေးမသားတွေ စနိုက်ပါ ပါတယ် အကုန်ဝပ်
နွမ်စိုင်း ရှောင်"

ခေါင်းဆောင်ရဲ့အသံကြောင့် နွမ်စိုင်းအမြန်ရှောင်လိုက်မိသည်။
နွမ်စိုင်းဆီသို့လာနေသာ စနိုက်ပါရဲ့ပစ်ချက်က နည်းနည်းလေးလွှဲချော်သွားလေသည်။
နွမ်စိုင်းကံကောင်းသွားခြင်းသာ။

ထိုစဉ်...

"စံမူ" ‌

ခေါင်းဆောင်ရဲ့ အော်သံနဲ့အတူ မစံမူကို တွန်းထုတ်လိုက်သောခေါင်းဆောင်ကိုတွေ့လိုက်ရပြီး လေထဲသို့မြှောက်တတ်သွားသော ခေါင်းဆောင်၏ ခန္ဓာကိုယ် နွမ်စိုင်းခေါင်းထဲဗလာနတ္ထိဖြစ်သွားရသည်

" ပီအိုက် " 

နွမ်စိုင်း ငယ်ငယ်တုန်းကသာ ခေါ်ခဲ့ဖူးသော အခေါ်အဝေါ်ကို အော်ခေါ်မိသွားတဲ့ အထိ
ရင်ထဲမှာအောင့်တက်သွားရသည် 
နွမ်စိုင်း၏တဦးတည်းသော အစ်ကိုမဟုတ်လားဘာလုပ်လို့ဘာကိုင်ရမည်မသိ‌တော့

"အဲ့ကောင်တွေအကုန် အရှင်လိုချင်တယ် 
သူတို့ ခေါင်းဆောင်ကအစမလွတ်စေနဲ့ "

"ဟုတ်ကဲ့ စိတ်ချပါ "

စံမူ့အမိန့်ပေးသံနဲ့ အဖွဲ့သားတွေအသံကြားမှ 
နွမ်စိုင်းအသိဝင်လာပြီး ခေါင်းဆောင်ဆီကို
အမြန်ပြေးရသည်။

မစံမူ ရင်ခွင်ထဲ ပွေ့ထားတဲ့ အစ်ကိုဖြစ်သူက ငြိမ်သက်သွားသောကြောင့် ဆေးရုံပို့ဖို့ အမြန်လုပ်ကြရတယ် ။

-------------------------------------------------

နယ်စပ်ကဆေးရုံလေးက မပြည့်စုံတာမို့
အရေးပေါ်ကုသမှုကိုသာ လုပ်ဆောင်ပေးနိုင်ပြီး မန္တလေးက လင်းဆက်ရှယ်ယာတွေဝယ်ထားတဲ့ဆေးရုံသို့ ခေါင်းဆောင်ကို လွှဲပြောင်းရသည်။ဆေးရုံသို့အဝင်အထွက်လွယ်အောင် အရေးပေါ်မို့ မိုင်ခမ်းကို မန္တလေးသို့ ကြိုတင်သွားစောင့်ခိုင်းဖို့ လင်းဆက်က မိုင်ခမ်းဆီကိုဖုန်းဆက်ပြီး ညွှန်ကြားစရာရှိတာညွှန်ကြားသည်။

နယ်စပ်ကဆေးရုံကားလေးနဲ့ မန္တလေးသို့ နွမ်စိုင်းတို့သုံးယောက်သာအတူလိုက်လာခဲ့သည် ကျန်တာတွေအားလုံး လင်းဆက်သာစီစဉ်စရာရှိတာ စီစဉ်သွားသည် နွမ်စိုင်း အစ်ကိုဖြစ်သူအတွက်စိတ်ပူတာကလွှဲရင်ဘာမှမသိတော့ပါ။

နွမ်စိုင်း တို့ မန္တလေးရောက်တာနဲ့ ခေါင်းဆောင်ကို Operation ခန်းထဲတန်းသွင်းသည် နာရီပေါင်းများစွာကြာအောင်စောင့်ပြီးတဲ့နောက်မှာ ပြန်ထွက်လာတော့လည်း သုံးရက်စောင့်ပြီးမှအခြေအနေသိရမည်တဲ့။

သုံးရက်အတွင်း နွမ်စိုင်း အိပ်လို့တောင်မပျော်ခဲ့ပါ ရှိသမျှဘုရားအကုန် နွမ်စိုင်းဆုတောင်းနေမိသည်။သို့သော် နွမ်စိုင်းဆုတောင်းတွေ
မပြည့်ခဲ့ပါ အစ်ကိုက Coma ဝင်သွားခဲ့သည်။

ခေါင်းဆောင်မှာ ကောင်လေးရှိနေပြီဆိုတာကိုပါ နွမ်စိုင်းတို့တဆက်တည်းသိလိုက်ရသည် မန္တလေးသားဧည့်သည်ကောင်လေးက ခေါင်းဆောင်ရဲ့ ချစ်သူတဲ့ဗျာ သူကအခုချိန် ခေါင်းဆောင်ရဲ့ ဆိုင်သူဖြစ်နေပြီမို့ သူ့အစီအစဉ်အတိုင်း အားလုံးလက်ခံပြီး နွမ်စိုင်းတို့ရွာပြန်ခဲ့ကြသည် အခုချိန်မှာတော့ မိုင်ခမ်းက ခေါင်းဆောင်နေရာကို ဝင်ယူထားရသည်။

နွမ်စိုင်း တို့ တောင်ကြီးပြန်ရောက်ရောက်ချင်း ခေါင်းဆောင်ကိုထိခိုက်အောင် လုပ်တဲ့ကောင်တေကို တစစီလုပ်ပစ်ချင်ပေမဲ့ မစံမူက သူ့ကိုစီရင်ခွင့်ပေးပါဟု တောင်းဆိုလာသည်မို့ စံမူ့လက်သို့အကုန်လွှဲလိုက်သည်။

အစ်ကို ဆေးရုံပေါ်မှာ လှဲနေရတာကလွဲရင် 
ကျန်တာက နွမ်စိုင်းအတွက် ပုံမှန်သာပင်။
အလုပ်တွေအရမ်းများလာပြီး ခေါင်းရှုပ်ရခါမှ
ဒီတာဝန်တွေ အကုန်လုံးကို ထမ်းပိုးထားရတဲ့ အစ်ကို ဖြစ်သူကို စာနာအားနာလာမိသည် ။

^^ခုတော့ ကောင်းကောင်းအနားယူလိုက်ပါဦး 
ပီအိုက် ...နိုးလာရင်လည်း ပီအိုက် ချစ်ရသူနဲ့သာ ဘဝကို အေးဆေးဖြတ်သန်းပါ ဒီက အလုပ်တွေကို အစ်ကို့ ညီနဲ့ ညီမ က လက်လွှဲယူပြီး တာဝန်ထမ်းဆောင်ပေးမှာမို့ 
ပီအိုက်သာ ပြန်နိုးလာပေးပါ ဒီတခုပဲ တောင်းဆိုပါရစေ ^^

မျက်ဝန်းဆီမှ စီးကျလာတဲ့ မျက်ရည်စက်တွေကို လက်ခုံဖြင့် ဖိသုတ်ရင်း အလုပ်ကို ပြန်အာရုံစိုက်ရသည် ။ အစ်ကို က အလုပ်လုပ်နေတုန်း အာရုံလွှင့်နေတာမျိုးကို မကြိုက်တာကြောင့်....... 

-----------------------------------------------------

At B Bar. ...

"ဟျောင့်တွေ ဟိုတနေ့က မင်းတို့အဖွဲ့ အချီကြီးရလိုက်တယ်ဆို "

Alis မှအဖွဲ့သားများကို ဆရာမှအချီကြီးရထားပြီး စိတ်ပျော်နေလို့ဆိုကာ Bonus ပေးတာကြောင့် Bar မှာ လာကဲနေတုန်း Dark အဖွဲ့က ကောင်တွေနဲ့ စုံပြီး မေးလာတယ်

"ဟားဟား ဟုတ်တာပေါ့ ငါတို့ဆရာက သိပ်တော်တော့ အကွက်ကြိုမြင်တယ်လေ "

Micro ပိုပိုသာသာလေး ကြွားပစ်လိုက်တယ် ။ ထိုစဥ်

"ဟမ့် ကြက်တောင်ပံ အဖွဲ့က ဇောင်းကြွနေတာ တခါတလေလေး အချီကြီးရပြီး ငါတို့အဖွဲ့နဲ့ ယှဥ်ရင် အမြဲရှုံးတာကိုများ "

အေးအေးဆေးဆေး လာကဲခါမှ
Pistris က ငါးမန်းကောင်တွေနဲ့ တည့်တည့်တိုး နေတယ် ။ အေးဆေးမနေပဲ ရန်လာစနေတာကြောင့် အဖွဲ့ထဲက အစွာကောင် Di က ပြန်ပက်ပြောတယ်

"အောင်မာ ငါးကြင်းကောင်တွေ ဘာလျှာဝင်ရှည်နေတာလဲ ကိုယ့်ဘာသာ ရေထဲမှာ အေးဆေးနေစမ်းပါ တော်ကြာ ရေမရရင် ပါးစပ်လေးဟစိဟစိနဲ့ သေလိမ့်မယ်နော် "

ပါးစပ်ကိုပါ ဟစိဟစိလုပ်ပြရင်း Di က ပြန်ပြောတော့ ဟိုဘက်အဖွဲ့မှ
G-fish က မခံနိုင်စွာ အရက်ခွက်ကိုဘေးချပြီး ပြန်ရန်ထောင်တော့တယ် 

"ဂွက် "

"ဘာကိစ္စ ငါတို့က ငါးကြင်းဖြစ်ရမှာလဲ ငါးမန်းကွ ငါးမန်း....ငါတို့ဆရာက ငါးမန်းဖြူကြီး သိလား "

"မင်းတို့တောင် ငါတို့ကို ကြက်တောင်ပံ လို့ခေါ်သေးတာပဲ ခုမှ ပြန်နာပြမနေနဲ့ မင်းတို့ဆရာက ငါးမန်းဖြူကြီး ဆို ငါတို့ ဆရာက မြေခွေးအိုကြီး ကွ မှတ်ထား "

"ဒုန်း "

Wine ပုလင်းကို ဆောင့်ချရင်း Di ပြန်အော်ပစ်လိုက်တယ် ။ 

^^ဟမ့် ဆရာက အလျော့ပေးနေလို့ နိုင်နေတဲ့ ကောင်တွေကများ ^^

Di စိတ်ထဲမှ တွေးနေတုန်းရှိသေး.....
အလိုက်ကမ်းစိုး မသိတဲ့ Dark မှ တကောင်က 

" မျက်နှာကြောအသေလိုက်နဲ့ ငါးမန်းလားကွ ဟားဟား "

ဆိုပြီး ဝင်ပြောလာတာကြောင့် ပြိုင်တူအော်
ပစ်လိုက်ကြတယ်။

"ပါးစပ်ပိတ်ထားစမ်း"

"သောက်ပေါက်ပိတ်ထားစမ်း "

ပြိုင်တူအော်သံကြောင့် Dark မှ လူ ရီနေရင်း နင်သွားရတယ် ။ 
နည်းနည်းအရိပ်အခြေသိတဲ့ တကောင်က ဆွဲခေါ်သွားမှ ထိုစက်ကွင်းကနေလွှတ်သွားရသည်။ 

သူတို့အချင်းချင်း ရန်စနေတုန်းက အကောင်း ဘေးလူပါလာရင် အဲ့လူ
နာပြီသာပြင်ထားပဲ ...အော် အတော် တရားကျဖို့ကောင်းတဲ့ အဖွဲ့၂ခုပါလား....
အနိစ္စ အနိစ္စ အနိစ္စ...

ဘေးလူကြောင့် ရန်ပွဲက စမှတ်မှာတင်အဆုံးသတ်သွားရလေပြီ ။ စကားနိုင်လုပွဲ အဆုံးသတ်ပင်မဲ့ မျက်စောင်းတထိုးထိုး လုပ်နေတာကြောင့် ကိုယ့်လူကို ဆွဲခေါ်ပြီး နေရာမှ လူစုခွဲကြရတယ် ။ 

ထိုအခါမှ Bar ရဲ့ မန်နေဂျာမှာ သက်ပြင်းချနိုင်သည် ။

သျှန် ဒီည ခေါင်းသိပ်မကြည်သလိုဖြစ်နေတာမို့
စာဖတ်ခန်းထဲမသွားတော့ပဲ အိပ်ခန်းထဲက ကုတင်ထက်တွင်သာမှီထိုင်ရင်း Mac book နှင့် စစ်ဆေးစရာရှိတာတွေကို စစ်ဆေးနေမိသည်။

ထိုစဉ် အိပ်ယာဘေးကစားပွဲပေါ်တွင် တင်ထားသော သျှန့်ဖုန်းက အသံမြည်လာသည်မို့ ယူကြည့်လိုက်တော့ ဟိုအမြွှာနှစ်ကောင်ထဲမှ ငသုန့်ဆီမှ ဖုန်းဖြစ်နေသည်။
ဖုန်းကိုင်လိုက်ပြီး

"ဘာလဲ ဟျောင့်"

"ငဇေ မင်းအသက်ရှိသေးတယ်နော်"

"မသေသေးလို့ မင်းကိုစကားပြန်ပြောနေတာပေါ့ကွ"

"မတွေ့တာကြာတဲ့ သူငယ်ချင်းကို နှုတ်ဆက်တဲ့စကားသံကလည်း"

"ဘာဖြစ်လဲ "

"ဟျောင့် ငဇေ မင်းယဉ်ကျေးလိမ္မာပြန်တက်ပါ့လား ကာကာ့အသိတွေထဲမှာ အဲ့လိုသင်ပေးနေတဲ့သူတွေရှိတယ်"

"ယီး မှမတက်ဘူး မင်းပဲတက်"

"ငဇေ မင်းကိုပြောစရာရှိလို့ ဖုန်းဆက်တာကွ ငါ့ကိုအဲ့လောက်ယဉ်ယဉ်ကျေးကျေးတွေနှုတ်ဆက်မနေနဲ့"

"ဘာပြောမှာလဲ ခေါင်းကကြည်တာမဟုတ်ဘူးနော် ပေါက်ကရ‌ဆို မင်းသေမယ် ငသုန်"

"မင်းကလေ မင်းလင်ကလွှဲရင် တလောကလုံးကို မကောင်းမြင်နေတာပဲ"

"ဆက်မပြောနဲ့တော့ ငသုန်"

"မင်းနဲ့စက္ကန့် ခုထိမပြေလည်သေးဘူးလား
နှစ်တွေပဲဘယ်လောက်ကြာနေပြီလဲကွာ"

"ထားလိုက်ပါ ဒါနဲ့ မင်းပြောစရာရှိတယ်ဆိုတာ ဘာလဲ"

"ငါတို့ မန္တလေး ပြန်လာမို့ "

"အေး လာလေ မင်းအိမ်ရှိတာပဲ ဘာလို့ငါ့လာပြောနေတာလဲ ...ဘာလဲ မင်းအိမ်ကိုရောင်းစားလိုက်လို့လား ငါ့ဆီလာ‌ကပ်နေမို့လား"

"ခွေးကောင် မဲလုံး စကားဆုံးအောင်နားထောင်လို့မရဘူးလား"

"မသိဘူးလေ မင်းကငါ့ကိုလာပြောနေတာကို 
ကိုယ့်မြို့ကိုယ်ပြန်လာတာပဲ သောက်ကြီးသောက်ကျယ်တွေလာပြောနေတာကို "

"ဟျောင့် ငါဘာမှကို မပြောရသေးဘူး ပြန်လာမယ်ပဲပြောရသေးတယ် ဘယ်နားက သောက်ကြီး‌သောက်ကျယ်တွေပါလာတာလဲ"

"မင်းပြန်လာတာ လာကြိုပေးရမှာလား ဘာလဲ မင်းကစကားကိုဆုံးအောင်မပြောပဲ တဝက်တပျက်ရပ်ထားတာကို"

"ငါ့အိမ်ကလူတွေမသေသေးဘူးသိလား ငါ့အိမ်ကလူတွေလာကြိုခိုင်းလို့ရတယ် အခုမင်းကိုပြောစရာရှိတယ်ဆိုတာ ငါနဲ့ကာကာ နှစ်ယောက်လုံးအတူတူပြန်လာဖြစ်မှာမို့"

"မင်းညီမနဲ့ မင်းတူတူပြန်လာတဲ့အကြောင်း ငါ့ကိုလှမ်းသတင်းပို့နေရအောင် ကာကာ ကိုငါ့လက်ထဲထိုးထည့်မို့လား မယူဘူးနော် မင်းညီမမျောက် လွှဲကျော်ကိုတော့"

"တိတ်စမ်း မင်းလိုချင်တောင် ငါ့ညီမ ကလည်း မင်းကိုမယူပါဘူး အခုငါတို့အားလုံးဆုံတုန်းအရင်လို သူငယ်ချင်းတွေပြန်ဆုံရအောင်ပြောမို့ စကားကိုသေချာကိုနားမထောင်ဘူး"

"ဟားး ဟားး မသိဘူးလေ "

"ရီမနေနဲ့ ငဇေ ငါပြောတာကြားလား သူငယ်ချင်းတွေအရင်လိုပြန်ဆုံဖို့ကို"

"ဟင်းး"

သျှန် ငသုန့်စကားတွေကြောင့် သက်ပျင်းအသာချမိသည်။
သျှန်လက်ခံလိုက်လို့ကရပါတယ် သျှန်ရှိနေရင် 'ညို'ကကောလာပါ့မလား။

"အင်း ငါကရပါတယ် စက္ကန့်က လာပါ့မလား
ငါရှိနေရင်"

"အဲ့တာ ငါ့အပိုင်းထားလိုက် ငဇေ မင်းသဘောတူလားမတူလားပဲပြော"

သျှန် ခဏစဉ်းစားနေမိသည် ညို နဲ့ ပြန်ပြေလည်ဖို့ အခွင့်အရေးတခုလည်းဖြစ်ကောင်းဖြစ်နေနိုင်သည်မို့ 

"အင်း ငါသဘောတူတယ် ငါတို့ဘယ်မှာဆုံမလဲ"

"ငါမင်းအိမ်ကိုလာခေါ်မယ် ငါတို့ ပြင်ဦးလွင်ဘက်တက်ပြီး ငစိုင်းခြံမှာဆုံမယ်လေ"

"အေး ဒါနဲ့ မင်းကဘယ်ချိန်လာမှာလဲ "

"နောက်တလ"

"ယီးတဲ့မှပဲ အဲ့တာကို မနက်ဖြန် သဘက်ခါပဲလာတော့မဲ့ပုံနဲ့လာပြောနေတယ်"

"မင်းကအရမ်းအရမ်းအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုတော့ မင်းအချိန်ဇယားတွေရှင်းထားလို့ရအောင် ကြိုအကြောင်းကြားတာကို လဒကောင်ငမဲလုံး စေတနာကိုမစော်ကားနဲ့"

"ဟုတ်ပါပြီဗျာ အထွေထွေရောဂါအထူးကုကြီး ဒေါက်တာဝသုန်တေးခင်ဗျာ အခုလိုစေတနာဗရပွနဲ့လှမ်းအကြောင်းကြားတဲ့အတွက် ကျေးဇူးကြီးမားကြောင်းပါခင်ဗျာ"

"ဟင်းး ဟင်းး သိရင်ပြီးတာပဲ"

"ဒါပဲ ဟျောင့် ငသုန် ငါစာရင်းတွေစစ်နေတာ မင်းလိုအားယားနေတဲ့ကောင်မဟုတ်ဘူး"

ပြောပြောဆိုဆို တခါတည်းဖုန်းချပစ်လိုက်သည်။

ဝသုန်တေး တယောက်လည်း သျှန်ဇေရဲဇော်ဆိုတဲ့ကောင်က သူ့ကိုအားယားနေတဲ့ကောင်လို့ပြောတာမို့ သူ့လိုအထွေထွေကု ကို အားနေတယ်လို့ပြောတဲ့ကောင်ကို နားရွက်ကနေဆွဲပြီး ဆေးရုံကိုခေါ်ပြလိုက်ချင်သည် ငါဘယ်နားအားနေလဲဆိုပြီး အခုတော့ အဲ့ကောင်ကို မေတ္တာတွေအတုံးလိုက်အတစ်လိုက်သာပို့နေမိသည်။ 

တဖက်တွင်လည်း 

စက္ကန့် ညအိပ်ခါနီး ရေချိုးပြီးထွက်လာချိန် ဖုန်းမြည်သံတဂွမ်ဂွမ်ကြောင့် ညအိပ် အဝတ်တောင်မလဲနိုင် bathrobe ကြီးနှင့် ဖုန်းကောက်ကိုင်လိုက်တော့

"ဟဲ့‌ စက္ကန့် နင့်ကိုငါဖုန်းခေါ်နေတာကြာနေပြီ ဘယ်ကမ္ဘာရောက်နေလို့ ခုမှ ဖုန်းလာကိုင်တာလဲ"

စက္ကန့် ဖုန်းကိုင်ကိုင်ခြင်း အော်ခံလိုက်ရတာ နားတောင်အူထွက်သွားရသည်မို့ ဖုန်းကို နားမှခွာပြီး နံပတ်သေချာပြန်ကြည့်မိတော့ မိကာကာ မိန်းကလေးဖြစ်ပြီးဘယ်တော့များမှ တည်ငြိမ်မယ်မသိ

"ဟာ ကာကာရာ ဖြည်းဖြည်းပြောလည်းရပါတယ် ငါရေချိုးနေလို့ပါဟာ"

"မသိဘူးလေ ဘာတွေများလုပ်နေလို့လဲလို့ အဟိ"

"နင့်အဟိ ကြီး ငါသိတယ်နော် မိကာကာ "

"သိရင် သိတယ်မှတ်လိုက် ငါပြောစရာရှိလို့"

"အေးပြော နားထောင်နေတယ်"

"ငါနဲ့ငါ့အကို မန္တလေးပြန်လာမို့"

"အေး လာလေ နင်တို့ဘာသာပြန်လာတာငါတားထားလို့ရတဲ့ကိစ္စမှမဟုတ်တာ ဘာလဲ ငါ့ဆီက ပြန်လာဖို့ခွင့်ပြုမိန့်တောင်းနေတာလား"

"ချီးပဲ ဘာလို့ ငါတို့ကနင့်ဆီက ခွင့်ပြုမိန့်တောင်းရမှာလဲ ငါတို့ဘာသာပြန်ချင်တဲ့အချိန်ပြန်လာလို့ရနေတဲ့ဟာကို"

"အေး အဲ့တာဆို သေမလို့ ငါ့ကိုလာပြောနေတာလား"

"သူငယ်ချင်းအချင်းချင်းအကြောင်းကြားတာလေဟဲ့ လဒရဲ့"

"အော် ဟုတ်လား အဲ့တာဆို နင့်အကြောင်းကြားစာ ငါ့ဆီရောက်ပြီလို့မှတ်လိုက်နော် မိကာကာ"

"မရွဲ့နဲ့ စက္ကန့် ငါလှမ်းရိုက်လိုက်ရ"

"ရိုက်လို့ရရင် ရိုက်လေ ဟား ဟားး နင့်လူနာတွေလိုငြိမ်ခံနေမယ်များထင်နေလား နင်အဲ့လိုလူကြမ်းမကြီးဖြစ်နေလို့ နင့်ဘယ်သူမှမကြိုက်ရဲတာ နင်တော့ ဒီတသက်လုံးအပျိုကြီးဖြစ်မှာသေချာပါပြီ"

"ဟယ် ပါးစပ်ပုတ်ကြီးနဲ့ ဖွဟဲ့ လွှဲပါစေဖယ်ပါစေ အဆင်လေးတွေငိုကြွေးနေလိမ့်မယ် ငါယောက်ျားမယူတော့ဘူးဆို "

"နင်ယူမယ်ဆိုတော့ကော ရမှာမို့လို့လား နင့်ကိုယူရဲ‌တဲ့သူကောရှိလို့လား ဟားး ဟားး"

"မိုးစက္ကန့်ညို "

ကာကာမအရမ်းဒေါသထွက်နေပြီဆိုတာသေချာသည် စက္ကန့်နာမည်ကိုအပြည့်အစုံခေါ်ပြီးအော်လိုက်တာနားထောင်တာနဲ့တင် ကာကာမရဲ့ ဒေါသlevel ကတော်တော်မြင့်နေချေပြီ။

"ပြော နားထောင်နေတယ် ငါ့နာမည်ကို အလကားရတိုင်းခေါ်မနေနဲ့ "

"နင်သေမယ် ငါနဲ့တွေ့လို့ကတော့"

"စောင့်နေပါ့မယ်ဗျာ"

"ငါပြောမဲ့စကားတေတောင်မေ့ကုန်ပြီ နင်လုပ်တာနဲ့"

"ဟုတ်လား အဲ့တာဆို သတိရမှ ဖုန်းထပ်ဆက်လိုက် ဒါပဲ"

"ဟဲ့ ဟဲ့ နေဦး ပြောမယ်"

"အေး"

"ငါတို့ မောင်နှမနှစ်ယောက်လည်း မန္တလေးကိုပြန်လာမှာ ပြီးတော့ ဟိုကောင် ငစိုင်းလည်း သူ့ခြံမှာရှိနေမယ်တဲ့ အဲ့တာမို့ ငါတို့တွေဆုံရအောင် ငစိုင်းခြံမှာ"

"အေးရတယ်လေ"

"အင်း ငါတို့ သူငယ်ချင်းငါးယောက်မဆုံဖြစ်တာကြာပြီလေ"

"ငါးယောက်!"

စက္ကန့်ပြန်မေးလိုက်တော့

"အေး ဟုတ်တယ်လေ ငါတို့မောင်နှမရယ်
ငစိုင်းရယ် နင်ရယ် ငဇေရယ်လေ"

"ငါမလာတော့ဘူး "

"စက္ကန့် နင်ကလည်းဟာ ငါတို့ရှားရှားပါးပါးလေးလူပြန်စုံရတာကိုဟာ ငါတို့တယောက်ချင်းဆီသာ တွေ့ဖြစ်ကြတာ ငါတို့တဖွဲ့လုံးတူတူမစုံဖြစ်တာ ဆယ်စုနှစ်တခုတောင်ရှိနေပြီကိုဟာ"

"အေး နင်တို့သုံးယောက်နဲ့တော့ ငါလည်းဆုံချင်ပါတယ် ငါဟိုကောင့်မျက်နှာတော့ 
မမြင်ချင်ဘူး"

"အေး မမြင်စေရပါဘူးဟယ် ငါလုပ်ပေးမယ် အဲ့တာမို့ ငါတို့နဲ့ဆုံကြမယ်နော်"

"သေချာလား မမြင်စေရဘူးဆိုတာ"

"အင်း ငါအာမခံတယ်"

"ပြီးရော အဲ့တာဆို ဆုံမယ်"

"အိုခေ သဘောတူညီမှုရပြီပေါ့နော်အဲ့တာဆို"

"အင်း ဒါနဲ့ ဘယ်ချိန်လဲ"

"နောက်လ"

"ဟွန့် အဲ့တာများ မသိရင် မနက်ဖြန် သဘက်ခါပဲလာတော့မဲ့အတိုင်းပဲ ပြောနေပုံက"

"အင်း ငါမပြောလိုက်ချင်ဘူး နင်တို့လင်မယားက မတည့်လို့သာပဲ ပြောလိုက်ရင် တလေသံ‌တည်းတွေချည်းပဲ "

"တော်လိုက်တော့ မိကာကာ ငါမလာပဲနေလိုက်မယ်"

"ဟဲ ဟဲ စတာပါ အချစ်ဆုံးကြီးကလည်း"

"သတိထားနေ ဟွန်း"

"အေးပါဟဲ့ အဲ့တာဆို လာမဲ့နေ့ကျ ငါဖုန်းထပ်ဆက်မယ်"

"ပြီးတာပဲ ငါကနင်တို့လိုအားယားနေတာမဟုတ်ဘူး ဒါပဲ"

တခါတည်းဖုန်းချသွားသော စက္ကန့်ပါပေ။

"ဟဲ့ ဟဲ့"

ကာကာ အသံကိုအဖက်တောင်မလုပ်တော့ ဖုန်းချက်ချင်းချသွားလိုက်တာများ

"အငယ် ဘာတွေအော်နေတာလဲ"

ဝသုန့် အသံကြောင့်

"ဟိုလဒ စက္ကန့်ပေါ့ ငါ့ကိုများ အားယားနေတယ်တဲ့ ငါမပြောလိုက်ချင်ဘူး ဆေးရုံမှာ ခြေထောက်သွေးတောင့်အောင်ရပ်ရတာတေ ွလူကိုချာလည်ရိုက်အောင် ပတ်ပြေးနေရတာတွေခေါ်ပြလိုက်ချင်တယ်"

"အော် နင်လည်းအဲ့လိုအပြောခံလိုက်ရတာလား ဟိုကောင် ငဇေကလည်း ငါ့ကို မင်းလိုအားယားမနေဘူးတဲ့"

"ဟားး ဟားး ဟားး"

"အငယ် မိန်းကလေးဖြစ်ပြီး ဘယ်လိုကြီးရီနေတာလဲ"

"မဟုတ်ပါဘူး အဲ့နှစ်ကောင်ကို ရီချင်လို့ ပြောလိုက်ရင်တော့ မမြင်ချင်ဘူး မတွေ့ချင်ဘူးနဲ့ စကားပြောလိုက်ရင် တလေသံတည်းတွေ"

"အေးဟာ ငါလည်း သူတို့နှစ်ကောင်ကို အမြန်ဆုံးအဆင်ပြေစေချင်ပြီ "

"ဟဲ့ ကိုကို "

"ဘာလဲ "

"ငါတို့ အခုတခေါက်တွေ့ကြရင် အဲ့နှစ်ကောင်အဆင်ပြေအောင် လုပ်ကြမယ်လေ"

"ဘယ်လိုလုပ်မှာလဲ"

"စဉ်းစားလိုက်ဦးမယ် အကြံရရင်လာပြောမယ်"

"အေးအေး အိပ်တော့ ကာကာ ညနက်နေပြီ "

"အွန်း Goodnight ကိုကို နင်လည်းအိပ်တော့ 
ငါ့အခန်းထဲဝင်ပြီနော်"

"အင်း Goodnight အငယ်"

ထို့နောက် ကိုယ်စီ အခန်းသို့ဝင်ပြီး တိတ်ဆိတ်ခြင်းက အစားထိုးဝင်ရောက်လာသည် ။

Nov 1, 2021

Thanks For Reading.💛💛

#Paing Koe 🌸🍉

Koe: : ခင်ဗျားတို့ကလဲ သိပ်အပြောင်းအလဲ မြန်တာနော် အစကတော့ Y နဲ့ နွမ်စိုင်းလေးရေးပေးပါဦးဆိုပြီး ခုကျ 'MY' Team ထဲက မထွတ်ကြတော့ဘူး ။ ဟင်းဟင်း တုတ်နော်ဗျ

ပြီးတော့ တခုပြောချင်တာက
Ending ထိ Plot ချပြီးသားပါ
ဒါကြောင့် ထင်ထားသလိုဖြစ်မလာတဲ့ခါ အပြစ်မတင်ပါနဲ့ Plot အတိုင်းပဲ သွားမှာပါ လုံးဝပြင်မှာမဟုတ်ပါဘူး
ဖတ်ရှုပေးလို့ ကျေးဇူးပါဗျ

-------------------------------------------------------


rate now: