book

Index 2

Part - 1

"ဟျောင့် ညနေကျောင်းဆင်းရင် 

ထ- ၈ က စော်လေးတွေ လိုက်ရှိုးရအောင် ..သျှန် "


"မင်း ခေါင်းထဲမှာ နှာဘူးဖို့ပဲ 

အတွေးရှိတာလား "


"မင်း လိုက်မှာလား မလိုက်ဘူးလား ပဲပြော လျှာမရှည်နဲ့ သျှန် "


စိတ်တိုစပြုလာပြီမို့ သျှန်ကပဲ 

အလျော့ပေးရတော့တယ်


"ညို့ သဘောကျ ပါဗျာ"


ဖွန်ကြောင်ချင်ဇော နဲ့မို့ 

'ညို့သဘော' လို့ ပြောတာကို သေချာမကြားလိုက်ဘူးနေမှာ 

မဟုတ်ရင် သျှန် ပိတ်ထိုးခံရမှာ အသေအချာပဲ ။ 


စက္ကန့် ကို ဟိုကောင်က 'ညို' လို့

ခေါ်တာ ကြားသားပဲ ညနေအဖော်မရှိမှာဆိုးလို့သာ သည်းခံလိုက်ရတာ 

'သျှန်ဇေရဲဇော်' ဆိုတဲ့ကောင်က 

မကြိုက်တာဆိုသိပ်လုပ်ချင်တာ


သျှန် က စက္ကန့်ကို အမြဲ 'ညို' လို့သာ ခေါ်တက်သည် ။ 'မိုးစက္ကန့်ညို' ဆိုတဲ့ နာမည်မှာ 

မကြိုက်ဆုံးစာလုံးဖစ်တဲ့ 'ညို' ကို 

သူတဦးသာ ခေါ်ဆိုမည် ဆိုပီး 

မူပိုင်ခွင့်ယူထားသည် ။

                    

တခြားသူ ခေါ်တာကြားရင် အဲ့လူကို ဆွဲထိုးတက်လို့ ဘယ်သူမှ မခေါ်ရဲကြတော့ဘူး


သျှန် နဲ့ စက္ကန့် က မူကြိုတည်းက ပေါင်းလာကြတဲ့ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေ.. ။


စသိတာ‌ကတော့ ခုထိ အမှတ်တရပဲ..

မူကြိုမှာ အချေကိုယ်တော် နှစ်ကောင် 

အရုပ်လုရာကနေ ရန်ဖြစ်ကြရာကနေစတယ်


မူကြို ဆရာမက အပြစ်ပေးတာခံရချိန် 

နှစ်ယောက်သား ဒူးထောက်လက်မြှောက်နေရင်းမှ တယောက်မျက်ခွက် ‌

တယောက်ကြည့်ကာ ရန်တွေစောင်နေခဲ့တဲ့

အချေနှစ်ယောက်ဖြစ်တဲ့ သျှန် နဲ့ စက္ကန့် ကို 

မူကြိုက တခြားကလေးတွေကမပေါင်းရဲကြတော့ ဒီနှစ်ကောင်အချင်းချင်းပြန်ပေါင်းမိသွားရင်းကနေ ဘယ်လိုဖြစ်လို့ ဒီအသက်အရွယ်အထိပေါင်းမိသွားသည်မသိ


သျှန် ဆိုတဲ့ကောင်က အချိုးမပြေ ပေမဲ့ 

အမြဲ ပြုံးပြုံးလေးနေတတ်တယ် 

စက္ကန့်ကတော့ တလောကလုံး ကိုယ့်လုပ်စာစားနေတဲ့ရုပ်ပဲ ပြောရရင် အချေကောင်ပေါ့


သျှန် နဲ့ စက္ကန့်က တည့်လားဆိုလည်း မတည့်ပေ... မတည့်ဘူးလားဆိုတော့လည်း မမြင်ရရင်ကို မနေနိုင်ကြပြန်ပေ...

ကိုယ့်အချင်းချင်းသာ မတည့်တာ သူများက လာထိရင် ဆေးရုံ ရောက်သည်အထိ ဆော်လွှတ်ကြတက်လို့ တော်ရုံကောင်တွေက 
ရန်လာမစရဲကြပေ ။

ထ - ၁၁ မှာ သျှန်ညို အတွဲက နာမည်ကြီး သည် ။ တခြားတော့မဟုတ် ဆိုးတဲ့နေရာမှာပဲ

----------------------------------------------

သျှန်တို့ ကျောင်းဆင်းချိန်မှာ အမြန်ကျောင်းပြင်ထွတ်လာပြီး မျက်နှာချင်းဆိုင် ထ- ၈ ကျောင်းနားကမုန့်သည်တွေဆီမှာ 
မုန့်ဝယ်တာလိုလိုနဲ့ ကျောင်းဆင်းလာတဲ့ ကောင်မလေးတွေကို 
အပီအပြင် လိုက်ငမ်းကြသည် ။

"ဟျောင့် သျှန် ...မင်းမျက်လုံးလည်း ကပ်ပါသွားဦးမယ်"

"မင်းကလည်း အလှအပကို ခံစားနေတာပါကွ
ငါ့ကိုသာပြောနေတာ စောနက ဆံပင်ရှည်ကြီး‌နဲ့ကောင်မလေးကို
မင်းလိုက်ငေးနေတာ ငါမမြင်ဘူးများမှတ်နေလား 'ညို'နော် ကိုယ်ကလွှဲရင် တခြားသူတွေကို အဲ့လိုကြည့်တာမကြိုက်ဘူး"

"ယီး စကားတွေပြောပြန်ပြီ မေဘေးကို မနိုင်ဘူး"

"ဟဲ ဟဲ အဲ့ဆံပင်ရှည်ကြီးနဲ့ ကောင်မလေးက တကယ်ချောတာကွ သူကလမ်းလျှောက်ပြန်မှာ အိမ်ကလာမကြိုဘူး "

"သျှန် ..မင်းက သိလှချည်လား"

"သိတာပေါ့ 'ညို' ရဲ့ အဲ့ကောင်မလေးကကျောင်းမှာ နာမည်ကြီးကိုကွ"

"ဘယ်လိုနာမည်ကြီးတာလည်း"

"ရုပ်ချောတာလေကွာ ပြီးတော့ ခန္ဓာကိုယ်ကလည်းဂစ်တာရှိတ်လေး စကားပြောရင်လည်း အသံလေးချိုနေတာကွစောင်းသံလေးလိုပဲ"

"မင်းကနည်းနည်းတော့များသွားပြီကွာ 
အဲ့လောက်ကြီးမညွှန်းနဲ့"

"တကယ်ပြောတာကွ 'ညို' ရ "

"အဲ့တာဆို ငါတို့ လိုက်မလား 'သျှန်' "

"ဟမ် တကယ်လား 'ညို' မင်းအတည်ကြီးလား"

"ဘာလဲ ငါ့ကို မယုံဘူးလား ငါက နောက်နေတဲ့ ပုံပေါက်နေလို့လားပြောတာကြာသေးတယ် လာသွားမယ်ကွာ "

သျှန့်ကို ပြောပြီးတာနဲ့ ချက်ချင်း ဆံပင်ရှည်နဲ့ ကောင်မလေးသွားတဲ့နောက်ကို အမြန်ပြေးလိုက်သွားတဲ့ ညို့ကိုကြည့်ပြီး သျှန့်စိတ်ထဲ
တခုခုကို အလိုမကျသလိုခံစားရတယ်
ခေါင်းအသာယမ်းက ညို့ နောက်ကိုသာ လိုက်လာခဲ့လိုက်သည်။

စက္ကန့် အမြန်ပြေးလိုက်လာပေမဲ့ ကောင်မလေးကို မှီတယ်ဆိုရုံလေးတင် မနည်းအမြန်လိုက်ရသည်။
ဟိုကောင် သျှန်ကလည်း နောက်ကနေ နှေးတိ နှေးတိ နဲ့ ကမ္ဘာဦး လိပ်သေလို့ ဝင်စားတဲ့အတိုင်း လျှောက်နေတာ။

"သျှန် မြန်မြန်လာပါဆိုကွာ ကောင်မလေးကို လွတ်သွားတော့မယ်"

"ညို မင်းအရမ်းတက်ကြွနေတယ်နော် 
ငါအမြင်ကပ်လာပြီ"

"ဒီလို လုပ်ချင်လို့ မင်းကို ခေါ်လာတာ‌ပဲလေ 
ကောင်မလေးတွေ ရှိုး ဖို့လာပါတယ်ဆိုမှပဲ 
ငါက ရည်းစားစကားလိုက်မပြောလို့ တရားလိုက်ဟောရမှာလား"

"အေး တရားဟောရင်တောင် ငါက မင်းကို သင်္ကန်းစီးပေးလိုက်ဦးမှာ ညို ရာ မင်းအတည်တွဲမှာလည်း မဟုတ်ပဲ မလိုက်စမ်းပါနဲ့ကွာ"

"ပါးစပ်ပိတ်လိုက်တော့ သျှန် မင်းမလိုက်ချင်ရင် လှည့်ပြန်လိုက်တော့ ငါ့ဘာသာ တယောက်တည်းသွားမယ်"

"ကျွတ်စ် မနိုင်ဘူးဟေ့ မနိုင်ဘူး လုပ်ကွာ 
မင်းစိတ်ကြိုက်ပဲ.."

"အွန်း မင်းရုပ်ကအီးမှန်ထားတဲ့ မျက်ခွက်နဲ့မနေနဲ့ အဲ့ဒါဆို"

"ဟီးး ရပြီလား"

သျှန် လည်း ရွဲ့ပြီး ရှိသမျှ သွားအကုန်ပေါ်အောင် ဖြဲပြီးရီပြလိုက်သည်။ 

စက္ကန့် နဲ့ သျှန် မြန်မြန်လျှောက်လာပြီး ကောင်မလေးနားသို့ မနီးမဝေးမှ ကပ်လျှောက်လာခဲ့လိုက်တယ်။ စကားပြောဖို့ ကြိုးစားနေသည်ကို စက္ကန့် အင်္ကျီ စကို လာလာဆွဲနေတဲ့ သျှန့်ကြောင့် မျက်ထောင့်နီနဲ့စိုက်ကြည့်ပေးလိုက်ကာမှ မျက်နှာငယ်လေးနဲ့ ငြိမ်ကျသွားသည်.. ။

စက္ကန့် ကောင်မလေးနဲ့ ဘေးချင်းယှဉ်ရပ်ဖြစ်အောင် လျှောက်လိုက်ပြီး

"တယောက်တည်းလား "

စက္ကန့်အမေးကို ပြန်မဖြေ 

"ဟာ.. မင်းလေးက နားမကြားရဘူးလား"

"ဘာရှင့် "

"ဪ ကြားသားပဲ အဲ့ဒါဆို ကိုယ်ပြောတာ နားထောင်ပေးနော် "

"မထောင်ပါဘူး "

အနားမှာ ဘေးချင်းယှဉ်လျှောက်လာသော ကောင်လေးကို သူမ သိသလို သူ့အနောက်မှာ ပါတဲ့တယောက်ကိုလည်း သိပါသည်။

ထ-၁၁ ကျောင်းကသူငယ်ချင်းတွေပြောပြောနေလို့ သျှန်နဲ့စက္ကန့်ဆိုတာ နားနဲ့မဆန့်အောင်ကြားခဲ့ဖူးသည်။

ရုပ်ရှိရေလျှံ သူဌေးသားတွေဆိုပေမဲ့ 
ဘော်ကြော့နေတတ်တဲ့သူမျိုးတွေ မဟုတ် 
ပညာရေးမှာလည်း နှစ်ယောက်လုံးက အတော်ထူးချွန်သည် 
ဘင်ခရာတီးဝိုင်းတွင်လည်း မျက်နှာချို‌သော သျှန်ဆိုတဲ့ တယောက်က ကျိုင်းကိုင် ပြီး
မျက်နှာတည်တည်နှင့် စက္ကန့် က ကျောင်းဘောလုံးအသင်းရဲ့ တိုက်စစ်မှူး နှစ်ယောက်လုံးက နာမည်ကြီးတွေပင် 
ရမ်းကားတတ်သော သူတွေမဟုတ်တာမို့ သိပ်တော့မကြောက်မိပါ ။  ဆယ်တန်းဆိုပေမဲ့ နှစ်ယောက်လုံးက ခြောက်ပေနီးပါးအရပ်ကြီးတွေနဲ့ ရုပ်ကလည်းချော
သူတို့နှစ်ယောက်လုံးရဲ့ကောင်မလေးဖြစ်ချင်နေကြသူတွေဆို ဒု‌နဲ့ဒေးပင် အခုလို ကိုယ့်ဆီရောက်လာတဲ့ အခွင့်အရေးကို လက်မလွှတ်ချင်ပေမဲ့ ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ငြင်းနေရတာပင်။

"ကျွန်မ ကို ..မနှောက်ယှက်ပါနဲ့ "

"ဟာ ကိုယ်မနှောက်ယှက်ရသေးပါဘူး
အခုမှ နှောက်ယှက်မို့ အစပျိုးတုန်း.."

"ရှင်"

စက္ကန့်ကို မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်လာတဲ့ ကောင်မလေးက တကယ်ချစ်စရာလေးပင် ပါးနှစ်ဖက်က သနပ်ခါးပါးကွက်ကြားလေးဆီမှ ရှင်မတောင်သနပ်ခါးနံ့ကလည်းက သင်းသင်းလေးရနေသေးသည်။

"မင်းလေးက တကယ်လှတာပဲ ကိုယ်နဲ့တွဲကြည့်မလား"

" မိုးစက္ကန့်ညို! "

"ရှင်"

တပြိုင်တည်းထွက်လာသော အသံနှစ်ခုတွင်
စက္ကန့်ကတော့ သျှန့်ရဲ့ခေါ်သံကို မကြားချင်ယောင်ဆောင်ကာ
တရှင်... ရှင် နဲ့ လန့်နေတဲ့ကောင်မလေးဆီကို သာ အာရုံပို့ထားလိုက်သည်။

"ဟို ..ဟို ကျွန်မတောင်းပန်ပါတယ်နော် 
သွားခွင့်ပြုပါနော်"

ကောင်မလေးက ပြောလည်းပြော ပြေးလည်းပြေး ဆိုသလို စက္ကန့်ရှေ့ကနေ ထွက်ပြေးဖို့ ကြံနေသည်မို့ သူ့လက်ကိုလှမ်းပြီး ဖမ်းဆွဲထားလိုက်သည်။

"ဟာနေပါဦး ကိုယ့်ကို အဖြေပြန်ပေးခဲ့လေ"

"လွှတ်.. လွှတ် လွှတ်ပါရှင်"

"ဟာ ..ဟေ့လူ ခင်ဗျား ဘာလုပ်တာလဲ 
ကျွန်တော့်ကောင်မလေးကို "

အော်သံနဲ့ ထပ်တူ စက္ကန့်တို့ရှေ့ကို ဘယ်ကရောက်လာမှန်းမသိတဲ့ ငချွတ်လေးတကောင် ပြီးတော့ စက္ကန့်လှမ်းဆွဲထားတဲ့ ကောင်မလေးလက်ကို ပြန်ဆောင့်ဆွဲသွားသေးသည်။
သေချာအနီးကပ်ကြည့်မှ ယောက်ျားလေးမဟုတ် Tomboy ပင် 

သျှန် တကယ်ကို ခေါင်းကိုက်လာရသည် ။
'ညို 'ကလည်း ဒီနေ့မှ ဘာဖြစ်နေသည်မသိ 
‌မိန်းကလေးကျောင်းရှေ့ကို အရင်လို လာရှိုးရုံနဲ့မပြီးပဲကောင်မလေးတယောက်ကိုတောင် အတင်းစကားလိုက်ပြောသေးသည်။သျှန့်ကိုလည်း အဖက်မလုပ် အခုလည်း Tomboy လေးနဲ့ ရန်စောင်နေပြန်ပြီ ညို့ မျက်နှာထားက တလောကလုံးသူ့လုပ်စာစား‌နေရတဲ့ရုပ်ဆိုတော့ ဟိုက မျက်နှာမြင်တည်းက ရိုက်ချင်နေလောက်ပြီ လူကောင်ချင်းမမျှလို့သာ သျှန်
ဝင်ပါမှ ရတော့မည်။

"ကဲ 'မိုးစက္ကန့်ညို' မင်းလည်း ပြန်မယ် 
ဟိုညီလေးလည်း မင်းကာင်မလေးမှန်းမသိလို့ လိုက်မိတာ ဟုတ်ပြီလား အခုဘာအကန့်မှ မရှိတော့ဘူး မင်းတို့လမ်း မင်းတို့သွားတော့"

"ဟာ သျှန်ကလည်း ဒီကောင်မလေးကို 
ငါတကယ်တွဲမှာပါဆို "

"ခင်ဗျား သေချင်နေတာလား"

"ဟျောင့် မင်းလေလာမကျယ်နဲ့ ငါတချက်ကိုင်ပေါက်စာပဲ ရှိတယ် လုပ်ထလိုက်လို့ "

"လုပ်ကြည့်လိုက်စမ်းပါ ကျွန်တော့်ကောင်မလေးအတွက်ဆို အသက်ပါ
အသေခံပစ်ဦးမယ်"

"အမယ် သောက်ကြီးသောက်ကျယ်နဲ့ လူကြည့်တော့ မလောက်လေးမလောက်စားနဲ့"

"ခင်ဗျားတို့သာ သူများကောင်မလေးကို လာမကြောင်ရင် ပြောစရာအကြောင်းမရှိဘူး"

သျှန် ဆွဲနေတဲ့ကြားက 'ညို' ကလည်း အငြိမ်မနေပြန်ပြောသည်။
ဟိုဘက်ကလည်း ထိုးမယ်ကြိတ်မယ် တကဲကဲနဲ့ သျှန် စိတ်တိုလာသည်မို့ အကုန်ပိတ်ဟောက်ပစ်တော့သည်။

"ဟျောင့်တွေ မင်းတို့လည်း သွားတော့လို့ပြောနေတယ်နော် ကြာရင် ငါ့လက်ချက်နဲ့အသက်ထွက်တော့မယ်
'မိုးစက္ကန့်ညို' မင်းက ငါ့ကိုပါ စောက်ဂရုမစိုက်တော့တာလား သွားမယ်ဆိုတာကို လာ "

"ဟုတ် တောင်းပန်ပါတယ်ရှင့် သွားတော့မှာပါ ကိုကို လာပါ သွားမယ်ဆိုနေ ငိုချင်လာပြီနော်"

"ဟာ မငိုနဲ့လေ ကိုကိုတို့ သွားမယ်နော် ခင်ဗျားကြီး...သတိထား"

ဟို‌က သွားခါနီး စက္ကန့်ကို ကြိမ်းသွားသေးသည်။သျှန် လက်တွေယားနေတာ ညို့ကို 
ထိတာလောက်မုန်းတာမရှိဘူး 

နားရင်းတွေချည်းအုပ်ချင်နေတာ မလုပ်လောက်တဲ့ဟာလေးမို့ လွှတ်ပေးလိုက်တာကို ရအောင် စွာသွားသေးတာ 
'ညို' ကိုယ်တိုင်ကလည်း မှားနေတာမို့ သျှန် စိတ်ထိန်းထားတာပင်။

သျှန်လည်း ညို့ပုခုံးကို ဆွဲဖက်ပြီး အိမ်ပြန်လမ်းတွေဆီကို ဦးတည်လိုက်တော့သည် 
ညိုကတော့ သျှန့်ကိုစိတ်ဆိုးနေမည်မှာမလွှဲပေ

သျှန်က အသားညိုစိမ့်စိမ့်လေးနဲ့ 
ခန္ဓာကိုယ်ကလည်း ခြောက်ပေကျော်အရပ်နဲ့လိုက်ဖက်စွာ 
Gym ဆော့ထားသောကြောင့် အဆီပိုမရှိတဲ့ဝမ်းဗိုက်နဲ့ကျစ်ကျစ်လစ်လစ်နှင့် ပုခုံးကားကား ရင်အုပ်ကျယ်ကျယ်နှင့်ပင်
ကျောပြင်ကျယ်တို့က ကြည့်ကောင်းလွန်းသည်။မျက်လုံးမျက်ခုံးကောင်းကောင်း နှာတံသွယ်သွယ်နဲ့ပိရိသေသပ်သော နှုတ်ခမ်းတစုံကို မေးရိုးထင်းထင်းလေးဟာလိုက်ဖက်စွာ ပံ့ပိုးပေးထားသည်
သျှန် က တစိမ့်စိမ့်ကြည့်လေ ကြည့်ကောင်းလေဆိုတဲ့အထဲမှာပါသည်။

သျှန့်ရဲ့ မျက်နှာမှာ ထူးခြားချက်တခု က သျှန်က မေးကွဲလေးနှင့် ရီလိုက်တိုင်းအသက်ရှူမှားရလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။

မိုးစက္ကန့်ညို ဆိုတဲ့ 'ညို' ကတော့ သျှန်နှင့်ဆန့်ကျင့်စွာ အသားဖြူဖြူလေးပင် 'ညို' ဖြူတာက ပိုးဟပ်ဖြူတွေလို 
ဖြူဖတ်နေတာမျိုးမဟုတ်ပါ။ အသားအရေလှတာမျိုးပင် 
ညို့ကိုအသားဖြူလို့ဆိုပြီး နုနုဖတ်ဖတ်လေးမထင်ပါနဲ့
ခြောက်ပေနီးပါးအရပ်နဲ့လိုက်ဖက်စွာ ကြည့်ကောင်းလွန်းသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
Gym တူတူ ဆော့ကျတာမို့ အဆီပိုမရှိ ကြွက်သားတွေက သူ့နေရာနဲ့သူ ရှိသင့်သလောက်ရှိသည်။ ရွယ်တူတွေထဲမှာဆိုရင်တောင် တော်တော်ကို ကြည့်ကောင်းတဲ့သူတွေပင်။
'ညို 'က အသားဖြူတော့ 'ညို့' နှုတ်ခမ်းလေးတွေက အမြဲရဲနေတတ်သည်။မျက်ခုံးထူထူမည်းနက်နက်လေးက အသားဖြူလွန်းတဲ့
' ညို'နဲ့ လိုက်ဖက်လွန်းသည် ။ မျက်နှာက မေးရိုးကားတာမျိုးလည်းမဟုတ်ပဲ သွယ်မယောင်ယောင်နဲ့ ပုံစံကျကာ ကြည့်ကောင်းလွန်းသည်။ညို့ရဲ့ထူးခြားချင်က ဗာဒံစေ့ပုံစံ မျက်ဝန်းတွေပင် 
မပြုံးမရယ်နေတာတောင် စူးရှလွန်းသည် မျက်တောင် တိုစိတ်စိတ်တွေကလိုက်ဖက်စွာ တည်ရှိနေသည်။

'ညို' ပြုံးတဲ့အချိန်ဆို အရမ်းကြည့်ကောင်းသည် 'ညို'ကတကယ်ကို ယောက်ျားပီပီသသ နဲ့တည်ကြည်လွန်းသည်။
သျှန် နဲ့ သာပေါတောတောနေတာ ကျန်တဲ့လူတွေဆို အကုန်လုံးကို သူကလုပ်ကျွေးနေရတဲ့ရုပ်ပင် အဲ့တာတောင် ကောင်မလေးတွေရဲ့ သည်းသည်းလှုပ် ကြိုက်တာကို ခံနေရသေးသည်။

'ညို့' အပြုံးတွေ က 'သျှန်' တယောက်ထဲ အတွက်သာ ဖြစ်တည်သည် ။

'သျှန်ဇေရဲဇော်'  နဲ့ 'မိုးစက္ကန့် ညို' က တကယ့်ကို သူငယ်ချင်းကောင်းတွေပင်။

_________________________

စက္ကန့် နဲ့ စာတူတူကျက်မယ်ဆိုပြီး 
သျှန် တယောက် စက္ကန့်အိမ်ကို ရောက်ချလာခါ 
လွယ်အိတ်ထဲလည်း ဘာတွေထည့်လာသည်မသိ စာအုပ်တွေအများကြီးသယ်ချလာသည်။

"ညို စာကျက်မယ်ဆို ကျက်တော့လေ "

"အောင်မယ် ..မင်းက ငါ့အိမ်လည်းလာသေးတယ် ငါ့ကိုလည်း ကြီးကြီးကျယ်ကျယ်လာပြောနေသေးတယ်"

"ဟဲ ဟဲ.. ညိုရယ် အဲ့လိုသူစိမ်းဆန်တဲ့စကားတွေမပြောပါနဲ့ 'ညို့'အိမ်က ကိုယ့်အိမ်ပဲပေါ့"

စက္ကန့် တယောက် သျှန်ကို ပြောလည်းရမည်မဟုတ်တာသိတာမို့ လက်ခလယ်ထောင်ပြပြီး အသံတိတ်ဆဲလိုက်သည်။
စက္ကန့်လည်း ကိုယ်ကျက်ရမဲ့စာအုပ်လေးကိုင်ကာ စာကြည့်စားပွဲမှာထိုင်ပြီး စာကျက်နေလိုက်သည်။
သျှန်တကောင်ကတော့ လွယ်အိတ်ထဲပါတဲ့စာအုပ်တွေကိုဟိုရှာဒီရှာလုပ်ပြီး စက္ကန့် ကုတင်ပေါ်တက်သွားကာ 
ဝမ်းယားထိုးပြီး စာအုပ်ကိုင်ထားလေသည်။ 
ခေါင်းအုံးလေးပေါ်တောင် မေးတင်ထားသေးသည်။

နာရီဝက်လောက်ကြာသည်အထိ ငြိမ်နေတဲ့ သျှန့် ကို စက္ကန့်မသင်္ကာ တော့ပါ ဒီကောင် စာကိုအဲ့လောက်ကြိုးစားတာ 
တခါမှ မမြင်ဖူးတာမို့ စာကြည့်စားပွဲမှ ထကာ 
ကုတင်ပေါ်က သျှန့်ဆီကို ချောင်းကြည့်လိုက်သည်။

"ဖြောင်း "

"အာ့ "

"ဘာလို့ရိုက်တာလဲ 'ညို'ရာ နာလိုက်တာ ကိုယ်တော့ ညို့လက်ချက်နဲ့ ကိတ်လာတော့မှာပဲ"

ဝမ်းယားမှောက်အိပ်နေတာကြောင့် မို့မောက်နေတဲ့ တင်ပါးကို စက္ကန့် အားနဲ့ ရိုက်ချပစ်လိုက်တာကြောင့် သျှန် တယောက် အော်ဗြဲလာတယ်

"မင်းကိုယ်မင်း ဘာလုပ်နေလဲသိလား 
အခုက စာမေးပွဲနီးနေပြီကွ ..သျှန်ရ "

"သိတယ်လေ"

"အဲ့တာဆို မင်းဘာလို့ စာမကျက်ပဲ ကာတွန်းတွေဖတ်နေတာလဲ သျှန်... မင်း စာကလွှဲရင် အကုန်ဖတ်နေသလား  စာကျက်ဖို့စိတ်ကူးမရှိဘူးလားကွာ"

"ဟာ စာမကျက်ချင်ပါဘူး ညိုရာ
စာတွေကျက်ရတာကလွှဲရင်လေ 
ငါက ဖတ်ကောင်းရင် ရေသည်ပြဇာတ်တောင် နှစ်ခါပြန်ဖတ်တယ်....ညိုရဲ့"

"ဘာကွ မင်း နာတော့မယ်နော် သျှန် 
မင်းငါ့ဆီလာတာ စာကျက်ဖို့ဆို အခု စာမကျက်ဘူးဆို မင်းပြန်တော့ သျှန် "

"'ညို' ကအခုတော့ ကိုယ့်ကို နှင်ပြီပေါ့ 
ကိုယ့်ကိုအပြစ်တွေမြင်နေပြီပေါ့လေ.."

"ဟျောင့် သျှန် မင်းပါးစပ်ကို မင်းဘာသာပိတ်မလား ငါပိတ်ပေးရမလား သျှန်"

"ညို က ကိုယ့်ကို ဘာနဲ့ပိတ်ပေးမှာလဲဟင်"

စက္ကန့် တကယ် စိတ်ကုန်လာပြီ ဒီကောင်ကို 
အခုလည်း ဘာနဲ့ပိတ်ပေးမှာလဲ တဲ့ အရွဲ့တိုက်ပြီး မျက်နှာငယ်နဲ့လာမေးနေတာမို့ အမြင်ကပ်ကပ်နဲ့ စက္ကန့် လက်သီးထောင်ပြလိုက်သည်။

"ဟွန့် အဲ့တာကြီးက စားလို့မှမရတာ 
မကြိုက်ဘူး"

စက္ကန့်လက်သီးကို စားလို့ရရင်စားချင်နေသေးတဲ့ပုံပင် သျှန်ကလေ တကယ်ကို အချိုးမပြေတာပါ စကားကိုလည်း ဘယ်တော့မှ 
အတည်အတံ့မပြောဘူး

"သျှန်... မင်းငါနဲ့တွေ့မယ်"

"ဝုန်း "

စက္ကန့် သျှန် အိပ်နေသော ကုတင်ပေါ်သို့ခုန်တက်လိုက်သည်။

"ဟာ ညို မလုပ်နဲ့လေ အဲ့လိုမလုပ်ရဘူးလို့ 
ဟားးး ဟားး ငါယားတယ်လို့ ညို မလုပ်ပါနဲ့ဆိုကွာ"

"မင်း စာကျက်မှာလား မကျက်ဘူးလား သျှန် 
မကျက်ရင် ငါလွှတ်မပေးဘူး"

ခါးထိရင် အရမ်းယားတတ်တဲ့ သျှန့်ကို စက္ကန့် စာကျက်မှာလား မကျက်ဘူးလားဆိုပြီး ကလိထိုးနေခြင်းပါ။

"အားး ကျက်မယ် ကျက်ပါ့မယ်လို့ ညိုရဲ့ 
ငါအရမ်းမောနေပြီ ဟားး မလုပ်နဲ့တော့လို့ ညို"

"မင်း တကယ်ကျက်မှာနော် "

"အွန်း"

အဲ့ခါကျမှ စက္ကန့်လည်း သျှန့်ကို လွှတ်ပေးလိုက်သည်။

"ညို ကိုယ့်မှာဘာစာအုပ်မှ ပါမလာဘူး"

"မင်းလွယ်အိတ်ထဲက စာအုပ်တွေက
ဘာတွေလဲ အဲ့ဒါဆို"

"ကာတွန်း စာအုပ်နဲ့ဝတ္ထုတွေ"

"အေး ကောင်းတယ် လဒကောင် ခဏနေဦး 
ငါ့စာအုပ်ပေးမယ် ငါ့စာအုပ်နဲ့ကျက်ရမယ် မင်းစာမရရင် အိမ်မပြန်ရဘူး"

"ဟွန့်... မပြန်နဲ့ဆိုလည်း မပြန်ဘူးပေါ့ 
မင်းအိပ်ယာအကျယ်ကြီး နှစ်ယောက်အိပ်လို့ရတာပဲ"

"ယီး မှပေးမအိပ်ဘူး မင်းကို ခြံထဲမှာ အိပ်ခိုင်းမှာ "

"ညို ကိုယ့်ကို အနိုင်မကျင့်နဲ့နော်"

"ဟျောင့် ကျားကိုးစီး စားမကုန်တဲ့မျက်ခွက်ကြီးနဲ့ လာချွဲမနေနဲ့ ရွံ့တယ် "

"ညိုရယ် ရက်စက်လိုက်တာကွာ.."

"ဟျောင့် သျှန် ပါးစပ်ပိတ်တော့ကွာ ရော့ ဒီမှာ စာအုပ် ..စာကျက် စာရရင် မင်းကို ငါမုန့်ဝယ်ကျွေးမယ်"

" ကိုယ်လည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားနိုင်ပါတယ် ညို ရ "

"လျှာမရှည်နဲ့ ငါကျက်ဆိုကျက်လိုက် ငါပြောတဲ့မုန့်က မင်းမသိဘူး"

"ဟင်.. တကယ်‌လား"

"အေး... ကျက်တော့"

"ဟုတ် "

နောက်ဆုံးတော့လည်း စက္ကန့်ရဲ့ အနိုင်ကျင့်မှုတွေကော ခြိမ်းခြောက်မှုတွေကောနဲ့ သျှန်
တယောက် စာထိုင်ကျက်နေရပါတော့သည်။

တနာရီခန့်အကြာ.....

"ကိုယ်စာရပြီ ညို... ဘာကျွေးမှာလဲဟင် "

"မင်းတကယ်ရတာဟုတ်လို့လား သျှန်"

"တကယ်ပါဆိုကွာ ညိုကလည်း မယုံသလိုကြီး မကြည့်ပါနဲ့ "

"အဲ့တာဆို ငါ့ဆီစာလာဆို စာအုပ်ယူခဲ့"

"ဟာ ညို မင်းမညစ်နဲ့ကွာ မင်းကဆရာလား 
ငါက..စာဆိုရအောင်"

"မလာရင်လည်း နေပေါ့ မုန့်မကျွေးဘူး"

"လာပြီ ...လာပြီလို့ Daddy စက္ကန့် ခဗျ"

သျှန် တယောက် စာတကယ်ရကြောင်းသက်သေပြရပြန်သည်။
ညို ကလေ အရမ်းအနိုင်ကျင့်တာပဲ သျှန့်ကို အဲ့လိုအနိုင်ကျင့်ရဲတာလည်း ညိုတယောက်သာရှိမည်။

စက္ကန့် ပြောထားသမျှ စာတွေအကုန် သျှန်ကျက်ထားသည် စက္ကန့် မေးချင်ရာမေးတာတောင် သူဆိုနိုင်သည်။
သျှန်ကလေ ဉာဏ်ကောင်းရဲ့သားနဲ့ ပျင်းနေတာ စာကျက်ရင်ခဏလေးနဲ့ရတဲ့ဟာကို။

"ကဲ တွေ့လား ကိုယ်တကယ်ရပါပြီဆိုတာကို ညို မှ မယုံတာ"

"အင်းပါ ခဏစောင့် ငါမုန့်သွားယူဦးမယ်
မင်းဒီမှာနေဦး"

"ဟုတ်ကဲ့ပါဗျာ"

ညို ကအောက်ထပ်ကို ဆင်းသွားတာမို့ သျှန်လည်း လွယ်အိတ်ထဲမှ ကာတွန်းစာအုပ်တွေကို ပြန်ထုတ်ပြီးဖတ်နေလိုက်သည်။

သျှန်စာအုပ်ဖတ်လို့ နည်းနည်းကြာမှ ညိုက အခန်းထဲပြန်ဝင်လာသည် လက်ထဲမှာလည်း ပန်းကန်တွေနှင့်

"ညို ဘာတွေလဲ ကိုယ်လာသယ်မှာပေါ့ 
ခေါ်လိုက်တာ မဟုတ်ဘူး"

"ရတယ် ရော့ ဒီမှာ စား မင်းအတွက်မုန့်"

"ဟွန်းးးး ညို ပြောတော့ မုန့်ဆို "

"အေးလေ"

"ဒါမုန့်လား လက်ဖက်သုပ်ကြီးလေကွာ"

"လျှာမရှည်နဲ့ စားမှာလား မစားဘူးလား ငါကိုယ်တိုင် စေတနာဗရပွ နဲ့ သုပ်လာတာကိုနော် မင်းတယောက်ထဲအတွက်ပဲ   သုပ်ပေးဖူးတာ  မစားချင်ရင်လဲ ပေး ငါ့ဘာသာ တယောက်တည်း စားပစ်မယ်"

ညို ကပြောပြောဆိုဆိုပင် သျှန့်လက်ထဲက လက်ဖက်သုပ်ပန်းကန်ကို လာလုသည်။

"ဟဲ ဟဲ ညို ကလည်း စားမှာပေါ့ ကိုယ့်အတွက်တော့ 'ညို့'လက်ရာလေးကို Master Chef ကတောင်မယှဥ်နိုင်ဘူး......စိတ်ချ
ညို့စေတနာတွေအလကားမဖြစ်စေရပါဘူး ကိုယ်တယောက်တည်း ကုန်အောင်စားမယ် "

ကာတွန်းဖတ်ရင်း နဲ့ သျှန်က လက်ဖက်သုပ် ထိုင်စားနေတယ် ။ 
စက္ကန့် လဲ မုန့်စားရင်း  နောက်၃လကြာရင် ရောက်လာမယ့် မင်္ဂလာပွဲ အတွက် ကြိုတွေးနေမိသည်.. ။ 

ဒယ်ဒီ နဲ့ မာမီ က စက္ကန့်တို့ စာမေးပွဲ ဖြေပြီးတာနဲ့  မင်္ဂလာပွဲကို တန်းစီစဥ်ထားတာ စက္ကန့် သဘောအရဆို နောက်နှစ်ပိုင်းလောက်ကျမှ လုပ်စေချင်တာ နှစ်ဖက်မိဘတွေရဲ့ သဘောကိုမှ မလွန်ဆန်နိုင်ပဲလေ...သူတို့စီစဥ်သလိုပေါ့...
လက်ဖက်သုပ် စားနေရာမှ သျှန်က 
စကားစလာတယ်....

"ညို မင်္ဂလာပွဲ အတွက် စိတ်လှုပ်ရှားနေလား "

"အွန်း ...နဲနဲ... "

"ကိုယ်ရောပဲ 'ညို' စိတ်လှုပ်ရှားနေရင် ကိုယ်ဖက်ထားပေးရမလားဟင်  "

"မင်း... အသားမယူချင်စမ်းနဲ့ ခွေးကောင် "

"ဟောဗျာ နောက်လပိုင်းကြာရင် အမျိုးတော်
ရတော့မယ် လူတွေကို.. ကိုယ် ခွေးဆို 'ညို' လဲ..."

"မင်း..ပါးစပ်ပိတ်ထားစမ်း.."

ဘေးနားက စာအုပ်တွေနဲ့ သျှန့်ကို ကောက်ပေါက်လာတာကြောင့် အမြန်ရှောင်ရင်း 
အော်ရယ်မိတယ်..

"ဟား..ဟား...ဟား "

"အေး ငါလာပြီ.... သျှန်ဇေရဲဇော် "

ပြောပြောဆိုဆို နဲ့ သျှန်ထိုင်နေတဲ့ ကုတင်ပေါ်တက်လာပြီး လက်သီးနဲ့ထိုးတော့သည်...။

"အားး ညို... ကိုယ်မှားပါတယ် တောင်းပန်ပါတယ် ဗျ အားး မလုပ်နဲ့တော့လို့ "

တကယ်မနာပဲ အော်နေတဲ့ ကောင်လေးရယ်
နာအောင်မလုပ်ရက်တာမို့ အားမပါစွာ လက်သီးနဲ့ ထိုးနေတဲ့ကောင်လေးရယ် ကို
ဆောင်းအကုန်နွေအကူးမို့ ကြွေကျနေတဲ့ 
သစ်ရွက်ဝါများ က မမြင်ချင်ယောင်ဆောင်ထားလေသည်.......

Oct 20, 2021

Paing Koe 🌸🍉


rate now: