book

Index 9

အပိုင်း (9)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama


ရာဇာ..တစ်ယောက်က ခပ်တည်တည်

အူတိုနေသလောက် တစ်ယောက်က

ဆိုဖာပေါ်မှာ မျက်နှာလေးရဲကာ ထိုင်နေ

တာကို ကြည့်ပြီး ပြုံးချင်သော်လည်း

အကိုလေးရဲ့ မျက်နှာတည်တည်ကြီကြောင့်

မပြုံးရဲဘဲ ဖြစ်နေကာ..


"ဟုတ်ကဲ့ အကိုလေး..အကိုလေး

ပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်...''


"ကောင်းပြီ..နောက်တော့..ဘာပြော

စရာရှိသေးလည်း..."


အလုပ်စားပွဲရဲ့ ထိုင်ခုံမှာထိုင်ပြီး

Computer အနှိပ်မပျက် မျက်နှာ

ကြီးတည်နေစွာ သူ့ကိုမေးတော့

ရာဇာ..ခေါင်းငြိမ့်လိုက်ပြီး...


"ရှိပါတယ်..အကိုလေး..ဒီနေ့..

အင်္ကျီ ဒဇိုင်းအသစ်နဲ့ ကားမော်ဒယ်

အသစ်ကြော်ငြာဖို့ကို မင်းသမီး

ဒါလီလင်း ရယ် ရိုးပေးမဲ့ ဒါရိုက်တာ

နဲ့ လည်းတွေ့ဖို့ရှိပါတယ်..."


သူခေါင်းငြိမ့်လိုက်ပြီး...


"အင်းကောင်းပြီ...ဘယ်အချိန်လည်း..."


"1နာရီခွဲပါ..အကိုလေး..."


"ကောင်းပြီး..အချိန်တကျဖို့တော့

ပြောထား.."


"ဟုတ်ကဲ့ပါအကိုလေး..''


အကိုလေး မင်းတော်ဝင်က အလုပ်

လုပ်တဲ့နေရာမှာ အချိန်ကိုလေးစားတက်

သူဖြစ်ပြီး..အချိန်မလေးစားတဲ့ သူတွေဆို

သူဘယ်တော့မှ လက်တွဲပြီးမလုပ်။ဒါ်ကြောင့်

လည်းအောင်မြင်နေကာ..လူတိုင်းက လေးစား

အားကျတဲ့သူဖြစ်နေတာပေါ့..။


"သြော်ပြီးရင် ငါ့မိန်းမအတွက်

အသီးတွေနဲ့ ကော်ဖီတစ်ခွက်

လာပို့ပေး...''


"ဟုတ်အကိုလေး..နေ့လည်စာရော..

မှာပေးရအုံးမလား..."


"ရတယ်..မမှာနဲ့ အပြင်ထွက်စားမှာ...."


"ဟုတ်ကဲ့..အကိုလေး.."


"မမလေး သွားခွင့်ပြုပာအုံးဗျ..."


ရာဇာ မမလေးကို နှုတ်ဆက်ပြီး

အကိုလေးကို ပြန်ကြည့်တော့

ကြောက်စရာကောင်းလောက်အာင်

အေးစက်စက်ကြည့်နေတာကြောင့်

သူ..ကျောလေးတွန့်စွာ..အမြန်ရုံးခန်း

ထဲကနေ ပြေးထွက်လာခဲ့သည်။


ရှေး ကိုပါ နှုတ်ဆက်တော့ ရှေးပြန်ပြုံး

ပြလိုက်သည်။


အခုကြတော့လည်း တကယ့်လုပ်ငန်း

ရှင်ကြီးလို တည်ငြိမ်နေပါလား....

ရှေး သူကို ဒီတစ်ခါတော့..လေးစားမိသွား

တာအမှန်ပါ။


"ဒေါ်ရှေး.. ဘာတွေ စဥ်းစားနေတာ

လည်း..ကျွန်တော်ဆီ ခဏလာအုံး...."


ရှေးတွေးနေတုံး သူ့အသံကြောင့် 

သူခေါ်ရာကို ထလာခဲ့ပြီး သူနဲ့ 

မလှမ်းမကမ်းမှာရပ်ကာ...


"ဘာလည်း..မင်းဘာပြောမလို့လည်း..."


"ဒီနားကိုလာဗျာ..ဒီမှာပြမလို့...."


Computer ကို နှိပ်နေရင်း ရှေးကို 

မကြည့်စွာ..တည်ငြိမ်စွာခေါ်နေ

တော့ ရှေးသူ့ကို ယုံကြည်စွာ

သူ့အနားတိုးသွားလိုက်သည်။


"အို..မင်း..."


"ပြော..ခင်ဗျာ..ဘာလို..သူများပြုံး

ပြတိုင်း..လိုက်ပြုံးပြနေတာလည်း.."


ရှေ့သူ့အနားရောက်တော့ လက်ကလေး

ကို ဆွဲလိုက်တော့..ရှေး သူပေါင်းပေါ်ကို

ထိုင်ရက်လေးကျသွားပြီး..မျကိနှာလေး

ရဲကာ..သူ့ကို ဒေါသထွက်စွာကြည့်လိုက်ပြီး..

လှုပ်လည်းမလှုက်ရဲဘဲ...


"မင်း..မင်း..လူရမ်းကာ...

ဖယ်..ငါ့ကိုလွှတ်..."


သူမေးတာကို မဖြေပဲ သူ့ကို မျက်ဝန်း

လေးပြူးကာ ရန်တွေ့နေတာကြောင်​့

သူ မျက်မှောင်ကြီး ကုတ်ကာ..ကြည့်လိုက်ပြီး...


"အခု ရမ်းကားနေလို့လား...."


ရှေး သူ့ကို ဘာမှပြနိမပြောနိုင်စွာ

အေးစက်စက်ပြောနေသော 

သူ့ကို အသည်းတွေယားလာကာ

သူ့ လက်မောင်းကို ကိုက်ထည့်လိုက်

ပြီး သူ့ရဲ့ အော်သံမကြားတာကြောင့်

သူမ ကိုကိနေရာကနေ လွှတ်လိုက်ပြီး

သူ့ကို မော့ကြည့်လိုက်တော့...

ပြုံးလည်းမပြုံး တည်လညိးမတည်ဘဲ

သူမကို ပြန်ကြည့်နေတဲ့ သူ့ကြောင်ရှေး

မျက်နှာလေးပျက်သွားပြီး လန့်နေကာ...


"ဖယ်...ငါ..ငါ့ကိုလွတ်.."


"ကိုက်အုံးလေ...ဝပြီလား..''


"ဟင့်အင်း..ဖယ်..မကိုက်ဘူး..."


"လာခဲ့..ဒါဆို..ကျွန်တော်ကိုက်မယ်.."


"အို....မင်း...."


ရှေးမှာ..သူ့ပေါင်ပေါ်တွင် မလှုပ်ရဲစွာ

သူပြုသမျှနုနေရတော့သည်။


ရာဇာ မမလေးအတွက် အသီးလာ

ပို့ပေးကါ...တံခါးလေး ဟရုံရှိသေး

အကိုလေး..မမလေးကို နမ်းနေရင်း

လကိတစ်ဖက်ကနေ..သူ့ကို ပစ္စည်း

တစ်ခုနဲ့ ပစ်ပေါက်ပြီး ထွက်သွားရန်

အချက်ပေးလိုက်တော​့..ရာဇာ

အကင်းပါးသူပိပိ တံခါးကို အမြန်ပိတ်ကာ

လှည့်ထွက်လာလိုက်သည်။


"ဟူးး..တော်သေးတယ်..ငါ့နဖူးကို

လာမမှန်လို့..."


အကိုလေး..မိန်းကလေးတွေကို စိတ်မဝင်စား

တဲ့ သူအခုတောလည်း...


"တော်တော်ကဲလွန်းတဲ့ အကိုလေး..

မမလေးအတွက်တော့..ငါရင်မအေး

ပါလား..."


"ဟဲ..စောစောက ဝင်သွားတာ..

သူဌေးနဲ့ ဘာတော်လည်းမသိ

ဘူးနော်.."


"ဟုတ်ပ..သူဌေးက အာ့အမလက်ကလေး

ကို ကိုင်သွားတာ ကြင်နာနေတာပဲ...

အာ့ဒိအမကလည်း ချောလိုက်တာ..ထင်းနေတာပဲ..မျက်နှာရော..ကိုယ်လုံးလေးရော..လိုက်လိုက်တာ..."


ရာဇာ ဗန်းလေးကိုင်ကာ...အကိုလေး

တို့အကြောင်းပြောနေကြသော ဝန်ထမ်း

တွေကိုကြည့်ကာ...


"ကဲ..ကဲ..ပြောစရာရှိတယ်.."


သူပြောလိုက်တော့..အကုန်လုံး

သူ့ကို စိတ်ဝင်တစားကြည့်နေတော့

သူ ပြုံးလိုက်ပြီး...


"ဒီလ လစာ မထိုးတော့ဘူး..."


"ဟမ်း..ဘာလို့လည်း.."


"ဟာ..ငါအဝတ်အစားဝယ်မလို့ပါဆို.."


"ကိုရာဇာ..ဘာလို့လည်းဗျ..."


ရာဇာ ရုပ်ကြီးကို မချိုမချဥ်ပြုံးကာ..

ဗန်းလေးကိုင်ထားပြီး


"အကိုလေးရဲ့..ဇနီးကို ကြည့်လို့တဲ့..."


"ရှင်း..."


"ဗျာ..."


-------------------------------------------^^^^🍓🍓🍓🍓🍓🍓🍓


ရှေး မျက်နှာလေးဆူပုတ်ကာ

ကားမှန်ဘက်ကို လည့်ကာ

ထိုင်နေမိသလောက်....


တော်ဝင်မျကိနှာမှာတော့..

ပြုံးစီစီဖြစ်နေမိသည်။


တော်ဝင် သူမလေးကို မှန်ထဲကနေ

တစ်ချက်ကြည့်ကာ..ပြုံးလိုက်ပြီး...


"မရှေး..ဘာစားမလည်း..."


"မစားဘူး..ဘာမှ..."


"ကျစ်...ခင်ဗျာနော်..အကောင်းမေး

နေတာ..မမှတ်သေးဘူးလား.."


ရှေး သူနမ်းထားလို့ ထုံနေတဲ့ နှုတ်ခမ်း

လေးကို ခပ်ဖွဖွလေး ဖိကိုက်ထားမိသည်။


"ဖြေလေဗျာ..''


"ငါ..မစားဘူးလို့ပြောနေတယ်လေ..."


တော်ဝင် မျက်ခုံးကြီးပင့်တက်

သွားပြီး...


"ခင်ဗျာ..ကမနက်ထည်းက ဘာမှ

မစားဘဲ နေနိုင်ရအောင်..ခင်ဗျာက

သူတော်စင်လား..ဘာလည်း..

ကျွန်တော့်အနမ်းတွေနဲ့ ဗိုက်ပြည့်

သွားတာလား.."


ရှေးသူ့ကို မျက်စောင်းလှည့်ထိုးကာ..


"ငါ့ဘာသာ..ငါမစားချင်လို့..မစားတာ

ဘာဖြစ်လည်း..မင်းဘာသာစားချင်း

ရင်..စားပါလား.."


တော်ဝင် သူမရဲ့ ရန်တွေမှုလေး

ကြောင့် ကားမောင်းနေရင်း..

နှုတိခမ်းလေးကိုက်လိုက်ကာ...


"ကျွန်တော်က စားချင်တာ..

ခင်ဗျာကို..."


"မင်းတော်ဝင်...!!!!"


သူ နားအူသွားသလိုလေး

လုပ်ပြီး...


"ဟ..ဖြေ​ဖြေးအော်ပါဗျ...ခင်ဗျား

ယောကျာ်း..ကျွန်တော်..ခင်ဗျားနား

မှာရှိတယ်...ပြီးတော့ကျွန်တော်ပြောတာ

ခင်ဗျာကို အဖော်စပ်နေတာလို့ပြောတာ..

ဒေါ်ရှေး..ဘာတွေ အတွေးပေါက်နေတာ

လည်း.."


ရှေး မျက်နှာလေးရဲသွားပြီး

လက်ကလေးပိုက်ကာ..

အရှေ့ကို သာ..ကြည့်နေ

လိုက်တော့သည်။


တော်ဝင် ပြုံးသွားပြီး...


"ဒေါ်ရှေး ခင်ဗျားနော်..ယောကျာ်းဖြစ်သူ

က နမ်းတာကို ခင်ဗျားက ပျော်ရမှာလည်း

အခုတော့..ဆူပုတ်နေတာပဲ..."


ရှေး သူ့ကို အမြင်ကပ်စွာကြည့်ပြီး...


"မင်း..အရမ်းအမြင်ကပ်ပြီး မုန်း စရာ

ကောင်းတဲ့လူ..."


"ခင်ဗျာကို လည်း ချစ်ပါလို့လည်း

မပြောပါဘူး..."


"မင်း..မင်း..ငါ့ကိုပြန်ရန်

တွေ့နေတာ...မိန်းမကြီး

ကြနေတာပဲ..."


ရှေးသူ့ကို မျက်စောင်းထိုးကာ..

အမြင်ကပ်စွာပြောတော့..တော်ဝင်

ခပ်ချဥ်ချင်ပြုံးသွားပြီး.....


"ကျွန်တော်ယောကျာ်းဆိုတာ..

ခင်ဗျားကို သက်သေပြရမလား..

စောစောကတောင် ခင်ဗျာ..ဒီလောက်

လန့်နေတာ..အခုသက်သေပြလိုက်ရင်...

သတိမေ့သွားမှာဆိုးလို့..နောက်မှပြမယ်..."


"မင်း..မင်း..လူယုတ်.."


ရှေးကို မျက်ခုံးပင့်ပြနေတဲ့ 

သူ့မျက်နှာ ကြောင့် ရှေး အရှေ့ကို

စကားမဆက်ရဲဘဲ... အခြားဘက်ကို

လှည့်နေလိုက်တော့သည်။


နူပါစေတော်...


"ဒေါ်ရှေး.. ခင်ဗျားနော်..ကျွန်တော့်ကို

စိတ်ထဲကနေ...ကြိတ်ပြီး ကြိမ်ဆဲမ​နေ

နဲ့..."


ရှေးပြောနေတာကို သိနေတဲ့ သူ့ကြောင့်

ရှေးမှာ စိတ်ထဲမှာတောင် လွတ်လွတ်လပ်လပိ

မပြောရတဲ့ဘဝ....


တော်ဝင်ကားလေးကို ရပ်လိုက်ပြီး

ခါးပတ်ဖြုတ်တော့..ရှေးလည်းအမြန်

ဖြုတ်လိုက်မိသည်။


မဟုတ်ရင် သူလာဖြုတ်ပေးရင်..

အသားယူအုံးမယ်..အာ့လိုတော့

အဖြစ်မခံနိုင်။


ရှေး လစ်လစ်လေးနေမှ ရတော့မည်။


တော်ဝင် ခါးပါတ်အမြန်ဖြုတ်ပြီး ဆင်သွား

တဲ့ သူမကြောင့် မျက်နှာကြီးမှားမှုံကုတ်နေ

တော့သည်။


ရှေးကားပေါ်က ဆင်းလိုက်ခြင်း...


"မေမေ..."


မေမေလို့ခေါ်ပြီး ရှေယအနောကိကနေ

ခြေထောက်လေးကို လာဖက်ထားတဲ့ ကလေး

ကြောင်​့ ရှေးမှာ မျကိလုံးလေးဝိုင်းသွားပြီး.ငုံ့

ကြည့်နေမိသည်။


တော်ဝင် သူမကို လာဖက်ထားတဲ့ ကလေးကို

ဂုတ်ကနေဆွဲလိုက်ပြီး...


"ဟေ့..ဒီမှာ..ရာရာစစ..ငါ့မိန်းမ

နုနုလေးကို မေမေတဲ့..ငါ့ကလေး

တောင်မခေါ်ရသေးဘူး..သွား...မင်း

အမေမှားနေတယ်..."


သူပြောလိုက်တော့..ကလေးလေးမှာ

ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ဘက်

ကို ပြေးသွားတော့သည်။


ရှေးမျက်ဝန်းလေးပြူးစွာကြည့်ပြီး...


"တော်ဝင်ရယ်...ဖြေး​ဖြေးမပြောဘူး

ကလေးက မင်းကိုကြောကိသွားပြီ..."


တော်ဝငိ သူမလက်ကလေးကို ကိုင်

ပြီး.....


"ဘာလည်းတော်တော် အမေခေါ်စေ

ချင်နေတာလား..ခင်ဗျာက..စိတ်ချ

ခေါ်စေရမယ်..မကြာခင်.."


"မင်း..."


"လာဗျာ..သွားမယ်...ဗိုက်စာနေပြီ...

ပြီးမှ ဆက်ရန်တွေ့.."


သူ့စကားကြောင့် ရှေးမှာ ရန်တွေ့

ဖိူ့စကားတွေ လည်းပင်မှာ တစ်ကုန်ကာ..

သူ့ကို ကုတ်ဖဲ့ချင်နေတော့သည်။


-----------------------------------------------🍓🍓🍓🍓🍓🍓🍓🍓


"မမ နန်း...ဒါလေးရော..လှလား..."


"အင်းလှတယ်လင်း..အာ့ဒါလေးဆို

သားရောကြိုက်လောက်တယ်..

သမီးရော..ဒီဖိတ်စာလေးကို ကြိုက်

ရဲ့လား..."


ဒေါ်နန်းတော်ဝင် ဒေါ်သလင်းနဲ့ မြတ်

သစ္စာ တို့ ဖိတ်စားဒဇိုင်ရွေးနေကြတာ

ဖြစ်သည်။


"မြတ်လည်းကြိုတက်တယ်.. အန်တီ...

ကိုကို ကြိုက်ဖို့ ပိုအရေးကြီးပါတယ်.."


ဒေါ်နန်းတော်ဝင် ချွေးမလေးရဲ့

မျက်နှာလေးကို ကြည့်ပြီး ပိတိဖြစ်ကား..


"သမီးလေးက..သားအပေါ်

အရမ်းသိတက်တာပဲ...အိမ်က

ဟိုမိန်းကလေးနဲ့များကွာပ.."


အန်တီနန်းအပြောကြောင့်မြတ်

မျက်နှာလေးမှာ ပြုံးပြီး ရှက်နေမိ

တော့သည်။


"မမနန်း..သားတော်ဝင်ဘက်က

လက်ခံပါ့မလား..."


"အာ့ဒါမမ တာဝန်ထား..မမမွေးထား

တဲ့ သားအကြောင်း မမသိပါတယ်."


ဒေါ်သလင်းနဲ့ မြတ် မျက်နှာလေးမှာ

ပြူံးရွှင်နေပြီး...


"အာ့ဒါဆို မမ..လက်ထပ်ပွဲကို

တစ်ခါထည်းပဲ..လုပ်လုပ်ကြမလား...''


"ကောင်းတယ်..မမလည်း..အာ့ဒါ

တွေးနေတာ..စေ့စပ်ရင် ကြာနေအုံး

မယ်..ဒါမှ ဟို မိန်းကလေး အမြန်

ပြန်ပြေးမှာ..."


သူမတို့ပြောကာ..ဖိတ်စာရွေးပြီး..

ဆိုင်က ပြန်ထွက်လာတော့..


"ဟယ်..မမနန်း...လှလာလိုက်တာ...

ဒါနဲ့ ဒီကို ဘာလာလုပ်တာလည်း "


ထိုအမျိုးသမီးကြီးက ဖိတ်စာဆိုင်ကို

မျက်လုံးဝေ့ကြည့်ကာမေးတော့..ဒေါ်

နန်းတော်ဝင် ပြုံးကာ...


"သားရဲ့..မင်္ဂလာ..ပွဲအတွက်

ဖိတ်စာ..လာအပ်တာလေ..."


"ဟယ်..သားတော်ဝင်...လက်ထပ်

တော့မှာလား.. "


"ဟုတ်တယ်လေ..ကေရဲ့..

ဒီမှာလေ..တို့ရဲ့ချွေးမလေး

မြတ်သစ္စာတဲ့.."


ဒေါ်နန်းတော်ဝင် မြတ်ရဲ့

လက်ကလေးကို ကိုင်ကာ

ပြောတော့ မျက်ရှက်ပြုံး

လေးပြုံးကာ...ပြန်ပြုံး

ပြလိုက်သည်။


"မနန်းတို့ကတော့..ချွေးမချောလေး

ရထားတာပဲ..ဂုဏ်ယူပါတယ်ရှင်..."


"ကျေးဇူး ကေရေ.."


"ဟုတ်မနန်း...ကေသွားအုံးမယ်

နောက်ရက်မှ အိမ်လာခဲ့မယိ..."


"Ok OK ကေ.."


"လာသွားမယ်..လင်းနဲ့ သမီးမြတ်..

ဆိုင်တစ်ဆိုင်မှာ တစ်ခုခု..စားကြ

တာပေါ့..."


ဒေါ်နနးတော်ဝင်..ကြီးမားလှသော

ဆိုငိကြီးထဲကို ဝင်လိုက်တော့

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်

မျက်နှာလေးမှာ ပျက်နေမိသည်။


သားတော်မောင်မှာ ဟိုမိန်းကလေး

ကို ထမင်းကျွေးနေတာ ခွန့်ပေးတော​့

မတက်..ဟိုမိန်းကလေးကလည်း 

မျက်နှာကို ဆူပုတ်ကာ..သူမသား

အတင်းကျွေးနေတာတောင်း ခေါင်းခါငြင်းနေသေးသည်။


ဒေါ်နန့်းတော်ဝင် မျက်နှာကို

မဲ့လိုက်ကာ..


"အလာကာ..မူယာမာယာတွေ..."


မြတ်နဲ့ ဒေါ်သလင်းမှာလည်း ထိုဝိုင်း

ကို အမြင်မကြည်စွာကြည့်နေတော့သည်။


ဒေါ်နန်းတော်ဝင် မျက်နှာကို မဲ့ကာ

မြတိနဲ့ လင်းကို ကြည့်လိုက်ပြီး

ပြုံးကာ..


"သမီးမြတ်နဲ့..လင်းရေ..လာဟိုမှာ

သားကိုတွေ့ပြီး..အာ့မှာသွားထိုငိ

ရအောင်..."


သူမတို့ပြောပြီး ထိုဝိုင်းကို 

လျှောကိသွားလိုကိသည်။


"ငါ..မစားဘူးလို့ပြောနေတယ်

နော်..တော်ဝင်..."


"မရဘူး..ခင်ဗျား..ဘာမှစား

ရသေးတာတော့မဟုတ်ဘူး..

စားရမယ်..."


"မစားဘူး...ရှင်..."


"သားက Company မှာ မရှိဘဲ

ဘာလို့ဒီရောက်နေတာလည်း...".


တော်ဝင်မေမေနဲ့ ပါလာတဲ့ သူတွေ

ကြောင့် ဘဝမကျစွာ..မျက်နှာကြီး

မှာမှုံကုတ်နေပြီး..


"နေ့လည်စာ..လာစားတာ..မာမီ..."


ပြောလည်းပြော သူမလေးကို

ခွင့်ကျွေးဖို့လုပ်တော့..ရှေးမှာ

သူ့လက်ထဲက ဇွန်းကိုအမြန်ယူ

ကာ..စားလိုက်တော့သည်။


မဟုတ်ရင်..ဒီလူက အရှက်ရှိတဲ့

လူမဟုတ်ဘူး...။


တော်ဝင် သူမအပြုအမူလေး.ကြောင့် 

ပြုံးသွားကာ...မာမီကို ကြည့်ကာ...


"မာမီက..ဘာလာလုပ်တာလည်း... "


"ဒီမှာလေ..သမီမြတ်တို့နဲ့ ဖိတ်စာ

ဒဇိုင်းလာရွေးတာ...''


တော်ဝင်စားနေတဲ့ သူမလေးကိုပဲ

ကြင်နာစွာကြည့်ပြီး ခေါင်းငြိမ့်ပြကာ...


"ဟုတ်ကဲ..မာမီ..."


ဒေါ်နန်းတော်ဝင် သူမကို မကြည့်တဲ့

သားတော်မောင်ကြောင့် ဒေါသ

ထွက်သွားသော်လည်း..ပြုံးလိုက်ကာ..


"သမီးမြတ်နဲ့ လင်းထိုင်လေး..

ဒီမှာထိုင်လိုက်ကြတာပေါ့.နောက်

လည်းမိသားစုတွေဖြစ်မှာပဲကို..."


တော်ဝင် ဝင်ထိုင်တဲ့ သားအမနှစ်ယောက်

ကြောင့် မျက်မှောင်ကုတိသွားကာ...ဘေး

ကသူမကို ကြည့်လိုက်တော့လည်းဝနေပြီ

ဖြစ်တာကြောင့် ..ပြုံးလိုက်ကာ...ပိုကိဆံ

ကို ထုတ်လ်ိုက်ပြီး စားပွဲပေါ်ချပေးကါ

သူမလက်ကလေးကို ဆွဲကာ..ထရပ်လိုက်ပြီး...


"မာမီတို့..အေးဆေးစားနော်..

ကျွန်တော်..Company မှာ

အလုပ်ရှိတာကြောင့် ပြန်အုံးမယ်.."


သူပြောပြီးတာနဲ့ သူမလက်ကလေးကို

ဆွဲကာ..ကားရှိရာကို ထွက်လာလိုက်သည်။


တော်ဝင် အခုလောက်ဆို မာမိမျက်နှာပျက်စွာကျန်နေခဲ့မှာကို သိပြီး  ပြုံးလိုက်မိသည်။


မာမီထက်လည်လို့...စီးပွားရေးလုပ်နေတာ

ပါမာမီရာ...


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: