မနက်မိုးလင်းတော့...ရှေး အိပ်ယာ
အစောကြီး ထတက်တဲ့ အကျင့်ရှိတာ
ကြောင့် သူမကို ဖက်ထားသော သူ့လက်ကို
အသာဖယ်ကာ..အိပ်ယာပေါ်မှ ဆင်းလိုက်ပြီး...သူမကိုယ်သူမ ပြန်ဆန်းစစ်ကြည့်...
ဘာမှမဖြစ်တာကြောင့် သက်ပြင်းချလိုက်ပြီး..
ကိုယ်လက်သန့်စင်ရန်..ရေချိုးခန်းထဲ
ဝင်လာလိုက်တော့သည်။
တော်ဝင် သူမရေးချိုးခန်းထဲ
ဝင်သွားတော့မှ ပြုံးလိုက်မိသည်။
သူမရဲ့ ကလေးဆန်လွန်းတဲ့
အပြုအမူလေးကြောင့် တော်ဝင်
ရင်ခုန်သံတွေ အသည်တွေယား
နေမိသည်။
သူတသ်ညလုံးမခုထိ အိပ်မရသေးပါ။
သူမကို ရင်ခွင်ထဲညဖက်ထားပြီး...
အိပ်နေပင်မဲ့လည်း အခုန်မြန်နေသော
ရင်ခုန်သံတွေကို တော်ဝင် မနည်း
ထိန်းနေရသည်။
သူမကတော့ ကြောက်တယ်တာ
ပြောတာ..အိပ်တာကို တစ်ရေးမှ
မနိုး...
ဂျလောက်...
တော်ဝင် သူမရေချိုးခန်းက ပြန်ထွက်လာ
တဲ့ အသံကြားတာကြောင့် မျက်လုံးတွေကို
ပြန်မှိတ်လိုက်ကာ..အိပ်ချင်ယောင် ဆောင်နေ
လိုက်သည်။
ရှေး မှောက်ခုံကြီး အိပ်နေသော သူ့ကို ကြည့်ကာ..မျက်နှာလေးမဲ့ လိုက်ပြီး ခေါင်းဖီးမို့
မှန်တင်ခုံပေါ်ကို ကြည့်တော့...ဘီတစ်ချောင်း
နဲ့ သူ့အသုံးအဆောင်တွေပဲ ရှိတာကြောင့်
သူမ ခေါင်းလေးသာဖီးလိုက်ပြီး...
ဝိုင်ကူလုပ်ပေးရန်..အောက်ထပ်ကို
ဆင်းလာလိုက်သည်။
"ဟယ်..မမလေး အစောကြီး
ဘာဆင်းလုပ်တာလည်း...''
"ရှေး..ဝိုင်းလုပ်ပေးဖို့ ဆင်းလာတာပါ...''
ရှေး သူအထက်ငယ်မဲ့...အလုပ်သမား
ကောင်မလေးက ပြာပြာသလဲနေမးတော့
ပြုံးကာဖြေလိုက်တော့ ထိုကောင်မလေးမှာ
မျက်နှာလေး ငယ်သွားကာ...
"မမလေးရယ်..မလုပ်ပါနဲ့လည်း
ညိုညိုတို့..အကုန်လုပ်ပါ့မယ်..
အကိုလေးသိရင် ညိုညိုတို့
ကြောက်တယ်..မမလေးရဲ့..."
ထိုကောင်မလေးကို ကြည့်ကာ..
ရှေးပြုံးပြပြီး...
"ညီမလေးတို့က သူ့ကို ဘာလို့
အာ့လောက်ကြောက်နေရတာလည်း..."
"ဟာ..မမကလည်း...ကြောက်တာ
ပေါ့..ညိုညိုတို့အကုန်လုံးက
ဒီအိမ်မှာ အကြောက်ဆုံးက အကိုလေး
ကိုပဲ..ပြီးတော့..အကိုလေးက ဒီစံအိမ်ရဲ့
အာဏာအရှိဆုံးလေ...မေမေကြီးတို့တောင်
အကိုလေးကို ကြောက်ရတယ်..အကိုလေး
စိတ်တိုရင်..ဘာမှမမြင်တော့ဘူး..အရမ်းစိုးတာ..."
ရှေး ထိုကောင်မလေးအပြောကြောင့်
မျက်လူံးလေးပြူးသွားကာ..ရင်ဘက်လေး
ဖိနေမိသည်။
သူမဘဝကတော့..ကံဆိုးပြီးမဟုတ်လား..
"အဟဲ..ဒါပင်မဲ့လေ..မမလေးကို
တော့.အကိုလေးက အရမ်းချစ်တာပဲ.နော်...
ညိုညိူ တို့ဘေးကကြည့်တာတောင်
သိတယ်...ဟီးဟီး..."
"အို..မဟုတ်ပါဘူး...."
"ဘာလို့မဟုတိရမှာလည်း မမလေးရဲ့
အကိုလေးက မမလေးကို ကြည့်တဲ့
အကြည့်တွေကို ညိုညိုတို့ ဒီအိမ်
မှာ အလုပ်လုပ်လာတဲ့ သက်တမ်း.တစ်လျှောက်..မမြင်ဖူးပဲ...
မမလေးက အရမ်းသဘောကောင်းပြီး
ရုပ်လေးကလည်း အရမ်းချောတော့..
အရမ်းကံကောင်းတာပဲ...ည်ိုညိုတို့က
အစက စိုးရိမ်နေတာ...သိလား..."
"ဟင်..ဘာလို့လည်း..."
"ဒီလိုလေ..မမလေးရဲ့ အကိုလေးက
ဒေါသကြီးတော့ အကိုလေးယူတဲ့
မိန်းမကပါဒေါသကြီးရင် ညိုညိုတို့
နေစရာနေရာရှိမှာတောင်မဟုတိဘူး.."
"အဟွန်း..ဟုတိပါပြီး..မမဘာမှမလုပ်
ရဘူးဆိူလည်း..ဘုရားဆွမ်းတော်လေး
ကပ်ဖို့တော့..ကိုယ်တိုင်လုပ်ချင်
တယ်နော်.."
"ဟုတိမမလေး..အာ့ဒါတော့ရတယ်..ဟဲဟဲ.."
ရှေး..ထိုကောင်မလေးတွေရဲ့ ဖော်ရွေ
မှုကြောင့် စိတ်သက်သာရာ ရသွားပြီး..
ပြုံးလိုက်မိသည်။
တော်သေးသည်။သူမစကားပြောဖို့
အဖော်တွေရှိသေးလို့...
ရှေးပြုံးကာ..ကြီးမာလှသော မီးဖိုဆောင်ကြီး
ထဲ ဝင်ကာ..ဆွမ်းတော်ကပ်ရန်..ပါးမုန့်နှစ်ချပ်ကိုယူကာ..ကြက်ဥနဲ့ ကြော်လိုက်ပြီး..ဆွမ်းတော်ပန်ကန်ထဲကို လှပစွာထည့်ကာ...ဘုရား
ခန်းရှိရာကို တက်လာလိုက်သည်။
ရှေး ဘုရားရှစ်ခိုးပြီး သူအိပ်ယာထပြီ အထင်နဲ့ အိပ်ယာသိမ်းဖို့ အခန်းထဲ ဝင်ခဲ့တော့..
သူမထသေးတာကြောင့် မျက်ခုံးတွေ
ပင့်တက်သွားပြီ သူ့အနားမှာရပ်ကာ...
"ဒီမှာ..မင်း..မထသေးဘူးလား..."
သူမပြောသော်လည်း သူက တုပ်တုပ်မလှုပ်
ရှေးမျက်နှာလေးမဲ့ လိုက်ပြီး...
"ဒါလား..သူဌေး..အပြင်း..သူဌေး."
"အို..အမလေး..မင်းဘယ်လိုလုပ်လိုက်
တာလည်း..."
သူ အဖွားကြီးလေးလိုပြောနေသော
သူမလေးကြောင့် အသည်းတွေယား
လာကာ...လက်ကလေးကနေ ဆွဲလိုက်...
တော့..ကပိုကရိုလေး သူ့ရင်ခွင်ထဲရောက်
လာပြီး..သူ ကိုယ့်ကို လိမ့်လိုက်တော့..ရှေးကို
ယ်လေး သူ့ရင်ခွင်အောက်ပြန်ရောက်သွားကာ
မျက်နှာလေးမှာ ကဲနေတော့သည်။
သူ သူမရဲ့ မျက်နှာလေးရဲနေတာကို
သေချာစူးစိုက်ကြည့်ကာ..
"ကျွန်တော်ထနေတာ ကြာပြီ..ခင်ဗျာ
ကိုစောင့်နေတာ..."
"မင်း..မင်း စကားကြီးတွေကို
ဘယ်လိုတွေပြောနေတာလည်း.."
ရှေး သူ့ရဲ့ စကားကြီးကြောင့်
မျက်နှာလေးမှာရဲ နေကာ..
စကားတွေထစ်ကုန်ပြီးပြော
တော့..တော်ဝင်ရယ်လိုက်ကာ...
"အဟက်..ခင်ဗျား..ဘာတွေတွေးနေတာလည်း...ကျွန်တော်ပြောတာ အိပ်ယာ
ထတာကိုပြောတာပါ..."
"မင်း..."
"အဟွန်း..ဘာလည်း..ကျွန်တော်ပြော
တာမှားသွားလို့လား..."
ရှေးသူ့ကို အမြင်ကပ်စွာ မျက်စောင်းလေး
ထိုးလိုက်ပြီး...
"မင်းဖယ်..ငါ့အပေါ်က...ငါမနေတက်ဘူး
ပြီးတော့..ဒီလိုတွေ ငါ့ကို နောက်မဆက်ဆံ
ပါနဲ့..."
တော်ဝင် သူမရဲ့ ကဲကဲဆင်နေတဲ့ပုံလေး
ကြောင့် ပြုံးကာ...
"ကျွန်တော်..ခင်ဗျားကို မဆက်ဆံရ
သေးပါဘူး..''
"အို...မင်းတော်ဝင်..မင်း
ဘယ်လိုတွေပြောနေတာလည်း..."
တော်ဝင် မသိသလို မျက်ခုံးပင့်ပြပြီး...
"ကျွန်တော်..ဘာပြောနေလို့လည်း..."
"တော်ပြီးဖယ်..မင်းနဲ့ငါ...
ဘာမှ ဆိုင်တာမဟုတ်ဘူး..
ငါ့ကို အခုလိုတွေ မလုပ်နဲ့..."
ရှေးပြောပြီး သူ့ရင်အုံကြီးကို
လက်သေးသေးလေးနဲ့ တွန်းသော်
လည်း...သူကမရွေ့ဘဲ..သူမကိုပြုံး
ပြီးစိုက်ကြည့်နေတာကြောင့် ရှေးမျက်နှာ
လေး မဲ့မဲ့လေးဖြစ်နေတော့သည်။
"နေပါအုံး စောစောက စကား
ကို ပြန်ပြောစမ််း... ဘာမှ မဆိုင်
ဘူးစကားကို..."
"မင်းသိနေတာကို ငါက
ဘာစ္စပြနိပြောရမှာလည်း..."
သူ့ရင်ခွင်အောက်ကနေ မကြောက်
မရွံ့ ပြန်ပြောနေသော သူမလေး
ကြောင့် တော်ဝင် ခပ်ညစ်ညစ်ပြုံးကာ..
"အာ့ဒါဆို..ခင်ဗျား..စောစောက
တစ်ခါပြောလိုက်တယ်နော်..."
"အို..."
ရှေး သူမပါးပြင်လေးကို ငုံ့နမ်းလိုက်တဲ့
သူ့ကြောင့် မျက်ဝန်းလေးဝိုင်းကာ
အနမ်းခံလိုက်ရတဲ့ ပါးလေးကို
ကိုင်ကာ..သူ့ပြူးကြည့်နေမိသည်။
တော်ဝင် ပါးလေးအနမ်းခံရတာ
သတိလစ်မလိုဖြစ်နေတဲ့.. သူမကို
ကြည့်ပြီး...ပြုံးကာ...
"မှတ်ထား..ခင်ဗျားက..မင်းတော်ဝင်
ဆိုတဲ့ ကျွန်တော်ရဲ့မိန်းမ...ကျွန်တော်
ရေချိုးအုံးမယ်...အင်္ကျီထုက်ပေးထါး
အုံး..မိန်းမ....ပြီးရင်..အောက်ထပ်အတူတူ
ဆင်းမယ်...နော်.."
တော်ဝင်ပြောကာ..ရေချိုးခန်းထဲ
ဝင်သွားတဲ့အထိ ရှေး အိပ်ယာပေါ်မှာ
ပက်လက်ကလေးပဲရှိနေသေးကာ...
ခဏနေတော့မှ သတိရသွားပြီး...
"မင်းတော်ဝင်..လူယုတ်မာ..."
"အဟက်..."
တော်ဝင်..ရေချိုးခန်းထဲကနေ
သူမရဲ့ အသံစာစာလေးကြောင့်
ရယ်လိုက်မိကာ...
ခင်ဗျား..အရမ်းချစ်ဖို့ကောင်းတယ်
ရှေး...
-------------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓🍓
သူရေချိုးပြီးတော့ ရှေးကိုပါ..
သူအတင်းရေချိုးခိုင်းတာကြောင့်
ချိုးလိုက်ပြီး..သူမ ဂေါင်ဝန်လေး
ဝတ်လိုက်တော့ သူ မျက်မှောင်ကြီး
ကုတ်ပြီး..
"ဒေါ်ရှေး..ခင်ဗျားကိုယ်ခင်ဗျား..အသက်
16 17 ထင်နေလား..ကြည့်အုံး ခြေသလုံး
တွေလည်းပေါ့နေတာပဲ...ပြီးတော့ မျက်နှာ
ကလည်း ဘာလို့ဖွေးနေတာလည်း..."
ရှေး သူ့အပြောကြောင့် သူမကိုယ်သူ
မငုံ့ကြည့်ကာ...သူ့ကိူပြန်ကြည့်လိုက်
ပြီး...
"ငါ အရင်ထဲက ဒါတွေဝတ်တာ..
မင်ူမမြင်ဖူးလို့လား..အပိုတွေလာပြော
နေတယ်..ပြီးတော့..ငါ့မျကိနှာက ဘာရှိ
လို လိမ်းရမှာလည်း...မျက်နှာပြောင်ကြီးလေ..."
တော်ဝင် သူမအပြောကြောင့် အလိုမကျ
စွာ ကြည့်လိုက်ပြီး...
"မသိဘူး..ခင်ဗျား..လာ..အင်္ကျီပြန်လဲ...
သွား..."
"အို..မင်းဘယ်လိုလုပ်လိုက်တာလည်း..."
သူပြောလည်းပြော သူမကို အတင်း
အဝတ်လဲခန်းထဲ ထည့်သွားပြီး သူက
အပြင်ထွက်သွားတာကြောင့် ရှေး မျက်စောင်း
လေးထိုးကာ...
"လူယုတ်မာကြီး.."
ရှေးသူ့ကို အရွဲ့တိုက်စွာ...ခြေမျက်စီ
ဖုံးတဲ့ ဂေါင်ဝန် အရှည်ကြီးကို ဝတ်ပြီး
အပြင်ထွက်လာတော့..သူဘာ်အချိန်
ထည်းက ပြန်ရောက်နေမှန်းမသိ..သနပ်ခါး
တွေသွေးနေကာ...
"ရော့..လိမ်း..သရဲနဲ့ တူအောင်လိမ်းနော်...''
ရှေးလည်း သူ့ကို မျက်စောင်းထိုးလိုက်ကာ..
သူပေးတဲ့ သနပ်ခါးတွေကို မျက်နှာကို မှန်မကြည့်ဘဲ ပွတ်ကာ...ပါးခွက်ကိုလည်းမှန်းပြီး
ချလိုက်ရသည်။
သူမပြီးတာနဲ့ သူချက်ချင်း သူမလက်ကို
ဆွဲကာ.. အောက်ထပ်ကိုဆင်းလာခဲ့တော့
ရှေးမှာ ရက်ကန်ရက်ကန်နဲ့ သူဆွဲခေါ်ရာ
နောက်ကို ပါလာခဲ့တော့သည်။
"ဟော..မြေးတို့တောင်လာပြီ..."
ဒေါ်နန်းမသာပြောတော့...ရှေးပြန်ပြုံးပြလိုက်
ကာ..အဘွားဘေးက သူ့အမေနဲ့ မြတ်ဆိုတဲ့.မိန်းမကတော့..ရှေ့ဘက်ကို ဆုပ်ကိုင်
ထားတာကို မီးဝင်းဝင်းတောက်နေတဲ့
မျက်လုံးနဲ့ ကြည့်ကာ...
"ဟွန်း...သူဌေးကို ရတယ်ဆိုပြီး..
နေဖင်ထိုးအောင်အိပ်တက်တာ..
မိန်းမကောင်းတို့ရဲ့ လက်ဏ္ခာမဟုတ်
ဘူးနော်..တော်ဝင်..မင်းမိန်းမကို
မင်းပြောထား..."
"အာ့ဒါ..ကျွန်တော့မိန်းမကို ပြောစရာ
မလိုပါဘူး..မေမေဘေးက မြတိသစ္စာကို
သာပြော..သူများအိမ်လာပြီး ဘောကြော့နေနေတာလေ..ကျွန်တော့မိန်းမက မိန်းမကောင်းလက္ခဏာနဲ့ ပြည့်စုံလွန်းလို့ကို လွန်နေပြီ..."
"ကိုကို..မြတ်ကို အာ့လိုမပြောပါနဲ့..
မြတ်..မြတ်..ဘုရားရှစ်ခိုးပါတယ်ထပြီး..."
"ဟယ်သမီးမြတိက လိမ္မာလိုက်တာ..ကြည့်
စမ်း..."
"အာ့ဒါ..မမလေးရှေး ဆွမ်းအစောကြီး
ထကပ်သွားတာပါ..."
ဒေါ်နန်းတော်ဝင်...ပြုံးနေတဲ့
မျက်နှာမှ. ပျက်သွားပြီး...
အိမ်ဖော်ကောင်မလေး ညိုညို
ကို ကြည့်ကာ...
"ဟဲ့ နင့်နေရာနင်နေစမ်း...
နေရာတကာကိုပါတယ်..."
အဲတော့ညိုညိုတစ်ယောက
ဇာတ်ကလေးပုပြီး...နောက်ဖွေး
ခန်းထဲကို ပြေးဝင်သွားတော့မှ
တော်ဝင် မာမီကို ဘယ်လိုလည်း
ဆိုသည်သဘောနဲ့ကြည့်ကာ...
ဒေါ်နန်းတော်ဝင်နဲ့ မြတ် မျက်နှာ
မှာပျက်နေပြီး...
"သမီးမြတ်လေးက သူဌေးသမီးလေး
အာ့လိုမလုပ်တော့ဆန်းလား.."
"ဟာ..အာ့ဒါဆို..ကျွန်တော့်မိန်းမကလည်း
စိန်တွေကို ဇယ်တောက်နိုင်တဲ့ သူဌေး
ရဲ့ မိန်းမပါ...အာ့ဒါတွေ လုပ်စရာမလို
ဘဲနဲ့ကို အသိတရားရှိစွာလုပ်နေတာလေ..."
"တော်စမ်း တော်ဝင်..မင်းမာမီကို
ပြန်ခံပြောနေတာလား..."
"မပြောပါဘူး..ဖြစ်သင့်တဲ့ သဘောတရား
ကိူ ပြောပြတာ..."
တော်ဝင် ပုခုံးပင့်ပြပြီးပြောကာ..အဘွား
ဘက်ကို ကြည့်လိုက်ကာ...
"အဘွား...သမီးကို ကြည့်ထားပေး
ပါအုံး...ကျွန်တော့်မိန်းမကို Company
ကိုခေါ်သွားမလို့..."
"ဟယ်...သမီးရှေးက သနပ်ခါး
လေးနဲလှလိုက်တာ..မြေက..
ရှေးလေးကို ဘာလို့ခေါ်သွားမှာလည်း..."
တော်ဝင် မာမီဘက်ကို ဝေ့ကြည့်ကာ..
"ကျွန်တော်..မိန်းမကို စိတ်မချလို့
အဘွားရေ..ရန်ရှာနေတဲ့ သူတွေကအမြဲ
ချောင်းနေတာ...လာရှေး..သွားမယ်..."
သူပြောပြီး သူမလက်ကလေးကို
ဆွဲပြီး ကားရှိရာကို ထွက်လာလိုက်သည်။
ဒေါ်နန်းတော်ဝင် သူတို့ကို စောင်း
ပြောသွားတဲ့ သားအကောင်းစားလေး
ကြောင့် ဆွေဆွေခုန်စွာကျန်နေခဲ့တော့သည်။
"မေမေတွေ့လား..မေ့မေ့မြေး
သမီးကို ပြောသွားလိုက်တာ..."
ဒေါ်နန်းမဟာ..သမီးဖြစ်သူကို မဲ့ကာကြည်ံ့
ကာ..ညည်းက ပြောအောင်နေနေတာကို..
ပြောပြီ မြစ်မလေး ရှိရာကို ထွက်လာလိုကိသည်။
"ကြည့်စမ်း ကြည့်စမ်း..ငါ့ကို မြေးအဘွား
တွေ ပြောသွားလိုက်ကြတာ..."
မြတ်သစ္စာတစ်ယောက်ကတော့
ဘေးမှာ မျက်နှာလေးပျက်ကာ
ထိုင်နေတော့သည်။
--------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
"တော်ဝင်..ငါတို့အခု..ဘယ်ကို သွား
နေတာလည်း..."
သူခေါ်ရာကို သူမ မသိသဖြင့်မေးတော့..
သူ သူမကို မျက်မှောင်ကြီး ကုတ်ကာ
တစ်ချက်ကြည့်ပြီး...
"ဟိုရောက်ရင် သိလိမ့်မယ်..."
ရှေး သူမကို စိတ်မရှည် သလိုပြောနေတဲ့
သူ့ကြောင့် မျက်စောင်းလေးထိုးကာ..
ကားမှန်အပြင်ဘက်ကို သာကြည့်နေလိုက်သည်။
တော်ဝင် သူမကို မလှအောင်းပြင်ခိုင်ပါ
တယ်ဆို..ပိုလှနေတဲ့ သူမကြောင့် ဒေါသ
ထွက်နေမိသည်။
သူများတွေဆို သနပ်ခါးအထူကြီးတွေ
လိမလိုက်ရင်..တကယ့်တောသူမကြီ
တွေနဲ့ တူပြီး သူမကတော့..အာ့လိုမဟုတ်
မျက်ခုံးမဲမဲလေးက ထင်းနေပြီး...ဖွေးပြီး
နုနေသော ပါးပြင်လေးမှာ သနပ်ခါးလေး
လိမ်းထားတော့..ပိုချစ်စရာကောင်းနေခဲ့သည်။
ဝတ်ထားတဲ့ ဂေါင်ဝန်ကိုလည်းကြည့်အုံး
ပုံတုံးဝတ်ပါဆို သူမရဲ့ လှပနေသော ကိုယ်လေးပေါ့မှာချပ်ရပ်နေပြီး..အရမ်းကို
တောက်ပနေတော့..တော်ဝင်မှာ မကြိတ်န်ိုင်
မခဲနိုငိတွေဖြစ်နေရသည်။
အရှေ့ကားမှနိကနေ တော်ဝင် သူမ မျက်နှာ
လှလှလေးကို ကြည့်ကာ..မျက်မှောင်ကြီး
ကုတ်တာ...
တောက်..ဒီမိန်းမကို ဘယိနေရာ..သွား
ဖွက်ထားမလည်း...
ရှေး သူကားရပ်လိုက်တော့
အပြင်ဘက်က ကြီးမာလှသော
Comoany ကြီးကို ကြည့်ပြီး
မျက်ဝန်းအပြူးသားလေးနဲ့ ဖြစ်နေမိသည်။
သူအရမ်းချောသာမှန်းတော့ရှေး ခန့်မှန်း
မိပါသသည်။ ဒီလောက်အရမ်းကြီးကျယ်
လိမ့်မယ်လို့တော့မထင်ထား....
"ဒေါ်ရှေး..ဆင်း..."
"အင်း..."
ရှေးခေါင်းးငြိမ့်ပြပြီး ဆင်းလိုက်တော့..
ကြီးမားလှသော Companyကြီးထဲကို
ဝင်လိုက်တယ်ဆိုရင်..လူများစွာက
သူ့ကို ဦးညွှတ်အရိုအသေပြုပြီး..အကုန်
လုံးရဲ့ မျက်လုံးတွေက ရှေးကို ကြည့်နေကြ
တော့..ရှေးမျက်နှာလေးလွဲလိုက်ကာ..
သူ ဆွဲခေါ်ရာကို လိုက်လာခဲ့လိုက်သည်။
ကြီးမားလှသောရုံးခန်းကြီးထဲကို ရောက်တော့
သူ့အတွင်းရေးမှူး ရာဇာဝင်လာတော့..သူ
ကြည့်လိုက်ကာ..
"ဒီလ အကုန်လုံးကို လစာတွေ တိုးမဲ့ဟာ
တွေ လျော့လိုက်.."
"ဗျာ..ဘာလို့လည်း အကိုလေး.."
ရာဇာ အံသြစွာမေးတော့..သူ
ခပ်တည်တည်ပြန်ကြည့်ကာ...
"ငါ့မိန်းမကို လိုက်ကြည့်နေလို့...."
"ဗျာ.."
ရှေးမှာလည်း သူ့စကားကြောင့် မျက်နှာ
လေးရဲသွားကာ..ဆိုဖာပေါ်မှာထိုင်နေရင်း
မျက်စောင်းလေးထိုးလိုက်မိတော့သည်။
အရူး...
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း