book

Index 7

အပိုင်း(7)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

တော်ဝင်....သမီးကို ကလေးထိန်းတဲ့ Nures

ကိုပေးလိုက်ပြီး...အဘွားကို သူနဲ့သူမ

တစ်ဖက်ဆီကူတွဲကာ...ထမင်းစားခန်းထဲ

ဝင်လာတော့..တွေ့လိုက်ရတဲ့ သူကြောင့်

တော်ဝင် မျက်မှောင်ကုတ်ပြီး..အလို

မကျကြောင်းပြနေလိုက်သည်။


ပြီးတော့ အဘွားကို ထိပ်ဆုံးထိုင်

ခုံမှာထိုင်ခိုင်းပြီ သူ သူမလက်ကလေး

ကို ဆွဲကာ..ခုံဆွဲပေးပြီး သူ့ဘေးမှာ

ထိုင်စေတော့..မေမေနဲ့ မြတ်သစ္စာ 

မျက်နှာပျက်နေတာကို သူဂရုမစိုက်

စွာ..သူမလေးကို သူကိုယ်တိုင် ပန်ကန်

ထဲ ထမင်းထည့်ပေးကါ...


"ရော့..စားမိန်းမ..များများစား..

ဒီမှာအားနာရမဲ့ သူဘယ်သူမှ

မရှိဘူး..."


မြေးရဲ့ အခုလို ပုံစံကို မမြင်ဖူးတာကြောင့်

ဒေါ်နန်းမဟာ..အံသြကာပြုံးပြီး ထမင်းစာ

နေလိုက်ပြီး..သမီးဖြစ်သူကိုကြည့်တော့လည်း

မျက်နှာမှာပျက်ကာနေတော့...ဒေါ်နန်းမဟာ..

ခေါင်းလေးသာ..ခါပြီး ပြုံးလိုက်မိသည်။


တွေ့ကြပြီပေါ့..သားအမနှစ်ယောက်

တစ်ယောက်ကလည်းခေါင်းမာ..တစ်ယောက်

ကလည်း..သူမှန်တယ်ထင်ရင်..ဘယ်သူကိုမှ

ဂရုမစိုက်တက်တဲ့သား...


မခွန့်ပေးတမယ်.ကြင်နာပြကာ..ကျွေးနေတော့

ရှေးမနေတက်စွာ...ခုံအောက်ကနေ

သူ့ခြေထောက်ကို အမြင်ကပ်စွာ

ကန်လိုက်မိသည်။


"အာ့..."


"ဟင်..မြေးလေး..ဘာဖြစ်တာလည်း..."


"သား..ဘာဖြစ်တာလည်း..."


"ကိုကို..ဘာဖြစ်တာလည်း.."


တော်ဝင် သူမကန်လိုက်တာကြောင့်

ခြေထောက် နာသွားကာ..

အော်လိုက်တာကြောင့် ...အကုန်လုံးက

လှုပ်လှုပ်ရှားရှားဖြစ်သွားကာ မေးတော့

သူ..ဘေးက မသိချင်ယောင်ဆောင်ကာထမင်းငုံ့စားနေသော သူမမျက်နှာလေးကို 

ကြည့်ပြီး..ခပ်ညစ်ညစ်ပြုံးကာ...


"ဘာမှမဖြစ်ပါဘူး...အိပ်ထားတော့

ခါးနာနေလို့..အာ့ကြောင့်..ဖြစ်တာပါ..."


"အဟွတ်..အဟွတ်..."


"ဟယ်...မြေးရရဲ့လား....မြေး..

မြေးမလေးကို ရေးပေးလိုက်.."


ရှေးသူ့ရဲ့ အနှောင်အလွတ် မကင်းတဲ့

စကားကြောင့် မျက်နှာရဲသွားကာ..

ထမင်းသီးသွားပြီး မျက်ရည်တွေဝဲ

လာကာ..သူပေးတဲ့ ရေကို သောက်လိုက်ပြီး..

သူ့ကို မျက်စောင်းထိုးလိုက်မိသည်။


မြတ် အဘွားကို တွဲကာ..ထမင်း

စားခန်းဝင်လာထည်းက ရှေးဆိုတဲ့

မိန်းမကို လုံးဝကြည့်လို့မရပေ။


ရုပ်ကိုက တည်တင်းနေပြီး...

ဘာမှသာမဟုတိတာ..မာနက

စွပ်ကြီးနေတဲ့ ရုပ်။


အခုလည်း ကိုကိုနားထိုင်ကာ..

ကူလီကူမာများပြနေတာ..

အမြင်ကို ကပ်စရာ။


မြတ်..ကိုကိုသူမတို့ကို ဂရုမစိုက်ဘဲ

အာ့မိန်းမကိုသာ သဲသဲလှုပ်ပြနေပုံကို

ကြည့်ပြီး..မျက်နှာလေးမှာ..ဟန်ဆောင်

ပြုံးထားနေရသည်။


ဒေါ်နန်းတော်ဝင် အရှေ့က မြင်ကွင်း

ကို ကြည့်ပြီး မျက်နှာလေးမဲ့လိုက်ကာ..


"သား...မင်းတို့မိဘတွေ အရှေ့မှာဆိုတာ

လည်းသတိထားအုံး..."


တော်ဝင် မျက်စောင်းထိုးကာ

ပြောနေသော မေမေကိုကြည့်ပြီး...


"ကျွန်တော်တို့က အမြင်မတော်တွေ

ဘာလုပ်နေလို့လည်းမေမေ..ဖက်နမ်း

ပြနေလို့လား..အာ့လိုဆိုရင်တော့

စိတ်ချ..ကျွန်တော့မိန်းမက အရမ်း

ရှက်တက်တာဗျ..."


"တောက်..မင်းတော်ဝင်..ငါမင်းအမေနော်..."


တော်ဝင်ဒေါသတကြီးပြောနေသော

မေ့မေ့ကို ကြည့်ကာ..ပြုံးလိုက်ပြီး...


"ကျွန်တော်အမေမှန်း..သိပါတယိမာမီ...

ဒါ့ကြောင့် ကျွန်တော့်မိန်းမကိုလည်း..

ကိုယ့်သားသမီးလို့ ဆက်ဆံပေးပါ...

အခြား..လူတွေပေါ်မြင်နေတဲ့ အမြင်ကို

ကျွန်တော့်မိန်းမကို မြင်ပေးလို့မရဘူးလား

မာမီး..တောင်းပန်နေတာမဟုတ်ဘူးနော်..

တောင်းဆိုကြည့်တာ.."


ရှေး သူတိူ့သားအမ နှစ်ယောက်ရှေးကြောင့်

မျက်နှာလေးငယ်နေမိကာ..ထမင်းလည်း

စားမဝင်တော့..ဒါကြောင့် သူမ ဟိုတို့

ဒီတို့နဲ့လုပ်နေစဥ်.....


"ဒီက နာမည်က ရှေးဆန်သူနော်...

ကိုကိုကလေ...မြန်မာထမင်းဟင်း

အရမ်းကြိုက်တာ...ရှင်...ပုံစံက 

ချက်တက်မဲ့ပုံလည်းမပေါ်ပါဘူး..

ပြီးတော့ရှင်က...ဘွဲ့ရော ရပြီရဲ့လား..."


ရှေး သူ့အမေဘေးက မိန်းကလေးက

အထင်သေးသလိုမေးနေတာကြောင့်.

ခေါင်းလေးမော့ကြည့်ပြီးပြုံးပြကာ...


"ကျွန်မ...မချက်တက်လည်း...ကျွန်မယောကျာ်းက ကျွန်မချက်ကျွေးတာ

စားမှာပဲ....ဟုတ်ကဲ့ ပြီးတော့ ကျွန်မ

ဘွဲ့ရပြီးပါပြီ..."


မြတ်မဲ့ကာ....ပြုံးလိုက်ပြီး..အထင်

သေးသလိုကြည့်ကာ...


"ရိုးရိုးတန်းတန်းဘွဲ့ပဲနေမှာ...ကိုကို..

ဘာဟင်းစားချင်လည်းဟင်..မြတ်ကို

ပြော...မြတ်ချက်ကျွေးမယ်နော်..."


မြတ် ကိုကို ကိုပြုံးပြီးကြည့်ကာ

ပြောတော့...ကိုကိုက ခေါင်းငြိမ့်

ပွကာ...


"အာ့ဒါဆို..အတော်ဘဲ...ငါ့ကလည်း

အလုပ်တွေရူပ်နေတာ...ရှေးကလည်း

ပြီးရင် သူ့အလုပ်နဲ့ သူဆိုတော့..

မင်းအိမ်မှာချက်ပြုတ်ပေးတော့...အဆင်

ပြေတာပေါ့...မဟုတ်ဘူးလားရှေး..."


"ဟင်...အင်းအင်း..."


ရှေး ကြောင်အအလေးကြည့်နေပြီးမှ

သူ့ရဲ့ မချိုမချဥ် အပြုံးတွေကြောင့်

ပြုံးလိုက်ကာ ခေါင်းလေးငြိမ့်လိုက်မိသည်။


မြတ် ကိုကိုအပြောကြောင့် နှုတ်ခမ်းလေး

ကို ဖိကိုက်ထားမိကာ..မျကိနှာလေးမှာ

ပျက်နေတော့သည်။


မြတ်..မဲ့လိုက်ပြီး ဇွဲမလျော့ကာ...


"ဒီက မရှေးက အသက်ဘယ်လောက်

လည်း...ပြီးတော့..ဘာကြောင့် ကို.."


"ဒီမှာ..မြတ်သစ္စာ...မင်းငါ့မိန်းမကို

အာ့လိုမေးရအောင်...မင်းမှာမေးခွင့်

ရှိလို့လား...မင်းကအပြင်လူနော်...

ငါ့မိသားစုထဲ ဝင်မပါပါနဲ့..ငါမကြိုက်ဘူး...''


မြတ်ကိုကိုအပြောကြောင့် 

မျက်ရည်လေးတွေဝဲသွားတော့

ဒေါ်နန်းတော်ဝင် ဒေါသထွက်သွားကာ..


"ဘာလို့..မေးခွင့်မရှိရမှာလည်း..တော်ဝင်

မြတ်က ငါတို့ရဲ့ မိသားစုဝင်ပဲ...မင်း

ဘယ်လို့ပြောလိုက်တာလည်း..."


တော်ဝင်စိတ်ရူပ်သလိုမျိုး 

ခရင်းနဲ့ ဇွန်းကို ချပစ်လိုက်ပြီး...


"အဘွား...ကျွန်တော့်တို့စားလို့

ဝပြီး...အရင်သွားနှင့်မယ်နော်..."


သူပြောပြီး သူမလက်ကလေးကို

ကိုင်ကာ...ထထွက်လာလိုက်သည်။


"မင်းတော်ဝင်..မာမီပြောတာ မဆုံးသေး

ဘူးလေး...မင်း..."


"တော်ပြီ...မိနန်း..ညည်းသားအကြောင်း

လည်း ညည်းသိရဲ့သားနဲ့ ဘယ်တောက

ပြောလို့ရဘူးလို့လည်း..."


အာ့တော့မှ..ဒေါ်နန်းတော်ဝင်ပြန်

ထိုင်လိုက်ပြီး..မျက်နှာလေး ပျက်နေသော

သမီးမြတ်ဘက်ကိုလှည့်ကာ...


"ဘာမှ မပူနဲ့ သမီးမြတ်..

သမီးဘက်မှာ အန်တီတစ်ယောက်

လုံးရှိတယ်..."


ဒေါ်နန်းမဟာ..သမီးဖြစ်သူကိုကြည့်ပြီး

သက်ပြင်းလေးချကာ...ခေါင်းလေးကို

ခါရမွးလိုကမွိသညိ။


-------------------------------------^^^^🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓


သူ သူမကို အခန်းထဲ ပြန်ခေါ်လာပြီး

တံခါးပိတ်လိုက်ပြီး သူမအရှေ့မှာ

ခါးကြီးထောက်ကာ..မျက်မှောင်ကြီး

ကုတ်ကြည့်လိုက်ပြီး...


"ပြော..ခင်ဗျာမှာ ပါးစပ်မပါဘူးလား

ပြန်ပြောပစ်လေ...သူတို့ပြောတိုင်း

ခင်ဗျာ အခုလို ငြိမ်ခံနေမှာလား.."


ရှေး သူ့ကို မျက်စောင်းလေးထိုးကာ.


"အို...မင်းငါ့ကိုပြောဖို့ရော..

အချိန်ပေးလို့လား..မင်းပဲ

ပြောသွားတာကို ငါက..ဘာပြော

ရအုံးမှာလည်း..."


အာ့တော့မှ သူပြုံးလိုက်ပြီး...


"ဟုတိတယ်..ခင်ဗျာ..ကျွန်တော့ကို

ပြန်ရန်တွေ့သလို..အခြားသူတွေကိုလည်း

ခင်ဗျား...ပြန်ပြောရမယ်...အဟွန်း.."


ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့

သူ့ကို ရှေး မျက်မှောင်လေးကုတိကာ..

ကြည်လိုက်ပြီး ...မျက်နှာလေးမဲ့ပြကာ


"အရူး..."


ရှေး မျက်စောင်းလေးထိုးကာပြော

ပြီး.. ကြီးမားလှသော အိပ်ယာကြီး

ဆီ အကြည့်ရောက်သွားတော့ ကြက်

သိမ်းထသွားကာ..ခေါင်းလေးခါရမ်း

လိုက်ပြီး...


"ဒီနှာဘူး..ဒီအိပ်ယာပေါ်မှာ..မအိပ်

လောက်ပါဘူးနော်.."


"ခင်ဗျာ..ဘယ်သူ့ကိုပြောတာလည်း

နှာဘူးဆိုတာ.."


"အမလေး..."


သူမတိုးတိုးလေးပြောနေတုန်း

သူမနားနားကို ကပ်လာကာ..

တိုးတိုးလေးပြောတဲ့သူ့ကြောင့်

ရှေး ရေချိုးခန်းကို ကြည့်ပြီး...


"မင်း...မင်း..ဘယ်အချိန်က ပြန်ထွက်

လာတာလည်း..."


တော်ဝင်...ပြုံးလိုက်ပြီး...


"ခင်ဗျာ..ကျွန်တော့်ထွက်လာတာတောင်

မသိရအောင်..ဘယ်သူ့အကြောင်းတွေး

နေတာလည်း...ကျွန်တော့်အကြောင်းလား.."


မချိုမချဥ်မေးနေတဲ့ သူ့ကြောင့်

ရှေးမျက်စောင်းလေးထိုးကာ..


"ငါက..ဘာကိစ္စ မင်းအကြောင်း

တွေးရမှာလည်း.."


"အဟွန်းဟုတိလို့လား.ခင်​ဗျာ..

အိပ်ယာကို ကြည့်ပြီး..မျက်နှာတွေ

တောင်ရဲနေတာကို..အဟက်.."


"အို..မင်း..မင်း..လူယုတ်မာ.."


"လာပြန်ပြီ...တကယ်ယုတ်မာ

ပြလိုက်ရမလားပြော..."


တော်ဝင် မျက်ခုံးကြီးပင့်တက်ပြီး

ပြောတော့..ရှေးမှာ..မျက်နှာလေး

ရဲကားမျက်စောင်းလေးထိုးလိုက်ပြီး...


"မင်း...အပြင်မှာ ထွက်အိပ်မှာ မဟုတ်လား.."


တော်ဝင် မျက်မှောင်ကြီးကုတ်ကာ...


"ဘာပြောတာ..ခင်ဗျာ..ဘာပြောလိုက်တာ.."


ရှေး ကြားရဲ့သားနဲ့ ပြန်မေးနေတဲ့ သူ့ကြောင့်

မျက်စောင်းထိုးလိုက်ကာ...


"မင်းအပြင်ထွက်အိပ်မှာ မဟုတိလား

လို့မေးတာ.."


"ကျွန်တောက ဘာကိစ္စအပြင်ထွက်အိပ်

ရမှာလည်း..ကျွန်တော်အခန်း..ကျွန်တော်

အိပ်မှာပေါ့..''


"အို...အာ့ဒိလိူတော့ဂမလား.. မင်းငါ

သဘောမတူဘဲနဲ့ လက်မှတ်ထိုးထား

ပင်မဲ့..မင်းနဲ့တော့..ငါအတူတူ မအိပ်နိုင်

ဘူး..."


သူ အိပ်ယာကြီးပေါ် ပစ်လှဲလိုက်ပြီး...

ခက်ထေထေပြုံးကာ...အိပ်ယာပေါ်

ကနေ သူအကို ခင်စင်းစင်းကြည့်ကာ..


"အာ့ဒါဆို..ခင်ဗျား..ဘယ်မှာသွားအိပ်မှာလည်း.."


"ငါ့ကို အခန်းတစ်ခန်းစီစဥ်ပေး..."


သူစိတ်ရူပ်သလို မျက်ခုံးတွေပင့်ပြီး..


"ကျစ်..ဒေါ်ရှေး..ခင်ဗျား.ကကျိကကြောင်

တွေ လုပ်မနေနဲ့ ကိုယ့်အခန်းကိုယ်မအိပ်ဘဲ

ခင်ဗျား..ဘယ်အခန်းသွားအိပ်ချင်သေး

လို့လည်း..ခင်ဗျာ..ယောကျာ်းရှိတဲ့ အခန်းမှာ

အိပ်ရမှာ..ခင်ဗျာ..ဘာဖြစ်နေတာလည်း..

ကျွန်တော်က ခင်ဗျာ ယောကျာ်း..အာ့တော့

ခွဲမအိပ်နိုင်ဘူး..."


"အို..ရမလား..မင်းနဲ့ငါက တစိမ်းဘဲ

ငါမအိပ်နိုင်ဘူး.."


"ကျစ်...ခင်ဗျား အရမ်းလျှာရှည်တာ

ပဲ ဒေါ်ရှေး...လာဗျာ..အိပ်မယ်.."


"အို..မင်းနော်...ငါ့ကိုလာမစနဲ့..

မင်းဘာသာမင်းအိပ်..."


တော်ဝင် စိတ်မရှည်တော့စွာ

ကြည့်နေပြီး...


"ပြီးရောလေ..ခင်ဗျာ..ဘာသာမလာ

တာ...ခင်ဗျာသဘော..."


သူပြောပြီးတာနဲ့ အခန်းတစ်ခုလုံး

အမှောင်ကျသွားတော့ကာ..

ရှေးမှာ အမှောင်ကြောက်သူ ပိပိ

လန့်သွားပြီး မမြင်မစမ်းနဲ့ ကုတင်

အနားတိုးသွားကာ...


"တော်ဝင်..အို..."


သူ မခေါ်ပြီး တိုးသွားလိုက်တော့

သူမရှေ့က မားမားကြီးရပ်နေတဲ့

သူ့ရင်ခွင်ထဲကို သူမကိုယ်လူံးလေး

ဝင်တိုက်မိပြီးရောက်သွားကာ..

သူ..သူမလေးကို ပွေ့ချီလိုက် ကာ..


"ခင်ဗျာ..အိပ်ဖို..အချိန်တန်ပြီရှေး..."


ပြောလညိးပြော သူမကိုယ်လေး

ကို သူနဲ့ အတူ အိပ်ယာပေါ်

လှဲ ချကာ..သူမကို ရင်ခွင်ထဲ

ထည့်ကာ..ဖက်ထားတဲ့ သူ့ကြောင့်

သူမရုန်းလိုက်တော့..သူ..

မှောင်နေတဲ့ အခန်းထဲမှာ သူမမျက်နှား

လေးကိူ မှန်းကြည့်ကာ..


"ငြိမ်ငြိမ်နေရှေး..ကျွန်တောက 

ပုံပြင်တွေမကြိုက်ဘူး..လက်တွေ့

သမား..အာ့တော့..ကျွန်တော့်ရင်ခွင်

ထဲမှာ..ခင်ဗျား..ငြိမ်ငြိမ်လေးနေပြီး...

အိပ်လိုက်တော့.."


သူပြောလိုက်တော့ ရှေးမှာ ရုန်းနေတာ

လေးရပ်သွားပြီး မမြင်ရသော်လည်း

သူ့ကို မျက်စောင်းထိုးကာ...မလှုပ်ရဲတော့ပေ။


ရှေး တစွပ်ထိုးသမားကြီးကို 

ကြောက်ပါတယ်..တော်ကြာ

စိတ်ထဖောက်နေမှ ဒုက္ခ....


တော်ဝင်သူပြောလိုက်လို့ 

ငြိမ်သွားတဲ့ သူမကြောင့် ပြုံးကာ..

သူမကို ရင်ခွင်ထဲမှာ ဖက်ထားရင်

သူမဆံနွယ်လေးတွေနားကို နှာခေါင်း

ကပ်လိုက်ကာ..ဆံနွယ်လေးတွေရဲ့

မွှေးနေတဲ့ ရနံ့လေးကြောင့် သူပြုံးကာ..


ခင်ဗျာ...အရမ်းချစ်ဖို့ကောင်းတယ်.. ရှေး...


-------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓


"အန်တီ...မြတ်တို့..ဘာလုပ်ကြ

မလည်း..ကိုကိုက အာ့မိန်းမကို

အထိကို မခံဘူး..."


ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာတို့

နှစ်ယောက်အခန်းထဲတွင်

မျက်နှာတွေပျက်နေကာထိုင်နေကြပြီး

မြတ်သစ္စာမေးတော့..ဒေါ်နန်းတော်ဝင်

မဲ့ပြုံးပြုံးကာ...


"ဘာမှမပူနဲ့..သမီး..အန်တီအကုန်

စီစဥ်မယ်..အာ့မိန်းကလေး..အိမ်မှာ

မနေချင်လောက်အောင် အန်တီ..

လုပ်ပြမယ်.."


မြတ် ကောင်းကြစ်သော အပြုံးကို

ပြုံးလိုက်ကာ...


"ကိုကိုက..အာ့မိန်းမကို ခဏတာ

ပျော်ရွှင်မှုအတွကိပဲ ယူတာနေမယ်

အန်တီ..လက်ထပ်ပွဲအတွက်လည်း

ဘာမှမ​ပြောဘူးလေ..."


ဒေါ်နန်းတော်ဝင်ပြုံးကာ..ခေါင်းငြိမ့်

ပွကာ...


"ဟုတ်လောက်တယ်..သမီး..

အာ့ဒါကြောင့် အန်တီ တို့ဘက်မှာ

အခွင့်အရေးတွေရှိသေးတယ်..."


"အာ့ဒါဆို..အန်တီ.ကဘာလုပ်

ဖို့..အစီစဥ်..ရှိသေးလည်း..."


ဒေါ်နန်းတော်ဝင်ပြုံးကာ...


"စောင့် ကြည့်အုံးသမီး..အန်တီ

အာ့မိန်းကလေး ထွက်ပြေးအောင်

လုပ်ပြမယ်.."


"ဟုတ်တယ်အန်တီ..မြတ်ကတော့

အာ့မိန်းမကို ကြည့်လို့မရဘူး

အန်တီကိူလည်း မလေးစားဘူး..

မျက်နှာကြောကလည်းတင်းနေတာ

ကိုကိုသာ တကယ်လက်ထပ်လိုက်

ရင်..အန်တီကိုတောင် အရေးစိုက်မှာ

မဟုတ်တော့ဘူး..သိလား..."


"ဟုတ်တယ်..သမီးပြောတာမှန်တယ်..

သူက ဘာမို့လို့..အန်တီကို ပြန်ပြော

ရတာလည်း..အန်တီ...သားကို အာ့မိန်းကလေးနဲ့  လုံးဝသဘောမတူ

နိုင်ဘူး..အန်တီချွေးမအဖြစ်လူံးဝ

အသိအမှတ်မပြုနိုင်ဘူး.."


ဒေါ်နန်းတော်ဝင်ပြုံးကာ..

မြတ်ကို ကြည့်ပြီး...


" မင်းတော်ဝင်စံအိမ်ရဲ့ချွေးမလေးက

ဟော့ဒိက မြတ်သစ္စာဆိုတဲ့ အန်တီ

ချွေးမလေးပဲ ဖြစ်ရမယ်..."


အန်တီနန်းအပြောကြောင့် 

မြတ် အန်တီနန်းကို ဖက်ထား

လိုက်ပြီး...


"အန်တီနန်း မြတ်ကို ချစ်ပေးတါလေ

မြတ်အရမ်းဝမ်းသာတာပဲသိလား

အန်တီ...မြတ်လည်း အန်တီကို အရမ်း

ချစ်တယ်သိလား.."


ဒေါ်နန်းတော်ဝင် မြတ်ကို ကြင်နာ

စွာကြည့်ပြီး...ဆံပင်လေးသတ်

ပေးလိုက်ကာ...


"သမီးက အန်တီရဲ့ သမီးလေးလိုပါ

ပဲ သမီးမြတ်ရဲ့..."


မြတ်မျက်နှာလေးမှာပြုံးနေကာ

အန်တီကို ဖက်ထားလိုက်ပြီး..

ပြုံးနေတဲ့ မျက်နှာလေးမှာတော့

စောစောကနဲ့ ခြားနားစွာ.

ကောက်ကြစ်ယုတ်မာသော အပြုံး

တို့က ဖြစ်ပေါ်နေတာကိုတော့..

ဒေါ်နန်းတော်ဝင် တစ်ယောက် မသိရှာပေ။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: