ဒေါ်နန်းမဟာ မြေးမလေးရဲ့
လက်ကလေးကို ကိုင်ကာ..
မျက်ရည်တွေ စီးကျလာကာ
ကြည့်နေမိသည်။
အေးမာ..မယ်မယ်ကြီးကို ကြည့်ကာ..
စီတ်မကောင်းပင်မဲ့ ပြောစရာသတင်း
ကို တော့ပြောရပေအုံးမည်။
"ဟိုလေ..မယ်မယ်ကြီး..."
ဒေါ်နန်းတော်ဝင် အေးမာရဲ့ မဝင့်မရဲ
ပုံကြောင့် မျက်ခုံးပင့်တက်ကာ...
"ဘာလည်း..အေးမာပြောလေ..."
"ဟို...ဟို...သခင်လေး...
မိန်းမပါယူလာပါတယ်..."
"ဘာ..အမလေ..."
ဒေါ်နန်းမဟာ..အံသြလွန်း၍
ရင်ဘက်လေးဖိလိုက်ကာ...
မေးတော့အေးမာ...ခေါင်း
လေးငြိမ့်ပြကာ..လက်ကလေး
ဆုပ်ကိုင်ထားပြီး..
"ဟို...သခင်မလေးရဲ့ ယောင်းမတော်
သူပါ...ဟိုလေ...."
စကားရပ်သွားတာကြောင့် ဒေါ်နန်းမဟာ
စိတ်မရှည်စွာ...
"အေးမာ..ပြောလေ..ဘာလိုရပ်နေတာလည်း..."
အေးမာအာ့တော့မှ မဝင့်မရဲဖြင့်....
"ကြည့်ရတာ..အာဒိမိန်းကလေးကို
သခင်လေးက..အတင်းလက်ထပ်ထား
သလိုပဲ..အာ့မိန်းကလေးက အကိုလေး
က သူမက သူ့ရဲ့ မိန်းမလို့ပြောတော့..
အံ့သြပြီး မျက်ရည်တွေကျလာတာ...
ပြီးတော့ သခင်မကြီးနဲ့ စကားအခြေ
အတင်ဖြစ်ပြီး..ပြန်မလို့လုပ်တော့..
သခင်လေးက ငါ့ခွင့်ပြုချက် မရဘဲ
လုံးဝမပြန်ရဘူးတဲ့..အာ့မိန်းကလေး
ကို သူ့ရဲ့မိန်းမတဲ့..."
ဒေါ်နန်းမဟာ...အေးမာအပြော
ကြောင့် အံသြနေကာ...သက်ပြင်း
လေးချလိုက်ပြီး...ခေါင်းလေးငြိမ့်ကာ..
"အေးပေါ့..မြေးလည်း..သူ့ဘာသူ
ကိုယ်တိုင်ရွေးချယ်ချင်မှာပေါ့..."
"ဘာမှ..ရွေးချယ်ခွင့်မပေးဘူးမေမေ..
ဘယ်က ဂုတ်စုတ် အနုတ်စုတ်တွေကို
ခေါ်ပြီး လက်ထပ် လာမှန်းမသိတာကို
နန်းတို့က လက်ခံပေးရမှာလားမေမေ..."
အခန်းထဲ ဝင်လာပြီး ဒေါသတကြီး..
ဖြစ်နေသော သမီးဖြစ်သူကို ဒေါ်နန်း
မဟာကြည့်ကာ..ခေါင်းငြိမ့်လိုက်ပြီး...
"ညည်းအသိတရားမရသေးဘူးလား
မိနန်း...အရင်တောကလည်း အာ့လို
ကြောင့် သမီးကို ဆုံးရှုံးလိုက်ရပြီ..အခု
လည်း ညည်းမာန်မချနိုင်သေးဘူးလား
ပြီးတော့မြေးကလည်း..ညည်းချယ်လှယ်
ချင်တဲ့ ရတဲ့ ကလေးမဟုတ်ဘူး.."
"အို..မသိဘူးမေမေ..သူက
နန်းရဲ့သား..နန်းသဘောမတူတဲ့
ချွေးမကိုတော့ လက်မခံနိုင်ဘူး
မေမေ..ပြီးတော့ နန်းတို့ရဲ့
ချွေးမက အချင်းရော အဆင်းရော
ပြည့်စုံတဲ့ သမီးမြတ်ပဲ မေမေ..."
ဒေါ်နန်းမဟာ..ခေါင်းငြိမ့်လိုက်ပြီး...
"မိနန်း...ညည်းကဘာလည်း..ငါ
ကျန်းမာရေးမကောင်းဘူး ဆိုပြီး
ငါ့ကို ပြန်အာခံနေတာလားပြော..."
ဒေါ်နန်းတော်ဝင် ခေါင်းခါပြ
လိုက်ပြီး...
"မေမေကို အားခံနေတာမဟုတ်ဘူး
မေမေ..နန်း...ဘာပဲဖြစ်ဖြစ်..သားကို
အာ့ဒိမိန်းကလေးနဲ့ လုံးဝသဘော
မတူနိုင်ဘူး..လုံးဝလည်း..ဒီစံအိမ်.ရဲ့
ချွေးမ အဖြစ် အသိအမှတ်မပြုနိုင်ဘူးမေမေ...အာ့မိန်းကလေးကို သားက
ခဏတာပဲ နေမှာပေါ့.."
"နေပါအုံး..ငါကြားတာတော့
အာ့လိုမဟုတ်ဘူးနော်...မြေးက
အာ့မိန်းကလေးကို အတင်း
လက်ထပ်ထားတဲ့ပုံစံဆို...''
မေမေ အပြောကြောင့်.. ဒေါ်နန်း
တော်ဝင် ဘေးမှာရပ်နေသေ အေမာကို
စူးစူးရဲရဲကြည့်ပြီး မေမေကိုကြည့်ကာ..
"အာ့ဒါတွေက အာ့မိန်းကလေးရဲ့
မာယာတွေနေမှာပေါ့မေမေ..
သားရဲ့ဘေးမှာ..ဒီလောက်ဝိုင်းနေတာ
သူက ဘာမို့လို့ ငြင်းဆန်းရမှာလည်း
ဟန်ဆောင်နေတာပဲနေမှာ..နန်းကတော့
စမြင်ထည်းက လုံးဝကြည့်လို့မရဘူး....
နန်းအပြတ်ပြောမယ်မေမေ..နန်းရဲ့
ချွေးမက သမီးမြတ်တစ်ယောက်ပဲ
ရှိတယ်.."
ပြောပြီးထွက်သွားတဲ့ သမီးဖြစ်သူ
ကိုကြည့်ပြီး..ဒေါ်နန်းမဟာ.
သက်ပြင်းချလိုက်ကာ..ဘေးမှာသူမ
တို့ကို မျက်ဝန်းလေးဝိုင်းကာကြည့်နေ
သော မြစ်လေးကြောင့် ပြုံးလိုက်မိတော့သည်။
-----------------------------------------^^^^^🍎🍎🍎🍎🍎🍎🍎
အခုအချိန်ထိ မဲ့မဲ့လေးထိုင်နေသော
သူမကြောင့် တော်ဝင် ရေချိုးခနိး
ထဲကထွက်လာကာ..ခေါင်းသုတ်နေရင်း
မျက်ခုံးတွေပင့်တက်သွားပြီး...
"ဟေ့..ဒီမှာ..ခင်ဗျာ...အာ့အတိုင်း
ပဲထိုင်နေတော့မှာလား...ကျုပ်က
ညစ်ပတ်တာမကြိုက်ဘူးနော်...''
ရှေးသူ့ကို အမြင်ကပ်စွာ မျက်စောင်း
ထိုးကာ....
"ညစ်ပတ်တာမကြိုက်လည်း..မင်း
အခြားခန်းမှာသွားနေလေ..ငါကတော့
မချိုးနိုင်ဘူး..ငါ့ကိုမကြည်ဖြူတဲ့ ဒီမှာ
လည်း ငါမနေနိုင်ဘူး..ငါ့ပညာနဲ့ငါ..
စားနိုင်သောက်နိုင်တယ်.."m
တော်ဝင် သူမအနားတိုးသွားပြီး
သူမ မျက်နှာနားကို ကုံးပြီး
သူ မျက်လုံးစုံအောင်ကြည့်ကာ...
"ခင်ဗျာ...ကို ဘယ်သူကမကြည့်ဖြူ
လို့လည်း..ပြီးတော့ခင်ဗျာ..လစာလေး
မဖြစ်စလောက်ကိုပြောမနေနဲ့...ခင်ဗျာ
ယောကျာ်းကျုပ်...လုပ်ကျွေးတာကိုပဲ
ကုန်အောင်သုံးအုံး...ဒီအိမ်က ခင်ဗျာ
ယောကျာ်းအိမ်....ခင်ဗျားကို ကျုပ်ကြည်ဖြူ
နေသ၍ ဘယ်သူ့ကိုမှ ဂရုစိုက် စရာမလိုဘူး....ရှင်းလား.."
ရှေး မျက်နှာနဲ့ နီးကပ်နေတဲ့ သူ့မျက်နှာ
ကြောင့် ရှေး လည်းပင်းတွေချောက်သလို
ဖြစ်လာပြီး...သူ့ရဲ့ ရေလဲဝတ်စုံမွှေးပွ သဘက်ကြီကို ဝတ်ဆင်ထားပြီး ဖြူဝင်းကာ
ပေါ်နေသော ရင်အုပ်ကားကားကြီးကြောင့်
မျက်နှာလေးရဲသွားကာ...
"မင်း..မင်း..အရှက်မရှိလိုက်တာ....
နောက်ဆို ဆင်ခြင်ပေးပါ..."
မျက်နှာလေးရဲကာပြောနေသော
သူမကြောင့်သူပြုံးကာ...
"အဟွန်း...နောက်ဆို လင်မယား
ဖြစ်တော့မှာကို ဘာတွေရှက်နေတာလည်း..."
ရှေး သူ့ရဲ့ ခပ်ညစ်ညစ်ပြုံးကာ..
နားရှက်စရာစကားတွေကြောင့်
နှုတ်ခမ်းလေးကိုက်ကာ..သူ့ကို
ကြည့်နေပြီး...
"မင်း..လုံးဝ အရှက်မရှိဘူး..နှာဘူး..."
ပြောလည်းပြော..ရှေး ရှက်လွန်ပြီး
ရေချိုးခန်းထဲကို ဝင်လာခဲ့လိုက်သည်။
သူမရေးချိုးခန်းထဲ ဝင်လာပြီး ပွစွ
ပွစိပြောကာ..တံခါးကို လော့ချလိုက်ပြီး
အထဲကို ကြည်လိုက်တော့...မြင်လိုက်ရတဲ့
အရာတွေကြောင့် အံသြကာနေမိသည်။
သူ့အခန်းက အိပ်ခန်းတွေပဲ ကျယ်တာမ
ဟုတ် ရေချိုးခန်းတောင် သူမတို့ရဲ့ အိမ်
တစ်လုံးစာလောင်ရှိလောက်သည်။
ကြီးမာလှပကာ..သန်ရှင်းနေပြီး..
သုံးထားသော ပရိဘောက
များကလည်း ဘယ်လောက်တန်း
ဖိုးကြီးမလည်းဆိုတာ..ကြည့်ယုံနဲ့
သိနိုင်သည်။
ရှေးလှည့်ပတ်ကြည့်ပြီး အဝတ်အစား
တွေချွတ်ပစ်ကာကြီးမားလှသော
ရေချိိုးစလုံကြီးထဲဝင်ကာ..ရေကို
တဝကြီးချိုးနေမိသည်။
တော်ဝင် ရေချိုးခန်းထဲ ရှက်ကာ
ဝင်သွားတဲ့ သူမကြောင့် ပြုံးလိုက်ပြီ
သူ့ရင်ဘက်ကို အသာဖိကာ...သူရဲ့
မူမမှန်တော့တဲ့ ရင်ခုန်သံတွေကို
ငြိမ်သက်အောင်...သက်ပြင်တွေ
ချနေမိတော့သည်။
သူ...အင်္ကျီလဲကာ..သူမကို ထမင်းစား
ခေါ်သွားဖို့...ဆိုထာမှာထိုင်ကာ...အလုပ်
လုပ်နေရင်း စောင့်နေလိုက်သည်။
ခဏကြာတော့ ရေချိုးခန်းတံခါး
ပွင့်လာသံကြားတာကြောင့် သူ
ကြည့်မိလိုက်တော့...မျက်လုံးတွေ
ပြူးကျယ်သွားကာ..ရင်ခုန်သံတွေက
လည်း စီးချက်မမှန်တော့..သူ...လည်းချောင်း
တွေ ခြောက်သလိုဖြစ်လာကာ....မျက်နှာလွဲလိုက်မိတော့သည်။
ရှေး ရေချိုးပြီးတော့ လဲစရာမယူလာ
တာကြောင့် စိတ်ညစ်စွာ..တန်းကြီးပေါ်မှာ
အစီအရီတင်ထားတဲ့ သဘက်အဖြူကြီးကို
ကိုယ်မှာပတ်ကာ...တံခါးလေးဖွင့်ကာ..
ချောင်းကြည့်တော့ ဘယ်သူမှ မတွေ့တာ
ကြောင့် ပြုံးကာ..မို့ယာနားအမြန်ပြေးလိုက်ပြီး သူမရဲ့ အိတ်ထဲက အဝတ်အစားအမြန်
ထုပ်ကာ..အတွင်းခံ အင်္ကျီလည်းရှာနေကာ..
တွေ့တော့မှဆွဲထုတ်လိုက်ပြီးပြုံးကာ..
လှည့်လိုက်ချိန်...ဆိုဖာပေါ်မှာ ငုတ်ထုပ်ထိုင်ကာ..သူမကိုကြည့်နေတဲ့ သူ့ကြောင့် ရှေး
မျက်ဝန်းလေးတွေ ပြူးသွားပြီး...မျက်နှာ
လေးရဲနေကာ...
"မင်း..မင်..ဘာလုပ်နေတာလည်း... "
"ခင်ဗျာကို ထမင်းစားမလို့စောင့်နေတာလေ..."
တော်ဝင် သူမရဲ့ပုံစံလေးကို ကြည့်ပြီး
ရယ်ချင်သော်လည်း မျက်နှာလွဲကာ..
"ခင်ဗျာ..ဘော်လီ ကြော်ငြာနေတာလား.."m
"အို..မင်း..."
ရှေးမျက်နှာလေးရဲကာ..ဘာမှမပြော
ရဲတာမရှိတဲ့ သူ့ကို မျက်စောင်း
လေးထိုးကာ...
"မင်း..မင်း..အခုထွက်သွား..."
"ဟာ..ဘယ်ကိုသွားရမှာလည်း...ခင်ဗျာ
ကိုစောင့်နေတာလေ..ခင်ဗျာ..အဝတ်မလဲ
သေးဘဲနဲ့.. ကျွန်တော်ကို စွဲဆောင်နေတာလား
ရှေး.."
သူ့ရဲ့ အကြည့်စူးစူးတွေနဲ့ သူမကို ရှေးလို့
ခေါ်လိုကိတဲ့ သူ့ကြောင့် ရှေးရင်တွေခုန်
နေကာ...သးမအဖြစ်ကို သူမသတိရပြီး
အနီးမှာမြင်နေရဲ့ အဝတ်လဲခန်းစီး အမြန်ပြေး
ဝင်လာခဲ့သည်။
တော်ဝင်း ကလေးဆန်လွန်းတဲ့ သူမရဲ့
အမူအရာလေးကို ကြည့်ကာ..
နှုတ်ခမ်းမှာတော့ အပြုံးတွေ ဖြစ်
ထွန်းနေမိတော့သည်။
----------------------------------------^^^^^🍎🍎🍎🍎🍎🍎🍎🍎
"အဘွား..."
ဒေါ်နန်းမဟာ...မြစ်လေးနဲ့ ထိုင်နေတုံး
မိန်းကလေးတစ်ယောက်ကို လက်ဆွဲ
ကာ...ဝင်လာတဲ့ မြေးဖြစ်သူကြောင့်
ပြုံးလိုက်ပြီး...
"လာလေ..မြေးလေး..ဝင်လာခဲ့လေ..."
အာ့တော့မှ သူမအနားကို ရောက်လာတဲ့
မြေးနဲ့ ဘေးက မိန်းမချောလေးကို ကြည့်ပြီး...
"မြေး..သူက..."
"မေမေ..ချိ..ချိ.."
ဒေါ်နန်းမဟာ...မြေးလေးရဲ့ ခေါ်သံ
ကြောင့် အံသြသွားကာ..ကြည့်နေတော့
ရှေးအားနာစွာ..သူ့ရဲ့အဘွားကို ပြုံးပြ
ပြီး...
"ဟို..သမီးလေးက...ငယ်သေး
တော့...ရှေးကို အမေထင်ပြီး
ခေါ်နေတာပါ ရှင်..."
ရိုးရိုးလေးဝတ်ထားပြီး ဘာမှ
အပြစ်ဆိုရက်ဖွယ်မရှိသော
သူမလေးကို ဒေါ်နန်းမဟာ
ကြည့်ကာ..ပြုံးလိုက်ကာ..
"ဟုတ်ပါပြီ..မြေးရယ်..အဘွား
အပြစ်မပြောပါဘူး..."
"ပေပေ..ကျစ်..ကျစ်.."
တော်ဝင်သူ့ကို ဖေဖေလို့
ခေါ်ပြီး ချစ်တယ်လို့ပြောတဲ့
တူမလေးကို ကြည့်ကာ..
ပြုံးလိုက်ပြီး...သူမဆီက
ချီယူလိုက်ကာ...
"ဟာ..သမီးက ဖေဖေကို
ချစ်တာပြောတာလား.."
သူမေးတော့ သမီးလေးက
နားလည်းသလို ခေါင်းလေး
ငြိမ့်ကာရယ်ပြတော့ သူတို့ရယ်
လိုက်မိကြသည်။
ဒေါ်နန်းမဟာ...အရှေ့က တကယ့်မိသား
စုလေးလို ဖြစ်နေတဲ့ မြေးတို့ကိုကြည့်ကာ
ပြုံးနေပြီး...ကြည့်နေလိုက်မိသည်။
တော်ဝင်သမီးကို ချီထားရင်း
ပြုံးနေတဲ့ အဘွားကို ကြည့်ကာ..
"အဘွာ..ဒါ...ကျွန်တော်မိန်းမ..
ရှေးဆန်သူတဲ့..."
"ဟယ်..မြစ်လေးနဲ့ နာမည်လေး
တူလိုက်တာ..."
ရှေးပြုံးကာ..ခေါင်းလေးငြိမ့်ပြ
လိုက်ပြီး...
"မမက.. ရှေးနာမည်းလေးကို
အရမ်းသဘောကျတာလေ..
အာ့ဒါကြောင့် တူမလေးကို
ရှေးနာမည်လေးနဲ့ ဆင်အောင်
ဆိုပြီး နန်းဆန်သူ လို့ပေးခဲ့တာပါ..."
စကားပြောတာလေးက အစ
ယာဥ်ကျေးကာ..နားထောင်ကောင်း
သော အသံလေးကြောင့် ဒေါ်နန်း
မဟာ..သဘောကျနေမိကာ...
"မြေးက... အရမ်းလှတာပဲ..."
အဘွားရဲ့ အပြောကြောင့် ရှေး
ရှက်သွားကာ...သူ့ကို ကြည့်မိတော့
လည်းရှေးကို ပြုံးပြုံးကြီး ကြည့်နေတာ
ကြောင့် ရှေးခေါင်းလေးငုံ့ကာ..ပြုံးလိုက်မိသည်။
"မြေးက..ဒီကသမီးလေးကို
လက်ထပ်တယ်ဆိူတော့..
ဒီအတိုင်းတော့.လက်ထပ်လို့
မရဘူးမြေး.."
တော်ဝင် အဘွားစကားကြောင့်
မျက်မှောင်ကြီး ကုတ်သွားကာ..
"ဘာလည်း..အဘွားလည်း..မာမီလိုပဲ
သဘောမတူဘူးပြောအုံးမလို့လား..."
ဒေါ်နန်းမဟာ..မြေးအပြောကြောင့်
ပြုံးလိုက်ကာ..
"အဟင်း..မဟုတ်ပါဘူးကွယ်
မြေးတို့ကို အဘွားသဘောတူ
ပါတယ်...မြေးက မင်းတော်ဝင်စံ
အိမ်ရဲ့ အမွေဆက်ခံသူလေ..တင့်တင့်
တယ်တယ်..မင်္ဂလာပွဲလေးတော့လုပ်
သင့်တာပေါ့..."
တော်ဝင် အဘွားစကားကြောင့် ပြုံးနေ
သလောက်ရှေးမှာတော့ မျက်ဝန်း လေး
တွေ ပြူးကျယ်သွားတော့သည်။
သူမတကယ်ပဲ..ဒီပြောမရဆိုမရတဲ့သူ
ကို လက်ထပ်ရတော့မှာလည်း..ဟင့်အင်း
မဖြစ်နိုင်ဘူး..လက်မထပ်ရသေးတာတောင်
သူမ သူ့ကို အလစ်မပေးရဲတာ..လက်ထပ်ပြီး
ရင်တော့..သူမ မတွေးရဲတော့..ပြီးတော့အဘွားက သဘောတူပင်မဲ့ သူမကို အမြင်မကြည်တဲ့ သူ့အမေက ရှိသေးတယ်..ပြီးတော့
သူတို့ရဲ့ အသိုင်းအဝိုင်းကြီးကလည်း ရှေး
ကို မွန်းကြပ်စေတယ်..ရှေးနဲ့ သူကလည်း
ချစ်သူတွေမှ မဟုတ်တာ..ရှေး ဒီကိစ္စကို
ဘယ်လိုဖြေရှင်းရမလည်း....ရှေးစဥ်းစား
ကာ.....စိတ်ညစ်နေမိသည်။
"ရှေး..ရှေး..ခင်ဗျာကို
အဘွားမေးနေတယ်
ဘာတွေစဥ်းစားနေတာလည်း.."
ရှေးသူ့ခေါ်သံကြားမှ သတိရလာကာ..
အားနာစွာပြုံးလိုက်ပြီး....
"ဟို...အဘွားရှေးကို ဘာပြောတာလည်းဟင်..."
ဒေါ်နန်းမဟာ..ပြုံးလိုက်ကာ..
"သမီး..အသက်ဘယ်လောက်ရှိပြီလည်းလို့
မေးတာ..."
"ဟုတ်..ရှေးအသက် ၂8 ပါ...အဘွား.."
"အော်မြေးထက် ၃နှစ်ကြီးတာပဲ..."
တော်ဝင် သူမကို အသက်အာ့လောက်
ရှိလိမ့်မယ်ဘို့မထင်ထား သူ့ထက်ကြီး
ရင် တစ်နှစ်လောက်ပဲ ထင်ထားတာ..
အခုသူမှပြောမှ သူ့မှာယုံရတာ..သူမရဲနု
ဖက်နေပြီး လှပတဲ့ ပုံလေးကြောင့် နုနေတာ
တော့အမှန်ပါ။
"ဟုတ်ကဲ့..အဘွား..."
"ကဲကဲ...အဘွားမြေးနှစ်ယောက်ဘာမှ
မစိုးရိမ်နဲ့..အဘွား...ကိုယ်တိုင် လက်ထပ်ပေးမှာ..."
တော်ဝင်ပြုံးပြီး သူမကို ကြည့်လာတော့
ရအေမြင်ကပ်စွာ..မျက်စောင်းလေးထိုးကာ..
မျက်နှာလေးလွဲလိုက်မိသည်။
"နှာဘူး...အကျင့်မကောင်းတဲ့ နှာဘူး.."
----------------------------------------------^^^^🍓🍓🍓🍓🍓🍓
"လာလာ...သမီးမြတိ...အန်တီက
မျှော်နေတာ..."
ဒေါ်နန်းတော်ဝင် မြတ်ကို ပြုံ
ရွှင်စွာစီးကြိုပြီး သူမရဲ့
လက်ကလေးကို ကိုင်ကာ..
"အေးမာရေ..ဒီမှာ သမီးမြတ်ရဲ့..
အဝတ်အိတ်ကို အပေါ်ထပ် အခန်းမှာ
သွားထားပေးနော်.."
အေးမာ..ပြေးလာပြီး...
"ဟုတ်ကဲ့ပါ..သခင်မကြီး..."
ဒေါ်နန်းတော်ဝင် သူမရဲ့
မတော်ရသေးတဲ့ ချွေးမလေး
ကိူ ကြည့်ကာ..
"သမီးမြတ်ကတော့..ဘယ်အချိန်
ကြည့်ကြည့်လှနေတာပဲ..."
"အဟွန်း..အာ့လောက်လည်း
မဟုတ်ပါဘူးအန်တီ..အန်တီကသာ
အရွယ်တင်ပြီးတော်ကိုလှနေတာ.."
ဒေါ်နန်းတော်ဝင်သဘောကျသလို
ပြုံးလိုက်ပြီး...
"အဟင်း..ဟုတ်ပါပြီ...လာလာ..သမီး
ခဏနေ ထမင်းစားကြတော့မှာ....ပြီး
တော့..ဟိုမိန်းကလေးလည်းရှိမှာ.."
မြတ် မျက်နှာလေးမဲ့လိုက်ကာ...
"ဟုတ်ကဲ့...အန်တီမြတ်..အာ့မိန်းမက
မြတ်ထက်ဘယ်နားက သာနေလို့လည်း
စောင့်ကြည့်နေ အန်တီ..မြတ်အာ့မိန်းမကို
ပညာပေးပြမယ်..."
ဒေါ်နန်းတော်ဝင် ပြုံးသွားကာ..
"အဟင်း..စိတ်ချ..အန်တီကလည်း
ဘေးကနေ ထိုင်ကြည့်နေမှာ..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း