book

Index 5

အပိုင်း (5)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"သမီးကတော့..ဒီနေ့ သားတော်ဝင်

ပြန်ရောက်မယ်ဆိုလို့..တက်ကြွနေတာ

မမနန်းရေ..."


လင်းအပြောကို ဒေါ်နန်းတော်ဝင် သဘော

ကျသွားလိုပြုံးလိုက်ပြီး..


"သမီးလေးက သားအပေါ်တော်တော်

သံယောဇဉ်ရှိရှာတာပဲ...အဟွန်း..."


မြတ်မျက်နှာလေးရဲ့ ကာ..

အန်တီးနန်းကို ကြည့်လိုက်ပြီး...


"မြတ်က ငယ်ငယ်ထဲက

ကိုကို ကိုသံယောဇဥ်ရှိတာပါနော်..

အန်တီး..."


"အဟင်း..ဟုတ်ပါပြီကွယ်..."


ဝေါ...တီ..တီ.....


ဒေါ်နန်းတော်ဝင် တို့စကားပြော

နေကြတုံး....ကားဝင်လာတဲ့

အသံကြားတာကြောင့် မျက်နှာ

ဝင်းပသွားပြီး...


"ဟော့...သားပြန်လာပြီထင်တယ်...

ဒီမှာခဏနေကြအုံးသလင်းတို့...

သားကိုသွားကြိုလိုက်အုံးမယ်နော်..."


ရှေး..သမီးလေးကို ချီထားရင်း

ကြီးမားပြီးခန်းနားထည်ဝါနေတဲ့

အိမ်ကြီးကိုရောက်တော့ မျက်လုံးဝိုင်း

ကာ..ဘေးက သူ့ကိုကြည့်လိုကိပြီး..


"ဒါ..ဒါ..မင်းအိမ်လား..."


တအံတသြမေးနေသော 

သူမကြောင့် တော်ဝင်ခေါင်း

ငြိမ့်ပြကာ...


"ဟုတ်တယ်..ပေးသမီးကို..ခင်ဗျား

လည်းဆင်း..."


သူရှေးလက်ထဲက သမီးလေးကို

ပွေ့ချီသွားပြီး....ကားတံခါးဖွင့်ကာ

ဆင်းသွားတော့..ရှေးလည်းအမြန်

ဖွင့်ကာ..ဆင်းလိုက်ကာ..သးရှေးအနား

ကိုရောက်လာပြီး..လက်ကလေးကို

အသာလှမ်းကိုင်လိုက်တော့..ရှေးလန့်

သွားကာ..


"အို..မင်းဘာလုပ်တာလည်း..."


သူ သူမကို ခပ်တည်တည်ကြည့်ပြီး..

ခပ်ထေထေပြုံးကာ...


"လက်ကိုင်တာလေ..ခင်ဗျား..

အိမ်ထဲရောက်ရင်..ကျွန်တော်

စကားအတိုင်းနေပေး...ခင်ဗျား

သမီးလေးကို မခွဲခြင်ဘူးဆိုရင်..."


သူ​ပြောလည်းပြော သူမလက်ကလေးကို

ဆွဲကာ...ခေါ်သွားတော့..ရှေးဘာမှ ပြန်မပြော

နိုင်ဘဲ..သူဆွဲခေါ်ရာနောက်ကို ပါလာခဲ့သည်။


"သား..ပြန်လာ..ဟင်...."


ဒေါ်နန်းတော်ဝင် ဝမ်းသာအားရ

ထွက်လာပြီး စကားတောင်မဆုံးနိုင်..

မြင်လိုက်သော မြင်ကွင်း​ကြောင့်

မျက်နှာပျက်သွားကာ.တအံတသြ..


"သား..သူ..သူကဘယ်သူလည်း..''


မေမေတအံတသြမေးနေတော့...

သူ ဘာမှ နားမလည်စွာရပ်နေသော

သူမကို ခေါင်းငဲ့ကြည်လိုက်ကာ..

ပြုံးလိုက်ပြီး...


"ကျွန်တော့်..မိန်းမ ပါ..မာမီ..."


"ဘာ.."


"အို..ရှင်..."


"ဟုတ်တယ်...မာမီ..သားတို့လက်ထပ်ပြီး

သွားပြီး..ဒါ...မမယောကျာ်းရဲ့ အမပါ..''


ရှေးမှာ အထိန့်တလန့်မော့ ကြည့်ပြီး

အံသြနေသလောက်..သူကတော့ 

လက်တစ်ဖက်က သမီးကို ချီပြီး

ကျန်လက်တစ်ဖက်က ရှေးလက်ကလေး

ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတာ..

ဘယ်သူ့ကိုမှလဂရုမစိုက်သလိုပင်။


ဒေါ်နန်းတော်ဝင် အံသြလွန်းလို့ ဘာမှ ပြန်

မပြောနိုင်စွာကြည့်နေပြီး..မျက်နှာလေး

မာသွားကား...


"သားငယ်..မာမီကို မနောက်ပါနဲ့..

ဘယ်ကမိန်းကလေးကို ခေါ်လာ

တာလည်း..သွားပြန်ပို့လိုက်သွား...

ပြီးတော့..ဒီခေတ်မိန်းကလေးတွေက

ရုပ်လေးချောသလောက် စိတ်ဓာတ်တွေ

ကမကောင်ဘူး..."


ရှေး သူ့ရဲအမေအပြောကြောင့် မာနက ​

ခေါင်းထောင်လာကာ...


"ဒီမှာအန်တီ..ကျွန်မကလည်း

လိုက်ချင်လွန်းလို့..ဒီကို လိုက်လာ

တာမဟုတ်ဘူး..ကျွန်မတူမလေးကို

ပြန်ခေါ်ပြီး ကျွန်မပြန်မှာပါ...ကျွန်မက

အန်တီပြောတဲ့ မိန်းမ မဟုတ်ဘူး..."


"အဟွန်း..မင်းအခုလို လွယ်လို့..ငါ့သား

အနောက် လိုက်လာတာပေါ့..ပြီးတော့..

ငါ့သားရဲ့ အောင်မြင်ကျော်ကြားမှုတွေကို

မက်လို့...ညည်းအရှက်မရှိ လိုက်လာတာလေ..ပြီးတော့ ငါ့သားမှာ..လက်ထပ်မဲ့သူ

ရှိပြီးသား..."


ဒေါ်နန်းတော်ဝင် မဲ့ကာပြောနေပြီး

ရှေးမှာတော့..ဘဝမှာအခုလို တစ်ခါ

မှ အပြောမခံဘူးတော့ အသားတွေ

တုန်လာကာ..မျက်ရည်တွေ ဝဲ

လာပြီး..သူ့အမေဆိုတဲ့ အမျိုးသမီး

ကိူ ကြည့်လိုက်ကာ..


"ကျွန်မကလည်း.အန်တီသားကို 

လိုချင်တယ်လို့ပြောနေလို့လား.."


သူမပြောပြီး ကလေးချီထားတဲ့

သူ့ကိုမော့ကြည့်ကာ...


"ဒီမှာ..ရှင်..ကိစ္စ အခုရှင်း..

ရှင့်အမေ ပြောတာတွေကြား

လားတော်ဝင်..ကျွန်မ..အခုပြန်

မယ်..နောက်လေးငါးလကြာရင်..

ကျွန်မ..သမီးကိုလာပြန်ခေါ်မယ်.."


ရှေးမျက်ရည်လေးသုတ်ကာပြော

ပြီး လှည့်ထွက်မယ်ကြံတော့..လက်ကို

ခပ်တင်းတင်းဆုပ်ကိုင်လိုက်တဲ့ သူ့ကြောင့်

သူမ...ခပ်စူးစူးပြန်ကြည့်လိုက်တော့..


တော်ဝင် စိတ်ရူပ်သလိုမျိုး မာမီကိုကြည့်ပြီး..


"မာမီကလည်းဗျာ...ပြေချင်တာတွေ

စွပ်ပြောနေတာပဲ..ကျွန်တော်လက်ထပ်

ပြီးလို့..အိမ်ခေါ်လာပြီပဲ..ကျွန်တော်

ကို စိတ်ရူပ်အောင်မလုပ်ပါနဲ့..."


ဒေါ်နန်းတော်ဝင်..သားကို မယုံနိုင်သလို

မျိုး​ကြည့်ကာ...


"သား..မင်း..မင်း..မာမိကို

မိန်းမတစ်ယောက်အတွကိနဲ့

အော်တယ်..ဟုတ်လား...မင်း

မဘက်ပါပြီး မိုက်နေပြီလားဟမ်..."


"ကျစ်..မာမိ ဘာလို့... ကျွန်တော်

အရင်ထဲက ပြောပြီးသားပဲ...

ကျွန်တော့်ဘဝ ကျွန်တော်ခြယ်လှယ်

မယ်လို....မာမီတို့ဘေးက ကြည့်နေပေးပါ..."


"ဘာ..ဒါဆို..သမီးမြတ်ကရော.."


"အာ့ဒါ..မေမေတို့ဘာသာ..စီစဥ်တာလေ..

ကိုယ့်ကိစ္စကိုယ်ရှင်းပေါ့..ကျွန်တော့်မှာ

အခုမိန်းမရှိနေပြီ..နောကိဆို.

သားတွေသမီးတွေတောင်ရလာတော့မှာ.."


"အို..မင်းဘာတွေပြောနေတာလည်း

မင်းတော်ဝင်..ငါက..ဘာလို..မင်းမိန်း

မဖြစ်ရမှာလား..မင်..မင်း..ရူးသွားပြီလား..."


တော်ဝင် ထိန့်လန့်နေသော သူမလေး

ကို ကြည့်လိုက်ပြီး...သမီလေးကို

ချိကာ...


"ကျွန်တော်မရူးဘူး..ခင်ဗျာပဲ..ကိုယ်ယောကျာ်း

ကို ပစ်သွားမလို့လုပ်နေတာ..ခင်ဗျားက

ကျွန်​တော့်မိန်းမ...အခုကစပြီး..ကျုပ်ခွင့်ပြချက်မရဘဲ...ဘယ်မှ မသွားရဘူး..."


ရှေး...တအံတသြလေး သူ့ကိုကြည့်ကာ

ခေါင်းလေးချကာပြကာ..


"ဟင့်အင်း..ဘာကိစ္စ ရှေးက 

မင်းမိန်းမဖြစ်ရမှာလည်း..ငါ

ဘယ်သူနဲ့မှ လက်မထပ်ရသေးဘူး..."


တော်ဝင် သူမရဲ့ ပုံလေးကိုကြည့်ပြီး

သနားပင်မဲ့လည်းမတက်နိုင်။သူအခြား

မိန်းမကို လက်မထပ်နိုင်ပါ။ဒါဆို...ရှေးဆန်သူဆိုတဲ့ မိိန်းကလေးကိုရော..သူမချစ်လား..မချစ်လားမသေချာပင်မဲ့ သူမကို စတွေ့ထည်းက သူပိုင်ဆိုင်ချငိခဲ့တာပါ။


တော်ဝင်ပြုံးလိုက်ပြီး...

သူမကို စိုက်ကြည့်ကာ...


"သေချာရဲ့လား...ပြန်စဥ်းစား

အုံး...ခင်ဗျာ...သေချာလားဆိုတာ.."


ရှေး သူ့ကို ခပ်စပ်စပ်လေးပြန်

ကြည့်ကာ..


"သေချာ..ဟင်.."


ရှေးတစ်ခုခုကို စဥ်းစားသလို

ဖြစ်ပြီးမဲ့..မျက်နှာလေးပျက်သွားကာ..

ထိန့်လန့်သွားပြီး...


"မင်း..မင်း..."


မယုံနိုင်သလိုကြည့်နေသော

သူမကို သူခေါင်းငြိမ့်ပြလိုက်ပြီး...


"အဟွန်း...ဟုတ်တယ်..အာ့ညက

လကအထပ်စာချုပ်ပဲ..."


ရှေး သူ့သူ့စကားကြောင့်

အနောက်ကို ယိုင်မလိုဖြစ်

သွားပြီး....သူ့တအံတသြ

ကြည့်နေကာ...


"မင်း..မင်း..လုပ်ရက်လိုက်တာ.."


ဒေါ်နန်းတော်ဝင် သားနဲ သူ့ဇနီးလို့

ပြောတဲ့ မိန်းကလေးကို ကြည့်ပြီး

နားမလည်နိုင်သလိုဖြစ်နေကာ...

သူ ဒီမိန်းကလေးနဲ့..ဘာပဲဖြစ်ဖြစ်

သဘောမတူနိုင်ပါ။သူ့ရဲ့ချွေးမသား

ရဲ့ ဇနီးက သမီးလေးမြတ်ပဲ ဖြစ်ရမယ်..

သူမ မျက်နှာကို တင်းလိုက်ပြီး....


"သား..မာမီကတော့..သဘောမတူဘူးနော်.."


"မာမီ..သဘောမတူလို့မရဘူး..မာမီ..

အခုလောက်ဆို...သူ့ဗိုက်ထဲမှာ သား

ရင်သွေးလေးတောငိ ရှိနေလောက်ပြီး..."


"အို..မင်း.."


ရှေးမှာ သူ့စကားတွေကြောင့်

မျက်နှာလေးမှာ ရဲချိတ်လာပြီး

သူ့ကို ဒေါသတကြီး ကြည့်နေ

သလောက်..သူကတော့ အေးဆေး

စွာ သမီးကို ချီထားပြီး..ဘယ်သူကို

မှ ဂရုမစိုက်သလိုပင်။


ရှေးသူ့ကိုကြည့်ကာ..အသည်းတွေ

ယားလာမိတော့သည်။


"သား..မရဘူး..ပိုက်ဆံပေးလိုက်.."


"ကျစ်..မာမီရာ..လူကြီးလူကောင်း

ဆန်ဆန်ပြောပါဗျာ..သားမာမိသဘော

မတူဘူးဆိုလည်း..သားတို့ ဒီမှာမနေဘူး

သားအိမ်မှာပြန်နေမယ်.."


"ကိုကို..ဘာတွေပြောနေတာလည်း.."


အနောက်ကနေ အသံစူးစူးလေး

နဲ့ အော်လိုက်တဲ့ မြတ်​ကြောင့် ရှေး

ရောသူပါ..မျက်လုံးတွေ ရောက်သွားပြီး...


"ကျစ်..."


တော်ဝင် စိတ်ရုပ်သလို ကျစ်သတ်

လိုက်ပြီူ...


"လာပြန်ပြီ..နောက်တစ်ယောကိ..''


သူခပ်တိုးတိုးပြောပြီး...အော်သံကြောင့်

လန့်သွားတဲ့ သမီးလေးကိုပြန်ကြည့်ပြီး...


"ဒီမှာ..မင်းတိုးတိုးအော်...ငါ့သမီး

လန့်သွားပြီး...."


မြတ်သူမ မျက်ရည်တွေနဲ့ စူးစူး

ဝါးဝါးကြည့်နေသလောက်...

ချီထားသော ကလေးဖြစ်သူကို

စိုရိမ်စွာပြောနေသော ကိုကိုကြောင့်

နှုတ်ခမ်းလေးကို ဖိကိုက်ကာ...

ကိုကို..နဲ့ လက်ကိုင်ထားသော

မိန်းကလေးကို ကြည့်ပြီး..


"သူက..ဘာ်သူလည်းကိုကို..."


တော်ဝင်...စိတ်ရူပ်သလို 

မျက်ခုံးကြီးပင့်လိုက်ပြီး...


"မင်းမကြားဘူးလား...ဒါငါ့မိန်းမ.."


မယုံနိုငိသလို မြတ်ကိုကိုကြည့်လိုက်ပြီး...


"အာ့ဒါဆို...မြတ်ကရော..ဘာလည်း...

မြတ်က...ကိုကို.."


"ကျစ်..ဒီမှာ..မင်းတို့ဘာသာ..

သဘောအတိုင်းလျှောက်လုပ်နေ

ပြီး..ငါ့ကို စကားအပိုတွေလာမပြော

နဲ့...ငါကအခု မိန်းမနဲ့..ရှင်းပြီလား..."


"သား...မင်းသမီးကို ဘယ်လိုပြော

လိုက်တာလည်း..."


"ကျစ်..မေမေ..ကျွန်တောတို့..ခရီးပင်

ပန်းလာတယ်.."


သူပြောပြီး..အလုပ်သမားတွေကို

ကြည့်ကာ...


"ကားနောက်ခန်းက အထုပ်တွေ

အခန်းထဲ ပို့ပေး..."


"ဟုတ်ကဲ့.ပါ..အကိုလေး..."


"လာ..ခင်ဗျာ..အခန်းထဲသွားမယ်...."


"အို..မင်း.လွတ်..."


သူ ဘယ်သူ့ကို မှ ဂရုမစိုက်စွာ..

လက်တစ်ဖက်က သမီးကို ချီကာ..

လက်တစ်ဖက်က သူမကို ဆွဲခေါ်

ပြီး သူ့အခန်းရှိရာကို တက်လာလိုက်

သည်။


"မမနန်း..ဘယ်လိုလုပ်မှာလည်း...

လင်းတို့က အကုန်တောင်ပြောပြီး

နေပြီ..မင်္ဂလာ ကိစ္စကို...အခုတော့

ရှက်စရာတွေ ဖြစ်ကုန်ပြီ...လင်းသမီး

လေးလည်း..ပတ်ဝန်းကျင် မှာမရှက်

ကွဲရတော့မယ်.."


"အန်တီးနန်း..သမီးကတော့.ကိုကို

ကိုယ်လုံးဝ လက်မလွတ်န်ိုင်ဘူးနော်..''


ဒေါ်သလင်းပြောတော့..ဒေါ်နန်း

တော်ဝင်..မျက်နှာလေးငယ်စွာ..


"လင်းရယ်..မမနန်းတောင်းပန်ပါတယ်..

ပြီးတော့သမီးမြတ်လေးကိုလည်းပဲ..

သားမိန်းမက နန်းတို့ရဲ့...သဘောတူညီမှု

မရှိဘဲယူထားတဲ့ မိန်းမ..နန်းမကြည်ဖြူဘဲ....

ဒီအိမ်က တရားဝင်ချွေးမ ဘယ်တော့မှမဖြစ်ဘူး..."


ဒေါ်သလင်း...မျက်နှာဝင်းပသွားကာ...


"ဒါဆို.. မမနန်းပြောတာက..."


"ဟုတ်တယ်..သမီးမြတ်ဘက်မှာ

အန်တီးနန်းရှိတယ်..သမီးမြတ်က

အန်တီနန်းရဲ့...တစ်ဦးတည်းသော

ချွေးမပဲ.."


မြတ်နဲ့ ဒေါ်သလင်း မျက်နှာမှာ

ဝင်းပသွားကာ...


"ကျေးဇူးပါပဲ..အန်တီး...မြတ်

အာ့ဒါ​ကြောင့် အန်တီကို ချစ်တာ

သိလား.."


ပြောလည်းပြော မြတ် ဒေါ်နန်းတော်ဝင်

ကို ဖက်ထားလိုက်တော့..ဒေါ်နန်းတော်

ဝင် ချွေးမလောင်း လေးကို ပြန်ဖက်ထား

ပြီး....


"နောက်ရက်သမီး..ဒီအိမ်ကို 

ပြောင်းလာခဲ့.."


အန်တီနန်းရဲ့ နောက်ဆက်တွဲ စကား

ကြောင့် မျက်နှာလေးမှာ ဝင်းပသွားပြီး...

မဲ့ပြုံးပြုံးကာ..


ရှင်..ကျွန်မနဲ့..လာမပြိုင်နဲ့..လမ်းဘေးက

မိန်းမ...


------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


ရှေး သူဆွဲခေါ်လာပြီး အခန်းထဲရောက်

ထည်းက ငိုနေတာ..အခုချိန်ထိ မတိတ်သေး

သူကတော့..သမီးကို ချီကာ...အခန်းအပြင်

ပြန်ထွက်သွားတာ..အခုထိ ပြန်မလာသေး။


"ဂျောက်..ဂလောက်..."


ရှေးတွေးနေရုံပဲရှိသေး....သူတစ်ယောက်ထဲ

အခန်းထဲ ကို ပြန်ဝင်လာကာ...သူ့မအရှေ့ကို

အေးဆေးစွာ ​လျှောက်လာပြီး....


" မရှေး..ခင်ဗျား..မျက်ရည်တွေ..

အရမ်းပေါနေတာပဲ...အဟွန့်း.."


သူခနဲ့ သလိုပြောတော့..ရှေး

သူ့ကို ခပ်စူးစူးကြည့်လိုက်ပြီး...


"ငါ့မျက်လုံးနဲ့ ငါနေတာ..မင်းအပူ

မပါဘူး.."


"ဟ....မပါလို့ရမလား...

ခင်ဗျားက.ကျွန်တော့မိန်းမ..."


ရှေး သူ့စကားကြောင့် သူ့ကို

ခပ်စိမ်းစိမ်းကြည့်လိုက်ကာ....


"မင်း..မင်..အရမ်းယုတ်မာတာပဲ..

မင်းအခုလို ငါ့လက်မှတ်ကို ယူတာ

တရားမဝင်တာပဲ..မင်းကိုငါရဲတိုင်လို့

ရတယ်..."


သူ သူမလေးရဲ့ ကလေးဆန်တဲ့

အပြောကြောင့် ပြုံးလိုက်ပြီး...


"အဟက်..တိုင်လေ..တစ်ခါလောက်

ရဲစခန်းရောက်ဖူးချင်လို့.."


ရှေးသူ့ကို စိတ်ကုန်စွာ​ကြည့်လိုက်ပြီ

တစ်ဖက်ကိုလှည့်ကာ..မျက်ရည်တွေ

စီးကျနေတော့သည်။


ရှေးဘဝက မရင်းနှီးတဲ့ ယောကျာ်း

နဲ့ တကယ်ကြီးပဲ...လက်ထပ်လိုက်

တာလား..ရှေးအခုအဖြစ်အပျက်ကြီး

လို လုံးဝ လက်မခံနိုင်။


သူ့ကို ရန်တွေ့ဖို့အလည့်...


"အမေ​...အို..."


ဘာ်အချိန်ကရှေးအနားမှာလာထိုင်

လိုက်လည်းမသိ...ရှေးလှည့်လိုက်တဲ့

အချိန်..သူ့မျက်နှာနဲ့ ရှေးရဲ့ မျက်နှာ

လေးနီးကပ်သွားတော့..ရှေးလန့်ပြီး..

ကုတင်အစွန်းက ပြတ်ကျမလို ဖြစ်သွား

တာကြောင့် သူအမြန်လှမ်းဖမ်းလိုက်တော့..

သူနဲ့ ရှေး..အိပ်ယာပေါ်..ပစ်ကျသွားကာ..

ရှေးသူ့ရင်ခွင်အောက်ရောက်နေပြီး..

မျက်နှာလေးမှာရဲချိတ်နေကာ...သူမကို

စီးမိုးကာ..ကြည့်နေတဲ့ သူ့ကြောင့် သူမ...

မျက်နှာလေးလွဲ ပြီး...သူ့ရင်ဘက်ကို 

လက်ကလေးနဲ့ အသာတွန်းကာ..


"မင်း..မင်း..ဖယ်..."


တော်ဝင်....သွားလေးတွေပေါ်အောင်

ရယ်လိုက်ပြီး...သူမကို ကြည့်ကာ...

ဖယ်ပေးလိုက်ပြီး...


"အာ့လောကိလည်း ဖြစ်မနေနဲ့..ကျွန်တော်

ခင်ဗျာကို စိတ်မဝင်စားဘူး.."


"ဘာ..."


ရှေး..အမြန်ထထိုင်ပြီး..အော်လိုက်တော့

တော်ဝင်နာအူသွားသလိုလေး နားကို လက်

လေးနဲ့ ထည့်ကာ...


"ခင်ဗျာ..အသံတော်တော်ဆူးတာပဲ..

လူကောင်ကသေးသလောက်...အဟက်

ဘာလည်း..ကျွန်တော်..စိတ်မဝင်စားဘူး

ဆိုလို့..စိတ်ဆိုးသွားတာလား..ကျွန်တော်က

ကျွန်တော်ထက် အသက်ကြီးရင်..စိတ်

မဝင်စားဘူးဗျ...ရေချိုးအူံးမယ်..ပြီးရင်

ခင်ဗျားလည်းချိုးတော့..ကျွန်တော်နဲ့.

အတူချိုးချင်လည်း ရတယ်နော်..."


ရှေး..နှုတ်ခမ်းလေးဖိ ကိုက်ပြီး..

သူ့ကိူ ခေါင်းအုံးနဲ့ ပစ်လိုက်တော့

သူ အသာဖမ်းယူလိုက်ပြီး လူယုတ်

မာပြူံးပြူံးကာ..အနားကိူ လျှောက်

လာတော့.ရှေး ပြူးပြူးပြာပြာလေး

ဖြစ်သွားပြီး...


"မင်း...မင်း..ရေသွားချိုးမလို့ဆို..."


"အဟက်..ချိုးမှာပါ..ခေါင်းအုံး

ပြန်တင်ပေးတါ..ပြီးတော့..

ခင်ဗျား..ကျွန်တော့်ကို.. စိတ်မခေါ်နဲ့နော်...''


သူ ရေချိုးခန်းထဲ ဝင်သွားတော့မှ

ရှေးရဲရဲ အသက်ရူရဲကာ...


တော်သေးတယ်ရှေး သူ့လို

ကျားကို ပုတ်မနိုးလိုက်မိတာ


ရှေးသူ့ကို လန့်ကာ..ကြကိသီးလေး

တွေတောင် ထနေမိတော့သည်။


ရှေးသူမရဲ့..ရှေ့လျှောက် သူနဲ့ ဆက်ရမဲ့

ခရီကို တွေးကာ...သက်ပြင်းလေးသာ

ချလိုက်မိတော့သည်။


------------------------------------------^^^^🍓🍓🍓🍓🍓🍓🍓


ဒေါ်နန်းတော်ဝင်...အခန်းထဲက 

ကုလားထိုင်ကြီပေါ်တွင် ထိုင်နေတော့..

အခန်းထဲကို အလုပ်သမားကောင်

မလေး.ကလေးလေးချီပြီး ဝင်လာတာတွေ့

တော့..သူကျောမတ်သွားကာ...


"ဟဲ့..ဒီကလေးက..."


"ဒါ...မမလေးတော်ဝင်မဟာရဲ့

ကလေးပါ..မယ်မယ်ကြီးရဲ့

မြစ်လေးပါ..."


"ဟင်..."


ဒေါ်နန်းမဟာ...မြေးမင်းတော်ဝင်နဲ့

ရုပ်ချင်းဆင်တဲ့ မြစ်လေးကို

ကြည့်ပြီး မျက်ရည်တွေ ကျလာကာ..

ကလေးချီထားသော မိန်းကလေးကို

အနားကို လက်ယပ်ခေါ်လိုက်တော့

ထိုမိန်းကလေးက ချစ်စရာကောင်း

တဲ့ ကလေးလေးကို သူ့အနား

ချပေးလါတော့ သူ မြစ်လေးကို

ကြည့်ကြာပြူံးလိုက်ပြီး...


"အဘွား..တောင်းပန်ပါတယ်

မြေးလေးရယ်..."


သူပြောပြီး မျက်ရည်တွေ နဲ့

ကြည့်နေချိန်..မြေးလေးက

နားလည်သယောငိ သူ့ကို

မျက်ဝန်းဝိုင်းလေးတွေနဲ့

ကြည့်ကာ..လက်သေးသေး

လေးနဲ့ သူမလက်ကို ကိုင်ပြီး

မျက်နှာလေးမဲ့ပြီး..


"ငို..နဲ့...ငို...နဲ့.."


ဒေါ်နန်းမဟာ မြေးရဲ့ 

စကားတက်တဲ့ ပုံစံ

လေးကိုကြည့်ပြီး လက်သေးသေးလေးကို

ကိုင်ပြီးပြုံးကာ..ရင်ထဲမှာတော​့

နောက်တတွေ တပွေ့တပိုက်ကြီးနဲ့ပေါ့...


ဆက်ရန်...

စာရေးသူ -  လွမ်းခြင်း


rate now: