book

Index 4

အပိုင်း(4)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"ရော့..."


ရှေးသမီးလေးအတွက်

အဝတ်အစားထည့်နေတုံး

သူ ကမ်းပေး လာသော

စာရွက်ကိုကြည့်ပြီး..မေးတော​့.


"ခင်ဗျာ..အတွက်လေ...တော်ကြာ

ကျွန်တော်ကို..ခင်ဗျာ..မယုံမှာဆိုး

လို့...."


သူ​ပြောတော့ရှေး မျက်စောင်းလေး

ထိုးလိုက်ကာ...


"ရပါတယ်..မလိုပါဘူး..."


"ဟာဗျာ..မရဘူး..လိုလိုမလိုလို...

ထိုး..ကျုပ်က သေချာတာပဲကြိုက်တယ်..."


ရှေးသူ့ရဲ့ ပြူပြူပြာပြာ

အပြောကြောင့် မျက်ဝန်းလေး

ပြူးကာ...စာဖတ် မလိုအဘဲရှိသေး

လက်မှတ်လေးအမြန်ထိုးပေးပြီး..

သူပြန်ဆွဲ ယူသွားတော့...သူမ

နှုတ်ခမ်းလေးကိုက်ကာ...


"ဒီမှာ..မင်းတော်ဝင်...ငါဖတ်ကြည့်

အုံးမယ်ပေး...''


တော်ဝင် သူမလက်မှတ်ထိုးထား

တာလေးကိုကြည့်ပြီး သဘောကျ

ပြုံးလိုက်ကာ..သူမလေးကိုပြန်ကြည်ပြီး..


"ခင်ဗျာ..ကျွန်တော်ကို..ယုံလိုက်...

ခင်ဗျာကို မဟုတ်တာ မထိုးခိုင်း

ဘူး...ဒါသမီးလေးက..ခင်ဗျာအပိုင်ဆို

တာထိုးခိုင်းတာ..."


သူပြောတာကြောင့် သူမငြိမ်သွားပြီး

သမီးအဝတ်တွေဆက်ခေါက်နေတော့

သူမျက်မှောင် ကုတ်ကာ..ခါးကြီး

ထောက်ကြည့်လိုက်ပြီး...


"အာ့ဒါက..ဘာလုပ်ဖို့လည်း..."


ကလေးအဝတ်အစားတွေကို

မေးငေါ့ပြီး...မေးတော့..ရှေး

သူ့ကို မျက်ဝန်းလေးလန်ကြည့်ကာ..

မျက်တောင်ရှည်ကြီးတွေ တဖြတ်ဖြတ်ခက်လိုက်ပြီး...


"သမီးအတွက် အဝတ်တွေလေ.."


"သိတယ်လေ..ဘာလုပ်ဖို့လည်းမေးတာ.."


ရှေးသူရဲ့ စကားကြောင့် မျက်စောင်း

ထိုးကာ...


"ဘာလုပ်ရမှာလည်း...သမီးအဝတ်အစားတွေ သမီးဝတ်ဖို့ယူသွားဖို့လေ..."


"အလေးခံပြီး သယ်မနေနဲ့..ဟိုမှာ..သမီး

အတွက် အဝတ်အစားတွေဝယ်ထားတာ

တစ်ခန်းလုံးပြည့်နေတာပဲ...လောလောဆယ်

ဝတ်ဖို့ပဲ..ထုပ်ထား..."


ရှေးမဲ့လိုက်ပြီး...


"မင်းတို့ ချမ်းသာမှန်းသိပါတယ်..

ကပ်ကြွားမနေနဲ့..."


တော်ဝင် မဲ့ကာ..သူ့ကိုပြောနေသော

သူမကြောင့် ပြုံးကာ...


"ကျွန်းတော်..ကပ်ကြွားနေတာ

မဟုတ်ဘူး..အရှိတိုင်းပြောနေတာ..

ကပ်တာကြွားရင်..ခင်ဗျာ..နားက

ခွာလို့ရမှာမဟုတ်တော့ဘူး.."


"အို...မင်း..မင်..ဘာစကားတွေ

ပြောနေတာလည်း..."


ရှေး သူ့ရဲ့ ဒုတ်ထိုးအိုးပေါက်အပြော

ကြောင့် ရှက်သွားကာ..သူ့ကိုဒေါ

သလေးထွက်ကာ..အော်လိုက်တာ့..


"အဟက်...ခင်ဗျာ ပြောလို့...

ကျွန်တော်ပြောပြတာပါ..ပြီးတော့

ညနေက ခင်ဗျာ..ဆေးရုံကို..ကျွန်တော်

သွားပြီးပြီ..."


"ဟင်...."


ရှေး သူ့အပြော​ကြောင့် မျက်ဝန်းလေး

ပြူးပြီး ထိပ်လန့်စွာမေးတော့..သူမ

ပုံစံလေးကိုပြန်ကြည့်ကာ..


"ဘာလည်းး..ဘာဖြစ်တာလည်း

အာ့လောက်လည်းလနိ့မနေနဲ့..

ဆေးရုံအုပ်နဲ့တွေ့ပြီး ခင်​ဗျာ.

ငါးလ လောက်အနားယူဖို့

ပြောခဲ့ယုံပဲ...."


ရှေးပါးစပ်လေးမဖွင့်နိုင်စွာအံသြ

နေပြီး...သူ့ကိုပြူးကြောင်ကြောင်

လေးကြည့်နေမိသည်။


သူမတို့ဆေးရုံအုပ်ကြီးက..အရမ်း

အပေါက်ဆိုးတာ...ခွင့်ရက်ကလည်း

တော်ယုံဆို ရတာမဟုတ်..သူဘယ်လို

များပြောခဲ့တာပါလိမ့်..ပြီးတော့ ခွင့်ရက်က

လည်း ငါးလကြီးတောင်ဆိုတော့...


တော်ဝင် တအံတသြလေးဖြစ်နေသော

သူမကို ကြည့်ပြီး...တစ်ဖက်လှည့်ပြုံးလိုက်မိသည်။


သူမရဲ့ ဆေးရုံမှာ..သူဘယ်လိုပြောပြီး

သူမရဲ့ ပြောင်းရွေ့စာပါတစ်ခါထည်း

ယူလာတယ်ဆိုတာသိရင် သူ့ကို သူမ

ဘယ်လောက်တောင် ရန်တွေ့လိုက်မလည်းမသိ။


--------------------------------------------^^^^^^🍓🍓🍓🍓🍓🍓


"သမီးရှေး...ဂရုစိုက်နော်...မြေးလေး

ကိုလည်းဂရုစိုက်နော်.."


"ဟုတိကဲ့..ဒေါ်လေး..ဒေါ်လေးလည်း

ကျန်းမာရေး..ဂရုစိုက်နော်...နောက်ငါး

လနေရင်..ရှေး..သမီးလေးကို ခေါ်ပြီး..

ပြန်လာခဲ့မယ်နော်..."


ဒေါ့်ငြိမ့်သူ.. တူမဖြစ်သူကို ပြုံးပြကာ..


"အင်းပါ..ရှေးလေးရယ်..သမီသာ..

သူများအိမ်မှာ..အဆင်ပြေအောင်နေ

နော်...''


"ဟုတ်ကဲ့ပါ..ဒေါ်လေးရဲ့..

ရှေးသိပါတယ်..အဆင်ပြေအောင်

နေမှာပါ...''


တော်ဝင် တူရီးနှစ်ယောက်နှုတ်

ဆက်နေတာကို သမီးကို ချီထား

ကား..ကားနားမှာရပ်ကြည်အနေရင်...

သူမအဒေါ်က သူ့ကို ကြည့်လာတာကြောင့်

သူပြုံးပြပြီး...


"အန်တီ..ကျွန်တော်တို့သွားပါ

အူံးမယ်နော်.."


"အေးအေးသား..."


"မေမေ..ချီ..."


သမီးလေးက သူ့လက်ထဲကနေ

ရှေးကို ချီခိုင်းနေတာကြောင့်

ရှေးပြောင်းချီလိုက်ပြီး...သူ့ရဲ့

မချိုမချဥ်ပြုံးနေတဲ့ အပြုံးကြောင့်

ရှေးမျက်စောင်းလေးပိတ်ထိုးလိုက်ကာ..

ကားအနောက်ခန်းထဲ ဝင်ထိုင်မယ်ကြံ

တော့...


"ဟေ့..ဒေါ်ရှေး..ခင်​ဗျား..ကျုပ်ကို

ကားမောင်းတဲ့ ဒါရိုက်ဘာများမှတ်နေလား..အရှေ့မှာလာထိုင်..."


ရှေး ကားတံခါးဖွင့်မဲ့ လက်ကလေး

ရပ်သွားပြီး..သူ့ကိုပြန်ကြည့်ကာ..

ဆူပုတ်ပုတ်လေးနဲ့ အရှေ့ခန်းကို

ဖွင်ကာ..ကားပေါ်ကိုတက်လိုက်

ပြီး...သမီးကို ပေါင်ပေါ် တင်ကာ..

ကားအပြင်မှာရပ်ကြည့်နေတဲ့ 

ဒေါ်လေးကိူကြည့်ပြီး..လက်ကလေး

ပွကာ..


"ဒေါ်လေး..ရှေးတို့သွားပြီးနော်.."


"အေးအေး..သမီး..."


ဒေါ်ငြိမ်းသူ ထွကိသွားသော

ကားလေကို ​ကြည့်ပြီး...မျက်ရည်

လေးဝဲကာ..ကျနိနေခဲ့တော့သည်။


တော်ဝင်တို့ ကားလေးထွက်လာတော့

သမီးလေးက နေရာအသစ်ကို ခရီးသွား

နေရတာကြောင့် ရှေးပေါင်ပေါ်မှာ တစ်ခစ်

ခစ်နေရယ်နေပြီး သဘောကျနေတော့

တော်ဝင်ပြုံးလိုက်မိသည်။


ရှေး..အငြိမ်မနေသော သမီးကြောင့်...


"သမီးငြိမ်ငြိမိနေလေ...ဘေးမှာ..

ကားမောင်းတဲ့ ဦးလေးကို

သွားထိမယ်..."


သမီးလေးက မျက်ဝန်းလေး

ဝိုင်းပြီးရှေးကို မော့ကြည့်ကာ...


"ပေပေပါ...ပြီးတော့ ဒီမှာမေမေ...''


မပိတပိလေးပြောနေသော 

သမီးကြောင့် တော်ဝင်ပြုံး

နေသလောက်..ရှေးကတော​့

မျက်နှာလေးရဲနေရှာတော့သည်။


တော်ဝင်ပြုံးပြီး....သမီးလေး

ကို ငဲ့ကြည့်ကာ...


အချစ်ချစ်ဖို့ကောင်းတဲ့ သမီးလေး....


"မေမေ....နို့..နို့..."


"ဟမ်..."


ရှေးသမီးအပြောကို နားမလည်

သလိုလေးဖြစ်သွားတော့ တော်ဝင်

ပြုံးစိစီနဲ့ ကားမောင်းနေရင်း သူမ

ကိုမကြည့်ဘဲ..


"နို့စာတယ်လို့..ပြောနေတာ.."


"ဘာ..."


"ဟ...ဘာလို့..ကျွန်တော့်ကို လာအော်

နေတာလည်း...သမီးပြောတာကို ပြော

ပြတာ..."


ရှေးမျက်နှာလေးနီပြီး....မျက်စောင်း

လေးထိုးကာ..အရှေ့က နို့ဘူးလေး

ကိုယူပြီး သမီးလေးကို ပေးလိုက်တော့

သမီးလေးက တော်တော်စာနေတာဖြစ်မယ်..

ကုန်အောင်သောက်နေပြီး...မျက်လုံးလေး

စင်းလာကာ..ရှေ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားတော့သည်။


တော်ဝင် သူတို့အဖြစ်က မသိရင် မိသားစု

နဲ့ တူနေတာကြောင့် သူပြုံးလိုက်မိပြီး..သူမကို

ကြည့်လိုက်တော့ သမီးလေးက သူမပေါင်

ပေါ်မှာ အိပ်ပျော်နေတာကြောင့်...


"သမီးကို..နောက်ခန်းမှာသိပ်မလား..."


"ရပါတယ်..တော်ကြာ..ငိုနေအုံးမယ်..."


တော်ဝင်ဘာမှမပြောတော့ဘဲ

ကားကို ဂရုတစိုက်မောင်းလာ

သလို..ရှေးလည်း သူ့ကို ဘာမှမပြောဘဲ

မျက်လုံးလေးကို မှိတ်ကာ....နေလိုက်တော့သည်။


ရှေး..နည်းနည်းကြာတော့.ကားရပ်

လိုက်တာကြောင့်..သူမ မျက်လုံးလေး

ဖွင့်လိုက်ပြီး..သူ့ကိုကြည့်လိုက်တော့

သူက အေးဆေးစွာ....ကားခါးပတ်ဖြတ်

ပြီး သူမကိုကြည့်ကာ...


"ဒီဆိုင်မှာ..တစ်ခုခုဝင်စားရအောင်...".


သူပြောမှ သူမပတ်ဝန်းကျင်ကို

ဝေ့ကြည့်လိုက်တော့ ဆိုင်တစ်ဆိုင်

ဖြစ်နေပြီး သူမလည်းဗိုက်ဆာနေတာ

ကြောင့် ခေါင်းလေးငြိမ့်ပြကာ...သမီးကို

ကြည့်တော့လည်း..ဘယ်အချိန်ထညိးက

နိုးနေလည်းမသိ...သူမတို့နှစ်ယောက်ကို

မျက်ဝန်းဝိုင်းလေးနဲ့ ကြည့်နေပုံက တကယ့်ကို ကိုက်စားပစ်ချင်စရာ...


တော်ဝင်...ကားထဲကထွက်လိုက်ပြီး..

သူမဘက်က ကားတံခါးဘက်ကို

လျှောက်သွားကာ...တံခါးကို ဖွင့်ပြီး..

သမီးကို သူမဆီက ပွေ့ချီပြီး.. ခေါ်လိုက်ကာ..

ထိုင်နေသေးသော သူမကိုကြည့်ပြီး..သူ

မျက်ခုံးတွေပင့်တက်ပြီး...


"ရှေး..ခင်ဗျာ..မစားဘူးလား..."


"ဟို..ဟို...ရှေး ခြေထောက်ကျင်လို့..ခဏနော်..."


ရှေး မျက်နှာလေး ရှုံ့မဲ့ကာပြောတော့

သူခေါင်းငြိမ့်ပြပြီး...


"ရပါတယ်.."


ပြောလည်းပြော သူ သူမခြေထောက်လေး

ကို ကြည့်လိုက်တော့..ညှပ်ဖိနပ်လေးမှာ

ခြေချောင်းဖြူဖြူလေးတွေက လှပစွာ

နေရာယူထားတော့ သူပြုံးကာ...


ခင်ဗျာက လူတင်မဟုတ်ဘူး..တစ်ကိုယ်

လုံးလှတာပဲ..ရှေး...


ခဏနေတော့ သူတို့ဆိုင်ထဲ ဝင်လာကာ...


"ဟုတ်ကဲ့..အကိုတို့..အမတို့..ဘာမှာကြမလည်းခင်ဗျာ..."


"ဘာရလည်း...ညီလေး.."


သူသမီးလေးကို ပေါင်ပေါ် တင်ကာ

မေးလာသော စားပွဲထိုးလေးကို

မေးတော့...


"အစုံရတယ်..အကို..အကိုတို့ဇနီးမောင်နှံသား

စားချင်တာပြောအကုန်ရစေရမယ်..ဟို

ကလေးလေးကလည်း..အကိုနဲ့ အမနဲ့ 

အရမ်းဆင်ထာပဲနော်..."


"အို..ဘာဇနှီးမောင်နှံလည်း..တို့နဲ့သူ

က ဘာမှမတော်ဘူး..."


ထိုအခါကောင်လေးက ခေါင်းလေး

ကုတ်ပြီး...


"ဟဲဟဲ..sorry ပါဗျာ..ကလေးလေးနဲ့

နှစ်ယောက်လုံးကအရမ်းတူတော့

ပြောမိတာပါဗျာ..."


ရှေးမျက်နှာလေးတင်းနေပြီး

သူကတော့ ပြုံးနေကာ..


"ရတယ်ညီလေး..အကို့ကို ပရူးထမင်းရယ်

ပန်းသီးဖျောိရည်တစ်ခွကိ..ပြီးတော့သမီးအတွက်..စားလို့ရတာ..တစ်ခုခုလုပ်ပေးနော်

မုန်အထဲက...ရှေးခင်ဗျာ..ဘာမှာမှာလည်း.."


သူ သူမကိုလှည့်ကြည့်ကာ...မေးတော့

ရှေး...မျက်နှာလေးတည်ကာ...


"ရှမ်းခေါက်ဆွဲတစ်ပွဲ...ပြီးရင်

နံနတ်သီးဖျော်ရည်တစ်ခွကိ..''


"ဟုတ်ကဲ့..ခင်ဗျာ..ခဏတော့စောင့်

ပေးနော်..."


ထိုကောင်လေးထွက်သွားတော့မှ

သူမနဲ့ သူ တစ်​ယောက်မျက်နှာ

တစ်ယောက်ကြည့်မိတော့...ရှေး

မျက်နှာလေးတည်ကာ..အရင်လွဲ 

သွားတော့ သူပြုံးကာ...ခေါင်းလေး

ခါလိုက်မိသည်။


မင်းကလေးအရမ်းဆန်တာပဲ...

ရှေး...


-----------------------------------------------^^^^🍓🍓🍓🍓🍓🍓


"မြတ်...နင်နဲ့ ကိုမင်းတော်ဝင်...စေ့စပ်

တော့မှာဆို..."


"အွန်း..ဟုတ်တယ်လေ..."


"Wow..ငါ့သူငယ်ချင်း..အရမ်းကံ

ကောင်းတာပဲ...အားကျလိုက်တာ

နော်...နင်တို့သတင်းက ပျံနေတာပဲ...

နင့်ကို မိန်းကလေးတိုင်းက အားကျကြ

တာ..."


"အဟင်း..မြတ်သစ္စာပဲကို..."


မြတ် ဂုဏ်ယူသလိုလေးပြောတော့

ယူရီပြုံးလိုက်ပြီး...


"ဟုတ်ပါပြီ..ငါ့သူငယ်ချင်း သူဌေး

ကတော်လေးကို အခုထည်းက

ဖားထားမှ ဟဲဟဲ..."


"အဟင်း...."


"ဒါနဲ့ မြတ်..နင်...ဇာနည်စွမ်းကို 

ဘယိလိုလုပ်မလည်း..အာ့ကောင်

ကမလွယ်ဘူးနော်..နင်လွယ်လွယိ

ဖြတ်လို့ရမယ်မထင်ဘူး.."


မြတ်မဲ့မဲ့လေးပြုံးကာ...


"ငါက...မြတ်သစ္စာပါ...သူ့ထက်လည်

လို့ ငါသူ့ကိုတွဲခဲ့တာ..ပြီးတော့ ငါဘယ်

လောက်ရည်းစားထားပါစေ..အချိန်တန်

ရင်..ငါ့သတိုးသားက...ကိုကိုမင်းတော်ဝန်ပဲ..."


"အေးပါ..နင်နိုင်ရင်ပြီးတာပဲ

ငါကစိုးရိမ်လို့..."


"အေးပါ..အာ့အကောင်ကြောင်းမပြောနဲ့...

သောက်ပြီးရင် ငါပြန်တော့မယ်...ကိုကို

ဒီနေ့ပြန်လာမယ်တဲ့..ငါအလွမ်းပြေ

သွားတွေ့ရအုံးမယ်..."


"ဟုတ်ပါပြီး မြတ်ရယ်..တခါထည်း...

ပို့လွန်းတယ်..ဟွန့်..."


မြတ်နဲ့ယူရီ ပြုံးကာ ရယ်လိုက်မိကြသည်။


မြတ် ကိုကိုအကြောင်းတွေးတောမျက်နှာ

လေးပြုံးသွားပြီး...


လွမ်းလိုက်တာ...ကိုကိုရယ်....


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: