ရှေး မျက်လုံးပြူးကာသူနဲ့
သမီးကို ကြည့်ပြီး မျက်စောင်း
ထိုးလိုက်မိသည်။
ဖြစ်နေတဲ့ ရုပ်ကလေးတွေကလည်း
မျက်နှာငယ်လေးတွေနဲ့ သမီးကလည်း
သူ့အဖေပြောတဲ့အတိုင်း ငိုမဲ့မဲ့လေး
ပုံစံလေး လုပ်ထားတာကို ရှေး ကြည့်ပြီး
ရယ်ချင်နေတာကို မနည်းတညိထားရသည်။
ဒေါ်ငြိမ်းသူ အခြေအနေကို သဘော
ပေါက်သွားကာ..
"သားတော်ဝင်...ဒါက ဒေါ်လေးတို့နဲ့
ဆွေမျိုးတော်တဲ့ ဒေါ်လေးရဲ့ တူ
ဝမ်းကွဲပါ..သမီးရှေးလေးနဲ့လည်း
ဝမ်းကွဲတွေပေါ့.."
အာ့တော့မှ တော်ဝင် အရှက်ပြေရယ်
လိုက်ကာ...
"အဟွန်း..ဟုတ်ကဲ့..ဒေါ်လေး...
အထဲ ဝင်ကြလေ..မိနိးမ ဘာလုပ်နေ
တာလည်း အထဲ ကို ခေါ်လေ..."
ရှေး အာ့တော့မှ ပြုံးသွားတဲ့ သူ့ကို
မျက်စောင်းတွေကြီးထိုးပစ်ကာ...
မောင်ဖြစ်သူ လက်ကို ဆွဲကာ အိမ်ထဲ
ဝင်လာတော့သည်။
တော်ဝင် သူနဲ့ သမီးကို မျက်စောင်ထိုးကာ
ဝင်သွားတဲ့ သူမကြောင့် မျက်နှာကြီး မဲ့
ပြုံးပြုံးလိုက်ကာ...
"ရှေး ပြီးမှ မောင်အကြောင်း သိရမယိ...
အဟွန်း..."
"အဟီး..."
သမီးကလည်း သူ့လို လိုက်ရယ်တော့
တော်ဝင် ငုံ့ကြည့်ကာ..
"ဝက်ပေါက်လေး ဖေဖေလိုတော့
လိုက်မပြောရဘူးနော်...''
"ကျောဘူး..ခစ်..ခစ်..."
တော်ဝင်လည်း သမီးဖြစ်သူ
အပြောကြောင့် သဘောကျ
သွားကာ...ပါးလေးကို နမ်းလိုက်ပြီး....
"ဖေဖေတို့လည်း အိမ်ထဲဝင်ကြမယ်.."
"လာထိုင် တူမကြီး...အဒေါ်က
မျှော်နေတာကွဲ့..."
ဒေါ်ငြိမ်းသူ ခန်းနားလှသော
အိမ်ကြီးကို ကြည့်ပြီး ဆိုဖာ
ကြီးပေါ်ထိုင်လိုက်ကာ..
"ဟုတ်ကဲ့ပါ..အဒေါ်..ကျွန်မလည်း
တူမလေး မင်္ဂလာဆောင်ဟုတ်လို့
လာရတာ..အထိုင်အထတွေ မကောင်း
ပါဘူးရှင်..."
"အေးပေါ့လေ..အသက်အရွယ်တွေရလာ
ပြီဆိူတော့လည်း...ဒါနဲ့ သူက..."
ရှေးဘေးမှာ ထိုင်နေတဲ့ လရောင်ကို
ကြည့်ကာမေးတော့ ဒေါ်ငြိမ်းသူ
ပြုံးပြီး...
"ဒါကျွန်မရဲ့ တူဝမ်းကွဲလေးပါ လရောင်ကိုပါ..
ရှေးလေးနဲ့လည်း ဝမ်းကွဲတော်တာပေါ့..
အခုမှ ကျောင်းပြီးလို့ပြန်လာတာလေ...''
"သြော်..ဟုတ်ပါပြီ....မြေးမလေး...
သမီးဒေါ်လေးတို့အတွက် အခန်းပြင်
ပေးထါးတာ လ်ုက်ပို့လိုက်အုံး အခုမှ
ရောက်တာ နားချင်မှာပေါ့..တူမကြီး
ညနေမှ အေးဆေး စကားပြောကြတာ
ပေါ့....''
"ဟုတ်ကဲ့ပါ..ဒေါ်လေး...."
"လာ..ဒေါ်လေးနဲ့ မောင်လေး...
ရှေးလိုက်ပို့မယ်...''
ရှေး ဦးဆောင်ပြီး ဧည်သည်တွေအတွက်ပြင်
ထားတဲ့ အခန်းကို ခေါ်သွားတော့သည်။
ဒေါ်နန်းမဟာ..မြေးဖြစ်သူ နန်းဆန်
လေးကို ချီပြီး ပြန်ဝင်လာတော့ တအံတသြ
"ဟယ်..မြေး Company မသွားသေး
ဘူးလား...."
"မသွားတော့ဘူး ဖွား မင်္ဂလာ ကိစ္စတွေ
ပြီးမှ ပဲ သွားတော့မယ်...''
"ကောင်းတာပေါ့...အေးဆေးနား
မြေး...အဘွားကို နန်းဆန်လေးကို
ပေး...."
တော်ဝင်သမီးကို အဖွားဆီ ပေးလိုက်ပြီး...
"အဘွား..ကျွန်တော် ပြောစရာရှိတယ်..."
တော်ဝင်ပြောပြီး ဆိုဖာပေါ်ထိုင်လိုက်တော့
ဒေါ်နန်းမဟာ ဘေးမှာရပ်နေတဲ့ အေးမာကို
ကြည့်ပြီး...
"အေးမာ..နန်းဆန်လေးကို ရေချိုးပေး
ထားလိုက်နော်..."
"ဟုတ်ကဲ့...မေမေကြီး..."
အေးမာ နန်းဆန်လေးကို ချီပြီးထွက်သွား
မှ သူမ မြေးဖြစ်သူကိုကြည့်ကာ...
"ပြောလေ..မြေး ဘာပြောမလို့လညိး..."
တော်ဝင် အဘွားကို သေချာကြည့်ကာ...
"လက်ထပ်ပြီးရင် ကျွန်တော်တို့ အိမ်ခွဲ
နေမလို့အဘွား..."
ဒေါ်နန်းမဟာ မြေးဖြစ်သူကို ကြည်ပြီး...
"ဒီမှာက ဘာဖြစ်လို့လည်းမြေးရယ်..
ဘာအဆငိမပြေလို့လည်းဟင်..."
စိုးရိမ် စွာမေးနေတဲ့အဘွားကြောင့်
တော်ဝင် သက်ပြင်းချလိုက်ကာ..
"ကျွန်တော် ရှေးကို မာမီနဲ့ ထားရမှာ
စိတ်မချဘူးအဘွား..အခုတောင်
မြတိသစ္စာကို အိမ်ပေါ်မှာခေါ်ထားတာ
ဘာမှ မပတ်သတ်နဲ့ မိန်းမနဲ့ သား
တစ်အိမ်ထဲ မနေနိုင်ဘူး..ပြီးတော့..
ရှေး သူမက သူ့ကို ပြောင်ရင် ပြန်ပြော
တာမဟုတ်ဘူး..သားမိန်းမကို
သားနောက်ကွယ်မှာ တစ်ခုခု လုပ်ရင်
ဘယ်လို လုပ်မလည်းဘွား...''
ဒေါ်နန်းမဟာ မြေးဖြစ်သူရဲ့ အကဲပိုမှုကြောင့်
ပြုံးလ်ိုက်ကာ...
"အဘွားရှိပါတယ်..မြေးရယ်..မြေးမလေး
အတွက် စိတ်ချပါ..."
"မရဘူး အဘွား..သားကတော့ မင်္ဂလာ
ပွဲပြီးတာနဲ့ အိမ်ပြောင်းမယ်..အဘွားဆီကို
သားရှေးကို ခေါ်ပြီး လာလည်ပါ့မယ်...."
ဒေါ်နန်းမဟာ မြေးဖြစ်သူကို ပြောမရတာ
သိတာကြောင့် ခေါင်းငြိမ့်ပြကာ...
"ဟုတ်ပါပြီကွယ်..မြေးသဘောပါ...."
အာ့တော့မှ တော်ဝင် ပြုံးသွားကာ...
"အာ့ဒါဆို သား ရှေးဆီသွားလိုက်
အုံးမယ် အဘွား..."
"ဟုတ်ပါပြီကွယ်...."
ဒေါ်နန်းမဟာ မြေးဖြစ်သူ သူ့မိန်းမကို
အရမ်းသည်းလွန်းတာကြောင့် ခေါင်းငြိမ့်
ကာပြုံးနေမိတော့သည်။
--------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓
"သမီး မြတ်..အခြေအနေဘယ်လိုလည်း...."
"အခုတော့ အေးဆေးပါပဲ..."
"အေးညည်းက အေးဆေးလုပ်နေ..
ဟိုက မင်္ဂလာဆောင်တော့မယ်လေ..."
မိခင်ဖြစ်သူ ဒေါသဖြင့်ပြောနေတော့..
မြတ် မိခင်ဖြစ်သူကို ပြုံးကြည့်ကာ...
"မေမေရယ်..အာ့လောက်လည်း
မစိုးရိမ်ပါနဲ့ မြတ်အာ့ဒိလောက်လည်း
မအသေးပါဘူး..မေမေ စိတ်မပူပါနဲ့...."
"မပူလို့ ရမလားအေ..ညည်းအခုပြောနေတာ
တော်ဝင်စံအိမ်ရဲ အဓိကလူနော်..ညည်းလက်လွတ်ခံနေတာ..ဟိုက လက်ထပ်ပြီး
ရင် တိုင်းသိပြည်သိတရားဝင် ဖြစ်ပြီလေ..
ဒါကို ညည်းမသိဘူး မပြောနဲ့နော်..မြတ်...."
ဒေါ်သလင်းသမီးဖြစ်သူရဲ့ အေးစက်စက်
ကြောင့် အားမလို အားမရပြောနေသော်လည်း
ပြုံးနေသော သမီးကြောင့် မျက်မှောက်ကုတ်ကာ ကြည့်နေမိသည်။
"မေမေ..သမီးကို ယုံလိုက်...
အာ့လောက်လည်း စိတ်မပူပါနဲ့...
မြတ်က အပိုင်ကို စောင့်နေတာ..
ကိုကိုက မြတ်အတွက်ပဲ အရင်တောက
ရော အခုရောပဲ..အာ့ဒိမိန်းမ အချ်ိကြရင်
သူ့အလိုလို ဘေးရောက်သွားလိမ့်မယ်..."
"ဘယ်လို..."
"ဟုတ်တယ်မေမေ..မြတိသိတာပေါ့..
တော်ဝင်စံအိမ်ရဲ့ ကြွယ်ဝချမ်းသာ
မှုတွေကို ဒီနောက်သစ်မပြောနဲ့
နောက်တစ်သက်တောင် သုံးရင်
ကုန်မှာ မဟုတ်တဲ့ ချမ်းသာမှုတွေကို
မြတ်က လက်လွတ်ခံမလား..မေမေ...
အဟွန်း..မြတ်ဆိုတာ...သူတို့ကို အကြောပေးထါးတာ..."
ဒေါ်သလင်း သမီးဖြစ်သူ အပိုင်ပြော
နေတာကြောင့် ပြုံးလိုက်ကာ...
"အာ့ဒါတော့ မေမေလည်း သိတယိ
အန်တီနဲ့ မမနန်း ဝတ်သမျှ စိန်ထည်တွေက
တန်ဖိုးမနည်းဘူး ပြီးတော့..အာ့ဒါတွေကလည်း တော်ဝင်က ဝယ်ပေးထါးတာတွေ
ပြီးတော့ ဘိုးဘွားပိုင် စိန်ထည်တွေဆိုတာလည်း အများကြီးပဲလို့ မေမေကြားဖူးတယ်..
ငါ့သမီးလေးသာ အာ့နေရာကိုရရင် အာ့ရာတွေသာမက တော်ဝင်လုပ်ငန်းစုကြီး
ကလည်း သမီးလက်ထဲမှာပဲ.."
"ဟုတ်တယ် မေမေ..ပြီးတော့..
မြတ်က ကိုကို ကိုဘယ်တော့မှ
အဆုံးရှုံးခံမဲ့ မိနိးမ မဟုတ်ဘူး.
ရအောင်ယူမဲ့ မိန်းမ..."
မြတ်ပြောပြီးပြုံးနေတော့
ဒေါ်သလင်း ခေါင်းငြိမ့်ကာ..
"ဒါနဲ့ မမနန်းကရော..."
"အန်တီနန်းက အမြဲတမ်း မြတ်ဘက်မှာပဲ
မေမေ..အန်တီက ဟိုမိန်းမကို လုံးဝ
ကြည်မရတာ မြတ်အတွက် တဗန်းသာ
တာပေါ့..မေမေ..."
"ဒါပေါ့...မမနန်းက အာ့မိန်းကလေးကို
ချွေးမလို့ အသိအမှတ်မပြာရင်ကို ငါ့သမီး
လေး အခွင့်အရေးတွေရှိသေးတယ်..ပြီးတော့
မမနန်း ငြိုငြင်အောင် မနေနဲ့နော်..သမီး..."
"စ်ိတ်ချပါ မေမေရယ်..မြတ် သိပါတယ်..
အန်တီကို ဘယ်လိုကိုင်တွယ်ရမလည်း
ဆိုတာ မြတ်အားလုံးသိတယ်..မေမေသာ
ဘေးက ကြည့်နေ..."
"ဟုတ်ပါပြီး...သမီးလိုအပ်တာမှန်သမျှ
မေမေကတော့ ဖြည့်စည်းပေးမယ်..."
မြတ်မေမေကို ပြုံးပြပြီး...
"ဖေဖေရော.."
"Company သွားတယ်လေ..."
"ဟုတ်လား..မြတ် ထမင်းစား
သွားမယ်နော်..အခုလောက်ဆ်ို
ဟိုမိန်းမ အဒေါ်တွေရောက်နေလောက်
ပြီး သူတိုအလို အဆင့်မတန်းတွေနဲ့
မြတ်အတူမစားချငိဘူး...''
"အေးပါ..မေမေရဲ သမီးလေးအတွက်
အိမ်လာမယ်ဆိုလို မေမေကိုယ်တိုင်
ရှယ်ချက်ထားတယ်.. လာသွားစားကြမယ်..."
"ဟုတ်မေမေ..."
မြတ်မေမေလက်ကို ဆွဲကာ...အိမ်ထဲကို
ပြုံးပျော်စွာ ဝင်လာပြီး ထမင်းဝိုင်းမှာ
ထိုင်ကာ...မေမေခူးပေးတဲ့ ထမင်း
ပန်ကန်ထဲ ဟင်းထည့်လိုက်ပြီး...
"သမီးများများစားနော်..."
"ဟုတ်မေမေ..."
သူမပြောပြီး ထမင်းကို စစားတော့...
"ဝေါ့...ဝေါ့...."
မြတ်အန်ချင်လာတာကြောင့်
ဘေစင်ကို ပြေးသွားကာ
အန်လိုက်တော့ ဒေါ်သလင်
ခြေမကိုင်မိ လက်မကိုင်မိဖြစ်
သွားကာ..
"မြတ်..သမီးဘာဖြစ်တာလည်း... "
"ဟို..မသိဘူး မေမေ..အန်ချင်လာလို့...."
"ဟင်..သမီး မေမေကို ကြည့်စမ်း...
သမီး ဟုတ်ရော ဟုတ်ရဲ့လား..."
မြတ်ရင်ဘက်လေးဖိပြီး မျက်နှာလေး
ပျက်သွားကာ မျက်ဝန်းတွေ ဂဏာမငြိမ်
ဖြစ်သွားသော်လည်း မေမေကြည့်နေတာ
ကြောင့် သူမပြုံးကာ..
"ဟုတ်တယ်မေမေ..အာ့ဒါ.ကိုကိုနဲ့ ရတဲ့
ရင်သွေးပါ...."
"ဟင်..."
ဒေါ်သလင်းတစ်ယောက်အာ့တော့မှ
မျက်နှာမှာပြုံးသွားကာ..
"သမီးက ဒါ့ကြောင့် အပိုင်ကို
တွက်နေတာကို..."
မြတ်မျက်နှာ မသာမယာလေးနဲ့ပဲ
ခေါင်းလေးငြိမ့်ပြကာ...
"မေမေ..ဒီကိစ္စကို အခုမပြောနဲ့အုံး
မြတ်ကိုယ်တိုင် ပြောမယ်..အာ့ဒါကြောင့်
မေမေ..ဘယ်သူ့ကိုမှ မပြောနဲ့အုံးနော်..."
"ဟုတ်ပါပြီ စိတ်ချမပြောပါဘူး...''
ဒေါ်သလင်းမှာ သားတော်ဝင်ရဲ့
ကိုယ်ဝန်ဆိုတာကြောင့် ပြုံးပျော်နေ
သလောက် မြတိတစ်ယောက်တော့..
ဘယ်လိုတွေ ဖြေရှင်းရမလည်းဆိုတာ
တွေးနေတော့သည်။
----------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓
"မေမေ...စောစောက သားဘာပြော
နေတာလည် ပြီးတော့ ဘယ်သူတွေ
ရောက်နေတာလည်း..."
"အော် မြေးမလေး အဒေါ်နဲ့ မောင်လေးပါ
မင်္ဂလာပွဲအတွက် လာတာလေ...."
"သြော်...'''
"ဘယ်ရောက်သွားကြပြီလည်း..."
"အဝေးကြီးက လာရတော့ သွားနား
ခိုင်းထားတယ်..."
ဒေါ်နန်းတော်ဝင် မဲ့ကာပြုံးလိုက်ပြီး...
"အခု တောင် အမျိုးတွေ အိမ်ပေါ်ခေါ်တင်
နေပြီ နောက်ဆို ဘယ်လောက်တောင်
တင်အုံးမလည်းမသိဘူး..."
"အော်မိနန်းရယ်.ညည်းမှာလည်း အကောင်း
မြင်စိတ်ထားစမ်းပါအေ...
"အို..မေမေကလည်း နန်းမှ သဘောမကျတာ
ပြီးတော့ သူတို့နဲ့ ထမင်းအတူ မစား
ဘူးနော်..လာမခေါ်နဲ့..နန်းကို..."
"အေး ညည်းအာ့လို စိတ်တွေထားနေလို့
မြေးက မင်္ဂလာပွဲ ပြီးရင် အိမ်ပြောင်း
နေတော့မယ်တဲ့... "
"ဘာပြောတယ် မေမေ..သားက
ဟုတ်လား..."
သမီးဖြစ်သူ မျက်နှာပျက်ကာမေးတော့..
ဒေါ်နန်းမဟာ..ခေါင်းငြိမ့်ပြကာ..
"ဟုတ်တယ်..ညည်းက အခုလို
အကောင်းမမြင်ဘူးလေ အာ့တော့
သူ့မိန်းမကို ညည်းနဲ့ တစ်အိမ်ထဲ
ထားချင်တော့မလား..."
"အို..မေမေကလည်း နန်းကရော
အခုဘာတွေလုပ်နေလို့လည်း..."
"ငါပြောထားလို့ ငြိမ်နေတာ မဟုတ်ဘူးလား.."
နန်းမျက်နှာပျက်သွားပြီး...
"သားကို အိမ်ခွဲနေခွင့် မပေးနိုင်ဘူး
မေမေ..."
"အာ့ဒါက ညည်းသဘောလေ..
ကျုပ်ကတော့ မြေးကို ခွင့်ပြုပေး
လိုက်ပြီး..."
"မေမေ..တော်ဝင်က သမီးရဲ့သားနော်..."
"သိတယ်လေ..ညည်းကရော အမေပိသ
အောင် နေလို့လား...ဘာမှ မဆိုင်တဲ့ မိနိးကလေးကို အိမ်အပေါ်ထပ်ခေါ်တင်ထားပြီး
တော့ ဘယ်သူက ဒီအိမ်မှာ နေချင်တော့မှာလည်း..."
"အို..ရမလား...နန်းခွင့်မပြုဘူးမေမေ..."
"ဟိုက ပြောင်းပါမယ်ဆို ညည်းသွား
ပြောလို့ရမလား...''
နန်း မေမေအပြောကြောင် နှုတ်ခမ်း
လေးဖိကိုက်ထားပြီး...
"ဒါ ဟိုမိန်းကလေး ပြောလို့နေမယ်..."
အခုအချိန် ထိ အသိတရားမရသေး
သော သမီးဖြစ်သူကို ဒေါ်နန်းမဟာ
ကြည့်ကာ...
"ညညိးအခုအချိန်ထိ ပြောရဆိုရခက်ပါ
လား မိနန်း မြေးမလေးက ညည်းကို
ဘာတွေ ပြောနေလို့ ညည်း ကြည့်မရ
ဖြစ်နေရတာလည်း..."
"အို...နန်းမှ မကြည်ဖြူတာ မေမေ..
နန်းချွေးမက မြတ်လို့ပြောပြီးပြီလေ..."
"အာ့ဒါ ညည်းအပိုင်း ဟိုက လင်မယား
ဖြစ်နေပြီ ဒါကိူ ညည်းဘာလုပ်ချင်သေး
လည်း ပြောစမ်း...''
"အသိဘူးမေမေ..နန်း သားဆီကို
သွားမေးမယ်...မပြောင်းရဘူးလို့
ပြောမယ်..."
"ပြောမရလည်း သွားအေ...
တကယ်ထည်း မပြောချင်ဘူး..."
"အန်တီ..ဘာတွေဖြစ်နေတာလည်း.."
"အို..သမီးမြတ်ပြန်လာပြီလား..."
"ဟုတ်ကဲ့ အန်တီး..ဒီမှာ မေမေက
အဘွားနဲ့ အန်တီအတွက် လက်ဆောင်
တွေပေးလိုက်တယ်..."
မြတ်လက်ဆောင်လေးတွေ မြှောက်ပြကာ
ပြောတော့ ဒေါ်နန်းမဟာ ဘာမှပြန်မပြောဘဲ
အခန်းထဲ ဝင်သွားတော့ နန်း မြတ်ကလေးကို
ကိုင်ကာ...
"သမီးမြတ် သားက အိမ်ခွဲနေမလို့တဲ့ကွယ်.."
မြတ်မျက်နှာလေး ပျက်သွားပြီး...
"ဟုတ်လား..အန်တီ..ဒါဆို ဟိုမိန်းမပြော
လို ဖြစ်မယ်.."
"ဟုတ်လောက်မယ်သမီး သားက တစ်ခါမှ
ခွဲနေတာမဟုတ်ဘူး အာ့ဒိမိန်းမ ပြောလို့
ဖြစ်မယ်..."
"အာ့ဒါ..အခု အန်တီဘာလုပ်မလည်း..
အာ့ဒိမိန်းကလေးကိုလည်း အံသြတယ်
ကိုကို ကိုဘာတွေ သွေးထိုးနေလည်းမသိ
ပါဘူး ကြည့်လိုက်ရင် မခုတ်တက်သလိုနဲ့..."
"ဟုတ်တယ်..အန်တီလည်း ချစ်လို့မရဘူး
အာ့မိန်ူကလေးကို အခုလည်း အိမ်ကို
ဆွေမျိုးတွေခေါ်တင်ထားတယ်လေ..."
"အာ့ဒါဆို မြတ်တို့ဘာလုပ်မလည်းအန်တီ
အန်တီနားမှာ မြတ်ရှိတယ်.."
ဒေါ်နန်းတော်ဝင် ခေါင်းငြိမ့်ပြပြီး..
"အန်တီ သားကို အိမ်ခွဲမနေဖို့ သွားပြောရ
မယ် သမီးပါလိုက်ခဲ့လာ..."
"ဟုတ်တီ...."
ဒေါ်နန်းတော်ဝင် မြတ်လက်ကို ဆွဲကာ
သားရှိရာကို ထွက်လာခဲ့သည်။
----------------------------------------------^^^^🍓🍓🍓🍓🍓🍓🍓
တော်ဝင်တစ်ယောက် မီးဖိုထဲက ယအလုပ်သမားတွေကို အပြင်ထွက်
ခိုင်းကာ..ရှေးခါးလေးကို အနောက်
ကနေ ဖက်ထားပြီး....
"ရှေး မောင့်ကို ချစ်လား..."
"အို..တော်ဝင် မင်းငြိမ်ငြိမ်သွားထိုင်စမ်းပါ
ငါအလုပ်လုပ်နေတယ်..."
ရှေးအငြိမ်မနေတဲ သူ့ကြောင့်
စိတ်ရူပ်သလိုလေးအော်တော့
တော်ဝင် ပြုံးစီစီလုပ်နေကာ...
"ရှေးကလည်းကွာ..ချက်ပါလား..
မောင်က အနားမှာနေပေးနေတာကို..."
"ငါ..မနေတက်ဘူးတော်ဝင် မင်းဖယ်..."
"ရှေးနော်..အလျော့ပေးနေလို့ ရောင့်တက်
မလာနဲ့..."
"အို..ငါက ဘာကို ရောင့်တက်လို့လည်း"
"အခုကြည့်လေ...ရှေး မောင်ဖက်တာကို
မကြိုက်ဘူးလေ..."
"မင်းအချိန်တိုင်း ငါ့ကို အလွတ်မပေးဘဲ
အချိန်တိုင်းဖက်နေတာကို..."
တော်ဝင်သူမအပြောကြောင့်
ပြုံးလိုက်ပြီး...
"အာ့ဒါ ရှေး ပျော်ရမှာလေ..မောင့်လို
ဂရုစိုက်တက်တဲ့ ယောကျာ်းရထား
လို့..."
"အို..မသိဘူး..မင်းနစ်နာနေအုံးမယ်..
ငါ..အလုပ်လုပ်ခွင့်ပေး ဖယ်..."
သူ့လက်ကို ရှေးအတင်းဖြတ်နေသော်
လည်း သူမလွတ်ပေးတါကြောင့်
ရှေးမှာ မျက်နှာလေးရဲနေပြီး
လူတွေဝင်လာမှာဆိုးတာကြောင့်
လန့်နေရသည်။
အရှက်မရှိတဲ့ သူကတော့
ရှက်တက်မှာမဟုတ်...
"တော်ဝင်... မင်းကိုငါဖယ်လို့
ပြောနေတယ်နော်..."
"ပြန်ပြင်ခေါ်စမ်း..အာ့ဒါဆို
စဥျးစားပေးမယျ..မှ..မှ.."
အနောက်ကနေ ပါးလေးကို
ကို နမ်းနေတဲ့သူ့ကြောင့်ရှေး
နှုတ်ခမ်းလေးကို ဖိကိုက်ထားပြီး..
မခေါ်မချင်းရစ်နေမဲ့သူ့ကြောင့်
ရှေးမျက်နှာလေးရဲကာ...
"မောင်...ဖယ်ပေးလေနောိ..
ရှေး..အလုပ်လုပ်မလို့..."
တော်ဝင် သူမရဲ့ မောင်ဆိုတဲ့
အခေါ်လေးကြောင့် ပြုံးသွားကာ..
"5မိနစ်ပဲ..."
"အို..မောင်.."
သူပြောလည်းပြော ရှေး ကိုယ်လေးကို
ပွေ့ချီပြီးဘေစင်ပေါ်တင်လိုက်ပြီး
ခေါငိးလေးကို နှိမ့်ချကာ...သူမနှုတ်ခမ်း
ဖူးဖူးလေးကိူ တစ်လွှာချင်း စုပ်ယူ
နမ်းရှိုက်နေတော့သည်။
"အမလေး...."
"အို..."
ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာတို့
နှစ်ယောက် မျက်နှာနီနီကြီးတွေ
နဲ့ မိးဖိုထဲက ပြန်ပြေးလာကြတော့သည်။
တော်တော်ဆိုးတဲ့ သား....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း