book

Index 22

အပိုင်း (22)🍑🍑🍑🍑🍑

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"ရှေး မောင့်ကို အင်္ကျီ ရွေးပေးအုံး.."


တော်ဝင် ရေချိုးခန်းထဲကနေ လှမ်းပြောတော့

ရှေး သူ့ကိုပြန်မပြောချင်တော့တာ

ကြောင့် ဗီဒိုအနားသွားကာ သူ့အတွက်

လိုက်မဲ့ အင်္ကျီ ရွေးပေးနေတုံး သူအနား

ရောက်လာကာ သူမအနောက်ကနေ ခါးလေးကို ဖက်ပြီး သူမ ဆံပင်လေးတွေ လိုက်နမ်း

နေတာကြောင့် ရှေး မျက်နှာလေးတွေရဲနေကာ...


"အို..တော်ဝင် မင်းငါ့ကို အာ့ဒိလိုကြီး

မဖက်နဲ့ ငါမနေတက်ဘူး...


ရှေးသူ့မှာ ရေလဲ တဘက်တစ်ခုထည်း

ဝတ်ထားတာကြောင့် သူ့ကို အသံလေး

တုန်ကာပြောတော့ တောင်ဝင်ပြုံးလိုက်ပြီး..


"ရှေးကလည်း မောင်တို့က လင်မယား

တွေတောင် ဖြစ်နေပြီကို ဘာရှက်နေသေး

တာလည်း မောင်တောင် မရှက်တော့တာကို.. "


"အို...မင်းကဘယ်တောက အရှက်ရှိလို့

လည်း...ဖယ် ငါ သမီးဆီ သွားမလို့..."


"ရှေးနော် မောင့်ကို မင်းတွေ ငါတွေနဲ့

ပြောနေတာ နားထောင်ကောင်းတယ်လို့

ထင်နေတာလား..."


ရှေး သူမကို အနောက်ကနေ ဖက်ထားတာ

မလှုပ်မရသဖြင့် နှုတ်ခမ်းလေးကိုက်ကာ

သူမ မျက်နှာလေးအနား သူ့အနမ်းတွေ

ရောက်လာတော့ရှောင်လိုက်ပြီး..


"ငါ..အရင်ထဲက မင်းကို ဒီလိုပဲ ပြောနေတာပဲ..."


တော်ဝင် သူအနမ်းတွေကိုရှောင်နေတဲ့

သူမကြောင့် သူ ခပ်ညစ်ညစ်ပြုံးလိုက်ပြီး...


"ရှေး..အရင်တုန်းကနဲ့ အခုနဲ့က တူမလား

မောင်က အခုမင်းယောကျာ်းဖြစ်နေပြီလေ..."


"အို..မသိဘူး..ဖယ်..သမီးဆီသွားမလို့..."


"မဖယ်ဘူးဗျာ..မောင်လို့ မခေါ်မချင်း 

ဒီအတ်ိုင်းဖက်ထားပြီး နမ်းနေမှာ..."


"အို..တော်ဝင် မင်းတော်တော်ဆိုးပါလား..

ငါ..ငါမှ မခေါ်ရဲတာ...''


ရှေး မျက်နှာလေးရဲကာပြောတော့

တော်ဝင် သူမ ဆံပင်လေးတွေ နမ်းနေပြီး

ပါးလေးကိုပါ လှမ်းနမ်းလိုက်ကာ..


"မောင် ရှေးကို ဘယ်လောက်နမ်းနမ်း

မဝဘူးကွာ..ဘယ်လိုလုပ်ရမလည်း..."


"အိုး..အသိဘူး..ဖယ်နော်..."


"မောင်လို့ ခေါ်လေ..."


သူပြောသော်လည်း သူမက မခေါ်ဘဲ

ငြိမ်နေတာကြောင့် သူ ခက်ညစ်ညစ်ပြုံး

ပြီး သူမ ခါးလေးကို တင်းနေအောင်ဖက်

လိုက်ကာ..သူမလည်ပင်လေးကို ကိုက်

လိုက်ပြီး...


"မခေါ်လည်း နေပေါ့..ဒါဆို.."


"အို.မောင် မလုပ်နဲ့..."


"အဟွန်း..မရတော့ဘူး..ရှေးက

ကြာနေတာကို... "


"မင်း..လူလိမ်..."


"ဟာ...."


----------------------------------------------^^^^^🍑🍑🍑🍑🍑🍑🍑


"မြေးလေး..စားကောင်းလား.."


"ကောင်းကောင်း..ဟီး..."


ဒေါ်နန်းမဟာ မြေးဖြစ်သူကို

အစက ကြည်မရသော်လည်း

အခုတော့ လက်က မချနိုင်တော့..

အစစအရာရာ သူကိုယ်တိုင်ပဲ

လုက်ပေးနေက...အခုလည်း

ကိုယ်တိုင် ထမင်းခွန့်ကျွေးနေ

ရှာသည်။


သူမချစ်စရာကောင်းတဲ့ မြေးမလေး

ပါးလေးကို နမ်းလိုက်ပြီး..


"မွ..ဘွားမြေးလေးက ချစ်ဖို့ကောင်းလိုက်တာ.."


"ဘွား..ဘွား..ချစ်..ချစ်..."


သူမပြောတော့ သူမပြောသလို ပြန်

ပြောတာကြောင့် ဒေါ်နန်းမဟာ

အသည်းတွေ တဖြုတိဖြုတ်ကြွေချ

နေတော့သည်။


"မြေးလေ..ဘွားနဲ့ မေမေကို

ဘယ်သူ့ကိုပိုချစ်လည်း.."


ဒေါ်နန်းတော်ဝင် ထမင်လေးမွေ

ပြီး မြေးဖြစ်သူကိုချစ်စနိုး

ကြည့်ကာမေးတော့ သူမလေးက

မျက်လူံးလေးပြူးကာစဥ်း

စားနေပြီး...


"မေမေ..ချစ်..."


"ဟင်.."


"ဘွားး..ဘွား..ချစ်..ချစ်...ဟီး..ခစ်..ခစ်.."


ဒေါ် နန်းတော်ဝင် မျက်နှာလေး

အပျက်သွားပြီးမှ မြေးလေးရဲ့ နောက်ထပ်

စကားလေးကြောင့် သူမ မျက်နှာလေး

ပြုံးသွားကာ..ချစ်စရာမြေးမလေးကို

ပေါင်ပေါ် ချီတင်လ်ိုက်ပြီး..


"ဘွားမြေးလေးက ဘွားဘွားကိုလည်း.ချစ်တာပေါ့.."


"ချစ်..ချစ်..ခစ်..ခစ်..."


မြေးလေးရဲ့ ချစ်စရာကောင်းတဲ့ 

အပြုအမူလေးတွေကြောင့် 

ဒေါ်နန်းတော်ဝင် ပါးဖောင်းဖောင်း

လေးကို နမ်းမဝစွာ နမ်းရှိုက်နေတော့

သည်။


ထိုအရာကို ဒေါ်နန်းမဟာ လှေကာထိပ်အကွယ်လေးကနေ ကြည့်ပြီး ပြုံးနေမိသည်။


"ဘွား..ဘာလုပ်.."


"ရူး..."


ရှေး အဘွားကို လှေကားထိပ်မှာ 

တွေ့တာကြောင့် မေးမလို့ပြင်နေတော့

အဘွားက တိုးတိုး လုပ်ပြတာကြောင့်

သူမ တိတ်သွားကာ..အဘွား မေးငေ့ါပြတဲ့

နေရာရောက်တော့ ရှေးမျက်နှာလေး

ပြုံးကျသွားကာ...ကြည့်နေမိသည်။


ရှေးနဲ့ ဘွား..တိတ်လေး ဧည့်ခန်းကို

ကိုထွက်လာပြီး.. ရှေးတို့ ဆိုဖာပေါ်

ထိုင်လိုက်တော့..


"မြေး ဒီနေ့ မြေး အဒေါ်လာမယ်

မဟုတ်လား..."


"ဟုတ်ကဲ့ဘွား...."


"မြေး ကောင်မလေးတွေကို အခန်းပြင်ပေး

ဖို့ ပြောထားအုံးနော်.."


"ဟုတ်ကဲ့ပါ..ဘွား..ရှေးပြောထားပါ့မယ်..."


"ဒါနဲ့ အဘွားတို့ သွားကြိုပေးရအူံး

မလား..."


"မကြိုရဘူးဘွား....အာ့ဒိက ရှေးအသိ

တစ်ယောက်ကားနဲ့ လိုက်လာမှာ 

အိမ်ကို ဝင်ပို့ပေးမယ်ပြောတယ်...ဘွား.."


"ဟုတ်ပြီကွယ်..စားသောက်သောကိ

ဖွယ်လေးတွေ ချက်ဖို့ ညိုညိုတို့ အေးမာ

တို့ကို ပြောအုံးမှပဲ..."


"မပြောပါနဲ့ဘွား..ဒီနေ့ ရှေး ဝင်ချက်လိုက်ပါ့

မယ်...''


ဒေါ်နန်းမဟာ...မျက်လုံးပြူးသွားပြီး

ခေါင်းကို ခါရမ်းလိုက်ကာ..


"ဘာဖြစ်မလည်း မြေးရယ်..

မြေးက နောက်ရက်ပဲ မင်္ဂလာ ဆောင်

ရတော့မယ် ပြီးတော့ မြေးတော်ဝင်က

မြေးမလေး ဝင် ချက်တာ မကြိုက်ဘူးကွဲ့..."


"ရပါတယ်..ဘွားရဲ့ ဒေါ်လေးလည်း

လာမှာဆိုတော့ ရှေးချက်ကျွေးချင်

လို့ပါနောိ..."


ဒေါ်နန်းမဟာ မြေးမလေးစိတ်အား

ထက်သန်နေပုံကြောင့် သက်ပြင်းလေး.ချပြီး

ခေါင်းလေးငြိမ့်ပြကာ..


"ဟုတ်ပါပြီကွယ်..အာ့ဒါဆို စျေးကို

အေးမာဖြစ်ဖြစ် ညိုညို ဖြစ်ဖြစ် 

သွားခိုင်းလိုက်ပေါ့...''


"ဟုတ်ကဲ့ဘွား..အာ့ဒါဆို ရှေး ချက်ဖို့

သွားကြည်လိုက်အုံးမယ်နော်.."


"မေမေ..ချစ်..ချစ်.."


ထိုအချိန် ဒေါ်နန်းတော်ဝင် နန်းဆန်သူလေး

ကို ချီကာ ဧည့်ခန်းကို ထွက်လာတော့..

နန်းဆန်းသူလေးက ရှေးကိုတွေ့တော့

ပြောပြီး ချီဖို့ လက်ကလေးကမ်းတော့

ရှေး တော်ဝက်အမေ မျကိနှာကို ကြည့်တော့

ကြည်နေတာကြောင့် သူမ ကလေးအနား

သွားကာ..


"အန်တီ..ရှေးကလေးခေါ်မယ်နော်..."


"အွန်း..."


ရှေး အန်တီ ခေါင်းငြိမ်ံ့ပြတာကြောင့်

သမီးကို ခေါ်ကာ..


"မေမေတို့ မနက်စာ ချက်ဖို့ သွားကြည့်

ကြမယ်နော်..."


ရှေးသမီးလေးကို ချီကာထွက်လာတော့

ဒေါ်တော်ဝင်တစ်​ယောက်မြေးလေးကို

ကြည့်ပြီး ပြုံးနေရာမှ မေမေက သူမကို

ကြာည်ပြီး ပြုံးနေတာကြောင့့် နန်း 

မေမေကို ကြည့်ကာ...


"မေမေ..နန်းကိုဘာကြည့်ပြီး ပြုံးနေတာလည်း..."


"ညည်းကလေးအပေါ်..အမြင်မှန်ရသွားလို့

ပြုံးနေတာပါအေ...''


ထိုအခါ ဒေါ်နန်းတော်ဝင် မျက်နှာလေး

ရဲသွားပြီး..


"မေမေကလည်း ကိုယ့်သမီးရဲ့

ကလေးပဲ ချစ်တာပေါ့...နန်း

အလုပ်လေးရှိလို့ သွားအူံးမယ်

မေမေ..."


​''ခဏလေး မိနန်း ညည်းမြေးတို့

မင်္ဂလာပွဲအတွက် ပြင်ဆင်ပြီးပြီလား.."


"ပြင်ပြီးပါပြီမေမေရယ်..စိတ်မပူပါနဲ့

နန်းတက်မှာပါ..."


"အေးပါအေး..ပြီးတာပဲ မတက်လည်း

ညည်း ကျုပ်မျက်နှာကို တစ်သက်လုံး

ကြည့်ဖိူ့ မစဥ်းစားနဲ့..."


"ဟုတ်ကဲ့ပါ မေမေရယ်....''


သမီးဖြစ်သူ ထွက်သွားတော့မှ ဒေါ်နန်းမဟာ

ပြုံးကာ ကျန်နေခဲ့တော့သည်။


----------------------------------------------^^^^^^🍑🍑🍑🍑🍑🍑🍑


တော်ဝင် အပေါ်ထပ်ကနေ ဆင်းလာပြီး

ရှေးကို လိုက်ကြည့်ပင်မဲ့လည်း မတွေ့..

သူ ဧည့်ခန်းကို သွားတော့ အဘွားကို တွေ့

တာကြောင့်...


"အဘွား..ရှေးရော...''


ဒေါ်နန်းမဟာ စာအုပ်ဖတ်နေရာမှမြေးဖြစ်သူ

အမေးကြောင့် ...


"မြေးမလေး မီးဖို ဆောင်မှာ ဟင်းချက်နေတယ်.."


တော်ဝင် မျက်မှောင်ကုတ်သွားကာ..


"ဟာဗျာ...အဘွားတို့ ခိုင်းတာလား.."


"အမလေး မခိုင်းရဲပါဘူးတော် ရှင့်လေး

အခုလို ပြောမှာကြောက်လို့...မြေးမလေးက

သူ့အဒေါ် ဒီနေ့ရောက်မှာ ဟုတ်လို့...အာ့ဒါ

သူကိုယ်တိုင်ချက်ကျွေးချင်တယ်ပြောလို့

ခွင့်ပြူလိုက်တာ..."


"ကျစ်..ရှေးကတော့လုပ်ပြီး အာ့လိုတွေ

မလုပ်ပါနဲ့ဆို..."


သူအလိုမကျစွာပြောပြီး မီးဖိုခန်းဘက်ကို

လျှောက်လာခဲ့သည်။


ဒေါ်နန်းမဟာ အကဲပိုလွန်းတဲ့ မြေးဖြစ်သူ

ကြောင့် နှုတိခမ်းလေးမဲ့ကာ ချစ်စန်ိုး 

မျက်စောင်းလေးထိုးကာ ပြုံးလိုက်မိသည်။


"မိန်းမကို သည်းကို သည်းလွန်းတယ်..ဟွန့်..."


တော်ဝင်မီးဖိုဆောင်ထဲ ရောက်သွားတော့

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြုံးကာ

ရပ်ကြည့်နေမိသည်။


"ခစ်..ခစ်..မေမေ..ကျိ..ကျိ..."


"ဟင်ဘာလို့လည်း သမီးရဲ့..."


လက်ကလေးထိုးကာ သူ့ကို

ပြနေတဲ့ သမီးကြောင့်

ရှေးပြုံးပြီ သမီးလက်သေးသေး

လေးကို ကြည့်ပြီး..


"ဟယ်..ဟုတ်တာပေါ့..မေမေသမီးလက်

ကလေးကို ဒီအရွက်တွေက တိုက်သွားတာကို..."


"ခစ်..ခစ်..မေမေ ချစ်..ချစ်..."


"ဟီး..မမလေးနဲ့ နန်းဆန်လေးက တကယ့်

သားအမိအရင်းတွေကြနေတာပဲ..ရုပ်ကလေး

ကလည်း ခပ်ဆင်ဆင်ဆိုတော့ အကိုလေးနဲ့ပါ

အတူသွားလိုက်ရင် တကယ့်မိသားစုလေးပဲ..."


အေးမာ​ပြောတော့ ရှေးမျက်နှာလေးရဲသွား

ကာ..ခေါင်းလေးငုံ့ကာသမီးလေးကို 

နမ်းလိုက်မိသည်။


"ဟုတ်တယ်မမလေး...မမလေးနဲ့ အကိုလေး

မွေးလာတဲ့ ကလေးကျရင်တော့ ပိုပြီးတော့

ချစ်စရာ ကောင်းမှာသေချာတယ်..ပြီးတော့လေ...ညိုညိုတို့ကို သနားရင်လေ..

မမလေးနဲပဲ တူအောင် မွေးပေးနော်..

အကိူလေးနဲ့သာတူနေရင် ညိုညိူတို့

နေစရာရှိမှာမဟုတ်ဘူး..."


"အဟွန်း..အေးမာတို့ ညိုညို တို့ရယ်

ကြောက်တက်လိုက်တာ..သူက

အာ့လောက်လည်းဆိုးလို့လား..."


"ဟင်..မမလေးကလည်း အကိုလေး

စိတ်တိုပြီဆို အရင်က အေးမာတို့

နေစရာမရှိဘူးမမလေးရဲ့..."


"ဟင်..အာ့ဒိလောက်တောင်လား..."


"အာ့ထက်ဆိုးတာပေါ​​့..."


"ဟုတ်လား..."


"ဟုတ်တာပေါ့..."


"ဟင်..အ..အကိုလေး..ဟီး..

အေးမာ...ငါတို့အပြင်မှာ

လုပ်စရာရှိသေးတာ မေ့​နေတယ်

သွားကြမယ်.."


"အေးအေး.."


နှစ်ယောက်သား သူ့အတင်းတုတ်ပြီး

သူ့ကိုမြင်တော့ လှစ်ခနဲ့ပါအောင်

ပြေးကြတော့ တော်ဝင် မျက်မှောင်ကြီး

ကုတ်ကာကြည့်နေပြီး..သူမနဲ သမီးအနား

ကို သွားကာ...


"ရှေး...ဘာတွေလုပ်နေတာလည်း.. "


"ဒီနေ့ ရှေး ဒေါ်လေးလာမှာဟုတ်လို့..

ဟင်းချက်မလို့..."


"ကျစ်..ကိုယ်ရှေး အခုလို မီးဖိုဆောင်ဝင်တာ

မကြိုက်ဘူး.."


"ဒီတစ်ခါထည်းပါ...နော်..."


သူ့ကို ချော့သလိုပြောလာတဲ့ သူမကြောင့်

သူ ခေါင်းငြိမ့်ပြပြီး...


"တစ်ခါပဲနော်..အာ့ဒါဆို နေ့လည် မောင်

ထမင်းပြန်စားမယ်နော်...''


ရှေးသူ့ကိုခေါင်းလေးငြိမ့်ပြကာ..

သမီးလေးကိူ ချီလိုက်တဲ့သူ့က်ို

ပြုံးကြည့်နေမိသည်။


"ဖေဖေ..ချစ်..ချစ်...''


"ဟား..ဖေဖေလည်း သမီးကိူ ချစ်တယ်..

မှ.."


"ဟင့်..စူး..စူး.."


"ဟာ..သမီးလည်း သမီးအမေအတိုင်း

ပဲ ဖေဖေနမ်းရင် မဲ့မဲ့လေးဖြစ်သွားတာပဲ

နော်..."


သမီးလေးက သူ့နှုတ်ခမ်းမွေး ရေးရေး

​ကြောင့် စူးတာကိုပြောတာကြောင့် သူက ရှေးကိုပါ ကြည့်ကာပြောနေတာကြောင့် ရှေးမျက်နှာလေး ရဲသွားကာ..


"မင်းနော်..ငါက ဘာဆိုင်လို့လည်း..

မင်း Company သွားတော့..."


"ရှေး မောင် ပြောထားတာမေ့နေပြီလား..

ဘာလည အခုထိ မမှတ်သေးဘူးလား.."


"အို..မင်းသွားတော့ တော်ဝင်..

ငါဟင်းချက်တော့မယ်..."


"သွားမှာပါ..နောက်တစ်ခါ မောင်လို့

ခေါ်နော်ကြားလား...".


သူပြောပြီး သူမနဖူးလေးကို ငုံ့နမ်းလိုက်တာကြောင့် ရှေးရှက်သွားကာ...ခေါင်းလေး

ငုံ့နေမိသည်။


"ဖေဖေ..မေမေ..ရှက်..ရှက်.."


"အို..."


"ဟားး...ဖေဖေသမီးက အလယ်လေးပဲကွ..."


သူတို့သားအဖထွက်သွားမှ ရှေးမှာ 

နားရွက်လေးတွေနီပြီး ပါးလေးတွေ

ရဲကာ..ကျန်နေခဲ့ပြီး မျက်စောင်းလေးထိုး

ကာ ပြုံးမိတော့သည်။


---------------------------------------------^^^^^^^🍑🍑🍑🍑🍑🍑


"သား...လရောင် ဒီအိမ်ဖြစ်မယ်ကွဲ့.."


လရောင် အန်တီငြိမ်းပြတဲ့ ခမ်းနားထည်ဝါ

လှတဲ တိုက်ကြီးကို ကြည့်ကာ...


"သေချာလား..ဒေါ်လေး..."


"သေချာတယ်ကွဲ့..သားကားဟွန်းတီးလိုက်..."


"ဟုတ်ကဲ့..ဒေါ်လေး.."


လရောင် ကားကို ဟွန်းတီးလိုက်တော့..

တံခါးကြီးပွင့်ကာ..ခြံစောင့်လို့ ထင်ရတဲ့

လူကြီးတစ်ယောက် ထွက်လာပြီး..


"ဘာကိစ္စလည်း..ဗျ..."


"ဒါ တော်ဝက်ဂုဏ်နဲ့ ရှေးဆန်းသူတို့

အိမ်လား..."


"သြော် အကိုလေးနဲ မမလေးအိမ်ဟုတ်ပါတယ်.."


"သြော်ဟုတ်ကဲ့..ကျွန်တော်တို့က

ရှေးဆနိသူရဲ့ ဆွေမျိုးတွေပါ..

မင်္ဂလာကိစ္စအတွက် လာခဲ့တာပါ.."


"​သြော်..ဟုတ်ကဲ့ပါ..ပြောထားပါတယ်ဗျ.."


ခဏနေတော့ တံခါးကြီး ပွင့်လာပြီး

လရောင်လည်း ကားကို ခြံထဲ မောင်း

ဝင်လာခဲ့ပြီး လှပတဲ့ အိမ်ကြီးနဲ့ ခြံဝန်း

ကြီးကို ကြည့်ကာ..တော်တော် ချမ်းသာကြတဲ့

လူတွေဟု မှတ်ချက်ချလ်ိုက်မိသည်။


ရှေး သူ့ထွကိသွားတော့ အရွက်တွေ

ခြွေဖို့ လုပ်နေတုံး ကားဟွန့်သံကြောင့်

သူမအပြင်ပြေးထွက်တော့ တော်ဝင်နဲ့ သမီးကသူ့ကို လှည့်ကြည့်နေတော့ ရှေး တစ်ချက်

ပြုံးပြကာ အပြင်ကိုပြေးထွက်လာခဲ့သည်။


တော်ဝင် ပြေးထွက်သွားတဲ့ သူမကိုကြည့်ပြီး.

သမီးကိုပါချီကာ..သူမအနောက်က 

လိုက်ထွက်လာတော့...သူမနဲ့ အမျိုးသား

တစ်ယောက် ဖက်ထားတာကို သူ

တွေ့ပြီး မျက်မှောင်ကြီးကုတ်ကာ..


"မိန်မ..သမီးငိုတော့မယ်.."


သူပြောတော့လည်း သူချီထားတဲ့သမီးလေး

ကလည်း မျက်နှာလေး မဲ့နေရှာတော့သည်။


လိုက်လည်းလိုက်တဲ့ သားအဖပါ။


ဆက်ရန်..

စာရေးသူ - လွမ်းခြင်း


rate now: