book

Index 21

အပိုင်း (21)🍊🍊🍊🍊🍊

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ရှေး သူ့အနမ်းတွေကြား အသံရူမဝ

ဖြစ်လာကာ...သူ့ကို အတင်းတွန်းထုပ်သော်

လည်း သူကိုယ်ကြီးက မကြွ..ရှေး 

သူ့အနမ်းတွေကို ရှောင်ကာ..


"တော်..တော်ဝင်..ငါ..အသက်ရူမဝဘူး

ဖယ်..."


တော်ဝင် ရှက်လို့ မျက်နှာလေးရဲနေသော

သူမကို ကြည့်ကာ..ပြုံးလိုက်ပြီး..


"ရှေး..အစမို့လို့ပါ..နောက်ပိုင်း

ယာဥ်ပါးသွားလိမ့်မယ်..."


"အို..မသိဘူး...မင်းဖယ်ပေး.."


"ရှေး မောင်ပြောပြီးပြီးနော်..ဒီည မောင်

ရှေးကို အပိုင်သိမ်းတော့မှာ.."


ပြောပြီး သူထပ်နမ်းလိုက်တော့

ရှေးအတင်း သူ့အင်္ကျီမရှိတော့တဲ့

ရင်ဘကိကြီးကို အတင်းတွန်းကာ..


"တော်ဝင်..မင်း..မင်း...ငါ့ကို

အာ့လို အတင်းမလုပ်ပါနဲ့.."


"ဟာဗျာ..ရှေးက ကျွန်တော့်မိန်းမ

ဖြစ်နေပြီး ဟန်ဆောင်မနေနဲ့ရှေးရာ..

ကြာတာဗျာ..."


"အို...မင်း.."


ပြောလည်းပြော ရှေးဂေါင်ဝန်လေး

ကလည်း ကုတင်အောက်ရောက်

သွားသလိူ ရှေး သူ့မျက်နှာကြီးကို

မကြည့်ရဲတော့ဘဲ ပြောမရ ဆိုမရတဲ့

သူ့ကြောင့် မျက်ဝန်းလေးသာမှိတ်လိုက်

တော့သည်။


ကောင်းကင်မှာတော့ လမင်းကြီးသာပြီး

ရောင်စူံကြယ်လေးများကလည်း လှပနေကာ..

တော်ဝင်နဲ့ ရှေးတို့အတွက်ကလည်း ဒီညဟာ

အချစ်ည...


------------------------------------------^^^^^^🍊🍊🍊🍊🍊🍊🍊


"ဟီး.....မေမေကျိ လိုက်ပို့....

ဟီး...အဟင့်..."


အေးမာတစ်​ယောက် နန်းဆန်လေးကို

ချီကာ...လိုက်ချော့နေမိသည်။


အကိုလေးအကြောင်းကို သိတာ

ကြောင့် ဒီအချိန် တံခါးသွားခေါက်

ဖို့ ဆိုတာ အေးမာအတွက် သေ

သွားတာမှ ကောင်းအုံးမည်။


မဖြစ်ဘူး နန်းဆန်လေးကို

ငါရအောင် ချော့ရမယ်...


"အို..နန်းဆန်လေးရယ်.မေမေက

အိပ်နေပြီလေ...ဒေါ်လေးမာ..

ချော့သိပ်မယ်လေနော်..."


"ဟင့်အင်း မေကျိပို့ပေး....မေကျိ

ပဲသွားမှာ... ဟီး...."


"နန်းဆန်လေးက လိမ်မှာပါတယ်နော်..

မနက်ဖြန် မေမေဆီ ပို့ပေးမယ်နော်...

ဒီညတော့ ဒေါ်လေးမာ ချော့သိပ်မယ်

လေနော်..."


"ဟင့်အင်း..ဟင့်အင်း..မေမေကျိပို့ပေး

မေမေနဲ့ သွားအိပ်မှာ..."


"အိုး..နန်းဆန်းလေးက လိမ်မာပါတယ်...

နော်..အို..အို..."


"ဟီး...မအိပ်ဘူး..မေမေရေ...

မေမေ...ဟီး...ဟင့်..."


"ဟဲ့အေးမာ..ကလေးက ငိုလိုက်လား

ဘာဖြစ်တာလည်း..."


ဒေါ်နန်းတော်ဝင် ရေထွက်သောက်ရင်း

ကလေးငိုသံကြောင့် အခန်းဝကို.လာကာ

မေးတော​့ အေးမာ မျက်နှာလေးငယ်နေ

ကာ..


"မမကြီး..နန်းဆန်လေးက မမလေးရှေး

ဆီကိုပဲ ပို့ခိုင်းနေလို့ပါ..ပြီးတော့ အေးမာ

အခုအချိန် သွားမပို့ရဲ့ဘူး..အိပ်ချိန်လည်း

ရောက်နေပြီး ပြီးတော့ အကိုလေးကိုလည်း

အေးမာကြောက်တယ်.."


ဒေါ်နန်းတော်ဝင် အရမ်းငိုနေသော

ကလေးကို ကြည့်ကာ....


"ပေးပေးငါ့ကို ငါချော့သိပ်လိုက်မယ်..

နင်သွားအိပ်တော့... "


"ဟ်ို..ဖြစ်..ဖြစ်ပါ့မလား..မမကြီး."


"ဖြစ်တယ်ပေး..."


ထိုအချိန် မြတ်လည်းအပေါ်ထပ်က ဆင်းလာကာ...ကလေးချီထားသော အန်တီနန်းကြောင့်

အနားသွားလိုက်ပြီး..


"အန်တီ..ဘာလုပ်နေတာလည်း..."


"ဒီမှာလေ...ကလေးငိုနေလို့..ဒင်းလေးက

ဟိူမိန်းမဆီကိုပဲ ပို့ခိုင်းနေလို့တဲ..."


ဒေါ်နန်းတော် ဝင် အပြောကို မြတ်ခေါင်း

လေးငြိမ့်ပြကာ..


"အန်တီက ချော့သိပ်မလိူ့လား.."


"ဟီး...ဘွား..မေမေကျိပို့ပေး..

မေမေ..မေမေရေ..."


အော်ငိူနေသော ကလေးလေး

ကြောင့် မြတ်တစ်ယောကိ 

မျက်နှာလေး ရှုံ့မဲ့သွားကာ..


"အန်တီ..မြတ်..မြတ်သွားတော့.."


"အို..သမီးနေပါအုံး..အန်တီနဲ့ 

မြေးလေးအငိုတိတ်အောင် 

ဝိုင်းချော့ပေးပါအူံး.."


မြတ်မျက်နှာလေး ပျက်နေကာ..


"ဟို..မြတ်မှ ကလေး မချော့တက်တာ

အန်တီရဲ့...''


"အို..မချောတက်လည်းအကြောင်းလား

သမီးရဲ့ အခု ထညိးက ဝင်ယူလိုက်ပေါ့

ဒါမှ နောက်ဆို သမီးသားနဲ့ လက်ထပိပြီး

လို​့ ကလေးယူရင် အဆင်ပြေမှာ.."


"ရှင်..ဟုတ်..ဟုတ်ကဲ့..အန်တီ..."


မြတ် မျက်နှာလေးကို အစွမ်းကုန်

ပြုံးထားကာ..


"နန်းဆန်လေးရေ..အန်တီဆီလာနော်..

အန်တီ ချော့သိမ့်မယ်နော်..."


"ဟီး...လာပူး....မေမေ ကျိပို့ပေး..

ဘွား..မေမေကျ...ဟီး...."


မြတ် တစ်ယောက် ထငိုလိုက်တဲ့

ထိုကလေးကြောင့် လန့်သွားကာ

မျက်နှာကို မနည်းထိန်းထားပြီး..


"အို..မငိုရဘူးလေ...အန်တီက..

မုန့်တွေ အများကြီး ဝယ်ကျွေးမှာ

သိလားနော်.."


"စားဘူး မေမေကျိပဲ ပို့ပေး..

ဘွားရေး...မိမိ..မေမေကျိ..

ဘွားကို ချိပူး...''


"အို..မြေးရယ်..တိတ်နော်..ဘွားဘွား

နဲ့ အိပ်မယ်နော် မြေးလေးက လိမ္မာပါ

တယ်ကွယ်...''


"မာပါဘူး..မေမေကျိ...ဟီး..."


ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာ 

တစ်ယောက်ကို တစ်ယောက်ကြည့်ကာ

မျက်နှာလေးတွေ ပျက်ယွင်းနေကာ..


"ဟဲ့..မိနန်း ကျုပ်မြေး ငိုလိုက်ချိလား.."


"ဟုတ်တယ်မေမေရေ...မေမေ..မြေးချွေးမ

ဆီကို ပို့ခိုင်းနေလို့..."


ဒေါ်နန်းမဟာ နဲ့ အေးမာ အခန်းထဲ ဝင်

လာပြီး ဒေါ်နန်းတော်ဝင် သူမအနောက်က

အေးမာကိူ..


"အေးမာ..အခုချိန် မြေမလေးရှေး အိပ်မှာ

မဟုတ်သေးဘူး..သွားသွား..ခဏလောက်

သွားခေါ်ချေ..မြစ်လေးက ဒီအချိန် အိပ်မှာ

မဟုတ်သေးဘူး..."


"ဟုတ်...ဟုတ်ကဲ့ မယ်မယ်ကြီး.."


အေးမာ တစ်ယောက် ကုတ်ကုတ်နဲ့

အပေါ်ထပ်ကို တက်လာကာ..အကိုလေး

တို့ အခန်းအရှေ့ရောက်တော့ အေးမာ

ချိတုန်ချတုန်ဖြစ်ကာ...


" ဒေါက်..ဒေါက်..."


"ဒုန်း...''


"အမလေး.."


အေးမာတစ်ယောက် တံခါးကို 

တစ်ခုခုနဲ့ ပစ်ပေါက်လိုက်တာ

ကြောင့် အလန့်တကြားပြေးဆင်းလာ

တာတော့သည်။


ဒေါ်နန်းတော်ဝင် မျက်စီ မျက်နှာပျက်ကာ

ပြေးဆင်းလာသော အေးမာကို ကြည့်ပြီး..


"ဟဲ့..အေးမာ..ဘာဖြစ်လာတာလည်း

မျက်စီမျက်နှာ ပျက်နဲ့...ရှေးရော.."


"ဟို..ဟို..."


"အော်..အေးမာ မေမေ မေးနေတယ်လေ

တဟိုဟိုနဲ့..ဘာဖြစ်နေတာလည်း.."


"ဟို..အေးမာ..တံခါးခေါက်တာကို 

အထဲကနေ အကိုလေးနေမှာပေါ့..

တံခါးကို တစ်ခုခုနဲ ပစ်ပေါက်လိုက်လို့

အေးမာ လန့်ပြီးပြေးလာတာ..'


"အို...အမလေး မြေးနန်းဆန်လေးရယ်

မေမေတို့ကို မနှောက်ယှက်နဲတော့နော်.."


"အို..မေမေကလည်း..ဘာတွေ​ပြောနေတာ

လည်း.."


"အေးအေး စကားတွေ မှားကုန်လို့...

အေးမာ..ကလေးခေါ်ပြီး.ငါ့အခန်းထဲ

ကို လိုက်ခဲ့.."


"ဟုတ်ကဲ့ မေမေကြီး..."


အေးမှာတစ်ယောက်ရှိုက်နေသော

နန်းဆန်လေးကို ခေါ်ကာ...ဒေါ်နန်း

မဟာ အနောက်ကနေ လိုက်လာခဲ့လိုက်သည်။


ဒေါ်နန်းတော်ဝင်လည်း သားဖြစ်သူ

အကြောင်းတွေးကာ မျကိနှာကြီး

ရဲသွားပြီး အခန်းထဲကို သွားဖို့ အပေါ်ထပ်.ကို အမြန်တက်လာခဲ့လိုက်သည်။


မြတ်တစ်ယောက်နှုတ်ခမ်းလေးကို

ဖိကိုက်ထားပြီး အပေါ်ထပ်ကို မုန်း

တီးစွာကြည့်လိုက်ပြီး..


"ပျော်ထားကြအုံးပေါ့..ဟွန့်..."


-----------------------------------------------^^^^^^🍊🍊🍊🍊🍊🍊🍊


"ကျလိ...ကျလိ..."


နောက်တစ်နေ့ မနက်အရောက်တွင်..

ရှေး ကျေးငှက်ကလေးတွေရဲ့ အသံ

လေးတွေကြောင့် မျက်လုံးလေးများ

ဖွင့်လာပြီး...ကြည့်လိုက်တော့ သူမကို

ဖက်ထားပြီး အိပ်နေတဲ့ သူ့ကြောင့်

ရှေး ညက အဖြစ်တွေကို သတိရသွားပြီး

မျက်နှာလေးရဲလာကာ..သူမနိုးခင်ထဖို့

သူမကို ဖက်ထားသော သူ့လက်ကြီးတွေကို

အသာဖယ်လိုက်သေည်လည်းမရ...


ရှေးစိတ်တွေအိုက်လာကာ..သူ့လကိကို

ဆွဲဆိတ်လိုကိ​တာ့ တော်ဝင် သူမကိုမျက်လုံး

ဖွင့်ကြည့်လာတော့..


"မင်း..ငါ့ကို ဖက်ထားတာ..လွတ်အုံး..."


"မိန်းမကလည်းကွာ..အိပ်အုံး..မောင်

မ်ိုးလင်းမှ အိပ်ရတာနော်..."


"ဘာ...!!!!"


"ဟာ..မိန်းမကလည်း အော်တာကွာ..

မင်းငိုနေလို့ မောင်ချော့နေရတာကို

ပြောတာပါ..."


"မသိဘူး..မင်းငါ့ကို ဖက်ထားတဲ့

လက်ကို ဖယ်လိုက်.."


"ရှေးရာ..မောင်အလျော့ပေးနေလို့

ဆိုးမနေနဲ့နော်..အိပ်ဆိုအိပ်.."


"ဘာပြောတယ်..ငါမှ မအိပ်ချင်တော့

တာ..ဖယ်လွတ်... "


"ကျစ်..လာ..အိပ်..."


"အို..အမေ့.."


တော်ဝင် ထဖို့ပဲ တွေးနေတဲ့ သူမ

ကိုယ်လူံးလေးကို သူ ရင်ခွင်ထဲ

ဆွဲသွင်းလိုက်ပြီး မျက်ဝန်းများ

မှိတ်သွားတော့ ရှေးတစ်ယောက်

ထူပူသွားကာ...ရှက်လွန်းသဖြင့်

မျက်နှာရဲချိတ်လာပြီး...မျက်ဝန်များ

မှိတ်နေသော သူ့ကို မကျေမနပ်ကြည့်ကာ..

သူ့ရင်ဘက်ကို ကိုက်ချလိုက်တော့သည်။


တော်ဝင် ရင်ဘက်က တစ်ခနဲ့

နေတာ​​ကြောင့် ကြည့်လ်ိုက်တော့

ရင်ခွင်ထဲမှာ ထည်သိပ်ထားတဲ့

ကြောင်ပေါက်လေးက သူ့ကို

ကိုက်နေတာကြောင့် သူပြုံးပြီး

သူမရဲ့ ခါးအိအိလေးကို ပိုတိုး

ဖက်လိုက်ကာ..


"မောင့်မိန်းမက အချစ်စမ်းချင်နေတာကို..."


"ဘာ..မင်း..မင်းနော်..ငါသွားပါရစေ

ငါ..ဒီအတိုင်းကြီးမနေတက်ဘူး.."


"ဘယ်အတ်ိုင်းကြီးလည်း..."


ရှေးနဲ့ သူ့ရဲ့ ခန္ဓာကိုယ် မှာ 

စောင်တစ်ထည်ပဲ ရှိတယ်

ဆိုတဲ အတွေးက ရှေးကို 

စိတ်ခြောက်ခြားစေပါသည်။


ရှေးသူအဖြေကိုမဖြေပဲ နှုတ်ခမ်း

လေးပဲ ဖိကိုက်ကာ...မျက်ရည်တွေ

ဝဲလာပြီး...


"မင်းမရှက်ပင်မဲ့..ငါရှက်တယ်တော်ဝင်..

ငါ...အိပ်ယာထတော့မယ်ဖယ်ပေး.."


တော်ဝင် ငိုမဲ့မဲ့လေးဖြစ်နေတဲ့ 

သူမ မျက်နှာလေးကို ကြည့်ပြီး

ပါးလေးကို ငုံ့နမ်းကာ..


"ဘာရှက်စရာရှိလို့လည်းရှေး မင်းနဲ့မောင်က

လင်မယားတွေဖြစ်​နေပြီလေ...".


"ဟင့်အင်း မသိဘူး..ငါရှက်တယ်.."


"မရှက်ပါနဲ့ရှေးရာ..မင်း ခန္ဓာကိုယ် ပေါ်မှာ

ဘာရှိတယ်ဆိုတာ ကိုယ်အကုန်သိ.."


"အို...မင်းအရှက်မရှိ..အာ့ဒါတွေ

ပြောမနေနဲ.. "


ရှေးလက်ကလေးနဲ့ သူ့ပါးစပ်ကို

ပိတ်ကာ..မျက်နှာရဲလေးနဲ့ ပြောတော့..

တော်ဝင်ပြုံးလိုက်ပြီး...သူမလက်ကလေး

ကို ဖယ်ပြီး နမ်းလိုက်ကာ..


"အာ့ဒါဆို မောင့်ကို မရှက်နဲ့တော့လေ

မိန်းမရာ..မောင်က အရှက်မရှိတာမဟုတ်ဘူး

ရှေးကို ချစ်တာ...''


"မသိဘူး..မင်းအခု ငါ့ကို အာ့ဒါတွေ လာ

မပြောနဲ့တော့...ငါ...အခု အိပ်ယာထချင်တယ်.."


တော်ဝင်ဘေးက နာရီကို တစ်ချက်ကြည့်ပြီး..

ပြုံးလိုက်ကာ..


"ရှေး..."


ရှေး သူ ခေါ်ပုံကြောင့် မျက်ဝန်းပြူးပြူလေးနဲ 

သးမအပေါ် အုပ်မိုးလိုက်တဲ့ သူ့ကြောင့်

လန့်သွားကာ.


"တော်ဝင်...မင်းဘာလုပ်အုံးမလို့လည်း..."


တော်ဝင် သူ့အကြောင်းကို သိစွာ

မေးလာသော သူမကြောင့် သူပြုံးလိုက်ကာ

သူမနဖူးလေးမှာ ဝဲကျနေသော

ဆံနွယ်လေးများကို လေတဲ့ မှုတ်ထုပ်လိုက်ပြီး..


"ကျွန်တော့်ကို ညကလို ထပ်ဆိုးခွင့်ပြု ပါ.."


"ဟင့်အင်း..မရ.. အို...အမေ့..."


ရှေး မျက်ဝန်းတွေပြူးကျယ်သွားကာ

ခေါင်းလေးခါရမ်းကာ ငြင်းဆိုလိုက်သော်လည်း တော်ဝင်တစ်ယောက်

မကြားချင်ယောင်ဆောင်ကာ..သူမ နှုတ်ခမ်း

လေးမှ အစ အရာရာကို ထပ်မံပြီး သိမ်းပိုက်

သွားတော့သည်။


------------------------------------------^^^^^^🍊🍊🍊🍊🍊🍊🍊


"အေးမာ...ညိုညို..ညည်းတို့မမလေး

ဆင်းလာပြီလား..''


"မဆင်းလာသေးပါဘူးမေမေကြီး...''


ဒေါ်နန်းမဟာ အရင်ကဆို မနက်၅နာရီ ထပြီး

ဘုရားရှစ်ခိုးကာ မနက်စာပြင်ဆင်နေတက်တဲ့

မြေးချွေးမလေးက အခုထိ ဆင်းမလာဘူး

ဆိုတာကြောင့် သူမ မျက်ခုံးတွေ ပင့်တက်

သွားကာ..


"ဟယ်..နေများ မကောင်းလို့လားကွယ်..."


ဒေါ်နန်းမဟာ စိုးရိမ်စွာပြောနေတော့

အေးမာနဲ့ ညိုညို မျက်နှာလေးတွေ 

ရှုံ့မဲ့သွားကာ..မဝံ့မရဲလေးဖြင့်..


"ဟို.မေမေကြီး..''


"ပြောလေ...."


"အကိုလေးပါ..ဆင်းမလာသေးတာပါ..''


"ဘယ်လို.."


ဒေါ်နန်းမဟာ တစ်ခုခုကို အတွေးပေါက်

သွားကာ...မျက်နှာကြီးမှာ ပြုံးသွားပြီး..


"နင်တို့နှစ်ယောက်မကြာခင် ကလေး

ထိန်းရဖို့သာပြင်ထားကြ..."


"ရှင်..."


အေးမာ မျက်လုံးလေးပြူးသွားမိသည်။


နန်းဆန်လေးနဲ့တောင် သူမရူးချင်.နေတာ

အကိုလေးကလေးလေးသာဆို ခေါင်းမွှေပါ

ပြောင်မှာကြိမ်သေသည်။


"ဘုရား..ဘုရား..မမလေးနဲ့ အကိုလေး

မွေးလာမဲ့ကလေးက မမလေးနဲ့သာတူ

ပြီး အကိုလေးလို ဒေါသကြီးပြီး ကြောက်စရာမကောင်းပါစေနဲ့ဘုရား..အေးမာကို

သနားရင် အေးမာရဲ့ ဆုတောင်းကို

ဖြည့်းဆည်းပေးတော်မူပါဘုရား..."


ညိုညိုအေးမာဆုတောင်းကို

ရယ်လ်ိုက်ပြီး..


"ဟား..အကိုလေးနဲ့ မမလေးက 

မွေးပါတယ်ဆိုမှ နှစ်ယောက်လုံးနဲ့

တူမှာပေါ့..မအေးမာရဲ့.."


"အာ့ဒါလည်း ဟုတ်တယ်နော်..."


"မေမေကြီး..."


"ဘာလည်းပြော..."


အေးမာတစ်ယောက် မျက်နှာလေး

ငယ်ကာ..မေမေကြီးကို ကြည့်ပြီး..


"အကယ်၍များ အကိုလေး တို့

ကလေးရခဲ့ရင် ကလေးထိန်း နောက်တစ်ယယောက်ခေါ်ပါနော်..အေးမာ အခြားဘာ

ခိုင်းခိုင်း အကုန်လုပ်ပါ့မယ်..အကိူလေး 

ကလေးက အကိုလေးနဲ့ တူရင် အေးမာ

မထိန်းရဲဘူး. '"


"အေးပါ..အေ..ဟုတ်ပါပြီ..."


အာ့တော့မှ ပြုံးသွားတဲ အေးမာကြောင့်

ဒေါ်နန်းမဟာ..မပေါ်ထပ်က မြေးဖြစ်သူ

ကို မှန်းကာ ချစ်စန်ိုးမျက်စောင်းလေးထိုးကာ..


"တော်တော်ဆိုးတဲ့ ကောင်လေး..."


ဆက်ရန်..

စာရေးသူ - လွမ်းခြင်း


rate now: