"မင်း..မင်းနော်..ငါ..ငါငိုမှာနော်...
ဖယ်.."
အရှေ့ကိုတိုးလာသည့် သူ့မျက်နှာကြီး
ကြောင့် ရှေး အတင်းတွန်းထုတ်ကာ
ပြောသော်လည်း သူ ပြုံးပြီး ရှေး မျက်နှာ
လေးနားထပ်တိုးလာကာ..ရဲနေသော
နှုတ်ခမ်းဖူးဖူးလေးကို သူ့ကြည့်ပြီး...
"အစောကြီးက ဖြတ်လို့ ပြောသားပဲ..
အခုတော့ နောက်ကျသွားပြီး.အဟွန်း.."
"အွန်း..''
သူပြောလည်းပြော သူမ နှုတ်ခမ်းလေး
ကို စုပ်ယူနမ်းရှိုက်နေတော့ ရှေးတစ်ယောက်
ရင်ဘက်ထဲမှာ စက်လှေခုတ်မောင်းနေသလို
ရင်ခုန်တာလား ရင်တုန်တာလားတောင် မသဲ
ကွဲတော့...ရှေး အသက်ရူးတွေ ကျပ်လာကာ..
သူနှုတ်ခမ်း ကိုကိုက်ချလိုက်ပြီး..
"အာ့...ဟာ..ရှေး..ကိုက်ကလာ...
မင်းလူရောဟုတ်ရဲ့လား..."
ရှေး မျက်စောင်းထိုးကာ..
"ငါ့သက်ရူကြပ်နေပြီ မင်းက
ပြောလို့မှ မရတာ..."
သူ့ကို မျက်စောင်းလေးထိုးကာ
ပြောတဲ့ သူမကြောင့် သူပြုံးလိုက်ပြီး...
"နောက်တစ်ခါ...နှုတ်ခမ်းနီ မဆိုးနဲ့ ကြားလား.."
သူမေးသော်လည်း သူမလေးက
သူ့ကို မဖြေပဲ ကားမှန်တံခါးဘက်ကို
လှည့်နေတာကြောင့် တော်ဝင် ပြုံးလိုက်ကာ..
"ရှေး ကျွန်တော် တစ်ခု သိချင်တယ်
သိလား..''
"ဘာလည်း.. "
ထိုတော့မှ သူမ သူ့ဘက်လှည့်လာ
တော့ သူပြုံးပြီး သူမဘက်ကို ကြည့်ကာ
"ခင်ဗျား...ရည်းစားထားဘူးလား.."
"ဘာလုပ်မလို့လည်း မင်းက.."
"ဖြေစမ်းပါဗျာ..သိချင်လို့.."
ရှေးသူ့ကို ကြည့်ပြီး ခပ်ညစ်ညစ်ပြုံး
ကာ..
"ထားဘူးတယ်..အခုတောင် မင်းနဲ့
လက်ထပ်လိုက်ရလို့...သူ
ဂျပန်ကပြန်လာရင်..ငါတို့..."
"တော်စမ်း..ရှေး..ခင်ဗျား..ကျွန်တော်
နားထောင်နေလို့ အကောင်းထင်မနေနဲ့..."
မျက်နှာကြီး ချက်ချင်းတင်းမာသွား
တဲ့ သူ့ကြောင့် ရှေး ပြုံးလိုက်ပြီး..
"မထင်ပါဘူး..မင်းပဲ မေးတာလေ..."
သူ မျက်နှာတည်ကြီးနဲ့ ကားမောင်း
နေတော့ ရှေး တစ်ဖက်ကိုလှည့်ကာ..
ပြုံးလိုက်မိသည်
"မှတ်ထား..သူများအပေါ် အသားယူ
ချင်အုံး..."
ရှေးတစ်ဖက်လှည့်ကာ..နှုတ်ခမ်းလေး
ဆူကာ..စိတ်ထဲကနေ ပြောပြီး...အခုလို
ပြောလိုက်ရတဲ့အတွက် သဘောတွေကျနေ
မိသည်။
"ဘယ်လောက်ကြာပြီလည်း.."
"ဟင်..ဘာကိုပြောတာလည်း... "
ရှေး ရုတ်တရပ်ကြီး မေးလိုက်တဲ့
သူ့အမေးကို နားမလည်တာကြောင့်
ပြန်မေးလိုက်တော့ သူ သူမကို
မကြည့်ဘဲ ကားကိုသာ မောင်းနေပြီး..
"မင်းချစ်သူရှိတာ..ဘယ်လောက်ကြာပြီ
လည်းလို့မေးတာ..."
"၃နှစ်....''
တော်ဝင် သူမကို ဘာမှ ပြန်မပြောတော့ဘဲ
ဘုန်းကြီးကျောင်း ဝိုင်းထဲရောက်တော့
ကားကို ရပ်လ်ိုက်ကာ...သူနဲ့ သူမ
ကားအောက်ကို ဆင်းလိုက်တော့...
"အမလေးမြေးတို့ရယ်...ကြာလိုက်တာ"
"ဟုတ်တယ်ဘွား.. ကားပိတ်သွားလို့..."
"ဟုတ်ပါပြီး..လာ..အခုလုံး ကျောင်းထဲ
ရောက်ကုန်ပြီ..ဒါနဲ မြေနှုတ်ခမ်းက
ဘာဖြစ်တာလည်း.."
တော်ဝင် အဘွားအမေးကြောင့်
နှုတ်ခမ်းကို ကိုင်ကာ.သူမကို
ကြည့်လိုက်တော့ မျက်နှာလေး
ရဲနေတာကြောင့် အဘွားကိုပြုံးပြကာ..
"လမ်းမှာလေ...ကြောင်မ အစား
တောင်းနေတာနဲ့ သားက ကျွေးတာ
အာ့ဒါ သားကို ကိုက်သွားလို့..."
"အို..မြေးရယ် ဖြစ်ရလေ..အိမ်ပြန်ရောက်
ရင်ဆေးလိမ်းအုံးနော်..."
"ဟုတ်ကဲ့ဘွား.."
"လာမြေးတို့..လာကြ.."
အဘွားက အရှေ့က သွားတော့..
ရှေးသူ့ကို မျက်စောင်းထိုးပစ်ကာ..
သူပြောမှ ရှေးဘဝက ကြောင်ဖြစ်သွား
တဲ့ ဘဝ တွေ့အုံးမှာပေါ့.. တော်ဝင်စုတ်...
တော်ဝင် မဲ့နေ့တဲ့ သူမကို ကြည့်ကာ..
"ခင်ဗျား ကျွန်တော့ကို စိတ်ထဲကနေ
ကျန်ဆဲမနေနဲ့..."
"ဘယ်..ဘယ်မှာ ငါကြိမ်ဆဲလို့လည်း..."
"အဟွန်း.."
သူမအပြောကို ရယ်လိုက်တာကြောင့်
ရှေး မျက်စောင်းလေးထိုးကာ...
"မင်းဘာရယ်တာလည်း...
မင်းနဲ့ငါ..ရနိမဖြစ်ချင်ဘူးနော်.."
"ဘယ်သူကလည်း ဖြစ်ချင်နေတယ်
ပြောလို့လည်း..."
ရှေး သူမကို စကားအကောင်းပြန်
မပြောတဲ့ သူ့ကြောင့် အရှေ့ကိုပဲ
ကြည့်ကာ..ဘုန်းကြီး တွေနဲ့ ဘုရား
ကို ဦးချလိုက်ပြီး..များပြားလှတဲ့
လူတွေကို အခုမှ သတိထားမိတော့သည်။
အကုန်လုံးက သူမတို့ကိုပဲ ကြည့်နေ
ကြတော့ ရှေး သူ့ကို တစ်ချက်ပြန်ကြည့်တော့ သူက ဘာလို့လည်းဆိုသည့်သဘောဖြင့် မေး
ဆက်ပြတော့ရှေးခေါင်းလေးခါပြကာ..
လက်ကလေးကို ဆုပ်က်ိုင်ထားတော့..
သူရှေ့လက်ကိို ထပ်ပြီး အုပ်ကိုင်လိုက်
တာကြောင့် ရှေးပြန်မော့ကြည့်ကာ..
"ဘာမှ မကြောက်နဲ့..အကုန်လုံးက
ကျွန်တော်တို့ ပွဲကို လာကြတာ.."
"ကဲ...မြေးတို့..ဘုန်းဘုန်းတို့ကို ဆွမ်းကပ်
ပြီး ပြီးရင် ရက်ရွေးကြတာပေါ့...''
ရှေးနဲ့ သူ ဘုန်းဘုန်းတွေကို ဆွမ်းကပ်ပြီး
အဘွားက ရှေ့နေတွေပါခေါ်ထားသေး
တာကြောင့် သူမတို့နှစ်ဦး လူကြီးရှေ့မှာ
လက်မှတ်ရေးထိုးပြီး... အကုန်ပြီးစီးလို
ပြန်မို့ကားနားကို သူ သူမလက်ကို ဆွဲကာ..
လျှောက်လာတုံး...
"ရှေး ကုန်တိုက် ခဏဝင်ရအောင်..''
"အင်း..ဝင်လေ..."
ရှေး သူ့ကို ခေါင်းငြိမ့်ပြလိုက်တော့
သူ ကားကို မောင်းထွက်လိုက်ကာ..
နှစ်ယောက်သား ဘာမှ မပြောကြဘဲ
တိတ်ဆိတ်နေမိသည်။
ရှေး သူ့က်ို စလိုက်တာ များသွားလားမသိ
သူမကို အခုအချိန်ထိ စကားကောင်းကောင်း
ပြန်မပြောပေ။
ခဏနေတော့ ကားရပ်သွားတာကြောင့်
ရှေး အပြင်ဘက်ကို ကြည့်လိုက်တော့..
ကုန်တိုက်တစ်ခုကို တွေ့တာကြောင့် ခါး
ပတ်ဖြုတ်ကာ..ကားပေါ်ကာ ဆင်းဖို့ပြင်နေတဲ့
သူ့ကို ကြည့်ကာ..
"ငါ...မလိုကိတော့ဘူးနော်.."
"ဘာလို့လည်း.."
"ငါ..လူရူပ်တဲ နေရာကို သွားရတာ
မကြိုက်ဘူး...''
"သဘောပဲလေ..အာ့ဒါဆို ခဏစောင့်
ကျွန်တော်ပြန်ခဲ့မယ်.."
"အင်း...''
ရှေး ခေါင်းလေးငြိမ့်ပြတော့.
သူဆင်းသွားတာကို ကြည့်ကာ
ရှေး ဝမ်းနည်းနေမိတော့သည်။
သူအခုလို သူမအပေါ် အေးဆက်ဆက်
ဆက်ဆံတော့လည်း ရှေးမနေတက်။
ရှေး သူ့အပေါ် ခံစားချက်တွေ ရှိနေတာလား..
ဟင့်အင်း မဖြစ်န်ိုင်ပါဘူး..ရှေးတွေးနေတုံး
ခဏကြာတော့ တော်ဝင် မိန်းကလေးတစ်
ယောက်နဲ့ ပြန်ထွက်လာကာ..တွေတော့ ရှေး
မျက်ခုံးလေးတွေ ပင့်တက်သွားကာ..
ကြည့်နေမိသည်။
"တော်ဝင်..အန်တီကိုပြောလိုက်အုံး..
ငါအားရင်လာခဲ့မယ်လို့.."
"ok ပြောလိုက်မယ် မစု.."
"နင်ငါ့ကို မိတိမဆက်ပေးတော့ဘူးလား
တော်ဝင်...နင့်ရဲ့ ဇနီးချောလေးနဲ့..."
"မင်္ဂလာညစာစားပွဲ ကြရင် လာခဲ့..အာ့အခါ
မိတ်ဆက်ပေးမယ်...''
"ဟုတ်ပါပြီ...အာ့ဒါဆို မစုသွားတော့မယ်နောိ.''
"ok မစု..."
တော်ဝင် မစုကိုနှုတ်ဆက်ပြီး မျက်နှာလေး.ပျက်ကာ..လက်ကလေးပိုက်ပြီး
တစ်ဖက်လှည့် နေသော သူမကြောင့်
သူပြုံးလိုက်ကာ..
"ခင်ဗျားလည်း...နည်းနည်းလောက်
ခံစားကြည့်...ရှေး..."
---------------------------------------^^^^^🍊🍊🍊🍊🍊🍊🍊🍊
မြတ် အခုမှ ချစ်သူဖြစ်တဲ့ ရှိုင်းနဲ့
လျှောက်လည်ပြီး ပြန်လာတော့..
သူမလက်ကို လာဆွဲလိုက်တဲ့
လူကြောင့် သူမ ဒေါသထွက်သွားကာ..
"ဘာလုပ်တာလည်း...ဇာနည်စွမ်း.. "
"အဟက်..ဘာလည်း ဟိုတယ် က
ပြန်လာတာလား...''
"ငါ့တို့ဘာသာ ငါတို့ ဘယ်က ပြန်ပြန်
နင်အကြောင်းမပါဘူး..."
"ဟား...ဒီမှာ အကို ခင်ဗျားကို
ကျွန်တော် အသိပေးလိုက်အုံးမယ်..
ခင်ဗျား ဒီလို အကျင့်မကောင်းတဲ့
မိန်းမနဲ့သာ ဆကိတွဲရင် ခင်ဗျား နွားဖြစ်မှာ
သိလား.."
"တောက်..နင်အရမ်းလွန်လာပြီနော်..
ဇာနည်စွမ်း..နင်အခု ချက်ချင်း ငါ့အရှေ့
ကထွက်သွားစမ်း..."
"ဟား...သွားမှာပါ...ငါအခု စကားလာ
ပြောတာလည်း နင့်ကိုယ်နင် အဟုတ်
မှတ်မနေနဲ့...ငါက ဒီက အကိုကို သတိပေး
ချင်လို့ လာတာ မြတ်သစ္စာ..နင့်ကိုဆို
ငါက ရွံလွန်းလို့...သွားပါအုံးမယ်..bye"
ပြောကာထွက်သွားတဲ့ ဇာနည်စွမ်းကို
မြတိနှုတ်ခမ်းလေးကိုက်ကာ..
မကျေမနပ်ကြည့်နေရင်း...
"မြတ်..သူက ဘယ်သူလည်း.."
မြတ်ပျက်နေသော မျက်နှာလေးကို
ပြင်ပြီး ပြုံးလိုက်ကာ...
"သြော် သူက မြတ်ကို လိုက်ကြိုက်နေတာ
မြတိ အဖြေပြန်မပေးလို့လေ..အခူလိုပဲ
မြတ်မကောင်းတာတွေလိုက်ပြောနေတာ...."
"ဒီကောင်း..တော်တော်မလွယ်ဘူးပဲ...
မြတ်သတိထားအုံး..."
"အင်းပါကိုရဲ့...မြတ် သတိထားပါမယ်..."
မြတ် သူမပြောတာ ယုံရသွားပုံရသည့်
ရှိုင်းလက်ကို ဖက်ထားလိုက်ပြီး..
"သွားရအောင်း ကို..."
"Ok.."
မြတ်တို့ကားပေါ်တက်ကာ..
မောင်းထွက်သွားတော့...
ဇာနည်စွမ်း ကားထဲကနေ.ကြည့်နေတာ
"မြွေဟောက်မ...မင်းအစွယ်..ကျိုးမဲ့.
နေ့ကို ငါကြည့်နေမယ်..."
ဇာနည်စွမ်း ပြောကာ..ကားကို
မောင်းထွက်လာခဲ့တော့သည်။
----------------------------------------------^^^^^🍊🍊🍊🍊🍊🍊
"ကဲ..မင်္ဂလာရက်က သုံးရက်ပဲ
လိုတော့တာဆိုတော့ ပြင်ဆင်သင့်
တာပြင်ဆင်ရတော့မယ်..မြေးမလေး
ဘာတွေ လိုအပ်သေးလည်း..."
"ဟို..ရှေးဘာမှ မလိုအပ်ပါဘူးအဘွား..."
"ဒါဆို မြေးကရော..."
"ကျွန်တော်လည်း ဘာမှ မလိုပါဘူး.."
"ကောင်းပြီး အာ့ဒါဆို..ပွဲကနှစ်ပွဲနောိ...
မနက်ပိုင်း သံဃာတော် အပါး ၅၀၀၀
ကို ဆွမ်းအလှူ လုပ်ပြီး ညပိုင်း dinner
ပေါ့....အဆင်ပြေကြရဲ့လားမြေးတို့.."
"ဟုတ်ပြေ ပါတယ်ဘွား..."
"အေးအေး မြေးတော်ဝင် မြေးမလေး
အတွက် မနက်ဖြန် ဒဇိုင်နာ ဆီမှာ
ဝတ်ဆုံသွားအပ်ဖို့ စီစဥ်အုံး.."
"ဟုတ်ကဲ့ဘွား..."
"အေးအေး ကျန်တာတော့ အဘွား..
အိမ်တော်ထိန်းကြီးကို အကုန်လုပ်
ခိုင်းထားပြီးပြီး...မြေးတို့လိုအပ်တာ.
ရှိရင်ပြောနော်.."
"ဟုတ်ကဲ့..ဘွား..."
"ဟဲ့..မြေးတော်ဝင် ဘွားပြောတာ
ကြားလား...''
"ကြားပါတယ်..ဘွားရဲ့.."
"အာ့ဒါဆို မြေးတို့သွားနားကြလေ...
မြေးမလေးက သမီးအဒေါ်ဆီကို
ဖုန်းဆက်ပြီး ခေါ်အုံးနော်..ဒီက
ကြိုပေးဆိုလည်း ကြိုပေးမယ်လို့..."
"ဟုတ်ကဲ့ဘွား..."
Ring Ring Ring....
Ring Ring Ring...
ထိုအချိန် တော်ဝင်ဆီက ဖုန်းသံ
ကြောင့် အဖွားရော ရှေးပါကြည့်လိုက်တော့
တော်ဝင် ခေါင်းငြိမ့်ပြကာ..
"ကျွန်တော်..ဖုန်းပြောလိုက်အုံးမယ်
အဘွား..."
"အော်..မြေးနဲ့ ဒီမှာ ပြောလည်း
ရနေတာကို..."
ဒေါ်နနမဟာ..ပြောပြီး..ရှေးကို ကြည့်ကာ
မြေးမလေး မျက်နှာလည်း မကောင်း
ပါလား..ဘာဖြစ်လို့လည်း.."
"ဟို..ရှေးဘာမှ မဖြစ်ပါဘူးဘွား..
ဒီနေ့ နည်းနည်းပင်ပန်းသွားလို့ပါ.."
"သွားနားမြေးမလေး မင်္ဂလာပွဲကလည်း.
နီးနေပြီဆိုတော့ ဂရုစိုက်အုံးနော်..z''
"ဟုတ်ကဲ့ဘွား..အာ့ဒါဆို ရှေး သွားနား
တော့မယ်နော်... "
"ကောင်းပါပြီ မြေး..."
ရှေး အဘွားကိုနှုတ်ဆက်ကာ..
အပေါ်ထပ်ကို တက်ခါနီး ပြုံးရွှင်စွာ
ဖုနိးပြောနေသော သူ့က်ို တစ်ချက်ကြည့်ကာ
အပေါ်ထပ် သူမတို့အခန်းကို တက်လာလိုက်တော့သည်။
ရှေး သူ့ရဲ့ အခုလို ပုံစံတွေကြောင့်
သူမဝမ်းနည်းနေမိသည်။
ရည်စားလေးထားဖူးတယ်လို ပြောမိတာ
ကို အခုလို တော့သူမလုပ်သင့်ပါဘူး..
အခုလည်း နေ့လည်က တွေ့ခဲ့တဲ့
မိန်းကလေးပဲ နေမှာပေါ့....
ရှေး သူမဖုန်းလေးကိုယူကာ..
ဒေါ်လေးကို ခေါ်လိုက်တော့..
"Hello..ဒေါ်လေးလား.."
"ဟုတ်ပါတယ်ကွယ်...ဘယ်သူများလည်း.."
"ရှေးပါ ဒေါ်လေးရဲ့...."
"ဟယ်..သမီးရှေး..အခုမှပဲ ဆက်တော့တယ်
ကွယ်..."
ရှေးဒေါ်လေးရဲ့အပြောလေး
ကြောင့် ပြုံးလိုက်ကာ..
"ရှေး ဆက်မလို့ပါပဲ..ဒေါ်လေးရယ်..
ကိစ္စတွေပေါ်ပေါ်လာပြီး မဆက်ဖြစ်တာ
ဒေါ်လေးရယ်..."
"ဟုတ်ပါပြီကွယ်..အခုရော...ဘာဖြစ်လို့လည်း အဆင်ရော ပြေရဲ့လား..ရှေး..."
"ပြေပာတယ်..ဒေါ်လေးရဲ့..ဒေါ်လေး
သဘက်ခါ...ရန်ကုန်လာဖို့ ဖုန်းဆက်တာ..
နောက်သုံးရက်နေ ရှေး မင်္ဂလာပွဲလေ..."
"လာရမှာပေါ့..ရှေးရယ်..ဒေါ်လေးဆီမှာ
ဒီတူမလေး တစ်ယောက်ပဲရှိတာကို...
ဒေါ်လေး လာခဲ့မယ်နော်..."
"ဟုတ်ကဲ့..ဒေါ်လေး..ရှေး ကားလွှတ်
ပေးရအုံးမလားဟင်..."
"ရတယ်..သမီး ရှေး..ဒေါ်လေးပဲ
လာတော့မယ်..မကြိုနဲ့.."
"ဟုတ်ကဲ့..ဒေါ်လေး ..ဂရုစိုက်အုံးနော်..
အာ့ဒါဆို ရှေး ဖုန်းချလိုက်တော့မယ်နော်..."
ရှေးပြောပြီး ဖုန်းချလိုက်ကာ...
ပြတင်းပေါက်ကနေ မီးရောင်တွေ
ထိန်နေပြီး ကြယ်တွေနဲ့ လှပနေသော
ကောင်းကင်ကြီးကို ကြည့်ကာ..သက်ပြင်း
ချလိုက်မိသည်။
တိုက်ဖုန်းပြောပြီး ဧည့်ခန်းကို ကြည့်လိုက်တော့ သူမကို မတွေ့တော့တာကြောင့်
သူ အခန်းရှိရာကို တက်လာလိုက်ပြီး
တံခါးအသာဖွင့်ကာ..အခန်းထဲ
ဝင်လိုက်တော့...သူမ ပြင်တင်းပေါက်မှာ
ရပ်နေတာကြောင့် သူပြုံးလိုက်ကာ..
သူမအနားသွားပြီး...အနောက်ကနေ
ခါးကို ဖက်ထားလိုက်ပြီး...
"ဘာလုပ်နေတာလည်း ရှေး..."
ရှေးသူ့လက်လာဖက်လိုက်တာကြောင့်
ကျနေသော မျက်ရည်တွေကို အမြန်သုတ်ကာ..
"ဘာမှ မလုပ်ပါဘူး...".
တော်ဝင် သူမရဲ့ အသံက တစ်မျိုးဖြစ်နေတာ
ကြောင့် သူမ ပခုံးလေးကို ကိုင်ကာ
ဆွဲလှည့်လိုက်တော့..
"ဟင်..ရှေး...ဘာဖြစ်နေတာလည်း...
ဘာလို့ငိုနေတာလည်း.. ပြော...".
"ဟင့်အင်း.."
"ဟာကွာ..ရှေးပြောမှ မောင်ကသိမှာပေါ့
ပြောကွာ..ရင်တွေပူလာပြီ..."
ရှေးသူ မေးမှ ပိုငိုချင်လာတာကြောင့်
ရှေးမျက်ရည်တွေ ကျလာပြီး ခေါင်းလေး
ပဲ ခါရမ်းနေမိကာ...
"ဟင့်အင်း..ငါတစ်ယောက်ပဲ
နေပါရစေ..တော်ဝင်...''
"ရမလားဗျ..တစ်ယောက်ထည်း မနေချင်
လို့ မိနိးမယူထားတာ..အခု ရှေးဘာဖြစ်နေတာလည်း ကျွန်တော့ကိုပြော.."
"မင်းကြောင့်.."
"ဘာ...ကျွန်တော့်ကြောင့်ဟုတ်လား..."
"ဟုတ်တယ်...''
တော်ဝင် မျက်ခုံးတွေ ပင့်တက်သွားကာ..
"ပြောပါအူံး..ကျွန်တော် ဘာလုပ်လို့လည်း.."
"မင်းလက်မထပ်ချင်လည်း ငါ့ကို
လက်မထပ်နဲ့ပေါ့..အခုက မင်းက စိတ်မပါ
သလိူနဲ့....ပြီးတော့...မင်းက မိန်းကလေးတွေနဲ့လည်း..."
"ဟာ..ရှေး ခင်ဗျား လွန်ပြီနော်..မိန်းမဆိုရင်
အခုချိန်ထိ ခင်ဗျားနဲ့ ပဲ ရင်နှီးဖူးတာ..
ဘယ်မိန်းမမှ ခေါင်းထဲက်ိုမထညိ့တာ..
ကျွန်တော့်ခေါင်းထဲမှာ ရှေးပဲ ရှိတာ..
နေ့ခင်းက ရှေူတွေ့တာလည်း ကျွန်တော်
တို့နဲ့ ရွှေမျိုးတော်တဲ့ အမပါ..ရှေးအတွက်
အာ့ဒိအမက မင်္ဂလာဝတ်ဆုံ ချုပ်ပေးမှာလေ..."
သူပြောတော့ ရှေး မယုံသလိုလေး
ကြည့်နေတော့ သူပြုံးကာ..
ခေါင်းငြိမ့်ပြပြီး...
"တကယ်ပါ..ရှေးရဲ့..ကျွန်တော့
နှလုံးသားက ရှေးတစ်ယောက်
ထဲ အတွကိပဲ..အာ့တော့ ရှေး
ကျွန်တော့်ကို ဒီည မငြင်းနဲ့တော့နော်..
ကျွန်တော် ရှေး ချစ်သူရှိတယ်ဆိုထည်းက
ကျွန်တော်ဒီည ရှေးကို အလွတ်ပေးဖို့
အစီစဥ်ကို မရှိတော့တာ...အာ့ဒါကြောင့်
ရှေး... ကျွန်တော့ကို ဆိုးခွင့်ပြုနော်.."
"အို...တော်ဝင်..."
ရှေးတစ်ယောက်...ဘာမှ ပြန်မပြောန်ုင်စွာ
လူဆိုးလေးရဲ့ ရင်ခွင်ထဲ ကြရောက်သွားကာ.
အရှက်ကြီး ရှက်နေပြီး...
လျှာရှည်ချင်အုံး မိရှေး..
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း