တော်ဝင်...လိပ်စာမှာပါတဲ့ တစ်ထပ်တိုက်
ပုပုလေးအရှေ့ကို ကားထိုးရပ်လိုက်ပြီး နေကာ မျက်မှန်ကို ချွတ်ပြီး ပြောင်လက်နေသော ကားပေါ်မှ ဆင်းကာ.တံခါးဖွင့်ထား
သော ခြံဝန်းလေးထဲကို ဝင်လာခဲ့လိုက်သည်။
သူခြံထဲ ဝင်ဝင်ခြင်း သစ်ပင်ရိပ်
လေးအောက်မှာ...အရုပ်တွေနဲ့
ထိုင်ဆော့နေသော ချစ်စရာ
ကလေးငယ်လေးတစ်ဦးကို
တွေ့တာကြောင့် သူဘေးပတ်ဝန်း
ကျင်ကိုဝေ့ကြည့်လိုက်တော့
တစ်ယောက်မှ မတွေ့။
သူစိတ်ထဲကနေ...
တော်တော်ကောင်းတဲ့ အဒေါ်
ကလေးတစ်ယောက်ထဲကို
ခြံထဲမှာ လွတ်ထားတာပဲ...
သူနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ
သူမလေးအနားကို လျှောကိသွား
လိုကိတော့..သူမျက်ခုံးတွေပင့်
တက်သွားရသည်။
ကလေးလေးက သူနဲ့ သွားဆင်နေသည်
မဟုတ်လား။ သူနာကျင်စွာမဲ့လိုက်ပြီး...
"မမက...ကျွန်တော့ကို အာ့လောကိ
ချစ်ရှာတာလား..."
သူကလေးအရှေ့မှာ ဒူးထောက်ထိုင်
လိုက်တော့...သူမလေးက သူ့ကို မျက်ဝန်း
ဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စဖွယ်ကြည့်ကာ...
"ဖေဖေ..."
မပီကလာပီကလာလေးနဲ့ ခေါ်တော့
သူပြုံးမိသွားကာ...ဝတုတ်တုတ်ကိုယ်
လုံးလေးကို ကောက်ချီလိုက်ပြီး...
"ဦးဦးက..သမီးရဲ့ ဖေဖေမဟုတ်ဘူး...
ဦးလေးလေ..ခေါ်ကြည့်ရမ်း..ဦးဦးလို့..."
သူပြောတာကို သူမလေးက နားလည်
သယောင် မျက်တောင်ရှည်ကြီးတွေကို
တဖြတ်ဖြတ်ခက်စွာ....
"ဖေဖေ..."
"ဟ..."
"အို...ရှင်ဘယ်သူလည်း.. ကျွန်မသမီးကို
လွတ်ပေး...''
ထိုအချိန်အသံစာစာလေးနဲ့ ဝင်လာတဲ့
အမျိုးသမီးက သူ့လက်ထဲက ကလေးကို
ဆွဲယူလိုက်တော့ သူရှောင်လိုက်ချိန် သူမလေး
အရှိန်လွန်သွားပြီး လဲမလိုဖြစ်တာကြောင့်
သူကလေးကို တစ်ဖက်ချီထားကာ..တစ်ဖက်က သူမလေးရဲ့ ခါးကနေ သိမ်းပွေ့ထိန်းထားတော့ ဖက်ထားသလိုမျိုးဖြစ်နေတော့ သူမလေး..မျက်နှာလေးရဲ့ကာ...
"အို....မင်း..မင်..ဘယ်လိုလုပ်လိုက်တာလည်း.."
တော်ဝင်...မျက်ခုံးကြီးတွေ ပင့်တက်သွားကာ...ခပ်ဂျစ်ဂျစ်ပုံစံဖြင့် မျက်လုံးများမေး
စင်းကာ..သူအရှေ့က သူမကိုကြည့်လိုက်ပြီး...
"ခင်ဗျာ..လဲမှာဆိုးလို့ ထိန်းပေးတါလေ..ကျွန်တော်မထိန်းထားရင်..အခုလောက်
ဆို..ခင်ဗျာ..သွားတွေကျွတ်နေပြီ..."
ရှေး သူမကို ခြံဝန်းထဲအထိ လာပြီး စော်ကား
ပြောဆိုနေသော သူ့ကို နှုတ်ခမ်းလေးဖိကိုက်
ကာကြည့်ပြီး....
"မင်း..မင်း...ရိုင်းလိုက်လား...''
"ဘာကိစ္စ..ရိုင်းရမှာလည်း..ဖြစ်မှာကို
ပြောပြတာ.."
ရှေး မျက်စောင်းလေးထိုးပြီး...သူချီ
ထားတဲ့ သူတို့နှစ်ယောက်ကို မျက်ဝန်း
ဝိုင်းလေးနဲ့ တစ်လှည့်စီ လိုက်ကြည့်နေသော
တူမလေးကို ကြည့်ပြီး...
"ပေး..ကျွန်မသမီးကို.."
"ဘာကိစ္စပေးရမှာလည်း..."
"ဘာ..ရှင်..ကဘာဆိုင်လို့...အခု
စကားပြောရတာလည်း..."
"မေမေ...ပေပေလေ..."
"အို..သမီး..အာ့ဒါ ဖေဖေမဟုတ်ဘူး
သမီးဖေဖေက..."
"ဒီမှာ..ခင်ဗျာ..တိတ်စမ်း..."
သူအော်လိုက်တာကြောင့် ရှေး
မျက်လုံးလေးပြူးပြီး.. သူ့ကို
ဒေါသမျက်နှာလေးနဲ့ ကြည့်ကာ...
"မင်း..ငါ့ကို အော်စရာမလိုဘူး..
ငါ..ငါ့သမီးကိုပြောနေတာ..."
တော်ဝင် ချစ်စရာတူမလေးကို
ငုံ့ကြည့်လိုက်ပြီး...နှုတ်ခမ်းလေး
နဲ့ မျက်တောင်လှလှလေးဆီ အကြည့်
ရောက်သွားပြီး သူမကိုပြန်ကြည့်တော့
အာ့ဒိအရာလေးတွေက သူမနဲ့ တူနေတာ
ကြောင့် ခပ်ထေထေအပြုံးပြုံးလိုက်ကာ..
"မွေးလည်း..မွေးတက်ပါတယ်..."
"ဘာ..ရှင့်.."
သူမ သူ့ကိုအော်လိုက်တာကြောင့် တော်ဝင် မျက်ခုံး
ပင့်တက်သွားပြီး....
"ဒီကလေးကို ခင်ဗျားမွေးထားတာ
ဟုတ်လို့လား..."
"ရှင်..ရှင်...မမိုက်ရိုင်းနဲ့နော်...."
"ကျွန်တော်ပြောတဲ့ အထဲမှာ ရိုင်တာ
ပါလို့လား..ခင်ဗျာ..ယောကျာ်းနဲ့မှ
ကလေးမွေးလို့ရမှာလို့..ကျွန်တော်
ပြောနေလို့လား...ဒါက ကျွန်တော်အမ
မွေးထားတာ..ကျွန်တော်ပိုင်တယ်...ဒါ့ကြောင့်
ကလေးကို..ကျွန်တော်ခေါ်သွားမယ်..."
"ဘာ..."
ရှေးအာ့တော့မှ မျက်လုံးလေးပြူးကာ
သူ့ကို သေချာကြည့်တော့မှ မမနဲ့ရုပ်ချင်း
ဆင်ပြီး သမီးလေးနဲ့ပါ..ရုပ်လေးတူနေတာ
ကြောင့် ရှေးစိုးရိမ်သွားကာ....
"မင်း..မင်းက...မင်းတော့ဝင်လား..."
တော်ဝင် သူ့နာမည်ကို သိနေသော
သူမကြောင့် မျက်ခုံးတွေပင့်တက်
သွားကာ...
"ဟုတ်တယ်..."
ရှေးမျက်နှာလေး ပျက်သွားမိသည်။
တူမလေးကို ရှေးမပေးနိုင်ပါ။တူမလေး
ကရှေးရဲ့ တစ်ဦးတည်းသော သွေးသား
ရင်းချာလေးမဟုတ်လား....ပြီးတော့ အမူ
တွေဘာတွေ ဆိုင်ရင်လည်း မိန်းကလေး
ဘက်ကပဲ ပိုင်ဆိုက်ရမှာ ဖြစ်နိုင်ချေများတော့
ရှေးရင်တွေ ထူပူကာ..မျက်နှာငယ်လေးနဲ့
သူရဲ့ ရှည်လျားသော အရပ်ကြီးကြောင့် သူ့ကို
မော့ကြည့်ကာ...
"ဟို...ရှေး...ရှေး..တူမလေးကို
မခေါ်သွားပါနဲ့နော်..ရှေးမှာသွေး
သားရင်းချာဆိုလို့..ဒီတူမလေး
တစ်ယောက်ပဲ ရှိတော့တာပါ..."
တော်ဝင် စောစောက မျက်နှာထား
နှင့်ဘာမှမဆိုင်စွာ...ချက်ချင်းကြီး
ပြောင်းလဲသွားသော သူမကို အံသြ
တကြီးကြည့်ကာ...မျက်နှာကို မဲ့ပြုံး
ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြကာ....
"ရတယ်လေ..အခု ကလေးကို ခင်ဗျာ
ခေါ်ကြည့် သူ ခင်ဗျာလက်ထဲကို အသာ
တကြည်လိုက်ရင်..ကျွန်တော်..ထားခဲ့ပေး
မယ်..."
ရှေးသူ့အပြောကြောင့် မျက်နှာလေးမှာ
ဝင်းပသွားကာ...ခေါင်းလေးငြိမ့်ပြကာ..သမီးလေးကိုခေါ်လိုက်သည်။
"သမီးလာ..တီတီဆီကိုလာနော်.."
သူ့ကို အဖေအထင်မှတ်နဲ့ အတင်းဖက်
တွယ်ထားသော သမီးလေးကို ရှေ့ခေါ်
တော့ သမီးလေး က မလိုက်တဲ့အပြင်
သူ့ကို အတင်းဖက်တွယ်ထားကာ...
"လိုက်ဘူး..ဖေဖေနဲ့ပဲနေမှာ...မေမေလည်းနေ..."
"ဟင်..."
ရှေးပြုံးနေသော မျက်နှာလေးမှာ
ပျက်သွားသလောက် သူကတော့
အောင်နိုင်သူအပြုံးနဲ့ ရှေးကို မျက်ခုံး
ပင့်ပြပြီး ပြုံးပြကာ...
"ဘယ်လိုလည်း...ကျွန်တော်...
ပေးတယ်နဲ့ သမီးက ကျွန်တော်
မှ..ကျွန်တော်ဖြစ်နေတော့လည်း
မတက်နိုင်ဘူး..အဟက်.."
ရှေး သူ့ရဲ့ မထိတထိမျက်နှာဘေး
ကို အမြင်ကပ်စွာ..မျက်စောင်း
ထိုးလိုက်ပြီး..နှုတ်ခမ်းလေးကိုက်
ကာကြည့် နေမိတော့သည်။
အာ့ဒါတွေက ရှေးအပစ်တွေအများ
ကြီးပါပါတယ်။အရင်ကထဲက ရှေး
တူမလေးနဲ့ အခုထက်ပိုရင်းနှီးအောင်
နေခဲ့ရမှာ..အခုတော့ သူများအထင်သေး
တာခံနေရပြီမဟုတ်လား....
ဒေါ်ငြိမ်းသူ စကားသံတွေကြားတာ
ကြောင့် ခြံတစ်ဖက်ကို ကူးလာတောမြင်လိုက်ရတဲ့ လူငယ်လေးကြောင့် သူမ အံသြသွားကသမီး တော်ဝင်မဟာလေးနဲ့ တူယုံသာမက
မြေး..နန်းဆန်သူလေးနဲ့လည်း ရုပ်ချင်းတူ
နေတာကြောင့် ဒေါ်ငြိမ်းသူ သဘောပေါက်ယသွားကာ...အနားကို သွားလိုက်ကာ...
"သားက...မင်းတော်ဝင်ဆိုတာလား..''
တော်ဝင် အရှေ့က သူမကို အရွဲ့တိုက်
စွာ တူမလေးကို နမ်းပြနေတော့..အဒေါ်
တစ်ယောက်ဝင်လာပြီး သူ့ကိုမေးတာကြောင့်
သူ..ကြည့်ပြီး..ခေါင်းငြိမ့်ပြကာ...
"ဟုတ်ပါတယ်..ခင်ဗျာ...."
ရှေး စောစောကလေသံနဲ့ မတူစွာ
ဖြေလာတဲ့ သူ့ကြောင့် သူမ မျက်နှာလေး
မဲ့ လိုက်မိသည်။
ဒါကို တော်ဝင် မြင်လိုက်ပြီး နှုတ်
ခမ်းလေးတွန့်ရုံပြုံးလိုက်မိသည်။
ဒေါ်ငြိမ်းသူ ခေါင်းလေးငြိမ့်ကာ...
"သြော်...သားရောက်လာမယ်ဆိုတာ
ဒေါ်လေး ခန့်မှန်းမိပါတယ်ကွယ်..."
ပြောလည်းပြော ပေပေလေးရပ်နေတဲ့
ရှေးလေးကို ကြည့်ကာ...
"သမီးရှေးလေး...သားကို အိမ်ပေါ်ခေါ်လေ
အောက်မှာမတ်တပ်ကြီးကွယ်..လာလာ..သား"
ဒေါ်ငြိမ့်သူပြောလည်းပြော မင်းတော်ဝင်
ဆိုတဲ့သူကို အရှေ့က ဦးဆောင်ခေါ်သွား
တော့..ရှေး အနောက်ကနေ မျက်စောင်း
လေးထိုးကာ...
"အာ့မှာ..ခလုတ်တိုက်လဲပါစေတော်..."
တော့ဝင် ကလေးချီပြီး အရှေ့က လိုက်သွား
သော်လည်း သူမကျိန်ဆဲတာကို ကြားတော့
နှုတ်ခမ်းတို့က ကွေးညွှတ်အောင် ပြုံးလိုက်မိသည်။
ခင်ဗျာ..တော်တော်ကလေးဆန်တာပဲ...
============================&&&
"ထိုင်..သား...."
"ဟုတ်ကဲ့..."
တော်ဝင်..သူ့ကိုအတင်းဖက်တွယ်
ထားတဲ့ သမီးလေးကို ပေါင်းပေါ်
တင်ပြီး ဖက်ထားကာ..ထိုင်ခုံလေး
ပေါ်မှာဝင်ထိုင်ပြီး...အိမ်ထဲကို ဝေ့ကြည့်
လိုက်တော့...မမနဲ့ သူ့အမျိုးသားနဲ့ ရိုက်ထား
တဲ့ ဓာတ်ပုံလေးကိုကြည့်ကာ မျက်နှာလွဲ
လိုက်ပြီး..သူ့အရှေ့မှာထိုင်နေတဲ့ အဒေါ်ဆို
တဲ့ အန်တီကိုကြည့်ကာ..ပြုံးပြပြီး...
"ကျွန်တော်..သမီးလေးကို ခေါ်သွားချင်တယ်အန်တီ..."
ရှေး လက်ဖက်ရည်ဗန်းလေးသယ်ကာ
သူထက်ပြောလိုက်တဲ့ စကားကြောင့်
ခြေလှမ်းလေးရပ်သွားမိပြီသ သူ့နောကကြော
ကို မျက်စောင်းထိုးလိုက်မိသည်။
"ငါ့တူရယ်..ချက်ချင်းကြီးဆိုတော့..."
"ကျွန်တော့်ကို ခွင့်ပြုပေးပါအန်တီ..
ဟိုမှာလည်း..မေမေနဲ့ အဘွားက မမသတင်း
ကို ကြားပြီး အိပ်ယာထဲလဲနေတာ..."
ရှေး..မျက်နှာလေးမဲ့လိုက်ကာ..စိတ်ထဲကနေ...
"ဟွန်း...ရှိတုန်းကတော့...ဂရုမစိုက်ဘဲနဲ့..."
တော်ဝင်..ထိုအဒေါ်ကို ပြုံးပြကာ...
"အန်တီတို့ သမီးလေးကို သတိရရင်..
အိမ်ကို အချိန်မရွေး လာနိုင်ပါတယ်..."
ဒေါ်ငြိမ်းသူ နားလည်းစွာ ခေါင်းငြိမ့်ပြကာ...
"အဒေါ်က နားလည်ပါတယ်ကွယ်..ဒါပင်မဲ့
တူမလေး ရှေးလေးအတွက်ကြောင့်ပါ..."
ရှေး..ဗန်းလေးကိုင်ကာ..သူ့အရှေ့ကို
ချပေးလိုက်ပြီး ဒေါ်လေးနား ဝင်ထိုင်
တော့..တော်ဝင် သူမကို တစ်ချက်ကြည့်
လိုက်ပြီး...
"အာ့ဒါဆို..တစ်ခုတော့ရှိပါတယ်..."
သူပြောလိုက်တော့ ရှေးနဲ့ ဒေါ်ငြိမ်းသူ
တစ်ယောက်မျက်နှာတစ်ယောက် ပြန်
ကြည့်ကာ...
"ဘာများလည်း...သား.."
ဒေါ်ငြိမ်းသူ မေးလိုက်တော့
သူပြုံးသွားပြီး အရှေ့က ရှေးဆိုတဲ့
မိန်းကလေးကိုကြည့်ကာ...
"သူ...ကျွန်တော်တို့နဲ့ လိုက်နေနိုင်ပါ
တယ်..သမီးလေးကို မခွဲနိုင်ရင်..."
သူ ရှေးကို ကြည့်ပြီးပြောတော့..
ရှေး..မျက်ဝန်းလေးပြူးသွားကာ...
"ဘာရှင့် ..."
----------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
လှပသော တန်ဖိုးကြီးရွှေရောင် ဆိုဖာကြီး
ပေါ်မှာ ထိုင်နေသော ဒေါ်နန်းမဟာ..ဘေးကို
ဝင်ထိုင်လိုက်သော ဒေါ်နန်းတော်ဝင်....
"မေမေ...သားက မြေးလေးကို ပါအောင်
ခေါ်လာပါ့မလား..."
"အို...ညည်းကလည်း ကျုပ်မြေးအကြောင်း
ကျုပ်သိတယ်..သူက လုပ်ပေးမယ်ဆို ဖြစ်အောင်လုပ်ပေးတါ....ကျုပ်မြစ်ကလေး
ပါလာမယ်ဆိုတာ..ကျုပ်ယုံတယ်.."
ဒေါ်နန်းမဟာ..ရူဆေးဗူးလေးကို ရူနေပြီး
သမီးဖြစ်သူကို ပြန်ပြောတော့ ဒေါ်နန်းတော်ဝင် ခေါင်းငြိမ့်ပြကာ...
"ဟုတ်တယ်နော်..မေမေ..သားငယ်က
ပါအောင်ခေါ်လာမှာပါ...ပြီးတော့ သမီး
မြေးလေးအတွက် အခန်းပြင်ထားပြီးပြီ
သိလားမေမေ..."
"ကောင်းတယ်..ကောင်းတယ်..ငါ့မြစ်လေး
ရဲ့..အခန်းမှာ..လိုအပ်တာတွေ ဝယ်ထည့်ထား
နော်..ဘယ်လောက်ကုန်ကုန်.."
"ဟုတ်ကဲ့ပါမေမေရဲ့..သမီးအကုန်
ထည့်ပြီးပါပြီ...."
"အန်တီးနဲ့အဘွား...."
သူမတို့စကားပြောနေချိန်...
အလွန်လှပပြီး ချစ်စရာကောင်း
သော..သူတို့နဲ့ မျိုးရိုးအဆင့်အတန်းတူ
သမီး...မြတ်သစ္စာလေးရောက်လာတာ
ကြောင့် သူမတို့ပြုံးလိုက်ပြီး...
"သမီးလာလေ..."
"ဟုတ်...အန်တီ..."
ဂေါင်ဝန် အဖြူရောင်လေးဝတ်ဆင်
ထားပြီး လှပချစ်စရာကောင်းနေသော
သူတို့ရဲ့ နောက်ဖြစ်လာမဲ့ ချွေးမလောင်း
လေးကို ကြည့်ပြီး..ဒေါ်နန်းမဟာနဲ့ ဒေါ်နန်း
တော်ဝင်ကြည့်ကာ..ပိတိတွေ ဖြစ်နေမိသည်။
ဒီမိန်းကလေးကသာ..သားတော်ဝင်နဲ့
အသင့်တော်ဆုံးမဟုတ်လား....
"ဟုတ်..အဘွားနဲ့ အန်တီ နေကောင်းတယ်နော်..ဒယ်ဒီနဲ့ မာမီက နောက်ရက်လာခဲ့ပါမယ်တဲ့ မြတ်ကိုမှာလိုက်တယ်..."
"ရပါတယ်သမီးရယ်.."
မြတ်အိမ်ကြီးထဲကို ဝေ့ကြည့်ပြီး...
"အန်တီနဲ့...အဘွား...ကိုကိုရောဟင်..."
"သားက....မြေးလေးကို ပြင်ဦးလွင် မှာ
သွားခေါ်တယ်လေ..သမီရဲ့..."
"ဟုတ်လား...မမသတင်းကို ကြားပြီး
မြတ်တို့လည်း စိတ်မကောင်းပါဘူး..."
စိတ်မကောင်းစွာပြောနေသော
သမီးမြတ်ကို ဒေါ်နန်းတော်ဝင်
ကြည့်ကာ..ပြုံးလိုက်ပြီး...
"ဘာတက်နိုင်မှာလည်း...သမီးရယ်...
သမီးမိုက်က..အာ့လမ်းကို ရွေးသွား
တာပဲလေ..."
မြတ်ခေါင်းလေးငြိမ့်ပြကာ...
"အာ့ဒါဆို မမက သမီးလေး
ကျန်နေခဲ့တာပေါ့နော်..."
"အဟင်း..ဟုတ်တာပေါ့...
မြေးလေးက သားငယ်နဲ့
တစ်ရုပ်ထည်းတဲ့ သမီးမိုက်က
သူ့မောင်လေးကို ချစ်ရှာတာ
ကလေးမွေးတာတောင် သူ့မောင်လေး
နဲ့ သွားတူနေတာကြည့်သမီးရယ်..."
ဒေါ်နန်းတော်ဝင်... မျက်ရည်လေးတွေကျကာ...ပြောတော့...ဒေါ်နန်းမဟာ.. သမီး
ဖြစ်သူကိုကြည့်ပြီး....
"သမီနန်း...မြေးလေးအိမ်လာလည်တာ
စိတ်မကောင်းစရာတွေမပြောနဲ့အေ.."
နန်းမေမေအပြောကြောင့် မျက်ရည် လေးတွေသုတ်လိုက်ပြီး...
"ဟုတ်ကဲ့ပါ..မေမေရဲ့..နန်းမပြောတော့ပါ
ဘူး..."
မြတ်အားနာစွာပြုံးပြလိုက်ပြီး...
"မဟုတ်တာ...ရပါတယ်..အန်တီနဲ့ အဘွားရဲ့..
မြတ်က တစိမ်းမှ မဟုတ်တာ..ရပါတယ်..."
ဒေါ်နန်းမဟာ...သဘောကျသွားပြီး
ပြုံးလိုက်ကာ...
"အခုလိုမျိုး သဘောမနေကောင်းပြီး အရမ်းလှပတဲ့ ချစ်စရာ မြေးချွေးမလေးကို
အဘွား တော်ရတော့မှာဆိုတော့ အဘွားတို့
ကံကောင်းလိုက်တာ..."
အဘွားအပြောကြောင့် မြတ်မျက်နှာလေး
ရဲသွားကာ..ရှက်သွားပြီး ကိုကိုရဲ့ခန့်ညား
ချောမောတဲ့..မျက်နှာလေးကို မြင်ယောင်ကာ
ပြုံးနေမိတော့သည်။
ဆက်ရန်.....
စာရေးသူ - လွမ်းခြင်း